← Chapters

အခန်း ၁၀၁၂

Vol. 68 Ch. 1012

အခန်း ၁၀၁၂

Vol. 68 Ch. 1012

ထာဝရနဂါးတန်ခိုးရှင် ( လုမင် )

မူရင်း စာရေးဆရာ - Mu Tong Ting Zhu၊ 牧童听竹

ဘာသာပြန်သူ - ထာဝရ

အပိုင်း ( 1012 ) အဆင့်လေး ရေတာအို။

မိုင်သန်းချီကာ ထွက်လာပြီးနောက် ရေကန်ငယ်တစ်ခုတွင် လုမင် ပေါ်လာသည်။ ထို့နောက် တောင်တန်းနှင့်မြစ်ပြင် ပန်းချီကားအတွင်းသို့ဝင်ကာ တောင်ထိပ်တစ်ခုတွင် တင်ပျဥ်ခွေ ထိုင်လိုက်၏။ ထို့နောက်မှာတော့ ယခင်က သူဝါးမျိုခဲ့သော သွေးအနှစ်သာရသွေးနှင့် တာအိုများကို စတင်သန့်စင်တော့သည်။

ယခုတစ်ကြိမ်တွင်၊ လုမင်က ဝိညာဉ်သန္ဓေသားနယ်ပယ် ကျွမ်းကျင်သူ တစ်ရာကျော်၏ အနှစ်သာရအားလုံးကို ဝါးမြိုထားခဲ့သည်။ ၎င်းတို့အထဲတွင် ဝိညာဉ်သန္ဓေသားနယ်ပယ် အဆင့်ရှစ်၊ အဆင့်ကိုးက များပြီး ဝိညာဉ်သန္ဓေသားနယ်ပယ် ပြီးပြည့်စုံမှုများပင် ရှိ၏။ ထို့အပြင် ထိုလူအများစုက ရေတာအိုကို လေ့ကျင့်ထားခဲ့ကြပေသည်။

ဤမျှလောက်သော တာအိုအများအပြားကို စဉ်ဆက်မပြတ် သန့်စင်ပြီးနောက် လုမင်၏ ရေတာအိုက လျင်မြန်စွာမြင့်မားလာခဲ့သည်။

နာရီအနည်းငယ်အကြာတွင်၊ လုမင်၏ ရေတာအိုက တတိယအဆင့် ကြီးမားသော အောင်မြင်ခြင်းသို့ ချိုးဖြတ်သွားပြီး ဆက်လက် တိုးတက်နေတော့သည်။

အဆင့်သုံး အစောပိုင်းအဆင့်၊ အလယ်တန်း အဆင့်၊ နှောင်းပိုင်းအဆင့်...

တာအိုအားလုံးကို သန့်စင်ပြီးနောက် လုမင်၏ ရေတာအိုဟာ အဆင့်သုံး နှောင်းပိုင်းအဆင့်သို့ တရှိန်ထိုး ရောက်ရှိသွားခဲ့သည်။

လုမင်၏ ရေတာအိုက အဆင့်သုံး‌ နှောင်းပိုင်းအဆင့်သို့ ရောက်ရှိသောအခါ လုမင်၏ဒန်တျန်အတွင်းမှ ဝိညာဉ်သန္ဓေသားက လှုပ်ရှားလာသည်။ ဝါးမျိုထားခဲ့သော စွမ်းအင်များဟာ ထွက်ပေါက်တစ်ခုကို ရှာတွေ့သွားခဲ့ပုံ ရ၏။ ၎င်းက ယွမ်ချီစွမ်းစွမ်းအင်အဖြစ် ပြောင်းလဲသွားကာ ကျင့်ကြံခြင်းအခြေခံကလည်း အရူးအမူး မြင့်တက်လာတော့သည်။

နှစ်ဝက်ကျော်အတွင်း ရပ်နေခဲ့သော လုမင်၏ ကျင့်ကြံခြင်းအခြေခံဟာ လျင်မြန်စွာ မြင့်တက်လာခဲ့သည်။

အဆင့်ရှစ် ဝိညာဉ်သန္ဓေသားနယ်ပယ် အစောပိုင်းအဆင့်၊ အလယ်လတ်အဆင့်…

လူတိုင်း၏စွမ်းအင်ကို လုံး၀ သန့်စင်ပြီးသောအခါ၊ လုမင်၏ ကျင့်ကြံခြင်းအခြေခံက အဆင့်ရှစ် ဝိညာဉ်သန္ဓေသားနယ်ပယ် အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့သည်။

သို့ရာတွင် သွေးအနှစ်သာရအားလုံးကို အသုံးပြုခဲ့သည့်တိုင် နဝမနဂါး သွေးမျိုးဆက်ကတော့ မတိုးတက်သေး‌ပေ။

စွမ်းအင်အားလုံးကို သန့်စင်ပြီးနောက် လုမင် မျက်လုံးကို ဖွင့်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူ့လက်ထဲတွင် ကြာပလ္လင်တစ်ခု ပေါ်လာသည်။

ကြာပလ္လင်ပေါ်တွင် ပွင့်ချပ်ရှစ်ဆယ့်တစ်ခုရှိပြီး ပွင့်ချပ်တစ်ခုစီက သိပ်သည်းသော ရေတာအို၊ ရေစွမ်းအင်တို့ ပြည့်နှက်နေပေသည်။

လုမင်က သူ၏ ရေတာအိုကို မြှင့်တင်ရန်အတွက် ရေနက်ကြာပလ္လင်အား အသုံးပြုရန် စီစဉ်ထားခဲ့သည်။

ဦးစွာ ပန်းပွင့်ချပ်သုံးပွင့်ကို နှုတ်ယူပြီး မျိုချလိုက်သည်။

ပန်းပွင့်များကို သန့်စင်ပြီးနောက် သူ့ပါးစပ်ထဲတွင် ပျော်ဝင်သွားသည်။ သူ၏ လည်ချောင်းထဲသို့ စီးဝင်သွားသော အေးမြသည့် ခံစားမှုတစ်ခုဟာ ခန္ဓာကိုယ်တစ်ခုလုံးကို အေးမြစေသော စွမ်းအင်အဖြစ်သို့ ပြောင်းလဲသွားသည်။

ဤအခိုက်တွင် လုမင်က အဆုံးမဲ့ရေငွေ့ထဲ၌ နှစ်မြှုပ်နေခဲ့ပုံရသည်။ ရေတာအိုကို ပို၍ပင် ရှင်းရှင်းလင်းလင်း ခံစားလာရ၏။ လုမင်လည်း မျက်လုံးများကို မှိတ်ထားကာ ဆက်လက် လေ့ကျင့်နေတော့သည်။

ပန်းပွင့်ချပ်သုံးခု၏ စွမ်းအင်များ ပျောက်ကွယ်သွားသောအခါ လုမင်က နောက်ထပ်ပွင့်ချပ်သုံးပွင့်ကို ဆက်၍ မျိုချလိုက်သည်။

ဤသို့ဖြင့် လုမင်၏ရေတာအိုက လျင်မြန်စွာ မြင့်တက်လာပြန်တော့သည်။

နှစ်ဆယ့်ခုနစ်ခုမြောက် ပွင့်ချပ်ကို သန့်စင်ပြီးနောက်၊ သူ၏ ရေတာအိုက အဆင့်သုံး ပြီးပြည့်စုံမှုသို့ ချိုးဖြတ်သွားခဲ့သည်။ ၎င်းက လေ၊ မီး၊ မိုးကြိုး တာအိုတို့နှင့် တူညီကာ မြေတာအိုထက်ပင် အနည်းငယ် မြင့်မားသွားပေသည်။

မြေတာအိုက အဆင့်သုံး ကြီးမားသော အောင်မြင်ခြင်း၏ အထွတ်အထိပ်တွင်သာ ရှိသေးသည်။ ၎င်းက အဆင့်သုံး ပြီးပြည့်စုံခြင်းမှ ခြေတစ်လှမ်း ဝေးနေဆဲ ဖြစ်သည်။

သို့ရာတွင် ယင်းက အဆုံးမဟုတ်သေးပါ။ လုမင်က ကျန်ရှိသော ပန်းပွင့်ချပ်များကို ဆက်လက် သန့်စင်ခဲ့သည်။

သူက ရေတာအို အဆင့်လေးသို့ ရည်မှန်းထားပေသည်။

ရေနက်ကြာပလ္လင်က အဆင့်သုံးရေတာအိုမှ အဆင့်လေးသို့ ချိုးဖြတ်မည့်သူများအတွက် အလွန်အသုံးဝင်သည်။ ဤသည်မှာ စကားသက်သက်မဟုတ်ဘဲ တကယ်ကို အံ့ဖွယ်ကောင်းသည့် အကျိုးသက်ရောက်မှုများ ရှိသည်။

ထို့အပြင် လုမင်၏ လက်ရှိ နားလည်နိုင်စွမ်းက ကြောက်စရာကောင်းလှသည်။ ထို့ကြောင့် ကြာပန်းပွင့်ချပ်အားလုံးကို သန့်စင်လိုက်သောအခါ လုမင်က အမှန်တကယ်ပင် ပိတ်ဆို့မှုကို ဖြတ်ကျော်လာပြီး ရေတာအို အဆင့်လေးသို့ ရောက်ရှိသွားတော့သည်။

ရေတာအိုက လုမင် နားလည်သော နောက်ဆုံးတာအိုဖြစ်သော်လည်း စတုတ္ထအဆင့်သို့ ပထမဆုံးဖြတ်ကျော်နိုင်လိမ့်မည်ဟု ဘယ်တုန်းကမှ မတွေးခဲ့ဘူးပေ။

လုမင်လည်း မျက်လုံးများကို ဖွင့်လိုက်ပြီးနောက် ဝမ်းသာအားရ အမူအရာကို လှစ်ဟလာခဲ့သည်။

ရေတာအိုကို အဆင့်လေးသို့ ဖြတ်ကျော်နိုင်ခဲ့သည်က သူ၏ မျှော်လင့်ချက်ကို ကျော်လွန်သွားခဲ့ပြီ။

မူလက သူ့တွင် အောင်မြင်စွာ ဖြတ်ကျော်နိုင်ရန် မျှော်လင့်ချက်များ မရှိပါ။ နောက်ဆုံးတွင် စတုတ္ထအဆင့် တာအိုက နောက်ဆုံးဖြစ်၍ ဖြတ်ကျော်နိုင်ရန် အင်မတန် ခက်ခဲသည်။

မျိုးဆက်ဟောင်းမှ ကျွမ်းကျင်သူအများအပြားဆိုလျှင် ဤအဆင့်တွင် ပိတ်မိနေပြီး ၎င်းတို့ တစ်သက်တာလုံး မဖြတ်ကျော်နိုင်ခဲ့ပေ။

လုမင်ကိုယ်တိုင်လည်း ဤတစ်ကြိမ်တွင် တစ်ကြိမ်တည်းဖြင့် ဖြတ်ကျော်သွားလိမ့်မည်ဟု မတွေးခဲ့ဘူးပေ။

လုမင်ဟာ ၎င်းက သူပိုင်ဆိုင်ထားသော ကံကောင်းခြင်းမှ နားလည်နိုင်စွမ်းဆယ်ဆ တိုးတက်ခြင်းနှင့် ဆက်စပ်နေကြောင်း သဘောပေါက်ခဲ့သည်။

ထိုသို့မဟုတ်ပါက ရေနက်ကြာပလ္လင်ကဲ့သို့ ရတနာတစ်ခုကို ပိုင်ဆိုင်ထားခဲ့လျှင်ပင် စတုတ္ထအဆင့်ကို လွယ်လွယ်နှင့် ဖြတ်ကျော်နိုင်ရန် လုံးဝမဖြစ်နိုင်ပါချေ။

ဟုတ်သည်၊ ဝိညာဉ်နတ်ဘုရားနယ်ပယ်၏ အတားအဆီးက တာအိုကို နားလည်ဆင်ခြင်ခြင်းလောက် မရိုးရှင်းပါ။ အချို့လူများဆိုလျှင် အဆင့်လေးတာအိုကို နားလည်ပြီးသည့်တိုင် ဝိညာဉ်နတ်ဘုရားနယ်ပယ်သို့ မဖြတ်ကျော်နိုင်ပေ။ ဟုတ်သည်၊ လုမင်ကိုယ်တိုင်က ​​ဝိညာဉ်နတ်ဘုရားနယ်ပယ်နှင့် အလှမ်းဝေးနေသေး၍ ယခုလောလောဆယ် စဉ်းစားနေစရာ မလိုချေ။

'ဆယ်ရက်တောင် ကြာသွားပြီပဲ၊ အပြင်ထွက်ဖို့ အချိန်ရောက်ပြီ။ နောက်ပိုင်းကျရင် ရှေးဟောင်းသန့်စင်မင်းဆက်ကိုသွားရင် ငါလေ့ကျင့်ရမယ်'

လုမင်လည်း သူ့စိတ်ထဲမှ တွေးလိုက်သည်။

ယင်းက သူ၏ လက်ရှိ အစီအစဉ်ပင်။

သူ၏ ကျင့်ကြံခြင်းအခြေခံမှာ ယခုအချိန်အထိ အားနည်းနေဆဲ ဖြစ်သည်။ ရှေးဟောင်း သန့်စင်မင်းဆက်သို့ ရောက်ခဲ့လျှင်ပင် ရှဲ့နျန်ချင်းကို ပြန်ခေါ်လာရန် ခွန်အားမရှိပေ။ လေ့ကျင့်ရန်နှင့် ခွန်အားမြှင့်တင်ရန်အတွက် စွန့်စားခန်းထွက်ကာ ခရီးသွားရန် စီစဉ်ထားခဲ့သည်။

တောင်တန်းနှင့်မြစ်ပြင် ပန်းချီကားမှ ထွက်လာပြီးနောက် လုမင်ဟာ အနောက်ဘက်သို့ ဦးတည်ပျံသန်းသွားခဲ့သည်။

လုမင်၏ လက်ရှိအမြန်နှုန်းအရ အပြင်းမသွားလျှင်ပင် တစ်ရက်အတွင်း မိုင်သန်းချီ၍ ရောက်သွားနိုင်ဆဲပင်။

သူ့ရှေ့တွင် မြို့ကြီးတစ်ခု ပေါ်လာသည်။

မြို့တံခါးတွင် ရှီရွယ်မြို့ဟူသော စကားလုံးကြီးသုံးလုံးကို မြင်လိုက်ရ၏။

လုမင် မျက်ခုံးတွန့်သွားသည်။

တိုက်တိုက်ဆိုင်ဆိုင်ပင်၊ လွန်ခဲ့သည့် ဆယ်ရက်အကြာက ချူခွမ်းဟာ ဆယ်ရက်အတွင်း တိတ်တဆိတ်ကျင့်ကြံခြင်း ပြီးဆုံးပါက ရှီရွယ်မြို့တွင် သူနှင့်အတူသောက်ရန် လာရောက်နိုင်ကြောင်း လုမင်အား ပြောခဲ့သည်။

ယခင်က လုမင်သည် ၎င်းကို စိတ်ထဲမထားခဲ့သော်လည်း ရှီရွယ်မြို့သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။

'ရောက်လာပြီဆိုမှတော့ တည်းခိုခန်းကို သွားကြည့်ဦးမှပဲ။ မကြာခင်မှာ ကြီးကျယ်ခမ်းနားတဲ့ အဖြစ်အပျက်တစ်ခု ရှိလာမယ်လို့ ချူခွမ်းက ပြောတယ်။ အဲဒါက ဘာလဲမသိဘူး'

လုမင်လည်း ပြုံးကာ ရှီရွယ်မြို့တွင်းသို့ ဝင်လာခဲ့လိုက်သည်။

ရှီရွယ်မြို့သည် လီရွှေမြို့ထက် နှစ်ဆကြီးမားသည်။ ရှောင်ရွယ်တည်းခိုဆောင်သည် ရှီရွယ်မြို့တွင် အလွန်ကျော်ကြား၏။

အကြောင်းမှာ ရှောင်ရွယ်တည်းခိုဆောင်က ရှီရွယ်မြို့တွင် အကြီးဆုံးသော တည်းခိုဆောင်တစ်ခု ဖြစ်သောကြောင့်ပင် ဖြစ်သည်။

ကျပန်းလူတစ်ယောက်ကို မေးကြည့်ရုံဖြင့် လုမင်ဟာ ရှောင်ရွယ်တည်းခိုဆောင်ရှိရာကို သိလိုက်ရ၏။ လမ်းအနည်းငယ်ကို ဖြတ်ကျော်ပြီးနောက် ငါးထပ်တည်းခိုဆောင်ကြီးတစ်ခု သူ့မျက်စိရှေ့တွင် ပေါ်လာသည်။

"သခင်လေး၊ ခင်ဗျား ဒီမှာ အရက်သောက်ချင်လား။ ဟန်ချင်းတောင်တန်းဒေသ တစ်ခုလုံးမှာတောင် ကျုပ်တို့တည်းခိုဆောင်ရဲ့အရက်က ထိပ်တန်းအဆင့်မှာ ရှိပါတယ်"

လုမင် တည်း‌ခိုဆောင်ထဲကို ဝင်လာသည်နှင့် စားပွဲထိုးတစ်ယောက်က အနားရောက်လာသည်။

"ငါက တစ်စုံတစ်ယောက်ကို ရှာဖို့ လာတာပါ"

လုမင် ပြောလိုက်၏။

"အိုး၊ ဘယ်သူကို ရှာနေတာလဲ။ ကျုပ်တို့ တည်းခိုဆောင်ကို သောက်သုံးဖို့ ဝင်လာသူတိုင်းကို အသေချာ မှတ်ထားပါတယ်"

စားပွဲထိုးက ပြန်ဖြေလိုက်သည်။

"ချူခွမ်း"

လုမင်က ပြောသည်။

"အိုး၊ ခင်ဗျားက သခင်လေးချူခွမ်း စောင့်နေတဲ့ ဧည့်သည်ပဲ၊ သခင်လေးချူခွမ်းက ပဉ္စမထပ်က အခန်းထဲမှာ ရှိပါတယ်။ သူက ဒီမှာ သောက်နေတာ သုံးရက်ရှိပြီ။ နောက်ရက်ကျရင် သူ့သူငယ်ချင်းတစ်ယောက် ရောက်လာမယ်လို့ ပြောတယ်၊ အခု ရက်နည်းနည်းကြာပြီဆိုတော့ ခင်ဗျားပဲ ဖြစ်ရမယ်။ ကျေးဇူးပြုပြီး ကျုပ်နောက်ကို လိုက်ခဲ့ပါ"

စားပွဲထိုးလေးက ပြောလိုက်သည်။

လုမင် အံ့ဩသွား၏။ ချူခွမ်းက သူ့ကို ဤနေရာတွင် သုံးရက်တိုင်တိုင် အမှန်တကယ် စောင့်မျှော်နေမည်ဟု မမျှော်လင့်ဘဲပေ။

ချူခွမ်းက မိတ်ဆွေဖွဲ့ရတာ နှစ်သက်သည်ဟု လူအများက ပြောကြတာ ချဲ့ကားရာမကျပုံရသည်။

စားပွဲထိုးနောက်မှ လိုက်ပါလာကာ နောက်ဆုံးတွင် ငါးလွှာရှိ သီးသန့်ခန်းရှေ့သို့ ရောက်လာသည်။ စားပွဲထိုးက မခေါ်မီတွင် သီးသန့်ခန်းတွင်းမှ ကျယ်လောင်သော ရယ်မောသံ ထွက်လာခဲ့၏။

"ဟားဟားဟား၊ အစ်ကိုလု၊ မင်း ရောက်လာကတည်းက မင်းရဲ့ အရှိန်အဝါကို ငါ ခံစားရတယ်"

"ကျွီ"

ထို့နောက် အခန်းတံခါးပွင့်ကာ ပြုံးရွှင်နေသော မျက်နှာအမူအရာဖြင့် ချူခွမ်း ထွက်လာခဲ့လေသည်။

စားပွဲထိုးလေးလည်း ပြန်ဆုတ်သွားခဲ့သည်။

"အစ်ကိုချူး၊ မင်းငါ့ကို စောင့်နေတာလား"

လုမင် မေးလိုက်သည်။

"ဟုတ်တယ်လေ၊ ငါက မင်းနဲ့ သူငယ်ချင်းဖြစ်ချင်တယ်လို့ ပြောပြီးမှတော့ ဒီမှာစောင့်နေရတာ သဘာဝပါပဲ။ ဒါပေမဲ့ အစတုန်းကတော့ မင်းမလာရင် ငါထွက်သွားတော့မလို့ပဲ။ ကံကောင်းထောက်မလို့ မင်းရောက်လာခဲ့တယ်။ အစ်ကိုလု၊ မင်းငါ့ကို မှတ်မိနေသေးတာပဲ၊ ဟားဟားဟား"

ချူခွမ်းက ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။

လုမင်လည်း တိတ်တဆိတ် ရှက်သွား၏။ သူဟာ ဤနေရာသို့လာရန် စီစဉ်မထားဘဲ ရှီရွယ်မြို့ကို မတော်တဆရောက်လာသောကြောင့် ဝင်ကြည့်ဖြစ်ခဲ့ခြင်း ဖြစ်သည်။

"အစ်ကိုလု ကျေးဇူးပြုပြီး... အရက်တွေ အဆင်သင့်ဖြစ်ပြီ"

ချူခွမ်းက သူ့လက်ကို ဝှေ့ယမ်းလိုက်၏။ လုမင်နှင့် ချူခွမ်းလည်း သီးသန့်ခန်းထဲသို့ ဝင်လာခဲ့ကြသည်။

သီးသန့်ခန်း၏ ထောင့်မှာတော့ အိုးအလွတ်များ အများအပြားရှိနေပြီ။ ချူခွမ်းဟာ ဤရက်များတွင် အရက်အများအပြား သောက်ထားခဲ့ကြောင်း ထင်ရှားသည်။

"ဟားဟားဟား၊ အစ်ကိုလု... ငါက အရက်ကြိုက်တယ်လေ။ ရှောင်ရွယ်တည်းခိုဆောင်မှာ မကြာခဏ အရက်လာသောက်ဖြစ်တယ်"

ချူခွမ်းက ရယ်မောကာ ပြောလိုက်၏။

စားပွဲပေါ်မှာတော့ အရက်အိုးနှစ်လုံး ထပ်မံ ရောက်ရှိနေကြပြီ ဖြစ်သည်။

--------

All Chapters