← Chapters

အခန်း ၁၀၃၅

Vol. 69 Ch. 1035

အခန်း ၁၀၃၅

Vol. 69 Ch. 1035

ထာဝရနဂါးတန်ခိုးရှင် ( လုမင် )

မူရင်း စာရေးဆရာ - Mu Tong Ting Zhu၊ 牧童听竹

ဘာသာပြန်သူ - ထာဝရ

အပိုင်း ( 1035 ) ဝိညာဉ်ရေးသန္ဓေသားနယ်ပယ် ပြီးပြည့်စုံခြင်း။

မကြာမီ ကောင်းကင်မီးငှက်သစ်သီးတစ်လုံး၏ စွမ်းအင်များက လုမင်၏ ခန္ဓာကိုယ်ထဲကို ဝင်ရောက်လာခဲ့သည်။ လုမင်က နဂါးတိုက်ခိုက်ရေးနှင့်အစစ်အမှန်ချီကျင့်စဉ်ကို လှည့်ပတ်ကာ အဆုံးမဲ့စွမ်းအင်များကို ယွမ်ချီစွမ်းအင်အဖြစ် အဆက်မပြတ် ပြောင်းလဲလိုက်၏။ သန့်စင်မှုအရှိန်က မယုံနိုင်လောက်အောင် မြန်ကာ သူ့ကိုသန့်စင်ရန် မလိုသလောက်ပင်။

လုမင်၏ ကျင့်ကြံခြင်းက လျင်မြန်စွာ မြင့်တက်လာသည်။

မိနစ်အနည်းငယ်အတွင်း ကောင်းကင်မီးငှက်သစ်သီးတစ်လုံး၏ စွမ်းအင်က လုံးဝသန့်စင်သွားခဲ့သည်။

လုမင်၏ ကျင့်ကြံခြင်းအခြေခံကလည်း ဝိညာဉ်သန္ဓေသားနယ်ပယ် အဆင့်ကိုး အလယ်အဆင့်သို့ ဖြတ်သွားပြီး မြင့်တက်လာဆဲဖြစ်၏။ ၎င်းသည် ဝိညာဉ်သန္ဓေသားနယ်ပယ် ပြီးပြည့်စုံခြင်းအဆင့် ကျွမ်းကျင်သူ ဒါဇင်ချီထံမှ လုမင် စုပ်ယူခဲ့သော စွမ်းအင်များထက် ပို၍ ကြွယ်ဝသည်။

"ဒီကောင်းကင်မီးငှက်သစ်သီးက အံ့မခန်းပါပဲ။ ဒါက တကယ်ကို မြန်မြန်ဆန်ဆန် သန့်စင်နိုင်တယ်"

လုမင်လည်း တိတ်တဆိတ် ရေရွတ်လိုက်မိသည်။

သာမာန်သိုင်းသမားတောင်မှ ကောင်းကင်မီးငှက်သစ်သီးကိုသန့်စင်ရန် အချိန်အများကြီး လိုမည်မဟုတ်ဟု သူထင်ခဲ့ပေသည်။

"ဆက်မယ်"

လုမင်လည်း အခြား ကောင်းကင်မီးငှက်သစ်သီးများကို ထုတ်ယူကာ စတင် သန့်စင်ခဲ့သည်။

ဒုံးပျံပေါ်တွင် ထိုင်နေသကဲ့သို့ သူ၏ ကျင့်ကြံခြင်းကလည်း မြင့်မားလာတော့သည်။

ကောင်းကင်မီးငှက်သစ်ပင်က မိုးနှင့်မြေ၏ ရှားပါးရတနာဖြစ်ကာ အပင်စိုက်ရန် အလွန်ခက်ခဲသည်။ ရှင်သန်မှုနှုန်းက အလွန်နိမ့်ကျသည့်အပြင် အသီးသီးနိုင်ချေမှာလည်း အလွန်နည်းပါး၏။ ထို့အပြင်၊ ကောင်းကင်မီးငှက်သစ်ပင်တစ်ပင်က အသီးများစွာ သီးမည်မဟုတ်ပေ။

ထို့ကြောင့်ပင်၊ ကောင်းကင်မီးငှက်သစ်သီးက အပြင်တွင်ဝယ်ရန် မဖြစ်နိုင်သလောက် ဖြစ်သည်။

၎င်း၏ အကျိုးသက်ရောက်မှုက ကောင်းမွန်လွန်း၍ ကိုယ်တိုင်လေ့ကျင့်ရန်ပင် လုံလောက်မည်မဟုတ်ပေ။

ဤရှေးဟောင်းဆေးဥယျာဉ်က ဤနေရာတွင် အချိန်အတော်ကြာအောင် တံဆိပ်ခတ်ထားခဲ့သော်လည်း ကောင်းကင်မီးငှက်သစ်ပင် တစ်ပင်သာရှိသည်။ ထိုတစ်ပင်ကလည်း အခုတော့ ပျက်စီးသွားပြီ။

ဆက်လက် သန့်စင်နေရင်း လုမင်၏ကျင့်ကြံခြင်းကလည်း တိုးတက်လာခဲ့သည်။

ကောင်းကင်မီးငှက်သစ်စီးလေးလုံးကို သန့်စင်ပြီးနောက် လုမင်၏ ကျင့်ကြံခြင်းအခြေခံက ဝိညာဉ်သန္ဓေသားနယ်ပယ် အဆင့်ကိုး အထွတ်အထိပ်သို့ မြင့်တက်လာခဲ့သည်။

ထို့နောက်မှာတော့ ပြီးပြည့်စုံသော ဝိညာဉ်သန္ဓေသားနယ်ပယ်သို့ ချဉ်းကပ်လာတော့သည်။

'ငါက နဂါးတိုက်ခိုက်ရေးနဲ့အစစ်အမှန်ချီကျင့်စဉ်အပြင် အထူးဝိညာဉ်ပင်လယ်ကို လေ့ကျင့်ထားတယ်။ ငါ့ရဲ့စွမ်းအင်က သာမာန်လူတွေထက် အများကြီး ပိုသိပ်သည်းတာပဲ။ ကျန်တဲ့ ကောင်းကင်မီးငှက်သစ်သီးလေးလုံးတောင်မှ ပြီးပြည့်စုံတဲ့ ဝိညာဉ်သန္ဓေသားနယ်ပယ်ကို ဖြတ်ကျော်ဖို့ မလုံလောက်မှာ ကြောက်ရတယ်'

တွေးရင်းဖြင့် လုမင်ဟာ အဝေးမှတန်တန်ကို မကြည့်ဘဲ ‌မနေနိုင်တော့ပေ။

တန်တန်က တိမ်ဖြူပေါ်တွင် ပက်လက်လှန်နေသည်။ သူက ခြေနှစ်ချောင်းကိုချိတ်ကာ ကောင်းကင်ကို မော့ကြည့်ရင်း ဝိညာဉ်ဆေးတစ်ပင်အား မြုံ့နေလေသည်။

ရုတ်တရက် တစ်ခုခုကို ခံစားရ၍ တန်တန်ဟာ လုမင်ဘက်သို့ လှည့်ကြည့်လိုက်သည်။ သူ့ကို လောဘကြီးစွာ ကြည့်နေသော လုမင်ကို တွေ့လိုက်ရသောအခါ တုန်တုန်ယင်ယင် ဖြစ်သွား၏။ သူက မနေနိုင်ဘဲ မေးလိုက်သည်။

"ကောင်လေး၊ မင်း ဘာလိုချင်လို့လဲ"

"တန်တန်၊ မင်းရဲ့ ကောင်းကင်မီးငှက်သစ်သီး ခုနစ်လုံး ငါ့ကိုချေးပါ"

လုမင်က တောက်ပစွာ ပြုံးလိုက်သည်။

"မင်းကို ချေးရမှာလား၊ ငါ မင်းကို မချေးနိုင်ဘူး။ ငါ မင်းကိုချေးလိုက်ရင် ငါ့ကို ပြန်ပေးမှာမလို့လား"

တန်တန် ကမန်းကတန်း အော်လိုက်သည်။

"မင်းတကယ်မချေးဘူးလား"

လုမင်မျက်နှာက သုန်မှုန်သွားကာ မကျေမနပ်ဖြင့် ပြောလိုက်၏။

"မချေးဘူးကွာ"

တန်တန်က အံကြိတ်ကာ ငြင်းလိုက်သည်။

"ကောင်းပြီလေ၊ ဒါဆိုရင် မင်း အနာဂတ်မှာ ဝိညာဉ်ဆေးပင်တွေ တွေ့ရင် တစ်ခုတောင်ရဖို့ မစဉ်းစားနဲ့"

လုမင် အော်ပြောလိုက်သည်။

"မင်း…"

တန်တန်က ဒေါသတကြီးဖြင့် စိုက်ကြည့်ကာ မျက်လုံးကို မှိတ်လိုက်၏။ နောက်ဆုံးတွင် သူက အံကြိတ်ပြီး ပြောလိုက်သည်။

"ငါပေးလိုက်မယ်၊ ငါပေးမယ်၊ ဒါပေမယ့် နောင်မှာ ဝိညာဉ်ဆေးပင်တွေရရင် ငါပဲ အများဆုံးယူမှာ၊ မင်းကို မပေးတော့ဘူး"

"ကောင်းပါပြီဗျာ၊ ပူးပေါင်းဆောင်ရွက်မှုကောင်းတယ်"

လုမင် ပြုံးပြီး ပြောလိုက်သည်။

"ဘယ်လောက်တောင် သစ္စာမဲ့လိုက်လဲ"

တန်တန်လည်း သက်ပြင်းချကာ နောက်ဆုံး ကောင်းကင်မီးငှက်သစ်သီး ခုနစ်လုံးကို လုမင်အား ပစ်ပေးလိုက်သည်။

လုမင်တွင် ကောင်းကင်မီးငှက်သစ်သီး ဆယ့်တစ်လုံး ရရှိသွားခဲ့ပြီ။

"ဒါက လုံလောက်သင့်တယ်"

"ဂါး"

နဝမနဂါးက ဟိန်းဟောက်ပြီး ကောင်းကင်မီးငှက်သစ်သီး ဆယ့်တစ်လုံး အကုန်လုံးကို ဝါးမျိုကာ နောက်တစ်ဆင့်သို့ ဖြတ်ကျော်ဝင်ရောက်ရန် စတင်သန့်စင်လိုက်သည်။

"ဝုန်း"

ကြီးမားသော စွမ်းအင်များက အရှိန်အဟုန်ဖြင့် အဆုံးမဲ့ ယွမ်ချီစွမ်းအင်များအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားခဲ့သည်။ လုမင်ကို နောက်နယ်ပယ်သို့ ဖြတ်ကျော်နိုင်ရန် ထောက်ပံ့လိုက်၏။

အဆုံးမဲ့စွမ်းအင်များက သူ၏ဒန်တျန်ရှိ ဝိညာဉ်သန္ဓေသားတွင် စုစည်းကာ သန့်စင်သော စွမ်းအင်အဖြစ်သို့ ပြောင်းလဲသွားကြသည်။ ဤလုပ်ငန်းစဉ်အတွင်း၊ ဝိညာဉ်သန္ဓေသားသည် ပို၍ခိုင်မာလာပြီး ၎င်း၏အရွယ်အစားကလည်း သေးငယ်သည်ထက် သေးငယ်လာတော့သည်။

"မလုံလောက်သေးဘူး၊ နည်းနည်းလေးပဲ"

လုမင်က ကောင်းကင်မီးငှက်သစ်သီးများ၏ စွမ်းအင်ကို စဉ်ဆက်မပြတ် သန့်စင်ခဲ့သည်။ နာရီဝက်အကြာတွင်၊ ကောင်းကင်မီးငှက်သစ်သီး ဆယ့်တစ်လုံး၏ စွမ်းအင်ကို လုံး၀သန့်စင်ပြီးသွား၏။ ယင်းက လုမင်၏ ခန္ဓာကိုယ်အတွင်း ပျံ့နှံ့သွားသည့် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်အဖြစ်သို့ ပြောင်းလဲသွားတော့သည်။

"ဝုန်း"

အဆုံးတွင် တစ်စုံတစ်ခု ကျိုးပဲ့သွားပုံရပြီး လုမင်၏ အရှိန်အဝါများ ရုတ်တရက် မြင့်တက်လာခဲ့သည်။

"ဝမ်"

လုမင်က မျက်လုံးဖွင့်လိုက်သည်နှင့် အလင်းတန်းနှစ်ခု ထွက်လာသည်။ အလင်းက မိုင်ရာနှင့်ချီ၍ ပစ်လွှတ်ကြပြီး တောင်ထိပ်တစ်ခုကို ထိုးဖောက်ဝင်ရောက်ခဲ့ပေသည်။

"ပြီးပြည့်စုံတဲ့ ဝိညာဉ်သန္ဓေသားနယ်ပယ်"

လုမင်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။

နောက်ဆုံးတွင် ပြီးပြည့်စုံသော ဝိညာဉ်သန္ဓေသားကို ရရှိခဲ့၍ နောက်တစ်ဆင့်အနေဖြင့် ဝိညာဉ်နတ်ဘုရားနယ်ပယ်သို့ ဖြတ်ကျော်ရန်အတွက် ပြင်ဆင်ရန်သာ ရှိတော့သည်။

သို့သော်လည်း ဝိညာဉ်နတ်ဘုရားနယ်ပယ်ကို ဖြတ်ကျော်ရန်က သိပ်မလွယ်ပေ။ ဤသည်က ကြီးမားသော စွမ်းအင်ပမာဏကို စားသုံးရုံဖြင့် ချိုးဖျက်နိုင်သောအရာ မဟုတ်ပါချေ။

ဝိညာဉ်နတ်ဘုရားက ဝိညာဉ်သန္ဓေသား၌ ပျိုးထောင်သည်။ ဝိညာဉ်နတ်ဘုရားနယ်ပယ်သို့ ချိုးဖြတ်ရာတွင် တာအိုက စတုတ္ထအဆင့်သို့ ဖြတ်ကျော်ရန် လိုအပ်သည်သာမကဘဲ၊ လူတစ်ဦး၏ အသိစိတ်နှင့် ဝိညာဉ်ကို ဝိညာဉ်နတ်ဘုရားအဖြစ် ပေါင်းစပ်ရန်လည်း လိုအပ်သည်။

အဆုံးတွင်၊ ဝိညာဉ်သန္ဓေသား ကွဲအက်သွားပြီး ဝိညာဉ်နတ်ဘုရား ပေါ်လာပေလိမ့်မည်။

ထို့အပြင်၊ ဝိညာဉ်နတ်ဘုရား ပေါ်လာသောအခါ ကောင်းကင်မှ မိုးကြိုး ကပ်ဘေးဒုက္ခ ပေါ်လာသည်။ ဝိညာဉ်နတ်ဘုရားနယ်ပယ်သို့ တရားဝင်ဝင်ရောက်ရန် ကြောက်မက်ဖွယ် မိုးကြိုးကပ်ဘေးဒုက္ခကို ဖြတ်ကျော်ရဦးမည်။

သိုင်းဘုရင်နယ်ပယ်နှင့် ဝိညာဉ်နတ်ဘုရားနယ်ပယ်တို့ အဆင့်ချိုးဖြတ်ရာတွင် ကောင်းကင်ကပ်ဘေးဒုက္ခရှိသည်။

ထို့အပြင် ၎င်း၏ စွမ်းအားက အလွန်ကြောက်စရာကောင်းလိမ့်မည်။ လူများစွာက နောက်ဆုံးတွင် ကောင်းကင်ကပ်ဘေးဒုက္ခကြောင့် သုတ်သင်ခံခဲ့ကြရသည်။

လုမင်လည်း မျက်လုံးမှိတ်ပြီး သူ့ကိုယ်သူကြည့်လိုက်သည်။ သူ၏ ဒန်တျန်တွင်းရှိ ဝိညာဉ်သန္ဓေသားက တုနှိုင်းမရအောင် ခိုင်မာလာပြီဖြစ်ကြောင်း သူတွေ့ရှိခဲ့၏။ ၎င်းက သလင်းကျောက်ကဲ့သို့ ကြည်လင်ကာ တောက်ပနေခဲ့သည်။

ထို့အပြင် ၎င်း၏ အရွယ်အစားမှာလည်း ဖရဲသီးတစ်လုံး၏ အရွယ်အစားမျှ အလွန်သေးငယ်သည်။ ၎င်းမှာ နတ်ဘုရားတစ်ပါးကို ပြုစုပျိုးထောင်ပေးသကဲ့သို့ အငွေ့အသက်များလည်း ထွက်ပေါ်နေလေသည်။

"ဟူး"

လုမင် မျက်လုံးဖွင့်ပြီး အသက်ပြင်းပြင်းရှူလိုက်သည်။

"တကယ်လို့ အသျှင်ကျစ်ခူနဲ့ ပြန်တွေ့ခဲ့ရင် ငါ့ရဲ့ ခွန်အားအပြည့်သုံးပြီး သူ့ကို သတ်နိုင်လိမ့်မယ်"

လုမင်လည်း သူ့ခန္ဓာကိုယ်တွင်းရှိ စွမ်းအင်ပမာဏကို ခံစားရကာ ယုံကြည်မှုအပြည့်ရှိသော အပြုံးကို ထုတ်ဖော်လိုက်သည်။

ဝိညာဉ်သန္ဓေသားနယ်ပယ် အဆင့်ကိုးမှ အစောပိုင်းအဆင့်မှ ပြီးပြည့်စုံခြင်းသို့ ချိုးဖြတ်ရာတွင် သူ၏စွမ်းမင်ပမာဏက အလွန်များပြားလာခဲ့သည်။ ထို့အတူ လုမင်၏ တိုက်ခိုက်နိုင်စွမ်းကလည်း နှစ်ဆ တိုးလာခဲ့တော့သည်။

"ဟားဟားဟား၊ တန်တန်… ငါအပြင်ထွက်ပြီး မင်းအတွက် ဝိညာဉ်ဆေးပင်တွေ ထပ်ရှာပေးမယ်"

ဖြတ်ကျော်ပြီးနောက် လုမင် အလွန်စိတ်လှုပ်ရှားသွားသည်။ အတွေးတစ်ခုဖြင့် ပန်းချီကားအတွင်းမှ ထွက်ကာ တောင်ထိပ်ကို ဖြတ်ပြီး တောင်ထိပ်အပြင်ဘက်တွင် ပေါ်လာခဲ့သည်။

"ဝုန်း"

လုမင် တောင်ထိပ်အပြင်ဘက်တွင် ပေါ်လာသည်နှင့်ပင် သူ့ခေါင်းထက်မှ ကြောက်စရာကောင်းသော ဖိအားတစ်ခု ထွက်ပေါ်လာခဲ့၏။ သွေးနီပုဆိန်ကြီးတစ်လက်က မီတာတစ်သောင်းအကွာအဝေးကို ချက်ချင်းဖြတ်ကျော်ကာ လုမင်အား ပြင်းပြင်းထန်ထန် ခုတ်ပိုင်းလာတော့သည်။

ဤသည်က ကြိုတင်သတိပေးချက်မရှိဘဲ ရုတ်တရက် တိုက်ခိုက်မှုတစ်ခု ဖြစ်သည်။ လုမင်ကိုယ်တိုင်ပင် တောင်ထိပ်မှ ထွက်ခွာသည်နှင့် တိုက်ခိုက်ခံရမည်ဟု တစ်ခါမှ မထင်ထားခဲ့ပေ။

လုမင်သာ မချိုးဖြတ်သေးလျှင် ဤတိုက်ခိုက်မှုကြောင့် ဒဏ်ရာအပြင်းအထန် ရရှိသွားနိုင်သည်။

ယခုမူကား…

အတွေးတစ်ခုဖြင့် တောင်နှင့်မြစ်ပန်းချီကားက သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ တစ်ချိန်တည်းမှာပင် စွမ်းအင်လှည့်ပတ်ပြီး လက်သီးတစ်ချက် ထိုးထုတ်လိုက်၏။

သူက အမှတ်မဲ့ လက်သီးချက်ကို ထုတ်ဖော်ရခြင်း ဖြစ်သော်လည်း ဤလက်သီး၏စွမ်းအားမှာ အလွန်ကြောက်စရာကောင်းဆဲပင်။ သွေးနီရောင်ပုဆိန်နှင့် တိုက်မိသောအခါ ကြီးမားသော အားလှိုင်းများ ထွက်ပေါ်လာခဲ့သည်။ လက်သီးက သွေးနီရောင်ပုဆိန်၏ စွမ်းအားအများစုကို ချေဖျက်ကာ ကျန်စွမ်းအားများကို တောင်နှင့်မြစ်ပန်းချီကားက ပိတ်ဆို့ပေးသွားသည်။

လုမင်၏ ခန္ဓာကိုယ်က တုန်လှုပ်သွားပြီး ပြုတ်ကျသွားခဲ့သည်။ သို့သော်လည်း မြေပြင်ပေါ်သို့ ကျခါနီးတွင် လုမင်က သစ်ပင်ကြီးတစ်ပင်၏ အကိုင်းအခက်ကို နင်းပြီး ကောင်းကင်သို့ ပြန်ထိုးတက်သွား၏။ သူက သူ့ကို ချောင်းမြောင်းတိုက်ခိုက်လာသူအား အေးစက်စက်ဖြင့် ကြည့်လိုက်သည်။

သွေးအေးနန်းတော်မှ ကတုံးကြီး။

ဤအခိုက်တွင် ကတုံးကြီး အနည်းငယ် အံ့ဩသွားသည်။ လုမင်က သူ၏ အမှတ်တမဲ့ တိုက်ခိုက်ခြင်းကို ခုခံနိုင်မည်ဟု မထင်ထားခဲ့ပေ။ သူ့အမူအရာက အနည်းငယ် လေးနက်သွားသည်။

"မင်း... မင်းရဲ့ ကျင့်ကြံခြင်းက ဖြတ်ကျော်ခဲ့တာလား"

လုမင်၏ အရှိန်အဝါကို ခံစားလိုက်ရသည်နှင့် တပြိုင်နက် အမူအရာမှာလည်း သိသိသာသာ ပြောင်းလဲသွားခဲ့သည်။

ယခင်က၊ လုမင်၏ နယ်ပယ်သည် အဆင့်ကိုး ဝိညာဉ်သ‌န္ဓေသားနယ်ပယ် အစောပိုင်းအဆင့်တွင်သာ ရှိခဲ့သော်လည်း တိုက်ခိုက်နိုင်စွမ်းက အလွန် ကြောက်စရာ ဖြစ်ခဲ့သည်။ ယခုမူ၊ သူက ပြီးပြည့်စုံသော ဝိညာဉ်သန္ဓေသား နယ်ပယ်သို့ ဖြတ်ကျော်ပြီး‌နောက်၊ သူ၏ တိုက်ခိုက်နိုင်စွမ်းမှာ မည်မျှ အားကောင်းလာမည်နည်း။

ကတုံးကြီး၏ နှလုံးသားတွင် အလွန်လေးနက်ပြီး စိတ်ကူးမယဉ်နိုင်တော့ပေ။

လွန်ခဲ့သော ရက်အနည်းငယ်က လုမင်၏ ကျင့်ကြံခြင်းအခြေခံမှာ အဆင့်ကိုး ဝိညာဉ်သန္ဓေသားနယ်ပယ် အစောပိုင်းအဆင့်တွင် ရှိသေးသည်။ ယခုကဲ့သို့ ရက်အနည်းငယ်အတွင်း ဝိညာဉ်သန္ဓေသားနယ်ပယ် ပြီးပြည့်စုံခြင်းကို သူမည်ကဲ့သို့ ဖောက်ထွက်နိုင်မည်နည်း။ ဤမြန်နှုန်းက အလွန်ကြောက်စရာကောင်းသည်။

--------

All Chapters