← Chapters

အခန်း ၁၀၈၃

Vol. 73 Ch. 1083

အခန်း ၁၀၈၃

Vol. 73 Ch. 1083

အပိုင်း ( 1083 ) စစ်မှန်သော မြင့်မြတ်အိမ်တော် တံဆိပ်ပြား။

ထျန်းရှအကယ်ဒမီ၊ ကျောက်စိမ်းနံရံများ၏ အပြင်ဘက်…

ဟင်းလင်းပြင်က တုန်ခါသွားကာ အဖြူရောင်အလင်းတန်းတစ်ခုနှင့်အတူ ဝူချန်ခုန်း ပေါ်လာခဲ့သည်။

"ချီးပဲကွ"

ဝူချန်ခုန်းသည် ပေါ်လာသည်နှင့် ဟိန်းဟောက်လိုက်၏။

အားလုံး၏ အကြည့်များကလည်း သူ့အပေါ်သို့ ကျရောက်လာတော့သည်။

"ချန်ခုန်း၊ ဘယ်လိုဖြစ်တာလဲ"

ထျန်းဝူဓားဂိုဏ်း၏ အဓိပဓိတစ်ယောက်က မျက်မှောင်ကြုတ်ကာ ဝူချန်ခုန်းကို မေးလိုက်သည်။

ဝူချန်ခုန်း အသတ်ခံခဲ့ရ၏။ ဤသို့ဖြင့်၊ ထျန်းရှအကယ်ဒမီ၏ ထိပ်တန်း ပါရမီရှင်နှစ်ဦး တိုက်ပွဲတွင် ကျဆုံးသွားခဲ့ပြီ။

"လုရှောက်ချင်း၊ အဲဒီခွေးကောင် လုရှောက်ချင်းပဲ…"

ဝူချန်ခုန်းက ဒေါသတကြီးဖြင့် အရူးတစ်ယောက်လို အော်လိုက်သည်။

"ဘာ၊ နောက်တစ်ခါ လုရှောက်ချင်းပဲလား"

"လုရှောက်ချင်းက သေမင်းနတ်ဘုရားပဲ။ ပထမ၊ သူက သွေးအေးနန်းတော်ရဲ့ ရွယ်လော့ကျစ်နဲ့ အခြား ကျွမ်းကျင်သူအများကြီးကို သတ်ဖြတ်ခဲ့တယ်။ အဲဒီနောက် ဝူစန်းကို သတ်တယ်၊ အခု ဝူချန်ခုန်းလည်း သူ့လက်ထဲမှာ‌ သေဆုံးခဲ့ရပြီ"

"ဟားဟား၊ ထျန်းဝူဓားဂိုဏ်းရဲ့ ထိပ်တန်း ပါရမီရှင်နှစ်ယောက်က တူညီတဲ့လူရဲ့ လက်ထဲမှာပဲ သေဆုံးသွားရပြီ။ အတော် စိတ်ဝင်စားဖို့ကောင်းတယ်"

ထိုစကားများကိုကြားတော့ သွေးအေးနန်းတော်မှလူများ မျက်နှာပျက်သွားကြပြန်သည်။ လုရှောက်ချင်းဟူသော နာမည်ကိုပြောတိုင်း သွေးအေးနန်းတော်ကို အဘယ်ကြောင့် ထည့်ပြောကြရပါသနည်း။

"ဒီလုရှောက်ချင်းပဲ ဖြစ်ပြန်ပြီ။ ဘာဖြစ်လို့လဲ၊ မင်းက ဝူလုံ၊ တခြားသူတွေနဲ့ ရှိမနေဘူးလား"

ထျန်းဝူဓားဂိုဏ်း၏ အဓိပဓိက မေးလိုက်သည်။

ဝူလုံက ထျန်းဝူဓားဂိုဏ်း၏ ယခင်မျိုးဆက်မှ ထိပ်တန်းပါရမီရှင်တစ်ဦး ဖြစ်ချေသည်။

"ဝူလုံနဲ့ တခြားသူတွေလည်း သေပြီ၊ သူတို့အားလုံး သေသွားပြီ"

ဝူချန်ခုန်းက အံကြိတ်လိုက်သည်။

"ဘာ၊ ဝူလုံနဲ့ တခြားသူတွေ သေသွားပြီလား။ ဘယ်သူလုပ်တာလဲ၊ ရန်ပိုထျန်းလား"

ထျန်းဝူဓားဂိုဏ်းမှ အဓိပဓိက ဟိနိးဟောက်လိုက်၏။ ရန်ပိုထျန်းသာ ထိုသို့ လုပ်နိုင်မည်ဟု သူယုံကြည်သည်။

"မဟုတ်ဘူး၊ အဲဒါလည်း လုရှောက်ချင်းပဲ။ သူလုပ်ခဲ့တာ။ ဂိုဏ်းတူအစ်ကိုဝူလုံ၊ ဂိုဏ်းတူအစ်ကို ဝူခိုင်နဲ့ ရွယ်ဖုန်းက လုရှောက်ချင်းကို သတ်ဖို့ ပူပေါင်းခဲ့ကြတယ်။ ဒါပေမဲ့ အဆုံးမှာတော့ သူတို့ပဲ လုရှောက်ချင်းရဲ့ အသတ်ခံလိုက်ရမယ်လို့ ဘယ်သူက ထင်ထားခဲ့မှာလဲ"

အခြေအနေကို ရှင်းပြရင်း ဝူချန်ခုန်း၏ မျက်နှာက မည်းမှောင်နေခဲ့သည်။

မြင်ကွင်းက တိတ်ဆိတ်သွား၏။

လူတိုင်း၏ မျက်နှာမှာလည်း တုန်လှုပ်ခြောက်ခြားမှုဖြင့် ပြည့်နှက်နေတော့သည်။ ဤအရာအားလုံးကို လုရှောက်ချင်း တစ်ယောက်တည်းက အမှန်တကယ် လုပ်ဆောင်နေခဲ့သည်။ ကျွမ်းကျင်သူသုံးဦး၏ ပူးပေါင်းတိုက်ခိုက်မှုဖြင့်ပင် ထိုကဲ့သို့ တိုက်ပွဲမှတ်တမ်းမျိုးကို ဖန်တီးနိုင်သေးသည်။ ယင်းက အံ့သြစရာကောင်းလွန်းသည်။

"နောက်ထပ် ဘုရင်ငယ်"

လူတစ်ယောက်က အော်လိုက်သည်။

သွေးအေးနန်းတော်မှ လူများဆိုလျှင် မျက်ရည်မကျဘဲ ငိုချင်နေတော့သည်။ သူတို့က ဤကဲ့သို့သော သေမင်းနတ်ဘုရားကို သွေးအေးနန်းတော်မှ လူများနှင့်အတူ စေလွှတ်ခဲ့မိသည်။ ဘယ်လောက်တောင် ဝမ်းနည်းစရာကောင်းသနည်း။

………

မြင့်မြတ်အိမ်တော် လျှို့ဝှက်နယ်မြေ။

"ဝမ်"

ထိုအချိန်တွင် ဧရာမတောင်ကြီးက တုန်ခါလာသည်။ အလင်းများက ပို၍ တောက်ပလာကာ လူအုပ်ကြီး၏ အကြည့်များကို တောင်ကြီးပေါ်သို့ ပြန်ရောက်သွားစေခဲ့၏။

လုမင်၏ အကြည့်များလည်း တောင်ကြီးပေါ်သို့ ကျရောက်သွားတော့သည်။ သူက ‌ရွယ်ဖုန်းနှင့် အခြားသူများ၏ သေ့းအနှစ်သာရနှင့် အခြား စွမ်းအင်များကိုတော့ မဝါးမျိုခဲ့ပေ။ ဤ‌နေရာတွင် လူအများကြီး ရှိနေသောကြောင့် ထိုသို့ပြုလျှင် တစ်စုံတစ်ခုကို သတိပြုမိလွယ်သည်။

ယခုအချိန်က သူ၏အမည်ကို ထုတ်ဖော်ပြရန် အချိန်ကောင်းမဟုတ်သေးပေ။

တောင်ပေါ်မှ အလင်းများက ပို၍ တောက်ပလာသည်။ နောက်ဆုံးတွင် ခရမ်းရောင်အလင်းတန်းကိုးခု ထွက်လာခဲ့၏။

"ဝုန်း ဝုန်း ဝုန်း"

ရုတ်တရက်၊ ခရမ်းရောင် အလင်းတန်းများကြားမှ တံဆိပ်တော်တစ်ခုစီ ထွက်ပေါ်လာတော့သည်။

"ဒါက မြင့်မြတ်အိမ်တော် တံဆိပ်ပြားပဲ"

"ဖမ်းယူမှ"

"ဒီမှာ ကိုးခု ရှိတယ်။ အဲဒါ ငါ့ဟာပဲ"

ချက်ချင်းဆိုသလိုပဲ မြင်ကွင်းက ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။ အရှိန်အဝါမျိုးစုံ ပေါက်ကွဲထွက်ပေါ်လာကာ မြင့်မြတ်အိမ်တော် တံဆိပ်ပြားကိုးခုဆီသို့ ပြေးသွားကြ၏။

ဧရာမတောင်မှ ပြေးထွက်လာသော တံဆိပ်ပြားများမှာ မြင့်မြတ်အိမ်တော်၏ တံဆိပ်ပြားဖြစ်သည်ကို သံသယဖြစ်စရာ မလိုပေ။

"ထွက်သွား"

ရန်ပိုထျန်းက အော်ဟစ်လိုက်သည်။ သူ့ထံမှ အစွမ်းထက်အရှိန်အဝါများ ပေါက်ကွဲကာ ထွက်ပေါ်လာခဲ့၏။ သူက ဓားလှံကို လွှဲခုတ်လိုက်သည်နှင့် ဒါဇင်နှင့်ချီသော ကျွမ်းကျင်သူများ သေဆုံးသွားတော့သည်။ နာကျင်စွာ အော်ဟစ်လိုက်သံများလည်း ပေါ်လာခဲ့သည်။

ရန်ပိုထျန်းက လှုပ်ရှားလိုက်သည်နှင့် သူ့လက်ထဲတွင် မြင့်မြတ်အိမ်တော် တံဆိပ်ပြားတစ်ခု ပေါ်လာသည်။ သူ့မျက်လုံးများက အရောင်တဖျတ်ဖျတ်လက်ကာ ပတ်ဝန်းကျင်ကို အကဲခတ်လိုက်၏။

အားလုံး တုန်လှုပ်သွားကာ အနားသို့ မကပ်ဝံ့တော့ပေ။

တစ်ဖက်တွင်၊ ထိုပါ့ရှီက သူ၏တင်းပုတ်ကို ဝှေ့ယမ်းကာ လူတစ်စုကို အသားပြားအဖြစ် ရိုက်ချလိုက်သည်။ ထို့နောက် သူသည် မြင့်မြတ်အိမ်တော် တံဆိပ်ပြားကို ဖမ်းယူလိုက်၏။

တခြားသူများလည်း သက်ပြင်းချလိုက်သည်။ ဤတံဆိပ်ပြားနှစ်ခုကို သူတို့ တွေး၍မရတော့ပေ။

"ဒါက ငါ့ဟာ"

လုမင်က အနီးဆုံးမှ မြင့်မြတ်အိမ်တော် တံဆိပ်ပြားဆီသို့ ပြေးသွားလိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်ချင်စိတ်များ ပေါက်ကွဲ ထွက်လာခဲ့၏။ လူများစွာက သူ၏ သတ်ဖြတ်ချင်စိတ်များဖြင့် လွှမ်းမိုးခံရရာ လွန်စွာ ထိတ်လန့်တုန်လှုပ်သွားတော့သည်။ သူတို့က လုမင်နှင့် မယှဉ်ဝံ့ဘဲ ကမန်းကတန်း ဆုတ်ခွာသွားကြသည်။

အစောပိုင်းက လုမင် ထုတ်ပြခဲ့သော အင်အားများမှာ သန်မာလွန်းလှသည်။

လုမင်က မြင့်မြတ်အိမ်တော်တံဆိပ်ပြားကို ဖမ်းယူလိုက်သည်။

ရန်ပိုထျန်း၊ ထိုပါ့ရှီနှင့် လုမင်တို့ တစ်ဦးစီတွင် တံဆိပ်ပြား တစ်ခုစီရသွား၏။ အခြားသူများက သူတို့သုံးယောက်နှင့် မပြိုင်ဝံ့၍ ကျန်လူများကိုသာ ပစ်မှတ်ထားနိုင်သည်။

ဤတိုက်ပွဲက သွေးထွက်သံယိုဖြစ်ကာ အနှိုင်းမဲ့ ပြင်းထန်ခဲ့ပေသည်။

တံဆိပ်ပြားများအတွက် အဓိက အင်အားစုအသီးသီးမှ ကျွမ်းကျင်သူများသည် ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့၏။

သိုင်းအုပ်ချုပ်သူထက် သာလွန်သောတည်ရှိမှုမှ ကျန်ရစ်ခဲ့သော နန်းတော်တစ်ခုမှ ဆွဲဆောင်အားကြီးမားသည်။ သိုင်းအုပ်ချုပ်သူနယ်ပယ်မှ ကျွမ်းကျင်သူများပင်လျှင် ဤနေရာသို့ ဝင်လာနိုင်ပါက ရူးသွပ်သွားနိုင်သည်။

လူများ အဆက်မပြတ် သေဆုံးကာ သွေးများကလည်း မိုးရေစက်များကဲ့သို့ ကျဆင်းလာခဲ့သည်။

နောက်ဆုံးတွင်၊ ကျိမိသားစုက အဆင့်လေး ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူ၏ ဦးဆောင်မှုဖြင့် တံဆိပ်ပြားတစ်ခု ရယူနိုင်ခဲ့၏။

ထျန်းရှအကယ်ဒမီနှင့် ဆေးဘုရင်တောင်ကြားတို့ကလည်း အတူတကွ ပူးပေါင်းလုပ်ဆောင်ခဲ့ကာ၊ အဆင့်လေး ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူ၏ ဦးဆောင်မှုအောက်တွင် တံဆိပ်ပြားတစ်ခုကို ရရှိခဲ့ကြသည်။

နတ်ဆိုးတောင်တန်းကလည်း တံဆိပ်ပြားတစ်ခု ရရှိခဲ့သည်။

အံ့သြစရာအကောင်းဆုံးမှာ တိရှန်က ဟင်းလင်းပြင်တာအိုနှင့်အတူ တံဆိပ်ပြားတစ်ခုကို ရရှိခဲ့ခြင်းပင်။ သူဟာ လျင်မြန်လွန်းသဖြင့် မည်သူမှ မတားနိုင်ခဲ့ပါချေ။

ထို့ပြင် လေထဲတွင် ပျံသန်းနေသော ရဟန်းတစ်ပါးလည်း ရှိနေသည်။ ၎င်းက ကလေးတစ်ယောက်ကဲ့သို့ အပြစ်ကင်းစင်သော မျက်နှာနှင့် လူနှင့်တိရိစ္ဆာန်များအတွက် အန္တရာယ်ကင်းပုံရပေသည်။ သို့ရာတွင် ၎င်းက ပညာရှင်တစ်စုကို လက်ဝါးဖြင့် ရိုက်သတ်ပြီး တံဆိပ်ပြားတစ်ခုကို သိမ်းဆည်းခဲ့သည်။

ရန်ပိုထျန်းနှင့် ထိုပါ့ရှီပင်လျှင် ထိုရဟန်းအား လေးနက်သော အမူအရာဖြင့် ကြည့်လိုက်မိသည်။

"အနောက်တိုင်းကန္တာရက ရဟန်း"

ရန်ပိုထျန်းက သူ့ကိုယ်သူ ရေရွတ်လိုက်သည်။

"အဲ့ဒါက မသမာတဲ့ရဟန်းပဲ"

လုမင်က ခပ်တိုးတိုးလေး ပြောလိုက်၏။

နောက်ဆုံး တံဆိပ်ပြားက ဟန်ချင်းတောင်ဂိုဏ်း၏ လက်ထဲသို့ ကျရောက်သွားခဲ့သည်။

သွေးအေးနန်းတော်၊ ကောင်းကင်လင်းယုန်ခံတပ်၊ ထျန်းဝူဓားဂိုဏ်းတို့ကတော့ ၎င်းတို့၏ ခေါင်းဆောင်များ ယခင်တိုက်ပွဲတွင် ကျဆုံးသွားသောကြောင့် စိတ်ပျက်နေကြသည့်တိုင် ဘာမျှမတတ်နိုင်တော့ပေ။

တံဆိပ်ပြားကို ပိုင်ဆိုင်ထားသူတိုင်းကလည်း အင်အားတောင့်တင်းကြသူများ ဖြစ်သည်။ ထိုအတွက် အားလုံး အကူအညီမဲ့ခဲ့ရပေသည်။

ဤအထဲတွင် တိရှန်က အားအနည်းဆုံးဖြစ်သော်လည်း သူ့တွင် ဟင်းလင်းပြင်တာအိုရှိသောကြောင့် မည်သူမျှ မဖမ်းနိုင်ကြပေ။

"ဒါက မြင့်မြတ်အိမ်တော် တံဆိပ်ပြားပဲ။ ဒီတံဆိပ်ပြားနဲ့ မြင့်မြတ်အိမ်တော်ထဲကို ဝင်နိုင်ပြီ"

လုမင်က သူ့လက်ထဲမှ တံဆိပ်ပြားကိုကြည့်ကာ စွမ်းအင်ပို့လွှတ်လိုက်သည်။

မြင့်မြတ်အိမ်တော်က ရုတ်တရက် တုန်လှုပ်သွားကာ အလင်းရောင်များ ထုတ်လွှတ်လာသည်။ အလင်းများက သူ့ပေါ်သို့ ကျဆင်းလာကာ အလင်းစက်ဝိုင်းတစ်ခု ပေါ်လာခဲ့၏။ သူ့ပတ်ဝန်းကျင်တွင်လည်း အလင်းစက်ဝိုင်းသုံးခု ရှိသေးသည်။

"ဘာလို့ စက်ဝိုင်းသုံးခု ရှိနေတာလဲ"

လုမင် အနည်းငယ် အံ့သြသွားသည်။

ထိုအချိန်တွင် အခြားသူများလည်း အခြေအနေကို သဘောပေါက်သွား၏။ ၎င်းတို့၏ စွမ်းအင်ကို ထိုးသွင်းထားသရွေ့ တံဆိပ်ပြားပေါ်တွင် စက်ဝိုင်းလေးခု ပေါ်လာမည်ဖြစ်သည်။ ၎င်းတို့အနက်မှ တစ်ခုက ပိုင်ရှင်ကို လွှမ်းခြုံမည်ဖြစ်ကာ ကျန်သုံးခုကတော့ ဘေးတွင် ပေါ်လာပေလိမ့်မည်။

"ငါသိပြီ၊ ဒီအလင်းစက်ဝိုင်းသုံးခုက နောက်ထပ်လူသုံးယောက်ကို ခေါ်လာနိုင်တဲ့ အဓိပ္ပာယ်ပဲ"

"အဲဒါဖြစ်သင့်တယ်။ မြင့်မြတ်အိမ်တော်တစ်ဝိုက်မှာ ဝင်္ကပါတစ်ခု ရှိမယ်ထင်တယ်။ ဒီအလင်းစက်ဝိုင်းနဲ့ လွှမ်းမိုးမှပဲ ငါတို့ဝင်လို့ရမှာ"

တစ်ချို့က အော်ဟစ်ကာ မျက်လုံးများ တောက်ပလာခဲ့သည်။

ထိုသို့ဆိုလျှင် အပိုနေရာက နှစ်ဆယ့်ခုနစ်ခု ရှိမည်မဟုတ်လော။

အထူးသဖြင့် ရန်ပိုထျန်းကဲ့သို့ လွတ်လပ်သူများ ရရှိထားသော တံဆိပ်ပြားဖြစ်သည်။ တိရှန်ကလည်း တံဆိပ်ပြားကို တစ်ယောက်တည်း ရရှိသောကြောင့်၊ ၎င်းတို့တွင် အပိုနေရာများ ရှိပေသည်။

"ညီနောင်တိ၊ ငါ နေရာသုံးခုအတွက် တန်ဖိုးကြီးကြီး ပေးနိုင်ပါတယ်။ မင်း ရောင်းပေးနိုင်မလား"

ကောင်းကင်လင်းယုန်ခံတပ်မှ ရင်ပီဖိုက တိရှန်ကိုကြည့်ကာ ပထမဆုံး ပြောလိုက်သည်။

"ရင်ပီဖို၊ မင်းက အတော်လောဘကြီးတာပဲ။ သုံးနေရာစလုံးဝယ်ဖို့ မင်းတတ်နိုင်လို့လား"

တိရှန်ထံမှ နေရာတစ်ခု ဝယ်ယူလိုသော လူတစ်ယောက်ကလည်း မကျေမနပ်ဖြစ်ကာ ပြောလိုက်၏။

"အစ်ကိုရန်…"

တစ်စုံတစ်ယောက်က ရန်ပိုထျန်းကိုကြည့်ကာ နေရာတစ်ခုဝယ်ရန် ဟန်ပြင်လိုက်သည်။

"ထွက်သွား"

ရန်ပိုထျန်းက အေးစက်စက်ဖြင့် ငေါက်လိုက်၏။

ထိုလူများလည်း နောက်ဆုတ်သွားရန်သာ တတ်နိုင်တော့သည်။

ထိုပါ့ရှီဘက်တွင်မူ၊ မြောက်ပိုင်းမှ ပါရမီရှင် အများအပြား ပေါ်လာကြပြီး နေရာများကို ယူငင်နေကြပြီ ဖြစ်သည်။

All Chapters