အခန်း ၁၀၃၆
Vol. 70 Ch. 1036
ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu၊ 牧童听竹
ဘာသာပြန်သူ - ထာဝရ
အပိုင်း ( 1036 ) ဝိညာဉ်နတ်ဘုရားကို သတ်ခြင်း။
"မင်းပဲထပ်ဖြစ်ပြန်ပြီ၊ ဒီနေ့တော့ မင်း ထွက်မသွားနိုင်တော့ဘူး"
ကတုံးဖြင့်လူကိုကြည့်သော လုမင်၏ မျက်လုံးများက အေးစက်ပြီး သတ်ဖြတ်လိုစိတ်များ ပြည့်နှက်သွားသည်။
ဤသည်က အကြွေးရှင်းရမည့် အချိန်ပင်။
"ကောင်လေး၊ နယ်ပယ် ချိုးဖြတ်သွားရုံနဲ့ ငါ့ကို သတ်နိုင်မယ် မထင်နဲ့"
ကတုံးကြီး၏ မျက်နှာက တည်ကြည်သွားသည်။
"သတ်"
လုမင်က သူနှင့် အပိုစကားများပြောရန် စိတ်မဝင်စားပါ။ နဝမနဂါးသွေးမျိုးဆက်ကို ထုတ်ဖော်ကာ သွေးမျိုးဆက်ပေါင်းစပ်ခြင်းဖြင့် နဝမနဂါးအသွင်ပြောင်းပြီး တိုက်ခိုက်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူ့ခန္ဓာကိုယ်တွင်းရှိ နဂါးခြောက်ကောင်စွမ်းအား ထွက်ပေါ်လာခဲ့၏။
လုမင်း၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ် စွမ်းအားတစ်ခု ထွက်ပေါ်လာခဲ့သည်။ နဝမနဂါးက ရှေ့သို့ တိုးလှမ်းသွားကာ တာအိုအရောင်ငါးမျိုး လှည့်ပတ်လာခဲ့၏။ နဂါးလက်သည်းကိုးချောင်းက ကတုံးကြီးကို ကုပ်ခြစ်လိုက်တော့သည်။
"ဝုန်း"
နဂါးလက်သည်းများ ကုတ်ခြစ်လိုက်သောအခါ ဟင်းလင်းပြင်က စာရွက်တစ်ရွက်ကဲ့သို့ ကွဲအက်သွားပြီး အက်ကြောင်းများ ပေါ်လာခဲ့သည်။
'ဒီလောက်တောင် ကြောက်စရာကောင်းတာလား'
ကတုံးဖြင့်လူ ထိတ်လန့်တကြားဖြစ်သွား၏။
လက်သည်းတစ်ခုတည်းဖြင့် ဟင်းလင်းပြင်ကို ဆုပ်ဖြဲနိုင်ခြင်းမှာ ဝိညာဉ်နတ်ဘုရားအဆင့်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
ကတုံးဖြင့်လူက အလျင်အမြန် ဆုတ်ခွာသွားကာ သူ၏ခေါင်းထက်တွင် သွေးပုဆိန်ကြီး ပေါ်လာသည်။ သူက သွေးရောင်စစ်ပုဆိန်အဖြစ် ပြောင်းလဲရန် သွေးမျိုးဆက်ပေါင်းစပ်ခြင်းကို အသုံးပြုကာ နဝမနဂါးကို တိုက်ခိုက်လိုက်၏။
"ဝုန်း"
သွေးရောင်ပုဆိန်က နဂါးလက်သည်းများနှင့် ထိပ်တိုက်တွေ့သောအခါ ပေါက်ကွဲသွားပြီး ကြောက်မက်ဖွယ် စွမ်းအင်မုန်တိုင်းတစ်ခုကဲ့သို့ အရပ်ရပ်သို့ ပျံ့နှံ့သွားခဲ့သည်။
"ချိုးဖြတ်လော့"
လုမင်၏အသံက နဝမနဂါး၏ ပါးစပ်မှ အေးစက်စက်ဖြင့် ပေါ်လာသည်။ ချက်ချင်းပင် သွေးရောင်စစ်ပုဆိန်က အဝေးသို့ လွင့်ပျံသွား၏။
တစ်ချက်တည်းဖြင့် ကတုံးဖြင့်လူဟာ ဆိုးရွားသောအနေအထားသို့ ကျသွားခဲ့ရပြီ ဖြစ်သည်။
"သူက ဘယ်လိုလုပ်ပြီး ဒီလောက် သန်မာနိုင်တာလဲ"
ကတုံးဖြင့်လူ မယုံကြည်နိုင်စွာဖြင့် ဟိန်းဟောက်လိုက်သည်။
"သတ်"
နဝမနဂါးက နဂါးလက်သည်းများဖြင့် လေထဲသို့လှမ်းကာ သွေးရောင်စစ်ပုဆိန်ဆီသို့ ပြေးသွားသည်။ နဝမနဂါးသည် နဂါးလက်သည်းကုပ်ချက်ကို ထပ်မံ ထုတ်ဖော်လိုက်၏။ တစ်ချိန်တည်းမှာပင် နဂါးဟိန်းသံတစ်ခုဖြင့် ဝါးမျိုခြင်း စွမ်းအင်များက သွေးရောင်စစ်ပုဆိန်ကို လွှမ်းခြုံသွားတော့သည်။
လုမင်၏ ကျင့်ကြံခြင်းအခြေခံက ပြီးပြည့်စုံသော ဝိညာဉ်သန္ဓေသားနယ်ပယ်ကို ဖြတ်ကျော်လာပြီးနောက် စွမ်းအင်များက သိသိသာသာ တိုးလာခဲ့သည်။ ယွမ်ချီစွမ်းအင်ပမာဏ များပြားလာသည်နှင့် အတားအဆီးမဲ့သောကောင်းကင်သိုင်းကလည်း ပို၍ အားကောင်းလာခဲ့ပြီ။
လက်ရှိ လုမင်၏ ပေါ့ပေါ့ပါးပါး လှုပ်ရှားမှုက သူ ဝိညာဉ်သန္ဓေသားနယ်ပယ် အဆင့်ကိုး အစောပိုင်းအဆင့်တွင် ရှိခဲ့စဥ်က အတားအဆီးမဲ့သောကောင်းကင်သိုင်း၏ စွမ်းအားအပြည့်နှင့် နှိုင်းယှဉ်နိုင်သည်။
အကယ်၍ သူသည် ဝိညာဉ်နတ်ဘုရားနယ်ပယ်သို့ ဖြတ်ကျော်သွားခဲ့ပါက၊ ယွမ်ချီစွမ်းအင်က ပို၍ပင် ကြွယ်ဝလာမည်ဖြစ်ကာ အတားအဆီးမဲ့သော ကောင်းကင်သိုင်းကိုလည်း ပို၍ လွတ်လွတ်လပ်လပ် လုပ်ဆောင်နိုင်လိမ့်မည်။ သို့မှသာ သူက ပို၍ပင် ကြောက်စရာကောင်းမည့် နတ်ဘုရားအဆင့်သိုင်းပညာ၏ စစ်မှန်သော စွမ်းအားကို ထုတ်လွှတ်နိုင်ခဲ့မည် ဖြစ်သည်။
"ဒါက…"
နဝမနဂါး၏ ဝါးမျိုခြင်းစွမ်းအား လွှမ်းခြုံခံထားရသော သွေးပုဆိန်က အနည်းငယ် တုန်ခါသွားကာ ကတုံးဖြင့်လူ၏ ထိတ်လန့်တကြား အသံ ပေါ်လာသည်။
သူ၏ သွေးနှင့် စွမ်းအင်များက ဝါးမျိုခြင်းစွမ်းအားကြောင့် မတည်မငြိမ်ဖြစ်နေသလို ခံစားလိုက်ရ၏။
"ဝုန်း"
နဂါးလက်သည်းများက သွေးရောင်စစ်ပုဆိန်ကို ကုတ်ခြစ်မိကာ ပြင်းထန်စွာ တုန်လှုပ်သွားစေခဲ့သည်။
ပထမလက်သည်းပြီးနောက်၊ ဒုတိယ၊ တတိယ…
လက်သည်းတစ်ချက်ပြီးနောက်၊ နောက်တစ်ချက်…
လုမင်က သူ့ကိုယ်သူ ခုခံကာကွယ်ရန် တောင်နှင့်မြစ်ပန်းချီကားကို အသုံးပြုထားရာ ခံစစ်အတွက် လုံးဝ စိတ်ပူစရာ မလိုပေ။ ရူးသွပ်စွာဖြင့် တိုက်စစ်ကိုသာ ဖွင့်ထားသည်။
"ဝုန်း ဝုန်း"
ကောင်းကင်ယံ၌ ပေါက်ကွဲသံများ အဆတ်မပြတ် ထွက်ပေါ်လာကာ သွေးရောင်စစ်ပုဆိန်ကလည်း အဆက်မပြတ် တုန်ခါနေခဲ့သည်။ ကတုံးဖြင့်လူတော့ အားနည်းသည့်ဘက်ကို လုံးဝ ကျရောက်နေခဲ့ပြီ။
'ဘယ်လိုလုပ်ပြီး ဒီလောက် သန်မာနေတာလဲ။ ဒါက ဝိညာဉ်သန္ဓေသားနယ်ပယ်ကော ဟုတ်သေးရဲ့လား'
ကတုံးဖြင့်လူ၏ စိတ်ထဲတွင် တုန်လှုပ်သွားကာ ကြောက်ရွံ့မှုများကလည်း သူ့နှလုံးသားထဲတွင် ပေါ်လာခဲ့သည်။
သန်မာလွန်းလှသည်။ သူသည် ဂုဏ်သိက္ခာရှိသော ဝိညာဉ်နတ်ဘုရား ဖြစ်ခဲ့သော်လည်း လုမင်၏ ဖိနှိပ်ခြင်းကို အမှန်တကယ် ခဲ့နေခဲ့ရပြီ။
'သွား၊ ငါအရင်ပြန်ဆုတ်ရမယ်'
ကတုံးဖြင့်လူက ကြောက်လန့်တကြားဖြစ်ကာ ဆုတ်ချင်လာခဲ့သည်။
"သွားချင်တာလား၊ ဒီနေ့ မင်း မသွားနိုင်တော့ဘူး"
ကတုံးဖြင့်လူ၏ အတွေးများကို မြင်လိုက်ဟန်ဖြင့် လုမင်က အေးစက်စက်ဖြင့် ပြောလိုက်သည်။ နဝမနဂါးက သွေးရောင်စစ်ပုဆိန်ကို နောက်တစ်ကြိမ် ကုတ်ခြစ်လိုက်၏။
ဤလက်သည်းကုပ်ချက်၏ စွမ်းအားက ယခင်ကထက် ပိုပြင်းထန်ပြီး တုန်လှုပ်စရာအတိ ပြီးသည်။
လုမင်က ခွန်အားအပြည့်ဖြင့် ပေါက်ကွဲခဲ့ပြီး အတားအဆီးမဲ့သောကောင်းကင်သိုင်းကို အစွမ်းကုန် ထုတ်ဖော်လိုက်သည်။
သူ့ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်များကို အပြည့်အဝ စားသုံးခဲ့သော်လည်း လုမင်၏ လက်ရှိ ကျင့်ကြံခြင်းအခြေခံအရ အတားအဆီးမဲ့သောကောင်းကင်သိုင်း စွမ်းအားဟာ ယခင်ကထက် ပို၍ ကြောက်စရာကောင်းလာခဲ့ပြီ။
"ဒုန်း"
နဂါးလက်သည်းက သွေးရောင်စစ်ပုဆိန်ကို ထိမှန်သွားရာ ကျယ်လောင်သော ပေါက်ကွဲသံကြီး တုန်ဟီးကာ ထွက်ပေါ်လာခဲ့သည်။ သွေးရောင်စစ်ပုဆိန် ပျောက်ကွယ်သွားကာ ကတုံးဖြင့်လူ ပြန်ပေါ်လာခဲ့၏။ ၎င်းက အမြောက်ကျည်ကဲ့သို့ မြေပြင်ကို ပြုတ်ကျသွားကာ ချောင်းဆိုးပြီး သွေးများ အန်ထွက်လာတော့သည်။
"ဝုန်း"
ကတုံးဖြင့်လူက မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် ကျဆင်းလာရာ မြေတပြင်လုံး တုန်ခါပြီး ပြင်းစွာ ပေါက်ကွဲသွားခဲ့သည်။ အားပြင်းသော လှိုင်းလုံးများကလည်း အရပ်ရပ်သို့ ပျံ့နှံ့သွားကာ ကီလိုမီတာငါးဆယ် ဧရိယာရှိ တောင်အချို့ ကွဲအက်ပြီး အားလုံးပြိုကျသွားတော့သည်။
သစ်ပင်များနှင့် ကျောက်တုံးများနှင့် အားလုံး ပြာအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ထိုအချိန်တွင်၊ ကတုံးဖြင့်လူက မီတာ ဒါဇင်အနည်းငယ်နက်သော မြေပြင်ပေါ်တွင် လဲကျနေခဲ့သည်။
ယခုအခါ ကတုံးဖြင့်လူက သွေးများ တပွက်ပွက်အန်နေခဲ့၏။ သူ့မျက်လုံးများက ကြောက်ရွံ့မှုများနှင့် ပြည့်နှက်နေကာ အရှိန်အဝါ အားနည်းနေတော့သည်။
"သတ်"
နဝမနဂါးက ဟိန်းဟောက်ပြီး အောက်သို့ ပြေးဆင်းသွားလာကာ နဂါးခြေသည်းဖြင့် ကတုံးဖြင့်လူအား ကုပ်ခြစ်လိုက်သည်။
ဤအခိုက်တွင်၊ နာ့ယွမ်ကျောက်မှ စွမ်းအင်များက လုမင်၏ ခန္ဓာကိုယ်တွင်းသို့ ဆက်တိုက်စီးဆင်းလာ၍ ယွမ်ချီစွမ်းအင် တစ်ဖန် ပြန်လည်ပြည့်ဝလာခဲ့သည်။
သို့သော်လည်း နာ့ယွမ်ကျောက်တွင် သိမ်းဆည်းထားသည့် စွမ်းအင်များကတော့ လုံးဝ ကုန်ဆုံးသွားခဲ့ပြီ။
နောက်ဆုံးတွင် ၎င်းက အဆင့်ကိုး ဝိညာဉ်သန္ဓေသားနယ်ပယ် အစောပိုင်းအဆင့်တွင် သူသိုလှောင်ထားခဲ့သော စွမ်းအင်တစ်ခုမျှသာ ဖြစ်သည်။
"မဟုတ်ဘူး၊ ငါ့ကိုမသတ်နဲ့"
ကတုံးဖြင့်လူက ထိတ်လန့်တကြား ဟိန်းဟောက်ကာ ခုခံချင်ခဲ့သည်။ သို့ရာတွင် ဒဏ်ရာအပြင်းအထန် ရရှိထားသောသူက လုမင်ကို မည်သို့ခုခံနိုင်မည်နည်း။
လက်သည်းအလင်းက ကတုံးဖြင့်လူ၏ အကာအကွယ်အားလုံးကို ဖြိုခွဲလိုက်ကာ ကြောက်လန့်တကြား အော်သံများကြားတွင် အပိုင်းပိုင်းကွဲသွားစေတော့သည်။
"ဝါးမျိုလော့"
ဝါးမျိုခြင်း စွမ်းအားက ကတုံးဖြင့်လူကို ဖုံးလွှမ်းသွားကာ သူ၏ သွေးအနှစ်သာရ၊ စွမ်းအင်၊ သွေးနှင့် အနှစ်သာရအားလုံးကို ဝါးမြိုသွားခဲ့သည်။
ဝိညာဉ်နတ်ဘုရားနယ်ပယ်မှ တန်ခိုးရှင်တစ်ဦး၏ သွေးနှင့် အနှစ်သာရများက ကြွယ်ဝလွန်း၍ နဝမနဂါးသွေးမျိုးဆက်ကို တုန်ခါသွားစေခဲ့ပေသည်။
'နေရာရှာပြီး သန့်စင်မှ'
လုမင်လည်း သူ့ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ကာ ထိုနေရာမှ အဝေးသို့ ပြေးထွက်သွားတော့သည်။
ဟုတ်သည်၊ သူက ကတုံးဖြင့်လူ၏ သိုလှောင်လက်စွပ်ကို လက်မလွှတ်ခဲ့ပေ။
မိုင်သောင်းချီကာ ထွက်လာပြီးနောက် လုမင်က လျှို့ဝှက်နေရာတစ်ခုသို့ သွားရောက်ကာ တောင်တန်းနှင့်မြစ်ပြင် ပန်းချီကားအတွင်းသို့ဝင်ပြီး စတင် သန့်စင်လိုက်သည်။
သူဝါးမျိုထားသော ချီ၊ သွေးနှင့် အနှစ်သာရတို့က ယွမ်ချီစွမ်းအင်အဖြစ် အဆက်မပြတ် ပြောင်းလဲသွားကာ လုမင်၏ ကျင့်ကြံခြင်းက တစ်ဖန် တိုးတက်လာတော့သည်။
"ဂါး"
အဆုံးတွင်၊ နဝမနဂါးက ဟိန်းဟောက်သံ ပြုလိုက်သည်။ သတ္တမမြောက် ရွှေရောင်ချက္ကရကလည်း မူလ ချက္ကရခြောက်ခု၏အောက်တွင် တဖြည်းဖြည်း ထွက်ပေါ်လာတော့သည်။
ဝိညာဉ်နတ်ဘုရားနယ်ပယ်မှ တန်ခိုးရှင်တစ်ဦးကို ဝါးမျိုသန့်စင်ပြီးနောက် နဝမနဂါးသွေးမျိုးဆက်က တစ်ဖန် တိုးတက်လာကာ နတ်ဘုရားအဆင့်ခုနစ်သို့ ရောက်ရှိသွားခဲ့သည်။
နဝမနဂါးသွေးမျိုးဆက် တိုးတက်လာခြင်းနှင့်အတူ သူ၏ကျောရိုးမှ နောက်ထပ် နဂါးစွမ်းအင် မွေးဖွားလာပြန်သည်။
စုစုပေါင်း နဂါးစွမ်းအင် ခုနစ်ခု ရှိ၏။ လုမင်သာ နဂါးစွမ်းအင် ခုနစ်ခုဖြင့် ပေါက်ကွဲခဲ့ပါက သူ၏ တိုက်ခိုက်နိုင်စွမ်းမှာလည်း ထပ်မံ တိုးတက်လာမည်မှာ သေချာလှပေသည်။
'ငါ့ရဲ့လက်ရှိခန္ဓာကိုယ်က နဂါးလေးကောင်လောက်ပဲ ပေါက်ကွဲနိုင်တာ သနားစရာပဲ။ ဒီထက်ပိုပြီး ပေါက်ကွဲလိုက်ရင် ငါ ထိန်းချုပ်လို့မရတော့ဘဲ အကြေးခွံတွေ ပေါ်လာလိမ့်မယ်။ ဒီလို မြင်ကွင်းမျိုးက အင်မတန် ထူးခြားတာကြောင့် စိတ်ဝင်စားသူတွေ သတိပြုမိသွားမှာ ကြောက်ရတယ်'
လုမင်က သူ့ကိုယ်သူ တွေးနေသည်.။
ယခုအချိန်အထိ လုမင် ခွန်အားအပြည့်ဖြင့် ပေါက်ကွဲထွက်၍ ငရဲဖိနှိပ်ကျောက်စာချပ်နှင့် နဝမနဂါးသွေးမျိုးဆက်ကို မြင်တွေ့ဘူးသူမှာ နှစ်ယောက်သာ ရှိသည်။
၎င်းတို့က ကတုံးဖြင့်လူနှင့် မုတ်ဆိတ်ဖြင့်လူသာ ဖြစ်ကြ၏။
'အခု ကတုံးကောင် သေသွားပေမဲ့ မုတ်ဆိတ်နဲ့လူက ရှိနေတုန်းပဲ။ သူ ဘယ်သူ့ကိုမှ မပြောဖို့ပဲ မျှော်လင့်တယ်'
လုမင် စဉ်းစားလိုက်သည်။
နဝမနဂါးသွေးမျိုးဆက်သည် အလွန်တရာထူးခြားပြီး ရှေးခေတ်ကတည်းက မည်သူမျှ မနိုးထခဲ့ဘူးပေ။ အကယ်၍ ဤသတင်းများ ပျံ့နှံ့သွားလျှင် ကောင်းကင်ဧကရာဇ်ဘုရားကျောင်းက အမှန်တကယ် ရှာဖွေတွေ့ရှိနိုင်ကြမည် ဖြစ်သည်။
'ကြည့်ရတာ ဒီမုတ်ဆိတ်နဲ့လူကို အခွင့်အလမ်းရှာပြီး သတ်ရတော့မယ်ထင်တယ်'
လုမင် တွေးလိုက်သည်။
ခဏအကြာတွင် ကတုံးဖြင့်လူ၏ စွမ်းအင်အား လုံးဝသန့်စင်ပြီးသွားသည်။
ထိုအခါ လုမင်က နာ့ယွမ်ကျောက်ကို ထပ်မံထုတ်ယူလိုက်၏။
ယခုမူ နာ့ယွမ်ကျောက်က လွတ်သွားသဖြင့် စွမ်းအင်များ ဆက်လက် သိုလှောင်ထားရန် စီစဉ်ခဲ့သည်။
နာ့ယွမ်ကျောက်ဖြင့်၊ သူသည် တိုက်ပွဲတွင် အလွန်စိုးရိမ်နေစရာမလိုဘဲ ခွန်အားအပြည့်ဖြင့် ရံဖန်ရံခါ ပေါက်ကွဲနိုင်လိမ့်မည်။
ဤတစ်ကြိမ်တွင် ကတုံးဖြင့်လူကို သူသတ်နိုင်ခဲ့ခြင်းကလည်း နာ့ယွမ်ကျောက်၏ ကျေးဇူးကြောင့် ဖြစ်သည်။
သူက နာ့ယွမ်ကျောက်ကို ကိုင်ဆောင်ကာ ၎င်း၏ စွမ်းအင်များအား အဆက်မပြတ် သွန်းလောင်းခဲ့သည်။
စွမ်းအင်ကုန်သွားသောအခါ လုမင်က ကျောက်ကြမ်းများကို ဝါးမျိုပြီး ပြန်လည်ဖြည့်တင်းလိုက်၏။
နေ့ဝက်ကြာပြီးနောက်မှာတော့ နာ့ယွမ်ကျောက်တွင် ယွမ်ချီစွမ်းအင် အကြိမ်အနည်းငယ် ဆက်တိုက် သွန်းလောင်းခဲ့တော့သည်။ ၎င်းက လုမင်၏ စွမ်းအားအပြည့် အကြိမ်အနည်းငယ်နှင့် ညီမျှသည်။
သို့သော်လည်း ကြောက်စရာကောင်းအောင် ကျောက်ကြမ်းတစ်သောင်းအတိ စားသုံးပေးခဲ့ရလေသည်။
--------