အခန်း ၁၀၇၄
Vol. 72 Ch. 1074
အပိုင်း ( 1074 ) မသမာတဲ့ ရဟန်း။
အနောက်တိုင်းကန္တာရမှ ရဟန်း၏လက်ထဲတွင်ရှိသော ချပ်ပြားသည် ခရမ်းရောင်အလင်းတန်းတစ်ခုကို ကောင်းကင်သို့ ပစ်လွှတ်လိုက်သည်။ ၎င်းက အံ့ဩဖွယ်ဖြစ်ကာ ဟိုးအဝေးမှပင် လှမ်းမြင်ရ၏။
ခဏကြာတော့ အနောက်တိုင်းကန္တာရမှ ရဟန်းက ချပ်ပြားကို ဖယ်ရှားလိုက်ရာ အလင်းများလည်း ပျောက်ကွယ်သွားတော့သည်။
အကြောင်းမှာ၊ အဝေးမှ သက်တန့်အလင်းများကို လှမ်းမြင်လိုက်ရ၍ ဖြစ်သည်။ ဤခရမ်းရောင်အလင်းက တစ်စုံတစ်ဦးကို ဆွဲဆောင်ခဲ့ပုံရလေသည်။
"ဒီကောင်၊ ဘာလုပ်ဖို့ ကြိုးစားနေတာလဲ"
လုမင်က ခပ်လှမ်းလှမ်းတွင် ပုန်းအောင်းနေခြင်းဖြစ်ရာ အရာအားလုံးကို မြင်ခဲ့သည်။
အနောက်တိုင်းကန္တာရမှ ရဟန်းက ချပ်ပြားကိုဖယ်ရှားကာ မှောင်မည်းနေသော ဂူဆီသို့ ပြန်ပြေးသွားသည်။ သူသည် အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်၏။
"ဒီဂူထဲက ရတနာက ငါ့ဥစ္စာပဲ”
အော်ဟစ်ပြီးနောက် သူ့ပုံရိပ်က တောက်ပလာကာ ဂူထဲမှ အမြန်ထွက်သွားတော့သည်။
မကြာမီ၊ သက်တံအလင်းတန်း တစ်ဒါဇင်ကျော် ရောက်လာပြီး လူရိပ်တစ်ဒါဇင်ကျော်ကို မြင်လိုက်ရသည်။
"ရတနာက ဂူထဲမှာရှိတာကွ။ သတ်"
"ငါတို့ တခြားသူတွေကို ယူခွင့် မပေးနိုင်ဘူး"
"ထွက်သွား၊ ဒါက ငါ့ဥစ္စာပဲ"
ကျွမ်းကျင်သူ တစ်ဒါဇင်ကျော်က ဂူထဲသို့ ပြေးဝင်သွားကြသည်။
"ဝေါင်း၊ ဂါး"
ဂူထဲမှ သားရဲအော်သံများ ပေါ်လာသည်။ ဂူအတွင်း၌ ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်ပွားပုံရကာ မြေပြင်တစ်ခုလုံး တုန်ခါသွား၏။
"အဲ့ဒီကောင်က အငှားဓားနဲ့ လူသတ်နေတာပဲ"
လုမင် အံသြသွားသည်။
အနောက်တိုင်းကန္တာရမှ ရဟန်းများက ဂရုဏာကြီးကာ သက်ရှိသတ္တဝါအားလုံးကို ဖေးမ ကူညီမည်ဟု မဆိုဘူးလား။ ဤကောင်ကတော့ ပြဿနာများကိုပင် တမင်ရှာနေသည်။ ၎င်းက ရဟန်းတုပင် ဖြစ်နေပါသလော။
"ငါက ဆံပင်မရှိဘူး၊ ဗုဒ္ဓက ကြင်နာသနားတယ်"
ရဟန်းက ဗုဒ္ဓအမည်နာမကို ထပ်မံ အော်လိုက်သည်။ ထို့နောက် သူသည် ဂူထဲသို့မ၀င်ဘဲ အခြားလမ်းကြောင်းတစ်ခုသို့ ထွက်သွားခဲ့လေသည်။
"ဒီကောင်က အတော်ဆန်းကြယ်တာပဲ။ သူ့နောက်ကို လိုက်ရအောင်"
လုမင်လည်း အနောက်တိုင်းကန္တာရမှ ရဟန်းနောက်သို့ တိတ်တဆိတ် လိုက်သွားသည်။ အတန်ကြာသောအခါ မိုင်ပေါင်းများစွာ ဝေးသော နေရာသို့ ရောက်လာခဲ့၏။
ထိုနေရာတွင်လည်း ကြီးမားသော ဂူကြီးတစ်ခု ရှိသည်။
ထိုအချိန်တွင် ဂူထဲမှ ကျယ်လောင်သော ဟိန်းဟောက်သံကို လုမင် ကြားလိုက်ရ၏။
"ဒါက…"
လုမင် အံသြသွားသည်။ နောက်ဆုံးတော့ ဤအကောင်၏ စိတ်ရင်းမှန်ကို သူနားလည်သွားပြီ။
ဤဂူသည် မိုင်ဒါဇင်ချီကာ ဝေးကွာသောနေရာမှ အခြားဂူတစ်ခုနှင့် ချိတ်ဆက်ထားသည်။ အနောက်တိုင်းကန္တာရမှ ဤကတုံးက မိစ္ဆာများကို ဆွဲဆောင်ရန် အခြားတစ်ဖက်မှဂူကို အသုံးပြုသည်။ ထို့နောက် သူသည် ဤဂူထဲသို့ အလွယ်တကူ ဝင်ရောက်၍ ရတနာများကို ရှာဖွေနိုင်ခဲ့ပေသည်။
၎င်းက သနားကရုဏာကြီးသော ရဟန်းမဟုတ်တော့ပါ။ ထိုအစား မသမာသော ရဟန်းတစ်ပါးဖြစ်ကြောင်း ထင်ရှားသည်။
ထိုရဟန်းက ပတ်ပတ်လည်ကို တစ်ချက်ဝေကြည့်လိုက်သည်။ ထိုမှသာ သူ့မျက်နှာကို လုမင် မြင်လိုက်ရ၏။
သူ့မျက်နှာက ကလေးငယ်တစ်ဦးကဲ့သို့ဖြစ်ကာ အပြစ်ကင်းစင်ဟန် ရသည်။ သူ့အသားအရေကလည်း ချောမွေ့လွန်းကာ မိန်းကလေးများပင် မနာလိုလောက်၏။ သူ၏ အသားအရေက ပန်းနုရောင်ပင် သန်းနေကာ နူးညံ့၍ လူနှင့် တိရိစ္ဆာန်များအတွက် အန္တရာယ်ကင်းပုံ ရသည်။
ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုပြီးနောက် ၎င်းက ဗုဒ္ဓ၏အမည်ကိုရွတ်ဆိုကာ ဂူထဲသို့ ပြေးဝင်သွားခဲ့သည်။
"ဒီကောင်က တကယ်ကို လူကောင်းမဟုတ်ဘူး"
လုမင် ပခုံးပေါ်မှ တန်တန်က အထင်အမြင်သေးစွာဖြင့် ပြောလိုက်သည်။
လုမင်က နှုတ်ခမ်းကိုတွန့်ကွေးကာ တွေးလိုက်မိသည်။
'မင်းလည်း သူနဲ့အတူတူလောက်ပဲ'
"ဒီဂူထဲမှာ ရတနာတွေရှိရမယ်။ ဝင်ကြည့်ရအောင်"
လုမင်လည်း ဂူထဲကို ဂရုတစိုက် ပြေးဝင်သွား၏။
ဂူကြီးက အလွန်ကျယ်ဝန်းသည်။ မီတာထောင်ဂဏန်းအကွာတွင် ကြီးမားသော မြေအောက်ဥမင်လိုဏ်ခေါင်းတစ်ခုကဲ့သို့ ပိုမို ကျယ်ဝန်းလာခဲ့သည်။
အရှေ့ဘက်မှ စူးစူးဝါးဝါးအသံများကို သူ ကြားလာရ၏။ တိုက်ပွဲက အလွန်ပြင်းထန်ကြောင်း ထင်ရှားသည်။
"သေစမ်း၊ ဒီမှာလည်း ကျင်းတချို့ကို မြင်ရပြန်ပြီ။ ဒီနေရာမှာလည်း ဝိညာဉ်ဆေးပင်တွေ ရှိပေမဲ့ အဲဒီရဟန်းက အကုန်တူးနေတယ်။ နှမြောစရာပဲ"
တန်တန် ကြေကွဲနေခဲ့သည်။ သူတို့ နှစ်ယောက်က ရှေ့သို့ ဆက်ဝင်သွားရာ မြေအောက် လိုဏ်ခေါင်းများစွာကို ဖြတ်ကျော်ခဲ့ရ၏။ သို့ရာတွင် ရဟန်းကိုတော့ အရိပ်အယောင်ကိုပင် မမြင်ရတော့ပေ။
လုမင်က သတိထားကာ ဆက်ဝင်သွားခဲ့သည်။ ထိုစဉ် ခရမ်းရောင်အလင်းတစ်ခုက သူ့အာရုံကို စွဲဆောင်လာရာ ရုတ်တရက် သူရပ်လိုက်၏။
ခရမ်းရောင်အလင်းများက နံရံတစ်ခုပေါ်မှ မှုန်ဝါးဝါး ထွက်ပေါ်နေခြင်း ဖြစ်ချေသည်။ ၎င်းမှာ အလင်းစက်လေးများကဲ့သို့ ပေါ်နေခြင်း ဖြစ်သည်။
လုမင်က ယွမ်ချီစွမ်းအင်ကို အသုံးပြုကာ နံရံမျက်နှာပြင်ပေါ်မှ ကျောက်တုံးများကို ထူးထုတ်လိုက်လေသည်။ ထိုအခါ ရှည်မျောမျော ခရမ်းရောင်သလင်းကျောက်တစ်ခု ပေါ်လာခဲ့၏။
"ဒါက ခရမ်းရောင်မီးလျှံကျောက်"
လုမင် အံ့အားသင့်သွားပြီး တချိန်တည်းမှာပင် အလွန်ဝမ်းသာသွားသည်။
ခရမ်းရောင်မီးလျှံကျောက်က ကမ္ဘာပေါ်တွင် တွေ့ရခဲသော အဖိုးတန်ပစ္စည်းဖြစ်ပေသည်။
၎င်းကို လက်နက်များ သို့မဟုတ် ဆေးဝါးများကို သန့်စင်ရာတွင် အသုံးပြုနိုင်ပြီး အဖိုးဖြတ်၍မရပေ။
ပို၍အရေးအကြီးသည်မှာ ခရမ်းရောင်မီးလျှံကျောက်က နိဗ္ဗာနဆေးလုံးကို ဖော်စပ်ရာတွင် လိုအပ်သော အရေးကြီး ပါဝင်ပစ္စည်းဖြစ်သည်။ ၎င်းမှာ အဆင့်ကိုး ပစ္စည်းတစ်ခုလည်း ဖြစ်၏။
လုမင်သည် ဤနေရာတွင် ခရမ်းရောင်မီးလျှံကျောက်တစ်ခုကို ရှာတွေ့နိုင်မည်ဟု မမျှော်လင့်ခဲ့ပေ။ ချက်ချင်းပင် သူ၏ ယွမ်ချီစွမ်းအင်ကို ဓားတစ်လက်အဖြစ် သိပ်သည်း၍ နံရံပေါ်မှ ခရမ်းရောင်မီးလျှံကျောက်ကို အပြင်သို့ တူးထုတ်လိုက်သည်။
"အရမ်းလေးတယ်"
နဂါးမျက်လုံးအရွယ် ဤခရမ်းရောင်မီးလျှံကျောက်ကလေးက အလေးချိန် ကီလိုဂရမ် တစ်သောင်းကျော် ရှိနေသည်မှာ တကယ့်ကို တုန်လှုပ်စရာပင်။
"နောက်ထပ်ရှိသေးလား မသိဘူး"
လုမင်လည်း ခရမ်းရောင်မီးလျှံကျောက်တစ်ခုကို သိမ်းဆည်းပြီးနောက် ပတ်ပတ်လည်ကို သေချာကြည့်လိုက်သည်။
ဤနေရာ၌ နောက်ထပ်အနည်းငယ်ကို ရှာတွေ့နိုင်လျှင် ပို၍ ကောင်းလိမ့်မည်။
နိဗ္ဗာနဆေးက လုမင်အတွက် များစွာ အသုံးမဝင်သော်လည်း အခြားသူများအတွက် အလွန်အသုံးဝင်ပါသည်။
ဖက်တီးခုန်းကျင်းသာ နိဗ္ဗာနဆေးကို ရလိုက်ပါက၊ သူ၏ တတိယသွေးမျိုးဆက်ကို နတ်ဘုရားအဆင့်ကိုးသို့ မြှင့်တင်နိုင်လောက်သည်။
သူ့မိဘများနှင့် တပည့်များလည်း ရှိသေးသည်။ နောင်တွင်၊ ရှဲ့နျန်ချင်း၊ မူလန်၊ အခြားသူများနှင့် ပြန်ဆုံသောအခါ၊ ၎င်းတို့အားလုံးအတွက်လည်း အလွန်အသုံးဝင်မည် ဖြစ်သည်။
လုမင်လည်း အခွင့်အလမ်းရလျှင်၊ အခြား ပါဝင်ပစ္စည်းများကို စုဆောင်းပြီး ဆေးဖော်စပ်ရန် တွေးထားလိုက်သည်။
အချိန်အတော်ကြာ လျှောက်လာပြီးနောက်၊ လုမင်သည် နောက်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။ နံရံတစ်ခုမှ ခရမ်းရောင်အလင်းများ ထွက်ပေါ်လာခဲ့၏။
လုမင် တူးခါနီးတွင် ကြောက်စရာကောင်းသော လေပြင်းများက လုမင်အား တိုက်ခတ်လာသည်။
လုမင် အံ့သြသွားသည်။ သူက ချာခနဲလှည့်ကာ လက်ဝါးဖြင့် ရိုက်ချလိုက်၏။
"ဝုန်း"
ကြောက်စရာကောင်းသော အင်အားတစ်ခုက လုမင်ဆီသို့ တိုးဝင်လာရာ မနေနိုင်ဘဲ ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်သွားရတော့သည်။
'ဘယ်လောက်တောင် အစွမ်းထက်တဲ့ အင်အားလဲ'
လုမင် တိတ်တဆိတ် တုန်လှုပ်သွားသည်။ သူသည် ဤလက်ဝါးရိုက်ချက်တွင် နဂါးစွမ်းအားကို မပေါက်ကွဲခဲ့သော်လည်း သူ၏ ယွမ်ချီစွမ်းအင်က အလွန်ခိုင်မာသည်။ တာအိုငါးမျိုးနှင့် အတားအဆီးမဲ့သော ကောင်းကင်သိုင်းကို တွဲဖက်ထုတ်ဖော်ပါက သာမန် ကျင့်ကြံသူတစ်ဦးအား အလွယ်တကူ အသက်နှုတ်နိုင်ပေသည်။ ယခုမူကား၊ သူကိုယ်တိုင် နောက်ဆုတ်သွားရပြီ ဖြစ်သည်။
"ငါ့ဆံပင်..."
ဗုဒ္ဓကျန်းဂန် ရွတ်ဆိုသံကို သူ ကြားရသည်။ လုမင်ရှေ့တွင် အန္တရာယ်ကင်းပုံရသော မျက်နှာတစ်ခု ပေါ်လာခဲ့၏။ ၎င်းက ယခင်ရဟန်း ဖြစ်သည်။
သူက အသက်နှစ်ဆယ်ကျော်သာ ရှိသေးပုံရသည်။ သူက မျက်လုံးဝိုင်းဝိုင်းဖြင့် လုမင်ကိုကြည့်ကာ ပြုံးပြလိုက်သည်။ သူ့က လက်ယှက်ပြီး လုမင်ကိုကြည့်ကာ ပြောလေသည်။
"ဒကာတော်၊ ဒီဂူထဲက မိစ္ဆာသားရဲတွေက ဒီရဟန်းရဲ့ မိတ်ဆွေတွေက ဖယ်ရှားထားတာပါ။ ဒါကို ဝင်ပြီး အခွင့်ကောင်းယူတာကတော့ မကောင်းဘူး မဟုတ်လား"
ရဟန်းက ပြုံးရွှင်စွာဖြင့် ပြောနေခြင်း ဖြစ်သည်။
လုမင်နှင့် တန်တန်လည်း သူ့ကို အထင်အမြင်သေးစွာဖြင့် ကြည့်လိုက်၏။
ထိုလူများက ဤရဟန်း၏ လှည့်စားခြင်းကို ခံခဲ့ရကြောင်း ထင်ရှားသည်။ သို့ရာတွင် ရဟန်း၏ ပါးစပ်ထဲမှာတော့ မိတ်ဆွေများ ဖြစ်လာခဲ့၏။ အရှက်မဲ့လွန်းသည်။
"ကိုယ်တော်၊ အခွင့်အလမ်းရှိရင် လူတိုင်းမှာ မျှဝေခံစားခွင့်ရှိတယ်။ နောက်ပြီး မင်းလုပ်ခဲ့တာတွေကိုလည်း ငါမြင်ဖူးတယ်နော်။ အဲဒီသတင်းသာ ပြန့်သွားရင် အနောက်ပိုင်းကန္တာရက ရဟန်းတွေရဲ့ သိက္ခကျကုန်မှာကို ငါကြောက်တယ်"
လုမင်က ပြုံးကာ ပြောလိုက်သည်။
"အလို၊ ဗုဒ္ဓက ဂရုဏာတော်ကြီးပါတယ်။ ဒကာ အထင်လွဲနေပြီထင်တယ်။ ဒီရဟန်းက ကြင်နာ..."
ကလေးမျက်နှာနှင့် ရဟန်းက ပြောလိုက်သည်။
"ဂါး…"
သူ့စကားမဆုံးမီပင် ကျယ်လောင်သော ဟိန်းဟောက်သံတစ်ခုကို ကြားလိုက်ရ၏။ ခရမ်းရောင်မီးတောက်များ တောက်လောင်နေသည့် ပုတ်သင်ကြီးတစ်ကောင်က ရဟန်းဆီသို့ တိုးဝင်လာတော့သည်။
"ဝုန်း"
ရဟန်း၏ ခန္ဓာကိုယ်မှ ရွှေရောင်အလင်းတန်းများ ဖြာထွက်လာကာ လက်ဝါးတစ်ချက် ရိုက်ချလိုက်သည်။ ရွှေရောင်လက်ဝါးကြီးက ခရမ်းရောင် ပုတ်သင်ညိုကို ထိမှန်သွားသောအခါ၊ ပုတ်သင်ညိုကြီး အပိုင်းပိုင်းကွဲသွားတော့သည်။
"ကြင်နာတတ်တာလား"
လုမင် ဆွံ့အသွားသည်။
"ဗုဒ္ဓက ကြင်နာသနားပါတယ်"
ရဟန်းက ဗုဒ္ဓကျန်းဂန်ကို ထပ်မံရွတ်ဆိုလိုက်၏။ သူက လုမင်ကိုကြည့်ကာ ပြောလိုက်သည်။
"ဒကာတော်၊ အဲဒီခရမ်းရောင်မီးလျှံကျောက်ကို ငါသဘောကျသွားတယ်။ မင်း ဘာလို့ ငါ့ကိုမပေးတာလဲ"
"ငါမပေးရင် ဘာဖြစ်မလဲ"
လုမင်က ပြောသည်။
"ငါ့ဆံပင်၊ ငါ့ဗုဒ္ဓ…"
"မင်းအစ်မကို ဆံပင်လိုက်လေ။ မင်းမှာ ဆံပင်မရှိဘူးဆိုတာ ငါသိတယ်"
လုမင်က အော်ဟစ်ကာ ရုတ်တရက် တိုက်ခိုက်လိုက်၏။
သူ့ခန္ဓာကိုယ်ထဲမှ နဂါးစွမ်းအင်များကို ပေါက်ကွဲလိုက်ရာ သူ့ခွန်အားများ အလွန်တိုးလာတော့သည်။ သူက ရဟန်းကို လက်သီးဖြင့် ထိုးချလိုက်သည်။
ရဟန်း၏ ခန္ဓာကိုယ်မှ အလင်းရောင်များ တောက်ပလာခဲ့၏။ ပြိုးပြိုးပြက်ပြက် တောက်ပနေသော ရွှေရောင်အလင်းများ ပျံ့နှံ့သွားရာ၊ အနှီရဟန်းက မြင့်မြတ်သော ဗုဒ္ဓလူဝင်စားနှင့်ပင် တူနေတော့သည်။
အန္တရာယ်ကင်းစင်ပုံရသော သူ့မျက်နှာနှင့် ယှဉ်တွဲလိုက်ပါက၊ လုမင်သာ ၎င်းကို လျှို့ဝှက် မမြင်တွေ့ခဲ့လျှင် စစ်မှန်သော ရဟန်းတစ်ပါးဟု ထင်မြင်ခဲ့မိမည် ဖြစ်သည်။
"ဝုန်း"
မသမာသောရဟန်းက လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်ရာ ရွှေရောင်လက်ဝါးကြီးက လုမင်၏ လက်သီးနှင့် တိုက်မိသွားတော့သည်။