← Chapters

အခန်း ၁၁၅

Vol. 12 Ch. 115

အခန်း ၁၁၅

Vol. 12 Ch. 115

အပိုင်း (၁၁၅) ရှောင်ကုလေးနဲ့ ပထမဆုံးအကြိမ် တွေ့ဆုံခြင်း

"မင်းသမီး... ကျွန်တော်..."

ကုရှင်းလန် စကားတောင် မဆုံးလိုက်ဘူး၊ ယွီးရှောင်ရှောင်က တံခါးကို ဝုန်းခနဲ တွန်းဖွင့်ပြီး အခန်းထဲ ရောက်လာပြီ။

လူငယ်အစေခံလေး နှစ်ယောက်ခမျာ ဘာလုပ်ရမှန်း မသိတော့ဘူး။ သူတို့ရဲ့ တတိယသခင်လေးကို ဆက်ပြီး ရေချိုးပေးရမလား၊ ဒါမှမဟုတ် အပြင်ထွက်သွားပြီး ဒီအလုပ်ကို မင်းသမီးကြီးဆီပဲ လွှဲပေးခဲ့ရမလားဆိုပြီး ဇဝေဇဝါ ဖြစ်နေကြတာပေါ့။

ယွီးရှောင်ရှောင်က ကိုယ်လုံးလေးကို ဟိုဘက်ဒီဘက် ယိမ်းပြီး လျှောက်လာတာ၊ သူ့ဇနီးလေး ဘယ်လို ခြေလှမ်းတွေလှမ်းပြီး လျှောက်လာလဲဆိုတာကိုတောင် ကုရှင်းလန် သေချာမမြင်လိုက်ရဘူး။ မျက်စိတစ်မှိတ်အတွင်းမှာတင် သူ့ဇနီးလေးက သူ့ရှေ့ တည့်တည့်ကို ရောက်လာပြီ။

အစေခံလေး နှစ်ယောက်ကတော့ နောက်ကို တဖြည်းဖြည်း ဆုတ်သွားကြတယ်။ ကုအိမ်တော်က အစေခံတွေကြားမှာ မင်းသမီးကြီးရဲ့ ပုံရိပ်နဲ့ နာမည်က ချင်းယွီရဲ့ ကံကြမ္မာကို ကြည့်ပြီး အကဲဖြတ်ထားကြတာဆိုတော့၊ မင်းသမီးကြီးဆိုတာ လုံးဝကို သွားရှုပ်လို့မရတဲ့၊ ရက်စက်ကြမ်းကြုတ်လွန်းတဲ့ သူတစ်ယောက်လို့ပဲ သတ်မှတ်ထားကြတာကိုး။

ယွီးရှောင်ရှောင်က သူ့လက်ထဲကိုင်ထားတဲ့ ကြွေပုလင်းလေးကို ကုရှင်းလန်ရှေ့မှာ လှုပ်ပြလိုက်လေတယ်။

"ငါ အယောင်ကျဆေး ဖော်လို့ ပြီးသွားပြီ။ ဒါပေမဲ့ ဓာတ်မတည့်တာတွေ ဘာတွေ ဖြစ်နိုင်လို့လေ၊ အရင်ဆုံး အရေပြားပေါ်မှာ နည်းနည်း စမ်းသပ်ကြည့်ရအောင်

ကဲ... သူ့ဇနီးလေး ပြောတဲ့ စကားတွေကို ကုတတိယသခင်လေး တစ်ခွန်းမှ နားမလည်ပြန်ဘူး။ ဘေးနားမှာ ရှိနေတဲ့ အစေခံလေး နှစ်ယောက်ကို တစ်ချက်ကြည့်လိုက်ပြီး "မင်းတို့တွေ အရင် ထွက်သွားကြတော့" လို့ ကုရှင်းလန်က အမိန့်ပေးလိုက်လေတယ်။

အစေခံလေး နှစ်ယောက်လည်း ကုရှင်းလန်နဲ့ ယွီးရှောင်ရှောင်ကို အရိုအသေပေးပြီးတာနဲ့ အရိပ်တောင် မမြင်ရတော့လောက်အောင် လစ်ပြေးကြတော့တာပဲ။

ယွီးရှောင်ရှောင်က သစ်သားနဲ့ သူမကိုယ်တိုင် လုပ်ထားတဲ့ ဆေးထိုးပြွန်လေးကို ထုတ်လာပြီး ဆေးထိုးအပ်လေး တပ်လိုက်တယ်။ ပြီးတော့ ကုရှင်းလန်ကို ပြောလေရဲ့။

"ဒီကမ္ဘာမှာက ဖန်နဲ့လုပ်တဲ့ ဆေးထိုးပြွန်ကို မလုပ်တတ်ကြဘူးလေ။ ဒါကြောင့် ငါ သစ်သားနဲ့ပဲ လုပ်လိုက်ရတယ်။ ဒါပေမဲ့ စိတ်ချပါ၊ ဒီသစ်သားကို ငါ ပိုးသတ်ထားပြီးသားမို့လို့ ပိုးဝင်တာမျိုး ဖြစ်စေမှာ မဟုတ်ပါဘူး"

ကုရှင်းလန်က ကြောင်တောင်တောင်နဲ့ မေးလိုက်တာပေါ့။ "ဖန်... ဘာကြီးလဲ"

ယွီးရှောင်ရှောင်က ခေါင်းခါလိုက်ပြီး ကုရှင်းလန်ကို မကျေမနပ်နဲ့ ရင်ဖွင့်ပါလေရော။

"ငါ အကြာကြီး လိုက်မေးကြည့်မှ သိရတာ၊ တကယ်တော့ နင်တို့ဆီကလူတွေက ဖန်ကို 'လျိုလီ' လို့ ခေါ်ကြတာကိုး။ ပြီးတော့ တော်တော်လည်း ဈေးကြီးတာပဲ၊ ဖန်ပန်းကန်လုံး တစ်လုံးကိုတောင် ငါ့ရဲ့ ထမင်းဆယ်နပ်စာလောက် တန်ဖိုးရှိနေတော့ ငါလည်း နှမြောပြီး မဝယ်ခဲ့တော့ဘူးလေ"

'နင်တို့ဆီကလူတွေ' တဲ့... သူ့ဇနီးလေး ပြောတဲ့ ဒီစကားက ဘာအဓိပ္ပာယ်ကြီးလဲဆိုတာ ကုရှင်းလန် လုံးဝ နားမလည်နိုင်တော့ဘူး။ သူ့ဇနီးလေးက ဒီကမ္ဘာရဲ့ လူ မဟုတ်လို့များလား။ ဘာဖြစ်လို့ သူ့ကိုယ်သူ ဒီကမ္ဘာကြီးနဲ့ မသက်ဆိုင်တဲ့ အပြင်လူ တစ်ယောက်လို အမြဲတမ်း ပြောနေရတာလဲ။ (ငြင်းလို့မရတဲ့ အချက်ကတော့ ကုစစ်သူကြီးခမျာ မတော်တဆ အမှန်တရားကို သိသွားခဲ့တာပါပဲ)

ယွီးရှောင်ရှောင်က လက်သွက်ခြေသွက်နဲ့ပဲ ကုရှင်းလန်ကို ဆေးတစ်လုံး ထိုးပေးလိုက်လေရဲ့။

ကုရှင်းလန်က လက်မောင်းမှာ စူးခနဲ နာသွားတာကလွဲလို့ ကျန်တာ ဘာမှ မခံစားရဘူး။

ယွီးရှောင်ရှောင်က ကုရှင်းလန်ရဲ့ လက်မောင်းပေါ်က ဆေးထိုးအပ်ပေါက်လေးကို ကြည့်ပြီး ပြောလိုက်တာပေါ့။ "ခဏလောက် စောင့်ကြည့်ရအောင်လေ။ ဓာတ်မတည့်တာ မဖြစ်ဘူးဆိုရင် ဆေးထိုးပေးမယ်။ ရှောင်ကု... ဒီဆေးလေးသာ ရှိရင် နင့်ဒဏ်ရာက ရောင်ရမ်းတာတွေ သေချာပေါက် ပျောက်သွားတော့မှာ"

ဒီစကားကို နားလည်ဖို့အတွက် ကုရှင်းလန်အရမ်းကို ခက်ခဲလွန်းနေတုန်းပဲ။ ကုတတိယသခင်လေးခမျာ မေးကြည့်လည်း နားလည်မှာ မဟုတ်ဘူးလို့ ကိုယ့်ဘာသာ တွက်ဆပြီး ဘာစကားမှ ဆက်မမေးတော့ဘူး။ "မင်းသမီး သင့်တော်သလိုသာ ကြည့်လုပ်ပါတော့"

ယွီးရှောင်ရှောင်က ကုရှင်းလန်ကို အထက်အောက် သေချာ ကြည့်ပြီး တွေးလိုက်လေရဲ့။

'အင်း... ဒီကိုယ်လုံးကိုယ်ပေါက်ကိုတော့ သူမ အတော်လေး သဘောကျတယ်'

ကုရှင်းလန်လည်း ကိုယ့်ကိုယ်ကိုယ် ငုံ့ကြည့်လိုက်တာပေါ့။ ခုနလေးတင်မှ ဇနီးသည်ရဲ့ ဓာတ်မတည့်စမ်းသပ်တာတို့၊ ဖန်တို့ ဆိုတဲ့ စကားတွေကြောင့် ခေါင်းမူးနေရာကနေ သတိဝင်လာတာလေ။ သူက အခု အဝတ်အစား တစ်လွှာမှ မကပ်ဘဲ ကိုယ်တုံးလုံးကြီး ဖြစ်နေတာကိုး။

ယွီးရှောင်ရှောင်က အစေခံလေးတွေ ရေစည်ပိုင်းထဲ စိမ်ထားခဲ့တဲ့ ရေချိုးပဝါကို ဆယ်ယူလိုက်တယ်။ ပြီးတော့ ကုရှင်းလန်ဘက်ကို လှည့်ကြည့်လိုက်တော့ ကောင်လေးက သူ့ရဲ့ အောက်ပိုင်းကို လက်နှစ်ဖက်နဲ့ ကမန်းကတန်း ဖုံးကာလိုက်လေရဲ့။

ကုရှင်းလန်ရဲ့ မျက်နှာကြီးက မီးလောင်နေသလိုကို ရဲတွတ်နေတာ။ အထစ်ထစ်အငေါ့ငေါ့နဲ့ ယွီးရှောင်ရှောင်ကို ပြောရှာတယ်။

"မ... မင်းသမီး ပင်ပန်းခံစရာ မလိုပါဘူး။ ကျွ... ကျွန်တော့်ဘာသာ၊ ကိုယ့်ဘာသာပဲ ချိုးလိုက်ပါ့မယ်"

ယွီးရှောင်ရှောင်က ပြန်မေးလိုက်တာပေါ့။ "ရေကိုတောင် လှမ်းမမီဘဲနဲ့ ရှင်က ဘယ်လိုလုပ် ရေချိုးမလို့လဲ"

"အ... အစေခံတွေကိုပဲ ပြန်ခေါ်လိုက်ပါ" လို့ ကုရှင်းလန်က ပြန်ဖြေတာပေါ့။

ယွီးရှောင်ရှောင်က ခေါင်းခါလိုက်ပြီး ကုရှင်းလန် လက်နှစ်ဖက်ယှက် အုပ်ထားတဲ့ နေရာကို လှမ်းနှုတ်ဆက်လိုက်ပါလေရော။

"တွေ့ရတာ ဝမ်းသာပါတယ် ရှောင်ကုအငယ်ကောင်"

အို...ဘုရား၊ တရား၊ သိကြား၊ အလ္လာ၊ ယေရှု အားတဲ့ဘုရားဆင်းကယ်ကြပါ။ ရှောင်ကုအငယ်ကောင်ဆိုတာ ဘာကြီးတုံး…။

ယွီးရှောင်ရှောင်က ကုရှင်းလန်ရဲ့ အဲ့ဒီနေရာလေးကို မျက်တောင်မခတ်ဘဲ စူးစူးစိုက်စိုက် ကြည့်နေလေရဲ့။ ပြီးတော့ ကုသခင်လေးရဲ့ လက်အရွယ်အစားနဲ့ ချိန်ထိုးကြည့်လိုက်ပြီး ကုသခင်လေးက သေးမှာတော့ မဟုတ်လောက်ဘူးလို့ မှန်းဆလိုက်တာပေါ့။ ဒါပေမဲ့ စမ်းမသုံးကြည့်ရသေးတော့လည်း ကုသခင်လေးက အလုပ်ဖြစ်တဲ့ အဆင့်မြင့်ယောကျ်ားမျိုး ဟုတ်မဟုတ်ဆိုတာကိုတော့ သူမ မသိနိုင်သေးဘူး။

ဇနီးသည်က ဒီလိုကြီး စိုက်ကြည့်နေတာတောင် ရှောင်ကုအငယ်ကောင်ဆိုတာ ဘာကိုခေါ်မှန်း ကုရှင်းလန် မသိသေးဘူးဆိုရင်တော့ သူ့ရဲ့ဉာဏ်ရည်က အနုတ်ပြနေတာမှန်း သိသာသွားပြီလေ။ အဲဒီအချိန်မှာတင် သူ့တစ်ကိုယ်လုံးက ပိုပြီးတော့တောင် ပူထူလာပါလေရော။ မင်းသမီးကြီးလို လူစားမျိုးကိုတော့ သူ တကယ် လက်ရောခြေရော မြှောက်နေပြီ။

ယွီးရှောင်ရှောင်က ရေနွေးနွေးလေး စွတ်ထားတဲ့ ရေချိုးပဝါကို ကုရှင်းလန်ရဲ့ ကိုယ်ပေါ် ဖိချလိုက်ပြီး လေသံလေး နည်းနည်းမှ မပြောင်းဘဲ ပြောလိုက်လေရဲ့။

"ကျွန်မက ရှင့်ကို မြင်ဖူးပြီးသားပဲကို၊ ရှင်က ဘာတွေများ ရှက်နေရတာလဲ"

ကုရှင်းလန်ခမျာ အထစ်ထစ် အငေါ့ငေါ့နဲ့ "မ... မမြင်ဖူးပါဘူး" လို့ ပြန်ဖြေရှာတယ်။

ယွီးရှောင်ရှောင်က ခဏလောက် စဉ်းစားလိုက်လေရဲ့ ။ အင်း... ကုသခင်လေး ပြောတာလည်း မမှားဘူး၊ အဲ့တစ်ခေါက်က သူမ စမ်းရုံပဲ စမ်းခဲ့ရတာ၊ တကယ်ကြီး မမြင်ဖူးသေးတာတော့ အမှန်ပဲလေ။

"ဒါဆို ရှင့်သဘောက ကျွန်မ တစ်ချက်လောက်တော့ ကြည့်သင့်တယ်ပေါ့" ယွီးရှောင်ရှောင်က ကုရှင်းလန်ကို မေးလိုက်လေရဲ့ ။

ကုရှင်းလန်ခမျာ ခေါင်းကနေ အငွေ့တွေတောင် ထွက်လာတော့မလိုပဲ။ ဘာဖြစ်လို့များ သူက ကိုယ်တုံးလုံးကြီးနဲ့ထိုင်ရင်း ဒီလိုကိစ္စတွေကို သူမိန်းမနဲ့အတူ ဆွေးနွေးနေရတာပါလိမ့်။ လုံးဝကို အဓိပ္ပာယ် မရှိတာကြီးလေ။

ယွီးရှောင်ရှောင်က ကုရှင်းလန် ဘာမှ ပြန်မပြောတာကို ကြည့်ပြီး ကုရှင်းလန် ကာထားတဲ့ လက်ကို ဖြုန်းခနဲ ဆွဲဖယ်လိုက်တော့တယ်။ "ဒါဆိုလည်း ကျွန်မ ကြည့်လိုက်တော့မယ်နော်"

ကုရှင်းလန်ခမျာ ယွီးရှောင်ရှောင်ရဲ့ အပြုအမူကြောင့် လန့်ဖြန့်ပြီး ထအော်ရတော့တာပေါ့။

"အား…အမေရေ….မလုပ်ပါနဲ့”

တံခါးအပြင်ဘက်မှာ ရှိနေတဲ့ ဝမ်မောမောနဲ့ အစေခံလေး နှစ်ယောက်ခမျာ အဲဒီအသံကြောင့် အလန့်တကြား ဖြစ်သွားကြလေရဲ့။ စစ်သူကြီး တစ်ယောက်ဖြစ်တဲ့ သမက်တော်တောင် ဒီလောက် အသံကုန်ဟစ်နေရတာဆိုတော့ အခန်းထဲမှာ ဘာတွေဖြစ်နေလဲဆိုတာ ဘယ်သူမှ တွေးလို့ မရကြဘူးလေ။

အစေခံလေး တစ်ယောက်က ဝမ်မောမောကို တုန်တုန်ယင်ယင်နဲ့ ကပ်ပြောရှာတယ်။ "မ... မင်းသမီးကြီး အထဲမှာ ရှိနေတာ"

ဝမ်မောမောက သူ့ရဲ့ ပခုံးလောက်ပဲ ဒီအစေခံလေးကို မျက်စောင်းတစ်ချက် ခဲလိုက်တာပေါ့။

"နင်က ဘာပြောချင်တာလဲ။ မင်းသမီးက သမက်တော်ကို သတ်ပစ်မယ်လို့ နင်က ထင်နေတာလား" တကယ်တော့ သူကိုယ်တိုင်လည်း မင်းသမီးနဲ့ အတူရှိနေတဲ့ သမက်တော်အတွက် စိတ်ပူနေတာပါပဲ။ ဒါပေမဲ့ လူယုံတစ်ယောက်အနေနဲ့ ဘယ်လိုအချိန်ပဲ ရောက်ရောက် ဝမ်မောမောက မင်းသမီးကြီး ဘက်ကပဲ အမြဲတမ်း ရပ်တည်ပေးမဲ့သူ မဟုတ်လား။

အစေခံလေးခမျာ ဘာမှ ထပ်မပြောရဲတော့ဘူး။ မင်းသမီးကြီးကလည်း ကြောက်စရာကောင်းသလို ဒီနန်းတွင်းမောမောကြီးကလည်း အတော်ကို ကြောက်ဖို့ကောင်းတာကိုး။ လူကောင်ကြီးကလည်း ထွားထွားကြိုင်းကြိုင်းကြီး၊ မိန်းမသားတွေရဲ့ နူးညံ့သိမ်မွေ့မှုဆိုတာ ဘယ်နား သွားထားလိုက်တာလဲလို့တောင် တွေးမိတော့တာပဲ။

ကုရှင်းလန်ကတော့ အခုအချိန်မှာ အခန်းထဲကနေ ရုန်းကန်နေရတာကို လက်လျှော့လိုက်ပါပြီလေ။ မင်းသမီးက ကြည့်ချင်တယ်ဆိုလည်း ကြည့်ပါစေတော့။ ဘယ်လိုပဲဖြစ်ဖြစ် သူကလည်း ဆက်ပြီး ဖုံးကွယ်ထားလို့မှ မရတော့တာ။ အရှေ့အလယ်ပိုင်းဒေသကို မင်းသမီးတွေ့ရဖို့က အနှေးနဲ့အမြန်ပဲမလား။ ဒါကြောင့် ဒီနေ့ပဲ တွေ့လိုက်ပါစေတော့လို့ သဘောထားလိုက်ရတာပေါ့လေ။

ကမ္ဘာပျက်ကပ်ကြီးထဲမှာ သေတဲ့အထိ ရည်းစားမရခဲ့တဲ့ အပျိုသိုးကြီး ယွီးရှောင်ရှောင်က ရှောင်ကုအငယ်ကောင်ကို တအားဆာလောင်မွတ်သိပ်နေတဲ့ အကြည့်ကြီးတွေနဲ့တော့ စိုက်မကြည့်နေပါဘူး။ သူမက ကျွမ်းကျင်ပိုင်နိုင်စွာနဲ့ပဲ ရေချိုးပဝါကိုကိုင်ပြီး ကုရှင်းလန်ရဲ့ ကိုယ်ကို ပွတ်တိုက်ဆေးကြောပေးနေတော့တယ်။

"ကျွန်မ ရှင့်ကို ပြောပြီးပြီလေ၊ ယောကျ်ားတွေနည်းနည်းဆိုးမှ မိန်းမတွေက ချစ်ကြတာလို့။ ရှင်က အမြဲတမ်း ဒီလိုကြီး ရှက်နေတော့ ကျွန်မမှာ အတော်လေး စိတ်ပူနေရပြီ"

ကုရှင်းလန်က နှာခေါင်းလေး ရှုံ့လိုက်ပြီး ယွီးရှောင်ရှောင်ကို မေးရှာတယ်။ "ဒါဆို ကိုယ်က ဘယ်လိုမျိုး ဆိုးပြရမှာလဲ"

"အင်း..." ယွီးရှောင်ရှောင်က ကုရှင်းလန်ရဲ့ အရှေ့ဘက်ကို ပြန်လှည့်လာပြီး ကမ္ဘာပျက်ကပ်ကြီးတုန်းက စစ်သားကြီးတွေ လုပ်လေ့ရှိတဲ့ အပြုအမူတွေကို စဉ်းစားလိုက်တယ်။ ပြီးတော့ မင်းသမီးကြီးက မျက်နှာတည်ကြီးနဲ့ ကုရှင်းလန်ကို ပြောလိုက်လေရဲ့။ "ခုနကလို အချိန်မျိုးမှာဆိုရင်လေ... နင်က ငါ့ကို ဖက်ပြီး လှဲချပစ်လိုက်ရမှာ"

ဖက်ပြီး... လှဲချပစ်လိုက်ရမယ် ဟုတ်လား။

ကုရှင်းလန်ရဲ့ မျက်နှာပေါ်က ရဲနေတာလေးတွေဆိုတာ ခုနကမှ လျော့သွားတာလေ။ ဖက်ပြီး လှဲချပစ်တယ်ဆိုတဲ့ အဓိပ္ပာယ်ကိုလည်း စဉ်းစားမိရော မျက်နှာကြီးက ဝုန်းခနဲဆို နှစ်ဆလောက် နီရဲသွားပါလေရော။

ယွီးရှောင်ရှောင်က သက်ပြင်းတစ်ချက်ချလိုက်ပြီး ကုရှင်းလန်ရဲ့ အနောက်ဘက်ကို ပြန်သွားလိုက်တယ်။ ကောင်လေးရဲ့ ကျောပြင်ကို ဆက်ပြီး ရေချိုးပေးနေလိုက်တာပေါ့။ ပြီးတော့ တိုးတိုးလေးနဲ့ ပွစိပွစိက ရွတ်နေသေးတယ်။

"ဒီလိုကြီးဆို ဘယ်လိုလုပ် ရှေ့ဆက်လို့ ရတော့မှာလဲ"

ယွီးရှောင်ရှောင် သူ့ကျောပြင်တစ်ခုလုံးကို ရေချိုးပေးလို့ မပြီးမချင်း ကုရှင်းလန်ခမျာ ဘာစကားမှ မပြောတော့ဘူး။ ဒါပေမဲ့ ကြွက်သားတွေ တင်းမာတောင့်တင်းနေတဲ့ အနေအထားကို ကြည့်ရုံနဲ့တင် ဒီကောင်လေး အရှက်လွန်ပြီး အဆင့်တစ်ဆင့် ထပ်တက်သွားပြီဆိုတာကို ယွီးရှောင်ရှောင် သိလိုက်တာပေါ့။

ယွီးရှောင်ရှောင်က ရေချိုးပဝါကိုကိုင်ရင်း ကုရှင်းလန်ရဲ့ အရှေ့ဘက်ကို ထပ်ရောက်လာတဲ့ အချိန်မှာတောင် ကုရှင်းလန်က ခေါင်းကြီးငုံ့ထားပြီး ယွီးရှောင်ရှောင်ကို တစ်ချက်လေးတောင် မော့မကြည့်တော့ဘူး။ ယွီးရှောင်ရှောင်က လက်ညှိုးလေးနဲ့ ကုရှင်းလန်ရဲ့ ရင်ဘတ်ကို တစ်ချက်ဆောင့်ထိုးပြီး မေးလိုက်လေတယ်။

"နေလို့မကောင်းလို့လား" တကယ်လို့ ကုသခင်လေးသာ ပင်နီဆီလင်နဲ့ ဓာတ်မတည့်ဘူးဆိုရင် သူမ နောက်တစ်နည်း စဉ်းစားရတော့မှာကိုး။

ကုရှင်းလန်က အင်းခနဲ ခပ်တိုးတိုးလေး ညည်းလိုက်ပြီး ခေါင်းယမ်းပြရှာတယ်။ "ဘာ... ဘာမှ မဖြစ်ပါဘူး"

ယွီးရှောင်ရှောင်ရဲ့ အကြည့်တွေက ကုတတိယသခင်လေး လက်နဲ့ အသေအလဲ ကာကွယ်ဖုံးအုပ်ထားတဲ့ နေရာဆီကို ထပ်ရောက်သွားပြန်တယ်။ အသံကို နားထောင်ကြည့်ရတာတော့ ဒီကောင်လေး ဘာမှမဖြစ်တဲ့ ပုံစံမျိုးနဲ့ လုံးဝ မတူဘူးနော်။

...

All Chapters