အခန်း ၁၀၆၂
Vol. 71 Ch. 1062
ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu၊ 牧童听竹
ဘာသာပြန်သူ - ထာဝရ
အပိုင်း ( 1062 ) ဒါက မင်းအတွက် အမှိုက်ပဲ။
"သူက အရှေ့တောကန္တာရလည်းမဟုတ်၊ မြောက်ပိုင်းလွင်ပြင်ကလည်း မဟုတ်ဘူးဘူး။ ငါတို့ အနောက်ပိုင်းကန္တာရကလည်း မဟုတ်တာသေချာပါတယ်။ မဟုတ်မှလွဲ၊ တောင်ပိုင်းကများလား"
"မဖြစ်နိုင်ဘူးကွ၊ တောင်ပိုင်းရဲ့ ဘယ်သူမှ ဒီကိုမလာဘူး"
လူတိုင်းက လုမင်၏အထောက်အထားကို ခန့်မှန်းရန်ကြိုးစားရင်း စိတ်အားထက်သန်စွာ ပြောဆိုခဲ့ကြသည်။ သို့သော်လည်း အဆုံးတွင် လုမင်က မည်သူမည်ဝါဖြစ်သည်ကို မည်သူမျှ မသိခဲ့ကြပေ။
"ထျန်းရွှီဂူက တကယ်ကို လျှို့ဝှက်ဆန်းကြယ်ပါတယ်။ အသန်မာဆုံး ပါရမီရှင်တွေတင်မကဘဲ သာမန်ပါရမီရှင်တွေလည်း ကံကောင်းရင် ကျော်ဖြတ်သွားနိုင်တယ်"
တစ်ယောက်က ပြောလိုက်သည်။
လူတိုင်းက လုမင်ကို ထူးထူးခြားခြား ကြည့်ကြ၏။
တစ်ချို့က လုမင်ကို စိတ်အားထက်သန်စွာဖြင့် ကြည့်ကြသည်။
"ဝှစ် ဝှစ်"
ဆံပင်ဖြူ လူကြီးနှစ်ယောက် ကောင်းကင်မှ ဆင်းသက်လာသည်။ သူတို့နှစ်ယောက်က ထျန်းရှအကယ်ဒမီမှ အကြီးအကဲများ ဖြစ်ချေသည်။
လုမင်ကို တွေ့လိုက်ရတော့ အကြီးအကဲနှစ်ယောက် အံ့သြသွားကြသည်။ မူလက၊ ရန်ပိုထျန်းပြီးနောက် ထျန်းရွှီဂူကို မည်သူမျှ ကျော်ဖြတ်နိုင်မည်မဟုတ်ဟု သူတို့ထင်ထားခဲ့ကြသည်။ ယခုထိ ဖြတ်ကျော်နိုင်သူတစ်ဦး ရှိဦးမည်ဟု မမျှော်လင့်ထားပေ။
"မိတ်ဆွေလေး၊ ဒီတံဆိပ်ပြားကို ယူထားလိုက်ပါ။ ခြင်ဆီသန့်စင်ကန်က လဝက်အတွင်းဖွင့်လိမ့်မယ်။ ဒီတံဆိပ်ပြားနဲ့ ဝင်နိုင်တယ်"
အကြီးအကဲတစ်ယောက်က တံဆိပ်ပြားတစ်ခုကို ထုတ်ကာ လုမင်အား ပေးလိုက်သည်။
"ကျေးဇူးတင်ပါတယ် အကြီးအကဲ"
လုမင်က တံဆိပ်ပြားကိုယူကာ လက်ယှက်ပြီး ကျေးဇူးတင်စကားဆိုလိုက်သည်။
အဘိုးအိုနှစ်ယောက်လည်း အနည်းငယ်ပြုံးကာ လှည့်ထွက်သွား၏။
လူတော်တော်များများကတော့ လုမင်၏ လက်ထဲမှ တံဆိပ်ပြားကို စိတ်အားထက်သန်စွာဖြင့် ကြည့်နေကြတော့သည်။ ၎င်းတို့အနက်၊
ဝူချန်ခုန်း၊ ရွယ်လော့ကျစ်နှင့် အခြား ဒုတိယတန်းစား ပါရမီရှင်များက စိတ်လှုပ်ရှားဆုံး ဖြစ်သည်။
"ကျေးဇူးပြုပြီး လမ်းဖယ်ပေးပါ"
လုမင်က တံဆိပ်ပြားကိုသိမ်းကာ ရိုးသားသော အပြုံးကို ထုတ်ဖော်လိုက်သည်။ သူက လူအုပ်ကိုဖြတ်ကျော်ကာ ကျောက်စိမ်းနံရံများဆီသို့ ပြန်လည် သွားရောက်ခဲ့၏။
ထျန်းရွှီဂူကို မည်သူ ကျော်ဖြတ်နိုင်မလဲဆိုတာကို သူစိတ်မဝင်စားတော့ပေ။
လူအုပ်ထဲတွင် ရွယ်လော့ကျစ်က လုမင်၏ နောက်ကျောကို လှမ်းကြည့်လိုက်သည်။
"တန်တန်၊ မင်းလေ့လာတာ ဘယ်လိုလဲ"
ကျောက်စိမ်းနံရံများသို့ လုမင် ပြန်ရောက်သောအခါ၊ ဂရုတစိုက်လေ့လာကာ လှည့်ပတ်သွားနေသော တန်တန်ကို တွေ့လိုက်ရသည်။
"ငါ အတော်တိုးတက်နေပြီကွ။ ကောင်လေး... ငါ့ကို မနှောင့်ယှက်နဲ့။ ခဏနေရင် ငါမင်းကို အံ့အားသင့်စရာ အကြီးကြီး ပေးမယ်"
တန်တန်က လုမင်ကို လျစ်လျူရှုကာ သူ၏စူးစမ်းလေ့လာမှုကို ဆက်လက်လုပ်ဆောင်ခဲ့သည်။
"ဒီကောင်"
လုမင်လည်း ပြုံးကာ တန်တန်ကို လျစ်လျူရှုထားလိုက်လေသည်။ သူက သူနှင့်သင့်လျော်သော ကျောက်စိမ်းနံရံကို ရှာဖွေရင်း ဆက်လက်နားလည်ခဲ့သည်။
ကျောက်စိမ်းနံရံများတွင် အရာအားလုံးကို မြင်နိုင်ကြပေသည်။
မကြာခင်မှာပဲ လုမင်ဟာ တုနှိုင်းမရအောင် လျှို့ဝှက်ဆန်းကြယ်သော ကျောက်စိမ်းနံရံတစ်ခုကို တွေ့ခဲ့သည်။ ဤကျောက်စိမ်းနံရံရှေ့တွင်၊ လုမင်က မီးတာအိုအား နားလည်ကြည့်နိုင်သည်။
လုမင်လည်း သေသေချာချာ နားလည်ဆင်ခြင်နေခဲ့သည်။ လုမင်၏ လက်ရှိ နားလည်နိုင်စွမ်းကြောင့်လည်း အကျိုးအမြတ်များစွာ ရရှိခဲ့ပေသည်။ ရက်အနည်းငယ်အတွင်းမှာပဲ လုမင်၏ မီးတာအိုက အများကြီး တိုးတက်လာခဲ့သည်။ သူ၏ မီးတာအိုက အဆင့်လေး သေးငယ်သောအောင်မြင်ခြင်းကို အချိန်မရွေး ရောက်ရှိနိုင်သကဲ့သို့ ခံစားခဲ့ရသည်။
လုမင်လည်း ဝမ်းသာပီတိဖြစ်ကာ ဆက်လက်နားလည်ဆင်ခြင်နေခဲ့သည်။
နောက်ထပ်သုံးရက်အကြာတွင်၊ လုမင်၏ မီးတာအိုက အဆင့်လေး သေးငယ်သော အောင်မြင်ခြင်းသို့ ရောက်ရှိသွားတော့သည်။
ဤတစ်ခါ ထျန်းရှအကယ်ဒမီသို့ ခရီးက အလွန်တန်သည်။ သူ့အတွက် အများကြီး ရရှိခဲ့ပေသည်။
"သူရဲကောင်းလေး၊ ကျွန်မရဲ့သခင်လေးက ရှင့်ကို ဖိတ်လိုက်ပါတယ်"
ထိုအချိန်တွင် မိန်းမပျိုတစ်ဦးက လုမင်၏၏ အနားသို့ လျှောက်လာကာ ချိုသာစွာ ပြုံးလျက် ပြောလိုက်သည်။
"မင်းရဲ့ သခင်လေးက ဘယ်သူလဲ"
လုမင် အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။
"အဲဒီကိုရောက်ရင် ရှင်သိပါလိမ့်မယ်။ နေရာက သိပ်မဝေးပါဘူး"
မိန်းကလေးက အရှေ့ဘက်မှ တောင်တစ်လုံးကို ညွှန်ပြလိုက်၏။
"ကောင်းပြီလေ၊ ငါမင်းနဲ့လိုက်ခဲ့မယ်"
လုမင်လည်း ခဏစဉ်းစားပြီးနောက် မိန်းမပျို၏အနောက်မှ လိုက်ကာ တောင်ပေါ်သို့ ပျံတက်သွားတော့သည်။
အဆိုပါတောင်က ကျောက်စိမ်းနံရံများနှင့် မိုင်တစ်ရာခန့်သာဝေးသည်။ ထိုအခါ ခဏချင်း ရောက်သွားကြလေသည်။
တောင်ပေါ်တွင် ပုံရိပ်နှစ်ခုသာ ရှိသည်။
သူတို့ထဲမှ တစ်ယောက်က ရွယ်လော့ကျစ်ဖြစ်ကာ ကျန်တစ်ယောက်ကတော့ အသက်ကြီးကြီး သွေးနီရောင်ဝတ် အဘိုးကြီးတစ်ဦး ဖြစ်သည်။ ၎င်းက သွေးအေးနန်းတော်မှ ကျွမ်းကျင်သူသာ ဖြစ်ရမည်။
လုမင်ကိုမြင်သောအခါ ရွယ်လော့ကျစ်က ပြုံးလိုက်သည်။
"ဟားဟား၊ ဒီက ညီအစ်ကိုကို ဘယ်လိုခေါ်ရမလဲ မသိဘူး"
"ငါက တောင်ပေါ်ကနေ လာတာပါ။ ငါပြောပြရင်တောင် မင်း ငါ့ကို သိမှာမဟုတ်ဘူး။ မင်းငါ့ကိုတွေ့ချင်တယ်ဆိုတာ ဘာကိစ္စရှိလဲ သိလို့ ရမလား"
လုမင်က အနည်းငယ် ပြုံးလိုက်၏။
"အိုး၊ အဲဒါက အရမ်းရိုးရှင်းပါတယ်။ ခြင်ဆီသန့်စင်ခြင်းကန်ထဲကို ဝင်ဖို့ မင်းရဲ့ တံဆိပ်ပြားကို ငါဝယ်ချင်တယ်။ မင်းမူလကျောက်တုံး ဘယ်လောက်လိုသလဲ၊ စျေးနှုန်းကို ပြောသာပြောလိုက်ပါ"
ရွယ်လော့ကျစ်က ပြောလာသည်။
"ဒီအတွက်လား"
လုမင် ပြုံးလိုက်၏။ ရွယ်လော့ကျစ်ကို တွေ့စဉ်ကတည်းက တံဆိပ်ပြားကြောင့် သူ့ကိုရှာနေခြင်းဖြစ်ကြောင်း သူသိထားခဲ့သည်။
"ဒီအတွက်ဆိုရင်တော့ မင်းစိတ်ပျက်သွားရမှာကို ငါကြောက်တယ်။ တံဆိပ်ပြားကိုရောင်းဖို့ ရည်ရွယ်ချက်မရှိပါဘူး"
လုမင်က ပြုံးကာပြောလိုက်သည်။
လုမင်က ငြင်းဆန်သောအခါ ရွယ်လော့ကျစ်၏မျက်နှာက မည်းမှောင်သွားခဲ့သည်။ သူက ပြောလိုက်၏။
"မင်း သေချာစဉ်းစားကြည့်ဦးနော်။ ခြင်ဆီသန့်စင်ခြင်းရေကန်က မင်းအတွက် အသုံးမဝင်ပါဘူး။ မင်းလက်ထဲမှာဆိုရင် အဲဒါက အမှိုက်တစ်ခုလိုပဲ ဖြစ်လိမ့်မယ်။ ငါ့လက်ထဲမှာပဲ အဲဒါကို အကြီးကျယ်ဆုံး အသုံးချနိုင်မှာ"
သူ့လေသံထဲတွင် ခြိမ်းခြောက်မှု အရိပ်အမြွက် ထွက်ပေါ်လာသည်။ သူက လုမင်ကို အထင်အမြင်သေးစွာဖြင့် ကြည့်လိုက်၏။
သူဆိုလိုသည်မှာ ခြင်ဆီသန့်စင်ခြင်းကန်က လုမင်၏လက်ထဲတွင် အမှိုက်ဖြစ်ရမည် ဖြစ်သည်။
"ဒါက အမှိုက်ပဲ ဖြစ်ဖြစ်၊ မဖြစ်ဖြစ် ငါ့အကြောင်း၊ ငါ့ကိစ္စပဲ။ မင်း စိတ်ပူနေစရာ မလိုဘူး။ တခြား ဘာမှ မရှိရင် ငါသွားမယ်"
လုမင်က အေးစက်စက်ဖြင့်ပြောကာ လှည့်ထွက်သွားသည်။
"ဝုန်း"
ရုတ်တရက် ကြောက်မက်ဖွယ်ကောင်းပြီး အစွမ်းထက်သော အရှိန်အဝါတစ်ခုက မြင့်တက်လာသည်။ ကြီးမားသောဖိအားက လုမင်အပေါ်ကို ကျရောက်လာခဲ့၏။
ယင်းက ရွယ်လော့ကျစ်ပင်။ ဤအခိုက်အတန့်တွင် ရွယ်လော့ကျစ်၏ မျက်လုံးများက အေးစက်နေကာ ပြောလိုက်သည်။
"ကောင်လေး၊ မင်းမလုပ်ချင်ရင်တောင် လုပ်ရမှာပဲ။ အဲဒီတံဆိပ်ပြားက မင်းအတွက်ဆိုရင် လုံးဝ အမှိုက်ဖြစ်လိမ့်မယ်။ ငါကမှ အလားအလာအကြီးဆုံး ထုတ်ဖော်နိုင်မှာကွ"
"မင်းရဲ့ အကြီးမားဆုံး အလားအလာနဲ့သာ အသုံးချနိုင်မှာတဲ့လား"
လုမင်က ရွယ်လော့ကျစ်ကို အထင်အမြင်သေးစွာဖြင့် ကြည့်ပြီး ပြောလိုက်သည်။
"ပထမက လုရှောက်ချင်းကို မင်းရှုံးတယ်။ နောက်တော့ တိရှန်ကို မင်းထပ်ပြီးရှုံးတယ်။ မင်းလို အရှုံးသမားက မြင့်မြတ်ပြီး တန်ခိုးကြီးသလိုလိုလုပ်နေတာ မရှက်ဘူးလား။ ငါ့အထင်တော့ မင်းကို တံဆိပ်ပြား ပေးရတာကမှ ဖြုန်းတီးနေတာပဲ"
"မင်း ဘယ်လို အတင့်ရဲလဲ"
ရွယ်လော့ကျစ်၏ မျက်လုံးများက အေးစက်သွားကာ ဟိန်းဟောက်လိုက်သည်။
"ကောင်လေး၊ အရင်ကတော့ မူလကျောက်တွေနဲ့ မင်းဆီက ဝယ်ချင်ခဲ့တာ၊ အခုတော့ အဲဒါကို မလိုအပ်တော့ဘူးလို့ ထင်ရတယ်။ အဲဒါကို လက်လွှဲပေးစမ်း၊ မဟုတ်ရင် အကျိုးဆက်တွေကို မင်းသိမယ်"
ရွယ်လော့ကျစ်ဘေးမှ အဘိုးကြီးကလည်း လုမင်ကို အေးစက်စက်ဖြင့် စိုက်ကြည့်လိုက်သည်။
ထိုအကြီးအကဲက အစွမ်းထက်ပြီး ကြောက်မက်ဖွယ်ကောင်းသော ကျင့်ကြံသူဖြစ်မှာ သေချာလှပေသည်။ သူက လုမင်ကို အလွန်အန္တရာယ်များသည့် ခံစားချက်မျိုး ပေးခဲ့သည်။
သို့သော်လည်း လုမင် မကြောက်ပေ။ ဤနေရာက ထျန်းရှအကယ်ဒမီ ဖြစ်သည်။
"အရူး"
လုမင်က ရွယ်လော့ကျစ်ကို အထင်အမြင်သေးစွာဖြင့် ကြည့်ကာ ပြောလိုက်သည်။
"ဒီနေရာက သွေးအေးနန်းတော်လို့ မင်းထင်နေတာလား။ ဒါက ထျန်းရှအကယ်ဒမီကွ။ ဒီမှာ ဧကရာဇ်တွေရှိကြတယ်။ မင်းလုပ်ခဲ့တဲ့ လုပ်ရပ်တိုင်းကို ဧကရာဇ်တွေတောင် မြင်နေမှာကို ငါကြောက်တယ်။ မင်း တကယ်ပဲ ငါ့ဆီကနေ
လုယက်ချင်သေးတာလား"
"မင်း…"
ရွယ်လော့ကျစ်က အံကြိတ်လိုက်သည်။
တကယ်လည်း ဤနေရာဟာ ထျန်းရှအကယ်ဒမီ ဖြစ်ချေသည်။ လုမင်က ထျန်းရှအကယ်ဒမီမှ ခြင်ဆီသန့်စင်ခြင်းကန်သို့ ဝင်ရောက်ရန် တံဆိပ်ပြားကို ရရှိခဲ့ခြင်း ဖြစ်သည်။ လုမင်က သူ့အား တံဆိပ်ပြား ပေးလိုခဲ့လျှင် ထျန်းရှအကယ်ဒမီက ဂရုမစိုက်ပေ။ သို့သော် သူ့ကို လုယက်ချင်လျှင်တော့ ထျန်းရှအကယ်ဒမီက ထိုင်ကြည့်နေမည် မဟုတ်ပါချေ။
မူလက သူ့အဆင့်အတန်းနှင့်ဆိုလျှင် ဘယ်ကပေါ်လာမှန်းမသိသည့် အနှီလုမင် သေမတတ် ကြောက်သွားမည်ဟု သူ ထင်ထားခဲ့သည်။ သူ့ကို မျက်နှာသာပေး၍ တံဆိပ်ပြားကို လိမ်လိမ်မာမာ ထုတ်ပေးပါလိမ့်မည်။ သို့ရာတွင် မထင်မှတ်ပဲ လုမင်က သူ့ကို လုံးဝ မျက်နှာသာမပေးပေ။
"ကောင်လေး၊ မင်း ထျန်းရှအကယ်ဒမီမှာ ထာဝရ ပုန်းနေလို့မရပါဘူးကွာ။ မင်း ဒီကနေ ထွက်မသွားမိစေနဲ့"
အဘိုးအိုက အေးစက်စက်ဖြင့် ပြောလိုက်သည်။ ဤသည်က ပြောင်ပြောင်တင်းတင်း ခြိမ်းခြောက်မှုတစ်ခုပင်။
လုမင်သာ ထျန်းရှအကယ်ဒမီမှ ထွက်သွားခဲ့ပါက သူ့ကို မည်သူမျှ ကာကွယ်နိုင်မည် မဟုတ်ဘူးဟု ဆိုလိုခြင်း ဖြစ်သည်။
"ဟားဟား"
လုမင်က လှောင်ရယ်လိုက်သည်။ သူက နောက်ထပ် ဘာမျှမပြောလိုတော့ပေ။ သူဟာ ရွယ်လော့ကျစ်နှင့် အဘိုးကြီးကို လျစ်လျူရှုပြီး တိုက်ရိုက် ထွက်ခွာသွားခဲ့သည်။
အဘိုးကြီးနှင့် ရွယ်လော့ကျစ်လည်း ဒေါသထွက်လွန်း၍ မျက်နှာများ စိမ်းပြာသွားခဲ့သည်။ လုမင်က သူတို့ကို လျစ်လျူရှုခဲ့၏။
လုမင်က ကျောက်စိမ်းနံရံများသို့ ပြန်လျှောက်သွားခဲ့သည်။ သို့သော်လည်း လမ်းတွင် တစ်စုံတစ်ယောက်မှ တားဆီးခဲ့ပေသည်။
၎င်းမှာ ထျန်းဝူဂိုဏ်းမှ ဝူချန်ခုန်း ဖြစ်သည်။
၎င်းက ဓားတစ်လက်ကို ကျောတွင်လွယ်ကာ လုမင်၏ရှေ့တွင် ဓားကဲ့သို့ ဖြောင့်မတ်စွာ ရပ်နေခဲ့သည်။
--------