အခန်း ၁၀၃၉
Vol. 70 Ch. 1039
ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu၊ 牧童听竹
ဘာသာပြန်သူ - ထာဝရ
အပိုင်း ( 1039 ) စိတ်ဝိညာဉ်သစ်သီးများကို ဝင်လုယူသည်။
ဒဏ်ရာရနေသော သွေးတစ္ဆေပင့်ကူနှစ်ကောင်ကို တိုက်ခိုက်ရန် သူတို့သုံးယောက်အတွက် ပို၍လွယ်ကူသည်။ ၎င်းတို့က သွေးတစ္ဆေပင့်ကူနှစ်ကောင်ကို လုံးလုံးလျားလျား ဖိနှိပ်ထားကာ မကြာမီ အခက်အခဲ ဖြစ်သွားခဲ့ကြ၏။
"ဒါက အခွင့်ကောင်းပဲ။ ဝိညာဉ် သန့်စင်ခြင်း သစ်သီးတွေကို ငါတို့ ယူနိုင်ပြီ"
စန္ဒကူးနတ်သမီး၏ မျက်လုံးများက တောက်ပလာသည်။
"ဝိညာဉ်နတ်ဘုရားသခင်နယ်ပယ် တခြားသွေးတစ္ဆေပင့်ကူတွေ မရှိလောက်ဘူးလား"
လုမင် မေးလိုက်၏။
"မဟုတ်ဘူး၊ ငါက သက်ရှိသတ္တဝါတွေရဲ့ အရှိန်အဝါကို အရမ်းနားလည်တယ်။ ငါမမှားနိုင်ဘူး"
စန္ဒကူး နတ်သမီး ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီ၊ ဝိညာဉ် သန့်စင်ခြင်း သစ်သီးတွေပိုယူပြီး ခွဲထွက်ကြရအောင်"
လုမင် ပြောလိုက်သည်။
အခွင့်အလမ်းကိုဆုပ်ကိုင်ရန် သူတို့ သုံးယောက်က အတူတူ တွဲလုပ်ကြရသည်။ ထိုသို့မဟုတ်လျှင် သွေးအေးနန်းတော်မှ ကျွမ်းကျင်သူသုံးယောက်က သူတို့ကို တိုက်ခိုက်ကြမှာ သေချာသည်။ ထိုအခါ လွတ်မြောက်နိုင်မည် မဟုတ်ပေ။
သူတို့သုံးယောက် တစ်ချိန်တည်းတွင် ချိုင့်ဝှမ်းထဲသို့ ပြေးဆင်းသွားကြသည်။ သူတို့ ပုံရိပ်များက အလွန်လျင်မြန်ကာ လျှပ်စီးလက်သလို ဖြတ်သွားကြ၏။
"ပြီးပြည့်စုံတဲ့ ဝိညာဉ်သန္ဓေသား"
ကျင်းခုန်းလင်ဟာ လုမင်၏ အရှိန်အဝါက ယခင်ကထက် ပို၍အားကောင်းလာကြောင်း တွေ့ရှိခဲ့ရသည်။ ယင်းက ပြီးပြည့်စုံသော ဝိညာဉ်သန္ဓေသားနယ်ပယ်သို့ ရောက်ရှိခဲ့ကြောင်း သိသာထင်ရှားလှပေသည်။
ဟုတ်ပေသည်၊ ကောင်းကင်မီးငှက်သစ်သီးများကို သန့်စင်ပြီးနောက် ကျင်းခုန်းလင်ကလည်း ကျင့်ကြံခြင်းတွင် အောင်မြင်မှုတစ်ခု ရရှိခဲ့ကြောင်း ထင်ရှားသည်။
သူတို့သုံးယောက် လှုပ်ရှားသည်နှင့် သွေးအေးနန်းတော်မှ ကျွမ်းကျင်သူ သုံးဦးကလည်း သတိပြုမိသွားသည်။
"စန္ဒကူးနတ်သမီး၊ ကျင်းခုန်းလင်နဲ့ လုရှောက်ချင်း... မင်းတို့ ဂျူနီယာတွေ ဒါကို စဉ်းတောင်မစဉ်းစားနဲ့"
မုတ်ဆိတ်ကြီးက အော်ငေါက်လိုက်သည်။
သွေးအေးနန်းတော်မှ ကျွမ်းကျင်သူ သုံးဦးလည်း ၎င်းတို့ သုံးဦး၏ လုပ်ရပ်ကြောင့် အံ့ဩသွား၏။
ဤနေရာတွင် အခွင့်အရေးကို စောင့်မျှော်နေသော မျိုးဆက်သစ်လူငယ်များ၏ ထိပ်တန်း ပါရမီရှင်သုံးဦး ရှိနေမည်ဟု သူတို့ တွေးမထင်ထားခဲ့ပေ။
"မြန်မြန်၊ မြန်မြန်"
လုမင်က ထံမှ ယွမ်ချီစွမ်းအင်များ ထွက်ပေါ်လာသည်။ စွမ်းအင်များက ဖဲကြိုးလေးများကဲ့သို့ စိတ်ဝိညာဉ် သန့်စင်စေခြင်း သစ်သီးအချို့ကို ခူးဆွတ်လိုက်၏။ လုမင်လည်း ၎င်းတို့ကို ဖမ်းယူပြီး သိမ်းဆည်းလိုက်တော့သည်။
စန္ဒကူးနတ်သမီးနှင့် ကျင်းခုန်းလင်ကလည်း မြန်သည်။ ၎င်းတို့က စွမ်းအင်ပို့လွှတ်၍ သစ်သီးများကို ခူးဆွတ်လိုက်လေသည်။
"သွားခူးလိုက်"
လုမင်၏ စကားအဆုံးတွင် တန်တန်က ရှေ့သို့ ပြေးသွားပြီး ဝိညာဉ် သန့်စင်ခြင်း သစ်သီးများကို ခူးဆွတ်ပြီး ပါးစပ်ထဲသို့ ထည့်လိုက်သည်။
"ရပ်ကြစမ်း"
မုတ်ဆိတ်မွေး၏ မျက်လုံးများ နီရဲလာသည်။ သူက ဟိန်းဟောက်ကာ လုမင်ဆီသို့ ပြေးသွား၏။
သွေးရောင်ဝတ် လူကြီးတစ်ဦးကလည်း ကျင်းခုန်းလင်နှင့် စန္ဒကူးနတ်သမီးထံသို့ ပြေးဝင်လာတော့သည်။
လုမင်၊ ချူခွမ်းနှင့် ကျန်းဝမ်ကျင်းတို့ လမ်းမှာတွေ့ခဲ့သော ဒဏ်ရာရ လူလတ်ပိုင်းကြီးမှာ သူတို့သုံးယောက်ထဲတွင် အသန်မာဆုံး ဖြစ်သည်။ သူက သွေးတစ္ဆေပင့်ကူနှစ်ကောင်ကို တစ်ယောက်တည်း တိုက်ခိုက်နေခဲ့သည်။
ထိုအချိန်တွင် သွေးတစ္ဆေပင့်ကူတစ်ကောင်က ပြင်းထန်စွာ ဒဏ်ရာရပြီး သေဆုံးလုနီး ဖြစ်နေပြီ ဖြစ်သည်။ အခြား သွေးတစ္ဆေပင့်ကူသာ သက်လတ်ပိုင်းလူကို တိုက်ခိုက်ဆဲ ရှိပေသည်။
"ဝုန်း"
ပြင်းထန်စွာ ဒဏ်ရာရနေသော သွေးတစ္ဆေပင့်ကူက ရုတ်တရက် ပေါက်ကွဲသွားပြီး ကောင်းကင်ကို သွေးနီရောင်အလင်းတန်းများဖြင့် ပြည့်သွားစေခဲ့သည်။ သွေးနီရောင်အလင်းတန်းက လူလတ်ပိုင်းအရွယ် အမျိုးသားကို ထိမှန်သောအခါတွင် သူ့မျက်နှာက ဖြူဖျော့သွား၏။ နောက်အခိုက်အတန့်တွင် အစိမ်းရောင် အရိပ်အယောင်များ ထွက်ပေါ်လာတော့သည်။ သူ အဆိပ်မိသွားသည်။
ကျန်သွေးတစ္ဆေပင့်ကူက ကောင်းကင်တွင် ပြည့်နှက်နေသော အလင်းများကို စုပ်ယူကာ အော်ဟစ်လိုက်၏။ ၎င်း၏ ဒဏ်ရာများက လျင်မြန်စွာ ပျောက်ကင်းသွားကာ ၎င်း၏ တိုက်ခိုက်နိုင်စွမ်းမှာလည်း အလွန် တိုးတက်လာတော့သည်။ ခဏချင်းတွင် လူလတ်ပိုင်းအရွယ် အမျိုးသားနှင့် ပြင်းထန်သောတိုက်ပွဲအခြေအနေကို ကျရောက်သွားကြသည်။
ချိုင့်ဝှမ်းတွင်၊ လုမင်က နဂါးလေးကောင်စွမ်းအားကို ချက်ခြင်းထုတ်လွှတ်ပြီး အစွမ်းကုန် ထိုးနှက်လိုက်သည်။
"ဝုန်း"
သူသည် မုတ်ဆိတ်ကြီးနှင့် တိုက်ခိုက်မှု ဖလှယ်လိုက်ကာ နှစ်ယောက်စလုံး တုန်တုန်ယင်ယင်နှင့် နောက်ဆုတ်သွားကြ၏။
မုတ်ဆိတ်ကြီး၏ တိုက်ခိုက်နိုင်စွမ်းသည် ကတုံးဖြင့်လူနှင့် အတူတူပင်ဖြစ်သော်လည်း လုမင်က သူ၏ ခွန်အားကို အပြည့်အ၀ အသုံးမချသောကြောင့် လက်ရည်ညီသကဲ့သို့ ဖြစ်သွားသည်။
"မင်းရဲ့ ကျင့်ကြံခြင်းအခြေခံ...."
သို့တိုင် မုတ်ဆိတ်ဖြင့်လူမှာ တုန်လှုပ်နေဆဲပင်။ လုမင်၏ တိုက်ခိုက်နိုင်စွမ်းက အလွန်ကြောက်စရာကောင်းကာ သူနှင့် အမှန်တကယ် တိုက်ခိုက်နိုင်မည်ဟု မမျှော်လင့်ထားပေ။
"ဝေါင်း"
သူသည် သွေးနီရောင်ခြင်္သေ့အသွင်ပြောင်းပြီး လုမင်ဆီသို့ ဦးတည်သွားခဲ့သည်။
လုမင်က အတားအဆီးမဲ့သောကောင်းကင်သိုင်းကို အသုံးပြုကာ သွေးခြင်္သေ့ကို တိုက်ခိုက်လိုက်၏။ တာအိုအလင်းရောင်ငါးခုကလည်း သူ့ကို ဝန်းရံထားတော့သည်။
တိုက်ကွက်အနည်းငယ် ဖလှယ်ခဲ့ပြီး အားလုံး သရေဖြစ်ခဲ့သည်။
အခြားတစ်ဖက်တွင်၊ စန္ဒကူးနတ်သမီးနှင့် ကျင်းခုန်းလင်က သွေးရောင်ဝတ်လူကြီးကို တိုက်ခိုက်နေသည်။
သွေးရောင်ဝတ်လူကြီး၏ တိုက်ခိုက်နိုင်စွမ်းသည် မုတ်ဆိတ်ကြီးထက် အနည်းငယ် မြင့်မားသော်လည်း စန္ဒကူးနတ်သမီးနှင့် ကျင်းခုန်းလင်က အစွမ်းထက်ကာ ရင်ဆိုင်နိုင်ကြသည်။
ကျင်းခုန်းလင်သည် ပြီးပြည့်စုံသော ဝိညာဉ်သန္ဓေသားနယ်ပယ် ဖြတ်ကျော်ပြီးနောက် တိုက်ခိုက်နိုင်စွမ်း အလွန်တိုးတက်လာသည်။ သူတစ်ယောက်တည်းဖြစ်လျှင်ပင် အဆင့်တစ် ဝိညာဉ်နတ်ဘုရားနယ်ပယ်မှ အားနည်းသူများကို ရင်ဆိုင်နိုင်ပေသည်။
စန္ဒကူးနတ်သမီးကလည်း ဆေးဝါးကို အဓိက သန့်စင်သည့်တိုင်၊ သူမ၏ တိုက်ပွဲစွမ်းရည်ကို လျှော့တွက်၍ မရပေ။
စန္ဒကူးနတ်သမီး၏ ခန္ဓာကိုယ်မှ အလွန်အစွမ်းထက်သော ရောင်စုံအလင်းတန်းများကို ဖြာထွက်လာသည်။
သူမက သူ့ခန္ဓာကိုယ်ကို အသုံးပြုကာ တင်္ကပါတစ်ခုကို ထွင်းထုထား၏။ သူမ၏ ခန္ဓာကိုယ်ထဲတွင် အလွန်အစွမ်းထက်သော ဝင်္ကပါတစ်ခု ရှိနေသည်မှာ ထင်ရှားသည်။
ကမ္မည်းသခင်ခြင်းတူသော်လည်း အထူးပြုတာကတော့ မတူပေ။
ဥပမာအားဖြင့်၊ အချို့သည် ဆေးဝါးဖော်စပ်ခြင်းကို အထူးကြပြီး အချို့မှာ လက်နက်သန့်စင်ခြင်းကို အားသာသည်။ အချို့ကမူ ကမ္ပည်းအဆောင်များကို ရေးထိုးကြပေသည်။
သို့ရာတွင် မည်သည့်ဘက်သို့ အထူးပြုသည်ဖြစ်စေ ကမ္ပည်းဝင်္ကပါများက ကမ္ပည်းထိုးသူ၏ အခြေခံအုတ်မြစ်ဖြစ်သည်။
စန္ဒကူးနတ်သမီး၏ ကမ္ပည်းဝင်္ကပါသည် သဘာဝအားဖြင့် အလွန်ကြောက်စရာကောင်းသည်။ သူမ၏ မျက်ခုံးနှစ်ခုကြားမှ ဝိညာဉ်မီးက ခုန်ပေါက်လာကာ အားကောင်းသော ဝိညာဉ်မုန်တိုင်းတစ်ခု ဖြစ်လာသည်။
'အားကောင်းလိုက်တဲ့ စိတ်စွမ်းအား၊ စန္ဒကူးနတ်သမီးက အဆင့်တိုင်းမှာ လုံးဝပြီးပြည့်စုံတာ သေချာတယ်'
လုမင်လည်း သူ့စိတ်ထဲမှ ပြောလိုက်မိသည်။
စန္ဒကူးနတ်သမီးနှင့် ကျင်းခုန်းလင်က သွေးရောင်ဝတ်အကြီးအကဲကို အတူတိုက်ခိုက်ကာ အနည်းငယ် အသာစီးရရှိကြပေသည်။
ခဏချင်းတွင် နှစ်ဖက်စလုံးက ရှေ့မတိုးသာ နောက်မဆုတ်သာ ဖြစ်သွားခဲ့ကြသည်။ သို့သော်... တန်တန်ကို မည်သူမျှ မတားဆီးကြပေ။ သူက စိတ်အားထက်သန်စွာ စိတ်ဝိညာဉ်သန့်စင်ခြင်း သစ်သီးများကို ခူးဆွတ်လိုက်သည်။
နေရာတွင် သွေးတစ္ဆေပင့်ကူအချို့ ရှိသေးသော်လည်း သန်မာမှုမရှိ၍ တန်တန်၏ ဝင်္ကပါများအောက်တွင် ချက်ချင်းသေသွားရပေသည်။
သွေးအေးနန်းတော်မှ လူသုံးယောက်လည်း အခြေအနေကို မြင်လိုက်သောအခါ မျက်လုံးများ နီရဲသွားကြသည်။
သူတို့သည် အလွန်အားစိုက်ထုတ်ခဲ့ရသော်လည်း စိတ်ဝိညာဉ်သန့်စင်ခြင်း အသီးတစ်လုံးကို မရရှိသေးချိန်တွင်၊ လုမင်တို့က အားလုံးကို ဆွတ်ယူသွညးတော့မည်ဖြစ်ရာ ဒေါသပေါက်ကွဲသွားတော့သည်။
"မင်းတို့မှာ ဘယ်လိုအဆင့်အတန်းရှိရှိ ငါ ဂရုမစိုက်ဘူး၊ ဒီနေ့ မင်းအားလုံး သေရမယ်"
မုတ်ဆိတ်ဖြင့်လူက ဒေါသတကြီး ကြိမ်းမောင်းကာ လုမင်အား အရူးအမူး တိုက်ခိုက်ခဲ့သည်။
လုမင်၏ မျက်လုံးများတွင်လည်း သတ်ဖြတ်ချင်သော စိတ်ဆန္ဒတို့ ပေါ်လာသည်။ သူသည် မုတ်ဆိတ်ကြီးကို အစွမ်းကုန်သုံး၍ သတ်ဖြတ်ရန်ပင် တွေးလိုက်မိ၏။
သို့သော်လည်း၊ နောက်ဆုံးတွင် သူလက်လျှော့ရန် ဆုံးဖြတ်လိုက်ပေသည်။ မုတ်ဆိတ်ကြီးတယောက်တည်းဆိုလျှင် သတင်းမဖြန့်နိုင်သော်လည်း သူအစွမ်းကုန်သုံးပြီး နဝမနဂါးသွေးမျိုးဆက်ကို ထုတ်ပြလိုက်ပါက အခြားသူများပင် သိကုန်နိုင်သည်။
လုမင်က မုတ်ဆိတ်ဖြင့်လူကို လက်သီးချက်များ အဆက်မပြတ် ထုတ်ဖော်လိုက်သည်။
"သတ်"
သွေးတစ္ဆေပင့်ကူနှင့် တိုက်ခိုက်နေသော လူလတ်ပိုင်းအရွယ် အမျိုးသားက ဟိန်းဟောက်လိုက်သည်။ သူ့ဦးခေါင်းထက်တွင် ရွှေရောင်ချက္ကရငါးခုနှင့် မျှော်စင်တစ်ခု ပေါ်လာခဲ့၏။ ဤမျှော်စင်က သွေးနီရောင်ဖြစ်ကာ ကောင်းကင်တခွင်လုံး သွေးအလင်းများ ပြည့်လျှံသွားခဲ့သည်။
လူလတ်ပိုင်းကြီး၏ သွေးမျိုးဆက်က မုတ်ဆိန်နှင့်လူ၊ သွေးရောင်ဝတ်လူကြီးထက် ပိုအဆင့်မြင့်ပြီး နတ်ဘုရားအဆင့်ငါးတွင် ရှိသည်။ သူ၏ တိုက်ခိုက်နိုင်စွမ်းမှာလည်း လွန်စွာ မြင့်မား၏။
သူက သွေးရောင်မျှော်စင်အဖြစ်သို့ ပြောင်းလဲသွားပြီး ကြောက်စရာအရှိန်အဝါများကို ထုတ်ဖော်ကာ သွေးတစ္ဆေပင့်ကူအား ပြင်းပြင်းထန်ထန် တိုက်ခိုက်လိုက်သည်။
"ဝုန်း"
မျှော်စင်က တုန်ခါသွားပြီး ၎င်း၏အောက်တွင် သွေးတစ္ဆေပင့်ကူကို အောင်မြင်စွာ ဖိနှိပ်ခဲ့ပေသည်။ သွေးနီရောင် အလင်းတန်းက သွေးတစ္ဆေပင့်ကူကို ဖိနှိပ်ကာ လင်းလက်သွားသည်။
ထိုအချိန်တွင် တန်တန်က စိတ်ဝိညာဉ်သန့်စင်ခြင်း သစ်သီးများကို အသည်းအသန် ဆွတ်ယူနေသေးသည်။
မကြာမီတွင် တန်တန်က စိတ်ဝိညာဉ်သန့်စင်ခြင်း သစ်သီး တစ်ရာကျော်ကို ဆွတ်ယူသွားခဲ့သည်။
"သွားကြမယ်ဟေ့"
တန်တန် အော်လိုက်သည်။ သူက စိတ်ဝိညာဉ် သန့်စင်ခြင်း သစ်သီးများကို ခူးဆွတ်ပြီးသည်နှင့် ပြေးရန် ဟန်ပြင်လိုက်၏။
"ငရဲကိုသွားစမ်း"
ဟင်းလင်းပြင်က တုန်ခါသွားကာ သွေးနီရောင်အလင်းတန်းများ လင်းလက်သွားသည်။ သွေးနီရောင် မျှော်စင်က တန်တန်ကို ဖိချလိုက်၏။
သွေးတစ္ဆေပင့်ကူသည်လည်း မျှော်စင်အောက်တွင် ပြင်းထန်စွာ ဒဏ်ရာရရှိနေခဲ့ပြီ။
"အား၊ မဟုတ်ဘူး"
တန်တန်က အထိတ်တလန့်ဖြင့် အော်လိုက်သည်။ တုန်တုန်ယင်ယင်ဖြင့် သူသည် လုမင်ဆီသို့ ထွက်ပြေးသွား၏။
"နတ်သမီး၊ မိန်းကလေးခုန်းလင်၊ အတူတူထွက်သွားစို့"
လုမင်က လက်သီးချက်အနည်းငယ် ထုတ်ဖော်ပြီးနောက် စန္ဒကူးနတ်သမီးနှင့် ကျင်းခုန်းလင်ဆီသို့ ပြေးသွားခဲ့သည်။ သူက သူတို့နှင့်ပူးပေါင်းပြီး အတူပြေးရန် ကြံစည်လိုက်ခြင်းပင်။
"မစဉ်းစားနဲ့"
မုတ်ဆိုတ်ကြီးက အော်ငေါက်ကာ သူတို့နောက်သို့ လိုက်လာသည်။
သွေးရောင်ဝတ်လူကြီးကလည်း စန္ဒကူးနတ်သမီးနှင့် ကျင်းခုန်းလင်နောက်ကို လိုက်သွား၏။
ဤအခိုက်တွင် သွေးနီရောင်မျှော်စင်ကြီးက လှုပ်ခါပြီး လုမင်ကို ဖိချလာတော့သည်။
"သွား"
လုမင်က စန္ဒကူးနတ်သမီးနှင့် ကျင်းခုန်းလင်ထံသို့ ပြေးသွားကာ လက်သီးချက်အနည်းငယ် ထုတ်ဖော်လိုက်သည်။ သွေးရောင်ဝတ်လူကြီး တုန်ယင်ကာ နောက်ပြန်ဆုတ်သွားရ၏။
ထို့နောက်တွင် တောင်ဘက်သို့ ပြေးသွားသော်လည်း ဦးခေါင်းထက်မှ သွေးရောင်မျှော်စင်ဟာ ကြောက်စရာဖိအားများနှင့် ဖိနှိပ်လာတော့သည်။
--------