← Chapters

အခန်း ၆၀၁

Vol. 33 Ch. 601

အခန်း ၆၀၁

Vol. 33 Ch. 601

အပိုင်း (၆၀၁) ရန်သူကို စောင့်ဆိုင်းနေသော အစွန်းအဖျားမလွတ်သည့် ပိုက်ကွန်ကြီး။

ကောင်းမှုယူပြီး စွမ်းဆောင်ရည် ပြသရမည့် အခွင့်အရေး ရောက်လာပြီလား။

ရန်ဟွာသည် ခေါင်းမော့လာခဲ့ပြီးနောက် မျက်လုံးထဲတွင် အနည်းငယ် စိတ်လှုပ်ရှားမှုများ ပါဝင်နေသည်။ ပြီးနောက် အတည်ပြုသည့်ဟန်ဖြင့် မေးလိုက်သည်။ "ဖန်အမတ် ... အရှင်ခင်ဗျား ကြီးက တကယ်ပဲ ကျုပ်တို့ကို စမ်းသပ်စစ်ဆေးတော့မှာလား။"

ဖန်ကျန်းရီက လှောင်ပြုံး ပြုံးကာ ပြောလိုက်သည်။ "သေချာပေါက် အစစ်ပေါ့။ ခင်ဗျားတို့ကို ဒီလို လိမ်ညာနေရတာ ဘာအဓိပ္ပာယ် ရှိလို့လဲ။

အခု ကျင်းယီဝေတပ်ဖွဲ့က ပြည်သူတွေ ကြားထဲမှာ နာမည်ကောင်း ရနေတယ်။ ဒါပေမဲ့ သံမဏိထုဖို့ ဆိုတာ ကိုယ်တိုင် မာကျောမှ ရမှာလေ။ တကယ့် အရည်အချင်း အစစ် ရှိမှ ခြေကုပ်ယူနိုင်မှာပေါ့။ စုံစမ်း ထောက်လှမ်းရေး ဌာန နှစ်ခုလုံးက အာဏာရှိကြတယ်။ ကျင်းယီဝေတပ်ဖွဲ့က စဖွင့်ဖွင့်ချင်းမှာပဲ တိုက်ပွဲ ရှုံးသွားရင် နောက်ပိုင်း ဘယ်လို အာဏာမျိုး အကြောင်း သွားပြောလို့ ရတော့မလဲ။ နောက်ပိုင်း အရှင်ခင်ဗျား ကြီးက ခင်ဗျားတို့ကို ဘယ်လိုလုပ်ပြီး အရေးပေးတော့မလဲ။"

ရန်ဟွာသည် လူအများကို ခေါ်ဆောင်ကာ အလျင်အမြန် လက်သီးဆုပ်လိုက်ပြီး ကျယ်လောင်စွာ ပြောလိုက်သည်။ "ဖန်အမတ် စိတ်ချပါ.. ဒီတိုက်ပွဲမှာ သေချာပေါက် နိုင်စေရပါမယ်။"

ဖန်ကျန်းရီက တည်ငြိမ်စွာ ပြောလိုက်၏။ "ခုနက မလာခင်တုန်းက ကျုပ်လည်း ဒီလိုပဲ တွေးခဲ့တာ။ ကျုပ်တို့ ကျင်းယီဝေတပ်ဖွဲ့မှာ အရည်အချင်းရှိတဲ့ လူတွေ အများကြီးပဲ။ အရှေ့ပိုင်းစုံစမ်းထောက်လှမ်းရေးဌာနကို မနိုင်စရာ အကြောင်းမရှိဘူး။

ဒါပေမဲ့ ဒီကို ရောက်လာတော့ စိတ်ပျက်သွားတယ်။ ခင်ဗျားတို့က ရုံးမှာ တာဝန်မထမ်းဆောင်ဘဲ လူစုပြီး အရက်လာသောက်နေကြတယ်။ တပ်သားညံ့ရင် တစ်ယောက်ပဲ ညံ့တာ။ ခေါင်းဆောင်ညံ့ရင် တစ်ဖွဲ့လုံး ညံ့တာပဲ။ ခင်ဗျားတို့လို အောက်ခြေလူတန်းစား တစ်စုက ဘာနဲ့ သွားတိုက်မှာလဲ။"

တပ်မှူး အနည်းငယ်သည် စကားပြောကာ ပြန်လည် ချေပချင်ကြသော်လည်း ဖန်ကျန်းရီသည် လက်တစ်ဖက်ကို ဝှေ့ယမ်းကာ လူအများကို တားဆီးလိုက်ပြီး ဆက်ပြောလိုက်သည်။ "အခု လက်ရှိ တပ်သား တစ်ရာ့ရှစ်ယောက်က ပြည်သူတွေ ကြားထဲမှာ တော်တော်လေး ဩဇာလွှမ်းမိုးမှု ရှိနေတယ်ဆိုတာ ကျုပ်သိတယ်။ အောက်ခြေက လူတွေကလည်း စိတ်မတည်မငြိမ် ဖြစ်နေကြပြီး သူတို့နေရာကို အစားထိုးချင်နေကြတယ်။ ခင်ဗျားတို့ ရင်ထဲမှာလည်း မကျေနပ်ကြဘူးလေ။

ဒါပေမဲ့ ဒီလိုအချိန် ရောက်လာလေ ခင်ဗျားတို့ ပိုပြီး စိတ်ကို တည်ငြိမ်အောင် ထားရလေပဲ။ အထက်လူကြီး တစ်ယောက် အနေနဲ့ လှိုင်းလေ နည်းနည်းလေးနဲ့ ကြုံရတာနဲ့ စိတ်တွေ လှုပ်ရှားနေမယ်ဆိုရင် ဘယ်လိုလုပ်ပြီး ကြီးမားတဲ့ တာဝန်တွေကို ထမ်းဆောင်နိုင်မှာလဲ။ ရန်ဟွာ ... ကျုပ်ပြောတာ မှန်တယ် မဟုတ်ဘူးလား။"

ရန်ဟွာသည် ခေါင်းငုံ့ထားကာ တိုးညှင်းသော အသံဖြင့် ပြောလိုက်၏။ "... ဟုတ်ပါတယ်။"

ဖန်ကျန်းရီသည် သံမဏိ မဖြစ်လာသည့် သံကို ကြည့်ရသကဲ့သို့ စိတ်ပျက်နေသော မျက်နှာဖြင့် ပြောလိုက်သည်။ "ကျုပ်က ပြည်သူတွေရဲ့ ကိစ္စရပ်တွေကို အမြဲတမ်း အလေးထားတယ်။ ဒါပေမဲ့ ကျင်းယီဝေတပ်ဖွဲ့ အတွင်းမှာလည်း မျက်နှာလိုက်လို့ မရဘူးလေ။ တပ်သားက တပ်မှူးခေါင်းပေါ် တက်ခွနေတယ်ဆိုတာ အပြင်ကို သတင်းထွက်သွားရင် တကယ်ကို အခြေအနေ မကောင်းဘူး။ ဒါကြောင့် ကျုပ်က တပ်ခွဲ ခြောက်ခုက တပ်မှူးတွေကို ရွေးပြီး ပြည်သူတွေ ကြားထဲမှာ ထပ်ကြေညာပေးမလို့ စဉ်းစားထားတာ။ နာမည်တောင် ပေးပြီးသွားပြီ။ ခင်ဗျားတို့က ဒီလို အကျင့်စရိုက်မျိုး ရှိနေမယ်လို့ ဘယ်သူက သိမှာလဲ။ တကယ်ပဲ ကျုပ်ကို စိတ်ပျက်စေတယ်။"

တပ်မှူး အနည်းငယ်သည် အံ့အားသင့်စွာဖြင့် ခေါင်းမော့လာကြ၏။

ကျင်းယီဝေ တစ်ရာ့ရှစ်ယောက် ပြီးလျှင် လူသစ် ထပ်ပြီး မြှင့်တင်ပေးဦးမည်လား။ ထို့အပြင် တပ်မှူးများလား။

တပ်ခွဲ ခြောက်ခုတည်းလား။ နန်းတွင်းမှ အဓိက နေရာများနှင့် တချို့ အစွန်အဖျား နေရာများကို ဖယ်လိုက်လျှင် သူတို့ ရှိနေသော တပ်မှူးရုံးများ မဟုတ်ပါလား။

ဤကဲ့သို့သော ကောင်းမွန်သည့် ကိစ္စက သူတို့ခေါင်းပေါ် ကျလာခဲ့ပြီ။

ယခု နာမည်မကြီးသေးသည်ကိုပင် မျက်စပစ်ပြသည့် လူများ ရှိနေ၏။ နောက်ပိုင်း လမ်းဘေးမှ မိန်းကလေးများ ကိုယ်ပေါ် ခုန်တက်လာပေတော့မည်။

အထူးသဖြင့် ရန်ဟွာမှာ လက်အောက်ငယ်သားများ မျက်နှာပန်း လှနေသည်ကို ကြည့်ပြီး အစောကြီးကတည်းက အလွန်အမင်း အားကျနေခဲ့ခြင်း ဖြစ်၏။ ဤသတင်းကို ကြားလိုက်သည်နှင့် ရင်ထဲတွင် မီးတောက်တစ်ခု ချက်ချင်း တောက်လောင်လာခဲ့သည်။

ရန်ဟွာက စိတ်လှုပ်ရှားစွာဖြင့် ကျယ်လောင်စွာ မေးလိုက်၏။ "ဖန်အမတ် ပြောတာ တကယ်လား။"

ဖန်ကျန်းရီ၏ အသံသည် နတ်ဆိုးတစ်ပါး၏ တီးတိုးပြောသံနှင့် အလွန် ဆင်တူနေသည်။ "သေချာပေါက် အစစ်ပေါ့။ ကျင်းယီဝေ ကြယ်ပွင့်ကတ်ပြားတောင် ကျုပ်လုပ်ပြီးသွားပြီ။ ခင်ဗျား တို့အတွက် ပြင်ဆင်ထားတာက ပုံဆောင်ခဲ ကတ်ပြားတွေတောင် ဖြစ်သေးတယ်။ ခင်ဗျားတို့ စဉ်းစားကြည့်လေ။ ဈေးကွက်ထဲ ရောက်သွားရင် ဘယ်နှစ်ယောက်ကများ သိမ်းထားချင်ကြမလဲ။

အရှေ့ပိုင်းစုံစမ်းထောက်လှမ်းရေးဌာနကို နိုင်သွားဖို့ပဲ လိုတယ်။ အဲဒီအချိန်ကျရင် အပြင်ပန်းရော ၊ အတွင်းပန်းရော အကုန်လုံး ရသွားမှာပဲ။"

ပုံဆောင်ခဲ ကတ်ပြားလား။

ယခု ဈေးကွက်ထဲတွင် မထွက်သေးသော ရွှေကတ်ပြားပင်လျှင် တစ်ကတ်ကို ငွေတုံး ငါးရာအထိ ဈေးတက်နေ၏။ ပုံဆောင်ခဲ ကတ်ပြားဆိုလျှင် ကောင်းကင်ပေါ် ရောက်မသွားဘူးလား။

အပေါ်တွင် ကိုယ့်မျက်နှာကိုပါ ပန်းချီဆွဲထားသေးသည် ဆိုတော့ သွယ်ဝိုက်သော နည်းလမ်းဖြင့် သမိုင်းတွင် နာမည် ကျန်ရစ်ခဲ့သည်နှင့် အတူတူပင် မဟုတ်ပါလား။

တပ်မှူး အနည်းငယ်၏ အသက်ရှူသံများသည် စတင် လေးလံလာခဲ့သည်။ ငယ်စဉ်တည်းက ကြီးလာသည်အထိ မည်သို့သော သူရဲကောင်းဆန်တဲ့ လုပ်ရပ်တွေ လုပ်ခဲ့ဖူးသနည်း၊ ကတ်ပြား အနောက်ဘက်မှာ ဘာတွေ ရေးလို့ ရမည်နည်း ဆိုသည်တွေကိုတောင် စတင် စိတ်ကူးယဉ်လာကြ၏။

ခဏလောက် တွေးကြည့်ပြီးနောက် အနည်းငယ် ဝမ်းနည်းစရာ ကောင်းသည်ဟု ခံစားလိုက်ရသည်။ ရေးစရာ ကိစ္စ ဘာမှ မရှိသလိုပင်။

အကျိုးသက်ရောက်မှု ရှိသွားခဲ့ပြီ ... နာမည်နှင့် အကျိုးအမြတ်က လူများ၏ စိတ်ကို လှုပ်ရှားစေသည်ပင်။ အကြိမ်တစ်ရာ စမ်းသပ်လျှင် အကြိမ်တစ်ရာလုံး အောင်မြင်သည်။

ဖန်ကျန်းရီသည် ထိုအခြေအနေကို မြင်လိုက်ရသဖြင့် မတ်တပ်ထရပ်ကာ လက်ကို နောက်ပစ်၍ လူအနည်းငယ်၏ ဘေးသို့ လျှောက်သွားပြီး ဖြည်းညင်းစွာ မေးလိုက်၏။ "ခင်ဗျားတို့ အနည်းငယ်က တာဝန်ယူနိုင်ပါ့မလား။"

ရန်ဟွာသည် တုံ့ပြန်မှု အမြန်ဆုံး ဖြစ်ပြီး ကျယ်လောင်စွာ ပြောလိုက်သည်။ "ဖန်အမတ်ရဲ့ မြှင့်တင်ပေးမှုအတွက် ကျေးဇူးတင်ပါတယ်။ ကျုပ်က ခွေးတစ်ကောင်၊ မြင်းတစ်ကောင်လို အလုပ်အကျွေးပြုဖို့ ဆန္ဒရှိပါတယ်။"

ကျန်ရှိသော လူအနည်းငယ်သည်လည်း အတုယူကာ အလျင်အမြန် အော်ဟစ်လိုက်ကြ၏။

ဖန်ကျန်းရီသည် ခေါင်းမော့ကာ မေးစေ့ကို ပွတ်သပ်လိုက်ပြီး အနည်းငယ် ဂုဏ်ယူနေမိသည်။

စုတ်ပြတ်နေသော ကတ်ပြားလေး တစ်ကတ်ကို ပန်းပွင့်ထွက်လာအောင် ကစားနိုင်ခဲ့၏။ ခေတ်သစ်သို့ ပြန်ရောက်လျှင် အရောင်းဒါရိုက်တာ လုပ်ရန် မခက်ခဲလောက်ချေ။

ခေါင်းငုံ့၍ လူအနည်းငယ်ကို ကြည့်လိုက်ရာ ရန်ဟွာနှင့် အခြားသူများသည် မိမိအား စိတ်အားထက်သန်သော အကြည့်များဖြင့် စိုက်ကြည့်နေကြသည်ကို မြင်လိုက်ရသဖြင့် ဖန်ကျန်းရီသည် အေးစက်သော အပြုံးတစ်ခုကို ပြသပြီး ပြောလိုက်သည်။ "ကျုပ်ကြည့်ရသလောက်တော့ ... ခင်ဗျားတို့ နည်းနည်း လိုသေးတယ်။ ဒီအထဲမှာ ရန်ဟွာ တစ်ယောက်ပဲ တိုးတက်ချင်စိတ် ရှိတယ်လို့ သတ်မှတ်လို့ ရမယ်။

ငြိမ်ငြိမ်လေးနေပြီး ဘဝကို ခံစားမယ်။ အဲဒါက ခင်ဗျား တို့ လုပ်ရမယ့် အလုပ်လား။

အထက်လူကြီး တစ်ယောက် အနေနဲ့ မြေကြီးပေါ် ခြေချပြီး အလုပ်လုပ်ရမယ်။ သက်သောင့်သက်သာ ရှိတာကို စွန့်လွှတ်ပြီး ကြိုးကြိုးစားစား ရုန်းကန်ရမယ်။ အစိုးရ အသိုင်းအဝိုင်းက မကောင်းတဲ့ အကျင့်စရိုက်တွေကို ရှင်းလင်းပစ်ပြီး ပြည်သူတွေရဲ့ အခက်အခဲတွေကို ဖြေရှင်းပေးရမယ်။ ခင်ဗျားတို့က ပြဿနာကို မကြောက်ရုံတင် မကဘူး၊ ကိုယ့်ဘာသာ ပြဿနာ ရှာဖို့တောင် နည်းလမ်းမျိုးစုံ စဉ်းစားရမယ်။

ဒီလောက် ရိုးရှင်းတဲ့ တောင်းဆိုချက်လေးကိုတောင် မလုပ်နိုင်ဘူးဆိုရင် ကျုပ်က ဘယ်လိုလုပ် ခင်ဗျား တို့ကို အရေးပေးရဲတော့မလဲ။ ဒါကြောင့် ... နောက်ဆက်တွဲ ခင်ဗျားတို့ရဲ့ စွမ်းဆောင်ရည်ကို ကြည့်ရဦးမယ်။ ခင်ဗျားတို့ လုပ်နိုင်မလား။"

အပျင်းတစ်များသည် အရင်ဆုံး တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပြီး နောက်ဆုံးတွင် အားယူကာ ပြိုင်တူ ကျယ်လောင်စွာ အော်ဟစ်လိုက်ကြသည်။ "လုပ်နိုင်ပါတယ်။"

ဖန်ကျန်းရီက ပြောလိုက်၏။ "ကောင်းပြီ။ ဒါဆိုလည်း ကျုပ်က ခင်ဗျားတို့ရဲ့ စွမ်းဆောင်ရည်ကို စောင့်မျှော်နေမယ်။ ဒီနေ့ကစပြီး အထက်ကနေ အောက်ခြေအထိ ငြိမ်ငြိမ်လေးနေပြီး ပျင်းရိရဲတဲ့သူ ရှိရင် ကျုပ်ကို ရက်စက်တယ်လို့ အပြစ်မတင်နဲ့။ အကုန်လုံး ပြန်ပြီး သေချာ ပြင်ဆင်ထားကြ။ သွားတော့မယ်။"

ပြောပြီးသည်နှင့် ဖန်ကျန်းရီသည် ခြေလှမ်းစတင်ကာ ထွက်ခွာသွားသည်။

ရန်ဟွာသည် မူလက နာမည်ကြီးတော့မည့် ဝမ်းသာမှုထဲတွင် နစ်မြောနေဆဲ ဖြစ်ပြီး ဖန်ကျန်းရီ လှည့်ထွက်သွားသည်ကို မြင်လိုက်ရသဖြင့် အလျင်စလို မေးလိုက်၏။ "ဖန်အမတ် ... ကျုပ်မှာ မေးစရာ နောက်တစ်ခု ရှိပါသေးတယ်။ အဲဒီ တပ်သား တစ်ရာ့ရှစ်ယောက်ကို စုစည်းထားတဲ့ နာမည်က ကောင်းကင်နဲ့ မြေကြီး စွမ်းအားရှင်တွေလို့ ခေါ်တယ်။ ဒါဆို တပ်မှူးတွေရဲ့ အဖွဲ့အစည်း နာမည်ကို ဘယ်လို ခေါ်မလဲ။"

ဖန်ကျန်းရီက ပြန်ဖြေလိုက်သည်။ "ကြယ်ပျံဥယျာဉ်။"

"ဟင်။"

ဖန်ကျန်းရီသည် အနောက်သို့ လုံးဝ လှည့်မကြည့်ဘဲ လမ်းလျှောက်ရင်း ပြောသွားခဲ့၏။ ထိုနေရာတွင် ကြောင်အမ်းအမ်း ဖြစ်နေသော တပ်မှူးများသာ ကျန်ရစ်ခဲ့၏။

တောက်ယွမ်ခရိုင်၏ အလုပ်လုပ်ဆောင်မှု အမြန်နှုန်းသည် အမြဲတမ်း အလွန် မြင့်မားလှသည်။

ငါးရက်အတွင်း တောက်ယွမ်ခရိုင်မှ လူများနှင့် ကျင်းယီဝေတပ်ဖွဲ့တို့ ပူးပေါင်း လုပ်ဆောင်မှုများမှ တစ်ဆင့် … အကြမ်းဖျင်း ကျင်းယီဝေ ပရိသတ် အဖွဲ့အစည်းများကို လျင်မြန်စွာ ဖွဲ့စည်းနိုင်ခဲ့ပြီး ပရိသတ်အဖွဲ့တိုင်းတွင် တောက်ယွမ်ခရိုင်မှ လူများကို ခေါင်းဆောင်အဖြစ် ထည့်သွင်းထားခဲ့၏။

ကျင်းယီဝေ ကြယ်ပွင့်များ၏ နေရာကို ခိုင်မာအောင် ကူညီပေးခြင်းအပြင် အားလပ်ချိန်များတွင် ရိုးရှင်းသော လက်ဖက်ရည်ဝိုင်းများ၊ ကတ်ပြား အလဲအလှယ် လုပ်သည့် လှုပ်ရှားမှုများကို တာဝန်ယူ စီစဉ်ပေးရပြီး အဖွဲ့ဝင်သစ်များကိုလည်း ခေါ်ယူရသည်။

ပရိသတ်အဖွဲ့သို့ ဝင်ရောက်ရုံဖြင့် ကျင်းယီဝေ ဆက်စပ်ပစ္စည်းများကို ပုံမှန် အခမဲ့ မဲဖောက်ခွင့် ရရှိမည် ဖြစ်ပြီး ... တွေ့ဆုံပွဲများလည်း ရှိသေး၏။

အဓိက အဖွဲ့ဝင်များသည် ဆုကြေးငွေအချို့နှင့် ကျင်းယီဝေ တပ်စခန်းသို့ လာရောက် လေ့လာခွင့် လက်မှတ်များကိုပါ ရရှိရန် အခွင့်အရေး ရှိသည်။

ကြယ်ပွင့် အကျိုးသက်ရောက်မှုမှ ယူဆောင်လာသော အင်အားသည် အလွန် ကြီးမားလှသည်။ အထူးသဖြင့် ဖျော်ဖြေရေး လုပ်ငန်းများ ရှားပါးလှသော ဤခေတ်ကြီးတွင် ဖြစ်၏။

အဆုံးသတ် တိုက်ကွက် ထွက်ပေါ်လာသည်နှင့် ဖြတ်သန်းသွားသော နေရာတိုင်းတွင် မည်သူကမှ မတားဆီးနိုင်တော့ချေ။ မရေမတွက်နိုင်သော ရူးသွပ်နေသည့် ပြည်သူများ၊ အမျိုးသမီးငယ်များ၊ သက်ကြီးရွယ်အို အမျိုးသမီးများ၊ ပုန်းကွယ်နေသော လိင်တူချစ်သူများသည် ကျရှုံးသွားကြသည်။

ရပ်ကွက် တစ်ရာ့ရှစ်ခုလုံး အပြည့်အဝ မဖြန့်ကျက်နိုင်သေးသော်လည်း နေ့စဉ်နေ့တိုင်း အလွန် မြန်ဆန်သော အမြန်နှုန်းဖြင့် တိုးတက်နေ၏။

တစ်ချိန်တည်းမှာပင် ခေါင်းဆောင်တိုင်းသည် အရှေ့ပိုင်းစုံစမ်းထောက်လှမ်းရေးဌာနမှ ရုတ်တရက် ဝင်ရောက် တိုက်ခိုက်လာနိုင်သည့် သတင်းကို လက်ခံရရှိထားပြီး ဖြစ်သည်။

သတင်းကို ပရိသတ်အဖွဲ့၏ အဓိက အဖွဲ့ဝင်များထံသို့ ထပ်ဆင့် အကြောင်းကြားထားပြီး ဝီစီကဲ့သို့သော အရေးပေါ် အကြောင်းကြားရေး ကိရိယာများကိုလည်း ဖြန့်ဝေပေးထား၏။

မြို့တော်အတွင်း ကြီးမားသော လူစုလူဝေး သို့မဟုတ် ထူးခြားသော လှုပ်ရှားမှုများ ဖြစ်ပေါ်လာပါက အနီးဆုံး တပ်စခန်းအတွင်းသို့ သတင်းပို့ကြမည်။

လက်သီးလက်မောင်း တန်းကာ စောင့်ဆိုင်းနေကြသော မရေမတွက်နိုင်သည့် ကျင်းယီဝေ၏ အဓိက ပရိသတ်များ ရှိနေပြီ ဖြစ်သည်။

သတင်းသည် အရေးကြီးပြီး မှန်ကန်ကြောင်း အတည်ပြုနိုင်ပါက ကျင်းယီဝေ ကြယ်ပွင့်ကတ်ပြား၊ ငွေသား ဆုကြေးငွေနှင့် မိမိကြိုက်နှစ်သက်သော ကျင်းယီဝေကို သီးသန့် တွေ့ဆုံခွင့် အခွင့်အရေးတို့ကို ရရှိနိုင်မည် ဖြစ်၏။

စိတ်အားထက်သန်သော ပြည်သူများဖြင့် ဖွဲ့စည်းထားသည့် အစွန်းအဖျားမလွတ်သော ပိုက်ကွန်ကြီး တစ်ခုသည် မြို့တော် တစ်ခုလုံးတွင် တိတ်တဆိတ် ဖြန့်ကျက်ထားပြီး ဖြစ်သည်။

All Chapters