အခန်း ၁၀၄
Vol. 11 Ch. 104
🐽 Chapter 104
ယွီရွေ့ကျူး တခစ်ခစ် ရယ်မောပြီး သူမ လက်ထဲရှိ လိမ်းဆေးဘူးကို သူ့ရှေ့သို့ တွန်းပေးသည်။ ထို့နောက် ခေါင်းလေးကို စောင်းကာ တောက်ပနေသော မျက်ဝန်းလေးများဖြင့် သူ့ကို စိုက်ကြည့်ရင်းပြောလိုက်သည်။
"ကျွန်မ နှုတ်ခမ်း ဒီလိုဖြစ်သွားတာ ရှင့်ကြောင့်လေ၊ တရားခံက ရှင်ပဲဆိုတော့ ရှင်ပဲ ပြန်လိမ်းပေးရမှာပေါ့ ဟော်ချန်ယဲ့ရယ်"
သူမက မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်ပြီး ခန္ဓာကိုယ်ကို ရှေ့သို့ တိုးကာ သူမ နှုတ်ခမ်းလေးကို သူ့ နှုတ်ခမ်းနားသို့ ရောက်အောင် တမင်တကာ မျက်နှာလေး မော့ပေးထားသည်။
သူမက သူ့ကို ထပ်တလဲလဲ အလျင်စလို တိုက်တွန်းနေတော့သည်။
"မြန်မြန်လုပ်လေ ဟော်ချန်ယဲ့..."
ဟော်ချန်ယဲ့ လက်များ တုန်ယင်သွားပြီး ဆေးဘူးလေးမှာ မြေပြင်ပေါ်သို့ ပြုတ်ကျလုမတတ် ဖြစ်သွားသည်။
ယွီရွေ့ကျူးက သူ့ကို တမင်တကာ စနောက်နေမှန်း သူ သိသော်လည်း ယခုအချိန်တွင် ဆေးဘူးကိုကိုင်ကာ ပြုံးရွှင်နေသော သူမ မျက်ဝန်းလေးများကို ကြည့်ရင်း ဟော်ချန်ယဲ့မှာ အသက်ပြင်းပြင်း ရှူသွင်းမိသည်။ သူ အချိန်အတော်ကြာ တုံ့ဆိုင်းနေပြီးနောက် အဆုံးတွင် အကြည့်လွှဲလိုက်သည်။
ဟော်ချန်ယဲ့က မျက်လွှာချပြီး ပါးလွှာသော နှုတ်ခမ်းများကို တင်းတင်းစေ့ကာ အက်ကွဲကွဲ လေသံဖြင့် ပြန်ဖြေသည်။
"အင်းပါ"
ယခင်တုန်းကလည်း ဟော်ချန်ယဲ့သည် ယွီရွေ့ကျူး ခြေကျင်းဝတ်ကို ဆေးလိမ်းပေးဖူးပါသည်။ သို့သော် အချိန်တိုလေး အတွင်းမှာပင် အခြေအနေတွေက လုံးဝ ပြောင်းလဲသွားချေသည်။
တစ်ချိန်က ယွီရွေ့ကျူး ခြေကျင်းဝတ်ကို ကိုင်တွယ်ကာ ဆေးလိမ်းပေးခဲ့သော ထိုလက်များသည် ယခုအခါ ခပ်အေးအေး ဆေးသားကို သူကိုယ်တိုင်ပင် မမျှော်လင့်ထားလောက်အောင် နူးညံ့ညင်သာသော အထိအတွေ့ဖြင့် ယွီရွေ့ကျူး နှုတ်ခမ်းလေးပေါ်သို့ တုန်ယင်စွာဖြင့် သုတ်လိမ်းပေးသည်။
တစ်ချိန်က သူသည် သူမအပေါ် ရွံရှာမှု၊ ငြင်းဆန်မှုနှင့် ကာကွယ်ခုခံလိုမှုတို့ကို ခံစားခဲ့ရဖူးသည်။
ယခုမူ ဟော်ချန်ယဲ့က မျက်လွှာချကာ အလွန် အာရုံစိုက်နေသော မျက်နှာအမူအရာဖြင့် သူ့ ပါးလွှာသော နှုတ်ခမ်းများကို တင်းကျပ်စွာ စေ့ထားရင်း ဆေးကို ညီညာစွာ သေချာ ဂရုတစိုက် လိမ်းပေးနေသည်။
သူ့ ကြမ်းတမ်းပြီး အသားမာတက်နေသော လက်ချောင်းထိပ်လေးများက သူမ နူးညံ့ပြည့်စုံသော နှုတ်ခမ်းနီနီလေးများနှင့် ထိတွေ့မိသောအခါ ကျဉ်စိမ့်သော ခံစားချက်တစ်ခုက သူ့တစ်ကိုယ်လုံးသို့ စီးဆင်းနေတော့သည်။ သူ ကိုယ်လုံးလေးမှာ တောင့်တင်းသွားပြီး လည်စိမှာ အထက်အောက် လှုပ်ရှားသွားသည်။
သူ့ လက်ချောင်းထိပ်လေးများက ရောင်အမ်းဖောင်းကြွနေသော သူမနှုတ်ခမ်းလေးများပေါ်တွင် တည်ရှိနေပြီး ညီညာစွာ သုတ်လိမ်းတိုင်း အရောင်လက်ကာ စိုစွတ်နေသော အရာလေးများ ပေါ်လာသဖြင့် သူမ နှုတ်ခမ်းလေးများမှာ အလွန်ပင် ဆွဲဆောင်မှု ရှိစေတော့သည်။
သူမကို ထိတွေ့လိုက်တိုင်း ဟော်ချန်ယဲ့ စိတ်ထဲတွင် ထိုနေ့လယ်ခင်းက ထီးအောက်ရှိ ရင်းနှီးပွင့်လင်းသော အနမ်းများကို မတွေးဘဲ မနေနိုင်တော့ချေ။
သူမ ပန်းသွေးရောင် နှုတ်ခမ်းလေးများကို သူ မည်သို့မည်ပုံ စုပ်ယူခဲ့သည်၊ သူမကို မည်မျှတိုင်အောင် အဆက်မပြတ် တောင်းဆိုခဲ့သည်၊ သူမနှုတ်ခမ်းလေးများ ဤမျှ တောက်ပ သော အနီရောင်ဖြစ်သွားအောင် မည်ကဲ့သို့ လုပ်ဆောင်ခဲ့သည်တို့ကို ပြန်လည် မြင်ယောင်လာသည်။
ထိုအမှတ်တရများကို ပြန်တွေးမိရုံဖြင့် ဟော်ချန်ယဲ့ လည်စိမှာ မြန်ဆန်စွယ လှုပ်ရှားသွားရသည်။
သူက လက်ထဲရှိ ဆေးဘူးကို တင်းကျပ်စွာ ဆုပ်ကိုင်ပြီး အသက်ရှူသံများ အနည်းငယ် မြန်ဆန်လာတော့သည်။ ဤရှည်လျားပြီး ဆင်းရဲဒုက္ခရောက်ဖွယ်ကောင်းသော စမ်းသပ် မှုကို အဆုံးသတ်ရန်အတွက် ဆေးမြန်မြန် လိမ်းပေးမည်ဟု သူ ရည်ရွယ်ထားခဲ့သည်။
သို့သော် မမျှော်လင့်ဘဲ ယွီရွေ့ကျူးက သူမခေါင်းလေးကို စောင်းကာ ရှေ့သို့တိုးလာပြီး သူ့ ပါးလွှာသော နှုတ်ခမ်းများကို နမ်းရှိုက်လာသည်။ ထို့နောက် ခေါင်းလေးကို စောင်းကာ သူ့ကို ချိုသာစွာ ပြုံးပြသည်။
"ချိုလား... ဆေးအရသာလေးနော်"
ဟော်ချန်ယဲ့ နေရာမှာပင် အေးခဲသွားသည်။
သူ့ လက်ဖဝါးမှ အပူရှိန်ကြောင့် လက်ထဲရှိ ဆေးဘူးမှာ အရည်ပျော်လုမတတ် ဖြစ်နေပြီး စိတ်အာရုံများ ဗလာကျင်းသွားကာ မှင်သက်မိသည်။ သူ တံတွေးကို အခက်အခဲ မြိုချပြီးနောက် အက်ကွဲကွဲ လေသံဖြင့် ပြန်ပြောသည်။
"ချိုတယ်..."
ယွီရွေ့ကျူး အနမ်းက ချိုသည်ဟု သူဆိုလိုခြင်းလား သို့မဟုတ် ဆေးအရသာက ချိုသည်ဟု ဆိုလိုခြင်းလား ဆိုသည်ကိုတော့ သူကိုယ်တိုင်ပင် သေချာ မသိတော့ပေ။
ယွီရွေ့ကျူး နှုတ်ခမ်းများကို ငုံ့ကြည့်ရင်း ဟော်ချန်ယဲ့ အသက်ရှူသံများ အနည်းငယ် မြန်ဆန်လာသည်။ လွန်ခဲ့သည့် မိနစ်အနည်းငယ်ကမှ ညီညာစွာ လိမ်းပေးထားခဲ့သော ဆေးသားများမှာ ယခုအခါ အနည်းငယ် မှုန်ဝါးသွားခဲ့သည်။
သူက လက်ကိုမြှောက်ကာ ဆေးပြန်လိမ်းပေးရန် ရည်ရွယ်မိသော်လည်း ရှေ့သို့မတိုးမီ စက္ကန့်ပိုင်းအလိုတွင် သူ့ စိတ်အာရုံများ လွတ်ထွက်သွားပြီး သူ့ နှုတ်ခမ်းများကို သူမနှုတ်ခမ်းများထက်သို့ အလိုအလျောက် ဖိကပ်မိတော့သည်။
သူ့ အနမ်းကြောင့် ဆေးသားများပျက်သွားပြီဖြစ်သဖြင့် သူမကို ပြန်လည်နမ်းရှိုက်ခြင်းဖြင့်သာ အစားထိုးရတော့မည်။ အကွာအဝေးမှာ အလွန်ပင် နီးကပ်လွန်းလှသဖြင့် ဟော်ချန်ယဲ့ စိတ်ထဲတွင် ရှုပ်ထွေးဝေခွဲမရဖြစ်နေပြီး သူ့ လှုပ်ရှားမှုများ မသိမသာ ရပ်တန့်သွားသည်။
ယွီရွေ့ကျူး ငြင်းဆန်လိမ့်မည်ဟု ထင်မှတ်ထားခဲ့သော် လည်း သူမက ငြင်းဆန်ခြင်းမရှိခဲ့ပေ။ညသူမက ထိုအနမ်းကို သဘာဝကျကျ လက်ခံလိုက်ပြီး သူမ လက်မောင်းများဖြင့် သူ့ လည်ပင်းကိုပင် ရစ်ပတ်ဖက်တွယ်လာခဲ့သည်။
ထို ရင်းနှီးပွင့်လင်းသော အပြုအမူလေးက တောမီးတစ်ပြင်ကို မီးမွှေးလိုက်သကဲ့သို့ပင်။ ဟော်ချန်ယဲ့ အသက်ရှူသံများမှာ မြန်ဆန်ပြင်းထန်လာပြီး သူ့ လှုပ်ရှားမှုများမှာလည်း ပို ထက်သန်တက်ကြွလာတော့သည်။
ယခင်က ဤသို့ တစ်ကြိမ်တစ်ခါမျှ မခံစားခဲ့ရဖူးပေ။ ပါးစပ်ထဲသို့ ဆေးများ ဝင်သွားသည်ကိုပင် သတိမထားမိတော့ဘဲ သူ့ စိတ်အာရုံနှင့် မျက်ဝန်းများမှာ သူ့ရှေ့ရှိ ယွီရွေ့ကျူးထံတွင်သာ အပြည့်အဝ ကျရောက်နေလေသည်။
သူက ယွီရွေ့ကျူး မျက်ဝန်းများကို စူးစိုက်ကြည့်နေပြီး သူ့ အကြည့်များတွင် စွဲလမ်းမှုနှင့် ရမ္မက်ပြင်းပြမှုတို့ ရောယှက်နေသည်။ နဂိုက သူမ နှုတ်ခမ်းအရောင်ကျစေရန် ဆေးလိမ်းပေးခဲ့ခြင်း ဖြစ်သော်လည်း ယခုအခါတွင်မူ ဤမျှ ပြင်းပြနေသည့်တိုင်အောင် ဟော်ချန်ယဲ့ စိတ်ထဲတွင် ထိုကဲ့သို့သော အရာများကို မတွေးဘဲ မနေနိုင်ခဲ့ပေ။
အခြေအနေများက ပိုဆိုးလာပုံရသည်။
၎င်းသည် ဆေးနံ့များ ဖုံးလွှမ်းနေသော အပြန်အလှန် အနမ်းတစ်ပွင့်သာဖြစ်တော့သည်။
နှုတ်ခမ်းများ ခွာလိုက်ပြီးနောက် သူ့ ကမောက်ကမဖြစ်နေသော အသက်ရှူသံများ၊ မောဟိုက်နေမှုများ၊ နီရဲနေသော မျက်ဝန်းများနှင့် တင်းကျပ်စွာ စေ့ထားသော နှုတ်ခမ်းများ၊ အားလုံးက ဟော်ချန်ယဲ့ မကျေနပ်နိုင်သေးမှုနှင့် ပို၍ အဓိပ္ပာယ်မဲ့သော အရာတစ်ခုကို လိုလားတောင့်တနေကြောင်း ဖော်ပြနေလေသည်။
ချွေးများဖြင့် စိုရွှဲတောက်ပနေသော သူ့ ကြွက်သားများမှာ နီရဲနေပြီး ကြွက်သားအမြှောင်းများ အလွန် ထင်ရှားပေါ်လွင်နေကာ ဖော်ပြ၍မရနိုင်လောက်အောင် ရမ္မက်ဆန်သော အသွင်အပြင်ကို ပေးစွမ်းစေတော့သည်။
ယွီရွေ့ကျူးက သူ့ကိုကြည့်ပြီး ရောင်အမ်းနေသော သူမ နှုတ်ခမ်းများကို ပြန်စမ်းကြည့်မိသည်။ သူမ ဟော်ချန်ယဲ့ ခွန်အားကို အံ့သြချီးကျူးမိရင်း တစ်ချိန်တည်းမှာပင် သူ့ကို အစာကျွေးရန် စဉ်းစားသင့်ပြီဟု တွေးမိသည်။
'အင်း... အဲလိုမှ မဟုတ်ရင် သူ ပေါက်ကွဲထွက်သွားမှာ ကြောက်ရတယ်၊ ဒါက ယောက်ျားတွေအတွက် တော်တော်လေး ဒုက္ခရောက်တတ်တယ်လို့ ကြားဖူးတာပဲ၊ အချိန်အကြာကြီး အောင့်အည်းထားရင် သူတို့ရဲ့ စွမ်းဆောင်ရည်ကို ထိခိုက်စေနိုင်တယ်တဲ့'
'ချစ်သူတွေကြားက သာမန် ဆော့ကစားရုံလေးဆိုရင်တော့ ကိစ္စမရှိပေမယ့်၊ ငါ့ရဲ့ အနာဂတ် သာယာပျော်ရွှင်မှုကို ထိခိုက်သွားမယ် ဆိုရင်တော့ တော်တော်လေး နစ်နာသွားမှာပေါ့'
'ဒါပေမဲ့...'
မီးရောင်အောက်တွင် အလွန် သိသာထင်ရှားနေသော ဟော်ချန်ယဲ့ ခန္ဓာကိုယ်ပေါ်မှ အရာများကို ကြည့်ရင်း ယွီရွေ့ကျူးက စုပ်သပ်မိသည်။ ဝက်သားပေါင်းဟင်းထဲမှ ဝက်အူများ ပုံရိပ်က သူမစိတ်ထဲတွင် လျင်မြန်စွာ ဖြတ်ပြေးသွားပြီး ခန့်မှန်းခြေ အရွယ်အစားကို လက်ဖြင့် ခိုး၍ တိုင်းတာကြည့်သည်။
'အင်း... အရမ်း လွန်လွန်းနေပြီ၊ ဒါက သာမန် အာရှသားတစ်ယောက်မှာ ရှိသင့်တဲ့ အရာမှ မဟုတ်တာ၊ သူက သာမန်ရော ဟုတ်ရဲ့လား'
ယွီရွေ့ကျူး အနည်းငယ် စိုးရိမ်သွားပြီး မျက်နှာလေး ရှုံ့မဲ့သွားကာ ဟော်ချန်ယဲ့ကို ခိုးခိုးကြည့်မိတော့သည်။
တစ်စုံတစ်ခုကို နှစ်သက်လှပါသည်ဟု ကြွေးကြော်ပြီးသော် လည်း တကယ်တမ်း လက်တွေ့ကြုံလာသောအခါ ကြောက် ရွံ့တုန်လှုပ်သွားတတ်သည့် သူတစ်ယောက်လို သူမ ဖြစ်နေမှန်း သတိထားမိသည်။
ကြွက်သားများကို ထိတွေ့ခြင်းနှင့် အသားများကို ကိုက်ခဲခြင်းက ပြဿနာမရှိသော်လည်း တကယ့် လက်နက် အစစ် အမှန်များနှင့် ရင်ဆိုင်ရသောအခါတွင်မူ သူမ ခံနိုင်ရည်ရှိမည်မဟုတ်ကို စိုးရိမ်သည်။
ယခင်တုန်းက ဟော်ချန်ယဲ့ စွမ်းဆောင်ရည်အပေါ် သံသယဝင်ကာ သူမ သာယာပျော်ရွှင်မှုအတွက် စိုးရိမ်ခဲ့ဖူးသော် လည်း ယခုအခါတွင်မူ လွန်ကဲသော သာယာပျော်ရွှင်မှုက မပျော်ရွှင်မှုအဖြစ် ပြောင်းလဲသွားနိုင်ကြောင်း သူမ သဘော ပေါက်သွားတော့သည်။
ဟမ်းစတားတစ်ကောင် ငှက်ပျောသီး စားနေသည့် ပုံရိပ်တစ်ခုက ယွီရွေ့ကျူး စိတ်ထဲတွင် ဖြတ်ပြေးသွားသည်။ ထို ရှုပ် ထွေးပြီး ထုတ်ပြော၍မရနိုင်သော ပုံရိပ်များကို ဖယ်ရှားပစ်ရန် သူမ ခေါင်းကို အမြန်ခါယမ်းမိသည်။
ဟော်ချန်ယဲ့ကို မော့ကြည့်ရင်း ယွီရွေ့ကျူး မသိမသာ တံတွေးမြိုချပြီး မသင့်လျော်သည့် မည်သည့်အရာကိုမျှ ထပ်မံ မကြည့်မိစေရန် ရှောင်လွှဲရတော့သည်။ သူမက သူ့ လက် ချောင်းများကို ဖမ်းဆုပ်ကာ သူမနှုတ်ခမ်းများပေါ်သို့ ကြမ်းတမ်းစွာ ပွတ်ဆွဲပြီးနောက် ခေါင်းညိတ်ပြသည်။
"ပြီးသွားပြီ"
ဟော်ချန်ယဲ့က သူမ နှုတ်ခမ်းများကို ကြည့်ပြီးနောက် ပြုံးရွှင်နေသော သူမ မျက်နှာလေးကို တစ်ချက်ကြည့်ကာ လည်စိလှုပ်ရှားလျက် မပီမသ ရေရွတ်လိုက်သည်။
"အင်း"
သူ စကားထပ်မဆိုတော့ဘဲ အခန်းထဲတွင် အနည်းငယ် ပြင်းထန်လေးလံသော အသက်ရှူသံများသာ ကျန်ရစ်နေခဲ့တော့သည်။
အတန်ကြာပြီးနောက် သူ့နှုတ်ခမ်းများကို ပြန်စမ်းကြည့်ရင်း ဆေးနံ့များ သင်းပျံ့နေသော ထိုအနမ်းကို ပြန်လည်မြင်ယောင်လာကာ သူ့ နှုတ်ခမ်းထက်တွင် အပြုံးရေးရေးလေးတစ်ခု ပေါ်လာတော့သည်။
"အရင် အိပ်ကြရအောင်"
ထို့နောက် သူက ယွီရွေ့ကျူးကို ရင်ခွင်ထဲသို့ ဆွဲသွင်းကာ လှဲအိပ်လေသည်။
ဟော်ချန်ယဲ့မှာ အလွန်စိတ်ရှည်သည်းခံနိုင်လွန်းကြောင်း ယွီရွေ့ကျူး သဘောပေါက်သွားသည်။
သူ့ လက္ခဏာများ ဤမျှ သိသာထင်ရှားနေသည့်တိုင်အောင် အနည်းငယ် ပြင်းထန်သော အသက်ရှူသံမှလွဲ၍ ဘာမှမဖြစ်သကဲ့သို့ ဟန်ဆောင်နိုင်ခဲ့သည်။
ထိုအရာက တကယ့်ကို ထူးချွန်သော အရည်အချင်းတစ်ခုပင်။