← Chapters

အခန်း ၁၀၇၆

Vol. 72 Ch. 1076

အခန်း ၁၀၇၆

Vol. 72 Ch. 1076

အပိုင်း ( 1076 ) ‌သွေးတံဆိပ်တော်။

"မစဉ်းစားနဲ့"

စန္ဒကူးနတ်သမီးက အော်လိုက်သည်။ သူမလက်ကို ဝှေ့ယမ်းလိုက်ရာ ဆေးလုံးတချို့ လွင့်စဉ်သွား၏။ ဆေးလုံးများက တောက်ပလာကာ ကျိမိသားစု၏ ကျွမ်းကျင်သူကို တိုက်ခိုက်သည့် လက်နက်များအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

တစ်ချိန်တည်းမှာပင်၊ ခုန်းရှင်းက ကျိမိသားစုမှလူကို တိုက်ခိုက်ခဲ့သည်။ သူတို့ သုံးဦးက ပြင်းထန်သော တိုက်ပွဲတစ်ခုကို စတင်ခဲ့၏။

"ဝုန်း ဝုန်း"

လုမင်က အားကောင်းပြီး ကြမ်းတမ်းသည်။

ဝူချန်ခုန်း ဆုတ်ခွာလာရကာ ဟင်းလင်းပြင်က ပြိုကျသွား၏။ သူက အကြွင်းမဲ့ အားနည်းသည့်ဘက်တွင် ရှိနေခဲ့သည်။

နောက်ဆုံးတွင် သူက သံရှည်ဆွဲကာ ဟိန်းဟောက်ပြီး သွေးမျိုးဆက်ပေါင်းစပ်ခြင်းကို အသုံးပြုလိုက်သည်။ သူက ဓားတစ်လက်အဖြစ် ပြောင်းလဲသွားကာ လုမင်ကို တိုက်ခိုက်လိုက်၏။

အမှန်အတိုင်းပြောရလျှင်၊ ဝူချန်ခုန်း၏ တိုက်ခိုက်နိုင်စွမ်းက အလွန်အား‌ကောင်းသည်။ သူသည် ရွယ်လော့ကျစ်ထက် များစွာ ပို၍အားကောင်း၏။ သူ့ကို ဘုရင်ငယ်ငါးပါးပြီးလျှင် အသန်မာဆုံး ပညာရှင်တစ်ဦးဟု ညွှန်းဆိုကြသည်မှာ အံ့ဩစရာ မရှိပေ။

သို့ရာတွင်၊ သူ၏ ကျင့်ကြံခြင်းအခြေခံက ဝိညာဉ်နတ်ဘုရားနယ်ပယ်တွင် ရှိနေဆဲ ဖြစ်သည်။ ​​တူညီသောအဆင့်တွင် လုမင်က မည်သူကိုမျှမကြောက်ပေ။

"ဒုန်း ဒုန်း"

ဆက်တိုက် ထိုးကြိတ်လိုက်ပြီး ခဏအကြာတွင် ဓားက လေထဲတွင် လွင့်စဉ်ကာ တုန်ခါသွားခဲ့သည်။

"မဟုတ်ဘူး၊ မင်းဘယ်သူလဲ"

ဝူချန်ခုန်းက မယုံကြည်နိုင်စွာ အော်ဟစ်လိုက်သည်။ မည်သည့်နေရာမှ ထွက်ပေါ်လာမှန်းမသိသော တစ်စုံတစ်ယောက်က ဤမျှ ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်နိုင်စွမ်း ရှိနေခြင်းကို သူ မယုံနိုင်ပေ။

မနီးမဝေးတွင် ခုန်းရှင်းနှင့် အခြားသူများလည်း ထိတ်လန့်သွားကြသည်။ ဝူချန်ခုန်းသည် အပြတ်အသတ် ဖိနှိပ်ခံခဲ့ရ၏။ တုန်လှုပ်စရာကောင်းလွန်းသည်။ ဘုရင်ငယ်ငါးပါးမှလွဲ၍ အခြားမည်သူက လုပ်နိုင်ပါမည်နည်း။

"ဝုန်း"

ထိုအချိန်တွင် အဝေးမှ ကြောက်မက်ဖွယ်ရာ ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။ အရှိန်ပြင်းပြင်းဖြင့် သွေးအလင်းတန်းများ ပျံသန်းလာကြ၏။

"ဝမ်"

ထွားကျိုင်းသော လူရိပ်တစ်ခုက လေထဲတွင် ပေါ်လာသည်။ သူ့မျက်လုံးများက လျှပ်စီးတဖျတ်ဖျတ်လက်နေသလို ပတ်ဝန်းကျင်ကို အကဲခတ်လိုက်၏။ လုမင်ကို တွေ့လိုက်ရသောအခါ သူ၏ သတ်ဖြတ်ချင်စိတ်က ပေါက်ကွဲထွက်လာတော့သည်။

"လုရှောက်ချင်း၊ သေစမ်း"

ဟိန်းဟောက်ပြီး လက်သီးဖြင့် ထိုးချလိုက်သည်။ သွေးနီရောင် လက်သီးအင်အားက လေထုကိုဖြတ်သန်းကာ လုမင်ထံသို့ ပေါက်ကွဲဝင်သွား၏။

"ရွယ်ဖုန်း"

လုမင် မျက်မှောင်ကြုတ်လိုက်သည်။ ဤလူရိပ်က သွေးအေးနန်းတော်၏ ယခင်မျိုးဆက်မှ နံပါတ်တစ် ပါရမီရှင် ရွယ်ဖုန်း ဖြစ်သည်။ ဤနေရာတွင် ရွယ်ဖုန်း ရှိနေမည်ဟု သူ မမျှော်လင့်ခဲ့ပေ။

လုမင်က ချက်ချင်းလှည့်ကာ ရွယ်ဖုန်း၏ လက်သီးအင်အားကို ထိုးချလိုက်သည်။ သူ့ခန္ဓာကိုယ်က တုန်ခါသွားကာ နောက်ဆုတ်သွားရသည်။

ရွယ်ဖုန်းသည် အလွန် အားကောင်း၏။ နတ်ဘုရားအဆင့်ခုနစ် သွေးမျိုးဆက်နှင့် အဆင့်လေး ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျင့်ကြံခြင်းအခြေခံကို ပေါင်းလိုက်သောအခါ သူ၏ တိုက်ခိုက်နိုင်စွမ်းက ကြောက်ခမန်းလိလိ ဖြစ်တော့သည်။

ရွယ်ဖုန်းက ရက်စက်ကြမ်းကြုတ်ဟန်ဖြင့် ရှေ့သို့တိုးလာသည်။ လုမင်ကို စိုက်ကြည့်နေသော သူ့မျက်လုံးများတွင် သတ်ဖြတ်ချင်စိတ်များ ပြည့်နေခဲ့၏။

ထိုအချိန်တွင် စန္ဒကူးနတ်သမီးနှင့် ခုန်းရှင်း အံသြသွားခဲ့သည်။

လုရှောက်ချင်း။

ယခုလေးတင် ရွယ်ဖုန်းက လုမင်ကို လုရှောက်ချင်းဟု အော်ခေါ်ခဲ့၏။ အသားမည်းမည်းနှင့် ဤလူငယ်က အမှန်တကယ်ပင် လုရှောက်ချင်း ဖြစ်နေသည်။

စန္ဒကူးနတ်သမီးနှင့် ခုန်းရှင်းလည်း ကျိမိသားစုမှ ကျွမ်းကျင်သူနှင့် တိုက်ကွက်ချင်း ရင်ဆိုင်ကာ ခပ်လှမ်းလှမ်းသို့ ဆုတ်သွားသည်။ ဆက်လက်ပြီး မတိုက်ခိုက်ဖြစ်တော့ပေ။

ရွယ်ဖုန်း ရောက်လာခြင်းက အခြေအနေကို ပိုရှုပ်ထွေးစေသည်။

"အစ်ကိုလု၊ နင်ပဲလား"

စန္ဒကူးနတ်သမီးက ပြောလိုက်သည်။

"နတ်သမီး၊ မင်းပဲ"

လုမင် ပြုံးလိုက်၏။ ရွယ်ဖုန်းကို ရင်ဆိုင်နေရသော်လည်း သူ့မျက်နှာအမူအရာက မပြောင်းလဲပေ။

"တကယ် မင်းပဲ"

ခုန်းရှင်း အံ့ဩသွားခဲ့သည်။

ထိုအချိန်တွင်၊ ဝူချန်ခုန်းက အဝေးသို့ ဆုတ်ခွာသွားကာ အဝေးမှ လှမ်းကြည့်လိုက်၏။

"ဒီကောင်က ရွယ်ဖုန်းကို စော်ကားလိုက်တာပဲ၊ သူက သေချင်နေတာ"

ဝူချန်ခုန်းက လှောင်ပြောင်လိုက်သည်။

"သတ်"

ရွယ်ဖုန်းက ဟိန်းဟောက်ပြီး ရှေ့သို့လှမ်းကာ လက်သီးဖြင့် ထိုးသည်။

သွေးနီရောင်လက်သီးအင်အားများအောက်တွင် ဟင်းလင်းပြင်က အက်ကွဲသွား၏။

"မင်းကိုကြောက်တယ်ထင်လို့လား"

တတိယသွေးမျိုးဆက် ပေါ်လာပြီးနောက် စွမ်းအား အရိပ်အမြွက်တစ်ခုဟာ လုမင်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည်။ ချက်ချင်းပင် လုမင်၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်လိုစိတ်တစ်ခု ထွက်ပေါ်လာခဲ့၏။ သူ၏ ဆံပင်များသည်ပင် သွေးနီရောင်သို့ ပြောင်းလဲသွားတော့သည်။

ထို့နောက် တတိယသွေးမျိုးဆက်သည် လုမင်၏လက်တွင် ကိုင်ဆောင်ထားသော ဓားတစ်ချောင်းအဖြစ်သို့ ပြောင်းလဲသွားသည်။

"ဝုန်း"

သွေးနီရောင်ဓားအလင်းက လင်းလက်လာပြီး ရွယ်ဖုန်း၏ လက်သီးအင်အားများကို ထက်ပိုင်းဖြတ်လိုက်သည်။

"အဲဒါ သူ့ရဲ့ သွေးမျိုးဆက်လား။ ဘာဖြစ်လို့ ချက္ကရတွေ မရှိရတာလဲ။ အံ့ဩစရာပဲ"

စန္ဒကူးနတ်သမီးနှင့် အခြားသူများ အံ့သြသွားကြသည်။

ပထမအနေဖြင့်၊ လုမင်က နောက်ဆုံးတွင် သူ၏သွေးမျိုးဆက်ကို အသုံးပြုသည့်အတွက် အံ့သြသွားရသည်။ သူ၏ တိုက်ခိုက်ခိုက်နိုင်စွမ်းသည် အမှန်ပင် သိသိသာသာ တိုးလာခဲ့၏။ ယခင်က သူ၏ အင်အားကို အပြည့်အဝ အသုံးမပြုခဲ့ခြင်း ဖြစ်မည်။

ဒုတိယကတော့ လုမင်၏ တတိယသွေးမျိုးဆက်တွင် ချက္ကကမရှိသည်အတွက် အံ့သြသွားရပေသည်။ ယင်းက သူတို့ မကြားဖူးသောအရာ ဖြစ်သည်။

'သေစမ်း၊ ဒီကောင်မှာ အသက်အဆောင်မရှိနိုင်ဘူး။ ငါ သူ့ကိုသတ်ဖို့ နည်းလမ်းရှာရမယ်။ သူ ရွယ်ဖုန်းနဲ့ တိုက်ခိုက်နေတုန်းက ချောင်းမြောင်းတိုက်ခိုက်ဖို့ အခွင့်အရေးကို ငါစောင့်နေမယ်'

ဝူချန်ခုန်းက စိတ်ထဲမှ တွေးလိုက်သည်။

လုမင်၏ဓားအလင်းက သူ၏လက်သီးကို ပိုင်းဖြတ်လိုက်ကြောင်း မြင်ရပြီးနောက် ရွယ်ဖုန်း ထိတ်လန့်သွားခဲ့သည်။ သူ့ခန္ဓာကိုယ်တွင်းမှ စွမ်းအင်များက ဆူပွက်လာကာ သူ့အရှိန်အဝါက ပို၍ပင် ရုန့်ရင်းကြမ်းတမ်းသွား၏။

"သွေးကျားသစ်လက်သီး"

ရွယ်ဖုန်းက လက်သီးချက်များ အဆက်မပြတ် ထုတ်ဖော်လိုက်သည်။ လက်သီးအင်အားများကလည်း အဆက်မပြတ် ပေါ်လာကြ၏။ ထိုလက်သီးအင်အားများက သွေးကျားသစ်အဖြစ်သို့ ပြောင်းလဲသွားကာ လုမင်ကို ခုန်အုပ်ကြတော့သည်။

၎င်းက နတ်ဘုရားအဆင့် သိုင်းပညာတစ်ခုဖြစ်ကာ အလွန်အစွမ်းထက်သည်။

"ပဉ္စဂံနည်းလမ်း သတ်ဖြတ်ခြင်း"

လုမင်က ပဉ္စဂံနည်းလမ်း သတ်ဖြတ်ခြင်းကို ထုတ်ဖော်လိုက်သည်တွင် ဓားတေးသံများ ညံလာသည်။ ဓားအလင်းများ ပေါ်လာပြီးနောက် သွေးကျားသစ်များ တစ်ကောင်ပြီးတစ်ကောင် ပျက်ဆီးသွား၏။

"သတ်ဖြတ်ခြင်းတာအို"

ရွယ်ဖုန်း ထိတ်လန့်သွား၍ တစ်ချိန်တည်းမှာပင် လုမင်ကိုသတ်ရန် ပိုမိုစိတ်ပိုင်းဖြတ်လာတော့သည်။ လုမင်၏ အရည်အချင်းက အံ့သြစရာကောင်းလွန်းသည်။ သူက ဝိညာဉ်နတ်ဘုရားနယ်ပယ် ပထမအဆင့်တွင်သာ ရှိသော်လည်း သူ့ကို ရင်ဆိုင်နိုင်နေပြီ။

သူ၏ ဦးခေါင်းထက်တွင် တတိယသွေးမျိုးဆက် ပေါ်လာသည်။ နောက်အခိုက်အတန့်တွင် သူက သွေးကျားသစ်အဖြစ်သို့ ပြောင်းလဲသွားကာ လုမင်ကို ဟိန်းဟောက်ပြီး တိုက်ခိုက်လိုက်၏။

လုမင်ကလည်း မကြောက်ပေ။ သူက သွေးဓားကိုကိုင်ကာ ရွယ်ဖုန်းနှင့် ဆက်လက် တိုက်ခိုက်ခဲ့သည်။

လုမင်၏ တိုက်ခိုက်နိုင်စွမ်းက အဆင့်တူများကြားတွင် တုနှိုင်းမယှဉ်နိုင်ပေ။ သို့သော်လည်း ရွယ်ဖုန်း၏ ကျင့်ကြံခြင်းက သူ့ထက် သုံးဆမြင့်မားသည်။ ထို့အပြင်၊ သူက နတ်ဘုရားအဆင့် သိုင်းပညာကို နားလည်ခဲ့၍ သွေးမျိုးဆက်ပေါင်းစပ်မှုမှာ ပို၍ အားကောင်းလာတော့သည်။

လုမင်နှင့် ရွယ်ဖုန်းက ဒါဇင်နှင့်ချီသော တိုက်ခိုက်မှုများကို ဖလှယ်ခဲ့ကြသည်။ တဖြည်းဖြည်းနှင့် လုမင်သည် အရေးနိမ့်သော အနေအထားသို့ ရောက်သွားခဲ့၏။

'ငါတို့ကြားက ကျင့်ကြံခြင်းအခြေခံ ကွာခြားချက်က ကြီးလွန်းတယ်။ ငါ နဝမနဂါးသွေးမျိုးဆက် ဒါမှမဟုတ် ငရဲဖိနှိပ်ကျောက်စာချပ် သွေးမျိုးဆက်ကို ထပ်ပေါင်းလိုက်မှ သူနဲ့ တိုက်ခိုက်နိုင်လိမ့်မယ်'

လုမင်၏ စိတ်ထဲတွင် တွေးလိုက်သည်။

သို့သော်၊ ဤရလဒ်ကပင် ရှိနေသူအားလုံးကို ထိတ်လန့်တုန်လှုပ်စေခဲ့ပြီ ဖြစ်သည်။

"ညီနောင်လုရဲ့ တိုက်ခိုက်နိုင်စွမ်းက ဒီလောက်သန်မာမယ်လို့ မထင်ထားဘူး။ ဒါက အံ့သြဖို့ကောင်းလွန်းတယ်"

ခုန်းရှင်းက တိတ်ဆိတ်နေပြီး ခဏကြာမှ ပြောလိုက်သည်။

သူက ဝိညာဉ်နတ်ဘုရားနယ်ပယ် ပထမအဆင့်တွင် ရှိနေသော်လည်း၊ ယခုနေ လုမင်နှင့် တိုက်ခိုက်ရပါက အလွယ်တကူ အသတ်ခံရမည်ကို သူနားလည်ခဲ့သည်။

တစ်ဖက်တွင်၊ ဝူချန်ခုန်း အသွင်ပြောင်းထားသော ဓားမှာလည်း ကြောက်ရွံ့ကာ တုန်လှုပ်နေသည်။

လုမင်သာ ဤတိုက်ခိုက်နိုင်စွမ်းကို အသုံးပြုခဲ့မည်ဆိုပါက သူ လုံးဝ ခုခံနိုင်မည်မဟုတ်ပေ။ သူက သန်မာလွန်းသည်။

"ဟုတ်တယ်၊ ဘုရင်ငယ်ငါးပါးတောင် သူ့လောက် မသန်မာနိုင်ဘူး"

စန္ဒကူးပင် နတ်သမီးက သက်ပြင်းချလိုက်သည်။

"တံဆိပ်ခတ်လော့"

တိုက်ပွဲအလယ်တွင်၊ လုမင်က နတ်တံခါး တံဆိပ်ကိုးခုကို အသုံးပြုပြီး အလင်းတံခါးတစ်ခု တည်ဆောက်ခဲ့သည်။ တံဆိပ်တော်များက ထွန်းလင်းတောက်ပလာကာ ရွယ်ဖုန်းကို ဖိနှိပ်ခဲ့၏။

ခဏလောက်တော့ ရွယ်ဖုန်းဟာ ​​အေးခဲသွားတော့သည်။

"သတ်"

လုမင်က ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ရွယ်ဖုန်း၏ ခေါင်းကို ခုတ်ပိုင်းချလိုက်သည်။

"ဂါး"

ရွယ်ဖုန်းက ဟိန်းဟောက်လိုက်ရာ သွေးအလင်းများ ပေါ်လာသည်။ ပေါက်ကွဲသံနှင့်အတူ၊ အရေးကြီးသော အခိုက်အတန့်တွင် နတ်တံခါး ပြိုကျသွား၏။ ရွယ်ဖုန်းက ကမန်းကတန်း ဆက်လက်ဆုတ်ခွာသွားသော်လည်း ခြေတစ်လှမ်း နောက်ကျနေသေးကာ ဦးရေပြားတစ်ပိုင်း ပြတ်ပါသွားတော့သည်။ ထို့နောက်၊ လုမင်က ရွယ်ဖုန်း၏ဗိုက်ကို ဖြတ်ကန်လိုက်ရာ အဝေးသို့ လွင့်စဉ်သွားသည်။

'စိတ်မကောင်းစရာပဲ'

လုမင်က သူ့နှလုံးသားထဲတွင် ရေရွတ်လိုက်၏။

သူ၏ ကျင့်ကြံခြင်းက လုံလောက်စွာ မခိုင်မာသေး၍၊ ရွယ်ဖုန်း၏ ကြမ်းတမ်းသော စွမ်းအင်အောက်တွင် နတ်တံခါး ပြိုကျသွားရသည်။ လုမင်၏ ကျင့်ကြံခြင်းသာ ပို၍ အားကောင်းပါက သို့မဟုတ် တံဆိပ်နှစ်ခုကို လေ့ကျင့်ခဲ့မည်ဆိုပါက ကျိုးပေါက်ရန်အတွက် လွယ်မည်မဟုတ်ပေ။

နတ်တံခါး တံဆိပ်တော်ကလည်း အကြွင်းမဲ့စွမ်းအားတော့ မရှိပေ။ အကယ်၍ လူတစ်ဦး၏ ကျင့်ကြံခြင်းက အားကောင်းလွန်းလျှင် လုမင်မှ တံဆိပ်ခတ်ရန် မဖြစ်နိုင်ပေ။

သို့တိုင် ရွယ်ဖုန်းက တုန်လှုပ်နေခဲ့ပြီ ဖြစ်သည်။ သူက လုမင်ကို ကြောက်ရွံ့သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။

ယခုလေးတင် လုမင်က သူ့ကို သတ်လုနီးပါး ဖြစ်ခဲ့သည်။

"ဒါက ဘယ်လို လျှို့ဝှက်နည်းလမ်းမျိုးလဲ၊ အရမ်းကြောက်စရာကောင်းတယ်"

သူ ထိတ်လန့်သွားသည်။ ခဏချင်းတော့ လုမင်ကို မတိုက်ခိုက်ရဲတော့ပေ။

"သတ်"

ယခုတစ်ကြိမ်သည် လုမင်က တိုက်စစ်ဖွင့်သည့်အချိန် ဖြစ်သည်။ သူက ရှေ့သို့လှမ်းကာ ရွယ်ဖုန်းကို တိုက်ခိုက်လိုက်သည်။

"ဝမ်"

နောက်ထပ် တံဆိပ်တော်တံခါးတစ်ခု ထွက်ပေါ်လာရာ ရွယ်ဖုန်း ထိတ်လန့်တကြား ဖြစ်သွား၏။ သူဟာ တံဆိပ်တော်တံခါးကို မထိဝံ့ဘဲ ချက်ချင်း နောက်ဆုတ်သွားတော့သည်။

All Chapters