← Chapters

အခန်း (၆၂၇-၆၂၈)

Vol. 53 Ch. 627-628

အခန်း (၆၂၇-၆၂၈)

Vol. 53 Ch. 627-628

အပိုင်း (၆၂၇)

သုံးနှစ်တာ ကာလအတွင်းမှာပင် နိုင်ငံတော်ဘဏ္ဍာတိုက်၌ ငွေကြေးခေါင်းပါးနေရသည့် ပြဿနာမှာ လုံးဝ ပျောက်ကွယ်သွားခဲ့သည်။ တာ့ကျိုးအင်ပါယာအနှံ့ ရာသီဥတုသာယာပြီး သီးနှံများ အထွက်တိုးလာ၏။

ဧကရာဇ်ဝမ်ယွင် လက်ထက်က ကြုံတွေ့ခဲ့ရသည့် အခက်အခဲများအားလုံး ပြေလည်သွားပြီး တာ့ကျိုး အင်ပါယာမှာ တစ်ကျော့ပြန်၍ အားကောင်းလာကာ ချမ်းသာကြွယ်ဝလာခဲ့သည်။

နိုင်ငံတော်ဘဏ္ဍာတိုက်အတွင်း ငွေကြေးများမှာ တောင်လိုပုံနေပြီး၊ ပြန်လည်တည်ဆောက်ပြီးစီးသွားသည့် လန်ကျိုးမြို့တော်ကြီးမှာလည်း ပင်လယ်ကမ်းခြေတွင် အရင်ကထက် ပိုမိုစည်ကားတိုးတက်လျက် ရှိနေ၏။

ယခင်က ထျန်းယန်ခေတ်အလယ်ပိုင်း၏ ဖွံ့ဖြိုးတိုးတက်မှု ရှိခဲ့သကဲ့သို့ပင် ယခုအခါတွင်လည်း ထျန်းကျိုးခေတ်၏ အလယ်ပိုင်း ဖွံ့ဖြိုးတိုးတက်မှုကို နောက်တစ်ကြိမ် ထပ်မံဖော်ဆောင်နိုင်ခဲ့သည်။

လောကရှိ ပြည်သူအပေါင်းတို့က ထျန်းကျိုးဧကရာဇ်အား သမိုင်းတစ်လျှောက်တွင် အကြီးကျယ်ဆုံးသော ဧကရာဇ်အဖြစ် တညီတညွတ်တည်း အသိအမှတ်ပြု ခေါ်ဆိုကြ၏။

ထိုမျှသာမကဘဲ အမတ်များ၊ ပြည်သူများ၏ အမြင်တွင် ထျန်းကျိုး (ထျန်းယန်) ဧကရာဇ်မှာ မိုးကြိုးပမာ လျင်မြန်ပြတ်သားသည့် လုပ်ဆောင်ချက်များကို ပိုင်ဆိုင်ထားသကဲ့သို့ နတ်ဘုရားလောင်းကဲ့သို့ သနား ကြင်နာတတ်သော စိတ်နှလုံးပိုင်ရှင်အဖြစ် သတ်မှတ်ခံထားရသည်။

ဧကရာဇ်ဝမ်ယွင် နန်းစိုးစံခဲ့စဉ်က မည်မျှများပြားသော လူအသက်ပေါင်းများစွာကို သတ်ဖြတ်ခဲ့ပြီး၊ မည်မျှ များပြားသော မျိုးဆက်များကို အမြစ်ပြတ်ချေမှုန်းခဲ့သည်ကို မည်သူမှ မခန့်မှန်းနိုင်ခဲ့ပေ။

သို့ပေမည့် ထျန်းယန်ဧကရာဇ် ထီးနန်းကို ပြန်လည်ရယူပြီးနောက်ပိုင်းတွင်မူ လူသတ်ဖြတ်မှုများမှာ အလွန်ပင် နည်းပါးသွားခဲ့သည်။

စီးမိသားစု၏ ပုန်ကန်မှုကိုပင် မသတ်ဖြတ်ဘဲ မြို့စားရာထူးသို့သာ လျှော့ချကာ မြို့တော်တွင်သာ ထိန်းသိမ်း ထားခဲ့၏။

ဖူယန်ထူ၏ ပုန်ကန်မှုကိုလည်း အလားတူပင် ရာထူးမှ ရုပ်သိမ်းကာ မြို့တော်၌ အကျယ်ချုပ်သာ ချထားခဲ့သည်။

တောင်ပိုင်းလူရိုင်းတို့၏ ပုန်ကန်မှုကို နှိမ်နင်းပြီးသည့်အခါ၌လည်း အကုန်အစင် သတ်ဖြတ်ခြင်း မပြုဘဲ လယ်ယာမြေများ ခွဲဝေပေးခြင်း၊ ဟွာဇူ မျိုးရိုးအမည်များ ပေးအပ်ခြင်းတို့ဖြင့် လူသားချင်း စာနာထောက်ထားမှုကို ပြသခဲ့၏။

နှစ်စဉ်သေဒဏ်ကျခံရမည့် တရားခံများကိုပင် အတတ်နိုင်ဆုံး မသတ်ဖြတ်ဘဲ ထိန်းသိမ်းထားလေ့ရှိပြီး၊ သေဒဏ်ပေးရမည့် စာရင်းများကိုလည်း အကြိမ်ကြိမ်အခါခါ စဉ်းစားသုံးသပ်လေ့ရှိသည်။

ထို့ကြောင့် ပြည်သူတို့၏ အမြင်တွင် ထျန်းကျိုး (ထျန်းယန်) ဧကရာဇ်၏ သနားကြင်နာတတ်မှုမှာ သမိုင်းတစ်လျှောက်တွင် အမှန်ပင် ရှားပါးလို့နေ၏။

ယခင် ဧကရာဇ်ဝမ်ယွင်ကို သစ္စာခံခဲ့သည့် အမတ်များမှာလည်း ရှင်းလင်းဖယ်ရှားခြင်း မခံခဲ့ရသည့်အပြင်၊ အများစုမှာ ရာထူးမှပင် ရုပ်သိမ်းမခံရဘဲ ဆက်လက်တာဝန်ထမ်းဆောင်နေကြရသည်။

ဝန်ကြီးချုပ် လင်ကုန်းနှင့် နိုင်ကော်၏ ဒုတိယဝန်ကြီးချုပ်တို့ပင်လျှင် မိမိတို့၏ ရာထူးနေရာများ၌ ဆက်လက်တာဝန်ထမ်းဆောင်ခွင့် ရရှိနေဆဲဖြစ်၏။

နန်ကုန်းချော့မှာလည်း ဟေးပင်းထိုင်၏ အကြီးအကဲအဖြစ် ဆက်လက် တာဝန်ထမ်းဆောင်နေပြီး၊ ယန်ဖြန်ရှန် မှာမူ ဒု-အကြီးအကဲအဖြစ် ရာထူးတိုးမြှင့်ခြင်း ခံခဲ့ရသည်။

တောင်ပိုင်းပုန်ကန်မှု နှိမ်နင်းရေးတွင် အကျိုးဆောင်ခဲ့သည့် အောက်မင်ကိုလည်း ကျန်းကျိုးမြို့စားအဖြစ် ခန့်အပ်လိုက်၏။

သုံးနှစ်တာကာလအတွင်း၌ တာ့ကျိုးအင်ပါယာတစ်ခုလုံးသည် ထျန်းယန်ဧကရာဇ်ကိုယ်တိုင် နုပျိုလန်းဆန်း လာသကဲ့သို့ပင် အိုမင်းရုပ်ပျက်နေရာမှ ပြန်လည်သက်ဝင်လာပြီး၊ ယခင်က မရှိခဲ့ဖူးသည့် အင်အား တောင့်တင်းမှုများကို ရရှိခဲ့သည်။

ထိုသို့ဆိုလျှင် အမှန်တရားမှာ မည်သို့ရှိသနည်း။ ထျန်းယန်ဧကရာဇ်သည် တကယ်ပင် ထိုမျှလောက် အစွမ်းထက်နေသည်လား။ ဤမေးခွန်းအတွက် အဖြေမှာ ဟုတ်သည်ဟုလည်း ဆိုနိုင်သလို၊ မဟုတ်ဟုလည်း ဆိုနိုင်၏။

သူသည် တပ်တော်တစ်သိန်းဖြင့် တောင်ပိုင်းသူပုန် ငါးသိန်းကို နှိမ်နင်းခဲ့ခြင်းမှာ အမှန်တကယ်ပင် ဖြစ်သည်လား။

အမှန်တကယ်မှာမူ လူအင်အား တစ်သိန်းမဟုတ်ဘဲ ခုနစ်သောင်းသာ ရှိခဲ့ပြီး၊ ခုနစ်သောင်းပင် ပြည့်အောင် မရှိခဲ့ပေ။

သူသည် ဧကရာဇ်ဝမ်ယွင် ပြုလုပ်ခဲ့သည့် ကိစ္စရပ်နှင့် လုံးဝတစ်ပုံစံတည်းတူသော အစီအစဉ်တစ်ရပ်ကို ဆောင်ရွက်ခဲ့ခြင်းဖြစ်၏။ ထိုအစီအစဉ်မှာ အစွမ်းထက်သော စစ်သည်အဖွဲ့တစ်ခုကို တာ့ကျိုးစစ်တပ် အတွင်းသို့ သွတ်သွင်းခြင်း ဖြစ်သည်။

ဧကရာဇ်ဝမ်ယွင် နတ်ရွာစံသည့်နှစ်မှာပဲ သူသည် အထူးစာမေးပွဲများကို ကျင်းပပြီး စစ်ဖက်ဆိုင်ရာ ကျူရန်များနှင့် စစ်ဖက်ဆိုင်ရာ ကျင်ရှီအမြောက်အမြားကို ရွေးချယ်ခန့်အပ်ခဲ့၏။

ထို့နောက် ထိုလူများကို အမာခံပြုကာ စစ်တပ်သစ်တစ်ခုကို ဖွဲ့စည်းခဲ့၏။ ဤစစ်တပ်သစ်မှာ ပိုင်ယွင်မြို့မှ လာခြင်းဖြစ်ပြီး ပြိုင်ဘက်ကင်းသော တိုက်ခိုက်ရေးစွမ်းရည်ကို ပိုင်ဆိုင်ထားသည်။

ထို့နောက် တစ်နှစ်အကြာတွင်မူ မယ်တော်မိဖုရားခေါင်ကြီး၊ တိကျစွာ ပြောရမည် ဆိုပါက မိဖုရားကြီးမှာ နတ်ရွာစံသွားခဲ့၏။

ထျန်းယန်ဧကရာဇ်သည် မိဖုရားကြီးအသစ်တစ်ပါးကို လက်ထပ်ခဲ့ပြီး တစ်နှစ်အကြာတွင် သားတော်တစ်ပါး ဖွားမြင်ခဲ့သောကြောင့် နိုင်ငံတစ်ဝန်းလုံး အောင်ပွဲခံခဲ့ကြသည်။

ဤမိဖုရားကြီးအသစ်မှာ သာမန်အရပ်သားမျိုးရိုးမှ ဆင်းသက်လာသည့် ပညာတတ်မိသားစုဝင်တစ်ဦး ဖြစ်သည်။ ဤလုပ်ရပ်မှာ ဧကရာဇ်ဟောင်း၏ ရည်ရွယ်ချက်ကို ထင်ဟပ်ဖော်ပြနေ၏။

သူသည် တာ့ကျိုးနိုင်ငံအတွင်းရှိ သာမန်ပြည်သူများအား ပျော်ရွှင်မှုများ ပေးအပ်ရန်၊ တိုးတက်နိုင်မည့် အခွင့်အလမ်းများကို ဖန်တီးပေးရန်နှင့် တာ့ကျိုးအင်ပါယာအား အသက်ဝင်မှုအသစ်များဖြင့် ပြန်လည် မောင်းနှင်ရန် ရည်ရွယ်ချက်ရှိနေကြောင်း ပြသနေခြင်းဖြစ်သည်။

ထိုသို့ဆိုလျှင် ဤမိဖုရားကြီးအသစ်မှာ မည်သူနည်း။ သူမမှာ အခြားသူမဟုတ်ပေ။ ပိုင်ယွင်မြို့မှ မင်းသမီး ပိုင်ရွှယ် ဖြစ်၏။

ဧကရာဇ်ဝမ်ယွင် လက်ထက်က ဆောင်ရွက်လိုသော်လည်း မဆောင်ရွက်နိုင်ခဲ့သည့် ကိစ္စရပ်များအားလုံးကို ထျန်းယန်ဧကရာဇ်က အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ခဲ့သည်။

တာ့ရှန်းအင်ပါယာ၊ နုဧကရာဇ်၏မျိုးဆက်၊ အရှေ့တိုင်းယဉ်ကျေးမှုကို ဖျက်ဆီးသူများ၊ မျိုးနွယ်ကွဲများနှင့် အမှောင်ထုထဲမှ လူအများမှာလည်း ယခုအခါ ပြန်လည်ဝင်ရောက်လာကြပြီဖြစ်၏။

တာ့ကျိုးအင်ပါယာနှင့် ပိုင်ယွင်မြို့တို့၏ တရားဝင် ပူးပေါင်းလက်ထပ်မှုနှင့်အတူ ပိုင်ယွင်မြို့၏ ခေတ်မီ တိုးတက်သော လက်နက်များ၊ သံရည်ကျိုနည်းပညာများနှင့် စစ်သည်အင်အားများမှာ တာ့ကျိုးအင်ပါယာ အတွင်းသို့ အဆက်မပြတ် စီးဝင်လာခဲ့ရာ၊ တာ့ကျိုးစစ်တပ်၏ တိုက်ခိုက်ရေးစွမ်းရည်မှာ ယခင်က မရှိခဲ့ဖူးသည့် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိတိုးတက်လာခဲ့သည်။

..............

ထျန်းကျိုး သုံးနှစ်...

နန်းတော် အတွင်း၌ ထျန်းကျိုး ဧကရာဇ် နှင့် မိဖုရားကြီး တို့သည် အတူယှဉ်တွဲ ရပ်နေကြသည်။ ယခင်က ဧကရာဇ်ဟောင်း ဖြစ်ခဲ့ဖူးသော ဤသူသည် အသက် ရှစ်ဆယ့်နှစ်နှစ် ရှိနေပြီ ဖြစ်သော်လည်း အလွန်ဆုံး အသက် ငါးဆယ့်နှစ်နှစ်ခန့်သာ ရှိသေးပုံ ရပြီး လွန်ခဲ့သော သုံးနှစ်ကထက်ပင် ပိုမို နုပျိုနေ၏။

ယခင်က ဆံပင်များ ဖြူနေခဲ့သော်လည်း ယခုအခါ အနက်ရောင် ပြောင်းသွားပြီး မျက်လုံးများသည်လည်း ပို၍ပင် တောက်ပနေသည်။

မိဖုရားကြီးသည် ပြိုင်ဘက်ကင်း လှပပြီး လူနှစ်ဦးသည် အလွန် ချစ်ခင်ကြင်နာစွာဖြင့် ခြံဝင်း အတွင်းရှိ ကလေးငယ် တစ်ဦးကို ကြည့်ရှုနေကြ၏။

ဤကလေးငယ်မှာ မင်းသားသစ် ကျိုးလင် ဖြစ်ပြီး ယခုအခါ အသက် နှစ်နှစ်သာ ရှိသေးသော်လည်း သစ်သားဓားကို လေတိုးသံ ထွက်သည်အထိ လွှဲယမ်းနိုင်ပြီး သာမန် ကလေးများထက် ခေါင်းတစ်လုံးခန့် ပိုမို အရပ်ရှည်သည်။

ထျန်းကျိုး ဧကရာဇ်က ပြောလိုက်၏။ “မိဖုရားကြီး... မင်းတို့ မိသားစုရဲ့ သွေးကြောက တကယ်ကို အံ့ဩစရာ ကောင်းတာပဲ။”

‘နုဧကရာဇ်ရဲ့မျိုးဆက် သွေးကြောလား။ တကယ်ကို အစွမ်းထက်တာပဲ။’

မိဖုရားကြီးက ညင်သာစွာ ပြန်ပြောလိုက်သည်။ “အရှင်မင်းမြတ်... ဒါကလည်း အရှင့်ရဲ့ သွေးကြောက အစွမ်းထက်လို့ လင်အာက ဒီလောက်တောင် ထူးချွန်နေတာပါ။”

ထျန်းကျိုး ဧကရာဇ်က ပြောလိုက်၏။ “ပြောရရင်တော့ ကိုယ်တော်က မင်းတို့ မိသားစုကို ကျေးဇူးတင်ရမှာပါ။ မင်းတို့သာ မရှိရင် ကိုယ်တော်လည်း အသက်ရှည် နုပျိုနိုင်မှာ မဟုတ်ဘူးလေ။”

မိဖုရားကြီးက ပြောလိုက်သည်။ “အရှင်မင်းမြတ်ကို သစ္စာခံခွင့် ရတာကမှ တကယ့် ဂုဏ်ကျက်သရေပါ။”

.............

ထျန်းကျိုး သုံးနှစ်၊ ဆောင်းဦးရာသီ....

တာ့ကျိုးအင်ပါယာနှင့် တာယင်အင်ပါယာ တို့ကြားတွင် ပြင်းထန်သော နယ်စပ် ပဋိပက္ခများ ဖြစ်ပေါ်ခဲ့ပြီး ဤပဋိပက္ခများသည် တဖြည်းဖြည်း ကြီးမားလာကာ နောက်ဆုံးတွင် အကြီးစား စစ်ပွဲကြီး အဖြစ်သို့ ပြောင်းလဲသွားခဲ့၏။

ထို့နောက် အင်ပါယာကြီး နှစ်ခုစလုံးသည် စစ်တပ်များကို အဆက်မပြတ် တိုးချဲ့လာကြတော့၏။ စစ်ပွဲ အခြေအနေသည် တစ်ဆင့်ပြီး တစ်ဆင့် ကြီးမားလာပြီး နောက်ဆုံးတွင် တကယ့်ကို အင်ပါယာကြီး နှစ်ခု၏ နိုင်ငံ တစ်ခုလုံး ပါဝင်သော စစ်ရေး လှုပ်ရှားမှုကြီး အဖြစ်သို့ ပြောင်းလဲသွားတော့သည်။

တာယင်အင်ပါယာသည် ပိုင်ရှင်မဲ့နယ်မြေတွင် စစ်သည် ခုနစ်သိန်း တိုးချဲ့ခဲ့သည်။ တာ့ကျိုးအင်ပါယာသည် ကျင်းကျုံး ကာကွယ်ရေးမျဉ်းတွင် စစ်သည် ခြောက်သိန်း နေရာချထားခဲ့၏။

အင်ပါယာကြီး နှစ်ခုစလုံးသည် ဒုတိယ ကာကွယ်ရေးမျဉ်းနှင့် တတိယ ကာကွယ်ရေးမျဉ်းများကိုပင် စတင် နေရာချထားနေကြပြီ ဖြစ်သည်။

ဆက်လက်၍ အင်ပါယာကြီး နှစ်ခုစလုံးသည် စစ်ရေး အခြေအနေသို့ ဝင်ရောက်သွားကြတော့သည်။ စီးပွားရေး ကုန်သွယ်မှုများ အားလုံး၊ စိုက်ပျိုးရေး ထုတ်လုပ်မှုများ အားလုံးသည် နောက်ဆက်တွဲ အဆုံးအဖြတ် တိုက်ပွဲကြီးအတွက် ပြင်ဆင်မှုများ ဖြစ်သွားကြ၏။

အင်ပါယာ ကြီး နှစ်ခုစလုံးသည် ပြည်သူများမှစ၍ နန်းတွင်း အထိ၊ တောင်ဘက်မှသည် မြောက်ဘက် အထိ စစ်ရေး ဝါဒဖြန့်မှုများကို စတင် လုပ်ဆောင်ကြတော့၏။ အင်ပါယာကြီး နှစ်ခုစလုံး၏ စစ်ရေး ယန္တရားကြီးများ စတင် လည်ပတ်နေပြီ ဖြစ်သည်။

နန်းတွင်း စာမေးပွဲမှသည် ပြည်နယ် စာမေးပွဲ၊ ခရိုင် စာမေးပွဲ၊ မြို့နယ် စာမေးပွဲ အထိ စာမေးပွဲ မေးခွန်းများ အားလုံးသည် စစ်ပွဲနှင့် သက်ဆိုင်နေကြ၏။

အင်ပါယာကြီး နှစ်ခုစလုံးရှိ ပညာတတ်များမှသည် သာမန် ပြည်သူများအထိ အားလုံးသည် ပြင်းထန်သော ဝါဒဖြန့်မှု မုန်တိုင်းများအောက်တွင် စစ်ပွဲအတွက် အဆင်သင့် ဖြစ်နေကြပြီ ဖြစ်သည်။

ဤနိုင်ငံတစ်ခုလုံး ပါဝင်မည့် စစ်ပွဲကြီး၏ ဝါဒဖြန့်မှုသည် ခြောက်လကျော်တိုင်တိုင် ကြာမြင့်ခဲ့သည်။ နပန်းသမား နှစ်ယောက် အဆက်မပြတ် အားယူနေသလိုမျိုးပင် ဖြစ်၏။

မရေမတွက်နိုင်သော စစ်တပ်များ၊ မရေမတွက်နိုင်သော ပစ္စည်းများသည် နယ်စပ်သို့ အဆက်မပြတ် ပို့ဆောင်နေကြသည်။

ပြည်နယ်တိုင်း၊ ခရိုင်တိုင်းသည် စစ်သည်များကို အဆက်မပြတ် စုဆောင်းနေကြပြီး ရိက္ခာများကို စုဆောင်းကာ၊ ပစ္စည်းများကို စုဆောင်း၍ စစ်မြေပြင်သို့ ထောက်ပံ့ပေးနေကြ၏။

...................

ထျန်းကျိုး လေးနှစ်၊ ငါးလပိုင်း...

အင်ပါယာကြီး နှစ်ခု၏ စစ်ပွဲကြီး နောက်ဆုံး၌ ပေါက်ကွဲထွက်လာတော့သည်။

ဤသည်မှာ နိုင်ငံတစ်ဝန်းလုံး ပါဝင်ဆင်နွှဲရသည့် အလွန်ကြီးမားသော စစ်ပွဲကြီးတစ်ခု ဖြစ်သည်။ ယခင်က ဖြစ်ပွားခဲ့သော စစ်ပွဲကြီးမှာ ရှစ်နှစ်ကြာခဲ့ပြီဖြစ်သည်။ ထိုစဉ်အခါက ကျိုးလီအား စစ်သေနာပတိချုပ်အဖြစ် ခန့်အပ်ခဲ့သည့် စစ်ပွဲတွင် တာ့ကျိုးအင်ပါယာမှာ အရှုံးနှင့် ရင်ဆိုင်ခဲ့ရ၏။

ယခုတစ်ကြိမ် စစ်ပွဲ၏ ပမာဏမှာ လွန်ခဲ့သော ရှစ်နှစ်ကထက် များစွာကြီးမားလှပြီး နှစ်ဖက်အင်အားစု တို့သည် စစ်သည်တစ်သန်းစီကို စုစည်းကာ မိုင်ထောင်ချီရှည်လျားသော စစ်မျက်နှာပြင်များကို ဖွင့်လှစ်တိုက်ခိုက်နေကြသည်။

ထိုမျှမကသေးဘဲ အင်ပါယာနှစ်ခုစလုံး၏ အရန်တပ်ဖွဲ့များမှာလည်း စစ်ပွဲအတွင်းသို့ အဆက်မပြတ် ဝင်ရောက်လာနေကြ၏။

ဤစစ်ပွဲကြီးမှာ အင်ပါယာနှစ်ခု၏ ကံကြမ္မာကို အဆုံးအဖြတ်ပေးမည့် အရေးပါသော စစ်ပွဲဖြစ်၏။ ၎င်းမှာ ပြည်နယ်၊ ခရိုင်အနည်းငယ်ကိုသာ လုယူရန် ကြိုးပမ်းခြင်းမျိုး မဟုတ်ဘဲ၊ အင်ပါယာတစ်ခုခု၏ အဆုံးသတ်ကို ဖော်ဆောင်ပေးမည့် ပြိုင်ဆိုင်မှုတစ်ခုလည်း ဖြစ်သည်။

ဤစစ်ပွဲတွင် အောင်နိုင်သူမှာ အရှေ့တိုင်းတိုက်ကြီး၏ တောင်ပိုင်းဒေသတွင် တစ်ဦးတည်းသော အရှင်သခင် အဖြစ် ရပ်တည်နိုင်မှာဖြစ်၏။

ယခုကဲ့သို့ စစ်ပွဲကြီး ဖြစ်ပွားရခြင်းနှင့် ပတ်သက်၍ လောကသားအပေါင်းမှာ အံ့ဩသင့်လျက် ရှိကြသည်။ တောင်ပိုင်းဒေသတွင် ကြီးမားသော ပုန်ကန်မှုများ ဖြစ်ပွားနေစဉ်ကာလက တာယင်အင်ပါယာအနေဖြင့် အဘယ်ကြောင့် နိုင်ငံတစ်ဝန်းလုံး ပါဝင်သော စစ်ပွဲကို မစတင်ခဲ့သနည်း။

တာ့ကျိုးအင်ပါယာ အားနည်းနေချိန်တွင် တာယင်အင်ပါယာမှာ အဘယ်ကြောင့် အခွင့်ကောင်း မယူခဲ့သနည်း ဟူသည်မှာ စဉ်းစားစရာ ဖြစ်နေသည်။

တာ့ရှီးနှင့် တာ့ရှအင်ပါယာတို့၏ နှောင့်ယှက်ခြိမ်းခြောက်မှုများကြောင့် ဖြစ်နိုင်သလား သို့မဟုတ် တာယင်အင်ပါယာမှာ စစ်ရေးအရ အဆင်သင့် မဖြစ်သေးသည်လား ဟူ၍လည်း မေးခွန်းထုတ်စရာများ ရှိနေ၏။

အကြောင်းမူ ယခင် ပိုင်ရှင်မဲ့နယ်မြေ စစ်ပွဲတွင် တာ့ကျိုးအင်ပါယာ ရှုံးနိမ့်ခဲ့ရသော်လည်း တာယင်အင်ပါယာ အနေဖြင့်လည်း စစ်သည်လေးသိန်းအထိ ဆုံးရှုံးခဲ့ရခြင်းကြောင့် ဖြစ်သည်။ သို့မဟုတ် ယခုစစ်ပွဲ၏ နောက်ကွယ်တွင် ပိုမိုနက်နဲသော အကြောင်းရင်းများ ရှိနေသေးသည်လား။

မည်သို့ပင်ဆိုစေကာမူ အင်ပါယာနှစ်ခု၏ နိုင်ငံတစ်ဝန်းလုံး ပါဝင်ဆင်နွှဲနေသော စစ်ပွဲကြီးမှာ မီးတောက်များနှယ် ပြင်းထန်လှသည်။

နေ့စဉ်နှင့်အမျှ နက္ခတ္တဗေဒဆိုင်ရာ ကိန်းဂဏန်းများကဲ့သို့ များပြားလှသော သေကြေပျက်စီးမှုများ ရှိနေသလို၊ အံ့ဩလောက်ဖွယ် စစ်အသုံးအဆောင်များကိုလည်း အဆက်မပြတ် သုံးစွဲနေရသောကြောင့် စစ်ရေး အခြေအနေမှာ အလွန်ပင် အကြိတ်အနယ် ရှိလို့နေ၏။

......................

နန်းတော် အတွင်း၌ ထျန်းကျိုး (ထျန်းယန်) ဧကရာဇ်သည် မည်သည့် လွှမ်းမိုးမှုမှ မရှိသကဲ့သို့ အသက် သုံးနှစ် အရွယ် မင်းသားလေးကို ပွေ့ချီကာ စာရေးနေပြီး မိဘမေတ္တာကို ဖော်ပြနေသည်။

မင်းသားလေး ကျိုးလင်သည် အသက် သုံးနှစ်သာ ရှိသေးသော်လည်း အံ့ဩဖွယ်ကောင်းသော ပါရမီများကို ပြသနေပြီ ဖြစ်ပြီး ဉာဏ်ပညာ သာမက ခန္ဓာကိုယ် ဖွဲ့စည်းပုံ၊ သိုင်းပညာနှင့် ရုပ်ရည် သွင်ပြင်များမှာလည်း အမြင့်ဆုံး အဆင့်တွင် ရှိနေ၏။

ထို့ကြောင့် အရပ်ဖက်နှင့် စစ်ဖက်ဆိုင်ရာ အမတ်များ၏ စိတ်နှလုံးထဲတွင် ဤမင်းသားလေးသည် အနာဂတ် တာ့ကျိုးအင်ပါယာ၏ ဧကရာဇ် ဖြစ်လာမည်မှာ သေချာနေပြီ ဖြစ်သည်။

မီတျဲ ချိုင့်ဝှမ်း အတွင်း၌ လေး၊ ငါးနှစ်တိုင်တိုင် သတိလစ် မေ့မြောနေသော အိမ်ရှေ့စံမင်းသား ကျိုးလီ ကိုတော့ လူတိုင်းက လုံးဝ မေ့လျော့နေကြပြီ ဖြစ်၏။

မင်းသားလေး ကျိုးလင်သည် အသက် သုံးနှစ်သာ ရှိသေးသော်လည်း စာရေးရာတွင် အတော်လေး ပုံစံကျနေပြီ ဖြစ်ပြီး ထက်မြက်မှုများကို ပြသနေသည်။

‘ဒီကလေးက သုံးနှစ်အရွယ် ကလေး တစ်ယောက်နဲ့ လုံးဝ မတူဘူး။ အရမ်းကို ထူးချွန်လွန်းနေတယ်။’

ထျန်းကျိုး ဧကရာဇ်သည် ကျိုးလင်၏ မျက်လုံးများကို အလိုအလျောက် အနီးကပ် ကြည့်ရှုလိုက်မိရာ သာမန်လူများနှင့် အမှန်တကယ်ပင် မတူညီဘဲ ထူးဆန်းသော အလင်းရောင်များ ပြည့်နှက်နေကာ ပုံသဏ္ဌာန် ပင်လျှင် အနည်းငယ် ကွဲပြားနေကြောင်း တွေ့ရှိလိုက်ရ၏။

ဤသည်မှာ နုဧကရာဇ်၏ ထူးခြားသော သွေးကြောကြောင့် ဖြစ်နိုင်မည်လား။ ထို့နောက် ထျန်းကျိုး ဧကရာဇ်သည်လည်း မျက်လုံးများကို ပြူးကာ မှန်ထဲရှိ မိမိ၏ မျက်လုံးများကို ကြည့်ရှုနေမိတော့၏။

...................

အပိုင်း (၆၂၈)

“အရက်ခွက်ကို ကိုင်မြှောက်ပြီး လမင်းကို ဖိတ်ခေါ်တယ်၊ အရိပ်နဲ့ပါ ပေါင်းလိုက်တော့ လူသုံးယောက် ဖြစ်သွားတယ်။”

ထျန်းကျိုး ဧကရာဇ်သည် စာရွက်ပေါ်ရှိ စာလုံးများကို ကြည့်ရင်း ဖတ်ပြလိုက်သည်။

မင်းသားလေး ကျိုးလင်ကလည်း လိုက်ဖတ်၏။

ထျန်းကျိုး ဧကရာဇ်က ပြောလိုက်သည်။ “ဒီကဗျာ နှစ်ကြောင်းက အရမ်း ကောင်းတယ်။ ဒီကဗျာကို ရေးတဲ့သူကို လောကရဲ့ နံပါတ်တစ် ဉာဏ်ကြီးရှင်လို့ ခေါ်လို့ ရတယ်။”

မင်းသားလေး ကျိုးလင်က မေးလိုက်၏။ “ခမည်းတော်... ဒီလူက ဘယ်သူလဲ။”

ထျန်းကျိုး ဧကရာဇ်က ပြန်ဖြေလိုက်သည်။ “ယွင်ကျုံးဟဲ့လို့ ခေါ်တယ်။ လောကရဲ့ နံပါတ်တစ် သူလျှိုလို့လည်း ခေါ်လို့ ရတယ်။”

မင်းသားလေး ကျိုးလင်က မေးလိုက်၏။ “သူက လူဆိုးလား။ ရန်သူလား။

ထျန်းကျိုး ဧကရာဇ်က ပြန်ဖြေလိုက်သည်။ “အင်း... လူဆိုးလည်း ဟုတ်တယ်၊ ရန်သူလည်း ဟုတ်တယ်။”

ကျိုးလင်က ပြောလိုက်၏။ “ဒါဆိုရင် သူ့ကို သတ်ပစ်လိုက်။”

ဟေးပင်းထိုင် ဒု-အကြီးအကဲ ယန်ဖြန်ရှန်သည် မြေပြင်ပေါ်တွင် ဒူးထောက်နေသည်။

“ရှေ့တန်း စစ်မျက်နှာပြင်က အခြေအနေ ဘယ်လိုလဲ။” ထျန်းကျိုး ဧကရာဇ်က မေးလိုက်၏။

ယန်ဖြန်ရှန်က ပြန်ဖြေလိုက်သည်။ “အရှင်မင်းမြတ်ကို လျှောက်တင်ပါတယ်။ အခုထိ အကြိတ်အနယ် ဖြစ်နေဆဲပါ။ ဒါပေမဲ့ ကျုပ်တို့ရဲ့ အဓိက စစ်တပ်တွေတော့ မထွက်ရသေးပါဘူး။”

တာ့ကျိုးအင်ပါယာ၏ အဓိက စစ်တပ်များသည် ပိုင်ယွင်မြို့၏ လက်နက် ကိရိယာများကို အပြည့်အဝ အသုံးပြုထားပြီး တစ်ဝက်ခန့်မှာ ပိုင်ယွင်မြို့၏ လျှို့ဝှက် စစ်သည် အဖွဲ့များ ဖြစ်၏။

“အရှင်မင်းမြတ်... ကျင်းဝူရွှမ်းရဲ့ စစ်တပ်တွေကို အနောက်ဘက်ကနေ ညှပ်တိုက်ခိုင်းဖို့ လိုအပ်မလား။” ယန်ဖြန်ရှန်က မေးလိုက်သည်။

ထျန်းကျိုး ဧကရာဇ်က ပြန်ဖြေလိုက်၏။ “မလောပါနဲ့... မလောပါနဲ့။ အဲဒီ အချိန် မရောက်သေးဘူး။ အဲဒီ အချိန် ရောက်လာရင် ကိုယ်တော် ကိုယ်တိုင် စစ်ချီသွားမှာပါ။”

........

တာ့ကျိုးအင်ပါယာ၏ လျှို့ဝှက်နေရာတစ်ခုတွင်...

ပိုင်ယွင်မြို့ မင်းသမီး ပိုင်ဖေးဖေး နှင့် ထျန်းကျိုး ဧကရာဇ် တို့သည် လျှို့ဝှက် လက်နက်များကို စစ်ဆေးနေကြသည်။

“ဧကရာဇ်မင်းမြတ်... လမင်းမီးကို မှတ်မိသေးလား။”

ပိုင်ဖေးဖေးက မေးလိုက်၏။ “အရှင် ဧကရာဇ်ဟောင်း ဖြစ်နေတုန်းက လမင်းမီးက ထွက်ပေါ်လာခဲ့ပြီး ယွင်ကျုံးဟဲ့က ကျင်းကျုံးယွဲ့ကို ပေးခဲ့တဲ့ လက်ဆောင် တစ်ခုပါ။”

ထျန်းကျိုး ဧကရာဇ်က ပြန်ဖြေလိုက်သည်။ “သေချာပေါက် မှတ်မိတာပေါ့။ ထန်ထိုင်မြို့က လမင်းမီးကြောင့် ပျက်စီးသွားခဲ့တာလေ။ ဒါပေမဲ့ ဒီပစ္စည်းမှာ ပါဝင်တဲ့ ကုန်ကြမ်း တစ်မျိုးက အရမ်း ရှားပါးလို့ အမြောက်အမြား မထုတ်လုပ်နိုင်ဘူးလို့ ကြားဖူးတယ်။”

ပိုင်ဖေးဖေးက ပြောလိုက်၏။ “အဲဒီ ကုန်ကြမ်းက ယမ်းစိမ်းပါ။ အရင်တုန်းက အိမ်သာတွေနဲ့ နံရံထောင့်တွေ ကနေပဲ ခြစ်ယူလို့ ရခဲ့တာပါ။ ဒါပေမဲ့ ကျွန်မတို့က ပင်လယ်ရပ်ခြားမှာ ကျွန်းတစ်ကျွန်းကို ရှာတွေ့ထားပြီး အဲဒီမှာ ယမ်းစိမ်းတွေ အဆုံးအစ မရှိလောက်အောင် များပြားစွာ ရှိနေတယ်။ နောက်ဆက်တွဲကို ဧကရာဇ်မင်းမြတ် စောင့်ကြည့်နေလိုက်ပါ။”

“အသင့်ပြင်...”

ပိုင်ယွင်မြို့ မင်းသမီး၏ အမိန့်ပေးသံနှင့်အတူ ကျောက်ခဲပစ်စက် ဆယ်ခုကျော်အားလုံး အသင့်အနေအထား ဖြစ်သွားပြီး ပစ်ခတ်မည့် နေရာတွင် ယမ်းမှုန့်အိတ်များ အားလုံး အသင့် ရှိနေသည်။

“ပစ်...”

ကျောက်ခဲပစ်စက် ဆယ်ခုကျော် တပြိုင်နက်တည်း ပစ်ခတ်လိုက်ရာ ပေါင်တစ်ရာကျော် အလေးချိန် ရှိသော ယမ်းမှုန့်အိတ် ဆယ်အိတ်ကျော်သည် မီတာရာချီ အကွာအဝေးသို့ လွင့်ပျံသွားပြီး စွန့်ပစ်ခံထားရသော ရဲတိုက် တစ်ခု အတွင်းသို့ ကျရောက်သွားတော့၏။

“ဝုန်း... ဝုန်း... ဝုန်း... ဝုန်း... ဝုန်း...”

အံ့ဩတုန်လှုပ်ဖွယ် ကောင်းသော ပေါက်ကွဲမှုကြီး ထွက်ပေါ်လာပြီးနောက် စွန့်ပစ်ခံထားရသော ရဲတိုက်သည် အပိုင်းပိုင်းအစစ ဖြစ်သွားတော့၏။ အဖျက်စွမ်းအားမှာ အလွန် အံ့ဩစရာ ကောင်းလွန်းလှသည်။

ပိုင်ဖေးဖေးက ပြောလိုက်၏။ “ဧကရာဇ်မင်းမြတ်... ဒီစစ်ပွဲအတွက် ကျွန်မတို့က အရှင့်အတွက် လမင်းမီး ပေါင်သိန်းချီ၊ သန်းချီလောက် ပြင်ဆင်ပေးနိုင်တယ်။ ဒါပေမဲ့ ကျွန်မတို့ ထောက်ပံ့ပေးနိုင်တာ ဒါတင် မကသေးဘူး။ ပိုပြီး ကြောက်စရာကောင်းတဲ့ လက်နက်တွေ ရှိပါသေးတယ်။”

“အသင့်ပြင်...”

တစ်ကိုယ်လုံးကို အဖြူရောင် အဝတ်များဖြင့် ဖုံးအုပ်ထားပြီး ပါးစပ်နှင့် နှာခေါင်းများကိုပါ ဖုံးကွယ်ထားသော စစ်သည် ဆယ်ယောက်ကျော်သည် နောက်ထပ် ကျောက်ခဲပစ်စက်တစ်ခုကို တွန်းထုတ်လာကြသည်။

ထို့နောက် စစ်သည်အချို့က သေတ္တာ တစ်လုံးကို သတိထား၍ သယ်ဆောင်လာပြီး အတွင်းမှ ဘောလုံးပုံစံ တစ်ခုကို ထုတ်ယူလိုက်၏။

“ပစ်...”

ကျောက်ခဲပစ်စက်က ဤဘောလုံးပုံစံကို ပြင်းထန်စွာ ပစ်လွှတ်လိုက်တော့သည်။

ထျန်းကျိုး ဧကရာဇ် တွေ့မြင်လိုက်ရသည်မှာ ပစ်မှတ် နေရာတွင် တုန်ယင်နေသော သာမန် ပြည်သူ ရာချီခန့် ရှိနေခြင်း ဖြစ်၏။

ဤဘောလုံးပုံစံသည် လေထဲတွင် မီတာ ရာချီ အကွာအဝေးအထိ လွင့်ပျံသွားပြီး လူအုပ်ကြီး အတွင်းသို့ ကျရောက်သွားတော့သည်။

“ဖောက်...”

ပေါက်ကွဲသွားပြီးနောက် အံ့ဩတုန်လှုပ်ဖွယ်ကောင်းသော ပေါက်ကွဲမှုကြီး မဖြစ်ပေါ်လာဘဲ အဝါရောင် အခိုးအငွေ့များသာ ထွက်ပေါ်လာတော့၏။

“အား... အား... အား... အား...”

ထို့နောက် ထိုနေရာရှိ လူအုပ်ကြီးထံမှ အလွန် သနားဖွယ်ကောင်းသော အော်ဟစ်သံများ ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ်ကောင်းသော နှိပ်စက်မှုများကို ခံစားနေရသကဲ့သို့ပင် ဖြစ်နေတော့သည်။

ဤဘောလုံးပုံစံကို ပစ်လွှတ်ခဲ့သော သူများသည်လည်း အဝေးသို့ ရှောင်တိမ်းသွားကြပြီး လုံးဝ အနား မကပ်ရဲကြချေ။

အချိန်အတော်ကြာပြီးမှသာ အဝါရောင် အခိုးအငွေ့များ ပျောက်ကွယ်သွားရာ ထျန်းကျိုး ဧကရာဇ်သည် ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။

ထို သာမန်ပြည်သူ ဆယ်ယောက်ကျော်သည် မြေပြင်ပေါ်တွင် လဲလျောင်းနေပြီး လုံးဝ သေဆုံးသွားကြပြီ ဖြစ်ကာ သေဆုံးပုံမှာလည်း အလွန် သနားဖွယ်ကောင်းလှပြီး ပါးစပ်မှ အမြှုပ်များ ထွက်ကာ တစ်ကိုယ်လုံး ပုပ်နေကြ၏။

‘ဒါက ကျောက်ခဲပစ်စက်ကနေ ပစ်လွှတ်တဲ့ အဆိပ်ငွေ့ ဗုံးလား။ သတ်ဖြတ်နိုင်စွမ်းက ယမ်းမှုန့် အိတ်တွေထက် အများကြီး ပိုပြီး အံ့ဩစရာ ကောင်းနေပါလား။ တကယ့်ကို ငရဲပြည်က လက်နက်တွေပဲ။’

ထျန်းကျိုး ဧကရာဇ်က မေးလိုက်သည်။ “ဒီလို လက်နက်မျိုး ဘယ်လောက် ရှိလဲ။”

“သိပ်မများဘူး။ ရာချီ လောက်ပဲ ရှိတယ်။”

မင်းသမီး ပိုင်ဖေးဖေးက ပြန်ဖြေလိုက်၏။ “ဒါပေမဲ့ အရေးကြီးတဲ့ အချိန်ကျရင် တာယင်အင်ပါယာရဲ့ အကောင်းဆုံး စစ်တပ်တွေကို အစုလိုက် အပြုံလိုက် သတ်ဖြတ်နိုင်တယ်။ အကယ်၍ တာယင် ဧကရာဇ် ကိုယ်တိုင် စစ်ချီလာမယ် ဆိုရင်တော့ ပိုပြီးတောင် ကောင်းသေးတယ်။”

ထျန်းကျိုး ဧကရာဇ်၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားပြီး အဆိပ်ငွေ့ အောက်တွင် သေဆုံး သွားသော သာမန် ပြည်သူများ၏ သနားဖွယ်ကောင်းသော အခြေအနေကို သေချာစွာ ကြည့်ရှုနေသကဲ့သို့ ဖြစ်နေသည်။

မင်းသမီး ပိုင်ဖေးဖေးက ပြောလိုက်၏။ “ဧကရာဇ်မင်းမြတ်... အချိန်မရွေး ကိုယ်တိုင် စစ်ချီထွက်လို့ ရပါပြီ။ ကျွန်မတို့ ပိုင်ယွင်မြို့ရဲ့ အထောက်အပံ့တွေနဲ့ ဒီ နိုင်ငံတစ်ခုလုံး ပါဝင်မယ့် စစ်ပွဲကြီးမှာ အရှင် သေချာပေါက် ကြီးမားတဲ့ အောင်ပွဲ ရရှိမှာပါ။”

...................

နန်းတော် အတွင်း၌...

ထျန်းကျိုး ဧကရာဇ် သိုင်းပညာ လေ့ကျင့်နေပြီး သိုင်းပညာမှာ အံ့ဩစရာကောင်းလောက်အောင် မြင့်မား နေကာ ယခုအခါ အောက်ရှင်းကို ထားလိုက်ပါတော့၊ ယွမ်ထျန်းရှဲ့ ပင်လျှင် ဧကရာဇ်မင်းမြတ်၏ ပြိုင်ဘက် မဟုတ်တော့ချေ။

“ဝုန်း... ဝုန်း... ဝုန်း...”

ဧကရာဇ်က ဓားရှည်ကြီးဖြင့် ဧရာမ ကျောက်တုံးကြီးကို ခုတ်ချလိုက်ရာ ကျောက်တုံးကြီးများ တစ်စစီ ကွဲကြေသွားတော့၏။

ရုတ်တရက် သူ၏ ခြေလှမ်းများ အနည်းငယ် ယိမ်းယိုင်သွားပြီး ရင်းနှီးကျွမ်းဝင်နေသော ခံစားချက်ကြီး နောက်တစ်ကြိမ် ရောက်ရှိလာပြန်သည်။

အေးစက်မှု၊ ထုံကျင်မှု... တစ်ချိန်တည်းမှာပဲ ရင်ဘတ် အတွင်း၌ မီးတောက်တစ်ခု လောင်ကျွမ်းနေသကဲ့သို့ ခံစားရသည်။ ထိုဟာတာတာဖြစ်ပြီး ပူလောင်သော ခံစားချက်မျိုးသည် နှစ်တိုင်း တစ်ကြိမ် ဖြစ်ပေါ်လေ့ ရှိကာ ယခင် လေဖြတ်နေစဉ်ကပင် ရှိခဲ့ဖူး၏။

ဤအရာမှာ အသက်ရှည် နုပျိုစေသည့်ဆေးကို သောက်သုံးခြင်း၏ ဘေးထွက်ဆိုးကျိုး တစ်ခု ဖြစ်ပေလိမ့်မည်။

သူသည် ဓားရှည်ကို သိမ်းဆည်းလိုက်ပြီး အခန်း အတွင်းသို့ ဖြည်းညင်းစွာ လျှောက်သွားကာ မှန်ကို ယူ၍ သူ၏ မျက်စိသူငယ်အိမ်များကို နောက်တစ်ကြိမ် ကြည့်ရှုနေမိတော့၏။

“လူလာခဲ့...” ထျန်းကျိုး ဧကရာဇ်၏ အမိန့်ပေးသံ နှင့်အတူ သရဲတစ္ဆေ ကဲ့သို့သော လူရိပ်တစ်ခု ဝင်ရောက် လာသည်။

“သွားယူခဲ့လိုက်တော့။”

“ကောင်းပါပြီ။”

ထို သရဲတစ္ဆေ ကဲ့သို့သော လူရိပ်သည် ထွက်သွားပြီး နန်းတော်၏ ထောင့်တစ်နေရာသို့ ဦးတည်သွားတော့၏။

ဤနေရာတွင် ပန်းပင်များနှင့် ဆေးပင်မျိုးစုံကို စိုက်ပျိုးထားပြီး မွှေးပျံ့သော အနံ့များ လွှမ်းမိုးနေသည်။

ဤသည်မှာ ရှန်ချင်းနန်းဆောင် အတွင်း၌လည်း ဤကဲ့သို့ ဆေးပင်များနှင့် ပန်းပင်များကို အထူး စိုက်ပျိုး ထားသော နေရာတစ်ခု ရှိခဲ့ပြီး မင်းသမီး ရှန်းရှန်းက ထိုနေရာတွင် နေထိုင်ခဲ့သည်ကို အလိုအလျောက် သတိရသွားစေ၏။

ယခုအခါ ဤပန်းပင်များဖြင့် ပြည့်နှက်နေသော နန်းတော်၏ ထောင့်တစ်နေရာတွင်လည်း မင်းသမီး ရှန်းရှန်းက နေထိုင်နေဆဲ ဖြစ်သည်။

အငွေ့ တစ်ချက် ပျံ့လွှင့်လာသည်။ အတွင်းရှိ မင်းသမီး ရှန်းရှန်းသည် ချက်ချင်း အိပ်မောကျသွားပြီး ဘာကိုမှ မသိရှိတော့ချေ။

ထို့နောက် သရဲတစ္ဆေ ကဲ့သို့သော လူရိပ်တစ်ခု ဝင်ရောက်သွားပြီး ဆေးထိုးအပ် တစ်ချောင်းကို ထုတ်ယူကာ မင်းသမီး ရှန်းရှန်း၏ သွေးကြော အတွင်းသို့ ထိုးသွင်းပြီး သွေးဖောက်ယူတော့၏။ မီလီလီတာ တစ်ရာခန့် အထိ သွေးဖောက်ယူလိုက်သည်။

မင်းသမီး ရှန်းရှန်း၏ မျက်နှာလေးသည် ချက်ချင်း ဖြူရော်သွားသည်ကို မျက်စိနှင့်ပင် မြင်တွေ့နိုင်၏။

ထို့နောက် ဤ သရဲတစ္ဆေ ကဲ့သို့သော လူရိပ်သည် ထွက်ခွာသွားပြီး အစမှ အဆုံးတိုင် မည်သူမှ မသိရှိလိုက်ကြချေ။

သူသည် သွေးများကို ယူဆောင်လာပြီး ထျန်းကျိုး ဧကရာဇ်၏ နန်းဆောင်သို့ ရောက်ရှိသွားကာ ကျောက်စိမ်း ပန်းကန်လုံး အတွင်းသို့ ထည့်၍ ဧကရာဇ် ထံသို့ ဆက်သလိုက်သည်။

ဧကရာဇ်သည် ထူးခြားသော အနံ့ရှိသည့် သွေးပန်းကန်လုံးကို ကိုင်မြှောက်ကာ တစ်ကျိုက်တည်း မော့သောက်လိုက်တော့၏။

တစ်ခဏအတွင်းမှာပဲ နှလုံး အနီးတစ်ဝိုက်ရှိ မီးတောက်ကြီးသည် ချက်ချင်း ငြိမ်းသတ်ခံလိုက်ရပြီး အေးမြသော ခံစားချက်ကို ပြန်လည် ရရှိသွားကာ နှလုံးခုန်နှုန်းလည်း ပုံမှန် ပြန်ဖြစ်သွားတော့သည်။

ထို့နောက်မှသာ သူသည် သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်နိုင်တော့သည်။ ဤသည်မှာ ယခင်က ဧကရာဇ်ဟောင်းက မင်းသမီး ရှန်းရှန်းကို အချစ်ပိုခဲ့ရခြင်း၏ တကယ့် အကြောင်းရင်း အမှန်ပင် ဖြစ်၏။

အကြောင်းမူ သူမ၏ သွေးသည် အလွန် ထူးခြားပြီး နှစ်တိုင်း တစ်ကြိမ် သောက်သုံးရန် လိုအပ်သောကြောင့် ဖြစ်၏။ အမှန်တရားမှာ ဤမျှလောက် အေးစက်ပြီး ရက်စက်ကြမ်းကြုတ်လှသည်။

ထိုအချိန်အခါက ဆေးထိုးအပ်များ မပေါ်ပေါက်သေးသောကြောင့် ဆေးဝါးကုသမှုအပိုင်းတွင် ယခုလောက် ခေတ်မမီသေးပေ။ ထို့ကြောင့် သွေးဖောက်ယူရသည့် အကြိမ်တိုင်းတွင် မင်းသမီး ရှန်းရှန်းမှာ သတိလစ် မေ့မြောသွားလေ့ရှိ၏။

မိမိခန္ဓာကိုယ်၌ မည်သို့သော ဖြစ်စဉ်များ ဖြစ်ပျက်နေသည်ကို သူမ မသိရှိခဲ့သော်လည်း၊ မင်းသမီးမှာ အလွန် ဉာဏ်ရည်ထက်မြက်သူဖြစ်သည့် အားလျော်စွာ မယ်တော်မိဖုရားခေါင်ကြီး၏ သူမအပေါ် ပြသနေသော အချစ်စကား၊ အချစ်အမူအရာများမှာ ဟန်ဆောင်မှု သက်သက်သာဖြစ်ကြောင်း ကောင်းစွာ ရိပ်စားမိနေ ခဲ့သည်။

ဧကရာဇ်ဟောင်း၏ ချစ်ခင်ယုယမှုများမှာလည်း အနှစ်သာရကင်းမဲ့ပြီး အတုအယောင်သာဖြစ်ကြောင်း သူမ သွယ်ဝိုက်၍ သိရှိထားပြီးဖြစ်၏။

ဤအချက်များကြောင့်ပင် သူမသည် အပေါ်ယံဟန်ဆောင်မှုများကြားမှ အမှန်တကယ် လိုလားတောင့်တ မိသည်မှာ အတုအယောင်ကင်းသည့် အချစ်စစ်နှင့် စစ်မှန်သော မိသားစု သံယောဇဉ်ပင် ဖြစ်သည်။

ထျန်းကျိုး ဧကရာဇ်သည် သွေးများကို သောက်သုံးပြီးနောက် အထူးသဖြင့် နှုတ်ခမ်းများ နီရဲနေပြီး အလွန် ကြောက်မက်ဖွယ်ကောင်းသော ပုံစံ ရှိနေ၏၊

“ကံကောင်းလို့ တစ်နှစ်မှာ တစ်ခါပဲ သောက်ဖို့ လိုလို့ပါပဲ။ အဲဒီလိုနဲ့ပဲ ဖိနှိပ်ထားနိုင်တာပါ။ မဟုတ်ရင် ရှန်းရှန်းလည်း ထောက်ပံ့ပေးနိုင်မှာ မဟုတ်ဘူး။”

ထျန်းကျိုး ဧကရာဇ်က ပြောလိုက်သည်။ “ဒါနဲ့... ခင်ဗျား မီတျဲ ချိုင့်ဝှမ်းကနေ ထွက်လာခဲ့ရတာ နောင်တရလား။”

ထို သရဲတစ္ဆေ ကဲ့သို့သော လူရိပ်က ပြန်ဖြေလိုက်၏။ “နောင်တ မရပါဘူး ဧကရာဇ်မင်းမြတ်။”

ထျန်းကျိုး ဧကရာဇ်က မေးလိုက်သည်။ “မီတျဲ ချိုင့်ဝှမ်းက နတ်ဆေးကို ခင်ဗျား လေ့လာ ဖော်ထုတ်နိုင်ပြီလား။”

သရဲတစ္ဆေ ကဲ့သို့သော လူရိပ်က ပြန်ဖြေလိုက်၏။ “မကြာခင် ရတော့မယ် ဧကရာဇ်မင်းမြတ်။ သူတို့က ဆယ်စုနှစ်ချီ ကြာအောင် ကျရှုံးခဲ့ပြီး ယွင်ကျုံးဟဲ့ ရောက်သွားတဲ့ အချိန်ကျမှ အောင်မြင်ခဲ့တာပါ။ ဒါကြောင့် အဓိက ပါဝင်ပစ္စည်းက ယွင်ကျုံးဟဲ့ရဲ့ သွေးပါပဲ။

မီတျဲ ချိုင့်ဝှမ်းက လူတွေကလည်း အယောင်ဆောင် ကောင်းကြတယ်။ ယွင်ကျုံးဟဲ့ရဲ့ သွေးက ပဟေဠိတွေကို ဖြေရှင်းနိုင်တယ် ဆိုပြီးတော့လေ။ ရယ်စရာ ကောင်းလိုက်တာ... သူရဲ့သွေးက ဆေးဖော်စပ်ဖို့ အသုံးပြုတာ သက်သက်ပါပဲ။”

ထျန်းကျိုး ဧကရာဇ်က မေးလိုက်သည်။ “ဘာလို့ နုဧကရာဇ်ရဲ့မျိုးဆက်တွေက အမြဲတမ်း နုပျိုနေနိုင်ပြီး သိုင်းပညာလည်း ပြိုင်ဘက်ကင်း နေရတာလဲ။ ကျုပ်ကျတော့ တစ်ခါတည်းနဲ့ အပြီးသတ် လုပ်လို့ မရဘဲ ဘာလို့ နှစ်တိုင်း ဖိနှိပ်ထားရတာလဲ။”

သရဲတစ္ဆေ လူရိပ်က ပြန်ဖြေလိုက်၏။ “အရှင်မင်းမြတ်... နုဧကရာဇ်ရဲ့မျိုးဆက်တွေတောင်မှ ဆယ်နှစ် တစ်ခါ နုဧကရာဇ်ရဲ့ ဆေးကို သောက်သုံးရတယ်။ မဟုတ်ရင် သူတို့လည်း သနားဖွယ်ကောင်းအောင် သေဆုံးသွား ရမှာပါ။ အရှင့်ရဲ့ ခန္ဓာကိုယ်ထဲမှာ နုဧကရာဇ်ရဲ့မျိုးဆက် သွေးကြော အနည်းငယ်ပဲ ပါဝင်လို့ သူတို့လို အပြည့်အဝ မဖြစ်နိုင်တာပါ။ ဒါပေမဲ့ စိတ်ချပါ... နောက်ထပ် နှစ်အနည်းငယ်ကြာရင် ကျုပ်က အဲဒီ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်နိုင်မှာပါ။ အဲဒီအချိန်ကျရင် အရှင်ဟာ ပိုင်ယွင်မြို့ရဲ့ လွှမ်းမိုးမှုကနေ လုံးဝ လွတ်မြောက်နိုင်ပါပြီ။”

ထျန်းကျိုး ဧကရာဇ်က ပြောလိုက်သည်။ “ကျုပ် မကြာခင် ကိုယ်တိုင် စစ်ချီပြီး တာယင်အင်ပါယာရဲ့ အဓိက တပ်တော်ကြီးကို ဖျက်ဆီးပစ်တော့မယ်။ ကျုပ် အမြဲတမ်း အစွမ်းအထက်ဆုံး အခြေအနေကို ထိန်းသိမ်းထားမှ ဖြစ်မယ်။”

သရဲတစ္ဆေ လူရိပ်က ပြောလိုက်၏။ “မီတျဲ ချိုင့်ဝှမ်းရဲ့ နတ်ဆေးကို မရနိုင်ဘူး ဆိုရင်တော့ အရင်ကလိုပဲ ယွင်ကျုံးဟဲ့ရဲ့ သွေးကိုပဲ အစားထိုး အသုံးပြုရမှာပါ။”

.........

All Chapters