အခန်း ၁၀၂၅
Vol. 69 Ch. 1025
ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu၊ 牧童听竹
ဘာသာပြန်သူ - ထာဝရ
အပိုင်း ( 1025 ) ရွယ်လော့ကျစ်နှင့် တိုက်ပွဲ။
ကျင်းခုန်းလင်၊ ကျွင်းယွဲ့၊ ခုန်းရှင်း၊ ရင်ပီဖိုနှင့် အခြားသူများလည်း မျက်နှာ လေးနက်သွားကြသည်။
လုမင်၏ တိုက်ခိုက်နိုင်စွမ်းက ၎င်းတို့ အဆင့်နှင့် နီးကပ်နေခဲ့ပြီ။
"အံ့သြစရာပဲ"
စန္ဒကူးနတ်သမီး၏ မျက်လုံးများက စိတ်လှုပ်ရှားမှုများဖြင့် တောက်ပလာသည်။
"ဟေ့ကောင်၊ ငါမင်းကို ရပ်ခိုင်းနေတာ မင်းမကြားဘူးလား"
လုမင်ကို စိုက်ကြည့်နေသော ရွယ်လော့ကျစ်၏မျက်နှာက မည်းမှောင်သွားသည်။
လုမင်က ရွယ်လော့ကျစ်ကို လျစ်လျူရှုစွာဖြင့်ကြည့်ကာ ပြောလိုက်၏။
"ဒါက ဟွမ်ကွေ့နဲ့ ငါ့ရဲ့ တိုက်ပွဲပဲ၊ မင်းရပ်ခိုင်းတိုင်း ရပ်ရအောင် မင်းကိုယ်မင်း ဘယ်သူလို့ထင်လို့လဲ"
လုမင်၏အသံကို ကြားလိုက်ရပြီးနောက် နေရာတစ်ခုလုံး တိတ်ဆိတ်သွားသည်။
ခြံဝင်းအတွင်းသာမကဘဲ အပြင်ဘက်မှလူများလည်း အံ့အားသင့်စွာဖြင့် မျက်လုံးပြူးသွား၏။
မင်းကိုယ်မင်း ဘယ်သူလို့ထင်လို့လဲ။
လုမင်က ရွယ်လော့ကျစ်ကို ထိုသို့ပြောဝံ့ခြင်းမှာ သေချင်နေလို့လား။
ချူခွမ်း၊ ကျန်းဝမ်ကျင်းနှင့် ဟိုင်ကျစ်မင်တို့လည်း လေအေးကြီးကို ရှူရှိုက်လိုက်မိသည်။
"မကောင်းတော့ဘူး"
ချူခွမ်းနှင့် ကျန်းဝမ်ကျင်းလည်း မျက်နှာအမူအရာများ ပြောင်းလဲသွားကာ စိတ်ပူသော အမူအရာများ ပေါ်လာသည်။
လုမင်က သန်မာသော်လည်း ရွယ်လော့ကျစ်၏ ပြိုင်ဘက် မဖြစ်သင့်ပေ။ နောက်ဆုံးတွင် ရွယ်လော့ကျစ်က ဒုတိယတန်းစား ပါရမီရှင်တစ်ယောက် ဖြစ်သည်။
တတိယတန်းစား ပါရမီရှင်နှင့် ဒုတိယတန်းစား ပါရမီရှင်ကြားမှ တိုက်ခိုက်နိုင်စွမ်း ကွာခြားချက်မှာ ကြီးမားလှပေသည်။
ယင်းမှာ ထိုစဉ်က နတ်ဧကရာဇ်ကဲ့သို့ပင်။ သူသာ အင်အားအပြည့် အသုံးပြုခဲ့ပါက ရွယ်ကျန့်ရီအား တိုက်ကွက်အနည်းငယ်ဖြင့် သတ်နိုင်သည်။
မျှော်လင့်ထားသည့်အတိုင်းပင်၊ လုမင်ကို အေးစက်စက်ဖြင့် စိုက်ကြည့်ရင်း ရွယ်လော့ကျစ်၏ ခန္ဓာကိုယ်မှ အေးစက်စက် သတ်ဖြတ်လိုစိတ်များ ဖြစ်ပေါ်လာသည်။ သူက ဒေါသတကြီးဖြင့် ရယ်မောကာ ပြောလိုက်၏။
"ဟားဟားဟား၊ မင်းက ငါ့ကို တကယ်ပဲ ဒီလိုမျိုး ပြောရဲတယ်ပေါ့။ မင်းမှာ အရည်အချင်းနည်းနည်းရှိတာနဲ့ လေပေါ်မှာ လွင့်နိုင်ပြီလို့ ထင်နေတာလား။ တကယ့်ခွန်အားက ဘာလဲဆိုတာ မင်းသိအောင် ငါပြမယ်။ မင်းပြောခဲ့တဲ့ စကားအတွက် ကြီးကြီးမားမား ပြန်ပေးဆပ်ရမယ်"
ပြောပြီးသည်နှင့် ရွယ်လော့ကျစ်၏ပုံရိပ်က လှုပ်ရှားသွားပြီး တိုက်ပွဲစင်မြင့်ပေါ်တွင် ပေါ်လာသည်။ ကြောက်မက်ဖွယ်ရာ သတ်ဖြတ်ချင်စိတ်များက လေထဲတွင် ပြည့်သွားခဲ့ရာ လူများစွာ တုန်လှုပ်ခြောက်ခြားသွား၏။
လူတိုင်း တုန်လှုပ်သွားကြသည်။ ရွယ်လော့ကျစ်က လုမင်ကို တိုက်ခိုက်ပေတော့မည်။ သူက လုမင်ကို သတ်ချင်နေသည်။
မဏ္ဍပ်ထဲတွင်၊ ကျင်းခုန်းလင်က မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။
"ရွယ်လော့ကျစ်၊ နင် အရမ်းလွန်သွားပြီ။ နင် တိုက်ချင်ရင် ငါလိုက်ပါပေးမယ်"
လုမင်က ချူခွမ်း၊ ကျန်းဝမ်ကျင်းတို့နှင့်အတူ လိုက်ပါလာခဲ့ခြင်း ဖြစ်သည်။ ဟန်ချင်းတောင်ဂိုဏ်း၏ နံပါတ်တစ်အနေဖြင့် ကျင်းခုန်းလင်သည် ရွယ်လော့ကျစ်မှ လုမင်ကို သတ်လိုက်မည်အား သဘာဝအတိုင်း လက်ပိုက်ကြီးပြီး ကြည့်မနေနိုင်ပေ။
"ကျင်းခုန်းလင်၊ မင်းက တခြားသူတွေရဲ့ ကိစ္စမှာ ဝင်စွက်နေတာလား"
ရွယ်လော့ကျစ်က အေးစက်စက်ဖြင့် ပြောသည်။
"ဘာဖြစ်လဲ"
ကျင်းခုန်းလင်က မတ်တပ်ရပ်လိုက်သည်။ သူ့ခန္ဓာကိုယ်ကို မြူခိုးများက ဝိုင်းရံထားသောကြောင့် သူ့ကို ပို၍ပင် ထူးကဲသောအသွင် ဆောင်စေခဲ့၏။
"မိန်းကလေးကျင်း၊ မင်းဘာမှလုပ်စရာ မလိုပါဘူး။ ငါတစ်ယောက်တည်းက ဒီသွေးလင်းနို့ကို ကိုင်တွယ်ဖို့ လုံလောက်ပြီ"
လုမင်၏အသံက ထပ်မံ ထွက်ပေါ်လာပြီး ကျန်လူများကို တိတ်ဆိတ်သွားစေခဲ့သည်။
လုမင်က ရွယ်လော့ကျစ်ကို တစ်ယောက်တည်း ကိုင်တွယ်တော့မည်ဟု ပြောခဲ့သည်။ သူ့မျက်နှာမှာလည်း ယုံကြည်မှုအပြည့်ရှိနေခဲ့၏။
သူ၏ ယုံကြည်မှုက ဘယ်ကလာသနည်း။
"ခစ်ခစ်၊ အမခုန်းလင်၊ နင် ဝင်စွက်ဖက်ဖို့ မလိုဘူးလို့ ငါထင်တယ်။ ဖြစ်နိုင်တာက အံ့သြစရာတွေ ရှိလိမ့်မယ်"
စန္ဒကူး နတ်သမီးက ပြုံးလိုက်သည်။ ယခုအခါ သူမက လုမင်ကို ပို၍ပင် သိချင်လာခဲ့ပြီ။
ကျင်းခုန်းလင်၏အကြည့်များက လှုပ်ရှားသွားပြီးနောက် ဘာမှ မပြောတော့ဘဲ ထိုင်လိုက်သည်။
"မင်းက လုရှောက်ချင်းနော်၊ မဆိုးဘူး။ ယုံကြည်မှုရှိဖို့ကောင်းတယ်၊ ဒါပေမယ့် မင်းရဲ့ယုံကြည်မှုက တစ်ခါတလေ အရမ်းမိုက်မဲသွားတယ်ဆိုတာ မင်း မကြာခင် တွေ့လိမ့်မယ်"
ကျင်းခုန်းလင် ပြန်ထိုင်သွားသည်ကိုမြင်တော့ ရွယ်လော့ကျစ်၏ သတ်ဖြတ်ချင်စိတ်များက ပို၍ အေးစက်သွားခဲ့သည်။
"ဟုတ်လား"
လုမင်က အနည်းငယ်ပြုံးပြီး အကြောဆွဲနေဆဲဖြစ်သော ဟွမ်ကွေ့ကို တိုက်ပွဲစင်မြင့်မှ ကန်ထုတ်လိုက်သည်။ ဤလုပ်ရပ်ကြောင့် ရွယ်လော့ကျစ်၏ မျက်နှာကို မည်းမှောင်သွားစေတော့သည်။
သူ့ရှေ့တွင် ထိုသို့ပြုလုပ်ချင်းက သူ့မျက်နှာကို ဖြတ်ရိုက်လိုက်ခြင်း ဖြစ်သည်။
"ဝုန်း"
ရွယ်လော့ကျစ်၏ ခန္ဓာကိုယ်မှ ပြင်းထန်သော အရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်။ သွေးနီရောင် မီးတောက်အလွှာကလည်း ရူးသွပ်စွာ ကခုန်လှုပ်ရှားလာခဲ့၏။
ဤသွေးရောင်မီးတောက်က အလွန်ကြောက်မက်ဖွယ်ကောင်းပြီး ၎င်း၏စွမ်းအားကလည်း ဝမ့်မိသားစု၏ ကောင်းကင်မီးလျှံထက်ပင် ပို၍ အံ့သြစရာကောင်းပြီး ထူးဆန်းသည်။
လုမင်၏ မျက်နှာက အနည်းငယ် တည်ကြည်သွားသည်။ သူ့ခန္ဓာကိုယ်ရှိ အစစ်အမှန် စွမ်းအင်များကလည်း အရူးအမူး လည်ပတ်လာခဲ့၏။
ရွယ်လော့ကျစ်ကို ရင်ဆိုင်ရာတွင် သူ သတိမမူဘဲ မနေဝံ့ပေ။ ၎င်းက နတ်ဧကရာဇ်နှင့် အဆင့်တူသော ပါရမီရှင်တစ်ဦး ဖြစ်သည်။
"ရွယ်လော့ကောင်းကင်ဓား"
အဆုံးမဲ့ သွေးနီရောင်မီးတောက်များက ဓားအဖြစ်သို့ ပေါင်းစပ်သွားကြသည်။ ရွယ်လော့ကျစ်က ဓားကို လက်နှစ်ဘက်ဖြင့် ဆုပ်ကိုင်ပြီး လုမင်ထံသို့ ပြေးသွား၏။ သူက ဓားကိုပင့်ကာ အပြင်းအထန် ခုတ်ပိုင်းချတော့သည်။
ကြောက်မက်ဖွယ်ကောင်းသော အင်အားတစ်ခုက လုမင်ကို ဖိအားပေးလာခဲ့သည်။
ဤဓားအင်အားတစ်ခုတည်းကပင် ဟွမ်ကွေ့ထက် များစွာသာလွန်သည်။
အရောင်ငါးမျိုးက လုမင်ခန္ဓာကိုယ်ကို လွှမ်းခြုံသွားခဲ့သည်။ လုမင်က အတားအဆီးမဲ့သော ကောင်းကင်သိုင်းကို အသုံးပြုကာ ရှေ့သို့လှမ်းပြီး လက်ဝါးဖြင့် ရိုက်ချလိုက်၏။
"ဝုန်း"
ဓားနှင့်လက်ဝါးတို့ ထိပ်တိုက်တွေ့ပြီးနောက် ကြောက်မက်ဖွယ်ကောင်းသည့် အားလှိုင်းများ ထွက်ပေါ်လာခဲ့သည်။ လုမင်၏ ခန္ဓာကိုယ်က ယိမ်းယိုင်သွားကာ ခြေလှမ်းပေါင်းများစွာ နောက်ဆုတ်သွားခဲ့၏။
"လုရှောက်ချင်း ဆုတ်သွားပြီဟေ့၊ သူက ပြိုင်ဘက်မဟုတိဘူး"
"ငါသိတာပေါ့၊ သူက ပထမ ဂိုဏ်းတူအစ်ကိုနဲ့ မယှဉ်နိုင်ဘူး"
လုမင် ဆုတ်သွားသည်နှင့်တပြိုင်နက် သွေးအေးနန်းတော်၏ ပါရမီရှင်များက သူ့ကို လှောင်ပြောင်စပြုလာခဲ့ကြသည်။
"အခုမှ အစပဲရှိသေးတယ်။ ဘာတွေ အလျင်လိုနေတာလဲ"
ဟိုင်ကျစ်မင်က အေးစက်စက်ဖြင့် တုံ့ပြန်လိုက်၏။
"ဝုန်း"
ထိုအချိန်တွင်၊ ရွယ်လော့ကျစ်က လုမင်အား ထပ်မံ ခုတ်ပိုင်းလိုက်သည်။
'သူ့ရဲ့ တိုက်ခိုက်နိုင်စွမ်းက တကယ်ကို သန်မာတာပဲ။ ဒါဆိုရင် အင်အားတိုးပေးမယ်'
အတွေးတစ်ခုဖြင့် လုမင်က လက်ဝါးရိုက်ချက် ထပ်မံထုတ်ဖော်လိုက်သည်။
ဤတစ်ခါတော့ လုမင်က နောက်မဆုတ်တော့ပေ။
"ရွယ်လော့ကောင်းကင်ဓား၊ ကောင်းကင်ဓားကိုးချက်ဖြတ်"
ရွယ်လော့ကျစ်က ဟိန်းဟောက်ပြီး သွေးနီရောင် ကောင်းကင်ဓားဖြင့် အတားအဆီးမဲ့ လှုပ်ရှားသွားလိုက်သည်။ တိုက်ခိုက်မှုတစ်ခုစီသည် နောက်ဆုံးတစ်ခုထက် ပိုမိုပြင်းထန်ကာ တိုက်ခိုက်မှုတစ်ခုစီက အရာအားလုံးကို ဖျက်ဆီးနိုင်ပုံရသည်။
နဂါးဟိန်းသံနှင့်အတူ လုမင်က နဂါးအင်အားနှစ်ခုကို ပေါက်ကွဲလိုက်သည်။ သူ၏ ခွန်အားများ တဟုန်ထိုးတိုးလာကာ လက်ဝါးရိုက်ချက်များ ဆက်လက် ထုတ်ဖော်ခဲ့၏။
"ဝုန်း ဝုန်း ဝုန်း"
တိုက်ပွဲစင်မြင့်က အဆက်မပြတ် တုန်ခါနေပြီး ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများကလည်း အရပ်ရပ်သို့ ဖြာထွက်သွားသည်။
မျက်စိတစ်မှိတ်အတွင်းမှာပဲ တိုက်ကွက်ဒါဇင်ချီကာ ရင်ဆိုင်ပြီးသွား၏။
မြင်ကွင်းက တိတ်ဆိတ်နေပြီ။ အားလုံးက မျက်လုံးများပြူးကာ တိုက်ပွဲစင်မြင့်မှ လူနှစ်ယောက်ကို စိုက်ကြည့်လိုက်ကြသည်။
"သူက ဘယ်လိုလုပ်ပြီး ဒီလောက်တောင် သန်မာနိုင်တာလဲ"
သွေးအေးနန်းတော်၏ တပည့်များ ထိတ်လန့်သွားကြသည်။
ရွယ်လော့ကျစ်က လုမင်ကို အလွယ်တကူ ဖိနှိပ်နိုင်သည်ဟု သူတို့ထင်ခဲ့ကြသော်လည်း ယခုအခါ ၎င်းတို့မှားယွင်းကြောင်း သိရှိလာခဲ့ကြရပြီ။ လုမင်က ရွယ်လော့ကျစ်ကို ဤအတိုင်းအတာအထိ အမှန်တကယ် တိုက်ခိုက်နိုင်သည်။
ကျင်းခုန်းလင်၊ ကျွင်းယွဲ့နှင့် အခြား ဒုတိယတန်းစား ပါရမီရှင်များလည်း မျက်နှာလေးနက်သွားကြသည်။
လုမင်က ဤအတိုင်းအတာအထိ ရွယ်လော့ကျစ်ကို တိုက်ခိုက်နိုင်စွမ်းရှိ၏။ ဆိုလိုသည်မှာ သူက ဒုတိယတန်းစား ပါရမီရှင်များ၏ အဆင့်တွင် ပါဝင်ရန် အရည်အချင်းပြည့်မီခဲ့ပြီ ဖြစ်သည်။
ထို့အပြင်၊ လုမင်၏ ကျင့်ကြံခြင်းအခြေခံက အဆင့်ကိုး ဝိညာဉ်သန္ဓေသားနယ်ပယ် အစောပိုင်းအဆင့်တွင်ရှိပြီး ရွယ်လော့ကျစ်၏ ကျင့်ကြံခြင်းကတော့ အဆင့်ကိုး ဝိညာဉ်သန္ဓေသားနယ်ပယ် အထွတ်အထိပ်သို့ ရောက်ရှိနေကြောင်း သူတို့ ပြောနိုင်သည်။
ပို၍မြင့်မားသော ကျင့်ကြံခြင်းအခြေခံရှိသော်လည်း ရွယ်လော့ကျစ်ဟာ ခက်ခဲနေဆဲပင်။
ရွယ်လော့ကျစ်လည်း ပို၍ ပို၍ အံ့သြလာသည်။ လုမင်၏ တိုက်ခိုက်နိုင်စွမ်းက သူမျှော်လင့်ထားသည်ထက် ကျော်လွန်သွားခဲ့ပြီ။
"သွေးဆာခြင်းနယ်မြေ!"
ရွယ်လော့ကျစ်က သွေးရူးသွပ်ခြင်းကျင့်စဉ်ကို အသုံးပြုခဲ့သည်။ အလင်းတန်းတစ်ခုက လုမင်ကို ဖုံးအုပ်သွားရာ သူ့ကိုယ်တွင်းမှ သွေးများ ဆူပွက်လာခဲ့၏။
ရွယ်လော့ကျစ်က တူညီသော လှုပ်ရှားမှုကို အသုံးပြုထားခြင်းဖြစ်သော်လည်း ဟွမ်ကွေ့ထက် များစွာပို၍ အားကောင်းသည်။
'ဝါးမျိုခြင်းစွမ်းအားနဲ့ သခင်ရှေ့မှာ အင်အားပြချင်နေတာပဲ၊ ဝါးမျိုလော့'
လုမင်၏ ဘယ်ဘက်လက်ဖဝါးက ကြောက်မက်ဖွယ် ဝါးမျိုခြင်းစွမ်းအားများ ပေါက်ကွဲထွက်ပေါ်လာကာ ရွယ်လော့ကျစ်၏ ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။
ဤအခိုက်အတန့်တွင် ရွယ်လော့ကျစ်၏ မျက်လုံးများက မယုံနိုင်နိုင်ဘဲ ပြူးကျယ်သွားသည်။
'သွေးဆာခြင်းတာအို မဟုတ်ဘူး၊ ဒီစွမ်းအားက သွေးဆာခြင်းတာအိုထက် ဆယ်ဆ ပိုကြောက်စရာကောင်းတယ်။ ငါ့ရဲ့ အနှစ်သာရ၊ သွေး၊ သွေးအနှစ်သာရနဲ့ တာအိုတွေပါ တုန်ခါနေရတာ။ ဒါက ဘယ်လို စွမ်းအားမျိုးလဲ။ ဒါက ဘယ်လိုလျှို့ဝှက်ကျင့်စဉ်မျိုးလဲ'
ရွယ်လော့ကျစ်၏ စိတ်ထဲတွင် တုန်လှုပ်သွားသည်။
ရွယ်လော့ကျစ် အံ့ဩသွားသည်။ လုမင်က ဤအခွင့်အရေးကို လက်လွှတ်မခံဘဲ ကောင်းကင်ဓားကဲ့သို့ သူ၏လက်ဝါးဖြင့် ရွယ်လော့ကျစ်ကို ချက်ချင်းတိုက်ခိုက်ခဲ၏။
"မကောင်းတော့ဘူး"
ရွယ်လော့ကျစ်လည်း သူ့ဓားဖြင့် အလျင်အမြန် ခုတ်ပိုင်းပြီး လုမင်၏လက်ဝါးစောင်းနှင့် ထိပ်တိုက်တွေ့လိုက်သည်။ ဓားအလင်းက လုမင်၏လက်ဝါးစောင်းကြောင့် ကွဲကြေသွားကာ ကြောက်စရာကောင်းသော စွမ်းအားက ရွယ်လော့ကျစ်ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာခဲ့၏။ ရွယ်လော့ကျစ်လည်း သွေးတစ်လုတ်ကို အန်ထုတ်ကာ အမြန်ပြန်ဆုတ်သွားရတော့သည်။
"သွေးမျိုးဆက် ပေါင်းစပ်ခြင်း"
ဆုတ်ခွာစဉ်တွင် ရွယ်လော့ကျစ်က သွေးမျိုးဆက်ပေါက်ကွဲပြီး အသန်မာဆုံး အင်အားဖြင့် ပေါက်ကွဲထွက်ခဲ့သည်။
"နဂါးစွမ်းအားလေးခု"
လုမင်က နဂါးစွမ်းအားလေးခုကို ပေါက်ကွဲခဲ့၏။
သူ့အရေပြားပေါ်တွင် ခရမ်းရောင်အလင်းတန်းများ ပေါ်လာပြီးနောက် အင်အားများ တိုးမြင့်လာကာ ရွယ်လော့ကျစ်ကို ထပ်မံတိုက်ခိုက်လိုက်တော့သည်။
--------