← Chapters

အခန်း ၁၀၇၅

Vol. 72 Ch. 1075

အခန်း ၁၀၇၅

Vol. 72 Ch. 1075

အပိုင်း ( 1075 ) နဂါးငါးကြင်း၊ ဝူချန်ခုန်းနှင့် တိုက်ခိုက်ခြင်း။

"ဝုန်း"

ပြင်းထန်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး အရပ်ရပ်သို့ ပျံ့လွင့်သွားသည်။ မြေအောက်ဂူတစ်ခုလုံးလည်း ပြင်းထန်စွာ တုန်ခါသွား၏။

ဤမြေအောက်ဂူ၏ ကျောက်သားများက အလွန်မာကျောသည်။ ယင်းမှာ ဤနေရာ၌ နေထိုင်သော အားကောင်းသည့် မိစ္ဆာသားရဲကြီးများကြောင့်လည်း ဖြစ်ကောင်းဖြစ်လိမ့်မည်။ သာမန်လှိုဏ်ဂူတစ်ခုဆိုလျှင် တိုက်ရိုက် ပေါက်ကွဲသွားနိုင်သည်။ သို့တိုင်၊ မြေအောက်ဂူကြီး တစ်ခုလုံး ပြင်းထန်စွာ တုန်ခါနေသေးသည်။

"ဒုန်း ဒုန်း…"

လုမင်၏ ခန္ဓာကိုယ်က အနည်းငယ် တုန်လှုပ်ကာ ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားရသည်။

'ဒီရဟန်းက ကြောက်စရာကောင်းလွန်းတယ်'

လုမင် အံ့သြသွားသည်။

ယခုအချိန်တွင် သူက နဂါးစွမ်းအားကို ပေါက်ကွဲထားသော်လည်း နောက်ဆုတ်နေရဆဲပင်။ ရွှေရောင်လက်ဝါးကြီးက အရာခပ်သိမ်းကို ဖိနှိမ်နိုင်သကဲ့သို့ ကြောက်စရာကောင်း‌အောင် အစွမ်းထက်သည်။ ၎င်းက အတားအဆီးမဲ့သော ကောင်းကင်သိုင်းနှင့် တန်းတူရည်တူ ရှိလိမ့်မည်။

လုနင် အံ့သြသွားသလို မသမာသောရဟန်းလည်း အံ့ဩသွားသည်။ လုမင်သည် ဒဏ်ရာမရဘဲ သူ့လက်ဝါးကို ခံနိုင်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

"ဝေါင်း… ဝေါင်း"

ဤတိုက်ခိုက်မှုမှ ပေါက်ကွဲခြင်းက တစ်ဖက်ရှိ မိစ္ဆာသားရဲများ၏ အာရုံကို ဆွဲဆောင်သွားဟန်တူသည်။ ကျယ်လောင်သော ဟိန်းဟောက်သံများကို ကြားလာရ၏။ သားရဲအချို့ လာနေပြီဖြစ်ကြောင်း ထင်ရှားသည်။

"ငါ့ဆံပင်၊ ဒကာတော်... မင်းက အရမ်းသန်မာတယ်။ ဒီလိုဆိုမှတော့ ခရမ်းရောင်မီးလျှံကျောက်ကို မင်းပိုင်ပါတယ်။ ဒီရဟန်းလည်း သွားတော့မယ်"

ရဟန်းလည်း ဗုဒ္ဓ၏အမည်နာမကို ရွတ်ဆိုကာ ခဏချင်း ပျောက်ကွယ်သွားတော့သည်။

"အနောက်တိုင်းကန္တာရက တကယ်ကို နက်နဲပြီး နားမလည်နိုင်အောင်ပါပဲ"

လုမင်၏ မျက်လုံးများက အရောင်လက်သွားသည်။

ရှေးခေတ်ကတည်းက အနောက်တိုင်းကန္တာရသည် ဗုဒ္ဓဘာသာတို့၏ နယ်မြေဖြစ်ခဲ့သည်။ ၎င်းက အမြဲတမ်း လျှို့ဝှက်ဆန်းကြယ်ကာ အစွမ်းထက်ခဲ့၏။ အနောက်တိုင်းကန္တာရက ရှန်းဟွမ်တိုက်ကြီး၏ ဒေသကြီးငါးခုတွင် ဗဟိုတိုရ်ကြီးပြီးလျှင် ဒုတိယမြောက်ဖြစ်သည်ဟု ပြောကြသည်။

"ဝေါင်း ဝေါင်း"

သားရဲ ဟိန်းဟောက်သံများက နီးကပ်လာကာ မြေအောက် လှိုဏ်ဂူကြီးတစ်ခုလုံး တုန်ခါလာခဲ့၏။ လုမင်လည်း ဤကိစ္စကို ဆက်တွေးမနေတော့ပေ။ သူက ခရမ်းရောင်မီးလျံကျောက်ကို တူးဖော်ပြီး အလင်းတန်းတစ်ခုကဲ့သို့ ထွက်သွားသည်။

ထို့နောက်တွင် လုမင်က မြေအောက်လှိုဏ်ဂူတစ်ဝိုက်တွင် အချိန်အတော်ကြာ လျှောက်သွားခဲ့သော်လည်း တတိယမြောက် ခရမ်းရောင်မီးလျှံကျောက်ကိုတော့ ရှာမတွေ့တော့ပါ။

ယင်းအစား ခရမ်းရောင် ပုတ်သင်ကြီးများကိုသာ တွေ့ရှိ၍ လုမင် သတ်ခဲ့သည်။

သို့သော်၊ ဤမြေအောက်လှိုဏ်ဂူတွင်း၌ ဧရာမ ပုတ်သင်အသိုက်တစ်ခု ရှိနေသည်မှာ ထင်ရှားသည်။ တချို့က အလွန်သန်မာကာ အားကောင်းကြ၏။ လုမင်လည်း ကြာကြာမနေဘဲ ခဏကြာတွင် ဂူထဲမှထွက်ကာ အဝေးသို့ ပြေးထွက်သွားတော့သည်။

လုမင် ပြုုံးနေသည်။ ခရမ်းရောင်မီးလျှံ ကျောက်နှစ်ခုကို ရရှိပြီးနောက် လုမင် ခံစားချက်များ ကောင်းနေခဲ့ပေသည်။

နိဗ္ဗာနဆေးကိုဖော်စပ်ရန် အဓိက ပါဝင်ပစ္စည်း ခုနစ်မျိုး ရှိသည်။ ၎င်းတို့ တစ်ခုစီက တန်ဖိုးကြီးမားကာ ပြင်ပလောကတွင် ပေါ်ပေါက်ခဲ၏။ လုမင် ယခုရခဲ့သည်မှာလည်း ကံကောင်းခြင်းတစ်ခုဟု ဆိုနိုင်သည်။ သို့ဖြစ်ပေရာ၊ လုမင်လည်း သဘာဝအတိုင်း ခံစားချက်များ ကောင်းမွန်နေတော့သည်။

"ဝုန်း"

တုန်လှုပ်ခြောက်ခြားဖွယ် ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။ သူ့အရှေ့ဘက်တွင် ဓားစွမ်းအင်က ကောင်းကင်ကို ထိုးတက်သွား၏။ ကမ္ပည်းစာများ တဖျပ်ဖျပ်လက်၍ ဟင်းလင်းပြင်ကလည်း အက်ကွဲလျက်ရှိတော့သည်။ ရှေ့တွင် ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်နေသည်။

လုမင်လည်း အလွန်လျင်မြန်သော အရှိန်ဖြင့် ပျံသန်းသွားသည်။ သူက ရေတာအိုကို အသုံးပြုကာ တိမ်တိုက်များအတွင်း၌ ပုန်းကွယ်ရင်း ချောင်းကြည့်လိုက်သည်။

တိုက်ပွဲတွင် စုစုပေါင်း လူလေးယောက်ရှိပြီး ၎င်းတို့ထဲမှ တချို့ကို လုမင် ရင်းနှီးသည်။

စန္ဒကူးနတ်သမီး၊ ထျန်းရှအကယ်ဒမီမှ ပါရမီရှင် ခုန်းရှင်း၊ ထျန်းဝူဓားဂိုဏ်းမှ ဝူချန်ခုန်းနှင့် နောက်ဆုံး အသက်လေးဆယ်ကျော်အရွယ် လူကြီးတစ်ဦး ဖြစ်သည်။ ထိုလူကြီး၏ တိုက်ခိုက်နိုင်စွမ်းက သန်မာကာ ဝူချန်ခုန်းထက် အားမနည်းပေ။

သူတို့ လေးယောက်က ပြင်းပြင်းထန်ထန် တိုက်ခိုက်နေသည်။

သို့သော်၊ စန္ဒကူးနတ်သမီးနှင့် ခုန်းရှင်းက အတူတကွ လုပ်ဆောင်နေကြသညမှာ ထင်ရှားသည်။ သူတို့နှစ်ယောက်က ဝူချန်ခုန်းနှင့် ကြံ့ခိုင်သော လူကြီးကို တိုက်ခိုက်နေကြ၏။ တိုက်ပွဲသည် အလွန်ပြင်းထန်သည်။

"အဲဒါက…"

ထိုအချိန်တွင်၊ လုမင်က အောက်ခြေတွင် ရေကန်ငယ်တစ်ခုရှိသည်ကို သတိပြုမိသွားသည်။ ကန်ရေက ကြည်လင်ကာ ကန်ထဲတွင် ငါးကြင်းသုံးကောင်ကိုပင် လှမ်းမြင်နေရ၏။

ငါးကြင်းသုံးကောင်က ရွှေရောင်အလင်းများ လင်းလက်နေပာ ရံဖန်ရံခါ အလင်းရောင်များ ပေါ်လာတတ်သည်။ ထိုအလင်းများက ရံဖန်ရံခါ စုဝေးကြကာ တခါတရံ ပြန့်ကျဲသွားပြီး အစစ်အမှန် နဂါးနှင့် တူလှသည်။

"နဂါးငါးကြင်း၊ ဒါက နဂါးငါးကြင်းတွေပဲ"

လုမင် အံ့သြသွားသည်။

နဂါးသည်လည်း အဓိပဓိ ရတနာတစ်မျိုး ဖြစ်ပေသည်။ ၎င်းတို့က အစစ်အမှန်နဂါး၏ မျိုးဆက်များဖြစ်ကာ ၎င်းတို့၏ ခန္ဓာကိုယ်တွင် အစစ်အမှန်နဂါးသွေးများ ရှိနေသည်ဟု ဆိုကြသည်။ elixirs များကို သန့်စင်ရန်အသုံးပြုသောအခါ၊ ၎င်းတို့က ရှားပါးသော ရတနာဆေးများ ဖြစ်ပေသည်။ ၎င်း၏တန်ဖိုးက ခရမ်းရောင်မီးလျှံကျောက်များထက်ပင် မြင့်မားသည်။

တိုက်ဆိုင်စွာပင်၊ နိဗ္ဗာနဆေးကို ဖော်စပ်ရန်အတွက် အဓိက ပါဝင်ပစ္စည်း ခုနစ်မျိုးအနက် တစ်ခုမှာ နဂါးငါးကြင်း သွေး ဖြစ်သည်။

"မင်းက ငါ့ကို အံတုချင်နေတာလား။ မင်း သေချင်နေပြီထင်တယ်။ နဂါးငါးကြင်းက ငါ့ဟာပဲကွ"

ဝူချန်ခုန်းက သတ်ဖြတ်ချင်စိတ်များဖြင့် အော်လိုက်သည်။

"ဝူချန်ခုန်း၊ သိပ်ပြီး လွန်မလာပါနဲ့။ ဒီမှာ နဂါးငါးကြင်း သုံးကောင်မှရှိတယ်။ငါတို့ တစ်ကောင်စီ ခွဲယူကြရင် ဘယ်လိုလဲ"

စန္ဒကူးနတ်သမီးက ပြောသည်။

"တစ်ယောက် တစ်ခု၊ မင်းမှာ အရည်အချင်းရှိလို့လား။ သူတို့ သုံးကောင်စလုံးက ငါ့ဟာပဲ"

ဝူချန်ခုန်းက လှောင်ပြောင်လိုက်သည်။ သူ၏ ထက်သော ဓားစွမ်းအင်က လေထဲတွင် အက်ကြောင်းကြီးများ ပေါ်လာ‌စေပေသည်။ သူ့အင်အားမှာ အလွန်ကြောက်စရာကောင်းသည်။

အခြားလူကြီးကတော့ ဘာမျှမပြောပါ။ သူ့လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် သူ့ခန္ဓာကိုယ်မှ အဖြူရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက်တွင် မိုးနှင့်မြေကို ဖုံးလွှမ်းနိုင်ပုံရသော လက်ဝါးကြီးတစ်ဖက် ပေါ်လာခဲ့၏။

"ဒါက ကောင်းကင်ခွဲလက်ဝါးရိုက်ချက်ပဲ။ ဒီလူက ကျိမိသားစုထဲက ကျွမ်းကျင်သူ ဖြစ်သင့်တယ်"

လုမင် မျက်ခုံးပင့်လိုက်သည်။

အဖွဲ့သုံးဖွဲ့ထဲတွင် ဝူချန်ခုန်း၏ တိုက်ခိုက်နိုင်စွမ်းက အလွန်အားကောင်းသည်။ ကျိမိသားစုမှ ကျွမ်းကျင်သူကလည်း နက်ရှိုင်းသော ကျင့်ကြံခြင်းအခြေခံရှိ၍ အားမနည်းပေ။ သို့သော်လည်း စန္ဒပူနတ်သမီးနှင့် ခုန်းရှင်းက ပူးပေါင်းလိုက်သောအခါ ၎င်းတို့၏ တိုက်ခိုက်နိုင်စွမ်းက ကြောက်စရာကောင်းသွားသည်။ သူတို့က တစ်ဖက်လူများထက် အားမနည်းပေ။

ဤအတိုင်းဆိုလျှင် တိုက်ပွဲ၏ ရလဒ်ကို အချိန်တိုအတွင်း ဆုံးဖြတ်နိုင်ရန် ခက်ခဲသည်။

လုမင် ပြုံးလိုက်သည်။ သူက နဝမနဂါးခြေလှမ်းကို ရုတ်တရက် ထုတ်ဖော်ကာ ရေကန် မျက်နှာပြင်ဆီသို့ ပြေးသွားသည်။။ ချက်ခြင်းပင်၊ သူက ရေကန် မျက်နှာပြင်အထက်တွင် ပေါ်လာခဲ့၏။ သူ့လက်ကိုဆန့်ကာ ဖမ်းဆုပ်ဟန်ပြုလိုက်သည်နှင့် ကြီးမားသော စွမ်းအင်လက်တစ်ဖက် ပေါ်လာကာ နဂါးငါးကြင်းသုံးကောင်ကို လှမ်းဆွဲလိုက်တော့သည်။

"ဘယ်သူလဲ၊ မင်း သေချင်နေတာလား"

ထိုအချိန်တွင် လေထဲတွင်ရှိသော လူများ တုန်လှုပ်သွားကြသည်။ ဝူချန်ခုန်းက ဒေါသတကြီးဖြစ်ကာ အော်ဟစ်လိုက်၏။

နဂါးငါးကြင်းသုံးကောင်ကလည်း လုမင်၏ လက်ထဲသို့ ကျရောက်ရတော့မည်။ သို့သော်၊ ဤအခိုက်တွင် နဂါးငါးကြင်း သုံးကောင်က တောက်ပသော အလင်းတန်းတစ်ခုကဲ့သို့ လှုပ်ရှားသွားသည်။ ငါးများက လျှပ်တပြက်တွင် လုမင်၏လက်မှ လွတ်ထွက်သွားတော့သည်။

လုမင် အံ့သြသွားသည်။ ထိုအချိန်တွင် ကြောက်မက်ဖွယ်ကောင်းသော ဓားစွမ်းအင်တစ်ခုက လုမင်ကို ခုတ်ပိုင်းလာခဲ့၏။

အကူအညီမဲ့စွာဖြင် လုမင်လည်း နောက်ပြန်လှည့်ကာ လက်သီးဖြင့် ထိုးချလိုက်တော့သည်။

"ဒုန်း"

ဓားစွမ်းအင်များ ရှုံးနိမ့်သွားသည်။

"ဝှစ် ဝှစ်…"

ချက်ခြင်းတွင်၊ ကျိမိသားစုမှ ကျွမ်းကျင်သူ၊ ဝူချန်ခုန်း၊ စန္ဓကူးနတ်သမီးနှင့် ခုန်းရှင်းတို့က လုမင် ဝန်းကျင်တွင် ပေါ်လာသည်။ သို့သော် ချက်ချင်း မတိုက်ခိုက်ခဲ့ပေ။ ယင်းအစား၊ သူတို့က လုမင်ကို တိတ်တဆိတ် လှည့်ဝိုင်းလိုက်ကြသည်။

"ကောင်လေး၊ မင်းပဲလား"

လုမင်ကို ရှင်းရှင်းလင်းလင်းမြင်လိုက်ရသောအခါ ဝူချန်ခုန်း အံ့အားသင့်သွား၏။

စန္ဒကူးနတ်သမီးနှင့် ခုန်းရှင်းလည်း လုမင်ကို အသိအမှန်ပုံရကာ အံ့သြသွားကြသည်။

"ကောင်လေး၊ ငါ့ရဲ့ ဓားချက်ကို တားဆီးနိုင်လို့ မင်းမှာ စွမ်းရည်ရှိရမယ်။ အရင်က မင်းရဲ့ခွန်အားကို ဖုံးကွယ်ထားတာ မဟုတ်လား"

ဝူချန်ခုန်းက လုမင်ကို အေးစက်က်ဖြင့်ကြည့်ပြီး ပြောလိုက်သည်။

"ဒါပေမယ့် မင်းက ငါ့မျက်စိရှေ့မှာတောင် နဂါးငါးကြင်းတွေကို ဖမ်းရဲတယ်။ မင်းသေသင့်ပြီ"

"မြင့်မြတ်အိမ်တော် လျှို့ဝှက်နယ်မြေမှာ လူတိုင်း ခံစားခွင့်ရှိတယ်။ ဒါကြောင့် ငါမြင်သမျှ ရတနာကို ငါယူလို့ရတယ်"

လုမင်က နှုတ်ခမ်းကို တွန့်ကွေးလိုက်သည်။

"မင်း လှုပ်ရှားဝံ့ရင် မင်းအသက်နဲ့ ပေးဆပ်ရမယ်"

ဝူချန်ခုန်းထံမှ သတ်ဖြတ်လိုစိတ်များ ပေါက်ကွဲသွား၏။ လုမင်က ခြင်ဆီသန့်စင်ရေးကန် ဝင်ခွင့်တံဆိပ်ပြားကိုပေးရန် ငြင်းဆိုကတည်းက လုမင်အား သူ သတ်ပစ်ချင်နေပြီ ဖြစ်သည်။ ယခုတော့ သူ၏ သတ်ဖြတ်လိုစိတ်များမှာ ပို၍ပင် အားကောင်းလာတော့သည်။

"ဝုန်း"

ဝူချန်ခုန်းက လုမင်ကို ဓားနှင့် ခုတ်ပိုင်းချလိူက်သည်။ ဤဓားချက်သည် ယခင်ကထက် ပို၍ပင် ကြောက်စရာကောင်း၏။

သို့ရာတွင်၊ လုမင်က ကြောက်ရွံ့ခြင်း အလျင်းမရှိပါ။ သူက အတားအဆီးမဲ့သော ကောင်းကင်သိုင်းကို အသက်သွင်းကာ နဂါးစွမ်းအားဖြင့် ထိုးနှက်လိုက်သည်။

"ဝုန်း"

စွမ်းအင်များ တဟုန်ထိုး တက်လာကာ မိုးနှင့်မြေက တုန်ခါသွားသည်။ ရေကန်အတွင်းမှ ရေများသည်ပင် အပေါ်ကို ထိုးတက်သွား၏။ နဂါးငါးကြင်းသုံးကောင်ကတော့ အလင်းရောင် တဖျတ်ဖျတ်လက်ပြီး ရှောင်နေကြတော့သည်။

"ဝုန်း"

ဓားအလင်း ပျောက်ကွယ်သွားသည်။ လုမင်က ဓားအလင်းကို လက်သီးတစ်ချက်ဖြင့် ချိုးဖြတ်လိုက်၏။ သူက ရှေ့သို့လှမ်းကာ အေးစက်စက်ဖြင့် ပြောလိုက်သည်။

"‌ဒါပဲလား"

ထို့နောက် သူသည် လက်သီးဖြင့် ထပ်ထိုးလိုက်၏။

လုမင်၏ လက်သီးက ဂျင်သန်းချီအင်အားကို သယ်ဆောင်ထားပုံရသည်။ ထိုအင်အားက အလွန်ကြောက်စရာကောင်းပြီး ဟင်းလင်းပြင်သည်ပင် တုန်ခါသွား၏။

"သန်မာလှချေလား"

ဝူချန်ခုန်း အံ့သြသွားသည်။ သူ၏ စွမ်းအင်များက မြင့်မားလာကာ ဓားဖြင့် ခုတ်ပိုင်းချလိုက်၏။

သို့သော်လည်း အသုံးမဝင်ပါ။ လုမင်က မရှုံးနိမ့်သော စစ်နတ်ဘုရားကဲ့သို့ ဖြစ်သည်။ သူက ဓားအလင်းကို ဖျက်ဆီးပစ်ကာ ဝူချန်ခုန်းအနီးသို့ အမြန် ချဉ်းကပ်သွား၏။

တစ်ဖက်တွင် စန္ဒကူးနတ်သမီး၊ ခုန်းရှင်းနှင့် အခြားသူများ ထိတ်လန့်သွားကြသည်။

ထျန်းရွှီဂူကို ကံကောင်းခြင်းကြောင့် ကျော်ဖြတ်နိုင်ခဲ့သော လူငယ်လေးက ဤမျှလောက် အစွမ်းထက်မည်ကို သူတို့ တွေးမထင်ခဲ့ကြပေ။ ကြောက်စရာကောင်းလွန်းသည်။

"ဘာဖြစ်လို့ ဒီလူရဲ့ တိုက်ခိုက်မှုပုံစံကို နည်းနည်း ရင်းနှီးသလို ခံစားနေရတာလဲ"

စန္ဒကူးနတ်သမီးက ပြောလိုက်သည်။

"ငါလည်း ခံစားရတာပဲ"

ခုန်းရှင်းကလည်း ပြောလိုက်၏။

"ဝှစ်"

ရုတ်တရက်၊ ကျိမိသားစု၏ ကျွမ်းကျင်သူက လှုပ်ရှားလာကာ အောက်ဘက်မှ နဂါးငါးကြင်းဆီသို့ ပြေးဆင်းသွားတော့သည်။

All Chapters