← Chapters

အခန်း ၆၀၉

Vol. 33 Ch. 609

အခန်း ၆၀၉

Vol. 33 Ch. 609

အပိုင်း (၆၀၉) စေ့စပ်ကြောင်းလမ်းခြင်း ကိစ္စ ထပ်မံ ပေါ်ပေါက်လာခြင်း။

မခံမရပ်နိုင်ဖြစ်မှုများ ပေါက်ကွဲထွက်လာသည့်အခါ မုန်ဝေ့မင်၏ အချိန်ကြာမြင့်စွာ ဖိနှိပ်ထားသော အပျက် သဘောဆောင်သည့် ခံစားချက်များကို ထပ်မံ၍ ထိန်းချုပ်ထားနိုင်ခြင်း မရှိတော့ပေ။

သူက အော်ဟစ်ငိုယိုကာ လျှောက်တင်လိုက်သည်။ "အရှင်မင်းကြီး... ကျွန်တော်မျိုး မတရားခံရတာပါ။ နေ့တိုင်း မိုးမလင်းခင် ကြက်တွန်တာနဲ့ ထပြီး ဓားရေးကျင့်ရတယ်။ နေ့လယ်ကျရင် ဝက်စာစားရတယ်။ ညအိမ်ပြန်ရောက်တော့လည်း အမတ်ဖန်က ရုပ်ဆိုးတဲ့ မိန်းမကြီး တစ်ယောက်ကို ရှာပေးထားပြီး ညတိုင်း သူ့ကို ပြုစုရတယ်။

ကျွန်တော်မျိုးက လမ်းပေါ်မှာ ပြည့်တန်ဆာရုံကို တစ်ချက်လေး လှမ်းကြည့်မိတာကို... ညရောက်တော့ အဲဒီရုပ်ဆိုးမကြီးက ကျွန်တော်မျိုးကို ခုနစ်ခါတောင် အတင်းအဓမ္မ လုပ်တယ်။ ကျွန်တော်မျိုး လမ်းပေါ်မှာ အိမ်သာသွားရင်တောင် လူမမြင်အောင် ပုန်းသွားရတယ်။ ဘေးနားမှာ လူတွေ အများကြီး ရှိနေတော့ ကျွန်တော်မျိုးက တစ်နေ့လုံး အောင့်ထားရတာ။ နောက်ပြီးတော့... အရှင်မင်းကြီး... ကျွန်တော်မျိုးကို ကယ်ပါအုံး။ ကျွန်တော်မျိုး မနေချင်တော့ဘူး... အိမ်ပြန်ချင်တယ်။"

မုန်ဝေ့မင်သည် ပြောပြီးသည်နှင့် နှုတ်ခမ်းကို တင်းတင်းကိုက်ထားပြီး အလွန်အမင်း မခံမရပ်နိုင်ဖြစ်နေသည့် ပုံစံပေါက်နေသည်။ ငိုယိုကာ ပြောဆိုနေမှုသည် ကြားရသူတိုင်း ရင်နာပြီး မြင်ရသူတိုင်း မျက်ရည်ကျစေ၏။

အခြားသူများ၏ ချီးကျူးလေးစားမှုကို ခံရသည့် နေ့ရက်များသည် ပျော်စရာကောင်းသော်လည်း ဤကဲ့သို့ နာကျင်ပြီး ကြာရှည်စွာ အားထုတ်ရသည့် လုပ်ငန်းစဉ်သည် ခဏတာ ပျော်ရွှင်မှုလေးအတွက်ဆိုလျှင် တကယ်ကို မတန်ပေ။

မုန်ဝေ့မင်သည် လူရှေ့သူရှေ့တွင် ဂုဏ်ယူဝင့်ကြွားနေရသော်လည်း ကွယ်ရာတွင် ဒုက္ခရောက်နေရသည့် အဖြစ်ကို အကောင်းဆုံး သရုပ်ဖော်ပြနေသည်။

ကျင်းဘုရင်မင်းမြတ်ပင်လျှင် အနည်းငယ် မရက်စက်ရဲတော့ဘဲ ဖန်ကျန်းရီကို မေးလိုက်သည်။ "ဒါဆို သူ့မိသားစု က အခု ဘယ်မှာလဲ။"

ဖန်ကျန်းရီက ဖြေလိုက်၏။ "ကျွန်တော်မျိုး လူလွှတ်ပြီး သေချာ စီစဉ်ထားပြီးပါပြီ။ သူ့အမေက နောက်အိမ်ထောင်ပြုသွားပြီ။ မိန်းမက သတင်းစာတိုက်က စားသောက်ဆိုင်မှာ အလုပ်လုပ်နေတယ်။ ဘဝလေးက သာယာနေတာပါပဲ။ အရင်တုန်းက ဒီကောင်က အပြင်မှာ စားသောက်၊ လောင်းကစားလုပ်၊ မိန်းမလိုက်စားပြီး အိမ်ကို ပြန်မလာဘူး။ သူ့အမေက အခု ကျွန်တော်မျိုးကို ဒူးထောက်ပြီးတောင် ကျေးဇူးတင်ချင်နေတာ။

တကယ်တော့ ကျွန်တော်မျိုးလည်း မုန်ဝေ့မင် တစ်နေ့ကျရင် ထိန်းမနိုင် သိမ်းမရ ဖြစ်သွားမှာစိုးလို့ ဒီလိုလုပ်ရတာပါ။ ပြည်သူတွေက သူ့ကို ယုံကြည်ပြီး ချစ်ခင်နေကြတာဆိုတော့ သူသာ မဖြောင့်မတ်တဲ့ အလုပ်တွေ လုပ်မိရင် အမှားကြီး မှားသွားနိုင်တယ်။ တကယ်လို့ အဲဒီလိုနေ့မျိုး ရောက်လာရင်တောင် သူ့မိသားစု ရှိနေပြီး စာချုပ်လည်း ရှိနေတော့ ကျွန်တော်မျိုးက သူ့ကို ချက်ချင်း လမ်းပေါ်မှာ ဂုဏ်သိက္ခာပျက်အောင် လုပ်ပစ်လို့ ရပါတယ်။ ဒီစာချုပ်မှာ သက်သေအထောက်အထားတချို့လည်း ပါပါသေးတယ်။ ဇာတ်တိုက်လေ့ကျင့်မှု ပြီးရင် အရှင်မင်းကြီးဆီကို ပို့ပေးမလို့ ရည်ရွယ်ထားတာပါ။ ဒီနေ့ အရှင်မင်းကြီး ကိုယ်တိုင် ကြွလာမယ်လို့ မထင်ထားဘူး။ တကယ်ကို တိုက်ဆိုင်တာပါပဲ။"

ကျင်းဘုရင်မင်းမြတ်၏ မျက်နှာထား မကောင်းသည်ကို မြင်သောအခါ ဖန်ကျန်းရီက ရယ်ကျဲကျဲဖြင့် ပြောလိုက်သည်။

"မင်းက ဒီထက်ပိုပြီး သင့်တော်တဲ့သူကို မရှာနိုင်ဘူးလား။ မြို့တော်ထဲမှာ လူဒီလောက် အများကြီး ရှိတာကို သူ့ထက် သင့်တော်တဲ့သူ မရှိတော့ဘူးလား။"

"မရှိတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်မျိုးက လူကောင်းတွေကို ဒုက္ခမပေးရက်လို့ပါ။ နောက်ပြီး သူ့ရဲ့ ဖြူစင်တဲ့ မျက်လုံးတွေ၊ ဆွဲဆောင်မှုရှိတဲ့ မျက်နှာသွင်ပြင်မျိုးက ရှာဖို့ သိပ်မလွယ်ဘူးလေ။"

ဖန်ကျန်းရီက အရှက်မရှိ ပြောလိုက်၏။ "တကယ်တော့ ကျွန်တော်မျိုး ကိုယ်တိုင် လုပ်လို့လည်း ရပါတယ်။ ဒါပေမဲ့ အမှားလုပ်မိပြီး အရှင်မင်းကြီးကို မျက်နှာပျက်စေမှာ စိုးလို့ပါ။"

ကျင်းဘုရင်မင်းမြတ်က အားနည်းစွာ လက်ကာပြလိုက်သည်။ "မပြောပါနဲ့တော့။ ကိုယ်တော် ကြားရတာ ရွံတယ်။ ကော်ပန်ပန်... မုန်ဝေ့မင်ကို ခေါ်သွားလိုက်။ သူ့ကို ကိုယ်တော် မမြင်ချင်ဘူး။"

နှပ်ချေးယို မျက်ရည်ကျနေသော မုန်ဝေ့မင်ကို ခေါ်ဆောင်သွားသည်။ အခန်းထဲတွင် ကျင်းဘုရင်မင်းမြတ် ၊ လီယွမ်ကျောက် နှင့် ဖန်ကျန်းရီ သုံးယောက်သာ ကျန်တော့၏။

ကျင်းဘုရင်မင်းမြတ် က အချိန်အတန်ကြာ တိတ်ဆိတ်နေပြီးမှ ပြောလိုက်သည်။ "အမတ်ဖန်... မင်းက ဘာလုပ်လုပ် ငြိမ်ငြိမ်သက်သက် မရှိဘူးပဲ။ ရောက်တဲ့နေရာတိုင်းမှာ ပြဿနာတွေ အကြီးအကျယ် ရှာတာပဲ။ မုန်ဝေ့မင် တစ်ယောက်တည်း မကဘူး၊ နောက်ထပ် ၁၀၇ ယောက်တောင် ရှိသေးတယ်။ သူတို့ရဲ့ ပြည်သူတွေအပေါ် လှုံ့ဆော်နိုင်စွမ်းကို ကြည့်ပြီး နန်းတွင်းက အရာရှိတွေက ဘယ်လို ထင်မလဲဆိုတာ မင်း သိလား။"

ဖန်ကျန်းရီက ပွင့်ပွင့်လင်းလင်းပင် မေးလိုက်၏။ "အရှင်မင်းကြီးက ကျွန်တော်မျိုးကို မယုံလို့လား။"

ကျင်းဘုရင်မင်းမြတ် က ခေါင်းခါပြလိုက်သည်။ "ကိုယ်တော် မင်းကို ယုံပါတယ်။ ဒါပေမဲ့ မင်း ဒီနေ့ လုပ်ခဲ့တဲ့ ကိစ္စက လူတိုင်းရဲ့ စိတ်ကူးထက် ကျော်လွန်နေပြီလေ။ ဆိုးဆိုးရွားရွား ပြောရရင် ဒါက ပြည်သူတွေရဲ့ စိတ်ကို ကစားနေတာပဲ။ ရုံးတော်ဆိုတာ ကိုယ်တော် တစ်ယောက်တည်း ပြောပိုင်ခွင့်ရှိတဲ့ နေရာ မဟုတ်ဘူး။ တုန်းချန်အဖွဲ့ စတည်ထောင်တည်းက မင်းလောက် ဘယ်သူမှ ပြဿနာ မရှာဖူးဘူး။ နောက်ကွယ်မှာ ပြဿနာ ဘယ်လောက် အများကြီး လာအုံးမလဲဆိုတာ မင်း သိရဲ့လား။"

ဖန်ကျန်းရီက အနည်းငယ် ပြုံးလိုက်၏။ "အရှင်မင်းကြီးက ကျွန်တော်မျိုးကို ယုံကြည်သရွေ့ ပြဿနာ မရှိပါဘူး။ အရာသစ်တွေ ပေါ်လာရင် လူတွေက စိုးရိမ်ကြောက်လန့်တတ်ပေမဲ့ အကျိုးကျေးဇူးတွေကတော့ ထင်ရှားပါတယ်။ ဒီလူတွေက လမ်းညွှန်ပညာပေးနိုင်တယ်၊ အားနည်းတဲ့သူတွေကို ကူညီပေးနိုင်တယ်။ ဒါက စံပြပုဂ္ဂိုလ်တွေရဲ့ အင်အားပါပဲ။

အရှင်မင်းကြီးရဲ့ စိုးရိမ်မှုက တကယ် ယုတ္တိရှိပါတယ်။ ဒါပေမဲ့ ဒီပြဿနာကို ဖြေရှင်းဖို့ကလည်း အရမ်း လွယ်ကူပါတယ်။ ဒီ ၁၀၈ ယောက်က အမြဲတမ်း တည်ရှိနေမှာ မဟုတ်ပါဘူး။ စံပြပုဂ္ဂိုလ် အသစ်တွေ အမြဲ ပေါ်လာမှာပါ။ ပြည်သူတွေက ကျင့်သားရသွားရင် နောက်ပိုင်းမှာ စိတ်ခံစားမှုတွေက အဲဒီလောက် ပြင်းထန်တော့မှာ မဟုတ်ပါဘူး။ နောက်ပြီး လူတစ်ယောက်ကို ဖျက်ဆီးပစ်ဖို့ကလည်း အရမ်း လွယ်ပါတယ်။

သူတို့က အပြင်မှာ ပြီးပြည့်စုံတဲ့ သူရဲကောင်းတွေအဖြစ် ဟန်ဆောင်နေကြတာဆိုတော့ အမည်းစက်လေး တစ်ခု ရှိတာနဲ့ စိတ်ကူးယဉ်မှုတွေ ပျက်စီးသွားပြီး နောက်လိုက် ပရိသတ်တွေလည်း ရှိတော့မှာ မဟုတ်ပါဘူး။ အရှင်မင်းကြီး စိတ်ချတော်မူပါ … ဒီ ၁၀၈ ယောက်ရဲ့ ကိုယ်ရေးရာဇဝင်၊ သွားလာလှုပ်ရှားမှုနဲ့ လှုပ်ရှားမှု အစီအစဉ်တွေကို မှတ်တမ်းတင်ထားပါတယ်။ အရှင်မင်းကြီး အမိန့်ပေးလိုက်တာနဲ့ ဌာနခြောက်ခုရဲ့ သတင်းစာတွေ နဲ့ ပူးပေါင်းပြီး သူတို့ရဲ့ သြဇာလွှမ်းမိုးမှုကို ဖျက်ဆီးပစ်ဖို့ဆိုတာ လွယ်လွယ်လေးပါ။"

ကျင်းဘုရင်မင်းမြတ် က ခဏတာ စဉ်းစားပြီးနောက် သက်ပြင်းချလိုက်သည်။ "ကိုယ်တော် အသက်ကြီးပြီ။ မင်းတို့ လူငယ်တွေ ကစားတဲ့ ကစားနည်းတွေကို ကိုယ်တော် တကယ် နားမလည်တော့ဘူး။ ဒါပေမဲ့ မင်းမှာ သေချာတဲ့ အစီအစဉ် ရှိတယ်ဆိုရင်လည်း ကောင်းတာပေါ့။ စည်းမျဉ်းစည်းကမ်းတွေ ရေးဆွဲပြီး တင်ပြလိုက်။ နောက်ပိုင်းမှာ သေချာ ထိန်းချုပ်ထားရမယ်။ ပြည်သူတွေကို မလန့်စေနဲ့။"

"ကျွန်တော်မျိုး အမိန့်နာခံပါ့မယ်။ ကျင်းယီဝေတပ်ဖွဲ့က ပြည်သူတွေ ဘဝသာယာဖို့ကို အဓိကထားပြီး လက်တွေ့ကျကျ အလုပ်လုပ်တာပါ။ ပြည်သူတွေအတွက် အကောင်းဆုံး နေထိုင်မှု ပတ်ဝန်းကျင်ကို ဖန်တီးပေးသွားမှာပါ။"

ကျင်းဘုရင်မင်းမြတ် "..."

ကျင်းဘုရင်မင်းမြတ် ဘာမှ မပြောတော့သည်ကို မြင်သောအခါ ဖန်ကျန်းရီက ဝမ်းသာအားရဖြင့် ပြောလိုက်၏။ "ဒါဆို အရှင်မင်းကြီး... ဒီနေ့ တုန်းချန်အဖွဲ့ရဲ့ ဇာတ်တိုက်လေ့ကျင့်မှုက..."

"မင်း နိုင်တယ်လို့ သတ်မှတ်လိုက်မယ်။ ကဲပါ... ကိုယ်တော် ဒီတစ်ညလုံး စိုးရိမ်ပူပန်နေရတာ။ မင်းတို့ ဘာမှ မဖြစ်ရင် တော်ပါပြီ။"

ကျင်းဘုရင်မင်းမြတ် က ထောင့်ကို လက်ညှိုးထိုးကာ ဒေါသတကြီး ပြောလိုက်သည်။ "တိရစ္ဆာန်လေး … ပုန်းမနေနဲ့၊ ကိုယ်တော်နဲ့အတူ နန်းတော် ပြန်လိုက်ခဲ့။ နောက်ပြီး လျန်ယုံဆိုတဲ့ ကောင်လည်း ထွက်ပြေးလို့ မရဘူး။"

လီယွမ်ကျောက်သည် အကူအညီတောင်းသော အကြည့်ဖြင့် ဖန်ကျန်းရီကို လှမ်းကြည့်လိုက်၏။

ဖန်ကျန်းရီက ကပျာကယာ ဝင်ဖြေရှင်းပေးလိုက်သည်။ "အရှင်မင်းကြီး စားပြီးပြီလား။"

"မင်း ဒီလိုပြောမှ ကိုယ်တော် တကယ် ဗိုက်ဆာလာသလိုပဲ။ နန်းတော်ပြန်မှ စားတော့မယ်။" ကျင်းဘုရင်မင်းမြတ် က ထွက်သွားရန် ခြေလှမ်းပြင်လိုက်၏။

ဖန်ကျန်းရီက ထပ်ပြောလိုက်သည်။ "အရှင်မင်းကြီး ကြွလာပြီပဲ... ကျွန်တော်မျိုး ဒီမှာ အသားကင် လုပ်ထားတယ်။ အရှင်မင်းကြီး နည်းနည်းလောက် စားသွားပါလား။"

"ဟုတ်တယ် ခမည်းတော်။ သားတော်လည်း ဗိုက်ဆာနေပြီ။ နည်းနည်းလောက် စားသွားကြရအောင်။" လီယွမ်ကျောက်က အမြန် ဖြည့်စွက်ပြောလိုက်၏။

ထမင်းတစ်နပ် စားပြီး ဒေါသပြေသွားရင် ပြန်ရောက်တဲ့အခါ အရိုက်ခံရတာ သက်သာနိုင်တယ်။

ကျင်းဘုရင်မင်းမြတ် က လီယွမ်ကျောက်ကို မျက်စောင်းထိုးကြည့်လိုက်သော်လည်း ဖန်ကျန်းရီ၏ မျှော်လင့်နေသောအကြည့်ကို မြင်သောအခါ မနေနိုင်ဘဲ ပြောလိုက်သည်။ "ထားလိုက်ပါတော့... ရောက်လာပြီ ဆိုမှတော့ မင်း ကိုယ်တော်နဲ့အတူ လိုက်ခဲ့တော့။"

"ဟုတ်ကဲ့ပါ အရှင်မင်းကြီး။ ခြံထဲကို ကြွပါ။"

……

ခြံထဲတွင် မီးသွေးမီးများ မငြိမ်းသေးပေ။ မီးသွေး အနည်းငယ် ထပ်ထည့်လိုက်ပြီး ဖန်ကျန်းရီ ကိုယ်တိုင် အသားကင်လိုက်သည်။ သိုးသားကို အကောင်းစားများသာ ဝယ်ထားသဖြင့် ဟင်းခတ်အမွှေးအကြိုင်များ သိပ်မလိုဘဲ ဆားအနည်းငယ်သာ လိုသည်။ ဆီထွက်လာသည်အထိ ကင်လိုက်လျှင် အလွန် မွှေးပျံ့သွား၏။

သုံးယောက်သား မီးဖိုဘေးတွင် ဝိုင်းထိုင်ရင်း လေထုက အလွန် သာယာနေသည်။

လီယွမ်ကျောက်ကတော့ နှုတ်ခမ်းကို တင်းတင်းစေ့ကာ အသားကင်များကိုသာ စိုက်ကြည့်နေ၏။

ကျင်းဘုရင်မင်းမြတ် က အသားနံ့ကို ရှူရှိုက်ရင်း အတိတ်ကို ပြန်လည် တမ်းတနေသကဲ့သို့ ပြောလိုက်သည်။ "ဒီအသားကင်ကို ကိုယ်တော် မစားရတာ တော်တော်ကြာပြီ။ အရင်တုန်းက စစ်မြေပြင်မှာဆိုရင် မကြာခဏ စားဖြစ်တယ်။ ဒီနေ့တော့ အတိတ်က အခက်အခဲတွေကို ပြန်တွေးပြီး အခု ပျော်ရွှင်မှုကို ခံစားရတာပေါ့။"

ဖန်ကျန်းရီက အသားကင်ရင်း မေးလိုက်၏။ "အရှင်မင်းကြီးက အဲဒီအချိန်တွေကို အရမ်း လွမ်းနေတာလား။"

ကျင်းဘုရင်မင်းမြတ် က ခေါင်းမော့ကာ သက်ပြင်းချလိုက်သည်။ "ကိုယ်တော်က အဲဒီအချိန်တုန်းက ကိုယ်တော် ငယ်ရွယ်ခဲ့တာကိုပဲ လွမ်းတာပါ။ စစ်မြေပြင်ဆိုတာ လွမ်းစရာ ဘာမှ မရှိပါဘူး။ အလောင်းတွေ၊ သွေးတွေနဲ့ ပြည့်နေတဲ့ နေရာက ဒီနေ့လို နေ့မျိုးနဲ့ ဘယ်လိုလုပ် ယှဉ်လို့ရမှာလဲ။"

"အရှင်မင်းကြီးက သဘောထား ပြည့်ဝပြီး ပြည်သူတွေ ဒုက္ခရောက်တာကို မကြည့်ရက်ဘူး။ တကယ်ကို လောကမှာ ရှားပါးတဲ့ မင်းကောင်းမင်းမြတ်ပါပဲ။"

ကျင်းဘုရင်မင်းမြတ် က ခေါင်းခါပြုံးလိုက်၏။ "တော်ပါတော့၊ မြှောက်ပင့်မနေပါနဲ့။ ကိုယ်ပိုင် အချိန်လေးမှာ သက်တောင့်သက်သာ နေကြရအောင်။"

ဖန်ကျန်းရီက နှုတ်မှ အင်းအဲ ဟု ဖြေရင်း တစ်ယောက်ကို သိုးသားကင် တစ်ချောင်းစီ ကမ်းပေးလိုက်ရာ လီယွမ်ကျောက်က မတုံ့ဆိုင်းဘဲ အားပါးတရ စားတော့သည်။

ဖန်ကျန်းရီသည် ရုတ်တရက် တစ်ခုခုကို သတိရသွားသကဲ့သို့ လှည့်ထွက်သွားပြီး မလှမ်းမကမ်းရှိ စောင်ပတ်ထားသော သစ်သားသေတ္တာထဲမှ ရေပုံးငယ်တစ်ခုနှင့် ပန်းကန်နှစ်လုံး ယူလာ၏။

ကျင်းဘုရင်မင်းမြတ် နှင့် လီယွမ်ကျောက်တို့ကို တစ်ယောက် တစ်ပန်းကန်စီ ငှဲ့ပေးလိုက်သည်။ "အရှင်မင်းကြီး … အိမ်ရှေ့စံမင်းသား... ဒါက ကျွန်တော်မျိုး အိမ်ကနေ ယူလာတဲ့ ပစ္စည်းကောင်းလေးပါ။ ရေခဲလက်ဖက်ရည်လို့ ခေါ်ပါတယ်။ လက်ဖက်ခြောက်၊ ပျားရည်၊ သစ်သီးဖျော်ရည်တို့နဲ့ ရောစပ်ထားတာမို့ အီတာကို တော်တော်လေး ပြေစေပါတယ်။ ရေခဲစိမ်ထားတာပါ။"

လီယွမ်ကျောက်က ပန်းကန်ကို ကိုင်ကာ တဟုန်ထိုး မော့သောက်လိုက်ပြီး အဆက်မပြတ် ချီးကျူးလိုက်၏။ "ကောင်းတယ် .. ကောင်းတယ်။"

ကျင်းဘုရင်မင်းမြတ် က တစ်ငုံ သောက်ကြည့်ပြီး ခေါင်းညိတ်ကာ ချီးကျူးလိုက်သည်။ "အင်း... ကောင်းတယ်။ အေးအေးလေးဆိုတော့ တကယ် အအီပြေတယ်။"

ဖန်ကျန်းရီက ပြောလိုက်၏။ "အရှင်မင်းကြီးနဲ့ အိမ်ရှေ့စံမင်းသား ကြိုက်ရင် မနက်ဖြန် နန်းတော်ထဲကို နည်းနည်း ပို့ပေးပါ့မယ်။"

ကျင်းဘုရင်မင်းမြတ် ပျော်နေသည်ကို မြင်သောအခါ ဖန်ကျန်းရီက သူ့အနားသို့ တိုးသွားပြီး တိုးတိုးလေး မေးလိုက်သည်။ "အရှင်မင်းကြီး... ဒီနေ့ ကျွန်တော်မျိုးရဲ့ စွမ်းဆောင်ရည်ကို အရှင်မင်းကြီး ကျေနပ်ရဲ့လား။ အဲဒါ... မင်းသမီးလေးက... "

ကျင်းဘုရင်မင်းမြတ် က လှည့်ကြည့်လိုက်ပြီး အဓိပ္ပာယ်ပါပါ အပြုံးဖြင့် ဖန်ကျန်းရီကို ကြည့်လိုက်၏။ "ဘာလဲ … မင်းက ရေခဲလက်ဖက်ရည် တစ်ပုံးနဲ့ ကိုယ်တော့်ဆီမှာ စေ့စပ်ကြောင်းလမ်းချင်လို့လား။"

All Chapters