အခန်း ၁၀၆၁
Vol. 71 Ch. 1061
ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu၊ 牧童听竹
ဘာသာပြန်သူ - ထာဝရ
အပိုင်း ( 1061 ) လုမင် ဖြတ်သွားပြီ။
ရန်ပိုထျန်းက ထျန်းရှအကယ်ဒမီ၏ အကြီးအကဲထံမှ တံဆိပ်ပြားကို လက်ခံယူပြီးသော်၊ လူအများက ထျန်းရွှီဂူဝင်ပေါက်သို့ ပြန်လာခဲ့ကြသည်။
ရန်ပိုထျန်းကမူ၊ တံဆိပ်ပြားကို သိမ်းဆည်းပြီးနောက် သူ အာရုံစိုက်ရန် တစ်စုံတစ်ရာမရှိသကဲ့သို့ ထွက်ခွာသွားတော့သည်။
"အဲ၊ နောက်တစ်ယောက် ဝင်သွားပြီ။ ဒါက ဘယ်သူလဲဟ၊ သူက ကံစမ်းချင်နေတာလား"
"မသိဘူး မသိဘူး၊ သူက ငချွတ်လေးပဲဖြစ်မှာပါကွာ။ နှစ်မိနစ်တောင် မကြာဘူး၊ သူ ပြန်ထွက်လာမယ်ထင်တယ်"
"ဒီနေ့ တကယ်ကို စိတ်လှုပ်ရှားစရာကောင်းတာပဲ။ လူသုံးယောက်တောင်မှ ထျန်းရွှီဂူကို ဆက်တိုက် ကျော်ဖြတ်သွားကြတယ်"
"ဟုတ်တယ်၊ ဒါပေမဲ့ အသန်မာဆုံးတွေ ဝင်ပြီးပြီလေ၊ ကျန်တဲ့လူတွေကတော့ ဝင်နိုင်တော့မယ် မထင်ဘူး"
လူတော်တော်များများက လုမင် ပြန်ပို့လွှတ်ခံရမည့်အချိန်ကို စောင့်ဆိုင်းရင်း ပေါ့ပေါ့ပါးပါး စကားစမြည် ပြောနေခဲ့ကြသည်။
သို့သော်လည်း တစ်မိနစ်၊ နှစ်မိနစ်၊ ဆယ်မိနစ်ကျော်သွားသည့်တိုင် လုမင် မထွက်သေးပေ။
"အိုး၊
"သိုက်၊ ဒီကောင်လေးက ဒီလောက်ကြာအောင် ထိန်းထားနိုင်တယ်၊ တကယ် ထူးဆန်းတာပဲ"
"ခဏလောက်စောင့်ရအောင်၊ ခဏနေရင် သူထွက်လာမှာပါ"
ပြောဆိုရင်း စောင့်ကြပြန်သည်။
သို့သော်လည်း အချိန်အတော်ကြာအောင် စောင့်ခဲ့ကြသည့်တိုင် မထွက်လာသေးပေ။ အားလုံး တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်မိကြသည်။
..........
ထျန်းရွှီဂူထဲကို လုမင် ဝင်လိုက်သည်နှင့်တပြိုင်နက် သူ့ပတ်ဝန်းကျင်က ပြောင်းလဲသွားပြီး စင်မြင့်တစ်ခုပေါ်သို့ ရောက်သွားသည်။
'ဝင်္ကပါ'
လုမင် တိတ်တဆိတ် တွေးလိုက်၏။ ထျန်းရွှီဂူတွင် အလွန်အားကောင်းသော ဝင်္ကပါတစ်ခု ရှိခဲ့သည်။
"ဟင်၊ မဟုတ်ဘူး၊ ငါ့ရဲ့ ကျင့်ကြံခြင်းအခြေခံ"
ရုတ်တရက်၊ လုမင်သည် သူ၏ကျင့်ကြံခြင်းအခြေခံက အရှိန်အဟုန်ဖြင့် ကျဆင်းလာသည်ကို အံ့အားသင့်ဖွယ် တွေ့ရှိလိုက်ရသည်။
ဝိညာဉ်နတ်ဘုရားနယ်ပယ်မှ ဝိညာဉ်သန္ဓေသားနယ်ပယ်၊ ထို့နောက် ဝိညာဉ်ပင်လယ်နယ်ပယ်၊ သိုင်းဘုရင်၊ သိုင်းဘိုးဘေး…
အဆုံးတွင်၊ လုမင်၏ ကျင့်ကြံခြင်းအခြေခံက မရပ်တန့်မီ သိုင်းစစ်သည်နယ်ပယ် အဆင့်ကိုးအထိ ကျဆင်းသွားခဲ့သည်။
သူ၏ တာအို၊ ဒုတိယသွေးမျိုးဆက်နှင့် တတိယသွေးမျိုးဆက်တို့ အားလုံးကိုလည်း တံဆိပ်ခတ်ထား၏။
နဝမနဂါးသွေးမျိုးဆက် တစ်ခုတည်းသာ ချိတ်ပိတ်မခံရခြင်း ဖြစ်သည်။ ယခုအခါ သူထုတ်ဖော်နိုင်သော တိုက်ခိုက်နိုင်စွမ်းက သိုင်းစစ်သည်နယ်ပယ် အဆင့်ကိုးတွင် ရှိနေစဉ်နှင့် တူညီခဲ့ပေပြီ။
လုမင်၏ အနားတွင် လှံရှည်တစ်ချောင်း ရှိသည်။
စင်မြင့်တစ်ဖက်တွင် ပုံရိပ်တစ်ခုက သိပ်သည်းကာ ထွက်ပေါ်လာခဲ့၏။
၎င်းက နောက်ကျောဘက်တွင် ဓားတစ်လက်ကို လွယ်ပိုးထားသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးပင်။ သူထုတ်လွှတ်သော အရှိန်အဝါက သိုင်းသခင်နယ်ပယ် ပထမအဆင့် ဖြစ်သည်။
"ဒီလှံရှည်က မင်းရဲ့လက်နက်ပဲ။ ငါ့ကိုအနိုင်ယူနိုင်ရင် နောက်တစ်ဆင့်ကို တက်သွားနိုင်တယ်"
လူလတ်ပိုင်းအရွယ် လူကြီးက အေးစက်စက်ဖြင့် ပြောသည်။ ထို့နောက် သူသည် ဓားကို ဓားအိမ်မှဆွဲထုတ်လိုက်၏။ ထက်သော ဓားအလင်းက ရွှစ်ခနဲ အသံတစ်ခုနှင့်အတူ လုမင်ဆီသို့ ဖြတ်သန်းလာတော့သည်။
လုမင်လည်း မျက်ခုံးပင့်ကာ သူ့အနားရှိ လှံရှည်ကို ဆွဲထုတ်လိုက်သည်။ သူက လှံရှည်ကို တစ်ချက်လှုပ်ကာ 'မီးတောက်လှံသိုင်း'ကို ထုတ်ဖော်လိုက်၏။
"ဝှစ်"
လှံရှည်က အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ လူလတ်ပိုင်း၏နဖူးကို ထိုးဖောက်လိုက်၍ ချက်ချင်းသေဆုံးသွားတော့သည်။
လူလတ်ပိုင်းအရွယ် အမျိုးသား၏ ပုံရိပ်က ပြိုကျကာ သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားခဲ့သည်။
"ဒါက အဆင့်ကိုးသိုင်းစစ်သည်နယ်ပယ်က ငါ့ရဲ့ တိုက်ခိုက်နိုင်စွမ်းကို စမ်းသပ်တာလား"
လုမင် မှန်းဆလိုက်သည်။
နောက်အခိုက်တွင်၊ စင်မြင့်တစ်ဖက်တွင် ပုံရိပ်သုံးခုပေါ်လာသည်။ လူလတ်ပိုင်း သုံးယောက်က တစ်ထေရာတည်းတူညီကာ ကျင့်ကြံခြင်းအခြေခံကလည်း သိုင်းသခင်နယ်ပယ်တွင် ရှိ၏။
သူတို့သုံးဦးက ဓားများကို တပြိုင်နက်တည်းဆွဲထုတ်ကာ လုမင်အား တိုက်ခိုက်လိုက်ကြသည်။
လုမင်လည်း လှံရှည်ကိုလှုပ်ယမ်းကာ လူလတ်ပိုင်း သုံးယောက်နှင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်လိုက်၏။ ခဏကြာတော့ သူတို့ သုံးယောက်စလုံး အသတ်ခံလိုက်ရတော့သည်။
လုမင် အဆင့်ကိုးသိုင်းစစ်သည် ဖြစ်လာခဲ့ချိန်က၊ အဆင့်တစ် သိုင်းသခင်ကို သတ်ဖြတ်ရန် အခက်အခဲမရှိခဲ့ပေ။
လူသုံးဦးကို သုတ်သင်ပြီးနောက်၊ ပတ်ဝန်းကျင်က တစ်ဖန်ပြောင်းလဲသွားပြီး အခြားစင်မြင့်တစ်ခုပေါ်တွင် လုမင် ပေါ်လာသည်။
"ငါ့ရဲ့ ကျင့်ကြံခြင်းအခြေခံက အဆင့်ကိုး သိုင်းသခင်နယ်ပယ်ကို ရောက်သွားပြီ"
သူ၏ ကျင့်ကြံခြင်းအခြေခံက အဆင့်ကိုးသိုင်းသခင်နယ်ပယ်သို့ ရောက်သွားသည်ကို တွေ့ရသောအခါ လုမင် ရင်တစ်ချက်ခုန်သွားသည်။
သူ့ရှေ့တွင် လူလတ်ပိုင်းအရွယ် လူတယောက် ပေါ်လာသည်။ ၎င်းသည် ယခင်လူနှင့် တူညီသော်လည်း သူ၏ ကျင့်ကြံခြင်းအခြေခံကမူ လုံးဝခြားနား၏။ ဤလူလတ်ပိုင်းအရွယ် အမျိုးသားက သိုင်းဆရာသခင်နယ်ပယ် ပထမအဆင့်၏ အရှိန်အဝါကို ထုတ်ဖော်နေခဲ့သည်။
ဟုတ်ချေပြီ၊ ဤသည်က အဆင့်တိုင်းမှ လုမင်၏ တိုက်ခိုက်နိုင်စွမ်းကို စမ်းသပ်ခဲ့ခြင်းပင် ဖြစ်မည်။
နောက်ထပ်တော့ ပြောစရာဘာမျှမရှိတော့ပေ။ သူတို့နှစ်ယောက် တိုက်ခိုက်ကြရာ လုမင်က တစ်ချက်တည်းဖြင့် လူလတ်ပိုင်းအရွယ် အမျိုးသားကို သတ်ပစ်လိုက်သည်။
နောက်အခိုက်တွင် ပထမအဆင့် သိုင်းဆရာသခင်နယ်ပယ်မှ လူလတ်ပိုင်းအရွယ် အမျိုးသားသုံးဦး ပေါ်လာသည်။ သို့သော်လည်း လုမင်၏ သတ်ဖြတ်ခံခဲ့ရဆဲပင်။
ထို့နောက်တွင်၊ လုမင်၏ ကျင့်ကြံခြင်းအခြေခံက အဆင့်ကိုး သိုင်းဆရာသခင်နယ်ပယ်သို့ ရောက်ရှိသွားခဲ့သည်။ ပေါ်ထွက်လာသော ပြိုင်ဘက်ကလည်း အဆင့်တစ် သိုင်းဘိုးဘေးနယ်ပယ်ကို ရောက်သွားခဲ့၏။
ရလဒ်ကတော့ အတူတူပင်။ လုမင်က အခက်အခဲအားလုံးကို ကျော်ဖြတ်ကာ ဤစမ်းသပ်မှုအား ကျော်ဖြတ်သွားခဲ့သည်။
နောက်အဆင့်တွင်၊ လုမင်၏ ကျင့်ကြံခြင်းအခြေခံက ဘုရင်တစ်ပိုင်းဖြစ်ပြီး ပြိုင်ဘက်ကတော့ သိုင်းဘုရင်နယ်ပယ်တွင် ဖြစ်သည်။
ထိုအချိန်တွင်၊ လုမင်က ဒုတိယသွေးမျိုးဆက်၏ စွမ်းအားကို အသုံးပြုနိုင်ကြောင်း တွေ့ရှိခဲ့သည်။ သို့သော်လည်း သူသည် ဘုရင်တစ်ပိုင်းနယ်ပယ်၏ စွမ်းအားကိုသာ ထုတ်လွှတ်နိုင်ဆဲပင်။
ဤတိုက်ပွဲမှာတော့ လုမင်အတွက် အချိန်အနည်းငယ် ကြာခဲ့သည်။
အကြောင်းမှာ၊ နယ်ပယ်မြင့်မားလာလေလေ၊ အဆင့်ကျော်၍ တိုက်ခိုက်ရန်က ခက်ခဲလာလေလေ၊ ဖြစ်သောကြောင့်ပင် ဖြစ်သည်။
သို့သော်လည်း လုမင်က ဖြတ်ကျော်နိုင်ဆဲပင်။
ထို့နောက်တွင် လုမင်၏ ကျင့်ကြံခြင်းအခြေခံက အထွတ်အထိပ် ဘုရင်နယ်ပယ်သို့ ဖြတ်ကျော်ခဲ့ပြီး သူ၏ပြိုင်ဘက်ကတော့ ပထမအဆင့် ဝိညာဉ်ပင်လယ်နယ်ပယ် ဖြစ်လာခဲ့ရသည်။
ဤတိုက်ပွဲက အချိန်တော်တော်ကြာခဲ့သော်လည်း သူ အောင်နိုင်ခဲ့ပေသည်။
ထို့နောက်တွင်၊ ပြီးပြည့်စုံသော ဝိညာဉ်ပင်လယ်နယ်ပယ်နှင့် ပထမအဆင့် ဝိညာဉ်သန္ဓေသားနယ်ပယ် ဖြစ်လာသည်။
သို့သော်၊ သူချိုးဖြတ်ခဲ့ဆဲပင်။
သို့သော်လည်း လုမင်၏ ကျင့်ကြံခြင်းက ပြီးပြည့်စုံသော ဝိညာဉ်သန္ဓေသားနယ်ပယ်နှင့် ပထမအဆင့် ဝိညာဉ်သန္ဓေသားနယ်ပယ် တိုက်ပွဲကို ရောက်လာသောအခါ စိန်ခေါ်မှုကို ကြုံတွေ့ခဲ့ရသည်။
ပထမ၊ အဆင့်တစ် ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦးကို ရင်ဆိုင်သောအခါ၊ လုမင်က အချိန်ယူပြီး အောင်းနိုင်ခဲ့သေးသည်။
သို့ရာတွင် အဆင့်တစ် ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူ သုံးဦးကို တိုက်ခိုက်သောအခါ ကြီးမားသော စိန်ခေါ်မှုအား ကြုံတွေ့ခဲ့ရသည်။
လုမင်အတွက် အဆင့်တစ် ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူ သုံးဦးကို တိုက်ခိုက်ရန်အတွက် အစွမ်းကုန် အသုံးပြုခဲ့ရပေသည်။
ဤတိုက်ပွဲက နာရီဝက်ခန့် ကြာခဲ့သည်။ ပထမအဆင့် ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူ သုံးဦးကို ခက်ခက်ခဲခဲ သတ်ဖြတ်နိုင်ခဲ့သော်လည်း သူကိုယ်တိုင် ဒဏ်ရာအပြင်းအထန် ရရှိခဲ့ပေသည်။
'ဒါက ခက်ခဲလွန်းတယ်။ ဒီလောက်ကြီးမားတဲ့ အခက်အခဲတွေကို ကျင်းခုန်းလင် ဘယ်လိုကျော်ဖြတ်ခဲ့တာလဲ။ တိရှန်ကော... ဘယ်လိုဖြတ်သန်းခဲ့တာလဲ'
လုမင်လည်း အကူအညီမဲ့စွာ တွေးလိုက်မိသည်။
ရန်ပိုထျန်းက ပြောရခက်သော်လည်း၊ ကျင်းခုန်းလင်နှင့် တိရှန်တို့ကတော့ ပြီးပြည့်စုံသော ဝိညာဉ်သန္ဓေသားနယ်ပယ်တွင် ဝိညာဉ်နတ်ဘုရားနယ်ပယ် တန်ခိုးရှင်သုံးယောက်ကို မသတ်နိုင်ဘူးဆိုတာ လုမင် သေချာသည်။
'လူတိုင်းက ထျန်းရွှီဂူမှာ မတူညီတဲ့ အခြေအနေတွေကို ရင်ဆိုင်ကြရတယ်လို့ ပြောကြတယ်။ ငါ့ကံမကောင်းလို့ ခက်ခဲတဲ့အရာကို ကြုံတွေ့ခဲ့ရတာပဲလား'
လုမင် ဆွံ့အသွားခဲ့သည်။
ထိုအချိန်တွင် ပတ်ဝန်းကျင်က ပြောင်းလဲလာသည်။ လုမင်လည်း သူ့ရှေ့တွင် လှိုဏ်ဂူတစ်ခုရှိသည်ကို တွေ့ရှိခဲ့ရ၏။ ဂူဝင်ပေါက်မှ တောက်ပသောအလင်းရောင်များ ဖြာထွက်နေတော့သည်။
လုမင်လည်း ထျန်းရွှီဂူ၏ထွက်ပေါက်ကို ဖြတ်သန်းသွားခဲ့သည်။
ထိုအချိန်တွင်၊ လုမင်၏ ကျင့်ကြံခြင်းအခြေခံက အဆင့်တစ် ဝိညာဉ်နတ်ဘုရားနယ်ပယ်သို့ ပြန်လည်ရောက်ရှိလာကာ အစောပိုင်းတွင် သူခံစားခဲ့ရသော ဒဏ်ရာများလည်း ပျောက်ကင်းသွားခဲ့သည်။
မဆိုင်းမတွပင် လုမင်က ရှေ့သို့ ခြေလှမ်းထွက်လိုက်သည်။
သူ ထွက်သွားသည်နှင့် တပြိုင်နက် ဂူအပြင်ဘက်ရှိ လူအချို့က သူ့ကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေကြသည်ကို တွေ့လိုက်ရ၏။
ထျန်းရွှီဂူ၏ အဝင်ဝတွင် စောင့်နေသူကတော့ သဘာဝအတိုင်း ပိုများသည်။ သို့သော်လည်း ယခုအချိန်တွင် အချို့က စိတ်မရှည်တော့ပေ။
"ဒါ ဘယ်သူလဲကွ၊ ဒီလောက်ထိ ကြာသွားတာတောင် ဘာဖြစ်လို့ ထွက်မလာသေးတာလဲ။ ငါစောင့်နေတာ တစ်နာရီလောက်ရှိပြီ"
"ဟုတ်တယ်၊ အစောပိုင်းက ဘယ်သူဝင်သွားတာလဲဟ၊ သူက ဒုတိယတန်းစား ပါရမီရှင်ပဲလား။ ငါကတော့ သူ့ကို တစ်ခါမှ မတွေ့ဖူးဘူး"
"မဟုတ်ဘူးကွ၊ ငါလည်း အဲဒီလူကို တစ်ခါမှ မတွေ့ဖူးဘူး။ ငါ သူ့ကို မသိဘူး"
"မင်းလည်း သူ့ကို မသိဘူးလား။ သူက တကယ်ကို ငချွတ်လေးပဲ ဖြစ်ရမယ်။ ဒါပေမဲ့ သူက အဲဒီမှာ ဘာဖြစ်လို့ ဒီလောက်ကြာအောင် နေနိုင်ခဲ့တာလဲ။ သူ ကျော်ဖြတ်သွားနိုင်တော့မှာလား"
"မဖြစ်နိုင်၊ သူ မကျော်ဖြတ်နိုင်ဘူး"
ထိုအချိန်တွင် ထျန်းရွှီဂူ ထွက်ပေါက်ဆီမှ မယုံကြည်နိုင်စွာ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။
"သူ ဖြတ်သွားပြီဟေ့။ အဲဒီလူ ဖြတ်သွားခဲ့ပြီ"
"သူဘယ်သူလဲဟ၊ ငါသူ့ကို ဘာဖြစ်လို့ မတွေ့ဖူးတာလဲ"
အသံများကို ရှင်းရှင်းလင်းလင်းကြားရပြီးနောက် ထျန်းရွှီဂူအဝင်ဝရှိ လူများ အံ့အားသင့်သွားခဲ့ကြသည်။ အားလုံးက တုန်လှုပ်ချောက်ချားစွာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်၏။
"သူဖြတ်သွားတာလား၊ သွားကြည့်ရအောင်"
ထိုအချိန်တွင် လူတိုင်းနီးပါး ထျန်းရွှီဂူထွက်ပေါက်ဆီသို့ ပြေးသွားကြသည်။ လုမင်ကိုတွေ့တော့ အားလုံး အံ့သြသွား၏။
အကြောင်းမှာ၊ လုမင်ကို ယခင်က မတွေ့ဖူးဘဲ မည်သူမျှ မသိကြ၍ ဖြစ်သည်။
လုမင်လည်း အားလုံး၏အကြည့်ကို မြင်ရသောအခါ ခါးသက်သက်ဖြင့် ပြုံးလိုက်မိသည်။ ဖြူစင်သော သူ့မျက်နှာက ရိုးရှင်းပြီး ရိုးသားသော အပြုံးကို ထင်ရှားလာစေခဲ့လေသည်။
"သူက မင်းတို့ အရှေ့တောကန္တာရကလား"
တစ်ယောက်က တိရှန်ကို မေးသည်။
"မဟုတ်ဘူး၊ ငါ သူ့ကို တစ်ခါမှ မတွေ့ဖူးဘူး"
တိရှန်က ခေါင်းခါယမ်းလိုက်၏။
"ငါတို့ မြောက်ပိုင်းလွင်ပြင်ကလည်း မဟုတ်ဘူးဟ"
ဝင်ပြောလိုက်သူက ခန္ဓာကိုယ်ကြံ့ခိုင်သော လူငယ်လေးများ ဖြစ်ကြသည်။ ၎င်းတို့က တင်းပုတ်များနှင့် ပုဆိန်များကို ကိုင်ဆောင်ထားကာ ရုန့်ရင်းကြမ်းတမ်းသော အရှိန်အဝါများ ရှိကြ၏။
ဤသည်မှာ မြောက်ပိုင်းလွင်ပြင်မှ ပါရမီရှင်အချို့ ဖြစ်သည်။
--------