← Chapters

အခန်း ၆၀၈

Vol. 33 Ch. 608

အခန်း ၆၀၈

Vol. 33 Ch. 608

အပိုင်း (၆၀၈) ကံဆိုးလှသော သူရဲကောင်း။

"ပြောစမ်းပါအုံး... ဖုန်းဝူတပ်ဖွဲ့က တပ်သားကောင်း ငါးရာနဲ့ တုန်းချန်အဖွဲ့က မိန်းမစိုး တစ်ရာကို မင်းတို့ ဘယ်လိုများ လွယ်လွယ်ကူကူ ဖမ်းချုပ်နိုင်ခဲ့တာလဲ။" ကျင်းဘုရင်မင်းမြတ် က မျက်နှာထား တည်တင်းစွာဖြင့် မေးလိုက်သည်။

မုန်ဝေ့မင်သည် ကျင်းဘုရင်မင်းမြတ်၏ အနားတွင် နာခံစွာ ရပ်နေပြီး ကော်ထျန်းယန်ကတော့ သူ့ကို မျက်စောင်းထိုးကာ ကြည့်နေ၏။

တပ်တော်က အကူအညီ ခေါ်တာက ထားလိုက်တော့... ဖုန်းဝူတပ်ဖွဲ့က အတော်ဆုံး တပ်သားတွေကိုတောင် ခေါ်လာရသလား။

ဖန်ကျန်းရီက လီယွမ်ကျောက်ကို အရင်ဆုံး တစ်ချက် ကြည့်လိုက်ရာ သူက ခေါင်းမာမာဖြင့် မျက်နှာလွှဲသွားပြီး ဘာမှ မပြောချင်သည့် ပုံစံပေါက်နေသည်။ ထို့ကြောင့် ခေါင်းညိတ်ကာ လျှောက်တင်လိုက်သည်။ "အရှင်မင်းကြီးကို လျှောက်တင်ပါတယ်။ ဒီနေ့ ကြီးမားတဲ့ အောင်ပွဲရခဲ့တာက မြို့တော်က ပြည်သူတွေရဲ့ ကူညီမှုကြောင့်ပါ။

တုန်းချန်အဖွဲ့က အကူအညီ ခေါ်လာတဲ့ ဖုန်းဝူတပ်ဖွဲ့က စစ်သည်တွေ မြို့ထဲကို ဝင်လာတာနဲ့ ပြည်သူတွေက တွေ့သွားပြီး ကျင်းယီဝေတပ်ဖွဲ့ကို သတင်းပို့ကြတယ်။ ဒါကြောင့် ကျွန်တော်မျိုးတို့က ကြိုတင် သတိထားမိ သွားတာပါ။

ညဘက်ရောက်တော့လည်း ပြည်သူတွေက ကျင်းယီဝေတပ်ဖွဲ့ရဲ့ ခရာသံကို ကြားတာနဲ့ ကျင်းယီဝေတပ်ဖွဲ့ကို ကာကွယ်ဖို့ ကိုယ်တိုင် ထွက်လာကြတာပါ။ အရှင်မင်းကြီး... သူတို့က လမ်းသွားလမ်းလာတွေ သတ်သတ်ပါပဲ။ ကိုယ့်သဘောဆန္ဒအရ ရောက်လာကြတာပါ။

ဒီလိုဆိုတော့ တိုက်ပွဲလည်း မဖြစ်တော့ဘူးလေ။ သူတို့က နာခံစွာနဲ့ လက်နက်ချ အဖမ်းခံကြတယ်။ အဲဒါနဲ့ ကျွန်တော်မျိုးလည်း အောင်ပွဲရပြီလို့ ကြေညာလိုက်တာပါ။"

ကျင်းဘုရင်မင်းမြတ်၏ မျက်လုံးများက ကြောင်အမ်းအမ်းဖြစ်နေပြီး မယုံနိုင်စွာဖြင့် မေးလိုက်သည်။ "ပြည်သူတွေက ကျင်းယီဝေတပ်ဖွဲ့ကို ကာကွယ်တယ် ဟုတ်လား။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။"

ယခု သူ၏ စိတ်ထဲတွင် အံ့အားသင့်မှုများသာ ပြည့်နှက်နေသည်။ ဤကိစ္စသည် အလွန်တရာ ကြားရခဲသော ကိစ္စဖြစ်သည်။ ရှေးခေတ်မှစ၍ အစိုးရ၏ အကြမ်းဖက် နှိမ်နင်းရေး အဖွဲ့အစည်းများသည် များသောအားဖြင့် နာမည်ဆိုးဖြင့် ကျော်ကြားလေ့ရှိသည်။ ပြည်သူများက မဆဲဆိုလျှင်ပင် ကံကောင်းလှပြီ ဖြစ်သည်။ ကိုယ်တိုင် ထွက်လာပြီး ကာကွယ်ပေးသည်ဆိုသော ကိစ္စမှာ စိတ်ကူးယဉ်ရန်ပင် ခက်ခဲလှ၏။

ဖန်ကျန်းရီက ပြန်ဖြေလိုက်သည်။ "ဟုတ်ပါတယ် အရှင်မင်းကြီး။ ကျင်းယီဝေတပ်ဖွဲ့ကို စတင် တည်ထောင်တည်းက တရားမျှတမှုကို ထိန်းသိမ်းဖို့နဲ့ မတရားမှုတွေကို နှိမ်နင်းဖို့ ရည်ရွယ်ခဲ့တာပါ။ အရှင်မင်းကြီး ပေးအပ်ထားတဲ့ အမှုအခင်းတွေကို စစ်ဆေးရုံတင်မကဘဲ အရပ်ဘက်က အကျင့်ပျက် ခြစားတဲ့ အရာရှိတွေရဲ့ ဖိနှိပ်မှုတွေကိုလည်း ဖြေရှင်းပေးပါတယ်။

အစိုးရရုံးတွေက မလုပ်တဲ့ အလုပ်တွေကို ကျင်းယီဝေတပ်ဖွဲ့က ကိုယ်တိုင် ဝင်လုပ်ပါတယ်။ အားနည်းတဲ့ သူတွေကို ကူညီဖို့ အဖွဲ့လိုက် အပြင်ထွက်ပြီးတောင် ကူညီပေးပါသေးတယ်။ အချိန်ကြာလာတော့... တစ်နိုင်ငံလုံး က ပြည်သူတွေက အရှင်မင်းကြီးရဲ့ ကျေးဇူးတော်ကို အောက်မေ့ကြပါတယ်။

နောက်ပြီး ပရိသတ်အဖွဲ့ဆိုတာတောင် ဖွဲ့ထားပါသေးတယ်။ နေ့တိုင်း အလုပ်အားလို့ ထမင်းစားပြီးရင် ကျင်းယီဝေ တပ်ဖွဲ့မှာ ဖြစ်ပျက်နေတဲ့ စိတ်ဝင်စားစရာ ကိစ္စတွေကို ပြောပြကြတယ်။ ပြည်သူ တော်တော်များများက တိတ်တဆိတ် ချီးကျူးနေကြတာကို ကျွန်တော်မျိုး ကြားရပါတယ်။ ဒီနှစ်ပိုင်းတွေမှာ တိုင်းပြည်က တိုးတက်လာပြီး ဘဝတွေကလည်း တစ်နေ့ထက်တစ်နေ့ ပိုကောင်းလာတယ်။ တတ်နိုင်ရင် ကလေးတွေ အများကြီး ထပ်မွေးမယ်လို့တောင် ပြောကြသေးတယ်။"

ဟမ်။

ကျင်းဘုရင်မင်းမြတ်သည် မေးစေ့ကို ပွတ်သပ်ရင်း နှုတ်ခမ်းထောင့်များက အလိုအလျောက် ကော့တက် လာသည်။ ထို့နောက် သူက ဆက်မေးလိုက်၏။ "ဒါဆို စောစောက ကိုယ်တော် လာတုန်းက မြင်ကွင်းကရော ဘယ်လိုဖြစ်တာလဲ။"

"အို... ဒီတိုက်ပွဲက အရမ်း လွယ်လွယ်ကူကူ နိုင်သွားတော့ အပြင်က လူတွေက ကျင်းယီဝေတပ်ဖွဲ့ကို အပြင်ပန်းပဲ ကောင်းပြီး အတွင်းမှာ အသုံးမကျဘူးလို့ ထင်သွားမှာစိုးလို့ အရှင်မင်းကြီးရဲ့ ဂုဏ်သိက္ခာ ကျဆင်းသွားမှာကို စိုးရိမ်လို့ပါ။ ဒါကြောင့် ပြည်သူတွေ ရှေ့မှာ ကိုယ်ခံပညာတွေ ပြသပြီး စွမ်းရည်ကို ထုတ်ပြခဲ့တာပါ။

နောက်တစ်ချက်ကတော့ ဒီပြည်သူတွေက ညသန်းခေါင်ကြီး ရောက်လာကြတာ... သူတို့ရဲ့ စိတ်အားထက်သန်မှုတွေပါ။ ကျင်းယီဝေတပ်ဖွဲ့ကလည်း တစ်ခုခုတော့ ပြန်လုပ်ပေးသင့်တယ်လို့ ထင်ပါတယ်။ လူတော်တော်များများ က မုန်ဝေ့မင်ကို တွေ့ချင်နေကြတာပါ။"

ဖန်ကျန်းရီက ဆက်ပြောသည်။ "ခွေးခြေခုံတွေနဲ့ မုန့်တွေကတော့ ကျွန်တော်မျိုးက သူတို့ကို အိမ်ပြန်ပြီး ယူခိုင်းလိုက်တာပါ။"

ကျင်းဘုရင်မင်းမြတ်က မုန်ဝေ့မင်ကို တစ်ချက်ကြည့်လိုက်ပြီး ပြုံးကာ ခေါင်းညိတ်လိုက်သည်။ ထို့နောက် ထပ်မေးလိုက်၏။ "တံခါးဝမှာ ဒဏ်ရာရနေတဲ့ တုန်းချန်အဖွဲ့သားတွေကရော ဘယ်လိုဖြစ်တာလဲ။"

"ကျွန်တော်မျိုးက ရင်ဘတ်ပေါ် ကျောက်ခဲတင်ပြီး ခွဲပြတဲ့ ပြကွက် လုပ်ခိုင်းတာပါ။ အပြင်က အကူအညီ နည်းနည်း ခေါ်လိုက်တာပါ။"

"လမ်းပေါ်မှာ သိုင်းပညာပြကွက်တွေ လုပ်ပြတာက ဘယ်လို အချိုးမျိုးလဲ။ မင်းက ဘာလို့ ကျင်းယီဝေ တပ်သားတွေကို မလုပ်ခိုင်းတာလဲ။" ကျင်းဘုရင်မင်းမြတ် က နားမလည်နိုင်စွာ မေးလိုက်သည်။

"အဟမ်း... ကျင်းယီဝေ တပ်သားတွေက သန့်ရှင်းရေးကို ကြိုက်တော့ ဖုန်ပေမှာ ကြောက်လို့ပါ။ ကျွန်တော်မျိုးက သူတို့ရဲ့ ပုံပန်းသွင်ပြင်ကို ထိန်းသိမ်းဖို့အတွက် တစ်ယောက်ကို ယူနီဖောင်း နှစ်စုံစီ ပေးထားပါတယ်။ ညစ်ပတ်နေရင် လမ်းပေါ် မထွက်ရဘူး။ ပြီးတော့ နေ့တိုင်း အနည်းဆုံး တစ်ခါ ရေချိုးရမယ်။"

ဤစကားမှာ အမှန်ပင်ဖြစ်သည်။ ဖန်ကျန်းရီသည် အနည်းငယ်မျှပင် ရှက်ရွံ့ခြင်း မရှိပေ။ ကျင်းယီဝေတပ်ဖွဲ့၏ ပုံပန်းသွင်ပြင်ကို ထိန်းသိမ်းရန် သူက အလွန်အမင်း ကြိုးစားအားထုတ်ခဲ့ရ၏။

ကျင်းဘုရင်မင်းမြတ်က ဖန်ကျန်းရီကို အဓိပ္ပာယ်ပါပါ ကြည့်ပြီး ပြောလိုက်သည်။ "ဒီလို အခြေအနေမျိုး ဖြစ်လာမယ်လို့ ကိုယ်တော် တကယ် မထင်ထားခဲ့ဘူး။ ဒီလိုဆိုတော့ အချိန်တိုအတွင်းမှာ ပြည်သူတွေ အားလုံးက ကျင်းယီဝေရဲ့ လျှို့ဝှက်ကင်းသမားတွေ ဖြစ်သွားပြီပေါ့။"

ဖန်ကျန်းရီက ဖြေလိုက်၏။ "အရှင်မင်းကြီး အလေးအနက်ထားလွန်းပါပြီ။ လျှို့ဝှက်ကင်းသမားလို့တော့ မဆိုနိုင်ပါဘူး။ သူတို့က စိတ်အားထက်သန်တဲ့ ပြည်သူတွေသတ်သတ်ပါ။ သတင်းအချက်အလက်တွေကိုပဲ စုံစမ်းပေးတာပါ။ တကယ် အလုပ်လုပ်ရမှာကတော့ ကျင်းယီဝေတပ်ဖွဲ့ပါ။

စဉ်းစားကြည့်ပါ အရှင်မင်းကြီး... အကယ်လို့ မြို့တော်ထဲမှာ လျှို့ဝှက်ကင်းသမားတွေ အပြည့်ရှိနေရင် ရုံးတော်က အရာရှိတွေ ဘယ်သူက စကားအမှန် ပြောရဲတော့မှာလဲ။ ဒီလို မြင်ကွင်းမျိုးကို အရှင်မင်းကြီးလည်း မြင်ချင်မှာ မဟုတ်ပါဘူး။"

ကျင်းဘုရင်မင်းမြတ် က ပြောလိုက်သည်။ "မှန်တယ်။ ဒါကြောင့် မင်းက ပြည်သူတွေကို အမြန် စုစည်းနိုင်ဖို့ မုန်ဝေ့မင်လို လူတော်လူကောင်းကို အားကိုးခဲ့တာပေါ့။ ကြားဖူးတာထက် မြင်ဖူးတာက ပိုကောင်းတယ် ဆိုတဲ့အတိုင်း ဒီနေ့ မုန်ဝေ့မင်ကို တွေ့လိုက်ရတာ တကယ်ကို နာမည်နဲ့ လိုက်ဖက်ပါတယ်။ ဒီလို လူတော် လူကောင်းမျိုး … နောက်ထပ် ၁၀၇ ယောက်ကရော မင်းလက်ထဲ ဘယ်လို ရောက်လာတာလဲ ဆိုတာကို ကိုယ်တော် အမြဲတမ်း သိချင်နေခဲ့တာ။"

ထောင့်တစ်နေရာတွင် ကြောက်လန့်တကြား ပုန်းနေသော လီယွမ်ကျောက်သည် ထိုစကားကို ကြားသောအခါ မျက်နှာပေါ်တွင် ပြုံးစစ ဖြစ်သွားပြီး ဖန်ကျန်းရီကို ခိုးကြည့်လိုက်၏။

ဖန်ကျန်းရီမှာ အနည်းငယ် အနေရခက်သွားသည်။ မူလကတော့ ကျင်းဘုရင်မင်းမြတ် ကို အမှန်အတိုင်း ပြောပြရန် ရည်ရွယ်ထားသော်လည်း ကျင်းဘုရင်မင်းမြတ်က မုန်ဝေ့မင်ကို နှစ်ခါလောက် ကြည့်ရုံဖြင့် သူရဲကောင်းဟု အတိအကျ သတ်မှတ်လိမ့်မည်ဟု မထင်ထားခဲ့ပေ။ အကယ်၍ အခု ပြောပြလိုက်လျှင် ခေါင်းဆောင် ကို ပါးရိုက်သလို ဖြစ်သွားမည် မဟုတ်ပါလား။

မုန်ဝေ့မင်က အခြေအနေ ဆိုးရွားနေသည်။

ကော်ထျန်းယန်၏ စူးစမ်းသော အကြည့်များအောက်တွင် ကျင်းဘုရင်မင်းမြတ်၏ ဘေး၌ ရပ်ကာ တစ်ကိုယ်လုံး တုန်ယင်နေသည်။

"အင်း... အမတ်ဖန်... ဘာလို့ စကားမပြောတာလဲ။"

"အာ... ကျွန်တော်မျိုး ရှက်မိပါတယ်။" ဖန်ကျန်းရီက အော်ဟစ်လိုက်ပြီး ကပျာကယာ ခေါင်းငုံ့လိုက်၏။

ကျင်းဘုရင်မင်းမြတ်၏ မျက်ခုံးများကြားတွင် နားမလည်နိုင်မှုများ ပေါ်လာပြီး မေးလိုက်သည်။ "ဘာအဓိပ္ပာယ်လဲ။"

"ဒါ... မုန်ဝေ့မင်က သူရဲကောင်း ဘာညာ မဟုတ်ပါဘူး။ တကယ်တော့ ကျွန်တော်မျိုးက လူဆိုးလေးတွေကို ရှာပြီး သင်တန်းပေးပြီးမှ အလုပ်ခန့်ထားတာပါ။ အဲဒါတွေ အားလုံးက ဟန်ဆောင်ထားတာပါ။"

"ဘာ။" ကျင်းဘုရင်မင်းမြတ်သည် ချက်ချင်း မတ်တပ်ရပ်ပြီး မုန်ဝေ့မင်ကို စိုက်ကြည့်လိုက်သည်။

ဒီကောင်ကို ကြည့်ရတာ ဘယ်နေရာကများ လူဆိုးလေးနဲ့ တူနေလို့လဲ။ ဖြူစင်တဲ့ မျက်နှာ၊ ဓားလို ထက်မြက်တဲ့ မျက်ခုံးနဲ့ ကြည်လင်တဲ့ မျက်လုံးတွေ၊ ခန့်ညားတဲ့ ရုပ်ရည်... သူ့ကို မင်းမျိုးမင်းနွယ်လို့ ပြောရင်တောင် လုံးဝ မမှားနိုင်ဘူး။

ကျင်းဘုရင်မင်းမြတ် သည် မိမိ၏ အမြင် စော်ကားခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး မျက်နှာမှာ ပို၍ နီရဲလာသည်။ မုန်ဝေ့မင်သည် ကျင်းဘုရင်မင်းမြတ်၏ စိုက်ကြည့်မှုအောက်တွင် ပို၍ အနေရခက်လာပြီး ခြေထောက်နှစ်ချောင်း တုန်ယင်ကာ ဒူးထောက်ကျသွားသည်။ တစ်ကိုယ်လုံး ကွေးကွေးလေးဖြစ်ကာ တုန်ယင်နေ၏။

အခန်းထဲတွင် ကော်ထျန်းယန် တစ်ယောက်သာ အရူးအမူး ဝမ်းသာနေသည်။ သူက မျက်နှာကို တည်တည်ထားသော်လည်း စိတ်ထဲတွင် ရူးသွပ်စွာ အော်ဟစ်နေသည်။

ဘာပြောခဲ့လဲ။ ကျုပ် ဘာပြောခဲ့လဲ။ အရှိန်အဝါ ယူတာလို့ ပြောတယ်လေ။ မုန်ဝေ့မင်က အသုံးမကျတဲ့ကောင်ပါဆို။

"မင်း ငါ့ကို သေချာ ရှင်းပြစမ်း။" မုန်ဝေ့မင်၏ အသုံးမကျသော ပုံစံကို ကြည့်ရင်း ကျင်းဘုရင်မင်းမြတ် ၏ ရင်ထဲတွင် အကြောင်းမဲ့ ဝမ်းနည်းမှုတစ်ခု ပေါ်လာ၏။

ငါ စစ်မြေပြင်မှာ တစ်သက်လုံး နေလာတာတောင် ဒီလို အသုံးမကျတဲ့ကောင်ရဲ့ လှည့်စားတာကို ခံလိုက်ရတာလား။ ဒါ တကယ်ကို အပြင်ပန်းကို ကြည့်ပြီး အကဲဖြတ်မိတာပဲ။

ဖန်ကျန်းရီက လျှောက်တင်လိုက်သည်။ "ဟုတ်ကဲ့ပါ အရှင်မင်းကြီး .. မုန်ဝေ့မင်ရဲ့ နာမည်ရင်းက မုန်ဖူယွီပါ။ အိမ်မှာ အမေအိုကြီး ရှိသေးတယ်။ မိန်းမနဲ့ သမီးတစ်ယောက်လည်း ရှိတယ်။ ကျွန်တော်မျိုးက သူ့ရုပ်လေး သန့်တာကို မြင်တော့ နာမည်ပြောင်းပေးပြီး ကျင်းယီဝေရဲ့ မျက်နှာစာ အဖြစ် သုံးလိုက်တာပါ။ သူ့ကို ပြန်လည် ပုံသွင်းပေးခဲ့တယ်။ သူ့မိသားစုနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်မျိုးက သူ့မိသားစုနဲ့ စာချုပ်ချုပ်ထားတယ်။ မုန်ဝေ့မင်က မိန်းမနဲ့ သမီးကို စွန့်ပစ်ဖို့ ဆုံးဖြတ်ပြီးပါပြီ။"

မိန်းမနဲ့ သမီးကို စွန့်ပစ်တယ်။

ထိုစကားလုံးလေးလုံး ထွက်လာသည်နှင့်တစ်ပြိုင်နက် ကျင်းဘုရင်မင်းမြတ်၏ မျက်လုံးများ ချက်ချင်း ပြူးကျယ်သွား၏။

မြို့တော်မှာ လူတိုင်း ချီးကျူးနေကြတဲ့ သူရဲကောင်းကြီးက ဒီလို လူယုတ်မာကြီးတဲ့လား။

"တကယ့်ကို တိရစ္ဆာန်ပဲ။ မုန်ဝေ့မင်... ကိုယ်တော် မင်းကို မေးမယ်... သူ အခုလေးတင် ပြောသွားတာ အမှန်ပဲလား။"

မုန်ဝေ့မင်က ခေါင်းနှင့် ကြမ်းပြင်ကို ဆောင့်ကာ တုန်ယင်သောအသံဖြင့် ဖြေလိုက်သည်။ "အရှင်မင်းကြီးကို လျှောက်တင်ပါတယ်။ ဟုတ်... ဟုတ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်မျိုး မတရား ခံရတာပါ။ ကျွန်တော်မျိုးက ဒီလို အလုပ်မျိုးကို လုပ်ချင်တာ မဟုတ်ပါဘူး။ ကျွန်တော်မျိုး အိမ်ပြန်ချင်တယ်။ သူတို့က ကျွန်တော်မျိုးကို ပေးမပြန်ဘူး။ နေ့တိုင်း ရိုက်နှက်ပြီး ဝက်စာတွေ ကျွေးတယ်။ ကျွန်တော်မျိုး ကျင်းယီဝေ မလုပ်ချင်တော့ပါဘူး။"

"ဟင်။" ကျင်းဘုရင်မင်းမြတ် ရုတ်တရက် စကားဆွံ့အသွားသည်။ ဤကဲ့သို့သော လူယုတ်မာ၏ လက်ရှိ အောင်မြင်မှုများ နောက်ကွယ်တွင် အဆုံးမဲ့ ညစ်ပတ်မှုများ ရှိနေမည်ဟု မထင်မိခဲ့ပေ။ မုန်သူရဲကောင်း ဖြတ်သန်းနေရသည့် ဘဝက ဤသို့ဆိုတော့ အနည်းငယ်တော့ ခက်ခဲလွန်းလှ၏။

မုန်ဝေ့မင်က အရှင်မင်းမြတ်ကို တိုင်နေသည်အား မြင်သောအခါ ဖန်ကျန်းရီက ဒေါသတကြီး အော်ဟစ်လိုက်သည်။ "မင်း ပါးစပ်ပိတ်ထား။ မင်းကို ရိုက်တာက မင်းရဲ့ အကျင့်စရိုက်တွေကို ပြုပြင်ဖို့၊ မင်းရဲ့ လူဆိုး အကျင့်တွေကို ဖျောက်ဖို့ပဲ။ မင်းလို လူဆိုးလေးက တစ်သက်လုံး သူရဲကောင်း ဟန်ဆောင်နိုင်မယ် ထင်နေလား။ မင်း ကျန်းမာရေး ကောင်းအောင်လို့ နေ့တိုင်း အစားကောင်း အသောက်ကောင်းတွေ ကျွေးထားတာကို။ အဲဒါ စစ်တပ် ဟင်းအိုးကြီးကွ။ အရှင်မင်းကြီး ရှေ့မှာတောင် လိမ်ပြီး ဝက်စာလို့ ပြောရဲသေးတယ်ပေါ့။ ကျေးဇူးကန်းတဲ့ကောင်။"

မုန်ဝေ့မင်က ဝါးခနဲ အသံထွက်ကာ ငိုချလိုက်သည်။ "မဟုတ်ဘူး အရှင်မင်းကြီး။ တကယ် ဝက်စာပါ။ ကျွန်တော်မျိုး မလိမ်ပါဘူး။ အိမ်မှာ ညစာဆိုရင် ကျွန်တော်မျိုးက ဈေးကနေ ကောက်လာတဲ့ ပုပ်သိုးနေတဲ့ ဟင်းသီးဟင်းရွက်တွေကိုပဲ စားရတာ။ အမတ်ဖန်က စားနပ်ရိက္ခာ ချွေတာရမယ်လို့ ပြောလို့... "

All Chapters