← Chapters

နတ်ဆိုးကိုးကွယ်သူ

Vol. 6 Ch. 275

နတ်ဆိုးကိုးကွယ်သူ

Vol. 6 Ch. 275

“နောက်ဆုံးတော့ ပြန်လာခဲ့ပြီပေါ့၊ သားတော်။”

ရဟန်းမင်းကြီးပီးယပ်က ဝတ်ပြုခန်းမရဲ့အလယ်မှာ ဒူးထောက်ပြီး လက်နှစ်ဖက်ကိုပူးကပ်ကာ ဆုတောင်းနေပါတယ်။ သူ့မျက်နှာက ဟိုးအရင်အချိန်က တွေ့ဆုံမှုတွေတုန်းကလိိုမျိုး ပြုံးရွှင်နေဆဲပါ။ ဆားဗီးရပ်ကတော့ သူ့နှုတ်ခမ်းကိုတွန့်လိပ်လိုက်ပြီး တံထွေးကို ကြမ်းပြင်ပေါ်ထွေးချလိုက်တော့တာပေါ့။

“ဟေး၊ အဖိုးကြီး။ ဟန်ဆောင်မနေစမ်းပါနဲ့ဗျာ။ ခင်ဗျားဘာလဲဆိုတာ ကျုပ်သိနေပြီသား။”

ဆားဗီးရပ်က သူ့ညာဖက်လက်ညိုးနဲ့လက်ခလယ်ကိုပူးကပ်ပြီး ရွှေရောင်အလင်းဓားတစ်ခုဖန်တီးကာ ပစ်လွှတ်လိုက်ပါတယ်။ ရွှေရောင်ဓားစွမ်းအင်က လေထုထဲမှာဖြတ်သန်းခရီးသွားပြီး ပီးယပ်ရဲ့လည်ပင်းကို ဖြတ်တော​က်ပစ်လုနီးနီးအထိ နီးကပ်ခဲ့ပေမဲ့။

ချွင်...

သွေးနီရောင်အလင်းဒိုင်း​ကာတစ်ခုပေါ်လာပြီး အလင်းဓားကို ဖျက်ဆီးပစ်လိုက်တယ်။ ပီးယပ်ကိုယ်တိုင်ကတော့ ဝတ်ပြုနေရာက ထရပ်လိုက်ပြီး ​ဆားဗီးရပ်ကို မျက်နှာချင်းဆိုင်ကာ ပြုံးပြတယ်။ သူဟာ အန္တရာယ်မပေးမယ့် အဖိုးအိုတစ်ယောက်နဲ့ဆင်တူပေမဲ့ ဆားဗီးရပ်ကတော့ သူ့အရိုးထဲအသားထဲအထိစိမ့်ဝင်လာနေတဲ့ အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရတဲ့အတွက်ကြောင့် ဓားကိုဆွဲထုတ်လိုက်ပါပြီ။

“သားတော်က ကျုပ်ကိုဘာလဲဆိုတာ သိရင်၊ ကျုပ်ရဲ့ကြီးမား မြင့်မြတ်တဲ့ရည်မှန်းချက်တွေကို နားလည်နိုင်လို့လား။”

ပီးယပ်ရဲ့အပြုံးတွေက ပိုမိုပီပြင်လာပြီး သွားပေါ်တဲ့အထိပြုံးထား လိုက်ပါတယ်။ ဆားဗီးရပ်ကတော့ အလိုက်သင့်လေး ကိုယ်ကို လှုပ်ရှားလိုက်ပြီး ဘယ်စလွယ်သိုင်းဓားချက်နဲ့ တိုက်ခိုက်ဖို့ ကြိုးစားတော့တာပေါ့။

“နတ်ဆိုးအာဇာဇယ်ရဲ့ကိုးကွယ်သူ၊ ငရဲတံခါးကိုဖွင့်မယ့် ယေရှုဆန့်ကျင်သူ။ သေစမ်း....”

မောရှေပင်လယ်ပြင်ကို ခွဲခြမ်းခြင်း။

ဆားဗီးရပ်ရဲ့ဓားက ရွှေရောင်မီးတောက်တွေနဲ့တောက်ပလာခဲ့ပြီး ကြီးမားတဲ့မာန်အဟုန်ကို ထုတ်ဖော်ပြသလိုက်တယ်။ သူ့ဓားချက်က

အိန်ဂျယ်ရေဂူရယ်ရဲ့အားဖြည့်မှုနဲ့အတူ ကြောက်ခမန်းလိလိ ထက်ရှလှပြီး အရှိန်အဝါတွေထွက်ပေါ်လာရုံနဲ့တင် ဝတ်ပြုခန်းမကြီးရဲ့အမိုးခုံးဟာ အုတ်ချပ်အပိုင်းအစတွေအဖြစ် ပြောင်းလဲလွင့်စင်သွားခဲ့ပါပြီ။

ဘုန်း....

မြေပြင်က ကျောက်ပြားတွေ ဖုန်မှုန့်ဖြစ်သွားပြီး လေပြင်းတွေက နေရာအနှံတိုက်ခတ်သွားတယ်။ ဝတ်ပြုခန်းမဆောင်ရှိနေခဲ့တဲ့ တောင်ကုန်းတစ်ခုလုံးက ငလျင်ပြင်းပြင်းလှုပ်ခတ်သွားခဲ့သလို ပြိုကျပျက်စီးသွားပြီး ဘုရားကျောင်းနယ်မြေတစ်ခုလုံးမှာ ပြတ်ရွေ့ကြောင်းတွေပေါ်လာခဲ့တော့တယ်။

“အင်း... မဆိုးဘူးပဲ၊ မင်းက....” ဒါပေမဲ့ အဲဒီဓားချက်က ပီးယပ်ကို အန္တရာယ်ဖြစ်စေဖို့တော့ ကျရှုံးခဲ့ပါတယ်။

ဆားဗီးရပ်ရဲ့ဓားချက်က ပီးယပ်ရဲ့ပခုံးအသားထဲကို နစ်ဝင်သွားတာ သေချာပေမဲ့လို့ လူတစ်ယောက်ကိုပိုင်းဖြတ်ရသလို ခံစားချက်မရတဲ့အတွက် ဆားဗီးရပ်မျက်လုံးပြူးသွားပါတယ်။ အဲဒီခံစားချက်က ရွံနွံရုပ်တစ်ခုကို ပိုင်းဖြတ်လိုက်ရသလိုပါပဲ။

“လူသားတွေကို ဘုရားသခင်က ရွံရုပ်ကလေးတွေကနေတစ်ဆင့် ဖန်တီးခဲ့တယ်ဆိုတဲ့စကားကို ကြားဖူးလား၊ သားတော်။ အခုငါက ငရဲစွမ်းအားကိုသုံးပြီး ငါ့ကိုယ်ငါဘုရားသခင်မဖန်တီးရသေးခင် ကာလကပုံစံအတို င်း ယာယီပြောင်းထားတာလေ။ သေမျိုးတွေရဲ့ ကန့်သတ်ချက်ကို ကျော်လွန်နိုင်ဖို့ပေါ့။”

ပီးယပ်ရဲ့လက်ထဲကို သူကိုင်နေကျကျိုင်းတုတ်ရောက်လာတယ်။ အဲဒီနောက်ကြောက်စရာကောင်းလွန်းတဲ့အမြန်နှုန်းနဲ့ စတင်လှုပ်ရှား တိုက်ခိုက်တယ်။ ဆားဗီးရပ်က ကျန်ရှိနေသေးတဲ့မြေ​ပြင်မှာ ဓားကိုလက်နှစ်ဖက်နဲ့ဆုပ်ကိုင်ကာ သတိကြီးကြီးနဲ့ရပ်နေပြီး သူ့စွမ်းအားတွေကိုထုတ်ဖော်လိုက်တယ်။

‘အဗျာဟန်ရဲ့ခန္ဓာကိုယ်' ‘အဇင့်ခီရဲ့မြင်နိုင်စွမ်း' ‘အလိုင်ဂျက်ရဲ့မြန်နှုန်း'

ထန်း... ထန်း... ထန်း... ထန်း....

တစ်စက္ကန့်ရဲ့အပိုင်းအခြားလေးတစ်ခုအတွင်းမှာတင် ပီးယပ်နဲ့ ဆားဗီးရပ်တို့ဟာ အသံထက်အဆပေါင်းများစွာလျင်မြန်နေတဲ့ ရှုထောင့်အမြင်မျိုးကနေ အကွက်ပေါင်းများစွာ တိုက်ကွက် ဖလှယ်ဖြစ်ကြတယ်။ နောက်ဆုံးတော့ သူတို့နှစ်ယောက်လုံး သက်လုံကုန်ခမ်းသွားပြီး တစ်ယောက်နဲ့တစ်ယောက် လူချင်းခွာလိုက်တာပေါ့။

ဆားဗီးရပ်ရဲ့အဝတ်အစားတွေက ပျက်စီးနေပြီဆိုပေမဲ့ သူ့ခန္ဓာကိုယ်ပေါ်မှာ ဒဏ်ရာဒဏ်ချက်တွေရှိမနေပါဘူး။ ပုံမှန် ငရဲစွမ်းအားက လူသားတွေကိုတိုက်စားနိုင်စွမ်းရှိပြီး ရုပ်ပိုင်းရော စိတ်ပိုင်းဆိုင်ရာကိုပါထိခိုက်စေပေမဲ့ ဆားဗီးရပ်မှာရှိနေတဲ့ ရေဂူရယ်ရဲ့ကောင်းချီးမီးတောက်တွေက ငရဲစွမ်းအားတွေကို ဝါးမျိုပစ်လိုက်ပြီး အကောင်းအတိုင်းဆက်ရပ်တည်နေနိုင်ဖို့ အကူအညီပေးတယ်။

အခုဆိုရင် ဆားဗီးရပ်က အပေါ်ပိုင်းဗလာကျင်းအနေအထားနဲ့ ကြွက်သားတွေကိုထုတ်ဖော်ပြသထားသလိုဖြစ်နေပေမဲ့လို့ သူ့ပုံစံက တော်တော်လေးအခြေအနေကောင်းတယ်။

“ခင်ဗျားက တော်တော်လေးအစွမ်းထက်တာပဲ။ ဒါပေမဲ့ ကျုပ်ကို သတ်နိုင်လောက်တဲ့အထိတော့မဟုတ်ဘူး။”

ဆားဗီးရပ်က ပြုံးပြီးအသိအမှတ်ပြုလိုက်တယ်။ လောကကြီးမှာ အစစ်အမှန်နတ်ဘုရားတစ်ပါးကလွဲပြီး သူ့ကိုထိခိုက်အောင် လုပ်နိုင်စွမ်းမရှိဘူး။ အဲဒီသူက နတ်ဘုရားနီးနီးအစွမ်းထက်တဲ့ ပီးယပ်လိုလူဖြစ်နေရင်တောင်မှပေါ့။

“သားတော်ကလည်း အရင်မျိုးဆက်ဓားသူတော်စင်တွေထက် အများကြီးပိုအစွမ်းထက်ပါပေတယ်။ ဒါပေမဲ့ ဒီရဟန်းမင်းလည်း အရင်မျိုးဆက်ရဟန်းမင်းတွေအားလုံးထက် သာလွန်တယ်ဆိုတာကို မေ့လို့မဖြစ်ဘူး။”

ပီးယပ်က ကျိုင်းတုတ်နဲ့မြေပြင်ကို ရိုက်ချလိုက်တယ်။

ဝုန်း...

ရုတ်ချည်းဆိုသလို ကောင်းကင်ယံထက်မှာ သွေးနီရောင်မှော်စက်ဝန်း ဆယ့်နှစ်ခုပေါ်ပေါ်လာပြီးနောက် ဆားဗီးရပ်ရဲ့ကိုယ်ပေါ်ကို ကြောက်စရာကောင်းတဲ့ဖိအားတွေ ကျဆင်းလာခဲ့ပြီး ဆားဗီးရပ်ဒူးတစ်ဖက်ထောက်ကျသွားတယ်။

“ကျုပ်ကို ခင်ဗျားရဲ့မန္တန်နဲ့ချုပ်နှောင်ချင်တယ်ဆိုရင်တော့ အလုပ်မဖြစ်ဘူးနော်။”

ဖိအားသက်ရောက်မှုက တစ်ခဏတာသာဖြစ်ပြီး ဆားဗီးရပ်က အဗျာဟန်ရဲ့ အတားအဆီးရှောင်ကွင်းနိုင်စွမ်းကိုအသုံးပြုကာ ပြန်ထရပ်တယ်။ အဲဒီတစ်ခဏလေးကတင် ပီးယပ်ကို ကောင်းကင်ပေါ်ကို ပျံတက်နိုင်ဖို့အချိန်ပေးနိုင်ခဲ့ပြီး ပီးယပ်ဟာ မြေပြင်မှာရှိနေတဲ့ ဆားဗီးရပ်ကို ငုံကြည့်လိုက်တယ်။

“ယေဘုယျကျကျတွေးကြည့်ရင် မင်းလိုလူသားတစ်ယောက်က လူသားသန်းရာပေါင်းများစွာရဲ့ကိုးကွယ်ယုံကြည်မှုစွမ်းအားကို တောင့်ခံနိုင်ပါ့မလား။ နတ်ဘုရားအတုတစ်ပါးကိုဖန်တီးဖို့တောင် လုံလောက်တဲ့စွမ်းအားကိုပေါ့။”

ကောင်းကင်ပေါ်က သွေးနီရောင်တိမ်တိုက်ကြီးတွေဟာ စွမ်းအင်စီးကြောင်းတွေအဖြစ်ပြောင်းလဲသွားပြီး ပီးယပ်ရဲ့ ခန္ဓာကိုယ်အတွင်းကိုစီးဝင်တယ်။ ပီးယပ်ရဲ့နောက်မှာတော့ မျက်လုံးပေါင်းအထောင်အသောင်း ပွင့်ဟလာခဲ့ပြီးတော့ ဆားဗီးရပ်ကို အတောင်အသင်္ချေမျက်လုံးအသင်္ချေရှိတဲ့ ကျရှုံးအိန်ဂျယ်ဆဲလ်ရာဖင်းက သူ့အတောင်တွေနဲ့ အကျဥ်းချထားလိုက်တယ်။

အခုဆိုရင်ဆားဗီးရပ်ဟာ မီတာတစ်ရာအကျယ်အဝန်းအတွင်းမှာ အိန်ဂျယ်တစ်ကောင်ရဲ့ပိတ်လှောင်ခြင်းကိုခံထားရပြီး​တော့ အဲဒီကျရှုံးအိန်ဂျယ်ရဲ့မျက်လုံးတွေက ကြောက်မက်ဖွယ်ရာ နီရဲလာခဲ့တော့တယ်။

“ခင်ဗျားနောက်မှာ ဘုရားသခင်အတုတစ်ပါးရှိတယ်ဆိုပေမဲ့ ကျုပ်နောက်မှာက ဘုရားသခင်အစစ်တစ်ပါးရှိနေတာ။ ဒါကြောင့်...”

ဆားဗီးရပ်ကတော့ အဲဒီမြင်ကွင်းကို မတုန်မလှုပ်ဘဲကြည့်နေရင်း မျက်လုံးကိုမှိတ်လိုက်တယ်။ သူ့လက်ထဲကဓားကို ခေါင်းပေါ်မိုး ကန့်လန့်ဖြတ်အနေအထားနဲ့ကိုင်ထားလိုက်ရင်း ပြုံးလိုက်တယ်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ရွှေရောင်မီးတောက်တွေက ဖုံးလွှမ်းပြီး ကောင်းကင်ပေါ်ရောက်တဲ့အထိ အလင်းတန်းတွေကဖြာထွက်လို့။ သူ့ကျောနောက်မှာတော့ ဧရာမရွှေရောင်စစ်ရထားဘီးအသွင်ရှိတဲ့ အိန်ဂျယ်ရေဂူရယ်ပေါ်လာခဲ့ပါပြီ။

“ခင်ဗျားကို ကျုပ် ကြောက်စရာမလိုဘူး။”

ဘုန်း... ဘုန်း... ဘုန်း... ဘုန်း....

ဒီလိုနဲ့ပဲ အလွန်စွမ်းအားကြီးမားလှတဲ့ ကျရှုံးအိန်ဂျယ်တစ်ပါးနဲ့ အ်စစ်အမှန်အိန်ဂျယ်တစ်ပါးတို့ဟာ ကမ္ဘာမြေမှာရင်ဆိုင်တွေ့မိ ကြတယ်။ ဆယ်ရာဖင်းရဲ့တောင်ပံတွေက ဓားသွားတွေအဖြစ် နေရာအနှံပျံသန်းနေပြီး မျက်လုံးတွေကနေတစ်ဆင့် သွေးနီ အလင်းတန်းတွေဖြာထွက်နေကာ သက်ရှိမှန်သမျှကိုဖျက်ဆီးပေမဲ့ တစ်ဖက်မှာလည်း စစ်ရထားဘီးကြီးက အစွမ်းကုန်လည်ပတ်ပြီး အတောင်ပံတွေကို ရွှေရောင်အလင်းတန်းတွေနဲ့ လောင်ကျွမ်းစေတယ်။

တိုက်ပွဲစတင်တဲ့အချိန်မှာပဲ ကွန်စတန်တီနိုပယ်မြို့ကြီးရဲ့ကျန်ရစ်တဲ့ အစိတ်အပိုင်းတွေအားလုံးဟာ ကမ္ဘာပေါ်ကနေလုံးဝပျောက်ကွယ် သွားခဲ့ပြီဖြစ်ပြီးတော့ ပင််လယ်ရေတွေတောင်ခမ်းခြောက်လို့ မိုင်တစ်ရာပတ်လည်ဟာ သောင်ထွန်းလို့သွားတော့တယ်။

“ အဆုံးသတ်ပြီ....”

ထန်း....

နောက်ဆုံးတော့ စွမ်းအင်ကုန်ခမ်းသွားခဲ့တဲ့ ပီးယပ်က ဆားဗီးရပ်ရဲ့ဓားချက်ကြောင့် မြေပြင်ပေါ်ပြုတ်ကျလာတယ်။ ဆားဗီးရပ်ရဲ့မျက်လုံးတစ်ဖက်ကနေ သွေးတွေစီးကျနေခဲ့ပြီး မျက်လုံးကတော့မရှိတော့ပါဘူး။ ခန္ဓာကိုယ်တစ်ခြမ်းဟာ သွေးနီရောင်စွမ်းအားတွေနဲ့တိုက်စားခံရပြီးကြောက်စရာကောင်းနေပေမဲ့ သေလုမျောပါးအနေအထားနဲ့လဲကျနေခဲ့တဲ့ ပီးယပ်နဲ့ ယှဥ်မယ်ဆိုရင်တော့ အများကြီးအခြေအနေကောင်းသေးတယ်။

တစ်ဖက်မှာတော့ ကျရှုံးအိန်ဂျယ်ဆယ်ရာဖင်းနဲ့အိန်ဂျယ်ရေဂူရယ် စတဲ့ကြောက်စရာတည်ရှိမှုနှစ်ခုလုံးက မြေပြင်မှာပြိုပျက်လဲကျပြီး အခိုးအငွေ့တွေအဖြစ်ကို လျင်မြန်စွာပြောင်းလဲနေခဲ့တယ်။ မဟာ နတ်ဘုရားကြီးယာဝေဖန်တီးခဲ့တဲ့ ကမ္ဘာ့အစွမ်းထက်ဆုံးမျိုးနွယ်ဝင် နှစ်ပါးဟာ အခုလိုပဲကြွေလွင့်သွားခဲ့ပါပြီ။

ဆားဗီးရပ်က ဓားကိုအားပြုရင်း မြေပြင်ပေါ်မှာဒူးထောက်နေရတဲ့ ပီးယပ်ဆီကိုလျှောက်သွားတယ်။ အနားရောက်တဲ့အခါမှာတော့ သူဟာဓားကိုမြှောက်လိုက်ပြီး ပီးယပ်ကိုကွပ်မျက်ဖို့ပြင်တယ်။

ပီးယပ်ကတော့ ပြုံးနေဆဲအနေအထားနဲ့ ဆားဗီးရပ်ကိုကြည့်တယ်။ “ဆားဗီးရပ်၊ မင်းက လူသားတွေဘက်က ရပ်တည်နေတာ မဟုတ်မှန်းသိပေမဲ့ လူသားတွေကို ကယ်တင်ဖို့မထိုက်တဲ့ သတ္တဝါတွေလို့ မမြင်မိဘူးလား။”

“ကျုပ်ကို တရားဟောဖို့ကြိုးစားနေတာဆိုရင်တော့ မအောင်မြင်ဘူးလို့ပြောပါရစေ။”

ဆားဗီးရပ်က သူ့ရဲ့ပျက်စီးနေတဲ့မျက်လုံးတစ်ဖက်ကို လက်နဲ့အုပ်ရင်း ပီးယပ်ကိုရယ်မောကာ လှောင်ပြောင်တယ်။ ပီးယပ်ကတော့ အတည်ပြောနေပုံပဲ။ သူက နောက်တစ်ခါ ထပ်မံပြုံးလိုက်ပြီးတော့မှာ။

“မင်းက နားလည်မယ့်ကောင်မဟုတ်မှန်း ငါသိသားပဲ။ ဒါပေမဲ့ ငါ့အတွက်တော့ အဲဒီအချက်က အရေးကြီးတယ်ကွ။” စကားဆုံးတာနဲ့ပီးယပ်က တစ်နေရာကိုကြည့်လိုက်တယ်။ ဆားဗီးရပ်လည်း အလိုလိုကြည့်လိုက်မိတော့တာပေါ့။

ပုံရိပ်တစ်ခုက သူတို့နားကိုချဥ်းကပ်လာနေတယ်။ ရွှေရောင်ဆံပင်နဲ့ အပြာရောင်မျက်လုံးတွေကလွဲလို့ မှတ်မိနိုင်စရာမရှိတော့တဲ့ မိန်းကလေးတစ်ယောက်။ စင်စစ်ပြောရရင် သူတို့နှစ်ယောက်ရဲ့ တိုက်ပွဲကနေထွက်ပေါ်လာတဲ့ သက်ရောက်လှိုင်းတွေကြောင့် အနီးအနားမှာ ဘယ်သူမှ အသက်မရှင်နိုင်တော့ဘူးလို့ ထင်ထားခဲ့ပေမဲ့ ဒီမိန်းကလေးက ရှေ့ကို ဆက်လျှောက်လာနေဆဲပါ။

သူဟာ ညာဘက်လက်ထဲမှာ ရှေးဟောင်းလေးကိုကိုင်ထားပြီး ဘယ်ဖက် လက်ထဲမှာတော့ အစစ်အမှန်လှံကို ကိုင်ဆောင်ထားလို့။ သူ့မျက်နှာနဲ့ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံးကို မီးတောက်တွေက လောင်ကျွမ်းသွားခဲ့ပုံပေါ်ပြီး နီရဲတဲ့အသားတွေကိုဒီအတိုင်း မြင်​ရေပေမဲ့ အဲဒီမိန်းကလေးဟာ လဲကျမသွားခဲ့ဘူး။

ပီးယပ်က ရယ်မောလိုက်တယ်။ အဲဒီနောက်... “ငါက အဲဒီလို မကယ်တင်ထိုက်တဲ့ လူသားတွေကို သူ့နေရာသူပြန်ရောက်အောင် လုပ်ပြီးတော့ ဘုရားသခင်ရဲ့အမှားကို ပြုပြင်ပေးချင်ရုံလေးပါကွ။”

စကားဆုံးတာနဲ့ပီးယပ်ရဲ့အပြုံးတွေက အေးခဲသွားပြီး သူတို့ဆီကိုလာနေတဲ့ သီရာကို သွေးရူးသွေးတန်း အော်ဟစ်ပြောလိုက်တယ်။

“သမီးတော်၊ အဲဒီကောင်ကို အဆုံးသတ်လိုက်တော့။ နှလုံးကို တည့်တည့်ပစ်....”

....

သီရာရဲ့မျက်လုံးတွေထဲမှာ မငြိမ်းသတ်နိုင်တဲ့ အမုန်းတရားတွေနဲ့ ပြည့်နှက်နေခဲ့တယ်။ သူ့ရှေ့မှာရှိနေတဲ့လူနှစ်ယောက်ရဲ့ မျက်နှာတွေကိုသူမမှတ်မိတော့ဘူး။ အဲဒီအစား အဆုံးမသတ်နိုင်တဲ့ ဝမ်းနည်းခြင်းတွေက သူ့နှလုံးသားကိုတိုက်စားနေခဲ့ပြီးတော့ အစားထိုးမရတဲ့ အရာတစ်ခုကို ဆုံးရှုံးလိုက်ရကြောင်း သူ့ကိုသတိပေးနေတယ်။

နောက်တော့ သူ့လက်တွေက အလိုလိုလှုပ်ရှားသွားခဲ့ပြီး အစစ်အမှန်လှံကို လေးကိုင်းပေါ်မှာတင်ကာ လေးညို့ကို ဆွဲတင်လိုက်တယ်။ သူ့နှလုံးသားနဲ့ခန္ဓာကိုယ်ဆီကနေ သွေးနီရောင်အငွေ့အသက်တွေဖြာထွက်လာနေပြီး တစ်စတစ်စပိုမိုအားကောင်းလာနေတယ်။ တိုက်ပွဲကြောင့် ဖြစ်ပေါ်လာခဲ့တဲ့ သဲကန္တရကြီးမှာပြန့်ကျဲနေတဲ့ ငရဲစွမ်းအားတွေလည်း စတင်ပေါင်းစည်းလာခဲ့ပြီဖြစ်ပြီး သခင်အသစ်တစ်ယောက်ကိုရှာတွေ့သွားသလိုမျိုး သီရာဆီကို တိုးဝင်လာခဲ့တယ်။ နောက်တော့ သီရာရဲ့ကျောနောက်မှာ သွေးနီရောင်ရှေးဟောင်းဂိတ်တံခါးကြီးပေါ်ပေါက်လာခဲ့ကာ ဂိတ်တံခါးကြီးရဲ့တစ်စိတ်တစ်ပိုင်းဟနေတဲ့နေရာကနေ အဆုံးမရှိတဲ့ ငရဲစွမ်းအားတွေဖြာထွက် လာခဲ့ပါပြီ။

“လုပ်ခွင့်ပေးမယ် ထင်နေတာလား....” ဆားဗီးရပ်က ဓားကို ဦးတည်ချက်ပြောင်းလိုက်ပြီး သီရာဆီကိုပြေးလာနေတယ်။ လောလောဆယ် သူဟာ စွမ်းအားအထွတ်အထိပ်မှာရှိမနေဘူး။ အထွတ်အမြတ်လက်နက်နှစ်ကိုကိုင်ထားတဲ့သီရာကို တားနိုင်စွမ်း သူ့မှာမရှိဘူး။ ဒါကြောင့် တစ်ဖက်လူ အသင့်မဖြစ်သေးခင် အဆုံးသတ်မှဖြစ်တော့မှာပါ။

ဒါပေမဲ့....

“သေစမ်း....”

ရွှတ်....

သီရာရေရွတ်လိုက်ပြီးနောက်မှာပဲ အစစ်အမှန်လှံက မြားအဖြစ်နဲ့ ရှေးဟောင်းလေးကိုင်းကနေ ပြေးထွက်လာခဲ့တယ်။ ဆားဗီးရပ်က နောက်ဆုံးအနေနဲ့ရှောက်ရှားဖို့ ကြိုးစားခဲ့ပေမဲ့...

ဖောက်....

ရွှေရောင်သွေးစက်တွေဟာ မြေပြင်ပေါ်ကိုကျဆင်းလာခဲ့ပြီးတော့ လူငယ်လေးရဲ့အသက်မဲ့ခန္ဓာကိုယ်ဟာ ထိုနေရာမှာပဲ ထာဝရလဲလျောင်းနေဖို့ ဖြစ်လာပါတော့တယ်။

All Chapters