အခန်း ၁၀၆၈
Vol. 72 Ch. 1068
ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu၊ 牧童听竹
ဘာသာပြန်သူ - ထာဝရ
အပိုင်း ( 1068 ) သွေးအေးနန်းတော်မှ ကျွမ်းကျင်သူဟောင်းများနှင့် တိုက်ပွဲ။
"သတ်"
ရွယ်ဖုန်းက အမြန်ဆုံးဖြစ်ပြီး လုမင်ကို တိုက်ခိုက်လိုက်သည်။ လက်သီးအင်အားများက သွေးရောင်စိန်များကဲ့သို့ပင်။ လက်သီးချက်တိုင်းတ္ငင် ဟင်းလင်းပြင်က ပြိုကျနေပြီး အလွန်ကြောက်စရာကောင်းသည်။
'စတုတ္ထအဆင့် ဝိညာဉ်နတ်ဘုရား'
လုမင်၏ မျက်လုံးအကြည့်များက တင်းမာလာသည်။ ရွယ်ဖုန်း၏ ကျင့်ကြံခြင်းအခြေခံက အဆင့်လေး ဝိညာဉ်နတ်ဘုရားနယ်ပယ်တွင် ရှိ၏။ သူကိုယ်တိုင်ကလည်း ထူးကဲသော တိုက်ခိုက်နိုင်စွမ်းရှိသည့် အလွန်အစွမ်းထက် ပါရမီရှင်တစ်ဦး ဖြစ်သည်။
လုမင်၏ ခန္ဓာကိုယ်ကို တာအို အရောင်ငါးမျိုးက ဝန်းရံထားပြီး အတားအဆီးမဲ့သော ကောင်းကင်သိုင်း စွမ်းအားကို ပို၍ထုတ်ဖော်လိုက်သည်။ သူက ရွယ်ဖုန်း၏ လက်သီးများကို ပြန်လည်ထိုးနှက်ကာ ကြိမ်ဖန်များစွာ ရင်ဆိုင်ခဲ့၏။
"ဝုန်း ဝုန်း"
လက်သီးများက ထိပ်တိုက်တွေ့သောအခါ နတ်ဘုရားနှစ်ပါး ရန်ဖြစ်နေသကံ့သို့ ကောင်းကင်ကြီး တုန်ခါသွားသည်။ ထို့နောက်တွင် လုမင်က နောက်တစ်ကြိမ် လွင့်စဉ်ကာ အဝေးသို့ ဆုတ်ခွာသွားရ၏။
'ကြည့်ရတာ ငါ့တတိယသွေးမျိုးဆက်ကို သုံးရမဲ့ပုံပဲ'
လုမင်၏ မျက်လုံးက အရောင်လက်သွားသည်။
ရွယ်ဖုန်းက အလွန်အစွမ်းထက်သည်။ သူ့ပါရမီက ရွယ်လော့ကျစ်လောက် မမြင့်မားလျှင်ပင် ဟွမ်ကွေ့ထက် အားမနည်းပေ။ သူက အဆင့်ခုနစ် နတ်ဘုရားအဆင့် သွေးမျိုးဆက်ကို နိုးထသင့်ကာ ငယ်စဉ်က တတိယတန်းစား ပါရမီရှင် ဖြစ်သင့်သည်။
အကယ်၍ သူတို့သည် တူညီသောအဆင့်တွင် ရှိနေပါက လက်တစ်ဖက်တည်းဖြင့် သတ်နိုင်သော်လည်း ပြိုင်ဘက်၏ ကျင့်ကြံခြင်းအခြေခံက အလွန်မြင့်မားသည်။ သူသည် လုမင်ထက် သုံးဆင့်မြင့်သော ဝိညာဉ်နတ်ဘုရားနယ်ပယ် စတုတ္ထအဆင့်တွင် ရှိ၏။
ဝိညာဉ်နတ်ဘုရားနယ်ပယ်တွင် အဆင့်သုံးဆင့် ကွာဟချက်ကို မပြောနှင့်၊ အဆင့်တစ်ခု ကွာဟလျှင်ပင် ဖြည့်စွတ်နိုင်ရန် ခက်ခဲသည်။ ထို့အပြင် ရွယ်ဖုန်းက ထိပ်တန်းပါရမီရှင်တစ်ဦး ဖြစ်နေခဲ့သေးသည်။
"သတ် သတ်"
ကျွမ်းကျင်သူသုံးဦးက တစ်ချိန်တည်းတွင် ခုန်ဝင်လာကြသည်။ ၎င်းတို့ထံမှ အစွမ်းထက် အရှိန်အဝါများသည် လေထဲတွင် ပြည့်လျှံသွား၏။ ၎င်းတို့အားလုံးက ဝိညာဉ်နတ်ဘုရားနယ်ပယ် တတိယအဆင့်တွင်ရှိကြသည်။
"ဝုန်း ဝုန်း..."
လုမင်က လက်သီးဖြင့် ပြန်ထိုးလိုက်ရာ ပေါက်ကွဲသံနှင့်အတူ လေးယောက်စလုံး တပြိုင်နက်တည်း ဆုတ်သွားရ၏။
ရွယ်ဖုန်းကလည်း သူ့ကို အနောက်ဘက်မှ တိုက်ခိုက်လာပြန်တော့သည်။
"ဝုန်း"
ဤအခိုက်အတန့်တွင် အဝေးမှ တောင်ကြီးက တုန်ခါသွားသည်။ တောက်ပသော အလင်းရောင်က လေထဲတွင် ပြည့်သွားကာ လူတိုင်းကို တုန်လှုပ်စေခဲ့၏။
"အဲဒါ...တံခါးလား"
တစ်ယောက်ယောက်က အော်လိုက်သည်။
တောင်ထိပ်တွင် အလင်းတံခါးတစ်ခု ပေါ်လာသည်ကို လူတိုင်းမြင်ကြ၏။ ၎င်းက လင်းလက်ကာ စူးရှတောက်ပသော အလင်းရောင်တစ်ခု ထုတ်လွှတ်နေတော့သည်။
"ရတနာ၊ အဲဒါက အဖိုးတန်ရတနာပဲ ဖြစ်ရမယ်။ သွားမှ"
အင်အားစုငယ်များမှ လူအချို့က အော်ဟစ်ကာ ထိုအလင်းရောင်ရှိရာ တောင်ပေါ်သို့ ပျံတက်သွားကြသည်။
"မစဉ်းစားနဲ့"
သွေးအေးနန်းတော်မှ လူတချို့ကလည်း လှုပ်ရှားကြ၏။
"ကောင်လေး၊ မင်းကံကောင်းသွားတယ်မှတ်ပါ"
ရွယ်ဖုန်းက လုမင်ကို ပြင်းပြင်းထန်ထန် စိုက်ကြည့်ပြီးနောက် တောင်ထိပ်ဆီသို့ ပြေးသွားတော့သည်။
ရွယ်ဖုန်းက အားမနည်းသော်လည်း လုမင်၏ တိုက်ခိုက်နိုင်စွမ်းမှာ သူမျှော်လင့်ထားသည်ထက် ကျော်လွန်သွားခဲ့သည်။ သူ့အတွက် လုမင်ကို အချိန်တိုအတွင်းသတ်ရန် များစွာ ခက်ခဲ၏။ ဤအတောအတွင်း ရတနာများကို ထိုအင်အားစုငယ်များက သိမ်းယူလိုက်လျှင် ဆုံးရှုံးမှုများက အမြတ်များထက် သာလွန်မည်ဖြစ်သောကြောင့် အမြန်ပြေးသွားရုံသာ တတ်နိုင်သည်။
"သွား"
ကျန်သွေးအေးနန်းတော်မှ လူများလည်း ပြေးဝင်သွားကြသည်။
ရွယ်လော့ကျစ်က သွေးအေးနန်းတော်မှအဖွဲ့နှင့် လိုက်မသွားမီ လုမင်ကို အေးစက်စက်ဖြင့် စိုက်ကြည့်လိုက်၏။
'ဒီမှာ ရတနာတွေ ရှိနေမှတော့ ဘယ်လို ထားခဲ့ရမှာလဲ'
လုမင်လည်း ပြုံးကာ ပြေးသွားတော့သည်။
ရွယ်ဖုန်းက သန်သော်လည်း သူ့တွင် အသုံးမပြုရသေးသော ဝှက်ဖဲတစ်ခု ရှိနေဆဲ ဖြစ်သည်။ ၎င်းကို သူသုံးပါက ထွက်ပြေးရန်မှာ ပြဿနာမဟုတ်ပေ။ ထို့ကြောင့် လုမင်သည် သူ့ကို လုံးဝ မကြောက်ခဲ့ပေ။
"ဝမ် ဝမ်"
လေတိုးသံများနှင့်အတူ လူအုပ်က ရှေ့သို့ ပျံသန်းသွားခဲ့သည်။ သတ်မှတ်ထားသော အကွာအဝေးတစ်ခုသို့ ပျံသန်းပြီးနောက် ၎င်းတို့ရှေ့တွင် မည်သည့်ဝင်္ကပါမျှ မရှိသည်ကို တွေ့လိုက်ရ၏။
“ဒါက ဆေးဥယျာဉ်မဖြစ်နိုင်ဘူး"
လုမင်က ပြန်လှည့်ကြည့်လိုက်သည်။ သူမြင်ဖူးသည့် ဆေးဥယျဉ်များဆိုလျှင် ဝင်္ကပါများ ရှိ၏။
ရှေ့သို့ ဆက်လာသောအခါတွင် ကြီးမားသော နန်းတော်များ ပေါ်လာသည်။
နန်းတော်များက ကြီးမားသော ဧရိယာကို ဖုံးလွှမ်းထားပုံရသော်လည်း ၎င်းတို့သည် အလွန်ဟောင်းနွမ်းပြီး ရှေးကျသော အသွင်အပြင်နှင့် ပြည့်နေခဲ့၏။ နေရာတော်တော်များများ ပြိုကျနေကြပြီ ဖြစ်သည်။
ထိုတောင်ကြီးက နန်းတော်များ၏ အလယ်တွင် ရှိပေသည်။ တောင်ကြီးက ကောင်းကင်မှ ပြုတ်ကျလာကာ နန်းတော်များ၏ အလယ်ဗဟိုသို့ ကျရောက်၍ ကြီးမားသော ဧရိယာကို ဖြိုခွင်းလိုက်သကဲ့သို့ ဖြစ်နေသည်။
ထိုအချိန်တွင် တောင်ပေါ်ရှိ အလင်းတံခါးက ပို၍ပင် စူးရှလာသည်။
အလင်းတံခါးဝတွင် ကျောက်စိမ်းအဆောင်တစ်ခု လွင့်မျောနေသည်ကို ယောင်ဝါးဝါး မြင်ကြရ၏။ အလင်းတံခါးက ကျောက်စိမ်းအဆောင်မှ ထုတ်လွှတ်သော အလင်းရောင်များဖြင့် ဖွဲ့စည်းထားသော ရူပါရုံ ဖြစ်သည်။
"ရတနာ၊ သေချာပေါက် ရတနာပဲ"
တစ်စုံတစ်ယောက်က လောဘကြီးစွာဖြင့် အော်ဟစ်ကာ နန်းတော်အစုဆီသို့ ပြေးသွားသည်။
"ပုရွက်ဆိတ်တွေ ငါ့လမ်းက ထွက်သွား၊ မင်းတို့ သေချင်နေတာပဲ"
ရွယ်ဖုန်းက ဒေါသတကြီး အော်ဟစ်ကာ အဆက်မပြတ် ရိုက်ထုတ်လိုက်သည်။ လက်သီးအင်အားက လေထဲသို့ ဖောက်ထွင်းဝင်ရောက်ကာ ဒါဇင်နှင့်ချီသော ကျွမ်းကျင်သူများအား သတ်ဖြတ်ခဲ့၏။
အခြားသူများလည်း တုန်လှုပ်ခြောက်ခြားသွားကာ ရွယ်ဖုန်းအနီးမှ ထွက်ခွာသွားတော့သည်။
သို့သော်လည်း အခြားအင်အားစုများမှ လူများစွာ ရှိနေကြဆဲပင်။ အချို့က ကျွမ်းကျင်သူများ ဖြစ်သည်။ သူတို့က ရွယ်ဖုန်းကို ရှောင်ထွက်ပြီးနောက် အရှုံးမပေးဘဲ ရှေ့သို့ အလျင်စလို ပြေးသွားသည်။
ရာနှင့်ချီသော လူများက တောင်ပေါ်သို့ ပြေးတက်သွားကြသည်။
လုမင်လည်း တည်ငြိမ်သော အရှိန်ဖြင့် လိုက်လာခဲ့၏။
နန်းတော်အစုတွင် အန္တရာယ်မရှိဘဲ ဝင်္ကပါလည်းမရှိပေ။ အားလုံးက ချောမောစွာ ပျံသန်းရင်း တောင်ပေါ်သို့ ရောက်ရှိသွားကြသည်။
ဤတောင်ကြီးက လဲလျောင်းနေသော ကျားတစ်ကောင်ပုံကို ကျောက်တုံးကြီးတွင် ထုဆစ်ထားသကဲ့သို့ အသက်ဝင်လွန်းလှ၏။
တောင်ထိပ်တွင် စိမ်းစိုနေသော သစ်ပင်အမြစ်များကဲ့သို့ ထူးဆန်းသော မျဉ်းကြောင်းများလည်း ရှိနေသည်။
ဤသည်က အတော်ပင်ထူးဆန်းသောပုံစံဖြင့် တောင်ကြီးတစ်လုံးပင် ဖြစ်ချေသည်။
သို့သော်လည်း လူတိုင်းတွင် စဉ်းစားရန် ချိန်မရှိပါ။ လူတိုင်းက အလင်းတံခါးနှင့် ကျောက်စိမ်းအဆောင်ကို စိုက်ကြည့်လိုက်ကြသည်။
ကျောက်စိမ်းအဆောင်က ကျားဦးခေါင်းထက်တွင် ရှိ၏။
လူအုပ်ကြီးက တောင်ပေါ်သို့ ပျံသန်းလာစဉ် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားပြန်တော့သည်။
သွေးအေးနန်းတော်၏ ကျွမ်းကျင်သူများက အလွန်အမင်း လွှမ်းမိုးချုပ်ကိုင်နိုင်ကြသည်။ သူတို့က အင်အားစုငယ်များမှ သူများကို တိုက်ရိုက် သတ်ဖြတ်ခဲ့၏။ ရုတ်တရက် ပညာရှင်အများအပြား သေဆုံးကြကာ တောင်ကြီးမှာလည်း သွေးများဖြင့် စွန်းထင်းသွားတော့သည်။
သို့သော်လည်း၊ တောင်ပေါ်တွင် ပြန့်ကျဲနေသော သွေးများက တောင်ထဲသို့ တိုက်ရိုက်စိမ့်ဝင်၍ မျိုချလိုက်သကဲ့သို့ ပျောက်ကွယ်သွားသည်ကိုတော့ မည်သူမျှ သတိမထားမိခဲ့ကြပေ။
"အချိန်ကျပြီ"
လုမင်၏ မျက်လုံးများက တောက်ပလာသည်။ သူက နဝမနဂါးခြေလှမ်းကို ထုတ်ဖော်လိုက်ရာ အလင်းတန်းတစ်ခုကဲ့သို့ ဖြစ်သွားသည်။ ချက်ခြင်းပင်၊ သူက သွေးအေးနန်းတော်မှ ကျွမ်းကျင်သူများကို ကျော်ဖြတ်ကာ အလင်းတံခါးဆီသို့ ပြေးသွားခဲ့၏။
"ကောင်လေး၊ မင်းနောက်တစ်ခါ လာရဲတယ်ပေါ့။ မင်း သေချင်နေတာလား"
ရွယ်ဖုန်းက ငေါက်ငမ်းပြီး လုမင်ကို လက်သီးဖြင့် ထိုးချလိုက်သည်။ လက်သီးအင်အားများက သူ့ထံသို့ တိုးဝင်လာကြ၏။
ခြေလှမ်းအနည်းငယ်လှမ်းကာ ရှောင်ထွက်ရင်း လုမင်၏ ပုံရိပ်က ပို၍ တောက်ပလာတော့သည်။
"အတူတူတိုက်ခိုက်ပြီး သတ်ကြစို့"
ရွယ်လော့ကျစ်က လူအုပ်ကြီးကို လုမင်အား ဝိုင်းသတ်ကြရန် အမိန့်ပေးလိုက်သည်။
"သတ်၊ သတ်ပစ်၊ သတ်"
သွေးအေးနန်းတော်မှ လူအချို့က လုမင်ဆီသို့ အပြေးအလွှား ပြေးလာကြကာ အချို့က အလင်းတံခါးဆီသို့ ဆက်လက် ပြေးကြသည်။
ယခုအချိန်တွင် အင်အားစုငယ်များမှ လူဒါဇင်နှင့်ချီကာ သေဆုံးခဲ့၏။ ကျန်သူများကလည်း ကြောက်လန့်ကာ မတိုက်ရဲတော့ပေ။ သူတို့က အသဲအသန် ဆုတ်ခွာသွားကြသည်။
သွေးအေးနန်းတော်က တိုက်ပွဲကို လုံးဝထိန်းချုပ်ထားပေသည်။
ရွယ်ဖုန်းကတော့ အမြန်ဆုံး ဖြစ်သည်။ အလင်းတံခါးသို့ ရောက်ခါနီးတွင် သူ့မျက်လုံးများက စူးစူးရဲရဲ တောက်လောင်လာခဲ့၏။
ဤကျောက်စိမ်းအဆောင်က အဖိုးတန်ရတနာတစ်ခုဖြစ်သည်မှာ သေချာသည်။ ၎င်းက တန်ခိုးရှင်ကြီးတစ်ဦး၏ အမွေသည်ပင် ဖြစ်ကောင်း ဖြစ်လိမ့်မည်။
"ဝမ်"
ထိုအချိန်တွင် အနက်ရောင်အလင်းက တောင်ပေါ်မှ ထွက်ပေါ်လာကာ ရွယ်ဖုန်းဆီသို့ ဦးတည်သွားခဲ့သည်။
ရွယ်ဖုန်း ထိတ်လန့်သွားသည်။ သူက အနက်ရောင်အလင်းကို ပိတ်ဆို့ရန် လက်သီးချက်များ ဆက်တိုက် ထုတ်ဖော်လိုက်၏။
'သစ်ပင်အမြစ်လား၊ မဟုတ်သေးဘူး၊ ဒါက နွယ်ပင်ပဲ'
လုမင်၏မျက်လုံးများ ကျဉ်းမြောင်းသွားခဲ့သည်။ ရွယ်ဖုန်းကို တိုက်ခိုက်လိုက်သည်က နွယ်ပင်ဖြစ်ကြောင်း သူတွေ့ရှိခဲ့၏။
"ငါ့ကို ဘယ်သူတားရဲလဲ။ မင်းက သေချင်နေတာပဲ"
ရွယ်ဖုန်းက ကြိမ်းမောင်းကာ အရာအားလုံးကို ချေမှုန်းပစ်ချင်ဟန်ဖြင့် လက်သီးချက်များ ဆက်တိုက်ထုတ်လိုက်သည်။
ထိုအချိန်တွင် လုမင်က သွေးအေးနန်းတော်မှ လူများနှင့် တိုက်ကွက် တစ်ဒါဇင်ကျော် ဖလှယ်ခဲ့ပြီး ဖြစ်သည်။
အစွမ်းထက် ကျွမ်းကျင်သူများစွာ အပါအဝင် လူတစ်ဒါဇင်ကျော်က လုမင်ကို ဝိုင်းထားခဲ့၏။
"ဝမ် ဝမ်"
သွေးအေးနန်းတော်မှ ပညာရှင်များက ၎င်းတို့၏သွေးမျိုးဆက်များကို ထုတ်လွှတ်လိုက်ရာ သွေးအလင်းများက လေထဲတွင် ပြည့်လျှံသွားခဲ့သည်။
သူတို့ထဲတွင် သုံးယောက်က နတ်ဘုရားအဆင့်ငါး သွေးမျိုးဆက်နှင့် ဝိညာဉ်နတ်ဘုရားနယ်ပယ် တတိယအဆင့် ကျင့်ကြံခြင်းအခြေခံ ရှိကြသည်။ သူတို့က အသန်မာဆုံးဖြစ်ကာ အံ့သြဖွယ်ရာ တိုက်ခိုက်နိုင်စွမ်း ရှိ၏။ ဤသုံးဦးက လုမင်ကို တိုက်ခိုက်ရာတွင် အဓိက အင်အားစု ဖြစ်သည်။
ကျန်သူများကတော့ နတ်ဘုရားအဆင့်လေးနှင့် အဆင့်သုံး သွေးမျိုးဆက်များ ရှိကြသည်။ သူတို့၏ ကျင့်ကြံခြင်းအခြေခံကမူ ဝိညာဉ်နတ်ဘုရားနယ်ပယ် ဒုတိယအဆင့်မှ တတိယအဆင့်တွင် ရှိကြ၏။ သူတို့က သွေးအေးနန်းတော်မှ အဆင့်တန်းမြင့်မားသူများဖြစ်ကာ သန်မာသော တိုက်ခိုက်နိုင်စွမ်းများ ရှိကြသည်။ သို့သော်လည်း လုမင်မှ ၎င်းတို့ကို အလွယ်တကူ ကိုင်တွယ်နိုင်ပေသည်။
အဓိက က နတ်ဘုရားအဆင့်ငါး သွေးမျိုးဆက်နှင့် ကျွမ်းကျင်သူ သုံးဦး ဖြစ်သည်။
နတ်ဘုရားအဆင့်ငါး သွေးမျိုးဆက်က မြင့်မားသောအဆင့်တွင် ရှိသည်။ ၎င်းတို့၏ တိုက်ခိုက်နိုင်စွမ်းက သန်မာကြကာ ကျင့်ကြံခြင်းအခြေခံကလည်း လုမင်ထက် နှစ်ဆ မြင့်မား၏။ ၎င်းတို့သုံးဦးက ပူးပေါင်း၍ တိုက်ခိုက်သောအခါ အင်အားက သဘာဝအတိုင်း အံ့ဖွယ်ဖြစ်တော့သည်။
--------