အခန်း ၁၀၁
Vol. 11 Ch. 101
🐽 Chapter 101
မိုးရေကြောင့် အေးစက်နေသော သူမ လက်ချောင်းများက ချက်ချင်းနွေးထွေးသွားသလို ခံစားရပြီး သူမ လက်ဆစ်များရှိ ပန်းရောင် အမှတ်အသားလေးများက တဖြည်းဖြည်း နီရဲလာတော့သည်။ ထိုအချိန်က ဟော်ချန်ယဲ့ မျက်နှာနှင့် အတူတူပင်။
သူ့ နားရွက်များမှာ နီရဲနေပြီး ယခင်က နက်မှောင်နေသော မျက်ဝန်းများမှာ မျက်ရည်များဖြင့် တောက်ပနေသည့်အလား ထင်ရကာ အလွန်ရှက်သွေးဖြာနေသည့်အလား ရှိလေသည်။ သူ့ တစ်ကိုယ်လုံး တောင့်တင်းနေရုံသာမက ယွီရွေ့ကျူး လက်ကိုလည်း တင်းကျပ်စွာ ဆုပ်ကိုင်ထားမိသည်။
ထီးအောက်ရှိ နေရာလေးမှာ ကျဉ်းမြောင်းလွန်းပြီး သူတို့နှစ်ယောက်မှာ အလွန် နီးကပ်နေကြသည်။ ယွီရွေ့ကျူးက ဟော်ချန်ယဲ့ ပေါင်ပေါ်တွင် ထိုင်နေပြီး ပါးလွှာသော နွေရာသီ အဝတ်အစားများမှတစ်ဆင့် သူ့ ခန္ဓာကိုယ် အပူချိန် ပြောင်းလဲမှုများကို သူမ ရှင်းလင်းစွာ ခံစားရသည်။
ဟော်ချန်ယဲ့မှာ တစ်ဝက်ခန့် စိုရွှဲနေပြီး သူ့ ဆံပင်များကလည်း စိုစွတ်နေသည်။ သူက ခေါင်းကို အနောက်သို့ အနည်းငယ် ဆုတ်ထားကာ လည်စိမှာ လှုပ်ရှားနေပြီး အသက်ရှူသံများ အနည်းငယ် လေးလံနေကာ ယွီရွေ့ကျူး အသက်ရှူသံများနှင့် ရောယှက်သွားသည်။
ထီးအောက်တွင်တော့ လေထုမှာ အလွန်အမင်း သံသယဖြစ်ဖွယ် ကောင်းနေတော့သည်။
ယွီရွေ့ကျူး ပြုတ်ကျမည်ကို စိုးရိမ်သဖြင့် ဟော်ချန်ယဲ့က သူမ ခါးကို လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်ထားရာ ယခုအခါ ထိုလက်မှာ တဖြည်းဖြည်း ပူနွေးလာသည်။
ယွီရွေ့ကျူး နူးညံ့သော လက်မောင်းလေးများက သူ့လည်ပင်းကို ရစ်သိုင်းထားပြီး သူတို့ ခန္ဓာကိုယ်များက တင်းကျပ်စွာ ဖိကပ်နေကြသည်။
ဟော်ချန်ယဲ့က သူ့ နှလုံးခုန်သံကို ထိန်းချုပ်ရန် အတတ်နိုင်ဆုံး ကြိုးစားကာ တတ်နိုင်သမျှ မြန်ဆန်စေရန် ကြိုးစားနေသော်လည်း ပိုကြိုးစားလေ နှလုံးခုန်သံက ရှင်းလင်းလာလေပင်ဖြစ်ပြီး အထူးသဖြင့် ဤမျှ နီးကပ်သော အနေအထားမျိုးတွင် ပိုလို့ပင်သိသာသည်။
ယွီရွေ့ကျူး အကြည့်များမှာ တဖြည်းဖြည်း သိမ်မွေ့လာတော့သည်။ သူမ လက်ဖဝါးက သူ့ ရင်ဘတ်ပေါ်တွင် ညင်သာစွာ တင်ထားပြီး ၎င်းအောက်တွင် မြန်ဆန်သော နှလုံးခုန်သံများ ရှိနေကာ သူ့ ကြွက်သားအပြည့်ရှိသော ရင်ဘတ်မှာ အသက်ရှူလိုက်တိုင်း အနည်းငယ် တုန်ခါပုံမှာ အတော်လေး ကြည့်၍လှသည်။
ယွီရွေ့ကျူး လက်ဖဝါးများမှာလည်း အနည်းငယ် အေးစက်နေသည်။ ထီးအပြင်ဘက်တွင် မိုးများ ရွာသွန်းနေဆဲဖြစ်ပြီး ပတ်ဝန်းကျင် တစ်ခုလုံးကို အဖြူရောင် ပြောင်းလဲသွားစေသည်။ သူတို့နှစ်ယောက်ကြားရှိ ကျဉ်းမြောင်းသော နေရာလေးတွင်သာ အသံများနှင့် အပူချိန်ကို ရှင်းလင်းစွာ ခံစားရသည်။
"ဟော်ချန်ယဲ့... ရှင့်ရဲ့ နှလုံးခုန်တာ အရမ်းမြန်နေတာပဲ၊ ဘာညစ်ညမ်းတာတွေကို တွေးနေတာလဲ"
ယွီရွေ့ကျူးက အနားသို့ တိုးလာပြီး သူမ သွယ်လျသော လက်ချောင်းများက သူ့ ပူနွေးကာ နီရဲနေသော နားရွက်ကို ကိုင်ထားပြီး သူမ မျက်လုံးများက ကွေးညွတ်သွားကာ သူ့ကို စနောက်လာသည်။
ဟော်ချန်ယဲ့က မျက်လုံးများကို မှိတ်ပြီး တည်ငြိမ်ဟန်ဆောင်ကာ ဇက်ကြိုးကို ဆွဲလျက် သူ့အသက်ရှူသံများ လေးလံနေကာ အသံကပင် အက်ရှနေသည်။
"ဘာမှ မတွေးပါဘူး..."
"ရှင် ဟန်ဆောင်နေတုန်းပဲလား၊ ရှင့်ရဲ့ လက္ခဏာတွေက အရမ်း သိသာနေတာပဲလေ"
ဟော်ချန်ယဲ့ နီမြန်းနေသော မျက်နှာနှင့် ပူလောင်နေသော အသားအရေကို မပြောဘဲ ပတ်ဝန်းကျင်ကို ကြည့်လိုက်ရုံဖြင့်ပင် သိသာလှသည်။
ယွီရွေ့ကျူးသည် ဟော်ချန်ယဲ့ ပေါင်ပေါ်တွင် ထိုင်နေပြီး အကွာအဝေးကြောင့် အတော်လေး နီးကပ်နေသည်။ နွေရာသီ အဝတ်အစားများက အလွန် ပါးလွှာပြီး ဟော်ချန်ယဲ့ဟာမှာ အလွန် ထင်ရှားနေသဖြင့် ယွီရွေ့ကျူးက မသိချင်ယောင် ဆောင်ချင်လျှင်ပင် လွယ်ကူမည် မဟုတ်ချေ။
၎င်းမှာ တကယ်ကို နေရခက်လွန်းသဖြင့် ယွီရွေ့ကျူးက သူမ တင်ပါးကို ရွှေ့ပြီး လက်ဖြင့် ထိုနေရာကို ညွှန်ပြလိုက်သည်။
"သူ့ကို ငြိမ်ငြိမ်လေး နေခိုင်းလို့ ရမလား၊ နည်းနည်း မောက် မာလွန်းနေပြီ"
ဟော်ချန်ယဲ့က ပြင်းထန်စွာ တုံ့ပြန်လာသဖြင့် ယွီရွေ့ကျူးမှာ ယိမ်းယိုင်ကာ ပြုတ်ကျလုမတတ် ဖြစ်သွားတော့သည်။ သူက ဇက်ကြိုးကို လက်ထဲတွင် တင်းကျပ်စွာ ဆုပ်ကိုင်ပြီး ခေါင်းများပင် ထုံကျင်သွားကာ နဖူးပေါ်ရှိ သွေးကြောများမှာ တင်းမာနေပြီး မျက်နှာမှာလည်း နီရဲနေကာ ကြည့်ရသည်မှာ အတော်လေး အခြေအနေ ဆိုးနေပုံရသည်။
သူက အံ့များကို ကြိတ်ကာ နှုတ်ခမ်းကို တင်းတင်းစေ့ထားသည်။
"ယွီရွေ့ကျူး... မလှုပ်နဲ့"
သူ့ကို စနောက်ခြင်းက မသက်မသာဖြစ်စေသည် ဆိုသည့်အချက်ကို ဘေးဖယ်ထားလိုက်လျှင် ယွီရွေ့ကျူးက အခြား မည်သည့် အကြောင်းပြချက်နှင့်မျှ သူ့ ခန္ဓာကိုယ်အား လာထိ သည်ကို ဟော်ချန်ယဲ့ မလိုချင်ပေ။ အထူးသဖြင့် ဤကဲ့သို့ အခြေအနေမျိုးတွင်ပင်။
ယွီရွေ့ကျူးက သူ့ လည်ပင်းကို ရစ်သိုင်းဖက်တွယ်ကာ သူ့အပေါ်တွင် ထိုင်နေသည်။ သူ့ တုံ့ပြန်မှုကို မြင်သောအခါ သူမက ချစ်စရာကောင်းသည်ဟု ထင်ကာ နှုတ်ခမ်းများကို မနမ်းပဲ မနေနိုင်တော့ချေ။
"ကျွန်မ လှုပ်တော့ရော ဘာဖြစ်လဲ၊ အဲဒီနေရာတင် မကဘူး ရှင့်ကိုလည်း ကျွန်မ နမ်းဦးမှာ..."
ယွီရွေ့ကျူးသည် ဟော်ချန်ယဲ့ စရိုက်ကို သိသည်။ ပြီးခဲ့သည့်အကြိမ်က သူ အလွန် စိတ်လှုပ်ရှားနေခဲ့ပြီး သူမကို ပြင်းပြင်း ထန်ထန် နမ်းချင်ခဲ့သည်မှာ ရှင်းလင်းလှသည်။ သူမက သူ့ကို နှစ်ခါသုံးခါလောက် နမ်းပြီး ဖယ်ခွာရန် ကြိုးစားသောအခါ သူက သူမနောက်သို့ လိုက်ကာ နှုတ်ခမ်းများ ရောင်ရမ်းသွားသည်အထိ နမ်းချင်ခဲ့သည်။ သူတို့ လှဲလျောင်းပြီးနောက်တွင်ပင် သူက သူမကို နမ်းချင်ဆဲဖြစ်ပြီး သူမက ငြင်းဆိုလိုက်ပြီးနောက်မှသာ အခြေအနေများ ငြိမ်သက်သွားခဲ့ခြင်းပင်။
ယခု သူမက သူ့ကို အရင်နမ်းနေပြီဖြစ်ရာ ဟော်ချန်ယဲ့က ပြီးခဲ့သည့်အကြိမ်ကလို ပြင်းပြင်းထန်ထန် တုံ့ပြန်လိမ့်မည်ဟု သူမ ထင်ခဲ့မိသည်။
သို့သော် ယွီရွေ့ကျူး အံ့သြသွားရသည်မှာ ဟော်ချန်ယဲ့ မြန်ဆန်နေသော အသက်ရှူသံများကို သူမ ခံစားရသော် လည်း သူ အမှန်ပင် ထိန်းချုပ်ထားသည်။
သူ အလွန်ခက်ခဲစွာဖြင့် ထိန်းချုပ်ထားရုံ သက်သက်ပင်။ သူ့ လည်စိ လှုပ်ရှားသွားသည်ကိုနှင့် ဖိနှိပ်ထားသော အသက်ရှူသံများကို ယွီရွေ့ကျူး မြင်နေရသော်လည်း အသက်ကို လုရှူရသည်။ သူက တစ်ခုခုကို သည်းခံနေရသည့်အလား လက်ဖဝါးများ တုန်ယင်နေသော်လည်း နှလုံးခုန်သံမှာမူ ပုံမှန်မဟုတ်အောင် မြန်ဆန်နေသည်။
ယွီရွေ့ကျူး နူးညံ့သော နှုတ်ခမ်းများက သူ့နှုတ်ခမ်းပေါ်သို့ ဖိကပ်သွားကာ ပေါ့ပါးသော အထိအတွေ့လေးတစ်ခု၊ ပေါ့ပေါ့ပါးပါး အပြုအမူလေးတစ်ခု ဖြစ်ပြီး ဟော်ချန်ယဲ့က စတင် မလုပ်ဆောင်သဖြင့် သူမ အနည်းငယ် စိတ်ဝင်စားမှု လျော့နည်းနေပြီ ဖြစ်သည်။
ထို့ကြောင့် သူမက နီရဲသော နှုတ်ခမ်းလေးများကို အနည်း ငယ် ပြန်ရုပ်မိသည်။ သို့သော် သူမ မရုပ်သိမ်းနိုင်ခင်မှာပင် ထိန်းချုပ်ထားခဲ့သော ဟော်ချန်ယဲ့က ရုတ်တရက် လက်ဆန့်ထုတ်ကာ သူမခါးကို ဆုပ်ကိုင်ပြီး သူ့ ခေါင်းက သူမနောက် သို့ အသည်းအသန် လိုက်ပါလာတော့သည်။
ခွေးပေါက်လေး တစ်ကောင်က သူမကို ချွဲနွဲ့နေသကဲ့သို့ပင်။
အနမ်းပြီးနောက်တွင် သူ့နှုတ်ခမ်းများမှာ စိုစွတ်နေပြီး စိုစွတ်နေသော မျက်ဝန်းမည်းမည်းများနှင့် ထပ်တူကျနေသည်။
ဟော်ချန်ယဲ့ လည်စိမှာ လှုပ်ရှားသွားပြီး သူမကို ကြည့်ကာ မောဟိုက်လျက် ပြောသည်။
"ယင်းယန်က ကိုယ်တို့နောက်မှာ ရှိနေသေးတယ်လေ..."
သူ့ မျက်နှာအမူအရာကြောင့် ယွီရွေ့ကျူးမှာ ပြုံးချင်စိတ်ကို မထိန်းနိုင်တော့ဘဲ စနောက်ချင်လာသည်
"ယင်းယန် ရှိနေတော့ ရှင် ထိန်းထားသင့်တာပေါ့ မဟုတ်ဘူးလား၊ ဘာလို့ ကျွန်မကို နမ်းတာလဲ ဟော်ချန်ယဲ့ရယ်၊ ယင်းယန် ကြားသွားမှာကို ရှင် မကြောက်ဘူးလား"
တစ်ဝက်ခေါက်နေသော ထီးပေါ်ရှိ သူတို့ခေါင်းပေါ်တွင် ရှိနေပြီး မိုးပေါက်ကျသံများက သူမနားထဲတွင် ပဲ့တင်ထပ်လာသည်။ ထီးအပြင်ဘက်ရှိ အရာအားလုံးကို မိုးရေများ ဖုံးလွှမ်းထားပြီး ကောင်းကင်ကြီးမှာ အဖြူရောင် ဝေဝါးနေသည်။
အပြင်ဘက်တွင် မိုးသည်းထန်စွာ ရွာသွန်းလာသည်။ ဟော်ချန်ယဲ့က သူမကို စူးစိုက်စွာ မော့ကြည့်လာလေသည်။ သူ့ နက်မှောင်သော မျက်ဝန်းအစုံမှာ တောက်လောင်နေပြီး မျက်နှာတစ်ပြင်လုံး နီရဲနေကာ နဖူးပြင်ထက်မှ စီးကျလာသော ချွေးပေါက်ကလေးများကြောင့် သူ့ပုံစံမှာ ထူးကဲစွာ ဆွဲဆောင်မှုရှိနေတော့သည်။
သူ့အသံပင် အနည်းငယ် အက်ကွဲနေသည်။
"ဟင့်အင်း... ကိုယ် မကြောက်ပါဘူး၊ သူမှ မကြားရတာ"
ထိုစကားသံလေးက ချစ်စရာကောင်းနေသယောင်ထင်ရသည်။
ယွီရွေ့ကျူးက လက်လှမ်းကာ သူ့နားရွက်လေးကို ပွတ်သပ်လေသည်။ သို့သော် သူမ လှုပ်ရှားဖို့ပင် အချိန်မရခင် ဟော်ချန်ယဲ့ လက်မောင်းများက သူမခါးကို ရုတ်တရက် ဆွဲဖက်ပြီး သူတို့နှစ်ဦးလုံးအတွက် ပိုသက်တောင့်သက်သာရှိမည့် အနေအထားသို့ ပြောင်းလဲယူလိုက်သည်။
ထို့နောက် မျက်လုံးများကို မှိတ်ထားလျက် သူ့ ပါးလွှာသော နှုတ်ခမ်းများက သူမနှုတ်ခမ်းဆီသို့ တဖြည်းဖြည်း တိုးကပ်လာသည်။ တင်းမာနေသော်လည်း ပြင်းပြသော ဆန္ဒများ အပြည့်အဝ ပါဝင်သည်။
ယွီရွေ့ကျူးလည်း သူ့ကို အချိန်ကြာကြာ မစနောက်ရက်တော့ဘဲ ဟော်ချန်ယဲ့ နှုတ်ခမ်းများထက်သို့ သူမနှုတ်ခမ်းကို ဖိကပ်တော့သည်။
သူ တကယ်ကို ပူလောင်နေခဲ့သည်။ မျက်နှာတစ်ခုလုံး နီရဲနေကာ အသားအရေများမှာလည်း မီးလောင်ကျွမ်းနေသကဲ့ သို့ ပူနွေးနေပြီး နှုတ်ခမ်းနှင့် လျှာဖျားလေးမှာပင် အပူဟပ်လေသည်။
ပြီးခဲ့သည့်အကြိမ်က အနမ်းခံရပြီးနောက် ယွီရွေ့ကျူးမှာ သူမ အတိုင်းအတာတစ်ခုအထိ ရောက်သွားပြီဟု ထင်မှတ်ခဲ့သော်လည်း ယနေ့တွင်မူ ဟော်ချန်ယဲ့မှာ တစ်စုံတစ်ရာ လှုံ့ဆော်မှုကြောင့်လား မသိ၊ ပုံမှန်ထက် ပိုပြင်းပြထက်သန်နေသည်။
သူ့ အနမ်းများမှာ နူးညံ့သိမ်မွေ့လွန်းလှသော်လည်း ယွီရွေ့ကျူး နှုတ်ခမ်းနှင့် လျှာတစ်ခုလုံး ထုံကျဉ်သွားစေလောက်သည့် ခိုင်မာသော အားအင်တစ်ခုလည်း ပါဝင်နေသည်။
ယွီရွေ့ကျူး နှုတ်ခမ်းများကို စုပ်ယူနေမှုမှာ ချိုမြိန်နူးညံ့သော အချိုပွဲလေးတစ်ခုကို အရသာခံနေသည့်အလားပင်။ ရပ်တန့်ခြင်းမရှိသော ထိုတိုက်ခိုက်မှုများကြောင့် သူမမှာ ခုခံရန်ပင် ခွန်အားမရှိတော့ချေ။
ယွီရွေ့ကျူး ဦးရေပြားတစ်ခုလုံး ထုံကျဉ်လာရသည်။ ဟော်ချန်ယဲ့ တစ်ယောက် ဤအတွေ့အကြုံများကို ဘယ်ကများ ရလာသနည်း။ သို့မဟုတ် သူ့ ပြင်းပြသော ဆန္ဒကပဲ အရာအားလုံးကို လွှမ်းမိုးသွားတာများလားဟု သူမ တွေးမိသည်။
'တခြားသူတွေမှာ အထိအတွေ့ကို ငတ်မွတ်တဲ့ ရောဂါရှိတတ်ပေမယ့် ဟော်ချန်ယဲ့မှာကော အနမ်းငတ်မွတ်တဲ့ ရောဂါများ ရှိနေလား'