← Chapters

အခန်း ၁၅၃

Vol. 14 Ch. 153

အခန်း ၁၅၃

Vol. 14 Ch. 153

(သွေးနဂါးလုံချန်)

ဘာသာပြန်သူ - အနှောင်အဖွဲ့ကင်းမဲ့သူ

[(စာစဉ် - ၁၄)အပိုင်း ၁၅၃]

အတွင်းစည်းဝင်ခွင့် ရွေးချယ်ပွဲ၏စည်းမျဉ်းများက ဤမျှ ရက်စက်ပြင်းထန်မည်ဟု သိခဲ့လျှင် လုံချန်အနေဖြင့် ခန်းမအရှင်လဲ့ယွမ်ကို ကြိုတင်ပြီးမေးထားမည်ဖြစ််သည်။ ထိုမှသာ သူ ပိုပြီး ပြင်ဆင်နိုင်မည်မဟုတ်ပါလား။

သို့ရာတွင် လုံချန်ကိုယ်တိုင်က လဲ့လန်အား “လေ့ကျင့်နေစဉ်အတွင်း ဘယ်သူမှမနှောင့်ယှက်စေနဲ့”ဟု ပြောထားခဲ့ကြောင့် ခန်းမအရှင်လဲ့ယွမ်က ရှင်းပြချိန်မရခဲ့ပေ။

မည်သို့ပင်ဖြစ်စေ ခွန်အား သန်မာနေပါက ဘယ်လိုအခြေအနေမျိုးမှာမဆို အရာရာကို ရင်ဆိုင်နိုင်ပါသည်။ လုံချန်က အရမ်းကြီးတော့ စိုးရိမ်မနေပါ။

“လုံချန်၊ မင်း အပြင်စည်း ရွေးချယ်ပွဲမှာ တစ်ခါ ပါဝင်ခဲ့ဖူးတာပဲ။ တကယ်တော့ အတွင်းစည်း နဲ့ အပြင်စည်း ရွေးချယ်ပွဲ ကြားမှာ ဘာမှ သိပ်မကွာဘူး။ ဒါပေမဲ့ ပြိုင်ပွဲစည်းမျဉ်းတွေကိုတော့ ပိုပြီးတင်းကျပ်ထားတယ်”

“ငရဲ​လမ်းကြောင်း ဆိုတာ နတ်ဆိုးဘုရင်ကိုးပါး တောင်ထိပ်ပေါ်ကို တက်တဲ့ လမ်းကြောင်းတစ်ခု ဖြစ်တယ်။ တစ်နည်းပြောရရင် ကောင်းကင်ဘုံ ကို သွားတဲ့လမ်းကြောင်းပေါ့။ လမ်းကြောင်း တစ်လျှောက်မှာ မြေမျက်နှာသွင်ပြင်က အရမ်းကိုအန္တရာယ်များတယ်။ အဆင့်မြင့် နတ်ဆိုးသားရဲတွေ အပြည့်ပဲ။ အဆိပ်ရှိတဲ့အပင်တွေ၊ သက်ရှိသတ္တဝါတွေနဲ့ ပြည့်နှက်နေတယ်။ ပြိုင်ဖက်တွေ ရဲ့ ကြိုတင်ချထားတဲ့ထောင်ချောက်တွေလည်း ရှိတယ်။ အရမ်း အန္တရာယ်များတယ်။ အဆိုးဆုံးက တောင်ထိပ်ပေါ်မှာ ရာသီဥတု တော်တော်လေး ဆိုးရွားတယ်။ အရမ်းကြောက်စရာကောင်းတဲ့ လေပြင်းမုန်တိုင်းတွေ၊ မိုးကြိုးလျှပ်စီးတွေ အချိန်ပြည့်ရှိနေတတ်တယ်။ ဒါ့ကြောင့် တောင်ထိပ်ပေါ် ရောက်တဲ့အထိ လမ်းတစ်လျှောက်မှာ အထူး သတိထားရမယ်”

သိသင့်သိထိုက်သည့်အရာများကို ဆက်တိုက် ပြောပြပြီးနောက် ခန်းမအရှင်လဲ့ယွမ် က ခဏရပ်နားလိုက်ပြီး ဆက်ပြောပါသည်။

“ငရဲလမ်းကြောင်းကို ရောက်ရင် မင်းတို့ကို နှစ်ယောက်စီ ဆယ်အုပ်စု ခွဲပေးလိမ့်မယ်။ ဒါ့အပြင် လမ်းကြောင်း စမဖွင့်ခင် ပစ္စည်း နှစ်ခုပါ ပေးထားမယ်”

“ပထမ တစ်ခု က အဖြူရောင်မီးပန်း၊ ဒါက အချက်ပြပစ္စည်း ဖြစ်တယ်။ ဘာလဲဆိုတာ မင်းလည်း နားလည်မှာပါ။ မင်း မကိုင်တွယ်နိုင်တဲ့ အန္တရာယ် တွေ့ရင် ဒါမှမဟုတ် လွတ်မြောက်ဖို့ လမ်း မရှိတော့တဲ့ အခြေအနေ ရောက်ရင် အသုံးပြုလိုက်ပါ။ အတွင်းစည်းဂိုဏ်းခွဲက အာဏာပိုင်တွေ အနီးအနားမှာ စောင့်ကြပ်နေကြတယ်။ အချက်ပြမီးပန်း ဖောက်ခွဲလိုက်ရင် ခဏလေးအတွင်းမှာ ကိုယ့်ကိုယ်ကို ကယ်နိုင်တယ်”

“ဒါပေမဲ့ အချက်ပြမီးပန်း ဖောက်လိုက်တာနဲ့ ပြိုင်ပွဲကနေ နုတ်ထွက်သွားတာနဲ့အတူတူပဲ။ နောက်ဆုံး အချိန်မှ သုံးပါ။ တကယ် မကိုင်တွယ်နိုင်ရင်တော့ ဖောက်ခွဲလိုက်ပါ။ အဲ့ဒါဆို မင်း ဘေးကင်းဖို့ သေချာမယ်”

“အချက်ပြမီးပန်း ဖောက်ပြီးရင်တောင် ရန်သူက ငါ့ကို လွှတ်မပေးရင် ဘယ်လို ဖြစ်မလဲ။ သူ အစွမ်းကုန် ငါ့ကို သတ်ချင်ရင် ဘယ်လို လုပ်ရမလဲ”

“အဲ့ဒါ မဖြစ်နိုင်ဘူး” ခန်းမအရှင်လဲ့ယွမ် က ရယ်ရင်း ဆက်ပြောလိုက်သည်။

“တခြားလူတွေ က မင်းထက် စည်းမျဉ်းကို ပိုသိကြတယ်။ အချက်ပြမီးပန်း ဖောက်ခွဲလိုက်တာနဲ့ ရန်သူကို ဆက်တိုက်ခိုက်နေရင် အတွင်းစည်းဂိုဏ်းခွဲရဲ့ အာဏာပိုင်တွေက အဲ့ဒီနေရာမှာတင် ချက်ချင်း သတ်ပစ်လိမ့်မယ်။ ကံကို စမ်းမကြည့်ပါနဲ့။ အတွင်းစည်းဂိုဏ်းခွဲက မသိတဲ့ အရာဆိုတာ မရှိဘူး”

စကားပြောနေရင်း ခန်းမအရှင်လဲ့ယွမ် လည်း အတွင်းစည်းဂိုဏ်းခွဲများ၏အင်အားကို တွေးကာ သက်ပြင်းချလိုက်ပါသည်။

အချက်ပြမီးပန်း အကြောင်းကို စဉ်းစားနေရင်း လုံချန်က ဆက်မေးလိုက်၏

“ခန်းမအရှင်လဲ့ ! ဒုတိယ ပစ္စည်း က ဘာလဲ ”

“ဒုတိယပစ္စည်း က စိန်သလင်းကျောက်လက်ကောက်တစ်ကွင်းပဲ။ ဒါက အတော်လေး ထူးဆန်းတဲ့ ပစ္စည်း ဖြစ်တယ်။ အရမ်း ခိုင်ခံ့လွန်းလို့ ငါတောင်မှ ပျက်စီးအောင် လုပ်နိုင်ဘူး။ မင်း ဝတ်လိုက်ရင် မင်းရဲ့ခန္ဓာကိုယ် ဘယ်လောက် ပြည့်စုံနေလဲ ဆိုတာ စစ်ဆေးနိုင်တယ်။ ဒဏ်ရာအပြင်းအထန်ရခဲ့ရင်တော့ သူ့အလိုလို ကျွတ်ကျသွားလိမ့်မယ်။ တခြားလူတွေ က အဲ့ဒီ စိန်သလင်းကျောက်လက်ကောက်ကို ယူနိုင်တယ် ”

“ငရဲလမ်းကြောင်း ပေါ်က ပထမအဆင့်ပြိုင်ပွဲ ဆိုတာ တကယ်တော့ စိန်သလင်းကျောက်လက်ကောက်တွေအတွက် တိုက်ပွဲပဲလေ။ လူတိုင်း တစ်ခု စီ ရမယ်။ ဆိုလိုတာက စုစုပေါင်း လက်ကောက် အကွင်းနှစ်ဆယ် ရှိတယ်။ ပိုပြီးများများ ရတဲ့သူက ပထမအဆင့် ဖြစ်တဲ့ ငရဲလမ်းကြောင်းကို အောင်မြင်ဖို့ အခွင့်အရေး ပိုများမယ်”

“ငရဲလမ်းကြောင်းမှာ ပြည့်မီရမယ့် ရည်မှန်းချက် နှစ်ခု ရှိတယ်။ ပထမတစ်ခု တစ်ရက်အတွင်းမှာ ငရဲလမ်းကြောင်း ကို ဖြတ်ကျော်ပြီးတော့ မရဏနတ်ဆိုးလှိုဏ်ဂူကို ရောက်ရမယ်။ ဒုတိယတစ်ခုက ပထမ ရည်မှန်းချက် ပြည့်မီရင်း စိန်သလင်းကျောက်လက်ကောက် အများဆုံးရတဲ့ အုပ်စု ၄ စု (လူ ၈ ယောက်) က ဒုတိယအဆင့် မှာ ဆက်ပြီး ပါဝင်ခွင့် ရမယ်။ ဟုတ်ပါတယ်၊ နောက်ထပ် အရေးကြီးတဲ့ လိုအပ်ချက်တစ်ခု ရှိသေးတယ်။ အုပ်စု တစ်ခု ထဲက တစ်ယောက်ပဲ မရဏနတ်ဆိုးလှိုဏ်ဂူကို ရောက်လာပြီးတော့ ကျန်တဲ့တစ်ယောက် ရောက်မလာနိုင်ရင် အဲ့ဒီ အုပ်စုတစ်ခုလုံး ပြိုင်ပွဲမှာ ဆက်ပြီးပါဝင်ခွင့်မရှိတော့ဘူး”

လုံချန်က ခန်းမအရှင်လဲ့ယွမ်၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် စည်းမျဉ်းများ ကို ချက်ချင်း နားလည်သွားသည်။

ပြိုင်ပွဲ၏ နောက်တစ်ဆင့်ကို ပါဝင်ခွင့် ရရန်အတွက် တစ်ရက်အတွင်း ငရဲလမ်းကြောင်းကို ဖြတ်ကျော်ရပေမည်။ ထို့အပြင် စိန်သလင်းကျောက်လက်ကောက် အများဆုံး ရယူနိုင်သော အုပ်စု ၄ ခုထဲမှာလည်း ပါဝင်နေရမည်ဖြစ်သည်။ ထို့နောက် ကျန်အုပ်စု ၆ ခုက နောက်တစ်ဆင့် တက်ရောက်ခွင့် ပယ်ချခံရမည်ဖြစ်သည်။ နောက်ဆုံး သတ်မှတ်ချက်တစ်ခုလည်း ရှိနေသေး၏။ စိန်သလင်းကျောက်လက်ကောက် အများဆုံးရယူထားနိုင်သော်လည်း တွဲဖက်ပြိုင်ပွဲဝင် ပျောက်ဆုံးသွားခြင်း၊ သေဆုံးခြင်း သို့မဟုတ် နုတ်ထွက်သွားပါက ပြိုင်ပွဲ၏ဒုတိယအဆင့်ကို ဆက်ပြီးပါဝင်နိုင်တော့မည်မဟုတ်ပါ။

အတွင်းစည်းဝင်ခွင့် ရွေးချယ်ပွဲ၏ ပထမအဆင့် က တစ်ဦးချင်း တိုက်ခိုက်နိုင်စွမ်းသာမကပေ။ မြေမျက်နှာသွင်ပြင် နှင့် လိုက်လျောညီထွေ လှုပ်ရှားနိုင်စွမ်း၊ ပြိုင်ပွဲဝင်တွဲဖက်ချင်း ဆက်ဆံရေး၊ ဘေးချင်းယှဉ်တိုက်ခိုက်နိုင်စွမ်း၊ မိတ်ဆွေစိတ်ဓာတ် နှင့် တခြား အရာများစွာ ကို စမ်းသပ်ခဲ့သည်။

လုံချန်က လင်းဝူတော်ဝင်မိသားစု၏ အတွင်းစည်းဝင်ခွင့် အတွက် စမ်းသပ်နည်းကို အမှန်တကယ်ပင် ချီးကျူးမိသည်။

“လုံချန်၊ နောက်ထပ် တစ်ခု ရှင်းပြဖို့ကျန်သေးတယ်” ဤစကားပြောသည့်အချိန် မှာ ခန်းမအရှင်လဲ့ယွမ်၏မျက်နှာထားက တင်းမာလာသည်။ ထို့အပြင် သူ့လေသံထဲမှာလည်း စိတ်ပျက်မှု တစ်မျိုး ပါနေသလိုပင်။

“ခန်းမအရှင် ! ကျေးဇူးပြုပြီး ပြောပါ ...”

“ငရဲလမ်းကြောင်း အတွက် မင်းရဲ့ လက်တွဲဖော်ပြိုင်ပွဲဝင် ကို ဘယ်သူနဲ့ပဲ လိုချင်လိုချင် ရွေးချယ်နိုင်တယ်။ ရွှေဂိုဏ်းခွဲ နဲ့ ငွေဂိုဏ်းခွဲ နှစ်ခု ကို ဖယ်ထားလိုက်၊ သူတို့မပါရင် ကျန်တဲ့ ဂိုဏ်းခွဲတွေ က လူနှစ်ယောက်စီ ရှိတယ်။ သူတို့တွေနဲ့ အဖွဲ့ဖွဲ့နိုင်တယ်။ ဒါပေမဲ့ ရွှေဂိုဏ်းခွဲ မှာ လူ သုံးယောက် ရှိတယ်။ နှစ်ယောက် က အမွှာညီအစ်ကိုတွေ ဖြစ်နေတဲ့အတွက် တစ်အုပ်စု ဖြစ်မယ်။ ကျန်တဲ့ အားကောင်းဆုံး ဂျင်ရှန်းအန် က သူနဲ့ ဆက်ဆံရေး ကောင်းတဲ့ ချူယွန်ရှီ နဲ့ လက်တွဲနိုင်တယ်။ မင်း နဲ့ ချူယွန်ရှီ တို့ကြားမှာပြဿနာ ဖြစ်ခဲ့တာက တကယ်...”

အမှန်စင်စစ် လဲ့လန် ကြောင့်သာ လုံချန် နှင့် ချူယွန်ရှီ တို့ကြား ရန်သူများ ဖြစ်ခဲ့ရသည်။ ခန်းမအရှင်လဲ့ယွမ် လည်း ကောင်းကောင်းသိထားပုံရ၏။ လုံချန် က အပြစ်မရှိမှန်း သိနေသောကြောင့် သူ့စိတ်ထဲမှာနောင်တရနေခဲ့သည်။

“ယေဘုယျအားဖြင့်တော့ မင်းရဲ့ တွဲဖက်အဖွဲ့ဝင်ဖြစ်မယ့် လူက ငွေဂိုဏ်းခွဲက ပါရမီရှင် တစ်ယောက် ဖြစ်လိမ့်မယ် ထင်တယ်။ ငွေဂိုဏ်းခွဲကလည်း လူ သုံးယောက် ပါဝင်ခွင့်ရခဲ့တယ်။ တစ်ယောက် က တိုက်ရိုက် ပါဝင်ခွင့် ရခဲ့တာပဲ။ သူ့ နာမည် က ... တကယ်တော့ မိန်းကလေးတပည့်ပဲ၊ သူမကို ယင်မုန့်ယောင် လို့ခေါ်တယ်။ ကျန်နှစ်ယောက် က တာအိုလက်တွဲဖော်တွေပဲ။ ဆိုလိုတာက ဒီကြားထဲမှာ ဘာမှ မဖြစ်ရင် မင်း နဲ့ ယင်မုန့်ယောင် က တစ်အုပ်စု ဖြစ်မယ်။ လုံချန် ! တစ်ခုတော့ သေချာလေးမှတ်ထားပါ။ ဒီ ယင်မုန့်ယောင် က တိုက်ရိုက် ပါဝင်ခွင့် ရခဲ့တာဆိုတော့ အရမ်း မာနကြီးမှာ သေချာတယ်။ သူ့အမြင်မှာ အားနည်းတဲ့ တွဲဖက်အဖွဲ့ဝင်တစ်ယောက်က သူမကို နောက်တစ်ဆင့် မတက်နိုင်အောင် ဆွဲချသလိုပဲ ထင်နေလိမ့်မယ်...”

“မဟာအကြီးအကဲ ဆိုလိုတာက သူမ ငါ့ကို အထင်သေးမယ်ဆိုတာလား ”

“ငါလည်း သေချာ မသိဘူး။ ဒါပေမဲ့ သူမ ကန့်ကွက်နိုင်တယ်။ လုံချန်! သူမ မင်းကို မျက်နှာသာ လုံးဝ မပေးရင် ခဏတော့သည်းခံလိုက်ပါ။ ငရဲလမ်းကြောင်းထိ တောင့်ခံနိုင်ရင် သူမ မင်းကို ကာကွယ်ဖို့ နည်းလမ်းရှာနိုင်မှာ သေချာတယ်။ မဟုတ်ရင် သူမ လည်း ဒီအဆင့်ကို မအောင်မြင်နိုင်ဘူး”

လုံချန် လည်း ခန်းမအရှင်လဲ့ယွမ် ပြောသည့် စကား အားလုံးကို ကောင်းကောင်း နားလည်ပါသည်။

“ပြောချင်တာက တခြားသူတွေ ငါ့ကို အထင်အမြင်သေး လှောင်ပြောင်နေရင်တောင် ငရဲလမ်းကြောင်းကို ဖြတ်ကျော်နိုင်တဲ့အထိ သည်းခံထားရမယ်။ ပြီးတော့ သူမ ငါ့ကို ကာကွယ်ပေးဖို့တောင်းဆိုရမှာပေါ့ ဟုတ်လား” လုံချန်က စိတ်ထဲမှာ တွေးနေလိုက်သည်။

“ဘာပဲဖြစ်ဖြစ် ယင်မုန့်ယောင် က ဘယ်လို လူစားမျိုး ဖြစ်မလဲ မသိရသေးဘူး။ ဒါပေမဲ့ အဲ့လို လူမျိုး ဆိုရင် ငါ သူမ ကို သင်ခန်းစာတစ်ခု ပေးလိုက်တာပေါ့။ ဟမ့် ...၊ ငါ့ကို အထင်သေးရဲတာလား... လင်းရှီ သာ ဒါကိုမြင်ရင် ငါ့ကို တစ်သက်လုံး လှောင်ရယ်နေမှာ သေချာတယ်”

လုံချန် က ငရဲလမ်းကြောင်း နှင့်ပတ်သက်သည့် အချက်အလက်များကို အသေးစိတ် သိရှိသွားပြီဖြစ်သည်။ တစ်ချိန်တည်းတွင် သူက ပထမအဆင့် ငရဲလမ်းကြောင်းကို ဖြတ်ကျော်ရန် အတော်လေးစိတ်လှုပ်ရှားနေမိသည်။

“ခန်းမအရှင်လဲ့! ငရဲလမ်းကြောင်း နဲ့ပတ်သက်လို့ အကုန်လုံးကို နားလည်ပါပြီ။ မရဏနတ်ဆိုးလှိုဏ်ဂူနဲ့ပတ်သက်ရင် အဲဒီနေရာက ဘယ်လိုနေရာမျိုး ဖြစ်မလဲ သိချင်ပါတယ်”

“မင်းက အပြင်စည်း ရွေးချယ်ပွဲ ရဲ့ ဒုတိယအဆင့် ကို မှတ်မိလား”

လုံချန်က ခေါင်းညိတ်လိုက်၏။

“မင်းထင်တဲ့အတိုင်း မှန်ပါတယ်။ တစ်ဦးချင်း တိုက်ပွဲ ပဲ။ မရဏနတ်ဆိုးလှိုဏ်ဂူက တကယ်တော့ အဲ့ဒီ တစ်ဦးချင်းတိုက်ပွဲ ရဲ့ ပိုအားကောင်းတဲ့ ပြိုင်ပွဲလို့ ဆိုရမှာပေါ့။ နတ်ဆိုးဘုရင်ကိုးပါးတောင်ထိပ်မှာ ကျင်းပမယ်။ အရွယ်အစား အမျိုးမျိုး ရှိတဲ့ ကျောက်လှိုဏ်ဂူတွေ ရှိတယ်။ အတွင်းပိုင်းမှာ ပတ်ဝန်းကျင် က အတော်လေးဆိုးရွားပြီး အရမ်း အန္တရာယ်များတယ်။ အထူးသဖြင့် မမြင်နိုင်တဲ့ အန္တရာယ်တွေ ရှိတယ်။ အသေးစိတ်တော့ ငါလည်း သိပ်မသိဘူး။ ​ဒုတိယအဆင့်ကို တက်ရောက်နိုင်ရင် မဟာအကြီးအကဲ က မင်းကို ပြောပြမယ် ထင်တယ်”

“မရဏနတ်ဆိုးလှိုဏ်ဂူ တိုက်ပွဲက ငရဲနတ်ဆိုးလမ်းကြောင်း ကနေ တက်လာတဲ့ လူ ၈ ယောက် ရဲ့ အုပ်စု တွေ ကို ထပ်ပေါင်းပစ်လိမ့်မယ်။ လူတိုင်းကို နှစ်အုပ်စုစီ ခွဲမယ်။ တစ်အုပ်စု မှာ လေးယောက်စီ။ အတွင်းစည်းဝင်ခွင့် ရွေးချယ်ပွဲကို အောင်မြင်မယ့် နေရာ ၂ နေရာ ရှိတယ်။ ဆိုလိုတာက ဝင်ခွင့် တစ်နေရာစာအတွက် လူ လေးယောက် ယှဉ်ပြိုင်ရမယ်။ သူတို့က ပထမနေရာကို ရဖို့ တိုက်ခိုက်ကြလိမ့်မယ်။ မင်း ကံကောင်းပြီး နောက်ဆုံး လူ ၈ ယောက်ထဲ ပါခဲ့ရင် သေခြင်းရှင်ခြင်း တိုက်ပွဲ နှစ်ပွဲဆက်တိုက် ဖြတ်သန်းရမယ်။ နှစ်ပွဲစလုံး အနိုင်ရမှ အတွင်းစည်းဂိုဏ်းကို ဝင်နိုင်လိမ့်မယ်”

“သေခြင်းရှင်ခြင်းတိုက်ပွဲ နှစ်ပွဲဆက်တိုက်လား။ အဲ့ဒီအချိန်မှာ ရန်သူနဲ့ အတူ လှိုဏ်ဂူတစ်ခုကို ဝင်ရမယ်။ ဒီလိုအန္တရာယ်များတဲ့ အခြေအနေ ထဲမှာ ကိုယ်ကိုယ်တိုင် အနိုင်ရဖို့ ကြိုးစားရမယ်။ ပြီးတော့ တိုက်ပွဲ ထဲမှာ ပြိုင်ဖက်ရန်သူ အပြင် တခြား ကိုယ်မသိနိုင်တဲ့ အန္တရာယ်တွေ နဲ့ နှစ်မျိုးစလုံး ရင်ဆိုင်ရမှာလား။ တကယ်တမ်းပြောရရင် လူတိုင်းအတွက်အောင်မြင်ဖို့ မဖြစ်နိုင်သလောက်ပဲ...”

အဆင့်တူပြိုင်ဖက် အယောက် ၂၀ ထဲကနေ ထိပ်ဆုံး နှစ်နေရာကို ရယူဖို့က မည်မျှခက်ခဲမှန်းသိသာပါသည်။

လုံချန် က ဤကြောက်မက်ဖွယ်ရာ စည်းမျဉ်းများကို ဆက်တိုက်ကြားရပြီးနောက် ခန်းမအရှင်လဲ့ယွမ် ကိုယ်တိုင်ပင် သူ့ကို မျှော်လင့်ချက် သိပ်မထားကြောင်း သိနေသည်။ သို့သော် သိပ်တော့ မထူးဆန်းပေ။

“ပထမအဆင့် ငရဲနတ်ဆိုးလမ်းကြောင်းရဲ့ အန္တရာယ်များတဲ့ မြေမျက်နှာသွင်ပြင် ပေါ်မှာ အမြန် လှုပ်ရှားရမယ်။ ရန်သူတွေ နဲ့ တိုက်ခိုက်ရင်း စိန်သလင်းကျောက်လက်ကောက်တွေ အလုံအလောက် စုဆောင်းရမယ်။ တွဲဖက်အဖော်ကိုပါ ဘာအန္တရာယ်မှ မဖြစ်အောင် လုပ်ရဦးမယ်။ ဆိုလိုတာက အုပ်စု တစ်ခုမှာ စိန်သလင်းကျောက်လက်ကောက် ၄ ကွင်း ရယူနိုင်မှပဲ နောက်တစ်ဆင့်ကို တက်နိုင်မယ်ဆိုတာ တော်တော်လေးကို ခက်ခဲတဲ့စည်းမျဉ်းပဲ”

“ပြီးရင် မရဏနတ်ဆိုးလှိုဏ်ဂူ ထဲမှာ သေခြင်းရှင်ခြင်း တိုက်ပွဲနှစ်ပွဲ ဆက်တိုက် ဆင်နွှဲရမယ်။ အနိုင်ရမှ အတွင်းစည်းဂိုဏ်းခွဲကို ဝင်ခွင့် ရနိုင်မယ်။ အပြင်ပန်းကကြည့်ရင် ငါ့အနေနဲ့ အခွင့်အရေး လုံးဝ မရှိဘူး။ ဒါပေမဲ့ အခု...”

ဤအချိန်တွင် လုံချန်၏အစစ်အမှန်ခွန်အားက ယခင်ကထက် အဆမတန် မြင့်တက်လာခဲ့သည်။

“ကောင်းပြီ၊ ငါ လုံချန် က မင်းတို့ကို အကြီးအကျယ် အံ့အားသင့်စေမှာပါ” လုံချန် လက်သီးတင်းတင်းဆုပ်လိုက်ပြီး ပြုံးလိုက်သည်။

သူ၏ ယုံကြည်မှု ပြည့်နှက်နေသော မျက်နှာ ကို မြင်လိုက်သည့် ခန်းမအရှင်လဲ့ယွမ် ပင် အံ့အားသင့်သွားခဲ့သည်။ သို့သော် သူ့အမြင်မှာ လုံချန်က ကိုယ့်ကိုယ်ကို နှစ်သိမ့်နေသည်ဟုသာ ထင်နေ၏။ လူအိုကြီးက စိတ်မသက်မသာဖြင့် ခေါင်းခါလိုက်ရုံသာ တတ်နိုင်သည်။

“လုံချန်၊ စိတ်ပျက်မနေပါနဲ့။ မင်းက ကျော်ကြားခြင်းမြို့ငယ်လေး မှာ ကြီးပြင်းလာတာ။ အခု လင်းဝူမိသားစု ထဲ ရောက်လာပြီ။ မင်းရဲ့အလားအလာ ကို အခု မှ စပြီးတူးဖော်နေရုံပဲရှိပါသေးတယ်။ ရှေ့ဆက်ရမယ့် လမ်းက အဝေးကြီးရှိသေးတယ်။ အတွင်းစည်းဂိုဏ်းထဲကို မဝင်နိုင်ရင်တောင် အရေးမကြီးပါဘူး။ မင်းရဲ့ ပါရမီ နဲ့ ဆိုရင် အပြင်စည်းဂိုဏ်းခွဲ (၉)ခုမှာ တောက်ပလာနိုင်တယ်။ ပြီးတော့ အတွင်းစည်းဂိုဏ်းခွဲကို ဝင်ဖို့ အခွင့်အရေးက နောက်ထပ် မရှိတာ လည်း မဟုတ်ပါဘူး...”

တစ်နာရီ ကျော်ကြာပြီးနောက်တွင် လုံချန် တို့သုံးယောက်လည်း အစိမ်းရောင်ဧကရာဇ်ခန်းမ ရှေ့သို့ရောက်လာခဲ့ကြသည်။ သို့သော် ခန်းမနှင့် နီးကပ်လာသည့်အချိန်မှာ အစောင့် တစ်ယောက်က တင်းမာသော အသံဖြင့် မေးလာခဲ့သည်။

“ဘာလုပ်ဖို့ လာကြတာလဲ”

ခန်းမအရှင်လဲ့ယွမ် က ဌာနခွဲတစ်ခု၏ မဟာအကြီးအကဲ ပင်။ အစောင့်တစ်ယောက် ထံမှ အထင်အမြင်သေးသည့် လေသံကို ကြားလိုက်ချိန်မှာ မျက်နှာ ပျက်သွားခဲ့သည်။ သူက အေးစက်စွာ ပြောလိုက်၏။

“ငါ က အစိမ်းရောင်နေမင်းဌာနခွဲ ရဲ့ ခန်းမအရှင် လဲ့ယွမ် ဖြစ်တယ်။ ငါ့ တပည့် လုံချန် ကို အတွင်းစည်းဝင်ခွင့် ရွေးချယ်ပွဲမှာ ပါဝင်ဖို့ ခေါ်လာတာပဲ”

“ဟုတ်လား”

ခန်းမ အစောင့်က အေးစက်စက် ရယ်လိုက်သည်။

“မဟာအကြီးအကဲ က မင်းတို့ နောက်ကျနေတယ် လို့ ပြောတယ်။ နောက်ကျတာ က စည်းမျဉ်းကို ချိုးဖောက်တာပဲ။ သူတို့ ထွက်သွား​တာကြာပြီ”

နိမ့်ကျလှသော အစောင့်အကြပ်နှစ်ယောက်၏ မောက်မာသောစကားသံကို ကြားလိုက်သည့်အခါ လုံချန် က ချက်ချင်း ဒေါသထွက်သွား၏။ ချက်ချင်း ကျိန်ဆဲလိုက်တော့သည်။

“ဒီ လူယုတ်မာတွေ။ ငါ မနက်စောစောကတည်းက အမြန်ပြေးလာတာ။ သူတို့ ထွက်သွားကြပြီလား။ ငါ နောက်ကျတယ် တဲ့လား။ ဖြစ်နိုင်တာ ညကတည်းကနေ တိတ်တဆိတ် ထွက်သွားကြတာများလား ”

Translator#အနှောင်အဖွဲ့ကင်းမဲ့သူ

All Chapters