← Chapters

အခန်း ၁၀၃၈

Vol. 70 Ch. 1038

အခန်း ၁၀၃၈

Vol. 70 Ch. 1038

ထာဝရနဂါးတန်ခိုးရှင် ( လုမင် )

မူရင်း စာရေးဆရာ - Mu Tong Ting Zhu၊ 牧童听竹

ဘာသာပြန်သူ - ထာဝရ

အပိုင်း ( 1038 ) ဝိညာဉ်နတ်ဘုရားများ၏ တိုက်ပွဲ။

သူတို့ခြောက်ယောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်သည်။

ရုတ်​တရက်​ သူတို့​ခြောက်​​ယောက်​ လှုပ်​ရှားလာကြ၏။ ၎င်းတို့က ချိုင့်ဝှမ်းဆီသို့ အတူ ပြေးသွားကြတော့သည်။

"ဟားဟားဟား၊ စိတ်ဝိညာဉ် သန့်စင်ခြင်း အသီးက ငါ့ဟာကွ"

ထွားကျိုင်းသော အမျိုးသားတစ်ဦးက ရယ်မောကာ စိတ်ဝိညာဉ်သန့်စင်ခြင်း သစ်သီးများထဲမှ တစ်လုံးကို ဖမ်းဆုပ်လိုက်သည်။

"ဝှစ်"

ရုတ်တရက် အနီရင့်ရောင် အလင်းတန်းတစ်ခုက သစ်ပင်မှ လင်းလက်လာကာ ထွားကျိုင်းသော လူဆီသို့ တိုးဝင်သွား၏။

"ဘာ၊ သွေးတစ္ဆေပင့်ကူလား"

ထွားကျိုင်းသောလူလည်း ထိတ်လန့်သွားကာ သွေးတစ္ဆေပင့်ကူကို ခုတ်ထစ်ရန် သူ၏ခွန်အားရှိသမျှ အသုံးပြုခဲ့သည်။

"ဝုန်း"

သွေးတစ္ဆေပင့်ကူ ထက်ခြမ်းကွဲသွား၏။

သို့သော်၊ နောက်အခိုက်အတန့်တွင် ပျားအုံကို တုတ်နှင့် ထိုးဖောက်လိုက်သကဲ့သို့ ထွားကျိုင်းသော လူထံကို သွေးတစ္ဆေပင့်ကူ ဒါဇင်ချီပြီး ခုန်ဝင်လာတော့သည်။ တချို့ဆိုလျှင် အလွန်အစွမ်းထက်ကြသည်။

သူသာမကဘဲ အခြားငါးဦးမှာလည်း သွေးစ္ဆေပင့်ကူများ၏ တိုက်ခိုက်ခြင်းကို ခံရသည်။

"သေစမ်း"

သူတို့ခြောက်ယောက်လည်း ဟိန်းဟောက်ကာ အစွမ်းကုန်ထုတ်ပြီး သွေးတစ္ဆေပင့်ကူများကို တိုက်ခိုက်လိုက်ကြသည်။

"ရွှပ် ဖောက်"

မျက်စိတစ်မှိတ်အတွင်းမှာပင်၊ သွေးတစ္ဆေပင့်ကူ ဒါဇင်ချီပြီး သူတို့လက်ထဲတွင် သေဆုံးသွားခဲ့သည်။ သို့သော်၊ သွေးတစ္ဆေပင့်ကူတစ်ကောင်က အဆင့်ကိုးဝိညာဉ်သန္ဓေသားနယ်ပယ် အဘိုးကြီးတစ်ယောက်၏ နဖူးကို ဖောက်သွားခဲ့၍ အော်သံထွက်လာသည်။ ထို့နောက်တွင်၊ မရေမတွက်နိုင်သော သွေးတစ္ဆေပင့်ကူများက သူ့ခန္ဓာကိုယ်ပေါ်ကို တဖွဲဖွဲ တက်သွားကြ၏။ ခဏချင်းပင်မှာပင် အဘိုးကြီး သေဆုံးသွားတော့သည်။

"နောက်ဆုတ်ကြ"

အခြားသူများလည်း ကြောက်လန့်တကြားဖြင့် မျက်နှာများ ဖြူဖျော့ကာ နောက်ဆုတ်ရန် ကြိုးစားလိုက်ကြသည်။

"ရွှီး"

ရုတ်​တရက်​ စူးရှ​​သောအသံတစ်​ခု ထွက်ပေါ်လာသည်။ အနက်​​ရောင်​အလင်းတန်းတစ်ခုက လေထုကို ထိုးဖောက်ကာ လျင်​မြန်​စွာ လင်းလက်​လာခဲ့၏။

"ဖောက် ဖောက်…"

ကျွမ်းကျင်သူ ငါးဦးစလုံး တခဏချင်းတွင် အသတ်ခံခဲ့ရတော့သည်။

"ဝိညာဉ်နတ်ဘုရားနယ်ပယ် သွေးတစ္ဆေပင့်ကူ"

လုမင် မျက်လုံးပြူးသွားသည်။ ၎င်းက လက်သီးအရွယ်အစားရှိပြီး အလွန်အစွမ်းထက်သော အရှိန်အဝါရှိသည့် သွေးတစ္ဆေပင့်ကူဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သူမြင်လိုက်ရ၏။

ကျွမ်းကျင်သူ ခြောက်ဦးစလုံး တခဏချင်း အသတ်ခံခဲ့ရပြီးနောက် သွေးတစ္ဆေပင့်ကူများ၏ စားသောက်ခြင်းကို ခံခဲ့ရသည်။ ထို့နောက် ချိုင့်ဝှမ်းတွင် တစ်ဖန် ငြိမ်သက်သွားပြန်သည်။ သွေးတစ္ဆေပင့်ကူများက စိတ်ဝိညာဉ်သန့်စင်ခြင်းသစ်ပင်များပေါ်သို့ တစ်ဖန်တက်ခဲ့ပြီးနောက် ပတ်ဝန်းကျင်နှင့် တစ်သားတည်းဖြစ်သွားပုံရကာ မမြင်ရတော့ပေ။

ဤတော့မှ သွေးအေးနန်းတော်မှ ကျွမ်းကျင်သူသုံးဦးသည် လေထဲတွင် ပေါ်လာခဲ့ကြသည်။

"အမှိုက်တွေပဲ"

တစ်ယောက်က အေးစက်စက်ဖြင့် ပြောလိုက်သည်။

"ဒါက အလုပ်မဖြစ်ဘူး။ ဒီနည်းလမ်းနဲ့ သွေးတစ္ဆေပင့်ကူတွေရဲ့ အင်အားကို အများကြီး မကုန်စေနိုင်ဘူး။ နောက်ပြီးတော့ ဒီမှာ ဝိညာဉ်နတ်ဘုရားနယ်ပယ် သွေးတစ္ဆေပင့်ကူက သုံးကောင်တောင်ရှိတယ်။ သူတို့ရဲ့ အင်အားတွေကို ကုန်ဆုံးစေချင်ရင် ဝိညာဉ်နတ်ဘုရားနယ်ပယ်မှာ ရှိနေဖို့လိုတယ်"

မုတ်ဆိတ်နှင့် ထွားကျိုင်းသောလူက ပြောလိုက်၏။

"ဒါဆိုရရင်လည်း ဝိညာဉ်နတ်ဘုရားနယ်ပယ် တန်ခိုးရှင်တွေကို ဆွဲဆောင်လိုက်ကြတာပေါ့"

ပြောဆိုပြီးနောက် မုတ်ဆိတ်ကြီး၏လက်ထဲတွင် ဝိညာဉ်ဆေးပင်တစ်ပင် ပေါ်လာသည်။ ရုတ်​တရက်​ အစိမ်းရောင်​အလင်းတန်းများသည် ​လေထဲတွင် ပြည့်​သွားပြီး ​ကောင်းကင်​သို့ ထိုးတက်သွားတော့သည်။

"ဒါက ကောင်းကင်မြက်စိမ်းပဲ၊ အဆင့်ကိုး ဝိညာဉ်ဆေးပင်"

လုမင် အံ့သြသွားသည်။

မုတ်ဆိတ်ကြီး၏လက်ထဲမှ ဝိညာဉ်မြက်ဟာ အမှန်တကယ် အဆင့်ကိုး ဝိညာဉ်မြက်ပင် ဖြစ်နေသည်။

လုမင်၏ မျက်လုံးများက တောက်လောင်နေသော အလင်းများဖြင့် လင်းလက်သွားလေသည်။ အကယ်၍ သူ့တွင် ဤအဆင့်ကိုး ဝိညာဉ်မြက် ရှိနေပါက၊ သူ၏ ဖင်းဂေါ့ခန္ဓာသည် အဆင့်ကိုးအထိ ချိုးဖြတ်သွားနိုင်သည်။

ဤတစ်ကြိမ်တွင် သွေးအေးနန်းတော်မှ လူသုံးဦးသည် တောင်ဘက်သို့ ပြေးသွားသော်လည်း မကြာမီ ပြန်ရောက်လာကာ တောင်ပေါ်တွင် ကမန်းကတန်း ပုန်းရှောင်သွားတော့သည်။

များမကြာမီပင် တောင်ဘက်မှ အလင်းတန်းနှစ်ခုက ကြောက်မက်ဖွယ်အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာသည်။ သူတို့၏ အရှိန်အဝါများက အလွန် ကြောက်မက်ဖွယ်ကောင်းကာ အစွမ်းထက်ကြပေသည်။

"လင်းယုန်နှစ်ကောင်"

လုမင်သည် ၎င်းတို့က လင်းယုန်သဏ္ဍာန် မွန်းစတားနှစ်ကောင်ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။

"ဒါက ကောင်းကင်လင်းယုန်ခံတပ်က ကျွမ်းကျင်သူတွေပဲ"

စန္ဒကူးနတ်သမီးက ခပ်တိုးတိုး ပြောလိုက်သည်။

ထိုလင်းယုန်နှစ်ကောင်သည် ဝိညာဉ်နတ်ဘုရားနယ်ပယ်တွင် ရှိနေကြကြောင်း ထင်ရှားသည်။ သူတို့၏ အရှိန်အဝါများက တောင်ကြီးကဲ့သို့ လေးလံကာ လျှပ်စီးကြောင်းကဲ့သို့ စူးရှသောမျက်လုံးများဖြင့် ပတ်ဝန်းကျင်ကို အကဲခတ်လိုက်၏။

ချိုင့်ဝှမ်းထဲမှ စိတ်ဝိညာဉ်သန့်စင်ခြင်း သစ်သီးများကို တွေ့လိုက်သည့်အခါ ချက်ချင်းပဲ မျက်လုံး အရောင်လက်သွားတော့သည်။

"ဟားဟားဟား၊ စိတ်ဝိညာဉ် သန့်စင်ပေးခြင်း သစ်သီးပဲ... အဲဒါက စိတ်ဝိညာဉ်ခြင်း သစ်သီးတွေပဲ။ ကောင်းလိုက်တဲ့ အခွင့်အလမ်း"

ခရမ်းရောင် လင်းယုန်ကြီးတစ်ကောင်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။

"ညီတူမျှတူ ခွဲယူကြတာပေါ့"

ဧရာမ လင်းယုန်ပြာကြီးလည်း ပြောလိုက်၏။

"ကောင်းပြီ"

ခရမ်းရောင် လင်းယုန်ကြီးက ခေါင်းညိတ်လိုက်သည်။ ထို့နောက် လင်းယုန်နှစ်ကောင်သည် ချိုင့်ထဲသို့ တိုက်ရိုက်ပြေးဝင်သွား၏။

ချိုင့်ဝှမ်းထဲသို့ ပြေးဝင်လာသည်နှင့် တပြိုင်နက် သွေး‌တစ္ဆေပင့်ကူများက အလုံးအရင်းဖြင့် ၎င်းတို့ဆီသို့ ပြေးလာကြတော့သည်။

"သွေးတစ္ဆေပင့်ကူတွေပဲ၊ သေစမ်း"

အပြာရောင် လင်းယုန်ကြီးက ၎င်း၏ပါးစပ်ကိုဟကာ အပြာရောင်အလင်းတန်းများကို ထွေးထုတ်လိုက်သည်။ အလင်းတန်း ဖြတ်သွားတိုင်းတွင် အပူချိန်က သိသိသာသာ ကျဆင်းသွား၏။ သွေးတစ္ဆေပင့်ကူများလည်း ရေခဲများအဖြစ် အေးခဲသွားတော့သည်။

"ရွှီး"

ဧရာမ ခရမ်းရောင် လင်းယုန်ကြီးကလည်း ၎င်း၏ အတောင်ပံများကို ခတ်လိုက်ရာ အဆုံးမဲ့ ခရမ်းရောင် လျှပ်စီးကြောင်းများ ပျံ့နှံ့သွားသည်။ သွေးတစ္ဆေပင့်ကူများလည်း လျှပ်စီးများအောက်တွင် ပြာအဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားတော့သည်။

သာမန်သွေးတစ္ဆေပင့်ကူများက လင်းယုန်ကြီးနှစ်ကောင်ကို လုံးဝမရပ်တန့်နိုင်ပါ။ တခဏချင်းမှာပင် ထောင်ချီ၍ အသတ်ခံခဲ့ရသည်။

"ဝှစ် ဝှစ် ရွှစ်"

ထိုအချိန်တွင် အလင်းတန်းသုံးခုက တိုးထွက်လာပြီး လင်းယုန်ငှက်ကြီးနှစ်ကောင်ကို တိုက်ခိုက်လိုက်ကြသည်။

"ဟင်၊ အဲဒါက ဝိညာဉ်နတ်ဘုရားနယ်ပယ် သွေးတစ္ဆေပင့်ကူပဲ"

ခရမ်းရောင် လင်းယုန်ကြီးက ဟိန်းဟောက်ပြီး အတောင်ပံများကို ခတ်လိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသော မိုးကြိုးလျှပ်စီးကြောင်းများက လျှပ်စီးလှံသုံးစင်းအဖြစ်သို့ ပြောင်းလဲသွားကာ သွေးတစ္ဆေပင့်ကူသုံးကောင်ကို ထိုးချလိုက်သည်။

တစ်ချိန်တည်းမှာပင် ဧရာမ လင်းယုန်ပြာကြီးလည်း ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုကို စတင်ခဲ့၏။ အပြာရောင်ရေခဲမြစ်တစ်စင်းက သွေးတစ္ဆေပင့်ကူသုံးကူသုံးကောင်ကို အေးခဲသွားအောင် ရစ်ပတ်လိုက်တော့သည်။

သို့သော် သွေးတစ္ဆေပင့်ကူသုံးကောင်က အလွန်အစွမ်းထက်သည်။ မိုးကြိုးနှင့် ရေခဲမြစ်ကိုဖြတ်၍ လင်းယုန်ကြီးနှစ်ကောင်ကို တိုက်ခိုက်လိုက်၏။

ဧရာမ လင်းယုန်ကြီးနှစ်ကောင်လည်း ဟိန်းဟောက်ကာ အားအင်အပြည့်နှင့် တိုက်ခိုက်ကြတော့သည်။

"ဝုန်း ဝုန်း"

ဆက်တိုက် တိုက်မိပြီးနောက်၊ လင်းယုန်ကြီးနှစ်ကောင်နှင့် သွေးတစ္ဆေပင့်ကူသုံးကောင်တို့က ကောင်းကင်ယံသို့ ပျံတက်သွားကြသည်။ ကောင်းကင်ယံ၌ တိုက်ပွဲသည် အလွန်ပြင်းထန်ကြ၏။

ဧရာမ လင်းယုန်ကြီးနှစ်ကောင်နှင့် သွေးတစ္ဆေပင့်ကူသုံးကောင်တို့သည် ပထမအဆင့် ဝိညာဉ်နတ်ဘုရားနှင် ညီမျှသော အဆင့်ရှစ် ပထမအဆင့်တွင် ရှိသင့်သည်။ ၎င်းတို့၏ တိုက်ခိုက်နိုင်စွမ်းမှာ တူညီသော်လည်း လင်းယုန်ကြီး နှစ်ကောင်က လူနည်း၍ အားနည်းချက် ရှိလာသည်။

ထောင်ချီသော သွေးတစ္ဆေပင့်ကူများ အသတ်ခံရခြင်းက သွေးတစ္ဆေပင့်ကူသုံးကောင်ကို ဒေါသဖြစ်သွားစေပုံရ၏။ ၎င်းတို့က လင်းယုန်ကြီးနှစ်ကောင်ကို အပြင်းအထန် တိုက်ခိုက်နေတော့သည်။

အကြိမ်ပေါင်းများစွာ လှုပ်ရှားပြီးနောက် ခရမ်းရောင် လင်းယုန်ကြီး၏ခန္ဓာမှာ သွေးတစ္ဆေပင့်ကူများ၏ ခြေသည်းများဖြင့် ကုတ်ခြစ်ခံခဲ့ရသည်။ ချက်ချင်းပင် အမွှေးများကျွတ်ပြီး သွေးများ စီးကျလာခဲ့သည်။

"သေစမ်း"

ခရမ်းရောင် လင်းယုန်ကြီးလည်း ရူးသွပ်သွားခဲ့သည်။ သူ့ခန္ဓာကိုယ်ထဲတွင် နတ်သားရဲ သွေးများ ဆူပွက်လာပုံရ၏။ ၎င်း၏ ခန္ဓာကိုယ်က လျှပ်စီးလက်သွားသကဲ့သို့ပင်။ ၎င်း၏ ခြေသည်းများက သွေးတစ္ဆေပင့်ကူတစ်ကောင်၏ ကုတ်ခြစ်လုနီး ဖြစ်ခဲ့သည်။ သွေးတစ္ဆေပင့်ကူက နောက်ဆုံးတွင် ရှောင်တိမ်းသွားသော်လည်း ဒဏ်ရာတစ်ခု ရလိုက်၏။ ထိုဒဏ်ရာမှ အစိမ်းရောင် အရည်များ ထွက်လာတော့သည်။

"သွား၊ အရင်သွားစို့"

ကြီးမားသော ခရမ်းရောင်လင်းယုန်ကြီးက ဟိန်းဟောက်ပြီး ဝိုင်းထဲမှ ထွက်သွားရန် ကြိုးစားလိုက်သည်။ သို့သော်၊ သွေးတစ္ဆေပင့်ကူသုံးကောင်က သူတို့ကို တင်းတင်းကျပ်ကျပ် ချည်နှောင်ထား၍ လုံးဝ ရုန်းမထွက်နိုင်ခဲ့ပေ။

တိုက်ပွဲက ပိုပိုပြီး ပြင်းထန်လာသည်။

နောက်ဆုံးတွင်၊ သွေးတစ္ဆေပင့်ကူ အခွင့်အရေးရှာပြီး ဧရာမ ခရမ်းရောင် လင်းယုန်၏ ဝမ်းဗိုက်ကို တိုက်ခိုက်ခဲ့သည်။ ထို့နောက်တွင်‌ သွေးတစ္ဆေပင့်ကူက ဧရာမ ခရမ်းရောင်လင်းယုန်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားတော့သည်။

"အား…"

ခရမ်းရောင် လင်းယုန်ကြီးက အဆုံးမဲ့ နာကျင်မှုများကို ခံစားနေရသကဲ့သို့ အသံနက်ကြီးဖြင့် ထအော်သည်။ ၎င်းက လေထဲတွင် ပြင်းပြင်းထန်ထန် ရုန်းကန်ခဲ့ရသည်။

"ငါသေရင် မင်းလည်းသေရမယ်"

နောက်ဆုံးတွင် ခရမ်းရောင်လင်းယုန်က ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။ ကောင်းကင်တစ်ခွင်တွင် လျှပ်စီးများနှင့် ပြည့်နှက်ပြီး သူ့ခန္ဓာကိုယ်ကလည်း လျင်မြန်စွာ ဖောင်းကားလာခဲ့၏။ ထို့နောက်မှာတော့ ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ပေါက်ကွဲသွားတော့သည်။ အခြား သွေးတစ္ဆေ ပင့်ကူနှစ်ကောင်နှင့် လင်းယုန်ပြာတို့ပင်လျှင် ကြောက်မက်ဖွယ် စွမ်းအားကြောင့် လွင့်စဉ်သွားခဲ့သည်။

လျှပ်စီးများ ပြည့်နေသော ကောင်းကင်ယံတွင် သွေးတစ္ဆေပင့်ကူတစ်ကောင်ကို မြင်လိုက်ကြရသည်။ သို့သော်လည်း ၎င်းက အသက်ကင်းမဲ့နေကာ မီးသွေးတုံးကြီးအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ။

ခရမ်းရောင်လင်းယုန်ကြီး၏ ခန္ဓာကိုယ်ထဲသို့ ပြေးဝင်သွားသော သွေးတစ္ဆေပင့်ကူကြီးမှာ ခရမ်းရောင်လင်းယုန်၏ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲမှုအောက်တွင် သေဆုံးသွားရသည်။

ယင်းက အပြန်အလှန် ဖျက်ဆီးခြင်းပင်။

"ကျီး"

ကျန် သွေးတစ္ဆေပင့်ကူနှစ်ကောင်လည်း အလွန်ဒေါသထွက်သွားပုံရသည်။ သူတို့က အော်ဟစ်ကာ လင်းယုန်ပြာကြီးကို ခုန်အုပ်လိုက်ကြသည်။

ဧရာမ လင်းယုန်ပြာကြီးက ဟိန်းဟောက်ပြီး လွတ်မြောက်ရန် အစွမ်းကုန် ကြိုးစားခဲ့သော်လည်း အသုံးမဝင်ခဲ့ပေ။ ၎င်းကို သွေးတစ္ဆေပင့်ကူနှစ်ကောင်က တင်းတင်းကျပ်ကျပ် တားဆီးထားခဲ့သည်။ နောက်ဆုံးတွင် လင်းယုန်ပြာကြီး၏ တိုက်ခိုက်မှုကြောင့် ပင့်ကူကြီးတစ်ကောင် ဒဏ်ရာအပြင်းအထန် ရခဲ့သည်။ သို့သော်လည်း ဧရာမ လင်းယုန်ပြာကြီးမှာ သွေးတစ္ဆေပင့်ကူနှစ်ကောင်၏ သတ်ဖြတ်ခံခဲ့ရပေသည်။

အဆင့်ရှစ် ဧရာမ လင်းယုန်နှစ်ကောင်ဟာ ထိုကဲ့သို့ပင် သေဆုံးသွားခဲ့သည်။

ဟုတ်ပေသည်၊ သွေးတစ္ဆေပင့်ကူများ ပေးဆပ်လိုက်ရသော တန်ကြေးကလည်း ကြီးမားလွန်းလှသည်။

"ဟာဟား၊ ကောင်းတယ်"

ထိုအချိန်တွင် ကျယ်လောင်သော ရယ်မောသံနှင့်အတူ သွေးအေးနန်းတော်မှ ကျွမ်းကျင်သူ သုံးဦး ပေါ်လာသည်။ ၎င်းတို့က သွေးတစ္ဆေပင့်ကူနှစ်ကောင်ကို ခုန်အုပ်လိုက်၏။

သွေးတစ္ဆေပင့်ကူသုံးကောင် ရှိသောအခါတွင် ၎င်းတို့က အယုံအကြည် မရှိခဲ့ကြပေ။ ယခုအခါ၊ နောက်ဆုံးတွင်ကား သူတို့ တိုက်ခိုက်နိုင်ကြပြီ ဖြစ်သည်။

သွေးတစ္ဆေပင့်ကူသုံးကောင်တွင် တစ်ကောင်သေဆုံးကာ တစ်ကောင်က ဒဏ်ရာအပြင်းအထန်ရရှိပြီး ကျန်တစ်ကောင်မှာလည်း ဒဏ်ရာ အနည်းငယ်ရသွားခဲ့ကြသည်။ နောက်ဆုံးတွင် ဧရာမ လင်းယုန်ငှက်ကြီးများ၏ အသက်ရင်း၍ တိုက်ခိုက်ခဲ့ခြင်းမှာ ဟာသမဟုတ်ပေ။

--------

All Chapters