← Chapters

အခန်း ၁၀၈၁

Vol. 73 Ch. 1081

အခန်း ၁၀၈၁

Vol. 73 Ch. 1081

အပိုင်း ( 1081 ) ထိပ်တန်း ကျွမ်းကျင်သူသုံးဦးကို တစ်ယောက်တည်း ရင်ဆိုင်သည်။

၎င်းတို့က ထျန်းဝူဓားဂိုဏ်း၏ ကျွမ်းကျင်သူများ ဖြစ်ကြသည်။

"ဂိုဏ်းတူအစ်ကို၊ သူ့နာမည်က လုရှောက်ချင်းပါ"

ဝူချန်ခုန်းက အသက်လေးဆယ်ကျော်အရွယ် အမျိုးသားတစ်ဦးကို ပြောလိုက်သည်။

"ဟမ့်"

လူလတ်ပိုင်းကြီးက ခြေတစ်လှမ်းတိုးပြီး လုမင်ကို အေးစက်စက်ဖြင့် ကြည့်လိုက်၏။

"လုရှောက်ချင်း၊ မင်းက အတင့်ရဲပြီး ငါ့ထျန်းဝူဓားဂိုဏ်းရဲ့ ပါရမီရှင်တွေကိုထိခိုက်စေဝံ့တယ်။ ဒီကမ္ဘာမှာ မင်း ဆက်နေဖို့ မလိုတော့ဘူးလို့ ငါထင်တယ်"

လူလတ်ပိုင်းက အစွမ်းထက် အရှိန်အဝါများနှင့် ကြီးမားသော ဖိအားကို ထုတ်ဖော်လိုက်၏။

အခြားလူများလည်း လှုပ်လှုပ်ရှားရှား အခြေအနေကြောင့် လှည့်ကြည့်လိုက်ကြသည်။

လုရှောက်ချင်းလား။

သူတို့အထဲတွင် ကျင်းခုန်းလင်၊ ကျွင်းယွဲ့နှင့် ရင်ပီဖိုတို့က အံ့အားသင့်ကြဆုံး ဖြစ်သည်။ ယခင်က လုမင်ကို သူတို့ တွေ့ဖူး၏။ ယခု ထပ်မံ တွေ့ရချိန်မှာတော့ သူတို့ အံ့သြရဆဲပင်။

"ဟင်၊ သူက ကံကောင်းသွားတဲ့ ငချွတ်လေး မဟုတ်ဘူးလား"

"ဟုတ်တယ်၊ အဲဒါ သူပဲ။ သူက ထျန်းဝူဓားဂိုဏ်းကို စော်ကားခဲ့တာလား။ သူ တကယ် သေချင်နေတာပဲ"

"ဒါပေမဲ့ ဝူချန်ခုန်းက ​​သူ့လက်ထဲမှာ ရှုံးသွားတယ်လို့ ဘာဖြစ်လို့ ခံစားနေရတာလဲ။ မဟုတ်ရင် သူ့ကို ကူညီပေးဖို့ အရင်မျိုးဆက်ရဲ့ ကျွမ်းကျင်သူတွေကို အကူအညီတောင်းမှာ မဟုတ်ဘူးလေ။ သူ့ဘာသာပဲ လုပ်မှာပေါ့"

"အဲဒါက မဖြစ်နိုင်ဘူး မဟုတ်လား"

လူတော်တော်များများက လုမင်ကို မှတ်မိခဲ့ကကသည်။ သူတို့က ဆွေးနွေးပြောဆိုကာ အမျိုးမျိုး ခန့်မှန်းလိုက်၏။

လုမင်က လူလတ်ပိုင်းကို တစ်ချက်ကြည့်ပြီးနောက် ဝူချန်ခုန်းကိုကြည့်ကာ ပြောလိုက်သည်။

"ဝူချန်ခုန်း၊ နောက်ဆုံးတစ်ခေါက်က ငါ မင်းကို လွှတ်ပေးခဲ့ပြီးပြီ။ ဒါပေမဲ့ မင်းက မှတ်ရကောင်းမှန်း မသိမှတော့ ငါကိုယ်တိုင် လိုက်ပို့ပေးမယ်"

သူ ပြောပြီးသည်နှင့် အားလုံး အံ့ဩသွားကြသည်။ ဝူချန်ခုန်းက လုမင်၏လက်ထဲတွင် အမှတ်တကယ် ရှုံးနိမ့်ခဲ့သလော။

"လုရှောက်ချင်း၊ မောက်မာမနေနဲ့၊ ဒီနေ့‌ သေရမဲ့လူက မင်းပဲ"

ဝူချန်ခူန်း၏ မျက်နှာက အေးစက်သွားခဲ့သည်။ သူက လုမင်ကို အပိုင်းပိုင်း ဖြတ်ချင်သည်။

"ချွမ် ချွမ်"

ဓားအသံများ ပေါ်လာခဲ့သည်။ အစွမ်းထက်သော ဓားအရှိန်အဝါများက ထျန်းဝူဓားဂိုဏ်းဝင်များ၏ ခန္ဓာကိုယ်များမှ ထွက်ပေါ်လာခဲ့၏။ သူတို့က ဓားကဲ့သို့ စူးရှကာ ထက်သော အကြည့်များဖြင့် လုမင်ကို စူးစိုက်ကြည့်လိုက်ကြတော့သည်။

"ဝှစ်"

အရပ်ရှည်ရှည်နှင့် ခန္ဓာကိုယ် တုပ်ခိုင်သန်မာသော လူတစ်ယောက် ထပ်မံ ထွက်လာသည်။ ၎င်းက ပထမလူဘေးတွင် ဝင်ရပ်လိုက်၏။ သူ၏ အရှိန်အဝါများကလည်း အံ့မခန်းပင်။

"အဆင့်လေး ဝိညာဉ်သန္ဓေသားနယ်ပယ် ကျွမ်းကျင်သူ နှစ်ယောက်ပဲ"

လုမင်၏ နှုတ်ခမ်းများက အနည်းငယ် တွန့်ကွေးသွားကာ ပြုံးရုံပြုံးလိုက်သည်။

ထျန်းဝူဓားဂိုဏ်းတွင် အဆင့်လေး ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူ နှစ်ဦး ရှိသည်။ သူတို့၏ အရှိန်အဝါများက ရွယ်ဖုန်းထက် အားနည်းသည်မဟုတ်ပေ။ သူတို့က ရွယ်ဖုန်းနှင့် တူညီသောအဆင့်တွင် ရှိသင့်သည်။

"မကောင်းတော့ဘူး၊ အစ်ကိုလု... သူတို့နှစ်ယောက်က ထျန်းဝူဓားဂိုဏ်းရဲ့ အရင်မျိုးဆက်က အသန်မာဆုံး ပါရမီရှင်တွေပါ။ သူတို့နှစ်ယောက်လုံးက နတ်ဘုရားအဆင့်ခုနစ် သွေးမျိုးဆက်တွေကို နိုးထနိုင်ခဲ့ကြတယ်-

စန္ဒကူးနတ်သမီးက စိုးရိမ်တကြီး ပြောလိုက်သည်။

"ထျန်းဝူဓားဂိုဏ်း သိပ်ပြီး လွန်မလာနဲ့ကွ။ ညီနောင်လုကို သတ်ချင်ရင် ငါ့ ထျန်းရှအကယ်ဒမီကို အရင်ကျော်ရမယ်"

ခုန်းရှင်းက ရှေ့သို့လှမ်းလာကာ ထျန်းဝူဓားဂိုဏ်းမှ လူများကို စိုက်ကြည့်လိုက်သည်။

လုမင် တိုက်ခိုက်ခြင်းကို ယခင်က သူ မြင်တွေ့ဖူးသည်။ သူက ရွယ်ဖုန်းကို ဒဏ်ရာရစေကာ ပြန်ဆုတ်သွားရသည်အထိ ဖိအားပေးနိုင်အောင် အစွမ်းထက်၏။

သို့သော်လည်း ယခုမူ ထျန်းဝူဓားဂိုဏ်းတွင် ရွယ်ဖုန်းကဲ့သို့ ကျွမ်းကျင်ပညာရှင် နှစ်ဦး ရှိနေသည်။ လုမင်က ရွယ်ဖုန်းတစ်ဦးတည်းကို တိုက်ခိုက်စဉ်ကပင် ခက်ခဲနေခဲ့ပြီ။ ထိုအတွက် ထိုအဆင့် ကျွမ်းကျင်သူနှစ်ဦးနှင့် ရင်ဆိုင်ရလျှင် ရလဒ်မကောင်းမည်မှာ သေချာသည်။

"ထျန်းရှအကယ်ဒမီ၊ မင်းက သေချင်မှတော့ မင်းရဲ့ဆန္ဒကို ငါဖြည့်ဆည်းပေးမယ်"

ထျန်းဝူဓားဂိုဏ်း၏ အဆင့်လေး ဝိညာဉ်သန္ဓေသားနယ်ပယ် ကျွမ်းကျင်သူတစ်ဦးက အေးစက်ပြီး အလွန်လွှမ်းမိုးသည့်ပုံစံဖြင့် ပြောလိုက်သည်။

"လေသံမာလှ‌ချေလား"

ထျန်းရှအကယ်ဒမီမှ အသက်သုံးဆယ်ကျော် အမျိုးသားတစ်ဦး ထွက်ပေါ်လာကာ အရှိန်အဝါများကို ပေါက်ကွဲလိုက်၏။

၎င်းက ဤတစ်ကြိမ်တွင် ထျန်းရှအကယ်ဒမီမှ ဝင်ရောက်ခဲ့‌သော အသန်မာဆုံးပုဂ္ဂိုလ် ဖြစ်သည်။ သူက ထျန်းရှအကယ်ဒမီ၏ ယခင်မျိုးဆက်မှ ထိပ်တန်းပါရမီရှင်တစ်ဦးလည်း ဖြစ်ပေသည်။ သူက ရွယ်ဖုန်းနှင့် အဆင့်တူ ဖြစ်သည်။

ယခင်မျိုးဆက်များမှ ပါရမီရှင်များက ယခုမျိုးဆက်နှင့်ယှဉ်လျှင် အားနည်းလွန်းသည်ဟု ဝန်ခံကြရမည်။ နတ်ဘုရားအဆင့်ခုနစ် သွေးမျိုးဆက်ကို နိုးထနိုင်လျှင်ပင် သက်ဆိုင်ရာ အင်အားစုများ၌ ထိပ်တန်း ပါရမီရှင်များ ဖြစ်နေပြီ ဖြစ်သည်။

သူတို့က ဤမျိုးဆက်၏ ပါရမီရှင်များနှင့် နှိုင်းယှဉ်၍မရပေ။ ကွာခြားချက်က ကြီးလွန်းသည်။

ကံကောင်းခြင်း အားလုံးကို ရွှေရောင်ခေတ်ထဲသို့ တွန်းပို့ထားခဲ့သလိုပင်။

"ဟားဟားဟား၊ ညီနောင်ဝူ... လုရှောက်ချင်းကို သတ်ချင်တယ်ဆိုမှတော့ ငါ့ကို ဘာဖြစ်လို့ ထည့်မတွက်တာလဲ"

အေးစက်စက် ရယ်သံတစ်ခုဖြင့် သွေးနီရောင်ဝတ် လူတစ်ယောက် ထွက်လာသည်။ ၎င်းက ရွယ်ဖုန်း ဖြစ်ချေသည်။

သူဟာ လုမင် ဒဏ်ရာရသွားသောအခါမှ လက်စားချေရန် အခွင့်အရေးကို စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။ ယခုတော့ လုမင်ဟာ ထျန်းဝူဓားဂိုဏ်းမှ လူငယ်များနှင့် ပြဿနာ‌ဖြစ်လာခဲ့၏။ ဤမျှကောင်းသော အခွင့်အလမ်းကို သူက ဘယ်လိုလုပ်ပြီး လက်လွှတ်ခံမည်နည်း။

"ရွယ်ဖုန်း၊ မင်းက အချိန်ကောင်းကို ရောက်လာတာပဲ။ ဒီကောင်ကို အတူတူသတ်ကြရအောင်"

ထျန်းဝူဓားဂိုဏ်းမှ လူတစ်ဦးက ပြောလိုက်သည်။

ဤအခိုက်တွင် လူတိုင်း၏ အာရုံက သူတို့အပေါ် အာရုံစိုက်နေခဲ့ကြသည်။

လုမင်က လူများစွာကို စော်ကားခဲ့၏။ ယနေ့တော့ သူ သေတော့မည့်ပုံ ရသည်။

ဤအခိုက်အတန့်တွင် စန္ဒကူးနတ်သမီး၊ ခုန်းရှင်းနှင့် ထျန်းရှအကယ်ဒမီမှ အဖြူရောင်ဝတ် လူငယ်အားလုံး၏မျက်နှာများ အကြည့်ရဆိုးသွားခဲ့ကြသည်။

အကယ်၍ ထျန်းဝူဓားဂိုဏ်းသာ ဖြစ်ခဲ့မည်ဆိုလျှင် ၎င်းတို့က တိုက်ပွဲဝင်နိုင်ကြဦးမည်။ သို့ရာတွင် ရွယ်ဖုန်း ပါဝင်လာလျှင်တော့ ခက်ခဲမည် ဖြစ်သည်။

"မင်းတို့အားလုံး ဒီကိုရောက်လာကြတာပဲ၊ အချိန်ကောင်းကို ရောက်လာတယ်။ ဒီနေ့တော့ တခါတည်း ဖြေရှင်းကြတာပေါ့"

လုမင်က အနည်းငယ်ပြုံးကာ ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။

လူတိုင်း အံ့ဩသွား၏။

သူ ဘာပြောလိုက်သနည်း။ ဤအခြေအနေမျိုးကို ရောက်နေရချိန်မှာပင် ဖြေရှင်းမည်ဟု အမှန်တကယ် ပြောနေပါသလော။ သူ ရူးသွပ်နေသလော။

စန္ဒကူးနတ်သမီးနှင့် အခြားသူများလည်း ထိတ်လန့်သွားကြသည်။

"အစ်ကိုလု…"

စန္ဒကူးနတ်သမီးက အော်လိုက်သည်။

"နတ်သမီး၊ ညီနောင်ခုန်း… အခုကစပြီး ငါ့အတွက် ထားလိုက်ပါ"

လုမင်က စန္ဒကူးနတ်သမီးနှင့် ခုန်းရှင်းတို့ကို ပြုံးပြလိုက်သည်။ ထို့နောက် ရွယ်ဖုန်းနှင့် အခြားသူများကို ရင်ဆိုင်လိုက်၏။

"ညီနောင်ဝူ၊ ဒီကောင်လေးမှာ လူတွေကို ချုပ်လှောင်ထားနိုင်တဲ့ ယုတ်ညံ့တဲ့ လျှို့ဝှက်ကျင့်စဉ်တစ်ခု ရှိတယ်။ ဒါကြောင့် အတူတွဲပြီး သတ်လိုက်ကြရအောင်"

ရွယ်ဖုန်းက ထျန်းဝူဓားဂိုဏ်းမှ ကျွမ်းကျင်သူနှစ်ယောက်ကို ခပ်တိုးတိုး ပြောလိုက်သည်။

"ကောင်းပြီ"

ထျန်းဝူဓားဂိုဏ်းမှ ကျွမ်းကျင်သူနှစ်ဦးလည်း ခေါင်းညိတ်လိုက်၏။ လုမင်နှင့် ရွယ်ဖုန်းတို့ကြားမှ တိုက်ပွဲအကြောင်းကို ဝူချန်ခုန်းထံမှ ကြားသိခဲ့ရပြီး ဖြစ်သည်။ ထိုအတွက် လုမင်သည် သာမန်မဟုတ်ကြောင်း သူတို့သိကြ၏။ သူတို့ကိုယ်တိုင်က သန်မာသော်လည်း သတိမပေါ့ဝံ့ကြပေ။

"ဝုန်း… ဝုန်း… ဝုန်း"

ထျန်းဝူဓားဂိုဏ်းမှ ကျွမ်းကျင်သူနှစ်ဦးနှင့် ရွယ်ဖုန်းက အစွမ်းထက် အရှိနိအဝါများကို တပြိုင်နက်တည်း ထုတ်ဖော်လိုက်ကြသည်။ ထိတ်လန့်တုန်လှုပ်ဖွယ် အရှိန်အဝါများက ကောင်းကင်သို့ ထိုးတက်သွားကာ လုမင်ကို ဖိအားပေးလိုက်၏။

"ဝှစ်... ဝှစ်... ဝှစ်"

သူတို့ သုံးယောက်က လုမင်ကို ဝိုင်းရံလိုက်ကြသည်။

"သူတို့ သုံးယောက်က လုမင်ကို ကိုင်တွယ်ဖို့ ပူးပေါင်းနေတာလား"

"ဒါက ဘယ်လိုဖြစ်တာလဲ။ လုရှောက်ချင်းရဲ့ တိုက်ခိုက်နိုင်စွမ်းက ဒီလောက်တောင် အားကောင်းနေလို့လား။ မဟုတ်ရင်လည်း ရွယ်ဖုန်းနဲ့ တခြားသူတွေက ဘာဖြစ်လို့ အလေးအနက်ထားပြီး သူတို့ သုံးယောက် ပူးပေါင်းဖို့ လိုအပ်ရမှာလဲ"

အားလုံးက မမိုက်မဲပေ။ သူတို့ သုံးယောက်၏ တုံ့ပြန်မှုကို မြင်ရသည်နှင့်် တစ်ခုခု လွဲနေပြီမှန်း သိလိုက်ကြရသည်။ ဘာဖြစ်သွားသလဲ သိလိုစိတ်များဖြင့် ခန့်မှန်း ပြောဆိုလိုက်၏။

ဤခန့်မှန်းချက်ကြောင့်ပဲ သူတို့အားလုံး အံ့ဩသွားပြန်တော့သည်။

ထိပ်တန်းပါရမီရှင် ဘုရင်ငယ် ငါးဦးမှလွဲ၍ ရွှယ်ဖုန်းနှင့် အခြားသူများအတွက် မည်သူက ဤမျှအရေးပါမည်နည်း။

"ကောင်လေး၊ မင်းက သိပ်မောက်မာနေတယ်ပေါ့... ဟုတ်လား။ ဒီလိုဆိုမှတော့ မင်း ဘယ်လိုသေမလဲဆိုတာ ကြည့်ထား"

ရွယ်ဖုန်း၏ မျက်လုံးများက အေးစက်သွားသည်။ နောက်အခိုက်တွင်၊ သူက သွေးမျိုးဆက် ပေါင်းစပ်ခြင်းဖြင့် လုမင်ကို တိုက်ခိုက်လိုက်၏။

"သတ်"

လုမင်က ဟိန်းဟောက်လိုက်သည်။ တတိယသွေးမျိုးဆက်ကို ထုတ်ဖော်လိုက်သောအခါ စွမ်းအင်အရိပ်အမြွက်တို့ပ လုမင်၏ခန္ဓာကိုယ်ထဲကို စီးဝင်သွား၏။ လုမင်၏ ဆံပင်များက သွေးနီရောင်ပြောင်းသွားကာ သတ်ဖြတ်ချင်စိတ်များကလည်း အရှိန်အဟုန်ဖြင့် ပေါက်ကွဲ ထွက်ပေါ်လာတော့သည်။

တစ်ချိန်တည်းမှာပင် နဂါးခုနစ်ကောင် စွမ်းအင်များက တပြိုင်နက်တည်း ထွက်ပေါ်လာပြီး လုမင် စွမ်းအားကို ကြောက်မက်ဖွယ်အဆင့်သို့ ထိုးတင်လိုက်တော့သည်။

ထို့နောက်တွင် တတိယသွေးမျိုးဆက်က သွေးနီရောင် ဓားတစ်လက်ဖြစ်လာပြီး လုမင်၏လက်ထဲတွင် ဆုပ်ကိုင်ပြီးသား ဖြစ်သွားသည်။ သွေး‌နီ‌ရောင် ဓားအလင်းက လက်ဖြာသွားကာ ရွယ်ဖုန်းထံသို့ တိုးဝင်သွား၏။

“ဒီစွမ်းအားက…”

ထိုအခိုက်တွင် ရွယ်ဖုန်း၏ မျက်လုံးများက ပြူးကျယ်သွားပြီး ထိတ်လန့်တကြား ဖြစ်သွားသည်။

ဤစွမ်းအားသည် အံ့သြစရာကောင်းလွန်း၏။ လုမင်က သူနှင့် နောက်ဆုံးအကြိမ် တိုက်ခိုက်ခဲ့စဥ်ကထက် ပို၍ အားကောင်းလာခဲ့ပြီ ဖြစ်သည်။

"မကောင်းတော့ဘူး"

ရွယ်ဖုန်း၏ ခန္ဓာကိုယ်က အေးခဲသွားကာ အစွမ်းကုန် ကြိုးစားခုခံလိုက်သည်။

သို့သော်…

'ရွှပ်ခနဲ' အသံတစ်ချက်နှင့် ဓားအလင်းက ဖြတ်သွားသည်။ ရွယ်ဖုန်း အသွင်ပြောင်းထားသော သွေးကျားသစ်က ခြေတစ်ဖက်ပြတ်ကာ အဝေးသို့ လွင့်စဉ်သွား၏။

ရွယ်ဖုန်းလည်း အော်ဟစ်ကာ ကသုတ်ကရုတ် ပြန်ဆုတ်သွားတော့သည်။

ထိုအချိန်တွင် ထျန်းဝူဓားဂိုဏ်းမှ ကျွမ်းကျင်သူနှစ်ဦးက လှုပ်ရှားခဲ့ကြသည်။ တောင်လုံးတမျှ ကြီးမားသော ဓားအလင်းနှစ်ခုသည် လုမင်ဆီသို့ ဖြတ်သွားသည်။

လုမင်က ဓားချက်ထုတ်ဖော်ကာ ဓားအလင်းနှစ်ခုကို ဖျက်ဆီးပစ်လိုက်သည်။ သူက မရပ်တန့်ဘဲ ရွယ်ဖုန်း‌နောက်ကို ပြေးလိုက်သွား၏။

ရွယ်ဖုန်းလည်း ကြောက်လန့်တကြားဖြစ်ကာ အလျင်အမြန် ဆုတ်ခွာပြေးတော့သည်။

"မင်းမလွတ်နိုင်ဘူး"

လုမင်က လှောင်ပြောင်ပြီး တံဆိပ်ခတ်လိုက်သည်နှင့် အလင်းတံခါးတစ်ခု ပေါ်လာတော့သည်။

All Chapters