← Chapters

အခန်း ၁၀၇၂

Vol. 72 Ch. 1072

အခန်း ၁၀၇၂

Vol. 72 Ch. 1072

အပိုင်း ( 1072 ) ဝူစန်း။

လုမင်လည်း ဏစဉ်းစားကာ သူ့အတွက် အသုံးမဝင်ကြောင်း သိရသောကြောင့် ထွက်သွားရန် ဟန်ပြင်လိုက်သည်။

ထိုအချိန်တွင်…

"ထွက်သွား"

ရုတ်တရက် ကျယ်လောင်သော ဟိန်းဟောက်သံကို ကြားလိုက်ရသည်။

ဓားတစ်လက်နှင့် အဖြူရောင်ဝတ် လူငယ်တစ်ယောက်သည် ကောင်းကင်မှ ထွက်ပေါ်လာခဲ့၏။ ကြောက်မက်ဖွယ်ကောင်းသော ဓားအရှိန်အဝါက သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာကာ လူအုပ်ကို ဖိချလိုက်တော့သည်။

"ဝူစန်း"

"ထျန်းဝူဓားဂိုဏ်းက ဝူစန်းပဲ"

လူများစွာ တုန်လှုပ်သွားကြသည်။

ထျန်းဝူဓားဂိုဏ်းက အလွန် သန်မာသည်။ ၎င်းသည် အလယ်ပိုင်းတိုက်ကြီးရှိ ထိပ်တန်းအင်အားစုများထဲမှ တစ်ခုဖြစ်၏။ ၎င်းတို့က သာမန်ဂိုဏ်းခွဲများစွာနှင့် နှိုင်းယှဉ်၍ မရ‌ပေ။

ဤမျိုးဆက်တွင်၊ ထျန်းဝူဓားဂိုဏ်းသည်လည်း ထူးချွန်သူများနှင့် ပြည့်နေခဲ့ရသည်။ ဒုတိယအဆင့် ပါရမီရှင်တွေချည်း သူတို့တွင် နှစ်ယောက်ရှိကြ၏။

၎င်းက ဝူချန်ခုန်းနှင့် ဝူစန်းပင်။

ဝူချန်ခုန်းက ထျန်းဝူဓားဂိုဏ်း၏ နံပါတ်တစ်ဖြစ် လက်ရွေးစင်ဖြစ်ကာ ဝူစန်းကတော့ ဒုတိယအဆင့် ဖြစ်သည်။

ဒုတိယအဆင့်ဖြစ်သော်လည်း ရင်ပီဖိုနှင့် ကျွင်းယွဲ့တို့ထက် အားမနည်းဘဲ သန်မာလှပေသည်။

ဤမျိုးဆက်မှာပင် ဒုတိယတန်းစား ပါရမီရှင်နှစ်ဦးရှိ၍ ထျန်းဝူဓားဂိုဏ်း၏ ဂုဏ်သတင်းသည် အထွတ်အထိပ်သို့ ရောက်နေခဲ့ရသည်။

"ထွက်သွား၊ ငါ ဒီနေရာကို လိုချင်တယ်"

ဝူစန်းက အားလုံးကို အထက်စီးမှ ငုံ့ကြည့်လိုက်သည်။

လူတော်တော်များများ အံကြိတ်လိုက်ကြ၏။ ဤနေရာက ကြီးမား၍ ဝူစန်းအတွက် နေရာကောင်းတစ်ခုကို ရွေးချယ်နိုင်သော်လည်း သူတို့အားလုံးကို နှင်ထုတ်ခဲ့ပေသည်။

သို့သော်လည်း ၎င်းတို့ ဒေါသထွက်နေလျှင်ပင် အသံမထွက်ဝံ့ပေ။ နောက်ဆုံးတွင် ထွက်သွားရန်သာ တတ်နိုင်သည်။

လူများစွာက ဉာဏ်အလင်းရနေပြီဖြစ်သော်လည်း စခန်းရပ်၍ ထွက်သွားရန်မှတစ်ပါး ရွေးချယ်စရာမရှိပါချေ။

"မင်း မသွားသေးဘူးလား"

ဝူစန်းက လုမင်ကို စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။

လုမင်က တည်တည်ငြိမ်ငြိမ်ပင် ကြည့်လိုက်၏။ သူက ဝူစန်းကို တစ်ချက်ကြည့်ကာ နေရာမှ လှည့်ထွက်သွားတော့သည်။

ဤနေရာက သူ့အတွက် အသုံးမဝင်ပေ။ သူကိုယ်တိုင်ကလည်း ထွက်သွားရန် စီစဉ်ပြီးသားမို့ ဝူစန်းနှင့် တိုက်ခိုက်နေစရာ မလိုပါချေ။

"ထျန်းဝူဓားဂိုဏ်းက တကယ်ကို ကြီးစိုးတယ်"

"ထားလိုက်ပါကွာ၊ ဒီတစ်ခေါက်မှာ ထျန်းဝူဓားဂိုဏ်းရဲ့ လက်ရွေးစင်တော်တော်များများ ဝင်လာခဲ့ကြတာ။ အရင်မျိုးဆက်ရဲ့ ပါရမီရှင်တွေလည်း ဝင်လာခဲ့ကြတယ်လေ။ သူတို့ရဲ့ အရည်အချင်းက ဝူချန်ခုန်းနဲ့ ဝူစန်းလောက် မသန်မာပေမဲ့ ဆယ်နှစ်ကျော်လောက် ပိုပြီး လေ့ကျင့်ထားတာကြောင့် သူတို့ရဲ့ တိုက်ခိုက်နိုင်စွမ်းက ကြောက်စရာကောင်းလွန်းတယ်။ ငါတို့ သူတို့ကို မစော်ကားတာ ပိုကောင်းပါတယ်"

လူတချို့က အသံတိုးတိုးဖြင့် ဆွေးနွေးကာ နေရာမှ ထွက်ခွာသွားကြသည်။

လုမင်လည်း မြောက်ဘက်သို့ ဦးတည်သွားရာ မကြာမီ မိုင်တစ်သောင်းအကွာတွင် ပေါ်လာခဲ့လေသည်။

"ဂီး"

ငှက်‌အော်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။ လင်းယုန်ငှက်ကြီးတစ်ကောင်က နေကိုဖုံးကွယ်ကာ ကောင်းကင်ကိုဖြတ်၍ ပျံသန်းသွား၏။

"ဘယ်လောက်တောင် အစွမ်းထက်တဲ့ အရှိန်အဝါပါလိမ့်"

လုမင် ရေရွတ်လိုက်မိသည်။

ဤသည်မှာလည်း ဤလျှို့ဝှက်နယ်မြေမှ အစွမ်းထက်သော သားရဲကြီးတစ်ကောင် ဖြစ်ချေသည်။

လင်းယုန်ငှက်ကြီးက သူ့ရှေ့မှ ချောက်ကမ်းပါးဆီသို့ ပျံသန်းကာ ဆင်းသက်သွားခဲ့သည်။

ချောက်ကမ်းပါးပေါ်တွင် အသိုက်တစ်ခုရှိကြောင်း လုမင် သတိပြုမိ၏။

"အဲဒါက…"

အဝေးမှ လုမင်သည် ‌ချောက်ကမ်းပါးပေါ်တွင် ထူးဆန်းသော အလင်းရောင်တစ်ခု ရှိနေသည်အား တွေ့ရှိခဲ့ရသည်။ ထိုနေရာတွင် လူနှင့်တူသော မရေမရာ အမှတ်အသားများ ရှိနေခဲ့၏။

"ထိပ်တန်း တန်ခိုးရှင်တစ်ဦးရဲ့ နောက်ထပ် အကြွင်းအကျန်တွေထင်တယ်။ ဒါက ငါ့အတွက် အသုံးဝင်မလားမသိဘူး"

လုမင်လည်း လင်းယုန်ငှက်သိုက်ကို ဂရုတစိုက်ချဉ်းကပ်ကာ စိတ်ရှည်ရှည်ထား၍ စောင့်ဆိုင်းနေခဲ့သည်။

ဤစောင့်ဆိုင်းမှုက တစ်နေကုန် ကြာမြင့်ခဲ့ပေသည်။

နောက်တစ်နေ့တွင် လင်းယုန်ကြီးက သံရှည်ဆွဲကာ အော်ဟစ်၍ အတောင်ကိုဖြန့်ကာ ၎င်း၏အသိုက်မှ ထွက်ခွာသွားခဲ့သည်။

လင်းယုန်ငှက်ကြီး ထွက်သွားပြီးမှ လုမင်က အနီးကပ်ကြည့်ရှုရန် ချောက်ကမ်းပါးသို့ ပြေးဆင်းသွားခဲ့သည်။

ချောက်ကမ်းပါးတွင် အမှန်တကယ် ထွင်းထုထားသော ပုံတစ်ပုံရှိ၏။ ဤပုံသဏ္ဍာန်က တိုက်ခိုက်မှုကို စတင်နေပုံ ရလေသည်။

"ဝုန်း ဝုန်း"

လုမင် အနီးကပ်စစ်ဆေးကြည့်သောအခါ ပုံစံက လှုပ်ရှားလာပုံရသည်။ ကြောက်စရာကောင်းသော သတ်ဖြတ်ချင်စိတ်တစ်ခု ပေါက်ကွဲထွက်လာကာ လုမင်ကို ဖုံးလွှမ်းသွား၏။

"သတ်"

ပေါက်ကွဲသံနှင့်အတူ ထိုလူပုံစံက လုမင်ဆီသို့ လက်ဖဝါးတစ်ချက် ရိုက်ထုတ်လိုက်တော့သည်။ ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်ချင်စိတ်တစ်ခုက လုမင်ကို ဖုံးလွှမ်းသွားကာ သူ့တစ်ကိုယ်လုံး အေးခဲသွားစေခဲ့သည်။ သူသည် ခုခံရန် စိတ်ဆန္ဒကိုပင် မစုစည်းနိုင်တော့ပေ။ လက်ဝါးရိုက်ချက်က သူ့ခန္ဓာကိုယ်ပေါ်သို့ တိုက်ရိုက်ကျရောက်သွားသည်။

လုမင် အံ့သြသွား၏။ ခြေလှမ်းများစွာ နောက်ပြန်ဆုတ်သွားပြီးမှ အရာအားလုံးသည် ထင်ယောင်ထင်မှားဖြစ်နေကြောင်း သူ သိလိုက်ရသည်။

"အစွမ်းထက်လွန်းတယ်"

လုမင် အသက်ပြင်းပြင်းရှူလိုက်သည်။ သူ အနည်းငယ် ထိတ်လန့်သွားသော်လည်း တချိန်တည်းပင် စိတ်လှုပ်ရှားသွား၏။

ဤသည်မှာ အလွန်အစွမ်းထက်သော သိုင်းပညာတစ်ခု ဖြစ်သည်။ ၎င်းတွင် သတ်ဖြတ်ချင်စိတ်များ ပါ၀င်ပြီး အသိစိတ်ကိုပင် ထိခိုက်နိုင်ပေသည်။

လုမင်ကလည်း သူ၏တတိယသွေးမျိုးဆက်ကို အသက်သွင်းကာ ကြီးမားသော သတ်ဖြတ်ချင်စိတ်များအား ငှားယူအသုံးပြုနိုင်သည်။ ဤသိုင်းပညာက လုမင်အတွက် အမှန်တကယ် သင့်လျော်ခဲ့ပေသည်။

"ဒါကို နားလည်အောင် ကြိုးစားမယ်ဆိုရင် ဒီသိုင်းပညာကို နားလည်နိုင်မှာလား"

လုမင်လည်း ရှေ့သို့လှမ်းကာ ဂရုတစိုက် ကြည့်လိုက်သည်။

ဤတစ်ခါတော့ လုမင်က သူ့နှလုံးသားကို ထိန်းချုပ်ထားကာ မလှုပ်ရှားတော့ပေ။

"ဝှစ်"

ဤတစ်ကြိမ်တွင် ပုံရိပ်က လက်ဝါးနှင့်မရိုက်တော့ပါချေ။ သူ့လက်ထဲတွင် ဓားတစ်ချောင်း ပေါ်လာပြီး ခုတ်ပိုင်းချလိုက်သည်။

လုမင်က မလှုပ်မယှက် ငြိမ်သက်နေကာ ဓားကို သူ့အား ဖြတ်သန်းသွားရန် ခွင့်ပြုလိုက်၏။

မျှော်လင့်ထားသည့်အတိုင်း၊ ဤဓားချက်က ထင်ယောင်ထင်မှား ဖြစ်ပေသည်။ ထို့နောက်တွင် ပုံရိပ်က နောက်ထပ် လှုပ်ရှားမှုတစ်ခုကို လုပ်ဆောင်ခဲ့သည်။ ဤတစ်ခါလည်း ဓားတစ်လက်သာ ဖြစ်ချေသည်။

"ရွှစ် ရွှစ် ဝှစ်"

ဤပုံရိပ်က တိုက်ခိုက်မှုအမျိုးမျိုးကို လွတ်လပ်စွာ လှုပ်ရှားနေခဲ့သည်။ သူ့လက်ထဲမှ လက်နက်များကလည်း မှန်းဆ၍မရပေ။

"ဘယ်လိုတောင် လျှို့ဝှက်ဆန်းကြယ်တဲ့ သိုင်းပညာပါလိမ့်"

လုမင်လည်း ခဏကြည့်နေပြီးနောက် နောက်ဆုံးတွင် တစ်ခုခုကို ရှာတွေ့သွားခဲ့သည်။

ဤသိုင်းပညာတွင် ပုံသေ လှုပ်ရှားခြင်းမျိုး မရှိပေ။ တစ်နည်းဆိုရသော် လှုပ်ရှားမှုက အပေါ်ယံမျှသာ ဖြစ်သည်။ အဓိက ကတော့ 'စိတ်ဆန္ဒ' ပင်။ ဤသိုင်းပညာ၏ စိတ်ဆန္ဒကို နားလည်သည်နှင့် မည်သည့်လက်နက်နှင့်မဆို ကြီးမားသောစွမ်းအားကို ထုတ်လွှတ်လာနိုင်ပေလိမ့်မည်။

ဤသည်မှာ သတ်ဖြတ်ခြင်းအတွက် အထူးတီထွင်ထားသည့် သတ်ဖြတ်ကွက် ဖြစ်သည်။ ၎င်း၏ စွမ်းအားက အလွန်အားကောင်းလှပေသည်။

လုမင်လည်း လေထဲတွင် တင်ပျဉ်ခွေထိုင်ကာ ဂရုတစိုက် နားလည်ဆင်ခြင်နေလိုက်သည်။

ညနေခင်းတွင် ကောင်းကင်၌ ဆူဆူညံညံ လေလှိုင်းခတ်သံများ ထွက်ပေါ်လာသည်။ လင်းယုန်ကြီး ပြန်ရောက်လာတော့မည်။ လုမင်လည်း ခပ်လှမ်းလှမ်းသို့ ထွက်သွားကာ တင်ပျဉ်ခွေထိုင်နေလိုက်သည်။

နောက်တစ်နေ့တွင်၊ လင်းယုန်ကြီး ထွက်သွားပြီးနောက် လုမင်က ချောက်ကမ်းပါးသို့ ပြန်သွားကာ ဆက်လက် နားလည်ဆင်ခြင်နေခဲ့သည်။

"ကောင်လေး၊ ထွက်သွားစမ်း"

ရုတ်တရက် ကျယ်လောင်သော ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာကာ လုမင်၏ နားလည်မှုကို အနှောင့်အယှက်ပေးလိုက်သည်။

လှည့်ကြည့်လိုက်ပြီးသောအခါ လုမင်၏ မျက်လုံးများ အေးစက်သွား၏။

ဝူစန်း၊ ထိုသူပင် ထပ်ဖြစ်နေပြန်သည်။ ယခုအခါက သူက ဤချောက်ကမ်းပါးကို စိုက်ကြည့်နေပေသည်။

"ထွက်သွား"

လုမင်ထံမှ အေးစက်စက် အော်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။

ဝူစန်း အံ့သြသွား၏။ လုမင်က သူ့ကို ထွက်သွားရန် ပြောလာမည်ဟု မမျှော်လင့်ထားခဲ့ကြောင်း ထင်ရှားသည်။

ထို့နောက်တွင်၊ ဝူစန်း၏ မျက်လုံးများက လုမင်အား စိုက်ကြည့်လိုက်သည်။ စိုက်ကြည့်နေစဉ် သတ်ဖြတ်ချင်စိတ်များ ထွက်ပေါ်လာပြီး အေးစက်စက်ဖြင့် ပြောလိုက်၏။

"ကောင်လေး၊ မင်းဘယ်သူနဲ့ ပြောနေတာလဲဆိုတာ သိရဲ့လား။ အခုမှ မင်းမှားပါပြီလို့ ပြောလာရင်တောင် မင်းအသက်နဲ့ ပေးဆပ်ရလိမ့်မယ်"

"ထွက်သွား"

ဒုတိယတစ်ခေါက် ပြောလိုက်သောအခါ လုမင်၏အသံက ပို၍ အေးစက်လာသည်။

"မင်းက သေချင်နေတာပဲ"

ဝူစန်းက အေးစက်စက်ဖြင့် အော်ဟစ်လိုက်ကာ ဓားအရှိန်အဝါများ တက်လာခဲ့၏။ သူက လက်ဝါးစောင်းဖြင့် လွှဲခုတ်လိုက်ရာ ဓားအလင်းတစ်ခုက လုမင်ထံသို့ တိုးဝင်သွားတော့သည်။

လုမင်က သူ့လက်ကို ပေါ့ပေါ့ဆဆ ဝှေ့ယမ်းကာ ဓားအလင်းကို ဖယ်ရှားလိုက်သည်။ သူက နေရာမှထကာ ဝူစန်းဆီသို့ လျှောက်သွား၏။

"မင်းမှာ အရည်အချင်းရှိတာပဲ၊ ဒါပေမယ့် ငါ့ရှေ့မှာ မာနကြီးတာ မင်းမှားတာပဲ"

ဝူစန်းက သူ့ဓားကို ဆွဲထုတ်ရင်း အော်လိုက်သည်။ ဓားတေးသံကလည်း ကောင်းကင်ကို တုန်လှုပ်စေခဲ့၏။

"ဝှစ်"

ဓားအလင်းက ဟင်းလင်းပြင်ကို ဖြတ်သွားချိန်တွင် ကြောက်စရာကောင်းသော အက်ကြောင်းတစ်ခု ပေါ်လာတော့သည်။

"ဝေါင်း.. ဂါး…"

လုမင်၏ ခန္ဓာကိုယ်မှ နဂါးဟိန်းသံများ ထွက်ပေါ်လာသည်။ လုမင်၏ ခန္ဓာကိုယ်ကို ခရမ်းရောင်အလင်းများဖြင့် ဖုံးလွှမ်းသွားခဲ့သည်။

လက်ဝါးတစ်ချက်ဖြင့် ဝူစန်း၏ဓားအလင်းက အက်ကွဲသွား၏။ ထိုမျှနှင့်မရပ်ဘဲ လုမင်က ဝူစန်းဆီသို့ ဆက်လက် တိုးဝင်သွားတော့သည်။

"မင်း…"

ဝူစန်း အံ့အားသင့်ပြီး မယုံကြည်နိုင်ဖြစ်သွားသည်။ လုမင်၏ တိုက်ခိုက်နိုင်စွမ်းက သူမျှော်လင့်ထားခြင်းထက် များစွာ ကျော်လွန်ခဲ့၏။

ဤကျွမ်းကျင်သူက မည်သည့်နေရာမှ ရောက်ရှိလာသနည်း။

ကြာကြာစဉ်းစားချိန်မရဘဲ ဝူစန်း အမြန်ပြန်ဆုတ်သွားသည်။ သူ့ဦးခေါင်းထက်တွင် သွေးမျိုးဆက် ဓားတစ်ချောင်း ပေါ်လာခဲ့၏။ ၎င်းသည် နတ်ဘုရားအဆင့်ရှစ် သွေးမျိုးဆက် ဖြစ်သည်။

သူက သွေးမျိုးဆက်ပေါင်းစပ်ခြင်းကို အသုံးပြုကာ ဓားအဖြစ်သို့ ပြောင်းလဲခဲ့သည်။ သူသည် လုမင်ကို ထက်ခြမ်းခွဲပစ်ချင်ဟန်ဖြင့် တောက်ပ‌သော ဓားအလင်းတစ်ခုကို ထုတ်ဖော်လိုက်၏။

"ဝုန်း"

လုမင်လည်း သူ့လက်သီးကို တင်းတင်းဆုပ်ကာ အတားအဆီးမဲ့သော ကောင်းကင်သိုင်းကို ထုတ်ဖော်လိုက်သည်။ သူသည် စစ်ဓားကို ကြောက်ခမန်းလိလိ အင်အားမျိုးဖြင့် ထိုးနှက်ခဲ့၏။

ဓားက ပြင်းပြင်းထန်ထန် တုန်ခါကာ ပြိုကျလုနီးဖြစ်၍ လွင့်စဉ်သွားတော့သည်။

"ဝှစ်"

လုမင်က ရှေ့သို့ခြေလှမ်းကာ လက်သီးဖြင့် ထိုးချလိုက်သည်။ ဓားက တောင်နှစ်လုံးကို ဖောက်ထွက်သွားကာ မီတာ‌သောင်းချီအကွာသို့ လွင့်ထွက်သွားသည်။

"ပြေး၊ ပြေးမှ"

ဝူစန်း ထိတ်လန့်သွား၏။ သူက ဓားအဖြစ်နှင့်ပင် အဝေးသို့ ပြေးထွက်သွားတော့သည်။

လုမင်လည်း လေထဲမှခြေလှမ်းကာ ဝူစန်းအနောက်သို့ လိုက်သွားသည်။

ဝူစန်းက ဓားအသွင်ပြောင်း၍ ပျံသန်းသောအခါ အလွန်မြန်သည်။ သူသည် မိုင်တစ်သောင်းအကွာအဝေးကို ခဏချင်း ဖြတ်သွားခဲ့သည်။ သို့သော် လုမင်က ပို၍ လျင်မြန်ကာ နီးကပ်လာခဲ့၏။ ဝူစန်းလည်း လိပ်ပြာလွင့်မတတ် ထိတ်လန့်လာတော့သည်။

"ရပ်လိုက်စမ်း၊ ငါက ထျန်းဝူဓားဂိုဏ်းရဲ့ တပည့်နော်။ မင်းငါ့ကို ထပ်ပြီး တိုက်ခိုက်ဝံ့ရင် မင်း ထျန်းဝူဓားဂိုဏ်းရဲ့ ရန်သူဖြစ်လိမ့်မယ်"

သူဟာ ကြောက်လန့်သွား၍ လုမင်ကို လေးနက်စေရန်မျှော်လင့်ကာ ထျန်းဝူဓားဂိုဏ်း၏နာမည်အား ထုတ်ဖော်လိုက်သည်။

All Chapters