← Chapters

အခန်း ၁၀၇

Vol. 11 Ch. 107

အခန်း ၁၀၇

Vol. 11 Ch. 107

🐽 Chapter 107

သူမ ချက်ချင်းပင် ဒေါသထွက်သွားပြီး ဖြူဖွေးသော မျက်နှာလေးမှာ ဖောင်းမို့လာသည်။

"အဲဒီလောက် တန်တဲ့ကိစ္စမျိုး ဘယ်လိုလုပ် ရှိနိုင်မှာလဲ၊ ပေးရတဲ့ ဈေးနဲ့တန်တဲ့ ပစ္စည်းပဲရမယ်ဆိုတာ လူတိုင်း သိကြတာပဲလေ၊ ကျွန်မတို့ အသားတွေက ကိုယ်ပိုင်ခြံကထွက်တာ၊ လုံးဝလတ်ဆတ်ပြီး ချက်ချင်း သတ်ထားတာ၊ အကောင်းဆုံး ပါဝင်ပစ္စည်းတွေကိုပဲ သုံးထားတာရှင့်၊ ကုန်ကျစရိတ်ကို ကြည့်ရင် တစ်ကီလိုကို ၁.၅ ဆိုတာ လုံးဝ ဈေးမကြီးပါဘူး၊ အိမ်မှာ လူတိုင်း လုပ်စားလို့ ရပေမယ့် အလုပ်ရှုပ်တဲ့အပြင် အရသာကလည်း ဒီလိုမတူနိုင်ပါဘူး၊ ကျွန်မတို့ အသားနှပ်ကို မြည်းဖူးတဲ့သူတိုင်း ဘယ်လောက်ကောင်းလဲဆိုတာ သိကြပါတယ်၊ ယှဉ်လို့တောင် မရပါဘူး"

အဘွားအိုက အလျင်အမြန်ပင် ချေပသည်။

"ပေးရတဲ့ ဈေးနဲ့တန်တဲ့ ပစ္စည်းဆိုတာ ဘာအဓိပ္ပာယ်လဲ၊ ငါတို့မြို့က လယ်သမားတွေ ဝန်းရံနေတာကို သူတို့ သိလို့၊ လူတိုင်း အသားစားနိုင်အောင် အမြတ်နည်းနည်းပဲ ယူပြီး ရောင်းပေးတာ၊ ဒါက စေတနာသက်သက်ပဲ"

"ဒါ့အပြင် သူတို့အသားက ဘာဖြစ်နေလို့လဲ၊ အရမ်းကောင်းတာဟဲ့၊ ငါဆို အမြဲတမ်းဝယ်စားတာ၊ မွှေးပြီး နူးညံ့နေတာပဲ၊ မင်းတို့ဟာနဲ့ ဘာမှမကွာဘူး၊ အသားမှာ အကောင်းအဆိုးဆိုတာ မရှိဘူး၊ အကုန်လုံးက အသားကောင်းတွေချည်းပဲ၊ အရသာလည်း အရမ်းရှိတယ်"

သူမက ယုံကြည်မှုအပြည့်ဖြင့် ပြောသည်။

"ငါ့ကို ယုံစမ်းပါ၊ ပိုဈေးပေါပြီး သင့်တော်တဲ့ အသားရှိနေမှတော့ ဒီကဈေးကြီးတာတွေကို ဘာလို့ ဝယ်ရမှာလဲ၊ ငါတော့ နင်တို့ဆီက မဝယ်နိုင်ဘူး၊ ရှေ့နားက အသားနှပ်ဆိုင်ကိုပဲ သွားတော့မယ်၊ အဲဒီက အရမ်းမွှေးတာပဲ"

ထိုသို့ပြောပြီးနောက် အဘွားအိုက ဦးဆောင်ကာ ကျောက်နာ အသားနှပ်ဆိုင်ဘက်သို့ ထွက်သွားလေသည်။ ယွီရွေ့ကျူး အသားဆိုင်ရှေ့တွင် ဝိုင်းအုံနေသော ဖောက်သည်များမှာ အချင်းချင်း မျက်နှာချင်းဆိုင်ကြည့်ကာ ခေတ္တမျှ တွေဝေသွားကြသည်။

"တစ်ဖက်ဆိုင်က အသားကောင်းတယ်လို့ လူတိုင်းပြောနေမှတော့ တကယ်ပဲ ကောင်းမှာပေါ့နော်၊ ဘာပဲဖြစ်ဖြစ် ငါတို့တွေ စားလာတာ ကြာပြီပဲ"

"တစ်ကီလိုကို ၀.၉ ဆိုတာ တကယ်ကို ဈေးပေါတာပဲ၊ အပြင်ဈေးကွက်မှာတောင် အသားစိမ်း တစ်ကီလိုကို ၀.၇, ၀.၈ ယွမ် လောက် ရှိနေပြီ၊ သူတို့ တကယ် အမြတ်ကျန်ပါ့မလား, ဒါမှမဟုတ် ဒါက တကယ်ကောင်းတဲ့ စီးပွားရေး ဗျူဟာလား၊ အမြတ်နည်းနည်းယူပြီး အများကြီး ရောင်းတာမျိုးလေ"

"အဘွားကြီး ပြောတာကြားတော့ ငါလည်း သွားစမ်းကြည့်ချင်လာပြီ၊ ဘယ်သူ့ အသားနှပ်စားစား အတူတူပဲဟာ၊ စမ်းကြည့်တာပေါ့"

ထို့ကြောင့် ခေတ္တမျှ တွေဝေပြီးနောက် အချို့လူများမှာ ယွီရွေ့ကျူး အသားနှပ်ဆိုင်ရှေ့မှ အလျင်အမြန် လူစုခွဲကာ အဘွားအို နောက်သို့လိုက်၍ မနီးမဝေးရှိ ကျောက်နာ အသားနှပ်ဆိုင်ဆီသို့ ထွက်သွားကြတော့သည်။

ယွီရွေ့ကျူးက ဘေးမှနေ၍ အရာအားလုံးကို ရှင်းလင်းစွာ စောင့်ကြည့်နေခဲ့သည်။ ရှဲ့ယင်းယန်မှာမူ အလွန် ဒေါသထွက်သွားသည်။ ယွီရွေ့ကျူး သူမထံသို့ လျှောက်လာသည်ကို မြင်သောအခါ သနားစရာကောင်းသော အမူအရာဖြင့် ဒေါသတကြီး ငိုလုမတတ် အော်ပြောလာသည်။

"အစ်မရွေ့ကျူး... ကျွန်မတို့ ဘယ်လိုလုပ်ကြမလဲ၊ ဒီအဘွားကြီးက ကျောက်နာရဲ့ အသားနှပ်ဆိုင်ကို ဒီလိုမျိုးကြော် ငြာပေးနေတာ တစ်ခါမကတော့ဘူး၊ လူတွေကို မောင်းထုတ်နေတာ အကြိမ်ကြိမ်ပဲ၊ ဒီအတိုင်းသာ ဆက်သွားနေရင် ကျွန်မတို့ဆိုင်က ဘယ်လိုလုပ် ဆက်ရပ်တည်နိုင်တော့မှာလဲ၊ ဒီနည်းလမ်းက အရမ်းကို ယုတ်မာလွန်းတယ်၊ သူက ကျောက်နာရဲ့ အသားနှပ်ဆိုင်အတွက် အခကြေးငွေယူပြီး လူခေါ်ပေးနေတဲ့သူပဲ"

ယွီရွေ့ကျူးလည်း ထိုအချက်ကို သိထားပြီးဖြစ်သည်။ အဘွားအို ပြောသမျှ စကားတိုင်းက ကျောက်နာ အသားနှပ်ဆိုင်ကို ထောက်ခံအားပေးနေပြီး သူတို့ စီးပွားရေးကို တမင်တကာ ဖျက်ဆီးနေခြင်းပင်။ ဤသည်မှာ သာမန် ဖောက်သည်တစ်ယောက် လုပ်မည့် အပြုအမူထက် လွန်ကဲသည်။

ယွီရွေ့ကျူး စိတ်ထဲတွင် ယနေ့မနက်က သူမနှင့် အော်ဒါအကြီးကြီး လက်မှတ်ထိုးခဲ့သော ဖောက်သည်ကို လျင်မြန်စွာ ပြန်လည် မြင်ယောင်လာသည်။ ကျောက်နာ အသားနှပ်ဆိုင်မှ ထွက်လာစဉ်က ထိုဖောက်သည် ပုံစံမှာ သည်းမခံနိုင်သော အနံ့ဆိုးတစ်ခုကို ရလိုက်သည့်အလား ရွံရှာစွာဖြင့် နှာခေါင်းကို အုပ်ထားခဲ့ပြီး ကျောက်နာကမူ ထိတ်လန့်တကြားဖြင့် မတော်တဆဖြစ်သွားတာပါဟုသာ ပြောနေခဲ့သည်။

ဘာ မတော်တဆလဲ၊ ကျောက်နာ အသားနှပ်ဆိုင်မှာ ဈေးပေါသော ဝက်သားများနှင့် လတ်တလော ပူနွေးလာသော ရာသီဥတုတို့နှင့် ပတ်သက်၍ သူမ ယခင်က ခန့်မှန်းချက်များကို ယွီရွေ့ကျူး ပြန်လည်စဉ်းစားမိသောအခါ သူမ စိတ်ထဲတွင် ဝေဝါးဝါး နားလည်သဘောပေါက်မှုတစ်ခု စတင် ပေါ်ပေါက်လာတော့သည်။

ရှဲ့ယင်းယန် ဒေါသထွက်နေသော မျက်နှာကို ကြည့်ရင်း ယွီရွေ့ကျူးက လက်လှမ်းကာ သူမ ခေါင်းလေးကို ပွတ်သပ်ပေးသည်။ ယွီရွေ့ကျူးသည် ဒေါသထွက်နေမည့်အစား ပြုံးလျက်ပြောသည်။

"ယင်းယန်... စိတ်မဆိုးပါနဲ့၊ တစ်ခါတလေ တစ်ခုခုကို ဆုံးရှုံးလိုက်ရတာက မကောင်းတဲ့ကိစ္စ မဟုတ်သလို၊ တစ်ခုခုကို ရလိုက်တာကလည်း အမြဲတမ်း ကောင်းတဲ့ကိစ္စ မဟုတ်တတ်ပါဘူး၊ စောင့်သာ ကြည့်နေလိုက်၊ နောက်ရက်အနည်းငယ် အတွင်းမှာ စိတ်လှုပ်ရှားစရာလေးတွေ ဖြစ်လာနိုင်တယ်"

ရှဲ့ယင်းယန်မှာ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားရသည်။

ယွီရွေ့ကျူး ပြောသော အဓိပ္ပာယ်ကို သူမ နားမလည်နိုင်ပေ။ သူမ စိတ်ထဲတွင် ခေတ္တမျှ စဉ်းစားခန်းဖွင့်နေသော်လည်း သင့်လျော်သော အဖြေတစ်ခုကိုတော့ ရှာမတွေ့ခဲ့ချေ။ သို့သော် ယွီရွေ့ကျူး တည်ငြိမ်နေသော အမူအရာကို မြင်ရသောအခါ သူမ ဒေါသများ တဖြည်းဖြည်း ငြိမ်သက်သွားတော့သည်။ သူမက ကြောင်တောင်တောင်ဖြင့် တွေးမိသည်။

'သူဌေးဖြစ်တဲ့ အစ်မရွေ့ကျူးတောင် စိတ်မပူဘူးဆိုရင် ငါ နားမလည်နိုင်တဲ့ ကိစ္စတစ်ခုခုတော့ ဖြစ်လာတော့မှာ သေချာတယ်'

စိတ်လှုပ်ရှားစရာ၊ ဘာများ စိတ်လှုပ်ရှားစရာလဲ...

အဘွားကျန်းက ရှေ့မှ လျှောက်သွားရင်း နောက်မှပါလာသော ဖောက်သည်များ နောက်ကျကျန်ခဲ့မည်နှင့် လမ်းပျောက်ကာ ဆိုင်ကို ရှာမတွေ့မည်ကို စိုးရိမ်သဖြင့် မကြာခဏ နောက်လှည့်ကြည့်တက်သည်။

အမှန်တွင် ကျောက်နာဆိုငိသည် ယွီရွေ့ကျူး အသားနှပ်ဆိုင်မှ ခဏမျှ လမ်းလျှောက်လိုက်ရုံဖြင့် ရောက်နိုင်သဖြင့် ရှာရလွယ်ကူလှသည်။

ထိုနေရာသို့ သွားရန် သိပ်မဝေးလှပေ။ ကျောက်နာနှင့် သူမ ခင်ပွန်းတို့က တံခါးဝမှနေ၍ ဆူညံသံများကို ကြားနေရသည်။ ခေတ္တမျှ စောင့်ဆိုင်းပြီးနောက် အဘွားကျန်းက ဖောက်သည်အချို့ကို ဦးဆောင်ခေါ်လာသည်ကို မြင်သော အခါ သူတို့ မျက်နှာများမှာ ဝမ်းသာပျော်ရွှင်မှုများဖြင့် လင်းလက်သွားတော့သည်။

ဖောက်သည် တစ်ဦးချင်းစီအတွက် အသားနှပ်များ ထုပ်ပိုးပေးပြီး သူတို့ကို နှုတ်ဆက်ပြီးနောက် အဘွားကျန်းက ရင်ကော့ကာ လျှောက်လာသည်။

"တွေ့လား... ငါပဲနော်၊ နင်တို့ဆီကို ဖောက်သည်အသစ်တွေ ခေါ်လာပေးပြန်ပြီ၊ နင်တို့ အသားနှပ်ဆိုင် ဒီလောက် အောင်မြင်နေတာ ငါ့ရဲ့ ကြိုးစားအားထုတ်မှု တစ်ဝက်လောက်တော့ အနည်းဆုံးပါတယ်ဟဲ့"

ကျောက်နာနှင့် သူမ ခင်ပွန်းတို့က ပြုံးဖြီးဖြီးဖြင့် ထောက်ခံ သည်။

"ဟုတ်ပါတယ်... ဟုတ်ပါတယ်၊ ကျေးဇူးအများကြီး တင်ပါတယ် အဒေါ်ရယ်"

"ဒါဆိုရင်လည်း ထုံးစံအတိုင်းပဲလေ၊ ငါက အခုလို အချိန်တွေအများကြီး အကုန်ခံပြီး သူတို့ကို ဆွဲဆောင်စည်းရုံးပေးထားတာဆိုတော့၊ အိမ်သယ်သွားဖို့ ကလီစာ နည်းနည်းလောက် အလကားတောင်းတာ သိပ်မလွန်ဘူးနော်"

အဘွားကျန်းက ကောင်တာတွင် ပြသထားသော အသားနှပ် ကလီစာများကို ကြည့်ရာ အမြဲတမ်း တည်တင်းနေတတ်သော သူမ မျက်နှာကြီးပေါ်တွင် အပြုံးတစ်ခု ပေါ်လာတော့သည်။ သူမက ကျောက်နာနှင့် သူမ ခင်ပွန်းထံသို့ လက်ဖြန့်ပေးသည်။

"ငါ့အတွက် ထုပ်ပေး၊ ငါ့မြေးလေးက ဒါကို အရမ်းကြိုက်တာ၊ သူ့အတွက် အိမ်ကို သယ်သွားမလို့"

ကျောက်နာက သူမကို တစ်ချက်လှမ်းကြည့်ပြီး ဤအဘွားကြီးက အခွင့်အရေးကို တကယ်ယူတတ်သည်ဟု စိတ်ထဲမှ တွေးမိသည်။ သို့သော် လွန်ခဲ့သော ရက်အနည်းငယ်အတွင်း အဘွားကျန်းက သူတို့ အသားနှပ်ဆိုင်သို့ စီးပွားရေးတော် တော်များများ ယူဆောင်လာပေးခဲ့သည်ကိုတော့ ဝန်ခံရမည်။

မည်သို့ပင်ဖြစ်စေ ထိုအရာများသည် ဈေးကြီးသည့် အရာများမှ မဟုတ်ဘဲ၊ ဈေးပေါပြီး ပုပ်သိုးနေသော အသားများသာဖြစ်သည်။

ကျောက်နာက တခစ်ခစ် ရယ်မောပြီး အဘွားကျန်းအတွက် အသားထည့်ရန် အိတ်တစ်လုံးကို အမြန်ရှာလေသည်။

"ဟုတ်ကဲ့ပါ အဒေါ်ရယ်၊ အဒေါ့်ရဲ့ ကြိုးစားအားထုတ်မှုအတွက် ကျေးဇူးတင်ပါတယ်၊ ရော့... ဒီမှာ အဒေါ့်ရဲ့ ဝက်ကလီစာပေါင်း၊ နောက်တစ်ခါလည်း လာခဲ့အုံးနော်"

အဘွားကျန်းက ခပ်တိုးတိုး ပြန်ဖြေပြီး ဝက်ကလီစာအိတ်ကြီးကို ကောက်ကိုင်ကာ မသိမသာ တံတွေးမြိုချပြီးနောက် တံခါးပေါက်မှ အေးအေးလူလူ လျှောက်ထွက်သွားသည်။ သူမက မနီးမဝေးရှိ ယွီရွေ့ကျူး အသားဆိုင်ဘက်သို့ နောက်လှည့်ကြည့်ကာ အထင်သေးစွာဖြင့် ပြုံးမိသည်။

'စီးပွားရေးလုပ်နေပြီးတော့ အဘွားကျန်းဆိုတဲ့ နာမည်ကိုတောင် မသိဘဲ မြို့ပေါ်မှာ ဆက်အလုပ်လုပ်ချင်သေးတယ်လား၊ ဘယ်လောက်တောင် နုံ့အလိုက်လဲ၊ အသားနှပ်က ဘာလို့ တစ်ကီလိုကို တစ်ယွမ်ကျော်တောင် ပေးရမှာလဲ၊ အခုတော့ ငါ့ရဲ့ ကိုယ်ပိုင်အရည်အချင်းနဲ့ အသားနှပ်ကို အလကား စားနေရပြီ မဟုတ်လား၊ ဘယ်သူကများ ငါ့လောက် အရည်အချင်းရှိနိုင်မှာလဲ'

အဘွားကျန်းက ဘာမျှ ထပ်မပြောတော့ဘဲ ဝက်ကလီစာပေါင်းကို သယ်ကာ အိမ်ပြန်ပြီး သူမ ချစ်လှစွာသော မြေးလေးနှင့် အတူမျှဝေစားသောက်ရန် အတွေးများဖြင့်သာ ပြည့်နှက်နေတော့သည်။ သူမ ဆံပင်ဖြူများမှာ ထူထဲနေဆဲဖြစ်သော်လည်း ခန္ဓာကိုယ်မှာမူ အလွန် သန်မာနေပြီးသွက် လက်သော ခြေလှမ်းများဖြင့် လျှောက်သွားသည်။

--- --- ---

ဟော်ချန်ယဲ့မှာ သူ့ အဒေါ် ယန်ချိုးကျွီးကို အခြေအနေများ ရှင်းပြပြီးနောက် သူမစကားများကြောင့် စိတ်အနှောင့်အ ယှက် ဖြစ်ခဲ့ရသော်လည်း အသားဆိုင်သို့ ရောက်သောအခါ သူက ယွီရွေ့ကျူးကို ရွေ့ကျူးဟု သဘာဝကျကျခေါ်ခဲ့မိသည်ကို ပြန်လည်အမှတ်ရကာ ရင်ထဲတွင် ဝမ်းသာကြည်နူးမှုများ လှိုက်တက်လာတော့သည်။

မနေ့က သည်းထန်စွာ ရွာသွန်းခဲ့သော မိုးကြောင့် လမ်းများ ရွှံ့ဗွက်ထကာ သွားလာရခက်ခဲသဖြင့် စီးပွားရေးမှာ ပုံမှန်လောက် မကောင်းမွန်သော်လည်း ဟော်ချန်ယဲ့က ဂရုမစိုက်ပေ။

သူ ယွီရွေ့ကျူး အကြောင်းကိုသာ တွေးနေမိသည်။ မနေ့ညက ဆေးလိမ်းပေးခဲ့သော်လည်း ယနေ့နံနက်တွင် ထပ်လိမ်းပေးရန် အချိန်မရခဲ့သလို သူမ နှုတ်ခမ်းများ ရောင်အမ်းနေဆဲ ဟုတ်မဟုတ်ကိုလည်း သူ မစစ်ဆေးနိုင်ခဲ့ပေ။

All Chapters