← Chapters

အခန်း ၁၀၈၉

Vol. 73 Ch. 1089

အခန်း ၁၀၈၉

Vol. 73 Ch. 1089

အပိုင်း ( 1089 ) သူတော်စင်၏ အမွေ။

"အဲဒီကောင်မလေးက ကမ္ပည်းတာအိုမှာ အတော်ထူးချွန်ပါတယ်၊ ဒါပေမယ့် ကံမကောင်းချင်တော့ နည်းနည်းလေး အားနည်းနေတုန်းပဲ။ ဒါကြောင့် အကျိုးကျေးဇူး နည်းနည်း ပေးလိုက်တယ်။ အဲဒီကနေ သူ အကျိုးရှိမယ်လို့ မျှော်လင့်ပါတယ်"

သူတော်စင်က ပြောသည်။

လုမင်လည်း စန္ဒကူးနတ်သမီးအတွက် ဝမ်းသာသွား၏။

ဤသူတော်စင်က ကျဆုံးနေပြီဖြစ်သော်လည်း၊ သိုင်းအုပ်ချုပ်သူများထက် သာလွန်သော တည်ရှိမှုတစ်ခုဖြစ်သည့် သူတော်စင်တစ်ပါး ဖြစ်နေဆဲပင်။ သူက အကျိုးအမြတ်တစ်ခုခု ပေးမည်ဟုပြောလျှင် အသေးအမွှား မဟုတ်သည်မှာ သေချာသည်။ ယင်းက သိုင်းအုပ်ချုပ်သူများကိုပင် မနာလိုဖြစ်စေနိုင်လိမ့်မည်။

"ကောင်းပြီလေ၊‌ ကောင်လေး... မင်းက ဒီကိုလာပြီး ငါ့စမ်းသပ်မှုကို အောင်မြင်ခဲ့တာကြောင့် လက်ဗလာနဲ့ ငါပြန်ခွင့်မပြုပါဘူး။ မင်းကို အကျိုးခံစားခွင့်တွေ ပေးပြီး ပြန်ပို့ပေးမယ်"

သူတော်စင် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

"ဆရာကြီး ခဏစောင့်ပါဦး၊ ကျွန်တော်က ခင်ဗျားရဲ့အမွေကို လက်ခံနိုင်ပါတယ်"

လုမင်က ကမန်းကတန်းပြောလိုက်သည်။

"မင်းက... ဟားဟားဟား၊ ‌ကောင်လေး... ပေါက်ကရတွေ မပြောစမ်းနဲ့။ မင်းမှာ ဝိညာဉ်မီး လုံးဝမရှိတာကို ငါမြင်ပါတယ်။ ငါ့အမွေကို မင်းက ဘယ်လိုလုပ်ပြီး ဆက်ခံနိုင်မှာလဲ"

သူတော်စင် ရယ်မောပြီးနောက် တည်ငြိမ်စွာ ပြောလိုက်သည်။

"ဆရာကြီး၊ ခင်ဗျား အမွှာအသက် တားမြစ်ချက်ကို ကြားဖူးလား"

လုမင်က မေးသည်။

"အမွှာအသက် တားမြစ်ချက်လား"

သူတော်စင်က သံသယံများနှင့် အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။ အမှန်အတိုင်းပြောရလျှင် သူ တစ်ခါမှ မကြားဘူးပေ။

"ဆရာကြီး၊ အမြွှာအသက် တားမြစ်ကျင့်စဉ်က လူတစ်ယောက်ကို ဒုတိယခန္ဓာကိုယ်တစ်ခု လေ့ကျင့်ပေးစေနိုင်ပါတယ်…"

လုမင်က အမြွှာအသက်တားမြစ်ချက်နှင့် သူရရှိထားသော အရာများအကြောင်းကို ချက်ချင်းပြောပြလိုက်သည်။

အမြွှာအသက်တားမြစ်ချက်က မူလခန္ဓာနှင့်တူသော ဒုတိယကိုယ်ခန္ဓာကို အမှန်တကယ် လေ့ကျင့်ပေးနိုင်ကြောင်း ပထမဆုံး ကြားသိရသောအခါတွင် သူတော်စင် အလွန်တုန်လှုပ်သွားခဲ့သည်။ သူ၏ အနေအထားဖြင့်ပင် ဤမျှထူးဆန်းသော ကျင့်စဉ်မျိုးကို တစ်ခါမှ မကြားဘူးပေ။

သို့သော်လည်း၊ လုမင်က ကမ္မတိုက်ပွဲတွင် ရရှိခဲ့ကြောင်း သူကြားရသောအခါ သဘောပေါက်သွားခဲ့သည်။

ကမ္မတိုက်ပွဲတွင် ကံကြမ္မာတစ်မျိုးမျိုး တွေ့ကြုံရခြင်းက ဘာမျှမထူးဆန်းပေ။

အကြောင်းမှာ ဤသူတော်စင် ငယ်ရွယ်စဉ်က ကမ္မတိုက်ပွဲတွင် ပါဝင်ခဲ့ဖူးသောကြောင့် ဖြစ်သည်။

"တကယ်ပဲ ကမ္ဘာပေါ်မှာ ဒီလိုလျှို့ဝှက်ကျင့်စဉ်တစ်ခု ရှိတာပဲ။ မင်းပြောခဲ့တဲ့စကားအရ မင်းရဲ့ ဒုတိယခန္ဓာကိုယ်က မင်းရဲ့အရည်အချင်းတွေကို အမွေဆက်ခံခဲ့ရုံမက အာရုံထွေပြားတဲ့အတွေးတွေလည်း မရှိဘူးပေါ့။ ဒီလိုအခြေအနေမျိုးက ငါ့ရဲ့အမွေအနှစ်အတွက် တကယ်ကို သင့်တော်ပါတယ်"

သူတော်စင်လည်း မျက်လုံးများ အရောင်လက်သွားကာ သက်ပြင်းချလိုက်သည်။

ထိုစဉ်က မတော်တဆမှုတစ်ခုကြောင့် သူ ဒဏ်ရာအပြင်းအထန်ရကာ သေဆုံးလုနီးပါး ဖြစ်ခဲ့ရသည်။ သူသည် ရှန်းဟွမ်တိုက်ကြီးကို ထွက်ပြေးလာပြီးနောက် သူ၏ရန်သူများကို ရှောင်ရှားရန် ဤလျှို့ဝှက်နယ်မြေကို ရှာတွေ့ခဲ့သော်လည်း နောက်ဆုံးတွင် သူ အသက်မရှင်နိုင်ခဲ့ပေ။ ထိုနေရာတွင် သေဆုံးသွားခဲ့ပြီး သူ၏ သူတော်စင်နှလုံးသားနှင့် အရိပ်အယောင်တစ်ခုသာ ကျန်ရစ်ခဲ့သည်။

ထိုအရိပ်အယောင်ကို သူတော်စင်နှလုံးသားကြောင့် နှစ်ပေါင်းများစွာ ထိန်းသိမ်းထားနိုင်သော်လည်း ‌အနှေးနှင့်အမြန် ပျောက်ကွယ်သွားရပေလိမ့်မည်။

သို့သော် ကျင့်ကြံသူတစ်ဦးက ကျဆုံးတော့မည်ဆိုလျှင်၊ သူတို့ဘဝတလျှောက် ကျင့်ကြံခြင်းနှင့် အောင်မြင်မှုများကို မီးခိုးငွေ့များကဲ့သို့ ဝေဝါးပေပျောက်ကွယ်မသွားစေလိုပါ။ သူတို့၏ အမွေအနှစ်များကို အမွေဆက်ခံရန် သင့်လျော်သော ဆက်ခံသူကို ရှာဖွေလိုကြသည်။ လုမင်ကတော့ သူ့အတွက် သင့်လျော်သော ကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်သည်မှာ သေချာလှပေသည်။

"ဒါပေမယ့် ဆရာကြီး၊ ကျွန်တော်ရဲ့ ဒုတိယခန္ဓာ လောလောဆယ် ရန်သူတွေကြောင့် တစ်နေရာမှာ ပိတ်မိနေတယ်။ အဲဒါကြောင့် လတ်တလော မရောက်နိုင်မှာကို ကျွန်တော် ကြောက်တယ်"

လုမင် သက်ပြင်းချလိုက်တယ်။

"အိုး၊ ဒီလိုလုပ်လိုက်ပါ။ ဒီဝင်္ကပါချပ်ပြားကို မင်းယူထားလိုက်။ ဒီဝင်္ကပါချပ်ပြား မင်းရဲ့ ဒုတိယခန္ဓာကိုပေးပြီး... အဲဒီဝင်္ကပါကို အသက်သွင်းလိုက်တာနဲ့ ဒီနေရာကို တိုက်ရိုက် ပို့လွှတ်နိုင်တယ်"

သူတော်စင်၏လက်ထဲတွင် ဝင်္ကပါချပ်ပြားတစ်ခုပေါ်လာပြီး လုမင်အား လှမ်းပေးလိုက်သည်။

လုမင် လွန်စွာ ဝမ်းသာသွား၏။ သူက လက်ခံယူကာ သူတော်စင်အား ကျေးဇူးတင်စကား ထပ်ပြောလိုက်သည်။

"အင်း၊ ငါ့နာမည်က ထျန်းရွှမ်ပါ၊ မင်းငါ့ကို ထျန်းရွှမ်သူတော်စင်လို့ ခေါ်နိုင်တယ်။ အခု ငါမင်းကို ပြန်ပို့တော့မှာ၊ နောင်ကို ဒီလျှို့ဝှက်နယ်မြေကို ဖွင့်စရာမလိုတော့ဘူးလေ။ ငါ ဒီလျှို့ဝှက်နယ်မြေကို ထာဝရတံဆိပ်ခတ်ထားတော့မှာ။ ဘယ်သူမှ ထပ်ဝင်လို့ မရတော့ဘူး"

ထျန်းရွှမ်သူတော်စင်က ပြောပြီးသည်နှင့်တပြိုင်နက် လုမင်နှင့် အခြားသူများကို ပြန်ပို့ပေးရန် ဟန်ပြင်လိုက်သည်။

"ဆရာကြီး ခဏနေပါဦး"

လုမင် အမြန်တားလိုက်၏။

"ဟမ်"

ထျန်းရွှမ်သူတော်စင်က အနည်းငယ် အံ့ဩသွားသည်။

"ကျွန်တော် ရုပ်ဖျက်လိုက်ဦးမယ်၊ ကျွန်တော်မှာ ရန်သူတွေ ရှိနေသေးတယ်"

လုမင်က ရယ်မောကာ သူ့ပုံစံကို ပြောင်းလိုက်သည်။ ခဏကြာတော့ သူ့ခန္ဓာက ပို၍ပိန်လာကာ ဖြူဖျော့ဖျော့ မျက်နှာပိုင်ရှင် ဖြစ်သွား၏။ သူ၏ အရှိန်အဝါများပင် သိသိသာသာ ပြောင်းလဲသွားသည်။

ယခုတော့ သူ့ကို ဘယ်သူကမှ မမှတ်မိနိုင်တော့ပေ။

"ရပြီ"

လုမင်က ပြောသည်။

ထျန်းရွှမ်သူတော်စင်လက်က သူ့လက်ကို ဝှေ့ယမ်းကာ ဟင်းလင်းပြင်အား လည်ပတ်စေလိုက်၏။ လုမင်လည်း သူ့ကို အဝေးဆီ ဆွဲခေါ်သွားသကဲ့သို့ ခံစားလိုက်ရပြီး သူ့ပုံရိပ်က ချက်ချင်း ပျောက်ကွယ်သွားတော့သည်။

ထိုအချိန်တွင် စန္ဒကူးနတ်သမီး၊ ရန်ပိုထျန်းနှင့် မြင့်မြတ်အိမ်တော် အပြင်ဘက်ရှိ အခြားလူများအားလုံး စွမ်းအားတစ်ခုဖြင့် ဖုံးလွှမ်းခံရကာ ပျောက်ကွယ်သွားတော့သည်။

…………

ထျန်းရှကမ္ဘာ့အကယ်ဒမီ၊ ကျောက်စိမ်းနံရံများ အပြင်ဘက်…

အလင်းတိုင်ကြီး ကိုးတိုင်က ရုတ်တရက် ပျောက်ကွယ်သွား၍ ကျောက်စိမ်းနံရံများတစ်ခုလုံး မူလအခြေအနေအတိုင်း ပြန်လည် ငြိမ်သက်သွားခဲ့သည်။

"ဘာဖြစ်တာလဲ"

လူအားလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြ၏။ အဓိပဓိများပင် အံ့ဩသွားကြသည်။

"ဘယ်လိုဖြစ်တာလဲ။ အလင်းတိုင် ကိုးတိုင်က ဘာကြောင့် ရုတ်တရက် ပျောက်သွားရတာလဲ။ ဝင်လာတဲ့သူတွေတောင် မထွက်လာသေးဘူး"

အင်အားစုကြီးတစ်ခုမှ အဓိပဓိတစ်ဦးက မျက်စိမျက်နှာပျက်သွားသည်။ လူများစွာက ထျန်းရှအကယ်ဒမီမှ အဓိပဓိကို ကြည့်လိုက်ကြသည်။

"ငါလည်း မသိဘူး၊ ဒါမျိုး တစ်ခါမှ မဖြစ်ဖူးဘူး"

ထျန်းရှအကယ်ဒမီမှ အဓိပဓိလည်း လေးလေးနက်နက် ပြောသည်။

"ထပ်ဖွင့်လို့ရမလား"

အဓိပဓိ တစ်ယောက်က မေးလိုက်၏။

ထျန်းရှအကယ်ဒမီက အဓိပဓိက ခေါင်းယမ်းလိုက်၍ လူအုပ်ကြားတွင် ရုတ်ရုတ်သဲသဲဖြစ်သွားတော့သည်။

အထဲတွင် အင်အားကြီး အင်အားစုအသီးသီးမှ လူအများကြီး ရှိကြသည်။ ဟန်ချင်းတောင်နှင့် နတ်ဆိုးတောင်တို့မှ အသန်မာဆုံးသော ဆက်ခံသူများ အားလုံးသည်လည်း အတွင်းတွင် ရှိနေကြ၏။ သူတို့သာ အထဲတွင် ပိတ်မိသွားမည်ဆိုလျှင် သူတို့အတွက် ကြီးမားသော ဆုံးရှုံးမှုကြီး ဖြစ်ရပေလိမ့်မည်။

သို့သော် ထျန်းဝူဓားဂိုဏ်းနှင့် သွေးအေးနန်းတော်မှ လူများက တိတ်တဆိတ် ကျေနပ်သွားကြသည်။

အကြောင်းမူ၊ သူတို့၏ဆက်ခံသူများက လုမင်၏ သတ်ဖြတ်ခံရပြီး ကြာမြင့်စွာကတည်းက ထွက်ပေါ်လာခဲ့သောကြောင့်ပင် ဖြစ်သည်။ ယခင်မျိုးဆက်များမှ အပြောင်မြောက်ဆုံးသော ပါရမီရှင်များကလည်း သတ်ဖြတ်ခံခဲ့ရပြီးပြီ။ ထို့ကြောင့် ကျန်သူများ ထွက်မလာသေးသော်လည်း အခြားအင်အားစုများကဲ့သို့ ကြီးကြီးမားမား ဆုံးရှုံးနစ်နာမှု မရှိကြပါချေ။

ဤအခိုက်အတန့်တွင် ကျောက်စိမ်းနံရံများအထက် ကောင်းကင်ယံ၌ ပုံရိပ်များ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။

"ထွက်လာပြီ။ ထွက်လာကြပြီ"

လူများစွာ ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားခဲ့ကြသည်။

ကောင်းကင်တွင် လူတစ်သောင်းကျော် ပေါ်လာခဲ့၏။ လူအုပ်ကြီးတွင် ရန်ပိုထျန်း၊ စန္ဒကူးနတ်သမီး၊ ခုန်းရှင်းနှင့် အခြားသော ပါရမီရှင်များကို မြင်လိုက်ရသည်။

"ဘာတွေဖြစ်သွားတာလဲ။ မြင့်မြတ်အိမ်တော်က ဘယ်လိုလဲ"

အဓိပဓိများက တစ်ယောက်ပြီးတစ်ယောက် စိတ်လှုပ်ရှားနေသော မျက်လုံးများဖြင့် မေးလိုက်သည်။

ယခင်က ဝူချန်ခုန်း အသတ်ခံရ၍ ထွက်လာသောအခါ၊ ဝူချန်ခုန်းထံမှ မြင့်မြတ်အိမ်တော်အကြောင်း လေ့လာခဲ့ရသည်။ ထို့ကြောင့် အကြောင်းရာတချို့ကို သိထားပြီးဖြစ်သော်လည်း သူတို့အားလုံး စောင့်မျှော်နေဆဲပင်။ သူတို့ လုံးဝ မစောင့်နိုင်တော့ပါ။

သိုင်းအုပ်ချုပ်သူနယ်ပယ်ကို ကျော်လွန်နေသော တည်ရှိနေမှုက အထူးသဖြင့် အဓိပဓိများစွာအတွက် ဆွဲဆောင်မှုကြီးသည်။ သူတို့က အဓိပဓိနယ်ပယ်တွင် ပိတ်မိနေကာ သိုင်းအုပ်ချုပ်သူနယ်ပယ်သို့ မဖြတ်ကျော်နိုင်ပေ။ အကယ်၍ ၎င်းတို့သာ သိုင်းအုပ်ချုပ်သူနယ်ပယ်အထက်မှ တည်ရှိမှု၏ အမွေ သို့မဟုတ် ဉာဏ်အလင်းကို ရယူနိုင်ခဲ့ပါက၊ သိုင်းအုပ်ချုပ်သူနယ်ပယ်ကို ဖြတ်ကျော်သွားနိုင်လောက်သည်။

စန္ဒကူးနတ်သမီး၊ ခုန်းရှင်း၊ ကျွင်းယွဲ့နှင့် အခြားသူများလည်း ၎င်းတို့၏ သက်ဆိုင်ရာ အဓိပတိများဆီသို့ ပျံသန်းသွားကာ မြင့်မြတ်‌အိမ်တော်မှ အခြေအနေများကို ပြောပြခဲ့ကြသည်။

"ဘာ၊ မင်းတို့ မအောင်မြင်ဘူးလား"

ခုန်းရှင်းနှင့် အခြား ပါရမီရှင်များ စမ်းသပ်မှုကို မအောင်ကြောင်း သိရသောအခါ အားလုံးက သက်ပြင်းချလိုက်ကြသည်။ ထို့နောက်တွင် ရန်ပိုထျန်း၊ ထိုပါ့ရှီနှင့် မသမာသောရဟန်းကို ကြည့်လိုက်ကြ၏။

ဤလူများက ဒုတိယအဆင့် ပါရမီရှင်များကို သာလွန်နေခဲ့ပြီ ဖြစ်သည်။ သူတို့က ထိပ်တန်း ပါရမီရှင်များ ဖြစ်၏။ သူတို့ အောင်မြင်ခဲ့တာ ဖြစ်ကောင်းဖြစ်နိုင်သည်။

"အမိတ္တဘ၊ ဗုဒ္ဓက ကရုဏတရားကြီးမားတယ်။ ရှက်စရာပဲ၊ ငါ့စိတ်က လုံလောက်အောင် မသန်မာဘူး။ ငါ လေ့ကျင့်ဖို့ လိုသေးတယ်"

မသမာသောရဟန်းက လေးနက်သောအမူအရာဖြင့် ရေရွတ်လိုက်သည်။ သူ့မျက်နှာက ကရုဏာတရားများ ပြည့်နေခဲ့ပေသည်။

လူအုပ်ကြားထဲတွင် လုမင် သူ့ကို အထင်အမြင်သေးစွာဖြင့် ကြည့်နေသည်။ သူသာ ထိုရဟန်း၏မျက်နှာအမှန်ကို မမြင်ခဲ့ပါက ရဟန်းအစစ်တစ်ပါးဟု အထင်မှားနိုင်သည်။

မည်သို့ဆိုစေ၊ ရဟန်း၏ စကားများက သူလည်း မအောင်မြင်ခဲ့ကြောင်း ဖော်ပြခဲ့ပေသည်။

"ဟင်း၊ အဲဒီပုံရိပ်ယောင်က သန်မာလွန်းတယ်။ ငါလည်း မအောင်မြင်ဘူး"

ထိုပါ့ရှီက ပြုံးလိုက်သည်။

"ထိုပါ့ရှီ၊ နောင်တစ်ရက်မှ ထပ်ပြီး တိုက်ခိုက်ကြတာပေါ့"

ရန်ပိုထျန်းက အေးစက်စက်ဖြင့် ပြောလိုက်၏။ ထို့နောက်မှာတော့ သူသည် ထျန်းရှအကယ်ဒမီမှ ထွက်ခွာ၍ ချက်ခြင်းပျောက်ကွယ်သွားတော့သည်။

မည်သူကမှလည်း သူ့ကို တားဖို့ မကြိုးစားပေ။ ရန်ပိုထျန်းသည် ပြိုင်ဘက်ကင်းသော ပါရမီရှိရုံသာမကဘဲ ကောင်းကင်နတ်ဘုရား တပ်မဟာမှ လာရောက်ခဲ့သူလည်း ဖြစ်သည်။

ကောင်းကင်နတ်ဘုရားတပ်မဟာက အစွမ်းထက်လွန်းလှပေသည်။ ၎င်းက အလယ်ပိုင်းတိုက်ကြီးရှိ အုပ်ချုပ်သူအင်အားစု ဆယ့်ရှစ်ခုတွင် ရှေးဟောင်းသန့်စင်မင်းဆက်နှင့် နှိုင်းယှဉ်နိုင်သော တစ်ခုတည်းသော အင်အားစု ဖြစ်သည်။ ၎င်းက ထျန်းဝူဓားဂိုဏ်းထက် ပို၍ ကြောက်စရာကောင်းကာ အားကောင်းခဲ့ပေသည်။

All Chapters