← Chapters

အခန်း ၁၀၃၃

Vol. 69 Ch. 1033

အခန်း ၁၀၃၃

Vol. 69 Ch. 1033

ထာဝရနဂါးတန်ခိုးရှင် ( လုမင် )

မူရင်း စာရေးဆရာ - Mu Tong Ting Zhu၊ 牧童听竹

ဘာသာပြန်သူ - ထာဝရ

အပိုင်း ( 1033 ) အားအနည်းဆုံး ဝိညာဉ်နတ်ဘုရား။

ဆံနီအဘိုးကြီးက ပေါ်လာသည်နှင့် မီးငှက်သစ်သီးများကို ပူလောင်သောအကြည့်ဖြင့် ကြည့်လိုက်သည်။

"အသျှင်ကျစ်လူ"

အဘွားကြီးက အော်လိုက်သည်။

တခြားသူများလည်း အမူအယာများ သိသိသာသာ ပြောင်းလဲသွား၏။

ကျင်းခုန်းလင်၏ အမူအရာသည်ပင် အနည်းငယ် လေးနက်သွားသည်။

ဝိညာဉ်နတ်ဘုရားနယ်ပယ် တန်ခိုးရှင်များကိုသာလျှင် အသျှင်ဟု ခေါ်ဆိုနိုင်ပေသည်။

ဤဆံပင်နီအဘိုးကြီးသည် ဝိညာဉ်နတ်ဘုရား ဖြစ်သည်။

"အခု ဒီကောင်းကင်မီးငှက်သစ်သီးတွေက ငါ့အတွက်ပဲ။ မင်းတို့အားလုံး ဒီကနေ ထွက်သွားကြတော့"

အသျှင်ကျစ်ခူက ပတ်ဝန်းကျင်မှလူများကို သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် ကြည့်လိုက်သည်။

အဘွားကြီးနှင့် အခြားသူများ၏ အမူအရာများက သိသိသာသာ ပြောင်းလဲသွားကာ မျက်လုံးများမှာလည်း လေးစားမှု ပြည့်သွားသည်။

အသျှင်ကျစ်ခူက အနီးတဝိုက်ဧရိယာများတွင် အလွန်ကျော်ကြားသည်။ သူက အင်အားစုကြီးတစ်ခုမှ မဟုတ်ဘဲ လွတ်လပ်သော ကျင့်ကြံသူတစ်ဦး ဖြစ်ချေသည်။ သီးခြားကျင့်ကြံသူတစ်ဦးက ဝိညာဉ်နတ်ဘုရားနယ်ပယ်သို့ လေ့ကျင့်နိုင်ခဲ့ခြင်းမှာ အထင်ကြီးစရာကောင်းသည်။

ထို့အပြင် အသျှင်ကျစ်ခူက ရက်စက်ကြမ်းကြုတ်သူဟုလည်း နာမည်ကြီးပေသည်။

"သွားကြရအောင်"

အဘွားကြီးသည် လက်မခံလိုသော်လည်း ကောင်းကင်မီးငှက်သစ်သီးများက သူ့ဘဝနှင့် ယှဉ်လျှင် သဘာဝအတိုင်း ဖော်ပြရန်ပင် မထိုက်တန်ပေ။ သူမက အံကြိတ်ကာ ချက်ချင်း ထွက်သွားသည်။

ကျန်သုံးယောက်လည်း တစ်ယောက်ပြီးတစ်ယောက် ထွက်သွားကြလေသည်။

အသျှင်ကျစ်ခူနှင့် ကျင်းခုန်းလင်သာလျှင် ရေကန်အထက် လေထဲတွင် ကျန်ရစ်ခဲ့သည်။

"ကျင်းခုန်းလင်၊ မင်း မသွားဘူးလား"

အသျှင်ကျစ်ခူက ကျင်းခုန်းလင်ကို ကြည့်လိုက်သည်။

"နင့်နာမည်က ငါ့ကို ကြောက်စေဖို့ မလုံလောက်ဘူး"

ကျင်းခုန်းလင်က လျစ်လျူရှုစွာ ပြောလိုက်၏။

"မင်းက ငါ့ကို တိုက်ခိုက်ချင်လို့လား"

အသျှင်ကျစ်ခူ၏ မျက်လုံးများက တောက်ပလာသည်။

"နင်စမ်းကြည့်လို့ရတယ်"

ကျင်းခုန်းလင်က နောက်မတွန့်ပေ။

"ဟားဟားဟား၊ အခုခေတ်လူငယ်တွေက တကယ်ကို ပိုအတင့်ရဲလာကြတာပဲ။ ဝိညာဉ်သန္ဓေသားနယ်ပယ် အဆင့်ကိုး အထွတ်အထိပ်က မင်းရဲ့ ကျင့်ကြံခြင်းအခြေခံနဲ့ ငါ့ပြိုင်ဘက်ဖြစ်မယ် ထင်လို့လား"

အသျှင်ကျစ်ခူက ထပ်မံ လှောင်ပြောင်လိုက်၏။

အသျှင်ကျစ်ခူက နှစ်ထောင်ချီပြီး ရှင်သန်ခဲ့ပြီးဖြစ်ကာ ဝိညာဉ်နတ်ဘုရား နယ်ပယ်သို့ နှစ်ပေါင်းများစွာကတည်းက ဖြတ်ကျော်ထားခဲ့သည်။ နှစ်များတစ်လျှောက် သူ့ရှေ့တွင် ဂုဏ်ယူဝံ့ကြွားသည့် လူငယ်တစ်ယောက်မှ မရှိပေ။

နောက်ဆုံးတွင်၊ ဝိညာဉ်သန္ဓေသားနယ်ပယ်နှင့် ဝိညာဉ်နတ်ဘုရားကြားမှ ကွာဟချက်က အလွန်ကြီးမားသည်။

ယခုမူ၊ အဆင့်ကိုး ဝိညာဉ်သန္ဓေသားနယ်ပယ် အထွတ်အထိပ်မှ လူငယ်လေးတစ်ယောက်က သူ့အား တိုက်ခိုက်ချင်နေပြီ။

"ဒီခေတ်က ရွှေရောင်ခေတ်ဖြစ်လို့ ပါရမီရှင်တွေနဲ့ ပြည့်နှက်နေပြီး အလွန်အစွမ်းထက်လိမ့်မယ်ဆိုတဲ့ ကောလဟာလတွေတော့ ငါကြားမိပါရဲ့။ ဒါပေမဲ့ အဆင့်ကိုး ဝိညာဉ်သန္ဓေသားနယ်ပယ် လူငယ်လေးက ငါ့ကို တားဆီးနိုင်မယ်လို့ မယုံဘူး"

အသျှင်ကျစ်ခူက လှောင်ပြောင်လိုက်သည်။ သူ့ခန္ဓာကိုယ်မှ အနီရောင်မီးတောက်များနှင့် ကြောက်မက်ဖွယ် အရှိန်အဝါများလည်း ပေါက်ကွဲကာ ထွက်ပေါ်လာခဲ့၏။ ကြီးမားသော ဖိအားတစ်ခုကလည်း ကျင်းခုန်းလင်ထံသို့ တိုးဝင်သွားတော့သည်။

ကျင်းခုန်းလင်က သူမ၏လက်ကို ဝှေ့ယမ်းလိုက်သည်။ ထိုအခါ ရေအစစ်အမှန်နဂါးများကလည်း ပိုများလာပြီး အသျှင်ကျစ်ခူထံသို့ တိုးဝင်သွားခဲ့သည်။

"ဝုန်း ဝုန်း ဝုန်း"

မီးတောက်များက ရေ နဂါးများနှင့် တိုက်မိသောအခါ စူးရှသော အသံများ ထွက်ပေါ်လာခဲ့၏။ ရေခိုးရေငွေ့များက လေထဲသို့ ပြည့်လျှံသွားရာ မြင်ကွင်းတစ်ခုလုံး မြူများဖြင့် ချက်ချင်း ပြည့်နှက်သွားတော့သည်။

ကျင်းခုန်းလင်က လေထဲတွင် စတင် လျှောက်လှမ်းလိုက်သည်။ သူမ နင်းလျှောက်သွားလေရာတိုင်းတွင် နွယ်ပင်များ ပေါ်လာကြ၏။ နွယ်ပင်များက ပျော့ပျောင်းသော ကြာပွတ်များကဲ့သို့ အသျှင်ကျစ်ခူကို ရစ်ပတ်ရန် ကြိုးစားတော့သည်။

"မီးမိစ္ဆာလက်ဝါး"

အသျှင်ကျစ်ခူက လက်ဝါးရိုက်ချက်များကို အဆက်မပြတ် ထုတ်ဖော်လိုက်သည်။ ကောင်းကင်ထက်မှ မြူခိုးများ ပျောက်ကွယ်သွားကာ နွယ်ပင်များလည်း မီးတောက်လောင်ပြီး ပြာဖြစ်သွားခဲ့သည်။

သို့သော်လည်း နွယ်ပင်များက လေထဲတွင် ပို၍များလာသည်။ တစ်ချိန်တည်းမှာပင်၊ အောက်ဘက်ရှိ ကန်ရေက လှိုင်းထလာခဲ့၏။ ကန်ရေများက ရေဓားသွားများအဖြစ်သို့ ပြောင်းလဲကာ အသျှင်ကျစ်ခူကို ခုတ်ပိုင်းလာတော့သည်။

"ဝုန်း ဝုန်း ဝုန်း"

ကျင်းခုန်းလင်က အသျှင်ကျစ်ခူနှင့် တိုက်ကွက် အနည်းငယ် ဖလှယ်ခဲ့ကာ အံ့ဖွယ်ကောင်းအောင် အားနည်းချက် မရှိပေ။

"သစ်သားတာအို၊ ရေတာအို၊ ကျိုးပဲ့ ကွဲအက်ခြင်းတာအို၊ ဗလာနဲ့ သန့်စင်ခြင်း... သူက တာအိုသုံးခုကို အမှန်တကယ် လေ့ကျင့်ထားတာပဲ"

လုမင်၏ မျက်လုံးအရောင်လက်သွားသည်။

ကျင်းခုန်းလင်၏ တိုက်ခိုက်နိုင်စွမ်းက အလွန်အားကောင်းကာ ရွယ်လော့ကျစ်ထက် အားမနည်းပေ။ သူမက ပို၍ပင် အစွမ်းထက်နိုင်သည်။

"ချိုးဖြတ်စမ်း၊ မီးမိစ္ဆာနတ်လက်သီး"

အသျှင်ကျစ်ခူက လက်သီးချက်များ အဆက်မပြတ် ထုတ်ဖော်လိုက်သည်။ မီးတောက်နေသော လက်သီးအင်အားများက အရပ်ရပ်သို့ ပျံ့နှံ့သွား၏။ ဝိညာဉ်နတ်ဘုရားတစ်ပါး၏ ကြောက်မက်ဖွယ်အစွမ်းကို အပြည့်အဝပြ ထုတ်ဖော်ပြသနေခဲ့ပြီ ဖြစ်သည်။

လက်သီးအင်အားများ ဖြတ်သန်းသွားတိုင်း နွယ်ပင်များ ပေါက်ကွဲသွားကာ ရေဓားသွားများ ပျက်သုဉ်းသွားရသည်။

ထိုအချိန်တွင်၊ နောက်ဆုံးတွင်ကား ကျင်းခုန်းလင် အားနည်းသည့်ဘက်သို့ ရောက်လာခဲ့ရပြီ။ ဝိညာဉ်နတ်ဘုရားနယ်ပယ်မှ တန်ခိုးရှင်တစ်ဦးက အလွန်ကြောက်စရာကောင်းသည်။

"ဟင်းလင်းပြင်နတ်ဘုရား ကွဲအက်လက်ဝါး"

ကျင်းခုန်းလင်က ဟစ်ကြွေးပြီး လက်ဝါးရိုက်ချက်များ အဆက်မပြတ် ထုတ်ဖော်လိုက်သည်။ တာအိုသုံးခု ရစ်ပတ်နေသော လက်ဝါးအင်အားများက အပြာရောင်ပုံဆောင်ခဲများအဖြစ်သို့ ပြောင်းလဲသွားကာ အသျှင်ကျစ်ခူထံသို့ တိုးဝင်သွားခဲ့သည်။

ကောင်းကင်က တုန်ခါနေသော်လည်း ကျင်းခုန်းလင်သည် အားနည်းချက်ရှိနေဆဲဖြစ်ပင်။ သူဟာ မီးတောက် လက်သီးအင်အားများဖြင့် ဖိနှိပ်ခံခဲ့ရသည်။

သို့သော်လည်း ဤအခိုက်အတန့်တွင် အသျှင်ကျစ်ခူ၏ နှလုံးသားတွင်း၌ အလွန်တုန်လှုပ်သွားခဲ့သည်။

'ဒီပါရမီရှင်တွေက တကယ်ကြောက်စရာကောင်းတာပဲ။ ငါ အရင်ကပဲကြားဖူးတယ်၊ ဒါပေမယ့် ငါကြားဖူးတာထက် ပိုကြောက်ဖို့ကောင်းမယ်လို့ မမျှော်လင့်ထားဘူး။ သူက အဆင့်ကိုး ဝိညာဉ်သန္ဓေသားနယ်ပယ်မှာပဲရှိပေမဲ့ ငါ့ကို တကယ်ပဲ တိုက်ခိုက်နိုင်တယ်'

အသျှင်ကျစ်ခူ၏စိတ်ထဲတွင် တိတ်တဆိတ် တုန်လှုပ်သွားခဲ့သည်။ တစ်ချိန်တည်းမှာပင် သူ၏ မျက်လုံးများက အေးစက်စက် သတ်ဖြတ်လိုစိတ်များ ပေါ်လာတော့သည်။

ဤမျှကြောက်စရာကောင်းသော ပါရမီရှင်တစ်ဦးကို စော်ကားပြီးမှတော့ သေချာပေါက် သတ်ရပေတော့မည်။ မဟုတ်ပါက အနာဂတ်မှာ အဆုံးမဲ့ ဒုက္ခများ ရှိလာနိုင်သည်။

"ထွက်လာခဲ့"

အသျှင်ကျစ်ခူက ဟိန်းဟောက်လိုက်ရာ သူ၏ဦးခေါင်းထက်တွင် သွေးမျိုးဆက် ‌ထွက်ပေါ်လာသည်။

သူက သွေးမျိုးဆက်ပေါက်ကွဲကာ ကျင်းခုန်းလင်အား တစ်ရှိန်ထိုး သတ်ပစ်ချင်ခဲ့သည်။

သူ၏ သွေးမျိုးဆက်ကတော့ မီး‌လျှံများ တောက်လောင်နေသော ခွေးကြီးတစ်ကောင်ပင်။ ယင်းက ငရဲခွေးကြီး ဖြစ်သည်။

သို့သော်လည်း သူ့တွင် ရွှေရောင်ချက္ကရ နှစ်ခုသာ ရှိသည်။ အသျှင်ကျစ်ခူ၏ သွေးမျိုးဆက်က နတ်ဘုရားအဆင့်နှစ်သာ ဖြစ်ချေသည်။ သူက လုမင်ကို လိုက်ဖမ်းခဲ့သော ကတုံးကြီး၊ မုတ်ဆိတ်နှင့်လူထက် အနည်းငယ် အားနည်းသည်။

သူက ဝိညာဉ်နတ်ဘုရားနယ်ပယ်တွင် အားအနည်းဆုံး ဖြစ်ပေသည်။ နောက်ဆုံးတွင် နတ်ဘုရားအဆင့်နှစ် သွေးမျိုးဆက်ရှိသူတစ်ယောက်အတွက် ဝိညာဉ်နတ်ဘုရားနယ်ပယ်ကို ဖြတ်ကျော်ရန်မှာ မလွယ်လှပေ။ အသျှင်ကျစ်ခူက ဝိညာဉ်နတ်ဘုရားနယ်ပယ်ကို မတော်တဆ ဖြတ်သွားနိုင်ခဲ့ခြင်း ဖြစ်သည်။ သူ၏ တိုက်ခိုက်နိုင်စွမ်းကတော့ အမှန်တကယ်ပင် ဝိညာဉ်နတ်ဘုရားနယ်ပယ်၏ အောက်ခြေ၌သာ ရှိပေသည်။

ထို့ကြောင့် သူဟာ အခြားဝိညာဉ်နတ်ဘုရားများကို နှစ်ပေါင်းများစွာအတွင်း စော်ကားဝံ့ခြင်း မရှိခဲ့ပေ။ သို့သော်လည်း လူငယ်တစ်ဦးက ထိုမျှလောက် အစွမ်းထက်မည်ကိုတော့ သူ မမျှော်လင့်ခဲ့ပါချေ။

ကျင်းခုန်းလင်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ သူမ၏ ဦးခေါင်းထက်တွင် ပုလဲလုံးဝိုင်းလေး ပေါ်လာခဲ့၏။ ပုလဲလုံးတစ်ဝိုက်တွင် ရေငွေ့များ လည်ပတ်နေပြီး ရွှေရောင်ချက္ကရ ရှစ်ခုလည်း ထွန်းလင်းနေခဲ့သည်။

ထိုအချိန်တွင် လုမင်က လေထဲမှ လှမ်းထွက်လာသည်။

လုမင် ပေါ်လာသည်နှင့် လူနှစ်ယောက်၏အာရုံကို အာရုံကို ဖမ်းစားလိုက်သည်။

"လုရှောက်ချင်း"

လုမင်ကို မြင်သောအခါ ကျင်းခုန်းလင်၏ မျက်လုံးများက အနည်းငယ် တောက်ပလာသည်။

တစ်ဖက်တွင် အသျှင်ကျစ်ခူက မျက်မှောင်ကြုတ်လိုက်၏။

သူတို့ နှစ်ယောက်၏တိုက်ပွဲကို မြင်ရသည့်တိုင် ထွက်လာဝံ့သူက သာမန်မဖြစ်နိုင်ပါချေ။ ယခုမူ လူငယ်ပါရမီရှင်များကို သူ အလွန်ကြောက်နေပြီ ဖြစ်သည်။

"မိန်းကလေးခုန်းလင်... မင်းနဲ့ငါ ဘာလို့ မပူးပေါင်းရမှာလဲ။ ပြီးမှ ကောင်းကင်မီးငှက်သစ်သီးကို အညီအမျှ ခွဲယူကြတာပေါ့"

လုမင် ပြောလိုက်သည်။

"ကောင်းပြီ"

ကျင်းခုန်းလင်က မဆိုင်းမတွပင် သဘောတူလိုက်၏။

သူမ တစ်ယောက်တည်းဆိုလျှင် အသျှင်ကျစ်ခူကို မယှဉ်နိုင်ဘဲ နောက်ဆုံးတွင် သူမ နောက်ဆုတ်ရတော့မည်။ လုမင်၏ အကူအညီဖြင့်သာ အသျှင်ကျစ်ခူအား တိုက်ခိုက်နိုင်စွမ်း ရှိလာမည်ဖြစ်သည်။

လုမင်တွင်လည်း အလားတူ အတွေးမျိုး ရှိထားခဲ့ပေသည်။ သူတစ်ယောက်တည်းဆိုလျှင်လည်း အသျှင်ကျစ်ခူအား တိုက်ခိုက်နိုင်သည်။ သို့ရာတွင် အနိုင်ရရှိရန်တော့ မဖြစ်နိုင်သလောက်ပင်။ ထို့ကြောင့်ပင် ရှေ့ထွက်လာပြီး ကျင်းခုန်းလင်နှင့် ပူးပေါင်းလိုက်ခြင်း ဖြစ်သည်။

"ငါ့ကို ပူးပေါင်းတိုက်ခိုက်ချင်ရင် မင်းကို အရင်သတ်မယ်"

အသျှင်ကျစ်ခူက ဟိန်းဟောက်ပြီး ငရဲခွေးအဖြစ်သို့ ပြောင်းလိုက်သည်။ သူက ကျင်းခုန်းလင်ထံကို တိုက်ခိုက်မှု ထုတ်ဖော်လိုက်၏။

ကျင်းခုန်းလင်ကလည်း သွေးမျိုးဆက်ပေါင်းစပ်ခြင်းကို အသုံးပြုကာ ပုတီးစေ့အဖြစ်သို့ ပြောင်းလဲလိုက်တော့သည်။ ပုတီးစေ့က လျင်မြန်စွာ ကြီးမားလာပြီး လှိုင်းသံနှင့်အတူ အသျှင်ကျစ်ခူထံသို့ လွင့်သွားသည်။

တစ်ချိန်တည်းမှာပင် လုမင်က နဂါးလေးကောင်စွမ်းအားကို ထုတ်ဖော်လိုက်သည်။ သူ့ခန္ဓာကိုယ်က အလင်းတန်းတစ်ခုကဲ့သို့ ငရဲခွေးထံ တိုးဝင်သွား၏။ သူက အတားအဆီးမဲ့သောကောင်းကင်သိုင်းကို အသက်သွင်းကာ လက်ဝါးဖြင့် ရိုက်ချလိုက်တော့သည်။

"ဝုန်း ဝုန်း"

နှစ်ဖက်တိုက်မိပြီး‌ ပေါက်ကွဲသံနှစ်ခု ထွက်ပေါ်လာခဲ့သည်။ ငရဲခွေးကြီး အနောက်ကို ဆုတ်သွားရ၏။

"မဖြစ်နိုင်ဘူး"

အသျှင်ကျစ်ခူက ဟိန်းဟောက်လိုက်သည်။ လုမင်နှင့် ကျင်းခုန်းလင်တို့ မျိုးဆက်သစ်နှစ်ဦးက သူ့ကို တွန်းလှန်နိုင်ခြင်းမှာ မည်သို့ ဖြစ်နိုင်ပါမည်နည်း။

သူက ဟိန်းဟောက်ပြီး လုမင်နှင့် ကျင်းခုန်းလင်ကို ထပ်မံတိုက်ခိုက်လိုက်သည်။

ပုတီးစေ့က တုန်ခါပြီး လှိုင်းပုတ်သံကြီးများ ပေါ်လာသည်။ ပုတီးစေ့တွင် ပင်လယ်ရေများ ပါ၀င်ပုံ ရ၏။ ယင်းက အလွန်ကြောက်စရာကောင်းပြီး အရာအားလုံးကို ချေမှုန်းပစ်နိုင်ပုံ ရသည်။

ထို့ပြင် လုမင်၏ လက်ဝါးရိုက်ချက်က အတားအဆီးမဲ့သော ကောင်းကင်သိုင်းနှင့် တာအိုငါးမျိုး ပါဝင်နေကာ အလွန်ကြောက်စရာကောင်းသည်။

"ဝုန်း ဝုန်း"

ပေါက်ကွဲမှုများ ဆက်လက်ဖြစ်ပွားနေသော်လည်း နောက်ဆုံးတွင် ငရဲခွေး အားနည်းသွားပြီး ဖိနှိပ်ခံခဲ့ရသည်။ ဤရလဒ်က ငရဲခွေးကို ထိတ်လန့်လာစေခဲ့ပေသည်။

သူက ဝိညာဉ်နတ်ဘုရားနယ်ပယ်တွင် အားအနည်းဆုံးနီးပါး ဖြစ်သော်လည်း ဝိညာဉ်နတ်ဘုရားတစ်ပါး ဖြစ်နေဆဲပင်။ သို့တိုင် ဝိညာဉ်သန္ဓေသားနယ်ပယ် လူငယ်နှစ်ဦး၏ ဖိနှိပ်ခံရမည်ဟု အိပ်မက်ပင် တစ်ခါမျှ မတွေးခဲ့ဘူးပေ။

--------

All Chapters