← Chapters

အခန်း ၁၁၆

Vol. 12 Ch. 116

အခန်း ၁၁၆

Vol. 12 Ch. 116

အပိုင်း (၁၁၆) တိုက်ပွဲပေါင်းစုံ တိုက်ဖူးတယ်ဆိုတာ ဘာကိုခေါ်တာလဲ

ကုရှင်းလန်ဆိုတာ ကြီးထွားဖွံ့ဖြိုးမှု သိပ်ကိုပုံမှန်ဖြစ်တဲ့ ယောကျာ်းတစ်ယောက်ပဲလေ။ သူ ကိုယ်တုံးလုံးကြီးထိုင်နေတုန်း သူ့ရဲ့ဇနီးလေးက အနောက်ကနေ ကျောပွတ်ပေးနေတာဆိုတော့ နူးညံ့တဲ့ လက်လေးနှစ်ဖက်က သူ့ကျောပြင်ကို ခဏခဏ လာထိနေသလို သဲ့သဲ့လေးရှူထုတ်လိုက်တဲ့ ဝင်သက်ထွက်သက်တွေကလည်း သူ့ကိုယ်ပေါ်ကို လာရစ်ဝဲနေတော့တာပေါ့။ ဒီလိုချိုမြိန်တဲ့ နှိပ်စက်မှုလေးအောက်မှာ ကုတတိယသခင်လေးက ဘယ်လိုလုပ် ငြိမ်နေနိုင်မှာလဲ။

"ဟ…ကျွန်မ ကူညီပေးရမလား" ယွီးရှောင်ရှောင်က မေးလိုက်လေရဲ့။

"မလိုပါဘူး" ကုရှင်းလန်ခမျာ မြေကြီးအက်ကြောင်းလေးထဲ ဝင်ပုန်းချင်စိတ်တောင် ပေါက်သွားရတယ်။ "ခဏလေး၊ ခဏနေရင် သူ့ဟာသူ ပြန်ကျသွားလိမ့်မယ်"

ဒါပေမဲ့ ယွီးရှောင်ရှောင်ကတော့ ကုရှင်းလန်ရဲ့အရှေ့ကို ဆောင့်ကြောင့်လေး ဝင်ထိုင်ချလိုက်ပြီလေ။

မိန်းမဖြစ်သူရဲ့မျက်နှာက နီးကပ်လာတာကို ကြည့်ပြီး ကုရှင်းလန်ရဲ့မျက်နှာက သွေးထွက်မတတ် နီရဲလာပေမဲ့ သဘဝစိတ်ကတော့ ထိန်းမရခဲ့ချေ။

"ရှောင်ရှောင်..." ကုရှင်းလန်က အာခေါင်တွေခြောက်သွေ့စွာနဲ့ မေးလိုက်ရှာတယ်။

"မင်း... မင်း အပြင်ခဏလောက် ထွက်သွားပေးလို့ ရမလား"

"ဒါလေးများ ဘာအရေးကြီးလို့လဲ" ပြောရင်းဆိုရင်း ယွီးရှောင်ရှောင်က ရှက်လွန်းလို့ အုပ်ထားတဲ့ ကုတတိယသခင်လေးရဲ့လက်ကို ဖြန်းခနဲ ရိုက်ချလိုက်ပြီး ချက်ချင်းပဲ လက်နဲ့ ကွိခနဲ ဆုပ်ချလိုက်ပါလေရော။

ကုရှင်းလန်ရဲ့ ခန္ဓာကိုယ်ကြီးဆို ချက်ချင်းကို တုန်ဆင်းသွားတာ။ သူ့နှုတ်ခမ်းဖျားဆီကနေလည်း ညည်းသံတချို့ မသိမသာ ထွက်ကျလာတယ်။

အဲဒီအချိန်မှာ အစေခံကောင်လေးနှစ်ယောက်ကို မောင်းထုတ်လိုက်ပြီဖြစ်တဲ့ ဝမ်မောမောက စင်္ကြံလမ်းက လက်ရန်းပေါ်မှာထိုင်ပြီး ခြေလက်လေး ဘာလေးဆန့်မယ်လုပ်နေတာလေ။ ကွက်တိကို သမက်တော်ရဲ့ညည်းသံကို ကြားလိုက်ရတာပဲ။ နန်းတော်ထဲမှာ တစ်သက်လုံး နေလာတဲ့သူဆိုတော့ မမြင်ဖူး၊ မကြားဖူးတာ ဘာရှိပါ့မလဲ။ ဝမ်မောမောခမျာ ချက်ချင်းပဲ ချွေးတွေ ပြန်လာတော့တယ်။ ဘာလို့ သမက်တော်ဆီကနေ ဒီလိုအသံမျိုး ထွက်လာရတာလဲပေါ့။ အထဲက အခြေအနေကို နားစွင့်ကြည့်လိုက်တော့ သူမရဲ့ မင်းသမီးလေးက သမက်တော်ကို ငြိမ်ငြိမ်နေဖို့ အမိန့်ပေးနေတာကို ကြားလိုက်ရပြန်တယ်။

ဝမ်မောမောလည်း စင်္ကြံမှာ ကြောင်တောင်တောင်ကြီး။ သူမရဲ့ မင်းသမီးလေးအလှည့်ကျမှ ဘာလို့ ကိစ္စတွေက ပုံမှန်အတိုင်း မဖြစ်ရတာလဲ။ သူမ မှတ်မိသလောက်ဆိုရင် သမက်တော်က စစ်သူကြီးလေ။ စစ်သူကြီးနော် စစ်သူကြီးလို့… သူမရဲ့ မင်းသမီးလေးက စစ်သူကြီးကိုတောင် အနိုင်ယူ နိုင်လောက်တဲ့အထိ စွမ်းအားတွေ ထက်မြက်နေပြီလား။ မင်းသမီးလေးရယ်... တကယ်ပဲ ဘာတွေဖြစ်နေတာလဲ။

ခြံဝင်းထဲက စင်္ကြံအပြင်ဘက်မှာ ဝမ်မောမောတစ်ယောက် ရူးမတတ်ဖြစ်နေချိန်မှာပဲ အခန်းထဲက ယွီးရှောင်ရှောင်ကတော့ သူမအလုပ်ကို သူမ အာရုံစိုက်ပြီး အလုပ်ရှုပ်နေတယ်။ ဒါက ကျွမ်းကျင်မှုလိုတဲ့ အလုပ်တစ်ခုလေ။ ယွီးရှောင်ရှောင်က မြင်လည်းမြင်ဖူးတယ်၊ ကြားလည်းကြားဖူးပေမဲ့ လက်တွေ့စမ်းသပ်ခွင့် မရခဲ့ဘူး။ ဒီတစ်ခါ ကုရှင်းလန်ရဲ့ ကိုယ်ပေါ်မှာ လက်တွေ့စမ်းသပ်လိုက်တော့ ကုရှင်းလန်ခမျာ တော်တော်လေး နာကျင်သွားရတာပေါ့။ ဒါပေမဲ့လည်း ယွီးရှောင်ရှောင်ကို ရပ်ခိုင်းဖို့တော့ သူ မရက်စက်နိုင်ပြန်ဘူး။ ဒီလိုကိစ္စမျိုးက ကိုယ့်ဟာကိုယ်လုပ်တာနဲ့ တခြားလူ လုပ်ပေးတာမှာ ခံစားချက်က လုံးဝကို မတူဘူးလေ။ ကုတတိယသခင်လေးတစ်ယောက် အသက်ရှူမှားလုမတတ် နာကျင်မှုကြားကနေ ကောင်းကင်ဘုံရောက်သွားသလို ခံစားလိုက်ရပြီး သိပ်အကြာကြီးတော့ တောင့်မခံနိုင်လိုက်ဘူး။

"အာ့" ခနဲ အသံထွက်သွားပြီးနောက်မှာတော့ သူ့ခေါင်းထဲမှာ ဘာမှမရှိတော့ဘဲ ဗလာကျင်းသွားတော့တယ်။

ယွီးရှောင်ရှောင်က စုပ်သပ်လိုက်ပြီး ရေစည်ထဲကို လက်နှိုက်ပြီး ဆေးကြောလိုက်တယ်။ ပြီးတော့ ကုရှင်းလန်ကို ပြောလိုက်သေးတာ။

"ရှင့်ဟာကို ကြည့်လိုက်တာနဲ့တင် ရှင် တိုက်ပွဲပေါင်းများစွာ မဆင်နွှဲဖူးသေးဘူးဆိုတာ သိသာတယ်" သူမကို ပြုစုပျိုးထောင်ပေးခဲ့တဲ့ ခွေးမသားကြီးက ပြောဖူးတယ်။ ယောကျာ်းတစ်ယောက်က တိုက်ပွဲပေါင်းများစွာကိုသာ ဆင်နွှဲဖူးတယ်ဆိုရင် အဲဒီဟာလေးရဲ့ အရောင်က အရမ်းရင့်တယ်တဲ့။ ကုသခင်လေးရဲ့ ဟာလေးကတော့ ပန်းရောင်သန်းပြီး နုဖတ်နေတာဆိုတော့ ယွီးရှောင်ရှောင် ဘယ်လိုပဲကြည့်ကြည့် အသစ်စက်စက်လေးဖြစ်နေတာပေါ့။

ကုရှင်းလန်ရဲ့ မျက်နှာထားကတော့ တော်တော်လေးကျေနပ်ပြီး တစ်ကိုယ်လုံးလည်း သက်တောင့်သက်သာဖြစ်နေတယ်။ ယွီးရှောင်ရှောင်ရဲ့စကားကို ကြားတော့ သူ့မျက်နှာလေး နီရဲသွားပြီး တိုးတိုးလေး မေးလိုက်လေရဲ့။

"ရှောင်ရှောင်... မင်းက ဘယ်လိုလုပ်ပြီး..." 'မင်းက ဘယ်လိုလုပ်ပြီး ဒါတွေပါ သိနေရတာလဲ' ဆိုတဲ့ မေးခွန်းကိုတော့ ကုတတိယသခင်လေး ဆက်မမေးရဲတော့ဘဲ စကားစပျောက်သွားတော့တယ်။

ယွီးရှောင်ရှောင်ကတော့ "နန်းတော်ထဲမှာ သင်ပေးတယ်လေ" လို့ ပေါ့ပေါ့ပါးပါးပဲ ပြန်ဖြေလိုက်တော့တယ်။

ရှန်ကျုံးဧကရာဇ်ရဲ့ မိန်းမရှုပ်တဲ့ နာမည်ဆိုးကြီးကို တွေးမိလိုက်တော့ ကုရှင်းလန်တစ်ယောက် ဆွံ့အသွားရတာပေါ့။ ဧကရာဇ်ကိုယ်တိုင်ကမှ စိတ်မချရတာ၊ ဧကရာဇ်ရဲ့ သမီးတော်ကရော စိတ်ချရပါ့မလား။ မျှော်လင့်နေလို့ ရပါ့မလားလေ။

ယွီးရှောင်ရှောင်က တဘက်ကို ရေညှစ်လိုက်ပြီး အနားလျှောက်သွားရင်း ကုရှင်းလန်ရဲ့ အရှေ့ဘက်ကိုယ်လုံးကိုပါ ခပ်သွက်သွက် လိုက်သုတ်ပေးတယ်။

"ရှင် စစ်တပ်ထဲမှာနေတုန်းက ငရုတ်ဆုံတွေဘာတွေ မထောင်းဖူးဘူးလား"

ကုရှင်းလန်က ကမန်းကတန်း ခေါင်းခါပြပြီး ပြန်ဖြေရှာတယ်။ "မလုပ်ဖူးပါဘူး၊ အဘိုးက ကျွန်တော်တို့ ညီအစ်ကိုသုံးယောက်စလုံးကို ကိုယ်ကျင့်တရား ကောင်းကောင်းနဲ့ သန့်သန့်ရှင်းရှင်းနေဖို့ အမိန့်ပေးထားတာပါ"

ကိုယ်ကျင့်တရားကောင်းကောင်းနဲ့ သန့်သန့်ရှင်းရှင်းနေရမယ် ဟုတ်လား။ ဒါက ဘယ်လို ထူးဆန်းတဲ့ စည်းကမ်းကြီးလဲ။ ယွီးရှောင်ရှောင် နှုတ်ခမ်းလေး တွန့်သွားတယ်။

ကုရှင်းလန်ကတော့ ယွီးရှောင်ရှောင် သူ့စကားကို မယုံဘူးလို့ပဲ ထင်သွားပြီး သူမလက်ကလေးကို လှမ်းဆုပ်ကိုင်ရင်း ရှင်းပြလိုက်တယ်။

"ရှောင်ရှောင်... ကိုယ်က အရှင်မင်းကြီးနဲ့ မတူပါဘူးကွာ"

အဲ့ဒီ အစုတ်အပြတ်ဘုရင်က အသက်ရှင်နေတာနဲ့ သေနေတာက သိပ်မကွာဘူးရယ်။ ဘယ်လိုလုပ် တူနိုင်ပါ့မလဲ။ ယွီးရှောင်ရှောင်က ဆေးထိုးခံထားရတဲ့ ကုရှင်းလန်ရဲ့ လက်မောင်းကို ကြည့်ရင်း ပြောလိုက်လေတယ်။

"မိနစ်နှစ်ဆယ် ပြည့်သွားပြီ၊ ရှင့်လက်မောင်းကို ပြပါဦး။ အိုကေ... နီလည်းမနီဘူး၊ ရောင်လည်းမရောင်ဘူးဆိုတော့ ဘာပြဿနာမှ မရှိတော့ဘူး"

'အိုကေ' ဆိုတာကရော ဘာအဓိပ္ပာယ်ကြီးလဲ။ ကုရှင်းလန်ရဲ့ တွေးခေါ်နိုင်စွမ်းတွေက ရုန်းကန်ခွင့်လေးတောင် မရလိုက်ဘဲ ယွီးရှောင်ရှောင် ခေါ်ဆောင်ရာနောက်ကို ထပ်ပြီး ပါသွားရပြန်တယ်။

ယွီးရှောင်ရှောင်က ကုရှင်းလန်ကို ပင်နီဆီလင် တစ်လုံးထိုးပေးလိုက်တယ်။ ပြီးတော့ ခြေထောက်နှစ်ဖက်က ပတ်တီးတွေကို ဖြုတ်၊ အနာကိုဆေးကြောပြီး ဆေးထည့်ပေးတာတွေကိုပါ တစ်ဆက်တည်း သွက်သွက်လက်လက် လုပ်ပေးလိုက်တာမို့ ကုရှင်းလန်ခမျာ နာကျင်မှုကို သိပ်မခံစားလိုက်ရဘူးလေ။

"ကျွန်တော့်အနာက နည်းနည်း သက်သာလာပြီလားဟင်" ကုရှင်းလန်က ကိုယ့်အနာကိုယ် ထိုင်ကြည့်ရင်း မေးလိုက်ပေမဲ့ သူမြင်နေရတာကတော့ နည်းနည်းရောင်နေဆဲ၊ အနာကျက်တာ သိပ်မကောင်းသေးတဲ့ ဒဏ်ရာနှစ်ခုပါပဲ။

"ဆေးထိုးပြီးရင် ကောင်းသွားမှာပါ" ယွီးရှောင်ရှောင်က ကုရှင်းလန်ရဲ့ အနာတွေကို ပတ်တီးပြန်စည်းပေးလိုက်ပြီး အားပေးစကား ဆိုလေတယ်။ "အရောင်ကျသွားရင် ကောင်းသွားလိမ့်မယ်၊ ကျွန်မကိုယုံ"

ကုရှင်းလန် ခေါင်းညိတ်ပြလိုက်တာပေါ့။ ပျောက်သွားရင် အကောင်းဆုံးပေါ့လေ။ တကယ်လို့ မပျောက်ခဲ့ရင်တောင်မှ သူ့ရဲ့ ဒီဇနီးလေးကို ကျေးဇူးတင်နေမှာ အသေအချာပါပဲ။

အပြင်ဘက် စင်္ကြံလမ်းကနေ ယွီးရှောင်ရှောင် တံခါးဖွင့်လိုက်တာကို မြင်သွားတဲ့ ဝမ်မောမောတစ်ယောက် သူမရဲ့ ခန္ဓာကိုယ် အရွယ်အစားနဲ့ လုံးဝမလိုက်ဖက်တဲ့ အမြန်နှုန်းနဲ့ ယွီးရှောင်ရှောင်ရှေ့ကို ပြေးလာပြီး လှမ်းမေးပါလေရော။

"ကိစ္စပြီးသွားပြီလား"

ယွီးရှောင်ရှောင်က ဘာမှမတုံ့ပြန်ပေမဲ့ အခန်းထဲက ကုရှင်းလန်ခမျာတော့ ထပ်ပြီး ရှက်သွေးဖြာရပြန်တယ်။ အထိန်းတော်ကြီးက တုတ်ထိုးအိုးပေါက်ကြီးဖြစ်နေလို့ သူ့မိန်းမလေးကလည်း ဒီလို တဲ့တိုးကြီးဖြစ်နေတာများးလား။

"ဆေးထည့်ပေးပြီးပြီ" ယွီးရှောင်ရှောင်က ဝမ်မောမောကို ပြန်မေးတာပေါ့။ "ဒီလောက်တောင် မိုးချုပ်နေပြီကို ဘာလို့ မအိပ်သေးတာလဲ"

ဝမ်မောမောက အခန်းထဲကို ခေါင်းလေးပြူကြည့်လိုက်တယ်။ စောစောက သမက်တော်ရဲ့ အသံကြီးကို ကြားလိုက်ရတာ ရင်တထိတ်ထိတ်နဲ့မို့ သမက်တော် အခု အသက်ရှင်လျက် ရှိသေးရဲ့လားဆိုတာ သိချင်နေတာလေ။

"ရှောင်ကုကို ကြည့်ချင်လို့လား" ယွီးရှောင်ရှောင်က ဝမ်မောမောကို လမ်းဖယ်ပေးလိုက်တော့တယ်။

"ဒါဆိုလည်း ဝင်ကြည့်လေ"

ဝမ်မောမောခမျာ ချက်ချင်းပဲ လှည့်ထွက်သွားတော့တယ်။ သမက်တော်က အဝတ်အစား မဝတ်ရသေးရင် ဘယ်လိုလုပ်မလဲ။ သူမက အသက်ကြီးနေပြီ သိက္ခာလေးတော့ ဆယ်ပါရစေဦး။

ခုနလေးတင် သူမနဲ့ သေချာစကားပြောနေပြီးမှ ရုတ်တရက်ကြီး လှည့်ထွက်သွားတဲ့ ဝမ်မောမောကိုကြည့်ရင်း ဒီအဒေါ်ဖက်တီးရဲ့ သွေးဆုံးကိုင်တဲ့ လက္ခဏာက ပိုပြီး ဆိုးလာပြီထင်တယ်လို့ ယွီးရှောင်ရှောင် တွေးလိုက်မိတော့တယ်။

ကုရှင်းလန်တစ်ယောက် စိတ်အိုက်စရာတွေလည်း ပြေလျော့သွားသလို ပင်နီဆီလင် တစ်လုံးလည်း အထိုးခံလိုက်ရတော့ တစ်ကိုယ်လုံး ပေါ့ပါးသွားပြီး မကြာခင်မှာပဲ ခုတင်ပေါ်တင် အိပ်ပျော်သွားတော့တယ်။

ယွီးရှောင်ရှောင်က ကုရှင်းလန်ရဲ့ ခုတင်ဘေးမှာ ခဏလောက် ထိုင်စောင့်ပေးနေသေးတယ်။ ကုရှင်းလန် ဒီည ထပ်ပြီး ဖျားတော့မှာ မဟုတ်ဘူးဆိုတာ သေချာသွားတဲ့နောက်မှာတော့ အရင်နေ့က သူမ ဝတ်ခဲ့တဲ့ ကုရှင်းလန်ရဲ့ အနက်ရောင်ဝတ်ရုံကို ပြန်ထုတ်ယူလိုက်ပြီး ဝမ်ဖုန်းလင်ဆီ သွားဖို့ ပြင်ဆင်လိုက်တော့တယ်။

ဝမ်မောမောက စင်္ကြံလမ်းအဆုံးမှာ ရပ်နေရင်း အနက်ရောင်ဝတ်စုံကြီးနဲ့ အခန်းထဲက ထွက်လာတဲ့ သူမရဲ့မင်းသမီးလေးကို လှမ်းကြည့်နေမိတာပေါ့။ မင်းသမီးလေးရဲ့ ကိုယ်လုံးလေး တစ်ချက် လှုပ်ရှားသွားပြီးတာနဲ့ ညအမှောင်ထုထဲကို ဝင်ရောက်ပျောက်ကွယ်သွားပါလေရော။ ဝမ်မောမောခမျာ ရင်ထဲ ပူပန်ရနေပေမဲ့ အသံတစ်ချက်လေးတောင် ထွက်မလာရဲရှာဘူး။ အခန်းတံခါးရှေ့ကို ခြေသံဖော့ပြီး တိတ်တိတ်လေး လျှောက်သွားလိုက်ရတယ်။ မင်းသမီးလေးအတွက် ဘယ်မှမသွားရဲဘဲ တိတ်တိတ်လေး တံခါးစောင့်ပေးနေတာပေါ့။

ယွီးရှောင်ရှောင်ကတော့ ခြံတံတိုင်းကို ခုန်ကျော်ပြီး ကုစံအိမ်ထဲကနေ ထွက်လာခဲ့ပြီလေ။ ရှောင်ဝေဆီကနေ ဟူကော်ဘုရားကျောင်းရဲ့ လိပ်စာကို မေးထားပြီးပြီဆိုတော့ မြို့တောင်ဘက်ဆီကို တန်းပြီး ပြေးသွားတော့တာပေါ့။

ဟူကော်ဘုရားကျောင်းထဲမှာတော့ ဆရာတော်လေးဖုန်းလင်က မအိပ်သေးပါဘူး။ ပုထိုင်ရုပ်တုကြီးရှေ့မှာ တင်ပျဉ်ခွေထိုင်ရင်း မျက်စိကို မှိတ်ပြီး လက်ထဲက ဗောဓိသစ်သားပုတီးကုံးကို စိပ်နေတယ်။

အတူပါလာတဲ့ ကိုယ်တော်တစ်ပါးက သက်သတ်လွတ်ဆွမ်းတစ်ခွက်ကို ကိုင်ပြီး ဘုရားကျောင်းထဲ ဝင်လာတယ်။

"ဆရာတော်လေး... ညဉ့်နက်နေပါပြီ၊ ဆွမ်းလေး ဘုန်းပေးလိုက်ပါဦး"

ဆရာတော်လေးဖုန်းလင်က အဲ့ဒီကိုယ်တော်ကို လှည့်တောင်မကြည့်ဘဲ "တစ်နာရီလောက်နေမှ ပြန်လာပို့ချေ" လို့ မိန့်လိုက်လေတယ်။

"တင်ပါ့" ကိုယ်တော်က ဆရာတော်လေးဖုန်းလင်ရဲ့ အလိုကို မဆန့်ကျင်ရဲတာမို့ ခေါင်းညိတ် ဝန်ခံလိုက်ရတာပေါ့။

"ချန်ကွမ်း ဘယ်မှာလဲ" လို့ ဆရာတော်လေးဖုန်းလင်က ထပ်မေးပြန်တယ်။

"သူ့အခန်းထဲမှာ ကျားကွက်တွေကို လေ့လာနေပါတယ်" လို့ ကိုယ်တော်က ပြန်ဖြေလေရဲ့။

"ချန်ကွမ်းရင်ထဲမှာ ဘုရားကျောင်း မရှိတော့ဘူးဆိုရင် ဒီလူကို ဆက်ထားစရာ မလိုတော့ဘူးလို့ ဆရာတော်က မိန့်ဖူးတယ်" ဆရာတော်လေးဖုန်းလင်က တည်ငြိမ်တဲ့ မျက်နှာထားနဲ့ပဲ ဆက်ပြီး ပြောလိုက်တာပေါ့။ "မင်းသမီးလင်းလုံဆီ သူပို့လိုက်တဲ့ စာကို ငါဖတ်ပြီးပြီ"

"ဒါဆို ဆရာတော်လေးရဲ့ သဘောက..."

ဆရာတော်လေးဖုန်းလင်ရဲ့ လက်ထဲက ပုတီးစိပ်နေတာလေး ရပ်တန့်သွားပြီး ယုံရှန်းဘုရားကျောင်းရဲ့ ဆရာတော်လေးက ပြတ်ပြတ်သားသားပဲ အမိန့်ပေးလိုက်တော့တယ်။

"အဲဒီလူကို ဆက်ထားစရာ မလိုတော့ဘူး"

…

All Chapters