← Chapters

အခန်း ၁၀၄၉

Vol. 70 Ch. 1049

အခန်း ၁၀၄၉

Vol. 70 Ch. 1049

ထာဝရနဂါးတန်ခိုးရှင် ( လုမင် )

မူရင်း စာရေးဆရာ - Mu Tong Ting Zhu၊ 牧童听竹

ဘာသာပြန်သူ - ထာဝရ

အပိုင်း ( 1049 ) ကျိုးမိသားစု၏ ဘိုးဘေးတို့ကို သတ်ဖြတ်ခြင်း။

ရေတိုင်ကီတစ်လုံးကဲ့သို့ ထူထဲသော လျှပ်စီးတန်းသုံးခုက ကောင်းကင်မှ ဆင်းသက်လာသည်။ အနှိုင်းမဲ့စွမ်းအားများက ကောင်းကင်တွင် ပြည့်နှက်သွားရာ ကျိုးမိသားစုဝင်များစွာ တုန်လှုပ်သွား၏။ ကြီးစွာသော ကပ်ဘေးကြီးတစ်ခု ကျရောက်လာတော့မည်ကို သူတို့ သတိပြုမိကြသည်။

သို့သော်လည်း ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော မိုးကြိုးပစ်ခွင်းမှုနှင့် ကြုံတွေ့ရချိန်တွင်ပင် လုမင်က လျစ်လျူရှုထားဆဲဖြစ်ကာ ဘိုးဘေးကျိုးကို ဆက်လက် တိုက်ခိုက်၏။

"ချီးပဲ၊ ငါ့အနားကို မလာနဲ့"

ဘိုးဘေးကျိုး တုန်လှုပ်သွားသည်။ သူသည် အစွမ်းကုန် အရှိန်မြှင့်ကာ ပြေးလွှားနေရင်း ဟိန်းဟောက်လိုက်၏။

သူသည် ကြောက်လည်းကြောက်၊ ဒေါသလည်း ဖြစ်သွားသော်လည်း လုမင်ကို မတိုက်ခိုက်ဝံ့ပေ။ လုမင်က ကပ်ဘေးအတွင်း၌ ရှိနေသည်။ သူ လုမင်ကို တိုက်ခိုက်လိုက်ပါက သူသည်လည်း မိုးကြိုးကပ်ဘေးဒုက္ခ၌ တိုက်ရိုက် ပါဝင်ပတ်သက်နေပေလိမ့်မည်။

မိုးကြိုးကပ်ဘေးဒုက္ခကြောင့် လုမင် အသတ်ခံရမည့်အချိန်ကိုသာ သူမျှော်လင့်နေခဲ့သည်။

"ဝုန်း ဝုန်း ဝုန်း"

မိုးကြိုးသုံးခုက လုမင်ကို ပေါက်ကွဲစွာ ထိမှန်သွားသည်။ သို့သော်၊ လုမင်၏အမြန်နှုန်းက အနည်းငယ်ပင်မကျဘဲ ဘိုးဘေးကျိုးအနီးသို့ ဆက်လက် ချဉ်းကပ်သွားခဲ့သည်။

"မကောင်းဆိုးရွား၊ မိစ္ဆာတွေ"

ဘိုးဘေးကျိုးမှာ ပို၍ပင် ကြောက်သွားခဲ့၏။

လုမင်က အမှန်တကယ် မကောင်းဆိုးရွား ဖြစ်သည်။ မိုးကြိုးကပ်ဘေးဒုက္ခကိုပင် မခုခံဘဲ လျစ်လျူရှုထားခြင်းမှာ မယုံနိုင်စရာပင်။

ကောင်းကင်ကပ်ဘေးဒုက္ခဟူသည် သိုင်းပညာရှင်တိုင်း၏ ဦးခေါင်းပေါ်မှ ချွန်ထက်သော ဓားတစ်လက် ဖြစ်သည်။ မရေတွက်နိုင်သော ကျင့်ကြံသူများမှာ ကောင်းကင်ကပ်ဘေးဒုက္ခကြောင့် ပြာများအဖြစ်သို့ ပြောင်းလဲသွားခဲ့ရ၏။

သူကိုယ်တိုင်လည်း ဝိညာဉ်နတ်ဘုရားနယ်ပယ်သို့ မဖြတ်ကျော်မီ နှစ်ပေါင်း ရာနှင့်ချီ၍ ပြင်ဆင်ခဲ့ရသည်။ သို့တိုင် မိုးကြိုးကပ်ဘေးဒုက္ခ ဆင်းသက်လာသောအခါ အန္တရာယ်များ ပြည့်နှက်သွားပြီး သေခြင်းမှ လက်မတင်လေး လွတ်မြောက်ခဲ့ရခြင်း ဖြစ်သည်။ ဤသို့သောအရာမှာ မည်သို့ လွယ်ကူနိုင်သနည်း။

"ဟားဟားဟား၊ သူခိုးလေး၊ မင်း အခု ကြောက်နေပြီလား။ မင်း သေဖို့သာ ပြင်ထား"

တန်တန်က မောက်မောက်မာမာဖြင့် ရယ်မောကာ ပြောလိုက်သည်။

"အရင်သေရမှာက မင်းကွ၊ မိုးကြိုးကပ်ဘေးဒုက္ခထဲကို ဝင်လိုက်စမ်း"

ဘိုးဘေးကျိုးက ဒေါသတကြီးဖြင့် အော်ဟစ်ကာ တန်တန်ကို မိုးကြိုးလျှပ်စီးများထံသို့ ပစ်ပေါက်လိုက်သည်။

"ဂျိန်း"

မိုးကြိုးကပ်ဘေးဒုက္ခသို့ တန်တန် ဝင်ရောက်လာချိန်တွင် ကောင်းကင်မှ ကပ်ဘေးတိမ်တိုက်များက ပို၍ ကြောက်စရာကောင်းလာခဲ့၏။ မိုးခြိမ်းသံ တဂျိန်းဂျိန်းနှင့် လျှပ်စီးများကလည်း တဖျတ်ဖျတ်လက်ကာ ကမ္ဘာတစ်ခုလုံး တုန်လှုပ်စေတော့သည်။

"ဂျိန်း"

ချက်ခြင်းပင် မိုးကြိုးတစ်စင်းက တန်တန်ကို ပစ်ချလိုက်သည်။

တန်တန်က ခြေလက်နှင့် ဦးခေါင်းကို ပြန်ထုတ်ဖော်ကာ ပါးစပ်ကိုဟပြီး လျှပ်စီးကြောင်းကို မျိုချလိုက်၏။ ထို့နောက်တွင် ကျေနပ်အားရစွာဖြင့် အော်လိုက်သည်။

"ဟားဟားဟား၊ နောက်ဆုံးတော့ ငါပြန်ထွက်လာပြီ။ တစ်နှစ်လောက်ကြာအောင် အခွံထဲမှာ နေခဲ့ရတာ၊ သက်တောင့်သက်သာ ရှိလိုက်တာကွာ၊ ဟားဟားဟား"

မိုးကြိုးလျှပ်စီးများက သူ၏ခန္ဓာကိုယ်တွင် လင်းလက်‌နေသော်လည်း တန်တန်၏ မျက်လုံးများက စိတ်လှုပ်ရှားမှုများဖြင့် တောက်ပနေသည်။

ဘိုးဘေးကျိုး၊ ခေါင်းဆောင်ကျိုးနှင့် အခြားသူများ၏ မျက်လုံးများလည်း ပြူးထွက်လုနီးပါး ဖြစ်နေတော့သည်။

"မကောင်းဆိုးရွားတွေ၊ အကုန်လုံးက မကောင်းဆိုးရွားတွေပဲ။ သွားကြ... သွားကြစို့"

ဘိုးဘေးကျိုးတွင် ဂုဏ်သိက္ခာများ လုံးဝ မရှိတော့ဘဲ ထွက်ပြေးရန်သာ တွေးမိခဲ့သည်။

သို့သော် လုမင်၏ အမြန်နှုန်းက အလွန်မြန်သည်။ သူက အလင်းတန်းတစ်ခုကဲ့သို့ဖြစ်ကာ ခဏအကြာတွင် ဘိုးဘေးကျိုးထံ ချဉ်းကပ်ခဲ့၏။

တိမ်မည်းများက ကောင်းကင်မှ သိပ်သည်းလာကာ ဘိုးဘေးကျိုးကို လွှမ်းမိုးသွားတော့သည်။

"မဟုတ်ဘူး"

ဘိုးဘေးကျိုးက ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ သိူ့သော်၊ အသုံးမဝင်ဘဲ မိုးကြိုးတန်းသည် ဘိုးဘေးကျိုးကို ပစ်ချလိုက်၏။ ဤလျှပ်စီးကြောင်းမှာ လုမင်ထံသို့ ပစ်လွှတ်လိုက်သော မိုးကြိုးထက်ပင် ပို၍ ကြောက်စရာကောင်းသည်။

ဘိုးဘေးကျိုးလည်း အစွမ်းကုန် တိုက်ခိုက်ပြီး ဤမိုးကြိုးကို ချေဖျက်ခဲ့လေသည်။

"ဝုန်း..."

ထိုအချိန်တွင် လုမင်ဆီသို့ ပစ်ချ‌လာသော မိုးကြိုးများကိုဘည်း လုမင်က အလွယ်တကူ တားဆီးနိုင်ခဲ့သည်။

ယခုအချိန်တွင် လုမင်က တာအိုငါးမျိုးကို သူ့ခန္ဓာကိုယ်တွင်း၌ ပေါင်းစည်းထားသည်။ ထိုအစွမ်းအားက အားကောင်းလွန်းရာ မိုးကြိုးကပ်ဘေးဒုက္ခသည်ပင် သူ့ကို ပြဿနာမဖြစ်စေနိုင်ပေ။

"ဂီး"

ရုတ်တရက် ကောင်းကင်တွင် နောက်ထပ် အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။ အမှောင်တိမ်တိုက်များမှ ငှက်ကြီးတစ်ကောင် ထွက်ပေါ်လာကာ လုမင်ဆီသို့ ပျံဝဲလာခဲ့၏။

ဤငှက်ကြီးက မိုးငြိုးလျှပ်စီးမှ ဖြစ်ပေါ်လာခြင်း ဖြစ်သော်လည်း တကယ့်သတ္တဝါနှင့် တူလှသည်။

ဒဏ္ဍာရီအရ အဓိပဓိ ကောင်းကင်ကပ်ဘေးမှသာ ဤမြင်ကွင်းမျိုး ဖြစ်ပေါ်လာလိမ့်မည်။

"မဟုတ်ဘူး၊ မိုးကြိုးသဏ္ဍာန် ကပ်ဘေးဒုက္ခ၊ ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"

ဘိုးဘေးကျိုးက စိတ်ပျက်လက်ပျက်ဖြင့် အော်ဟစ်လိုက်သည်။

"မဟုတ်ဘူး၊ မဟုတ်ဘူး"

ခေါင်းဆောင်ကျိုးလည်း အော်ဟစ်လိုက်၏။

လုမင်က သဏ္ဍာန် မိုးကြိုးကပ်လေးဒုကို ဖြတ်ကျော်နေရာ ဘိုးဘေးကျိုးလည်း သဘာဝအတိုင်း ရင်ဆိုင်ရလိမ့်ည်။ သာမန် ကပ်ဘေးဒုက္ခဆိုလျှင် ဖြတ်ကျော်ရန် မျှော်လင့်ချက်အချို့ ရှိနေနိုင်သေးသည်။။ သို့သော်လည်း၊ ဤလျှပ်စီးသဏ္ဍာန် ကပ်ဘေးဒုကွခနှင့် ရင်ဆိုင်ရချိန်မှာတော့ မျှော်လင့်ချက် လုံဝ မရှိတော့ပေ။

သူ စိတ်တိုပြီး ဒေါသတကြီး ဖြစ်နေသော်လည်း နောက်ထပ် မိုးကြိုးသုံးခုက ချက်ချင်း ကျဆင်းလာသည်။ ဘိုးဘေးကျိုးလည်း ၎င်းတို့ကို တားဆီးရန် အစွမ်းကုန် ကြိုးစားလိုက်ရပေသည်။

မိုးကြိုးသုံးခုကို ဖြတ်ကျော်ပြီးနောက် ဘိုးဘေးကျိုး၏ ဆံပင်များ ဖရိုဖရဲဖြစ်ကာ သွေးများ အန်ထွက်လာခဲ့သည်။

သို့သော်လည်း နောက်ထပ် မိုးကြိုးကိုးစင်းသည် ဘိုးဘေးကျိုးကို ထပ်မံ ပစ်ခွင်းလိုက်၏။

ဘိုးဘေးကျိုး ထိတ်လန့်တကြားဖြစ်ကာ ချက်ခြင်းပင် သွေးမျိုးဆက် ပေါင်းစပ်မှုကို အသုံးပြုတော့သည်။

ဘိုးဘေးကျိုး၏ သွေးမျိုးဆက်က တောက်လောင်နေသော မီးတောက်နွယ်ပင် ဖြစ်သည်။ ၎င်းက နတ်ဘုရားအဆင့်လေး သွေးမျိုးဆက်တစ်ခု ဖြစ်ချေသည်။

မီးတောက်နွယ်ပင်က မီတာရာနှင့်ချီ ရှည်လျားကာ မီးတောက်များ ပြည့်နှက်နေပြီး မိုးကြိုးကိုးခုကို ထိမှန်သွားခဲ့သည်။

"ဝုန်း ဝုန်း ဝုန်း"

မိုးကြိုးကိုးခု ပြီးသွားသောအခါ မီးလျှံနွယ်ပင်၏ အရွက်များ ညှိုးနွမ်းသွားသည်။ မည်းတူး၍ ညှော်နံ့ထွက်အောင် လောင်ကျွမ်းခံရကာ သေလုနီးပါး အရိုက်ခံခဲ့ရပေသည်။

တစ်ဖက်တွင် တန်တန်က အလွန်စိတ်အေးလက်အေး ဖြစ်နေသည်။ မည်မျှပင် မိုးကြိုးပစ်နေစေကောမူ၊ သူက ဝမ်းမြောက်ဝမ်းသာဖြစ်သော မျက်လုံးများဖြင့်ကြည့်၍ မျိုချလိုက်သည်။

တစ်ဖက်တွင်၊ လုမင်သည်လည်း အလားတူစွာ စိတ်အေးလက်အေး ဖြစ်နေသည်။ သူက လက်သီးတစ်ချက် ထိုးထုတ်လိုက်သည်နှင့် မိုးကြိုးလင်းယုန် ပျောက်ကွယ်သွားခဲ့ရပေသည်။

"သွား၊ မြန်မြန်သွားကြ၊ ဒီနေရာကနေ ထွက်သွားကြတော့"

ဘိုးဘေးကျိုးဟာ သူ့တွင် မျှော်လင့်ချက်မရှိတော့မှန်း သိသည်။ ထို့ကြောင့် ကျိုးမိသားစုခေါင်းဆောင်နှင့် အခြားသူများ လွတ်မြောက်မည်ဟု မျှော်လင့်ကာ သူ ဟိန်းဟောက်လိုက်သည်။

"သတ်"

လုမင်က အော်ဟစ်ကာ ဘိုးဘေးကျိုးဆီသို့ လျှောက်သွားသည်။

"ငါ သေရရင်တောင် မင်းလည်း လွယ်မယ်မထင်နဲ့"

ဘိုးဘေးကျိုးက ရူးသွပ်သွားသလို ဟိန်းဟောက်လိုက်သည်။ တောက်လောင်နေသော မီးတောက်နွယ်ပင်ကလည်း တွန့်လိပ်လှုပ်ရှားကာ လုမင်ကို ကြာပွတ်ကဲ့သို့ လှမ်းရိုက်လိုက်၏။

မည်သို့ဆိုစေ၊ သူက မိုးကြိုးကပ်ဘေးဒုက္ခအောက်တွင် ရှိနေပြီဖြစ်၍ လုမင်နှင့်အတူသေဆုံးရန် ကြိုးစားလိုက်သည်။

"သတ်၊ သတ်၊ သတ်"

လုမင်၏ သွေးရောင်ဆံပင်များက လေထဲတွင် တဖျပ်ဖျပ်လွင့်နေသည်။ သူ၏ သတ်ဖြတ်ချင်စိတ်များလည်း ဒီရေကဲ့သို့ တဟုန်ထိုး တိုးလာခဲ့၏။ သူ၏ မျက်လုံးများပင် သွေးနီရောင်ပြောင်းသွားရာ အလွန်ဆိုးရွား ရက်စက်သည့်ပုံရသည်။

သူ၏ ခေါင်းပေါ်ရှိ တတိယမြောက် သွေးမျိုးဆက်၊ သွေးတစ်စက်က အမှန်တကယ် ဓားတစ်လက်အဖြစ်သို့ ပြောင်းလဲသွားသည်။

လုမင်က ဓားကို ဖမ်းကိုင်လိုက်၏။ ဤအခိုက်အတန့်တွင် အဆုံးမဲ့သတ်ဖြတ်ချင်စိတ်များက လုမင်၏ ခန္ဓာကိုယ်ထဲသို့ စိမ့်လာရာ သူ၏သတ်ဖြတ်ချင်စိတ်များကလည်း ပို၍ အားကောင်းလာတော့သည်။

"ဝုန်း"

သွေးနီရောင်ဓားက ဟင်းလင်းပြင်ကို ဆုတ်ဖြဲကာ နက်မှောင်ပြီး နားမလည်နိုင်သော အက်ကြောင်းတစ်ခုအား ပေါ်လွင်စေခဲ့သည်။

ဤစစ်ဓားက အရာအားလုံးကို ဖြတ်သန်းနိုင်ပုံ ရသည်။ ၎င်းက ဘိုးဘေးကျိုး၏ တိုက်ခိုက်မှုကို ချေဖျက်ကာ မီးတောက်နွယ်ပင်ကို ထက်ပိုင်းဖြတ်ခဲ့၏။

ဘိုးဘေးကျိုး၏ အော်ညည်းလိုက်သံကြီး ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။ မီးတောက်နွယ်ပင်ကြီးလည်း ပျောက်ကွယ်သွား၏။ ဘိုးဘေးကျိုး၏ ခန္ဓာကိုယ်က ပြန်ပေါ်လာကာ သွေးများအန်နေတော့သည်။

"သတ်"

သတ်ဖြတ်ချင်စိတ်များက ဒီရေကဲ့သို့ တက်လာသည်။ ဓားချက်ဖြတ်သန်းသွားသည်နှင့် ကောင်းကင်တွင် သွေးနီရောင် ဓားအလင်းတစ်ခုသာ ကျန်ရစ်ခဲ့၏။

ဘိုးဘေးကျိုးလည်း ဤဓားချက်ဖြင့် အသက်မပျောက်မီ အော်ပင်၊ မအော်နိုင်ခဲ့ပေ။

"မဟုတ်ဘူး"

အဝေးမှ ခေါင်းဆောင်ကျိုးက ဤမြင်ကွင်းကိုမြင်သောအခါ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ ဘိုးဘေးကျိုးက ကျိုးမိသားစု၏ အဓိကကျောရိုးပင်။ လုမင် ယခုသေဆုံးသွားလျှင်ပင် ကျိုးမိသားစု၏ခွန်အားများ ကျဆင်းသွား၍ အခြားအင်အားစုများမှ အနိုင်ယူခံရတော့မည် ဖြစ်သည်။

"ဂါး"

နဝမနဂါးသွေးမျိုးဆက်က ဟိန်းဟောက်ပြီး ဘိုးဘေးကျိုး၏ သွေး၊ အနှစ်သာရနှင့် စွမ်းအင်အားလုံးကို ဝါးမြိုသွားခဲ့သည်။

ထို့နောက် လုမင်က ခြေတစ်ချက်လှမ်းကာ ကျိုးမိသားစုမှ အဖိုးအိုတစ်ဦးနောက်သို့ လိုက်သွားခဲ့၏။

ဤအခိုက်တွင် လုမင်က ကျိုးမိသားစု၌ ဝိညာဉ်နတ်ဘုရားသုံးပါး ရှိနေသေးကြောင်း သတိပြုမိသွားသည်။

ကျိုးမိသားစုတွင် စုစုပေါင်း ဝိညာဉ်နတ်ဘုရားနယ်ပယ် တန်ခိုးရှင်ငါးဦး ရှိသည်။ ၎င်းတို့ထဲမှ တစ်ဦးသည် လွန်ခဲ့သည့် တစ်နှစ်ခန့်က လုမင်၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ ယခု ဘိုးဘေးကျိုးသော်လည်း သေဆုံးသွားရာ နောက်ထပ် သုံးဦး ကျန်သေး၏။

ခေါင်းဆောင်ကျိုးနှင့် အခြား အကြီးအကဲ နှစ်ဦး။

ထိုအကြီးအကဲနှစ်ဦးစလုံးက ဝိညာဉ်နတ်ဘုရားနယ်ပယ် အဆင့်တစ်သာ ရှိကြသည်။

ပထမအဆင့် ဝိညာဉ်နတ်ဘုရား၏ အမြန်နှုန်းက လုမင်ထက် အများကြီး နှေးသည်။

ခဏအကြာတွင်၊ လုမင်က ထိုအကြီးအကဲတစ်ဦးကို ဖမ်းမိပြီး သွေးရောင်ဓားဖြင့် ခုတ်ချလိုက်၏။ ဤအကြီးအကဲလည်း မိုးကြိုးကပ်ဘေးကိုပင် မသိလိုက်ပဲ အော်ဟစ်ကာ သေဆုံးသွားတော့သည်။

လုမင်က နောက်သို့လှည့်ကာ အခြားအကြီးအကဲနောက်သို့ လိုက်သွားသည်။

"မဟုတ်ဘူး၊ ငါ့ကို ချမ်းသာပေးပါ"

ထိုအကြီးအကဲက တောင်းပန်သော်လည်း သူ့ကို တုံ့ပြန်သည်မှာ သွေးရောင် ဓားအလင်းတစ်ခု ဖြစ်သည်။

သွေးအလင်းတစ်ခု ထွက်လာကာ ထိုအကြီးအကဲလည်း သေဆုံးသွား၏။

ခေါင်းဆောင်ကျိုး၏ မျက်နှာတွင် စိတ်ပျက်အားငယ်မှုများ ပြည့်သွားသည်။ ကျိုးမိသားစု ပြီးသွားပြီ။ ကျိုးမိသားစုက လုံးဝပြီးသွားပြီမှန်း သူသိသည်။ ဤအခိုက်တွင် သူ့စိတ်ထဲမှ တစ်ခုတည်းသော အတွေးက သူ့အသက်အတွက် ပြေးရန်၊ အသက်လု၍ ပြေးရန် ဖြစ်သည်။

သို့သော်လည်း လုမင်၏ အမြန်နှုန်းက လျင်မြန်လွန်းသဖြင့် လုံးဝ ပြေးမလွတ်နိုင်ပေ။

မိုင်ငါးထောင်ခန့်ပင် မပြေးနိုင်ဘဲ လုမင်မှ သူ့ကို ဖမ်းမိသွားခဲ့သည်။

"ဂျိန်း ဂျိန်း"

မိုးကြိုးများက ခေါင်းဆောင်ကျိုးကို ပစ်ခွင်းလာသည်။ သူက အစွမ်းကုန်ခုခံသော်လည်း မိုးကြိုးနှစ်ကျော့ ကျရောက်လာပြီးနောက် ဒဏ်ရာအပြင်းအထန် ရသွားခဲ့၏။

လုမင်က ခြေတစ်ချက်လှမ်းပြီး လက်သီးဖြင့်ထိုးကာ ခေါင်းဆောင်ကျိုး၏ ကျင့်ကြံခြင်းအခြေခံကို လုံးဝ ဖျက်ဆီးလိုက်တော့သည်။

--------

All Chapters