← Chapters

အခန်း ၅၉၈

Vol. 33 Ch. 598

အခန်း ၅၉၈

Vol. 33 Ch. 598

အပိုင်း (၅၉၈) အရှေ့ပိုင်းစုံစမ်းထောက်လှမ်းရေးဌာန ရောက်ရှိလာတော့မည်။

နန်းတွင်းဥယျာဉ်ထဲတွင် ကျင်းဘုရင်မင်းမြတ်သည် လမ်းလျှောက်နေပြီး ကော်ထျန်းယန်သည်လည်း အနောက်မှ ကပ်လျက် လိုက်ပါနေ၏။

တိုင်းပြည်ရေးရာများဖြင့် အလုပ်များနေသော်လည်း အရှင်မင်းကြီးသည် တစ်ခါတစ်ရံတွင် စိတ်အပန်းဖြေရန် ထွက်လာလေ့ရှိသည်။

လမ်းတစ်ဝက်သို့ ရောက်ချိန်မှာတော့ ကျင်းဘုရင်မင်းမြတ်သည် ရုတ်တရက် စကားစလိုက်သည်။ "အချိန်တန်ပြီလို့ ကိုယ်တော် ထင်တယ်။ ဒီရက်ပိုင်း မြို့တော်ထဲမှာ ကျင်းယီဝေတပ်ဖွဲ့က တော်တော်လေး ဆူညံနေတာပဲ။ သူတို့ကို စမ်းသပ်စစ်ဆေးဖို့ အချိန်ရောက်ပြီ။ နောက်ရက်နည်းနည်းကြာရင် သူတို့ကို လေ့ကျင့်ရေး လုပ်ပေးဖို့ လူတချို့ လွှတ်ပေးလိုက်မယ်။

ကျင်းယီဝေတပ်ဖွဲ့က အခု နာမည်ကြီးနေတာပဲ။ ဖန်အမတ်က ပြည်သူတွေ ကြားထဲကနေ ဒီလောက်များတဲ့ အရည်အချင်းရှိတဲ့ လူတွေကို ဖော်ထုတ်နိုင်လိမ့်မယ်လို့ ကိုယ်တော် မထင်ထားခဲ့ဘူး။ အဲဒီအထဲမှာ သူတော်စင် တစ်ယောက်တောင် ပါသေးတယ်။ ဟားဟား ... စမ်းသပ်စစ်ဆေးတာ ပြီးသွားရင် ကိုယ်တော်လည်း အဲဒီလူကို တွေ့ဖို့ အခွင့်အရေး တစ်ခု ရှာရမယ်။"

မကြာသေးမီက ဆက်တိုက် တက်လာသော အစီရင်ခံစာများကို ပြန်လည် တွေးတောမိလိုက်၏။ ကျင်းယီဝေတပ်ဖွဲ့ ၏ ကောင်းမွန်သော လုပ်ရပ်များကြောင့ ပြည်သူများသည် အစိုးရအပေါ် ကျေးဇူးတင်ရှိ နေကြပြီး အရှင်မင်းကြီးသည် ပြည်သူများကို အမြဲတမ်း ဂရုစိုက်နေသည်ဟု ရင်ထဲတွင် အမြဲ မှတ်ယူထားကြသည်။

ရုတ်တရက် လူသောင်းချီ၏ ချစ်ခင်မြတ်နိုးမှုကို ခံလိုက်ရသောကြောင့် ကျင်းဘုရင်မင်းမြတ်၏ ရင်ထဲတွင် မျှော်လင့်မထားသော သာယာမှု တစ်ခု ဖြစ်ပေါ်နေခဲ့၏။

သို့သော်ငြား ခေါင်းကို ပုကာ ကြောက်ရွံ့နေဟန် ရှိနေသော ကော်ထျန်းယန်ကို လှမ်းမြင်လိုက်ရသည့် ချိန်မှာတော့ မျက်မှောင်ကုတ်သွားခဲ့ပြန်သည်။

လူအချင်းချင်း နှိုင်းယှဉ်ကြည့်လျှင် ဒေါသထွက်သေလုမတတ်ပင်။

ကျင်းဘုရင်မင်းမြတ်က မေးလိုက်သည်။ "ဘာဖြစ်လို့ အရှေ့ပိုင်းစုံစမ်းထောက်လှမ်းရေးဌာနက ဒီနှစ်တွေ အများကြီး ကြာတာတောင် အရည်အချင်းရှိတဲ့ လူတစ်ယောက်မှ ထွက်လာတယ်လို့ မကြားမိရတာလဲ။"

ဒုက္ခပဲ။ အဆူခံရတော့မယ်။

ကော်ထျန်းယန်သည် ချက်ချင်း ကြက်သီးမွေးညင်းများ ထသွားခဲ့ပြီး ရင်ထဲတွင် အခြေအနေ မဟန်တော့ကြောင်း အော်ဟစ်လိုက်မိ၏။

သူသည် နှုတ်ခမ်းကို တွန့်ကွေးလိုက်ပြီး တောင့်တင်းစွာဖြင့် ပြောလိုက်သည်။ "အရှင်မင်းကြီး ... ကျွန်တော်မျိုး ကြည့်ရသလောက်တော့ ဖန်အမတ်က အရှိန်အဝါ ကြီးအောင် လုပ်နေတာ ဖြစ်ပါလိမ့်မယ်။"

ရုတ်တရက်ကြီး အရည်အချင်းရှိသော သူတော်ကောင်း တစ်ရာကျော် ထွက်လာပြီး အားလုံးကလည်း ဆင်းရဲသား နောက်ခံ လူများချည်းသာ။ တစ်လောကလုံးတွင် အကြီးမားဆုံး အဓိပ္ပာယ်မရှိသည့် ကိစ္စပင်။

ကျင်းဘုရင်မင်းမြတ်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ပြောသည်။ "ဟမ့် ... အရှိန်အဝါ ကြီးအောင် လုပ်တယ်ပေါ့လေ။ ဘယ်နှစ်နှစ်တောင် ရှိနေပြီလဲ။ မင်းက အရှိန်အဝါ တစ်ခုတောင် မဖန်တီးနိုင်ဘဲနဲ့ ဖန်ကျန်းရီ ကျတော့ ဘာလို့ ဒီလောက် အချိန်တိုလေး အတွင်းမှာ ဖန်တီးနိုင်ရတာလဲ။

အခု ကျင်းယီဝေတပ်ဖွဲ့က ပြည်သူတွေ ကြားထဲမှာ လှုပ်ရှားနေတယ်။ ဥပဒေချိုးဖောက်သူတွေကို နှိမ်နင်းတယ်။ ပြည်သူတွေကလည်း အစိုးရအပေါ် ပိုပြီး ထောက်ခံလာကြတယ်။ အမတ်တွေတောင်မှ ဖန်အမတ်အပေါ် အမြင်တွေ တော်တော်လေး ပြောင်းလဲသွားကြပြီ။ အရှေ့ပိုင်းစုံစမ်းထောက်လှမ်းရေးဌာနကကျတော့ ဘာလို့ ဒီလိုမျိုး လုပ်ဖို့ မတွေးရတာလဲ။ ပြည်သူတွေ ကြားထဲမှာ နာမည်ပျက်တောင် ရှိနေသေးတယ်။

ကိုယ်တော် ကြည့်ရသလောက်တော့ မင်းတို့ စွမ်းဆောင်ရည် ညံ့တာပဲ။ ဘာဆင်ခြေ ပေးချင်သေးလဲ။"

ကော်ထျန်းယန်သည် မျက်နှာပျက်ယွင်းသွားခဲ့ပြီး မြေပြင်ပေါ်သို့ ဖုတ်ခနဲ ဒူးထောက်ချလိုက်ကာ ပြောလိုက်၏။ "ကျွန်တော်မျိုး ... ကျွန်တော်မျိုး အရှင်မင်းကြီးရဲ့ ကျေးဇူးတော်ကို စော်ကားမိပါတယ်။ ဒါ ... ဒါပေမဲ့ အရှေ့ပိုင်း စုံစမ်းထောက်လှမ်းရေးဌာနက အလုပ်လုပ်တဲ့နေရာမှာတော့ စွမ်းဆောင်ရည် ရှိပါသေးတယ်။ အရှင်မင်းကြီး စိတ်ချတော်မူပါ။"

ကျင်းဘုရင်မင်းမြတ်သည် သူ့အား တစ်ချက် စွေကြည့်လိုက်ပြီး ပြောလိုက်သည်။ "ထပါ … ကိုယ်တော် မင်းကို အပြစ်မတင်ပါဘူး။ တချို့ကိစ္စတွေမှာ မယှဉ်နိုင်တာက ပုံမှန်ပါပဲ။ ဖန်အမတ်က တချို့ကိစ္စတွေမှာ တကယ်ကို တော်တယ်။

ဒါပေမဲ့ ကျင်းယီဝေတပ်ဖွဲ့ဆိုတာ စစ်ရေးစစ်ရာတွေနဲ့ သက်ဆိုင်တယ်။ တစ်ရက်တစ်မနက်နဲ့ လေ့ကျင့်လို့ ရတဲ့အရာ မဟုတ်ဘူး။ ကျင်းယီဝေ အဖွဲ့ဝင်သစ်တွေရဲ့ အရည်အချင်းက တကယ် ဘယ်လို ရှိလဲဆိုတာကို ဒီတစ်ကြိမ် စမ်းသပ်ကြည့်ရင် သိရမှာပဲ။ နောက်ဆုံးမှာတော့ စည်းကမ်းနဲ့ သိုင်းပညာက ဘယ်လို ရှိလဲဆိုတာကိုပဲ ကြည့်ရမှာ။ နာမည်ဘယ်လောက်ကောင်းကောင်း အဆုံးမှာတော့ အတုအယောင်တွေပါပဲ။ ကိုယ်တော် လိုချင်တာက စစ်ပွဲတွေမှာ အောင်ပွဲခံနိုင်တဲ့ တပ်တော်ပဲ။"

ကော်ထျန်းယန်သည် အလျင်အမြန် ထလာခဲ့ပြီး လောတကြီး ပြောလိုက်၏။ "အရှင်မင်းကြီး စိတ်ချတော်မူပါ။ ဒီတစ်ကြိမ် စမ်းသပ်စစ်ဆေးမှုကို ကျွန်တော်မျိုး သေချာပေါက် ကောင်းကောင်း စစ်ဆေးပါ့မယ်။ လုံးဝ ညှာတာမှာ မဟုတ်ပါဘူး။"

ကျင်းဘုရင်မင်းမြတ်က ပြောလိုက်သည်။ "ဒီလောက်ကြီး တင်းကျပ်နေဖို့လည်း မလိုပါဘူး။ ဖန်အမတ်က ဘာပဲဖြစ်ဖြစ် နန်းတွင်းအမတ် တစ်ယောက်ပဲလေ။"

ကော်ထျန်းယန်သည် နှုတ်ခမ်းကို တွန့်ကွေးလိုက်ပြီး ရင်ထဲတွင် မတရားခံရသည့် ခံစားချက်များ ချက်ချင်း ပြည့်နှက်သွားခဲ့၏။

ချီးတဲ့မှ … အားလုံးက လူသားတွေပဲကို။ ဘာလို့ သူ့ကျမှ ခွဲခြား ဆက်ဆံနေရတာလဲ။

ဤတစ်ကြိမ်တော့ သေချာပေါက် သေချာ ဆုံးမပေးရမည်။ လုံးဝ လက်မြှောက် အရှုံးပေးသွားစေရန် ပြုလုပ်ပစ်မည်။

ကော်ထျန်းယန်က သတိထားကာ မေးလိုက်သည်။ "အရှင်မင်းကြီး ... အရှေ့ပိုင်းစုံစမ်းထောက်လှမ်းရေးဌာနက လူတွေက ကိုယ့်အလုပ်နဲ့ကိုယ် အမြဲတမ်း လူလိုနေတာပါ။ တကယ်လို့ တပ်ခွဲတစ်ခုကို ယာယီ စမ်းသပ်ဖို့ လူဆယ်ဂဏန်းလောက် ထုတ်လိုက်ရရင် အလုပ် လုပ်ငန်းစဉ်တွေကို ထိခိုက်မှာ စိုးရိမ်ရပါတယ်။ ဒါကြောင့် ကျွန်တော်မျိုးက လူတချို့လောက် ငှားလို့ ရနိုင်မလားလို့ပါ။"

ကျင်းဘုရင်မင်းမြတ်သည် ခေတ္တမျှ စဉ်းစားလိုက်ပြီး ခေါင်းညိတ်ကာ ပြောလိုက်၏။ "ကောင်းပြီ။ ကိုယ်တော့်ရဲ့ အမိန့်စာကို ယူသွားပြီး မြို့တော်စောင့်တပ်ထဲကနေ လိုအပ်တဲ့ နေရာအတွက် လူတချို့ သွားရွေးလိုက်။

အော် ... ဒါနဲ့။ ပြည်သူတွေ ကြားထဲမှာ ကျင်းယီဝေ ကြယ်ပွင့်ကတ်ပြား ဆိုတဲ့ အရာတစ်ခု ခေတ်စားနေတယ်။ အရှေ့ပိုင်းစုံစမ်းထောက်လှမ်းရေးဌာနကရော အဲဒါကို သတိထားမိလား။"

ကြားတော့ ကြားဖူးသလိုပင်။ သို့ပေမည့် သူ ဂရုမစိုက်မိခဲ့ပေ။

ဤမျှ အသက်ကြီးနေပြီ ဖြစ်ရာ မည်သူက ဈေးကွက်ထဲတွင် ခေတ်စားနေသော ကစားစရာလေးများကို စိတ်ဝင်စားမည်နည်း။ ယင်းက အရေးကြီးသော အရာ မဟုတ်ပေ။

ကော်ထျန်းယန်သည် အထစ်ထစ် အငေါ့ငေါ့ဖြင့် ပြောလိုက်သည်။ "ဒါက ကျွန်တော်မျိုး သိပါတယ်။ ပြည်သူတွေ ကြားထဲမှာ ခေတ်စားနေတဲ့ ကတ်ပြားလေးတွေပါ ...။"

သူ၏ ပုံစံကို ကြည့်လိုက်သည်နှင့် နားမလည်ကြောင်း သိသာလှသဖြင့် ကျင်းဘုရင်မင်းမြတ်သည် ဟမ့် ဟု အသံပြုလိုက်ပြီး စိတ်မရှည်စွာ ပြောလိုက်၏။ "ရပြီ။ သွားတော့။ ဘာမေးမေး ဘာမှ မသိဘူး။

စမ်းသပ်စစ်ဆေးတဲ့ အချိန်ကျရင် သိုသိုသိပ်သိပ် လုပ်ဖို့ ကိုယ်တော့်အတွက် သေချာ မှတ်ထား။ ပြည်သူတွေကို မနှောင့်ယှက်စေနဲ့။"

ကော်ထျန်းယန်သည် အရှေ့ပိုင်းစုံစမ်းထောက်လှမ်းရေးဌာနသို့ ခေါင်းငိုက်စိုက်ကျလျက် ပြန်သွားခဲ့၏။ ရင်ထဲတွင် ဒေါသများ အပြည့်အဝ အောင့်အည်းထားရသည်။

မူလက အရှေ့ပိုင်းစုံစမ်းထောက်လှမ်းရေးဌာန မျက်နှာပန်းလှဖို့ အခွင့်အရေး တစ်ခု ရှာတွေ့ပြီဟု ထင်မှတ်ထားခဲ့သော်လည်း မျက်နှာပန်း မလှခင်မှာပင် အရင်ဆုံး အဆူခံလိုက်ရ၏။

ဤတစ်ကြိမ် ရုတ်တရက် ဝင်တိုက်မည့် လေ့ကျင့်ရေးတွင် ဘာပဲဖြစ်ဖြစ် လုံးဝ အမှားအယွင်း မရှိစေရပေ။

မျက်လုံးများကို မှိတ်ကာ အချိန်အတော်ကြာ စဉ်းစားပြီးနောက် ကော်ထျန်းယန်သည် ဘေးရှိ မိန်းမစိုးအား ပြောလိုက်သည်။ "အရှင်မင်းကြီးက ကျင်းယီဝေတပ်ဖွဲ့ကို ရုတ်တရက် ဝင်တိုက်ပြီး စမ်းသပ်ဖို့ ပြင်ဆင်နေတယ်။ အရှေ့ပိုင်း စုံစမ်းထောက်လှမ်းရေးဌာနမှာ လူအင်အား မလုံလောက်လို့ မင်း ဖုန်းဝူတပ်ရင်းကို သွားပြီး လူနည်းနည်း ငှားခဲ့။ အထူးတပ်သားတွေ ဖြစ်ရမယ်။"

မိန်းမစိုးလေးသည် တုန်လှုပ်သွားခဲ့ပြီး အလျင်စလို မေးလိုက်၏။ "အဖေ ... ဘယ်လောက် လိုချင်ပါသလဲ။"

ကော်ထျန်းယန်က မျက်လုံးများကို မှေးကာ အနည်းငယ် တွေဝေနေသည့် ပုံစံဖြင့် ပြောလိုက်သည်။ "သုံးရာလောက် ဆိုရင် ရပါပြီ။"

ဤမျှ များပြားသော လူအရေအတွက်ကို ကြားလိုက်ရသဖြင့် မိန်းမစိုးလေးသည် ချက်ချင်းပင် အံ့အားသင့်သွားကာ မေးလိုက်သည်။ "အဖေ ... တပ်ရင်းတစ်ခုလုံးကို လေ့ကျင့်ရေး လုပ်ဖို့များလား။"

ကော်ထျန်းယန်က မကျေမချမ်းဖြင့် ပြောလိုက်၏။ "မဟုတ်ဘူး။ တပ်ခွဲတစ်ခုပဲ။ ပြီးတော့ ငါတို့က မုန်ဝေ့မင် ရှိနေတဲ့ အဲဒီ တပ်ခွဲကိုပဲ သွားမယ်။ ဘာချီးတဲ့ … မုန်သူရဲကောင်းလဲ။ ပြည်သူတွေ ကြားထဲမှာ သူ့ကို ကောင်းကင်ပေါ် ရောက်မတတ် မြှောက်ပင်ပေးနေကြတာ။ သူတော်စင် ဝင်စားတယ်လို့ ပြောဖို့ပဲ ကျန်တော့တယ်။ ငါကတော့ မယုံဘူး။ ကြည့်ရသလောက် သူက မြှောက်ပင်ပေးခံထားရတဲ့ အသုံးမကျတဲ့ကောင်ပဲ။"

မိန်းမစိုးလေးက သတိထားကာ မေးလိုက်သည်။ "ဒါပေမဲ့ ... အထူးတပ်သား သုံးရာက တပ်ခွဲတစ်ခုကို တိုက်မှာလေ။ ပြီးတော့ ခိုးတိုက်မှာ။ ဒါက နည်းနည်းတော့ ... အရှင်မင်းကြီး သိသွားရင် အပြစ်တင်မှာ မဟုတ်ဘူးလား။"

ကော်ထျန်းယန်သည် သက်ပြင်းချကာ ခေါင်းယမ်းလိုက်ပြီး ပြောလိုက်၏။ "အဲဒီအချိန် ရောက်မှပဲ ကြည့်လုပ်ကြတာပေါ့။

ငါ့ရဲ့ ဒီညီငယ်လေးက သာမန်လူ မဟုတ်ဘူး။ သူ့လက်ထဲမှာ ကျရှုံးသွားတဲ့ လူတွေ ဘယ်နှယောက် ရှိနေပြီလဲ။ ဝူမင်းသား၊ ကျန်းရှီ၊ ယန်ကော်အန်း ... တစ်ယောက်ချင်းစီက အာဏာရှိပြီး ရာထူးကြီးတဲ့ သူတွေချည်းပဲ။ ဒါကြောင့် ငါတို့ လုံးဝ ပေါ့ဆလို့ မရဘူး။

ပြီးတော့ မင်း သူ့ရဲ့ လက်အောက်ငယ်သားတွေကို မမြင်ဖူးလို့။ တစ်ယောက်ချင်းစီက ထွားကျိုင်းသန်မာပြီး ရန်ဖြစ်ရင်လည်း မျက်နှာပြောင်တိုက်တဲ့ သူတွေချည်းပဲ။ ငါတို့ရဲ့ ကင်းလှည့်တပ်သားတွေရဲ့ ပေါင်က သူတို့ရဲ့ လက်မောင်းလောက်တောင် မတုတ်ဘူး။ အထူးတပ်သား သုံးရာက သူ့ရဲ့ တပ်ခွဲတစ်ခုကို ခိုးတိုက်တာတောင် အမှားအယွင်း ရှိလာနိုင်သေးတယ်။

မတတ်နိုင်ဘူး။ အရှင်မင်းကြီး အပြစ်တင်ရင်လည်း တင်ပါစေတော့။ ဒါပေမဲ့ လုံးဝ အရှုံးပေးလို့ မရဘူး။ မင်းအဖေ ငါ့ရဲ့ မျက်နှာအိုကြီးက အရှက်ကွဲလုနီးပါး ဖြစ်နေပြီ။ ဒီတစ်ခေါက် ထပ်ရှုံးရင် အရှေ့ပိုင်း စုံစမ်းထောက်လှမ်းရေးဌာနကို ဆက်ထားစရာ အကြောင်းမရှိတော့ဘူးလို့ ထင်တယ်။"

မိန်းမစိုးလေးက အထစ်ထစ် အငေါ့ငေါ့ဖြင့် မေးလိုက်သည်။ "ဖန်အမတ်က တကယ်ပဲ အဲဒီလောက် စွမ်းသလား။ ကျင်းယီဝေတပ်ဖွဲ့က မြို့တော်ထဲ နေရာအနှံ့မှာ အမှုတွေ လိုက်စစ်ပြီး အာဏာရှင် တော်တော်များများကို ရန်သူဖွဲ့ထားတာလေ။"

ကော်ထျန်းယန်က ခါးသက်စွာ ပြုံးပြီး ပြောလိုက်၏။ "စွမ်းသလား ဟုတ်လား။ သူသာ သင်းကွပ်ခံလိုက်ရရင် မင်းအဖေ ငါ့အတွက် နေရာတောင် ရှိတော့မှာ မဟုတ်ဘူး။

သူက ဘယ်က အာဏာရှင်ကို ရန်သူဖွဲ့ရမှာလဲ။ ငါးသေးငါးဖွဲလေးတွေကိုပဲ သေလုမတတ် နှိပ်စက်နေတာ။ နောက်ခံရှိတဲ့လူတွေကိုကျတော့ နှစ်ချက်လောက် လှုပ်ရှားပြပြီး လွှတ်ပေးလိုက်တာပဲ။ အလုပ်ဆင်းတာနဲ့ ပြေလည်သွားကြတာချည်းပဲ။ သူက အရမ်း လည်တာကွ။ တကယ်ပဲ ကျင်းယီဝေတပ်ဖွဲ့က ပြည်သူတွေ ပြောနေသလောက် မာကျောတယ်လို့ မင်း ထင်နေတာလား။

ပြီးတော့ သူ ကစားနေတဲ့ ဖဲချပ်တွေကို မင်း ကြည့်လိုက်အုံး။ ကျင်းယီဝေတပ်ဖွဲ့က အပြင်ထွက်ပြီး အလုပ်လုပ်တိုင်း အရှင်မင်းကြီးနဲ့ အစိုးရရဲ့ ကျေးဇူးတော်တွေကို မပါမဖြစ် ထည့်ပြောတယ်။ ပြည်သူတွေ ကလည်း ကျေးဇူးတင်ကြတယ်။ အရှင်မင်းကြီးက နှုတ်က ထုတ်မပြောပေမဲ့ ငါက သူ့နောက်ကို ဒီလောက်နှစ်တွေ အများကြီး လိုက်လာတာ။ အရှင်မင်းကြီး ရင်ထဲမှာ ဘယ်လောက် ပျော်နေလဲဆိုတာ သိတယ်။

မင်းတို့တွေကလေ ... ငွေရှာတာ၊ အခွင့်အရေးယူတာ၊ အလုပ်ခိုတာကလွဲရင် ဘာမှ မလုပ်တတ်ဘူး။ ပြဿနာရှာပြီးရင်လည်း ငါကပဲ လိုက်ရှင်းပေးနေရတာ။ ဒီတစ်ခေါက် ထပ်ပြီး အမှားအယွင်း ဖြစ်ရင် အကုန်လုံး သေဖို့သာ ပြင်ထား။

ငါတို့ အရှေ့ပိုင်းစုံစမ်းထောက်လှမ်းရေးဌာနကကျတော့ ဘာလို့ မုန်ဝေ့မင်လို လူမျိုး မထွက်လာရတာလဲ။ မင်းတို့ အဲဒီ မုန်ဝေ့မင်ကို သွားစုံစမ်းတာ ဘာသံသယဖြစ်စရာ တွေ့ခဲ့လဲ။"

မိန်းမစိုးလေးသည် ခေတ္တမျှ ပြန်လည် စဉ်းစားလိုက်ပြီး ဝေခွဲမရစွာဖြင့် ပြောလိုက်သည်။ "တကယ် မရှိပါဘူး ခေါင်းဆောင်ကြီး။

သူက ပုံမှန်ဆိုရင် အပြင်ထွက်ပြီး အလုပ်လုပ်တယ်။ ပြည့်တန်ဆာအိမ် မသွားဘူး။ စားသောက်ဆိုင်ကြီးတွေ မသွားဘူး။ တခြား မိန်းမတွေကို တွေ့ရင်တောင် စွေကြည့်တာမျိုး မရှိဘူး။ အားလပ်ချိန်ကျရင် သူ့မိန်းမအတွက် မိတ်ကပ်နဲ့ ရေမွှေးလေးတွေ ဝယ်ပေးဖို့တောင် အချိန်ပေးသေးတယ်။

ကျုပ် ကိုယ်တိုင် လူခေါ်ပြီး သူ့အိမ်အထိ လိုက်စောင့်ကြည့်ခဲ့တယ်။ သူ့ရဲ့ မိန်းမကြီးကို အဖေ မမြင်ဖူးလို့ပါ။ တကယ်ကိုပဲ ထမင်းစားပျက်လောက်အောင် ရုပ်ဆိုးတာ။

အဖေ ... သူက တကယ်ကို အပြစ်ပြောစရာ တစ်ကွက်မှ မရှိဘူး။ လက်အောက်က ကင်းလှည့်တပ်သား တချို့က သူ့အိမ်က လွှင့်ပစ်တဲ့ ထမင်းကြွင်းဟင်းကျန်တွေကိုတောင် မြည်းကြည့်သေးတယ်။ စားပြီးသွားတော့ အကုန်လုံးက ရွံစရာကြီးလို့ ပြောကြတယ်။

အဲဒါကိုတောင် မုန်ဝေ့မင်က နေ့တိုင်း စားနိုင်သေးတယ် ... သူက တကယ်ပဲ သူတော်စင် ဖြစ်နေမလား မသိဘူး။"

All Chapters