အခန်း ၁၀၇၀
Vol. 72 Ch. 1070
ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu၊ 牧童听竹
ဘာသာပြန်သူ - ထာဝရ
အပိုင်း ( 1070 ) ပထမအဆင့် ဝိညာဉ်နတ်ဘုရားနယ်ပယ် အထွတ်အထိပ်။
"သေစမ်း၊ သူ့ကို တားဆီးကြ"
ရွယ်လော့ကျစ်လည်း ထိတ်လန့်တကြားဖြစ်ကာ သွေးအေးနန်းတော်မှ အခြား ကျွမ်းကျင်သူများအနောက်သို့ အမြန်ပြန်ဆုတ်သွားသည်။
လုမင်က ပြေးလာရင်းမှ သွေးရောင်ဓားချက်များ ထုတ်ဖော်လိုက်သည်။ ဓားအလင်း ဖြတ်သွားသည်နှင့် သွေးအေးနန်းတော်မှ တစ်ယောက်ပြီးတစ်ယောက် အသတ်ခံခဲ့ရ၏။ ဟုတ်ပေသည်၊ သူတို့အားလုံးက ဝိညာဉ်နတ်ဘုရားများ မဟုတ်ဘဲ၊ ဝိညာဉ်သန္ဓေသား နယ်ပယ်များ ဖြစ်သည်။ သူတို့က လုမင်ကို မတားဆီးနိုင်ဘဲ ရွယ်လော့ကျစ်၏ရှေ့တွင် ပြန်ပေါ်လာသည်။
"မဟုတ်ဘူး၊ မဟုတ်ဘူး"
ရွယ်လော့ကျစ်က အော်ဟစ်ကာ ထွက်ပြေးရန် ကြိုးစားခဲ့၏။ သို့သော်လည်း လုမင်၏ ဓားချက်အောက်တွင် ထက်ခြမ်းကွဲသွားတော့သည်။
"ဟင်"
နောက်အခိုက်အတန့်တွင် လုမင် မျက်မှောင်ကြုတ်လိုက်သည်။ ရွယ်လော့ကျစ်၏ ခန္ဓာကိုယ်ကို အဖြူရောင် အလင်းတစ်ခုက ဖုံးအုပ်ထားပြီး ကောင်းကင်ပေါ်သို့ ပျံတက်သွား၏။ သူ၏ မျက်နှာမှာတော့ ကြီးစွာသော နာကြည်းမှုများ မြင်တွေ့လိုက်ရသည်။
"လုရှောက်ချင်း၊ သွေးအေးနန်းတော်က မင်းကို အလွတ်မပေးဘူးကွ"
ကျယ်လောင်သော ကြိမ်းမောင်းတစ်ခု ထွက်ပေါ်လာကာ အဖြူရောင်အလင်းနှင့်အတူ ရွယ်လော့ကျစ်၏ပုံရိပ်က သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားတော့သည်။
"အသက်အဆောင်"
လုမင်က ခပ်တိုးတိုး ရေရွတ်လိုက်သည်။
အဓိက အင်အားစုအသီးသီး၏ အသန်မာဆုံး ပါရမီရှင်များကို မြင့်မြတ်အိမ်တော်မှ အသက်အဆောင်များ ပေးအပ်ကြကြောင်း သူကြားသိခဲ့ရသည်။ ၎င်းတို့ သေသွားလျှင်ပင် အပြင်ဘက်တွင် ရှင်ပြန်ထမြောက်နိုင်ကြ၏။ ယခုတော့ ၎င်းမှာ အမှန်ဖြစ်နေပုံရသည်။
"အံ့သြစရာ"
လုမင် သက်ပြင်းချလိုက်တယ်။ အသက်အဆောင်က ဤလျှို့ဝှက်နယ်မြေ၏ သဘာဝဥပဒေသများနှင့် ပေါင်းစပ်ထားပေသည်။ အသက်အဆောင်ကို ဆောင်ထားသရွေ့ သူတို့ကို မသတ်နိုင်ပေ။
လုမင်လည်း စိတ်မကောင်းစရာကဲ့သို့ ခံစားလိုက်ရသည်။
သို့သော် သွေးအေးနန်းတော်မှ အခြားသူများကတော့ ထိုသို့သော အခြေအနေမျိုး မရှိပေ။ သူတို့ သေဆုံးကြလျှင် အမှန်တကယ် သေရသည်။
တန်တန်က ကျောက်စိမ်းအဆောင်ဆိသို့ ပြေးသွားသည်။ အနည်းဆုံး နွယ်ရှင် တစ်ဒါဇင်ခန့် ပေါ်လာကာ ကြာပွတ်ကဲ့သို့ ရိုက်ချကြ၏။ တန်တန်၏ လက်သေးသေးလေးများက လှုပ်ရှားလာရာ ကမ္ပည်းဝင်္ကပါတစ်ခု ပေါ်လာသည်။ သူ့ခန္ဓာကိုယ်က လေထဲတွင် လွင့်ပျံကာ နွယ်ပင်များကို ရှောင်သွားခဲ့၏။ သူက ၎င်းတို့ကို ကျော်ဖြတ်ကာ ကျောက်စိမ်းအဆောင်ရှေ့တွင် ပေါ်လာတော့သည်။
သူက ကျောက်စိမ်းအဆောင်ကို ဖမ်းယူကာ သူ့ပါးစပ်ထဲသို့ ပစ်ထည့်လိုက်သည်။
"သွားကြစို့၊ ငါတို့ရပြီ"
တန်တန်က ဝမ်းသာအားရ အော်ဟစ်ကာ ရှေ့သို့ပြေးသွားသည်။
"ဝုန်း ဝုန်း"
ထိုအချိန်တွင် ဆူညံသော အသံများက လေထဲတွင် ပဲ့တင်ထပ်လာသည်။ သွေးစုပ်နွယ်ရှင်၏ အဓိကခန္ဓာကိုယ် နိုးထလာကာ ဒေါသတကြီး အော်ဟစ်လိုက်၏။ ကျောက်တုံး၊ ကျောက်စိုင်များလည်း ပေါက်ကွဲလာတော့သည်။
မရေမတွက်နိုင်သော နွယ်ရှင်လက်တံများက လှုပ်ရှားနေကာ အော်ဟစ်လိုက်သည်။ တခဏချင်းမှာပဲ၊ သွေးအေးနန်းတော်၏ ဒါဇင်ချီသော ဝိညာဉ်သန္ဓေသားနယ်ပယ် တပည့်များလည်း နွယ်ရှင်များကြောင့် သေဆုံးကုန်ကြ၏။ နွယ်ရှင်များက ၎င်းတို့၏ သွေးများကို စုပ်ယူသွားပေသည်။
သွေးများကို ဝါးမျိုပြီးနောက် သွေးစုပ်နွယ်ရှင်၏ အရှိန်အဝါသည် ပို၍ပင် အားကောင်းလာခဲ့သည်။
"သွားရအောင်၊ သွားကြစို့ဟေ့"
ရွယ်ဖုန်းက ဟိန်းဟောက်လိုက်သည်။ သူ့လက်သည်းများကို ဝှေ့ယမ်းကာ နွယ်လက်တံများကိုချေဖျက်ရင်း ရှေ့သို့ ပြေးသွား၏။
ကျန်သွေးအေးနန်းတော်မှ တပည့်များလည်း အသက်လု၍ ထွက်ပြေးကြတော့သည်။
တန်တန်က အလွန်လျင်မြန်သည်။ ၎င်းထံမှ ကမ္ပည်းစာများလည်း ထွန်းတောက်နေရာ နွယ်ပင်များက ဖမ်းမမိနိုင်ခဲ့ပေ။
လုမင်လည်း လေထဲမှလှမ်းကာ တန်တန်ဆီသို့ ပျံသန်းသွားခဲ့သည်။
"ဝှစ်"
တန်တန်က လုမင်၏ ပခုံးပေါ်သို့ခုန်တက်ကာ လောဆော်လိုက်သည်။
"သွားရအောင်၊ မြန်မြန် သွားကြစို့"
အကြောင်းမှာ၊ သွေးစုပ်နွယ်ရှင်က လုမင်၏နောက်သို့ လိုက်လာနေသောကြောင့် ဖြစ်သည်။
လုမင်က နဝမနဂါးခြေလှမ်းကို အသုံးပြုသောအခါ အံ့ဖွယ်ကောင်းအောင် လျင်မြန်သည်။ သူ့ပုံရိပ်က အလင်းတန်းတစ်ခုကဲ့သို့ ဖြစ်ကာ အဝေးတွင် ပျောက်သွားတော့သည်။
အရပ်ရပ်မှ အင်အားစုငယ်များနှင့် ကျန်သွေးအေးနန်းတော်မှ ကျွမ်းကျင်သူများလည်း အခွင့်အလမ်းယူ၍ ထွက်ပြေးခဲ့ကြသည်။ မိုင်သောင်းချီကာ ပြေးလာပြီးမှ သွေးအေးနန်းတော်မှ လူများဟာ အလင်းတန်းများ ဖုံးလွှမ်းထားသော နေရာမှ ပြေးထွက်လာနိုင်ခဲ့ကြသည်။
ဤနေရာအပြင်၌ ဖိအားများ ပျောက်ကွယ်သွားပြီဖြစ်ရာ သူတို့အရှိန်အဝါက တဟုန်ထိုး တိုးလာခဲ့၏။ သူတို့က သွေးအလင်းတန်းများအဖြစ် ပြောင်းလဲကာ အဝေးတွင် ပျောက်ကွယ်သွားတော့သည်။ သူတို့က မိုင်သိန်းချီကာ ပြေးလာပြီးမှ ရပ်သွားခဲ့ကြသည်။
ထို့နောက်တွင် တစ်ယောက်ကို တစ်ယောက် တုန်လှုပ်ချောက်ချားစွာဖြင့် ကြည့်လိုက်၏။
"လုရှောက်ချင်း၊ ချီးပဲ"
ရွယ်ဖုန်း၏ မျက်လုံးများက နီရဲနေကာ သွေးအန်လုမတတ် ဖြစ်ခဲ့သည်။
ကြေကွဲဖွယ်ကောင်းသည်။
ဤတစ်ခေါက်တွင် သွေးအေးနန်းတော်မှ လူရာနှင့်ချီကာ ဝင်လာခဲ့သော်လည်း ယခုအခါ တစ်ရာအောက်သာ ကျန်တော့သည်။ အနည်းဆုံး လူနှစ်ရာကျော် သေဆုံးခဲ့ရသည်။
၎င်းတို့အနက်၊ အများစုမှာ ဝိညာဉ်သန္ဓေသားနယ်ပယ်တွင် ရှိကြသော်လည်း ဝိညာဉ်နတ်ဘုရားနယ်ပယ်မှ ကျွမ်းကျင်သူများစွာလည်း ရှိသည်။
အရေးအကြီးဆုံးကတော့ သွေးအေးနန်းတော်၏ မျိုးဆက်သစ်လူငယ်များမှ အသန်မာဆုံး လူဆယ်ယောက်မှာ အားလုံးနီးပါး သေဆုံးခဲ့ရသည်။ ယခုမူ၊
၎င်းတို့ထဲမှ နှစ်ဦးတည်းသာ ကျန်ရှိ၏။ အသက်အဆောင်၏ ကာကွယ်မှုကြောင့် အသက်ရှင်ခဲ့သော ရွယ်လော့ကျစ်ပါမှသာ သုံးဦး ဖြစ်ခဲ့သည်။
ကြေကွဲဖွယ်ကောင်းသည်၊ ဆုံးရှုံးမှုများက အနှိုင်းမဲ့ ကြီးမားခဲ့ပေသည်။
လုမင် သတ်ဖြတ်ခဲ့သူများတွင် ဝိညာဉ်နတ်ဘုရားနယ်ပယ်မှ ကျွမ်းကျင်သူ တစ်ဒါဇင်ကျော် ရှိသည်။
အုပ်စိုးရှင် အင်အားစုများမှာပင် ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများစွာ မရှိပေ။ ယခင်မျိုးဆက်မှ သွေးအေးနန်းတော်၏ ကျွမ်းကျင်သူထက်ဝက်ကျော်ကို လုမင်က သတ်ဖြတ်ပစ်ခဲ့သည်။
"လုရှောက်ချင်း၊ မင်းကို မသတ်ရရင် ငါ လူမဟုတ်ဘူးလို့ ကျိန်ဆိုတယ်"
ရွယ်ဖုန်း၏ နာနာကျည်းကျည်း ဟိန်းဟောက်လိုက်သံက မိုင်ရာချီကာ ပဲ့တင်ထပ်သွားသည်။
………
လုမင်က အရှိန်ပြင်းပြင်းဖြင့် ပြေးနေသည်။ မိုင်သောင်းဂဏန်းခန့် အကွာသို့ ရောက်လာသောအခါ၊ သူက အလင်းအတားအဆီး၏ နယ်ပယ်အတွင်းမှ လွန် လွန်မြောက်သွားခဲ့၏။ သူ့အမြန်နှုန်းက သိသိသာသာ တိုးလာသော်လည်း သူ့နောက်မှာတော့ သွေးစုပ်နွယ်ရှင်ကြီးက လိုက်လာနေဆဲပင်။ လုမင်အတွက် သွေးစုပ်နွယ်ရှင်ကြီးကို မျက်ခြေမဖြတ်နိုင်မီ မိုင်သိန်းချီ၍ ပြေးလွှားခဲ့ရသည်။
"ဒီကောင်ကြီးက တကယ်ကို ကိုင်တွယ်ရခက်တာပဲ"
သီးသန့်နေရာတစ်ခုကို ရှာတွေ့ပြီးနောက် လုမင်က တောင်နှင့်မြစ်ပန်းချီကားအတွင်းကို ဝင်ရောက်သွား၏။ အသက်ပြင်းပြင်းရှူ၍ သူ ဝါးမျိုခဲ့သော သွေးအနှစ်သာရ၊ စွမ်းအင်များကို စတင်သန့်စင်လိုက်တော့သည်။
....……
ထျန်းရှအကယ်ဒမီ၊ ကျောက်စိမ်းနံရံများ၏ အပြင်ဘက်တွင်…
ရုတ်တရက် ဟင်းလင်းပြင်က တုန်ခါသွားကာ အလင်းတန်းတစ်ခု လင်းလက်လာပြီး ရွယ်လော့ကျစ်၏ခန္ဓာကိုယ် ပေါ်လာခဲ့သည်။
ချက်ချင်းပင်၊ လူတိုင်း၏ မျက်လုံးအကြည့်များက ရွယ်လော့ကျစ်ပေါ်ကို ရောက်သွားကြ၏။
ရွယ်လော့ကျစ် သေဆုံးသွားခဲ့ပြီ။ တိုက်ပွဲတွင် ရွယ်လော့ကျစ် သေဆုံးခဲ့သည်ကို လူတိုင်းသိသွားသည်။ အသက်အဆောင်ကြောင့်သာ သူ လွတ်မြောက်ခဲ့ခြင်း ဖြစ်ပေသည်။
သူက သေဆုံးကာ အသက်အဆောင်နှင့် ပြန်လာရသော ပထမဆုံး ပါရမီရှင်ဖြစ်သည်။
"ရွယ်လော့ကျစ်၊ ဘယ်လိုဖြစ်တာလဲ"
သွေးအေးနန်းတော်မှ အကြီးအကဲတစ်ယောက်က မေးသည်။ သူဟာ သွေးအေးနန်းတော်မှ အဓိပတိ ဖြစ်ပေသည်။
အခြားသူများကလည်း ရွယ်လော့ကျစ်ကို စူးစူးစိုက်စိုက် ကြည့်ကြသည်။ အားလုံးက ဖြစ်ပျက်ခဲ့သည်များကို သိချင်နေခဲ့ကြပေသည်။
"လုရှောက်ချင်း၊ ဒါ လုရှောက်ချင်းပဲ…"
ရွယ်လော့ကျစ်က ခါးသက်သက်ဖြင့် အော်ဟစ်ကာ ဖြစ်ပျက်ခဲ့သည်များကို အတိုချုံး၍ ရှင်းပြလိုက်သည်။။
"ဘာ၊ အဲဒီကောင်လေးလား"
ထိုစကားကိုကြားတော့ အားလုံး အံ့သြသွားကြသည်။
လုမင်သည် ထျန်းရွှီဂူကို ဖြတ်ကျော်ခဲ့၍ အာရုံစိုက်မှုများစွာ ရရှိထားခဲ့သည်။ သို့သော်လည်း နောက်ပိုင်းရွေးချယ်မှုတွင် လုမင်၏ရလဒ်များက အလွန်ညံ့ဖျင်းခဲ့၏။ ထို့ကြောင့်ပင် လုမင်က ထျန်းရွှီဂူကို ကံကောင်းမှုကြောင့် ဖြတ်ကျော်နိုင်ခဲ့သော အားနည်းသူမျှသာဖြစ်သည်ဟု လူအများက ထင်မြင်ခဲ့ကြသည်။
သို့သော်လည်း၊ ရွယ်လော့ကျစ်၏ဇာတ်လမ်းကို ကြားရသောအခါ လူအများ တုန်လှုပ်သွားတော့သည်။ သူက ဘယ်လိုလုပ်ပြီး အားနည်းပါမည်နည်း။ သူက သတ်ဖြတ်ခြင်းနတ်ဘုရား၊ အသူရာနတ်ဘုရား ဖြစ်သည်မှာ ထင်ရှားသည်။
"ဒီကောင်က ကျားအသားစားဖို့ ဝက်ယောင်ဆောင်နေခဲ့တာပဲ"
"ဟုတ်တယ်၊ သူက စက်ဆုပ်စရာကောင်းလွန်းတယ်။ သူ့အစွမ်းသတ္တိကို ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်ထားတာ"
"လုရှောက်ချင်းအကြောင်းကို ငါကြားဖူးတယ်။ သူက အရင်က ဆေးမြို့တော်မှာ ပေါ်လာဖူးတယ်လေ။ အဲဒီတုန်းက ရွယ်လော့ကျစ်ကို သူ အနိုင်ယူခဲ့တယ်။ သူက ဘယ်ကမှန်းမသိ ရုတ်တရက်ပေါ်လာတဲ့ ပါရမီရှင်ပဲ"
"ဟားဟားဟား၊ သွေးအေးနန်းတော်တော့ ဒီတစ်ကြိမ်မှာ ဆုံးရှုံးမှုကြီးကြီးမားမားကို ခံစားခဲ့ရတာပဲ။ သူတို့နဲ့အတူ လိုက်ဖို့ သတ်ဖြတ်ခြင်းနတ်ဘုရားကို ရွေးချယ်ခဲ့ကြတာ"
လူအများက ကျယ်လောင်စွာ ဆွေးနွေးလိုက်ကြသည်။ ၎င်းတို့က အုပ်စိုးသူအင်အားစုများဖြစ်ရာ သွေးအေးနန်းတော်ကို လုံးဝ မကြောက်ပေ။ ကောင်းကင်လင်းယုန်ခံတပ်နှင့် ဟန်ချင်းတောင်တို့ကလည်း သွေးအေးနန်းတော်ကို မထီမဲ့မြင်ပြုကြသည်။
သွေးအေးနန်းတော်၏ လူများလည်း ဒေါသထွက်လွန်း၍ အဆုတ်များနာကျင်ကာ သွေးအန်ချင်စိတ် ဖြစ်ခဲ့ကြလေသည်။
အထူးသဖြင့် ရွယ်လော့ကျစ်မှာ ပို၍ ဒေါသထွက်နေခဲ့ရသည်။
အကြောင်းမှာ သူက လုမင်ကို ရွေးချယ်ခဲ့သူ ဖြစ်သောကြောင့်ပင်။ လုမင်သည် ထိုစဉ်က ခြင်ဆီသန့်စင်ခြင်းကန်အတွက် ခွဲတမ်းကို မစွန့်လွှတ်ဘဲ သူ့ကိုပင် လှောင်ပြောင်ခဲ့သည်။ ထိုအတွက် လုမင်ကို လျှို့ဝှက်နယ်မြေတွင် နောင်တရစေရန် တမင် စီစဉ်ခဲ့ခြင်း ဖြစ်ပေသည်။ သို့ရာတွင် သူနှင့်အတူသတ်ဖြတ်ခြင်းနတ်ဘုရားကို ခေါ်ဆောင်လာမိမည်ဟု သူဘယ်တုန်းကမှ မမျှော်လင့်ခဲ့ပေ။
လုမင်ကြောင့်သာ မဟုတ်ပါက သွေးစုပ်နွယ်ရှင်များနှင့် ရင်ဆိုင်ရလျှင်ပင် ဤမျှ သနားစရာဖြစ်မည် မဟုတ်ပေ။
အားလုံးက သူ၏အမှား ဖြစ်သည်။
'ရွယ်ဖုန်းက ဒီကောင်ကို သတ်နိုင်မယ်လို့ ငါမျှော်လင့်တယ်'
သွေးအေးနန်းတော်မှ လူများလည်း လုမင်ကိုသတ်နိုင်မည်ဟု မျှော်လင့်ကာ တိတ်တဆိတ် အံကြိတ်ခဲ့ကြသည်။
....………
လျှို့ဝှက်နယ်မြေတွင် လုမင်က သွေးအနှစ်သာရများကို အစွမ်းကုန် သန့်စင်နေခဲ့သည်။ နာရီအနည်းငယ်ကြာပြီးနောက်၊ သွေးအနှစ်သာရ၊ သွေးစွမ်းအင်များကို လုံးဝသန့်စင်ပြီးသွား၏။
လုမင်၏ ကျင့်ကြံခြင်းအခြေခံကလည်း လျင်မြန်စွာ တိုးတက်လာကာ ပထမအဆင့် ဝိညာဉ်နတ်ဘုရားနယ်ပယ် အထွတ်အထိပ်သို့ ရောက်ရှိသွားတော့သည်။
သို့သော် သူ၏ သွေးမျိုးဆက်များက မတိုးတက်ခဲ့ပေ။
ယခုအခါ၊ လုမင်၏ သွေးမျိုးဆက် နှစ်ခုစလုံးက အဆင့်ခုနစ်ဆင့်တွင် ရှိနေသောကြောင့် အဆင့်မြှင့်တင်ရန် အလွန်ခက်ခဲသွားသည်။ သူ့အတွက် သွေးအနှစ်သာရ ပမာဏများစွာ လိုပေသည်။
"သွေးအနှစ်သာရရဲ့ အစိတ်အပိုင်း အတော်များများကို သွေးစုပ် နွယ်ရှင်တွေက ဝါးမြိုသွားတာ စိတ်မကောင်းစရာပဲ။ မဟုတ်ရင် ပညာရှင်အများကြီးရဲ့ စွမ်းအင်တွေက ဒုတိယအဆင့် ဝိညာဉ်နတ်ဘုရားနယ်ပယ်ကို ဖြတ်ကျော်ဖို့တောင် လုံလောက်လိမ့်မယ်"
လုမင် အနည်းငယ် စိတ်မကောင်းဖြစ်သွားမိသည်။
"ဒီမှာ မလုံခြုံသေးဘူး။ သွေးဆာနေတဲ့ နွယ်ပင်က ရှေးဦး မိစ္ဆာသတ္တဝါပဲလေ။ သူတို့မွေးဖွားလာတာနဲ့ အရူးအမူသတ်ပြီး သူတို့ရဲ့ ခွန်အားတွေကလည်း တဟုန်ထိုး တက်လာလိမ့်မယ်။ သူတို့နဲ့ အဝေးမှာနေတာ ပိုကောင်းတယ်"
တောင်နှင့်မြစ်ပန်းချီကားမှ ထွက်လာပြီးနောက် လုမင်ဟာ အဝေးသို့ ပျံသန်းသွားခဲ့သည်။
မိုင်သန်းပေါင်းများစွာ ထပ်မံ ပျံသန်းလာပြီးမှ လုမင် အရှိန်လျှော့လိုက်လေသည်။
--------