← Chapters

အခန်း ၁၀၂

Vol. 11 Ch. 102

အခန်း ၁၀၂

Vol. 11 Ch. 102

🐽 Chapter 102

သူက သူမကို ခေါင်းစခြေဆုံး နမ်းရှိုက်ရသည်ကို နှစ်သက်လှသည်။ နှုတ်ခမ်းများကို နမ်းရှိုက်ကာ၊ လျှာဖျားလေးကို စုပ်ယူပြီး သူမ သွားလေးများကိုပင် ကျူးကျော်ဝင်ရောက် လာသေးသည်။ သူ့ ပူနွေးသော လျှာဖျားက ယွီရွေ့ကျူး လျှာလေးနှင့် ရစ်ပတ်နွယ်ယှက်လာသောအခါ ထူးဆန်းသော ခံစားချက်တစ်ခုကြောင့် သူမ နောက်ဆုတ်သွားချင်စိတ် ပေါက်လာသည်။ သူမ လျှာလေးမှာ အာရုံခံနိုင်စွမ်း ကင်းမဲ့သွားတော့မလိုပင်။

ဤမျှနှင့် မပြီးသေးပေ။ ယွီရွေ့ကျူး အသက်လုရှူနေရချိန်တွင် သူ့ စိုစွတ်ပြီး ပူနွေးသော နှုတ်ခမ်းနှင့် လျှာက သူမနှုတ်ခမ်းများကို ထပ်မံ လွှမ်းခြုံလာပြန်သည်။ ထို့နောက် နားရွက်နောက်နှင့် မျက်လုံးအောက်ရှိ မှည့်နီလေးများဆီသို့ ရွေ့လျားသွားကာ ညင်သာစွာ စုပ်ယူလျက် လျှာဖျားဖြင့် လျက်သည်။

နွေးထွေးသော ခွေးပေါက်စလေးတစ်ကောင်အလားပင်။ သို့သော် ထိုယားကျိကျိ ခံစားချက်က ယွီရွေ့ကျူးကို ပို၍ နေရခက်စေသည်။

သူမ မနေနိုင်တော့ဘဲ လက်မြှောက်ကာ ဟော်ချန်ယဲ့ ဖောင်းဖိဖိ ဆံပင်များကို ဆွဲဖွမိတော့သည်။ သူမ လက်ချောင်းလေးများက ဆံနွယ်များကြား တိုးဝင်သွားပြီး ညင်သာစွာ ဆုပ်ကိုင်ရင်း လေသံခပ်တိုးတိုးဖြင့် အပြစ်တင်လိုက်သည်။

"ဟော်ချန်ယဲ့... ရှင်က ခွေးပေါက်လေးလား၊ ကျွန်မ ဘယ်လောက် ယားနေလဲ သိရဲ့လား"

မှည့်နီလေး နှစ်လုံးမှာ ပြီးခဲ့သည့်အကြိမ်ကလိုပင် ဟော်ချန်ယဲ့ လျက်မှုကြောင့် ပုံမှန်ထက် ပိုတောက်ပသော အရောင်ဖြင့် စိုစွတ်ကာ အရောင်လက်နေတော့သည်။

ဟော်ချန်ယဲ့က သူမကို မော့ကြည့်လာသည်။ သူ့ လည်စိမှာ အထက်အောက် လှုပ်ရှားသွားပြီး နက်မှောင်သော မျက်ဝန်းများမှာ အတွေးနက်နေပုံရသည်။ သို့သော် အတန်ကြာပြီးနောက်တွင်မူ သူက တွန့်ဆုတ်တွန့်ဆုတ်ဖြင့် စကားဆိုလေသည်။

"မင်း... မင်းလည်း ကိုယ့်ကို နမ်းလို့ရပါတယ်၊ ကိုယ်က ယားတာကို ဂရုမစိုက်ပါဘူး"

ယွီရွေ့ကျူး "..."

'ဟော်ချန်ယဲ့ တစ်ယောက် တကယ်ကို ဆိုးသွမ်းလာခဲ့ပြီပဲ'

ယွီရွေ့ကျူးက ဟော်ချန်ယဲ့ မျက်နှာကို လက်နှစ်ဖက်ဖြင့် အုပ်ကိုင်ကာ ဘယ်ညာ လှည့်ပတ်ကြည့်ရှုပြီးနောက် အဆုံးတွင် သူ့နားရွက်ကို ညင်သာစွာ ကိုက်မိချိန် သွားရာလေး တစ်ခု ထင်ကျန်ရစ်တော့သည်။

သူမက မျက်ခုံးပင့်ပြလိုက်ပြီး

"အခုတော့ ငါတို့ သရေကျသွားပြီ"

နဂိုကတည်းက နီရဲနေသော သူ့နားရွက်လေးမှာ သွားရာလေးနှင့် ပေါင်းစပ်သွားသောအခါ လိုက်ဖက်ညီနေသယောင်ရှိသော်လည်း အနည်းငယ်တော့ ရမ္မက်ဆန်လှသည်။

ဟော်ချန်ယဲ့ စိတ်အနှောင့်အယှက်ဖြစ်နေမည့် မျက်နှာကို စိတ်ကူးကြည့်ရင်း ယွီရွေ့ကျူး ကျေနပ်သွားသည်။ သို့သော် သူ့ မျက်နှာအမူအရာ အပြောင်းအလဲကို သတိမပြုမိဘဲ အခြားတစ်နေရာမှ အပြောင်းအလဲတစ်ခုကို သူမ ခံစားရသည်။

ယွီရွေ့ကျူး "???"

သူမ မော့ကြည့်မိသောအခါ ဟော်ချန်ယဲ့ မီးဟုန်းဟုန်း တောက်လောင်နေသော မျက်ဝန်းနက်ကြီးများနှင့် မြန်ဆန်ပူနွေးသော အသက်ရှူသံများကို ရင်ဆိုင်လိုက်သည်။

'ဒီလိုမျိုးအခြေအနေတောင် ဟန်ဆောင်နိုင်သေးတာလား'

ယွီရွေ့ကျူး ချက်ချင်းပင် ထရပ်လိုက်ပြီး သူမ ထီးကိုကိုင်ကာ နောက်ခန်းသို့ သွားမည့်ဟန် ပြင်သည်။

"ကျွန်မ နောက်ခန်းကို သွားချင်တယ်"

သို့သော် သူမ မတ်တတ်ရပ်လိုက်ရုံရှိသေး ဟော်ချန်ယဲ့က သူမခါးကို လှမ်းဆွဲသည်။ သူ့ပူလောင်နေသော ပါးပြင်က သူမ နူးညံ့သော ဗိုက်သားလေးဆီသို့ ဖိကပ်လာပြီး ညင်သာစွာ ပွတ်သပ်လာသည်။ သူ့ ပါးလွှာသော နှုတ်ခမ်းများက သူမအသားအရေထက် ဖိကပ်ထားပြီး ပူနွေးသော အသက်ရှူငွေ့များက ဖြာဆင်းနေသည်။ သူက လက်မောင်းများကို ပိုမို တင်းကျပ်စွာ ဖက်တွယ်ပြီး တောင်းပန်တိုးလျှိုးစွာဖြင့် ပြောသည်။

"မသွားပါနဲ့"

"ယွီရွေ့ကျူး... ကိုယ် နောက်မလုပ်တော့ပါဘူး၊ ပျောက်သွားပါပြီ"

ယုံတစ်ဝက် မယုံတစ်ဝက်ဖြင့် ယွီရွေ့ကျူးသည် သူ့ ပေါင်ပေါ်သို့ ပြန်ထိုင်ချသည်။ သို့သော် ထိုင်လိုက်သည်နှင့် တစ်ပြိုင်နက် သူမ ခံစားရသောကြောင့် ဟော်ချန်ယဲ့ကို အပြစ်တင်သည့် အကြည့်ဖြင့် စိုက်ကြည့်မိသည်။

ဟော်ချန်ယဲ့က အမှန်ပင်။ လိမ်ပြောတတ်လာသည်။

"မပျောက်သေးဘဲနဲ့"

ဟော်ချန်ယဲ့ အကြည့်လွှဲသွားပြီး သူမကို မကြည့်ရဲတော့ပေ။ သူ့ အသံမှာ တိုးလျပြီး အက်ကွဲနေဆဲပင်။

"ခဏနေ ပျောက်သွားလိမ့်မယ်"

သို့သော် ထို ပျောက်သွားမည်ဆိုသော ကိစ္စမှာ ထောင်ဟွာရွာသို့ ရောက်သည်အထိ လျော့ကျမသွားခဲ့ချေ။

လှည်းပေါ်မှ ဆင်းပြီးနောက် ဟော်ချန်ယဲ့ မျက်နှာအမူအရာမှာ ပုံမှန်အတိုင်းပင် ဖြစ်နေသည်။ သူက ပစ္စည်းများကို ကားပေါ်မှချရာတွင် ထီးဆောင်းရန်ပင် ဂရုမစိုက်ဘဲ မိုးရေရွှဲနစ်နေသည်ကိုပါ လျစ်လျူရှုထားသည်။ သူတို့ ရှဲ့ယင်းယန်ကို အိမ်ပြန်ပို့ပြီးနောက် အိမ်ပြန်ကြသည်။

အိမ်သို့ရောက်သည်နှင့် ယွီရွေ့ကျူး ပထမဆုံး လုပ်သည့်အလုပ်မှာ ရေချိုးရန် ရေနွေးတည်ဖို့ ထင်းမီးမွေးခြင်းပင်။

အတူတူ ရေချိုးကြမည်ဆိုသော ယွီရွေ့ကျူး အစောပိုင်းက စကားကြောင့် ဟော်ချန်ယဲ့ အစကတော့ တောင့်တင်းနေခဲ့သည်။ သို့သော် သူမက သက်သက် စနောက်နေခြင်းသာဖြစ်ကြောင်း သိလိုက်သောအခါမှသာ စိတ်အေးသွားတော့သည်။

သူ့ စိတ်ထဲရှိ ထုတ်ပြော၍မရသော အတွေးများကို လျစ်လျူ ရှုရန် ကြိုးစားရင်း အမြန်ရေမိုးချိုးကာ ထွက်လာခဲ့သည်။

ယွီရွေ့ကျူးမှာမူ စောစောကတည်းက ရေချိုးပြီးနေသဖြင့် အခန်းထဲတွင် ဆံပင်ဖြီးနေသည်။ အပြင်ဘက်တွင် မိုးရွာသွန်းနေပြီး နေ့လယ်ခင်း တစ်ချိန်လုံး သူတို့နှစ်ဦးတည်းသာ ရှိနေသောကြောင့် မိုးသံလေးက အိပ်ချင်စရာကောင်းလောက်အောင် သာယာငြိမ့်ညောင်းလှသည်။ တိတ်ဆိတ်နေသော အိမ်လေးထဲတွင် မိုးသံက တစ်စုံတစ်ရာသော ရမ္မက်ဆန်ဆန် ခံစားချက်များကို ပိုမို ပေါ်လွင်လာစေသယောင်ပင်။

ဟော်ချန်ယဲ့က ရှေ့သို့ တိုးလာပြီး နှုတ်ခမ်းကို ဖိကိုက်လျက် ယွီရွေ့ကျူး ကျောပြင်ပေါ် ကျနေသော ဆံနွယ်များကို ယူကာ ညင်သာစွာသုတ်ပေးသည်။

"ကိုယ် လုပ်ပေးမယ်"

ယွီရွေ့ကျူး အနည်းငယ် အိပ်ချင်လာသဖြင့် ဟော်ချန်ယဲ့ ရင်ခွင်ထဲသို့ မှီချပြီး သူါရင်အုပ်ကြွက်သားများပေါ်တွင် ခေါင်းမှီထားသည်။ ဆံပင်သုတ်ပေးနေသော အထိအတွေ့က တကယ်ကို သက်တောင့်သက်သာ ရှိလှသည်။

'အမြဲတမ်း ဒီလိုမျိုး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အနားယူနေရတဲ့ ဘဝမျိုးလေးဆိုရင် သိပ်ကောင်းမှာပဲ၊ ဘာဖိအားမှလည်း မရှိဘူး၊ အရမ်းကောင်းတာပဲ'

ယွီရွေ့ကျူး ပျင်းရိပျင်းတွဲ လေသံဖြင့် ပြောလာသည်။

"ကျွန်မတို့ ဒီလို အတူတူမနေရတာ တော်တော်ကြာပြီနော်၊ အရင်ကဆို ညဘက်ကျမှပဲ တွေ့ရတာ၊ ရွာမှာတုန်းကလို တစ်ခါ တလေ နေ့ခင်းဘက်တွေမှညလည်း တွေ့ချင်််မိတယ်"

ဤသည်မှာ ယခင်ကတည်းက ဟော်ချန်ယဲ့ တွေးထားခဲ့ဖူးသည့် ကိစ္စဖြစ်ပြီး ယွီရွေ့ကျူးလည်း သူ့လိုပဲ တွေးနေလိမ့် မည်ဟု ထင်မထားခဲ့ပေ။ သူ ဆံပင်သုတ်ပေးနေသည်ကို ခေတ္တရပ်ပြီး ယွီရွေ့ကျူးကို ငုံ့ကြည့်လာသည်။

"မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး၊ ကိုယ်တို့ နှစ်ယောက်လုံး မြို့ပေါ်မှာ ဆိုင်သွားဖွင့်ကြရင် ရတာပဲ"

ယွီရွေ့ကျူး ခေါင်းလှည့်လာပြီး ထောက်ခံသည်။

"အဲ့ဒါလည်း အဓိပ္ပာယ်ရှိတာပဲ"

ဟော်ချန်ယဲ့ ခေတ္တမျှ စဉ်းစားပြီး သူ့ လတ်တလော အတွေးများကို မျှဝေမိသည်။

"လတ်တလောတော့ အလုပ်တွေ အဆင်ပြေနေတယ်၊ ဒါပေမဲ့ လက်ရှိ ဝက်မွေးမြူရေး အတိုင်းအတာက ဝယ်လိုအားကို မီနိုင်မှာ မဟုတ်ဘူး၊ ဒါကြောင့် ဝက်ခြံတွေကို တိုးချဲ့ဖို့ စဉ်းစားနေတယ်၊ ပြီးတော့ မြို့ပေါ်မှာ သားသတ်ရုံ တစ်ရုံ ဖွင့်ဖို့လည်း စဉ်းစားထားတယ်၊ အကောင်းဆုံး အစီအစဉ်ကတော့ ဝက်တွေကို မွေးပြီးတာနဲ့ သားသတ်ရုံကို တိုက်ရိုက်ပို့မယ်၊ ပြီးရင် စားသောက်ဆိုင်တွေကို တစ်ဆိုင်ချင်းစီ လိုက်ဖြန့်မယ်၊ ကျန်တဲ့အသားတွေကိုတော့ အသားဆိုင်တွေမှာ ရောင်းမယ်လေ၊ ဒီလို ပြီးပြည့်စုံတဲ့ လုပ်ငန်းခွင် အစီအစဉ်က ပိုကောင်းလိမ့်မယ် ထင်တယ်"

ယွီရွေ့ကျူး မျက်ခုံးပင့်လိုက်သည်။

"ကောင်းတာပေါ့၊ ရှင် လုပ်ချင်ရင်တော့ စောစောစီးစီး လုပ်တာ ပိုကောင်းမယ်၊ ဝက်ခြံတွေ တိုးချဲ့ဖို့ကတော့ မဖြစ်မနေ လုပ်ရမယ့်ကိစ္စပဲ၊ နောက်ရက်တွေ မိုးမရွာဘူးဆိုရင်တော့ တိုးချဲ့ဖို့ သင့်တော်တဲ့ နေရာတစ်ခု ရှာကြည့်ကြတာပေါ့"

"ဒါနဲ့ စကားမစပ်... ဝက်မွေးဖို့ တစ်ခုပဲ စဉ်းစားထားတာလား၊ ဟော်ချန်ယဲ့... ရှင် တခြား နွား၊ ကြက်၊ ဘဲ လိုမျိုးကော မွေးဖို့ မစဉ်းစားဘူးလား"

ဟော်ချန်ယဲ့ အနည်းငယ် တွေဝေသွားသည်။

"ဒါလည်း ဖြစ်နိုင်တာပဲ၊ ဒါပေမဲ့ ကိုယ်က တခြားဟာတွေ မွေးဖို့ အတွေ့အကြုံမှမရှိတာ၊ လက်ရှိအလုပ်တွေ တည်ငြိမ်သွားပြီဆိုမှ တခြားဟာတွေကို စမ်းလုပ်ကြည့်ဖို့ စဉ်းစားကြတာပေါ့"

ယွီရွေ့ကျူးက ဟော်ချန်ယဲ့ကို နွား၊ ကြက်နှင့် ဘဲများ မွေးမြူရန် အကြံပြုရခြင်းမှာ အနာဂတ်တွင် သူမအနေဖြင့် ဘဲကင်ဆိုင်၊ ကြက်ကြော်နှင့် ဝက်နံရိုးကြော်ဆိုင်၊ ကြက်ပေါင်းဆိုင် သို့မဟုတ် အသားလုံးဆိုင် အမျိုးမျိုးစသည့် စီးပွားရေးလုပ်ငန်းများကို ထပ်မံဖွင့်လှစ်လိုသောကြောင့်သာ ဖြစ်သည်။

ထိုအရာများမှာ လောလောဆယ်တွင် မဖြစ်နိုင်သေးသော် လည်း အနည်းဆုံးတော့ အခြားသော ထွက်ပေါက်တစ်ခု ဖြစ်လာနိုင်သည်။

မည်သို့ပင်ဖြစ်စေ ဟော်ချန်ယဲ့ အကြံပြုချက်က ယွီရွေ့ကျူးကို သူမ အနာဂတ် စီးပွားရေး အစီအစဉ်များနှင့် ပတ်သက်၍ တွေးတောလာစေသည်။ သူမ လက်ရှိ ဟင်းခတ်အမွှေး အကြိုင်ဖြင့် ပေါင်းထားသော အသားလုပ်ငန်းကို ခေတ္တဘေးဖယ်ထားမည်ဆိုလျှင် ဒုတိယမြောက် စီးပွားရေးလုပ်ငန်းတစ်ခုကို သူမ စတင်သင့်ပြီဖြစ်သည်။

အရင်းအနှီး အနည်းငယ်သာ လိုမည့် အလုပ်မျိုး...

ယွီရွေ့ကျူး စိတ်ထဲတွင်တော့ ဝေဝါးဝါး အကြံဉာဏ်တစ်ခု ရှိနေပြီးသားပင်။ သူမ ဆံပင်များလည်း တစ်ဝက်ခန့် ခြောက်နေပြီဖြစ်ကာ ယွီရွေ့ကျူးမှာ အနည်းငယ် ပျင်းရိနေသည်။

သူမက ဟော်ချန်ယဲ့ကို ခန်ပေါ်သို့ ဆွဲခေါ်လာပြီး ခေါင်းအုံးများကို ယှဉ်လျက် ချထားလိုက်သည်။ ရေချိုးပြီးခါစဖြစ်၍ သူတို့နှစ်ဦးလုံးထံမှ မွှေးပျံ့သော အနံ့လေးများ ရနေသည်။

သူမက ဟော်ချန်ယဲ့ ခါးကို လက်ဖြင့်ရစ်ပတ်ကာ ဖက်ထားပြီး သူမခန္ဓာကိုယ်ကို သူ့အနားသို့ တိုးကပ်လာသည်။ သူမခေါင်းကို သူ့ လက်မောင်းပေါ် အပ်ထားရင်း ပါးပြင်ကို တစ်ချက်နမ်းကာ ပျင်းရိပျင်းတွဲ လေသံဖြင့် ပြောသည်။

"အရင်ဆုံး တစ်ရေးလောက် အိပ်ကြရအောင်၊ စီးပွားရေးကိစ္စတွေကို နောက်မှပဲ စဉ်းစားကြတာပေါ့၊ အလျင်စလို မလုပ်ပါဘူး"

ဟော်ချန်ယဲ့က သူမကို ငုံ့ကြည့်ရင်း ခေါင်းညိတ်သည်။

"ကောင်းပြီ”

All Chapters