အခန်း ၁၀၇၃
Vol. 72 Ch. 1073
အပိုင်း ( 1073 ) ပဉ္စဂံနည်းလမ်း သတ်ဖြတ်ခြင်း။
လုမင်က လှောင်ပြောင်ပြီး ရှေ့သို့ တိုးသွားသည်။ သူက လက်သီးကို တင်းတင်းဆုပ်ကာ ထိုးချလိုက်၏။
လုမင်က နဂါးခုနစ်ကောင် စွမ်းအားကို ပေါက်ကွဲထားကာ အတားအဆီးမဲ့သော ကောင်းကင်သိုင်းကိုလည်း အသက်သွင်းထား၍ သူ့ခွန်အားမှာ သံသယဖြစ်ဖွယ်မရှိပေ။ ထို့ပြင် အရောင်ငါးမျိုး တာအိုငါးခုကိုလည်း ထပ်ပေါင်းထား၍ သူ့စွမ်းအားမှာ ကြောက်စရာကောင်းလှသည်။
"ဒုန်း"
နောက်ထပ် လက်သီးတစ်ချက်က ဓားကို ထိမှန်သွားသည်။ ဤတစ်ကြိမ်မှာတော့ ဝူစန်း မခံနိုင်တော့ပေ။ ဓားက ပေါက်ကွဲသွားပြီး သူ၏ မူလခန္ဓာကိုယ် ပြန်ပေါ်လာသည်။ သူ၏ပါးစပ်မှ သွေးများ အန်ထွက်လာကာ အသည်းအသန် ဆက်ပြေးသွား၏။
"ဘုရားရေ၊ အဲဒါ ဘယ်သူလဲ။ ကြည့်ရတာတော့ ဝူစန်းနဲ့တူတယ်"
"ဟုတ်တယ်၊ သူပဲ။ သူက တကယ်ကြီး လိုက်ဖမ်းခံရလို့ ထွက်ပြေးနေတာ။ ဘယ်သူက ဒီလောက် သန်မာတာလဲ။ ဝူစန်းတောင်မှ ထွက်ပြေးနေရတယ်လား"
"ဟင်... ဒါက ဟိုငချွတ်လေး မဟုတ်လား။ သူက ဝူစန်းနောက်ကိုတောင် လိုက်ဖမ်းနေတာ၊ ကြောက်စရာကောင်းလွန်းတယ်။ သူက ဝူစန်းရဲ့ သွေးမျိုးဆက်ပေါင်းစပ်ထားတာကိုဝောင် လက်သီးတစ်ချက်နဲ့ အနိုင်ယူခဲ့တာကွ"
"ဘယ်နေရာမှာ သွားပြီးတော့ ငချွတ်နေတာလဲ။ ဒီလောက်သန်မာတဲ့ တိုက်ခိုက်နိုင်စွမ်းရှိတာ ရှားပါး ပါရမီရှင်တွေပဲ ဖြစ်ရမယ်။ သူက သန်မာလွန်းတာပဲ။ ထျန်းရွှီဂူကို သူ ကျော်ဖြတ်နိုင်ခဲ့တာ အံ့သြစရာ မဟုတ်တော့ပါဘူး"
ခပ်လှမ်းလှမ်းမှ ဖြတ်သွားသော လူတချို့ဟာ ဤမြင်ကွင်းကို မြင်လိုက်ရ၍ အံ့ဩသွားကြသည်။
ဝူစန်းကတော့ ထျန်းရွှီဂူကို လုမင် ဖြတ်ကျော်ခဲ့စဉ်က ရှိမနေသောကြောင့် မသိခဲ့ပေ။ မြင့်မြတ်အိမ်တော် လျှို့ဝှက်နယ်မြေကို ဖွင့်ပြီးမှသာ သူ ရောက်လာခဲ့ခြင်း ဖြစ်သည်။
သို့ရာတွင် ဤဖြတ်သွားသော သူများကတော့ လုမင်ကို အသိအမှတ်ပြုကြ၏။
ထိုအချိန်က ထျန်းရွှီဂူကို ကျော်ဖြတ်သောအခါ ကံကောင်းသည်ဟု သူတို့ ထင်ထားခဲ့ကြသည်။ ယခုတော့ သူတို့ အမှန်တကယ် အံ့သြကြကာ အိပ်မက် မက်နေတာဟုပင် ထင်နေခဲ့ကြပြီ။
လုမင်က နဝမနဂါးခြေလှမ်းကို အသုံးပြုသောအခါ အံ့ဖွယ်ကောင်းအောင် မြန်ဆန်ခဲ့သည်။ ခဏကြာတော့ သူက ဝူစန်းကို လိုက်မီသွားကာ နောက်တစ်ကြိမ် ထပ်ထိုးလိုက်၏။
"မဟုတ်ဘူး"
ဝူစန်းက အော်ဟစ်ပြီး အစွမ်းကုန် ခုခံရန် ကြိုးစားခဲ့သော်လည်း သူ၏ခန္ဓာကိုယ် တစ်ဝက်ခန့် လက်သီးချက်ကြောင့် ပေါက်ကွဲသွားတော့သည်။
"ဒုန်း"
ထို့နောက် လုမင်က ခြေဆောင့်နင်းလိုက်ရာ ဝူစန်း နာကျင်စွာအော်ဟစ်ရင်း အစိတ်အပိုင်းများအဖြစ် ကြေသွားသည်။
နောက်ထပ် ဒုတိယတန်းစား ပါရမီရှင်တစ်ဦး အသတ်ခံခဲ့ရပြီ။
သို့သော်လည်း၊ ရွယ်လော့ကျစ်ကဲ့သို့ပင် ဝူစန်း သေဆုံးပြီးနောက် အဖြူရောင်အလင်းတန်းများက သူ့ကို ဖုံးလွှမ်းသွားခဲ့သည်။ မနီးမဝေးတွင် သူ့ပုံရိပ်က တစ်ဖန် ပြန်စုစည်းလာခဲ့၏။ သူက လုမင်အား ဒေါသတကြီးကြည့်ကာ သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားတော့သည်။
"အသက်အဆောင်ပဲ ထပ်ဖြစ်ပြန်ပြီ"
လုမင် မျက်မှောင်ကြုတ်လိုက်သည်။
ဤဒုတိယတန်းစား ပါရမီရှင်များအားလုံး အုပ်ချုပ်သူများဖြစ်လာရန် အလားအလာ ရှိသည်။ အဓိက အင်အားစုများက ၎င်းတို့ကို အလွန်တန်ဖိုးထားကြ၏။ သူတို့က ထျန်းရှအကယ်ဒမီမှ အသက်အဆောင်များကို ဝယ်ယူရန် အရင်းအမြစ်များစွာ သုံးစွဲခဲ့ကြသည်။
ထိုအတွက် ဒုတိယတန်းစား ပါရမီရှင် အားလုံးနီးပါးတွင် တစ်ခု ရှိပေသည်။
ဒုတိယတန်းစား ပါရမီရှင်များက အင်အားစုတိုင်းအတွက် အလွန်အရေးကြီးသည်။ ၎င်းတို့က အုပ်ချုပ်သူများဖြစ်လာရန် မျှော်လင့်ချက်များ ရှိခဲ့သည်။
အုပ်ချုပ်သူနယ်ပယ်မှ တန်ခိုးရှင်တစ်ဦးသည် အင်အားစုတစ်ခုကို နှစ်တစ်သောင်းမှ နှစ်သောင်းအထိ စောင့်ရှောက်ထားပြီး အုပ်စိုးသူ အင်အားစုတစ်ခုအဖြစ် ကြီးပွားတိုးတက်စေနိုင်သည်။ ၎င်းတို့မှာ အဓိပဓိများထက် အဆပေါင်းများစွာ ပိုအရေးကြီးပေသည်။
ထိုအုပ်စိုးရှင် အင်အားစုများ အမျှော်လင့်ဆုံးအရာမှာ ဆက်ခံသူရှိရန် ဖြစ်သည်။ ဆက်ခံသူမရှိ၍ အုပ်ချုပ်သူအသစ် မပေါ်ထွန်းပါက၊ အင်အားစုမှာ လျင်မြန်စွာ အားနည်းသွားရပေလိမ့်မည်။ ဥပမာအားဖြင့်၊ ဆေးဘုရင်တောင်ကြားနှင့် ဖူရုပ်သေးဂိုဏ်းတို့ ဖြစ်သည်။
ရှန်းဟွမ်တိုက်ကြီး၏ သမိုင်းတွင် မြောက်မြားစွာသော အုပ်ချုပ်သူများ ထွက်ပေါ်လာဖူးသည်။ သို့ရာတွင် အင်အားစု ဘယ်လောက်များများက ၎င်းတို့၏ အမွေအနှစ်များကို လက်ဆင့်ကမ်းနိုင်ခဲ့သနည်း။
အလွန်နည်းပါးသည်။
နောက်ပိုင်း မျိုးဆက်များကြားတွင် ဧကရာဇ်များ မရှိသောကြောင့် အုပ်စိုးသူ အင်အားစုအများအပြား နောက်ဆုံးတွင် အားနည်းသွားရသည်။ ထိုအတွက် ဒုတိယတန်းစား ပါရမီရှင်များကို မည်မျှတန်ဖိုးထားကြမည်ကို စိတ်ကူးကြည့်နိုင်သည်။
ခပ်လှမ်းလှမ်းတွင် သူတို့တချို့က ပင့်သက်ရှိုက်ရင်း ချွေးစေးများ ထွက်လာကြသည်။ လုမင်သည် အလွန်ကြောက်စရာကောင်း၏။ ဒုတိယတန်း ပါရမီရှင်တစ်ဦးသည်ပင် ထိုကဲ့သို့ အသတ်ခံခဲ့ရသည်။ ကံကောင်းထောက်မစွာဖြင့်၊ သူတို့တွင် အသက်အဆောင်ရှိ၏။ မဟုတ်ပါက ထျန်းဝူဓားဂိုဏ်း ရူးသွပ်သွားလိမ့်မည်။
လုမင်က ထိုလူများကို တစ်ချက်ကြည့်ကာ လျစ်လျူရှုလိုက်သည်။ သူက ချောက်ကမ်းပါးသို့ ပြန်သွားကာ သတ်ဖြတ်မှု နည်းလမ်းများကို ဆက်လက် နားလည်ဆင်ခြင်နေတော့သည်။
………
ထျန်းရှအကယ်ဒမီ။
ကျောက်းစိမ်းနံရံများ အပြင်ဘက်တွင် လူများဖြင့် ပြည့်ကျပ်နေဆဲ ဖြစ်သည်။
အဓိပဓိများကလည်း ကောင်းကင်ယံတွင် တင်ပျဉ်ခွေထိုင်ကာ တိတ်တဆိတ် စောင့်ဆိုင်းနေကြ၏။
"ဝမ်"
ရုတ်တရက် အဖြူရောင်အလင်းများ တောက်လာကာ ဝူစန်း ပေါ်လာတော့သည်။
အားလုံး၏ မျက်လုံးများက သူ့ကို လှည့်ကြည့်လိုက်ကြသည်။
"ဝူစန်း၊ ဝူစန်းသေသွားပြီပဲ။ သူ ဘယ်လိုအန္တရာယ်တွေနဲ့ ကြုံတွေ့ခဲ့ရတာလဲ"
"လျှို့ဝှက်နယ်မြေက တကယ်ကို အန္တရာယ်များပုံရတယ်။ အသက်အဆောင် မရှိတဲ့သူတွေ ဘယ်လောက်တောင် သေသွားပြီလဲ မသိဘူး"
"အခွင့်အလမ်းတွေက အန္တရာယ်နဲ့ အတူလာတာပဲလေ။ အဲဒီကနေ တစ်ခုခု ရနိုင်မယ်ဆိုရင် ဒါက တန်ပါတယ်"
လူတော်တော်များများက ဝူစန်းကိုကြည့်ကာ ဆွေးနွေးလိုက်ကြသည်။
"ဝူစန်း၊ ဘယ်လိုဖြစ်တာလဲ"
ကောင်းကင်ယံတွင် ထျန်းဝူဓားဂိုဏ်း၏ အဓိပတိတစ်ပါးက မေးလိုက်သည်။
အဓိပတိများမှ မေးလာသောအခါ ဝူစန်းလည်း လျစ်လျူမရှုဝံ့ပေ။ သူက ချက်ချင်း ပြန်ဖြေလိုက်သည်။
"အသားအမည်းမည်းနဲ့ လူငယ်တစ်ယောက်ပါ၊ သူက ရိုးရှင်းပြီး ရိုးသားပုံရပေမယ့် အတော် လိမ္မာပါးနပ်တဲ့သူပဲ..."
ဝူစန်းက လုမင်၏နာမည်ကို မသိသောကြောင့် ပုံပန်းသဏ္ဍာန်ကိုသာ ပြောပြခဲ့သည်။
"ဘာ၊ ဒါက အယောင်ဆောင် လုရှောက်ချင်းရဲ့ ပုံသဏ္ဍာန်မဟုတ်လား။ တကယ်ကို သူပဲလေ"
"သူက တကယ်ကို သတ်ဖြတ်မှုနတ်ဘုရားပဲ။ ပထမ... ရွယ်လော့ကျစ်နဲ့ သွေးအေးနန်းတော်က ကျွမ်းကျင်သူတွေကို သတ်ခဲ့တယ်၊ အခုလည်း ဝူစန်းကို သတ်ပစ်လိုက်ပြန်ပြီ။ တကယ်ကို ကြောက်စရာကောင်းတာပဲ"
"သူက ပါရမီရှင်အများကြီးကို ဆက်တိုက်သတ်ခဲ့တာ။ သူ့ရဲ့ တိုက်ခိုက်နိုင်စွမ်းက အံ့မခန်းပါပဲ။ သူက ထိပ်သီး ဒုတိယတန်းစား ပါရမီရှင်တွေထဲက တစ်ယောက်ဖြစ်နေမှာကို ငါကြောက်တယ်"
လူတော်တော်များများက အသံများ ကျယ်တိကျယ်လောင် ပြောကြသည်။
သွေးအေးနန်းတော်မှ ကျွမ်းကျင်သူများ မျက်နှာမှုန်ကုပ်ကုပ် ဖြစ်သွားသည်။ ရွယ်လော့ကျစ်လည်း မျက်နှာတစ်ခုလုံး မည်းမှောင်ကာ အံကိုတင်းတင်းကြိတ်လိုက်၏။
အဘယ်ကြောင့် ၎င်းတို့ကို ဤအရှက်ရစရာထဲသို့ ဆွဲသွင်းခဲ့ရသနည်း။
………
မြင့်မြတ်အိမ်တော် လျှို့ဝှက်နယ်မြေရှိ ချောက်ကမ်းပါးတွင် လုမင်က ဂရုတစိုက်နားလည်ဆင်ခြင်နေခဲ့သည်။
လင်းယုန်ကြီး ပြန်လာတိုင်းမှာ သူ ထွက်သွား၏။ နောက်တစ်နေ့ လင်းယုန်ကြီး အစာရှာရန် ထွက်သွားသောအခါမှ တစ်ဖန် နားလည်ဆင်ခြင်ခဲ့ပေသည်။
ငါးရက်ဆက်တိုက် နားလည်ဆင်ခြင်ပြီးသောအခါ အများကြီး တိုးတက်လာခဲ့သည်။
ဤအမှတ်အသားက မပြည့်စုံဘံ "စိတ်ဆန္ဒ"တစ်မျိုးသာ ဖြစ်ပေသည်။ လုမင်ဟာ ဤစိတ်ဆန္ဒမှ သတ်ဖြတ်မှု ပုံစံငါးမျိုးကို နားလည်နိုင်ခဲ့သည်။ လုမင်က ၎င်းတို့ကို ပဉ္စဂံနည်းလမ်း သတ်ဖြတ်ခြင်းဟု အမည်ပေးထားသည်။
ပဉ္စဂံနည်းလမ်း သတ်ဖြတ်ခြင်းတွင် တိကျသော လှုပ်ရှားမှုများ မရှိပေ။ ၎င်းက သတ်ဖြတ်ခြင်းတာအိုကို အသုံးပြုရန် နည်းလမ်းတစ်ခုသာ ဖြစ်သည်။ တစ်နည်းဆိုရသော် သတ်ဖြတ်ခြင်းတာအို မရှိပါက အသုံးမဝင်ပေ။
သို့ရာတွင်၊ လုမင်က တတိယသွေးမျိုးဆက်မှ စွမ်းအားကို ဆွဲယူသောအခါ သတ်ဖြတ်ခြင်းတာအိုကိုလည်း ငှားယူနိုင်သည်။ ထို့ကြောင့် ပဉ္စဂံနည်းလမ်း သတ်ဖြတ်ခြင်းက ပို၍ အဆင်ပြေခဲ့ပေသည်။
ယခင်ကတော့ လုမင်သည် တတိယသွေးမျိုးဆက်၏ စွမ်းအားကို ဆွဲယူပြီးနောက် သန့်စင်သော ခွန်အားကိုသာ တိုးတက်လာစေခဲ့သည်။ ယခုတော့ ပဉ္စဂံနည်းလမ်း သတ်ဖြတ်ခြင်းဖြင့် ပို၍ အားကောင်းလာမည်မှာ သေချာပြီ။
"အချိန်ရောက်တော့မယ်"
ငါးရက်အကြာတွင် လုမင်က နေရာမှထကာ ထွက်သွားသည်။
ဤအမှတ်အသားက မပြည့်စုံပါ။ ဆက်ပြီး နားလည်နေလျှင်ပင် အများကြီး ရနိုင်တော့မည် မဟုတ်ပေ။
လုမင်လည်း ထွက်သွားကာ အခွင့်အလမ်းများကို ဆက်လက်ရှာဖွေနေခဲ့သည်။
တစ်ရက်ကြာတော့၊ လုမင်ဟာ စိမ်းလန်းစိုပြေသော တောင်တန်းတစ်ခုဆီသို့ ရောက်လာသည်။
"ဟ၊ လမ်းတစ်လျှောက်လုံး ဆေးပင်တွေ မတွေ့ရဘူး။ ဘယ်ကောင် လျှောက်ယူနေတာလဲကွ"
တန်တန်က လှည့်ပတ်ပျံသန်းရင်းမှ အော်ဟစ်လိုက်သည်။
ဤတောင်တန်းတွင် ဝိညာဉ်စွမ်းအင်က လွန်စွာ သိပ်သည်း၏။ မိုးထိုးနေသော ရှေးဟောင်းသစ်ပင်မြင့်ကြီးများလည်း ရှိခဲ့သည်။ ထိုအတွက် ဤနေရာတွင် ဆေးပင်များစွာ သဘာဝအတိုင်း ပေါက်ရောက်သည်။ သို့သော်လည်း လမ်းတွင် တူးဖော်သွားသည့် လက္ခဏာများသာ မြင်ရပြီး ဆေးပင်များကိုတော့ မတွေ့ရတော့ပေ။
တန်တန်၏ ခန့်မှန်းမှုအရ၊ ၎င်းတို့အားလုံးသည် အနည်းဆုံး အဆင့်ရှစ် ဝိညာဉ်ဆေးပင်များ ဖြစ်သည်။ ယခုတော့ တစ်ယောက်ယောက်က သူတို့အရင် ယူငင်သွားရာ ခံပြင်း ဒေါသထွက်နေတော့သည်။
"သန့်လိုက်တာကွာ၊ အမှုန်အမွှားတောင်မှ မကျန်ဘူး"
တန်တန် သက်ပြင်းချလိုက်သည်။
လုမင်လည်း ဘာဆပြာရမည်မှန်း မသိတော့ပေ။ သူတို့သည် ဤတောင်တန်းကြီးတွင် နေရာများစွာကို ပြောင်းလဲခဲ့သော်လည်း ယခင်အတိုင်းသာ ဖြစ်ခဲ့သည်။
"ရှေ့မှာ တစ်ယောက်ယောက်ရှိတယ်"
ရုတ်တရက် တန်တန်သည် ရှေ့ကိုလှမ်းကြည့်၍ လုမင်၏ ပခုံးပေါ်သို့ ပြန်ရောက်လာသည်။
လုမင်လည်း သူ့အရှိန်အဝါကို ဖုံးကွယ်ကာ ရှေ့သို့ ဂရုတစိုက် တိုးသွားသည်။
သူ့ရှေ့တွင် အဖြူရောင်၀တ် ပုံရိပ်တစ်ခု ရှိနေသည်။ ၎င်းသည် တောင်ပေါ် တောအုပ်ထဲတွင် လေထဲမှ ဖြတ်လျှောက်သွား၏။
အနောက်မှ ကြည့်ရသည်မှာ ထိုပုံရိပ်က အတော်ငယ်ရွယ်သည်။ သို့သော်၊ သူက ခေါင်းတုံးပြောင်ဖြစ်ပြီး ဦးခေါင်းထိပ်က ချောမွတ်နေလေသည်။
သူ၏ ကိုယ်ဖော့သိုင်းက အလွန်မြန်ကာ လေပြင်းတိုက်သကဲ့သို့ ဝိညာဉ်ဆေးပင်တစ်ပင်ရှေ့တွင် ပေါ်လာသည်။
"ငါ့ဆံပင်ကောင်းတာပဲ။ ကောင်းတယ်... ကောင်းတယ်"
ကတုံးလေးက ရေရွတ်ကာ သူ့လက်ကို ဝှေ့ယမ်းလိုက်၏။ ဝိညာဉ်ဆေးပင်က မြေပြင်မှ ကျွတ်ထွက်လာကာ သိမ်းဆည်းပြီးသား ဖြစ်သွားတော့သည်။
"ဒါ...အနောက်ပိုင်းကန္တာရက ရဟန်းတစ်ပါးများလား"
လုမင် အံ့သြသွားသည်။
ဒဏ္ဍာရီများအရ အနောက်တိုင်းကန္တာရသည် တခြားနေရာများနှင့် မတူပေ။ ၎င်းတို့က ဗုဒ္ဓကျန်းဂန်များအရ ကျင့်ကြံသည်။ အနောက်တိုင်း ကန္တာရတစ်ခုလုံးတွင် ဗုဒ္ဓဘာသာကို အဓိကထားကိုးကွယ်ကြပြီး ရှေးဟောင်းဘုရားကျောင်းများစွာလည်း ရှိသည်။
(မှတ်ချက်၊ မဟာယနဗုဒ္ဓဘာသာပါ)
ကတုံးလေး၏အဝတ်အစားနှင့် ဗုဒ္ဓကျန်းဂန်များ ရွတ်ဆိုခြင်းများကို ကြည့်ခြင်းအားဖြင့် အနောက်တိုင်းကန္တာရမှ ရဟန်းတစ်ပါးဖြစ်ကြောင်း ထင်ရှားသည်။
ရဟန်းသည် ဆေးပင်ကို နှုတ်ယူပြီးနောက် ရှေ့ကို ဆက်သွားခဲ့လေသည်။ များမကြာမီပင်၊ သူက မှောင်မဲနေသော မြေအောက် လှိုဏ်ဂူတစ်ခုဆီသို့ ရောက်သွားကာ ဂရုတစိုက် ကြည့်လိုက်သည်။
ခဏအကြာတွင် သူက မိုင်အနည်းငယ် နောက်ပြန်ဆုတ်ပြီး ချပ်ပြားတစ်ခုကို ထုတ်ယူလိုက်၏။ ထို့နောက်မှာတော့ ခရမ်းရောင်အလင်းတန်းတစ်ခုဟာ ကောင်းကင်သို့ ထိုးတက်သွားတော့သည်။