← Chapters

အခန်း ၁၀၉၀

Vol. 73 Ch. 1090

အခန်း ၁၀၉၀

Vol. 73 Ch. 1090

အပိုင်း ( 1090 ) အလယ်ပိုင်းတိုက်ကြီး၏ သူတော်စင်မြို့တော်သို့ သွားပြီ။

ရန်ပိုထျန်း၏ စကားများက သိသာထင်ရှားသည်။ ယခုတစ်ကြိမ်တွင် မည်သူမျှ မအောင်မြင်ခဲ့ပုံရလေသည်။

မဟုတ်သေး၊ နောက်ထပ်လူတစ်ယောက်ကျန်နေသည်။

လူတိုင်း၏ နှလုံးသားက ခုန်ပေါက်သွားခဲ့သည်။ ရွယ်လော့ကျစ်နှင့် သွေးအေးနန်းတော်မှ ကျွမ်းကျင်သူများစွာကို သတ်ခဲ့သူ၊ ဝူစန်း၊ ရွယ်ဖုန်းနှင့် အခြား အဆင့်လေး ဝိညာဉ်နတ်ဘုရားများအပြင် ဝူချန်ခုန်းတို့ကို သတ်ဖြတ်ခဲ့သည့် ပါရမီရှင်လူငယ် လုရှောက်ချင်းတစ်ယောက်တော့ ကျန်နေသည်။ သူက ယခု ဘယ်နေရာမှာ ရှိသနည်း။

သူ့ကို အဘယ်ကြောင့် ဘယ်မှာမှ မတွေ့ရတော့သနည်း။

"လုရှောက်ချင်း ဘယ်မှာလဲ"

သွေးအေးနန်းတော်၏ အဓိပဓိနှင့်လူများ၊ ကေထျန်းဝူဓားဂိုဏ်း၏ အဓိပဓိနှင့် အခြားသူများက စူးရှသောမျက်လုံးများဖြင့် ဧရိယာကို အကဲခတ်လိုက်သည်။ လုမင်ကို ရှာဖွေရန် သူတို့၏ ဝိညာဉ်အသိများကို ဖြန့်ကျက်ကြ၏။

"အဓိပဓိတို့၊ လုရှောက်ချင်းက သူ့ကိုယ်သူ ရုပ်ဖျက်တာ ကျွမ်းတယ်။ သူက သူ့ရဲ့ အရှိန်အဝါကိုတောင် ပြောင်းလဲနိုင်သေးတယ်။ ဒီလူအုပ်ထဲမှာ သူ ရောက်နေနိုင်တယ်"

ရွယ်လော့ကျစ်က အော်လိုက်သည်။

သူသည် ဆေးမြို့တော်တွင် လုမင်နှင့် တိုက်ခိုက်ခဲ့ဖူးသောကြောင့် လုရှောက်ချင်း၏ အသွင်အပြင်နှင့် အရှိန်အဝါကို ကောင်းစွာသိသည်။

သို့သော်၊ မြင့်မြတ်အိမ်တော် လျှို့ဝှက်နယ်မြေတွင် ပြန်တွေ့ချိန်မှာတော့ ခုရှောက်ချင်း၏ အသွင်အပြင်နှင့် အရှိန်အဝါက လုံးဝ မတူတော့ပါ။ လုမင်၏ ဝါးမျိုခြင်း စွမ်းအားကိုသာ မမှတ်မိပါက လုမင်၏ ဝိသေသလက္ခဏာကို အသိအမှတ်ပြုလိမ့်မည် မဟုတ်ပေ။

ထို့ကြောင့် လုမင်က ရုပ်ဖျက်ခြင်းပညာတွင် ကျွမ်းကျင်ရမည်မှန်း သူသဘောပေါက်ခဲ့သည်။

"ဟမ့်၊ လူအုပ်ထဲမှာ အသွင်ဆောင်ထားရုံနဲ့ ငါ မင်းကို ရှာတွေ့နိုင်မှာ မဟုတ်ဘူးလို့ ထင်တာလား။ တစ်ဦးပြီးတစ်ဦး စစ်ဆေးမယ်"

ထျန်းဝူဓားဂိုဏ်း၏ အဓိပဓိထံမှ ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါတစ်ခု ထွက်ပေါ်လာသည်။ သူ၏ ဝိညာဉ်အသိက လုမင်နှင့် မြင့်မြတ်အိမ်တော် လျှို့ဝှက်နယ်မြေသို့ ဝင်ရောက်ခဲ့ကြသော လူအားလုံးကို ဖုံးလွှမ်းသွားသည်။ လူအများ၏ အမူအရာများ သိသိသာသာ ပြောင်းလဲသွား၏။

လုမင်၏ အမူအရာမှာလည်း ပုံမှန်ပြန်မဖြစ်မီ အနည်းငယ်ပြောင်းလဲသွားခဲ့သည်။

"သူတို့ကို တစ်ယောက်ပြီးတစ်ယောက် စစ်ဆေးမယ်ပေါ့၊ မင်းဘယ်လိုလုပ်မလဲ"

အခြားအင်အားစုများမှ ကျွမ်းကျင်သူတချို့က မကျေမနပ်ဖြင့် ပြောလိုက်၏။

"သူတို့တစ်ဦးစီရဲ့ စိတ်ဝိညာဉ်ကို ရှာမယ်"

သွေးအေးနန်းတော်၏ အဓိပဓိက လှောင်ပြောင်သည်။

"ဟားဟားဟား၊ ဝိညာဉ်ရှာဖွေမှာ၊ မင်းကိုယ်မင်း ဘယ်သူထင်လို့လဲ။ ငါ့ဟန်ချင်းတောင်ဂိုဏ်းရဲ့ တပည့်တွေအပေါ်မှာ ဝိညာဉ်ရှာဖွေတာကို ခွင့်မပြုနိုင်ဘူး"

ဟန်ချင်းတောင်ဂိုဏ်းမှ အဓိပတိက အေးစက်စက်ဖြင့် ရယ်မောလိုက်သည်။

"မှန်တယ်၊ မင်းကိုယ်မင်း ဘယ်သူလို့ထင်လဲ။ ငါ့ ကောင်းကင်လင်းယုန်ခံတပ်ရဲ့ တပည့်တွေကို ဝိညာဉ်ရှာဖွေဖို့ ခွင့်မပြုနိုင်ဘူး။ လုရှောက်ချင်းကို ဖမ်းချင်ရင် ကိုယ့်ဘာသာ စဉ်းစားနေ"

ကောင်းကင်လင်းယုန်ခံတပ်မှ အဓိပတိများကလည်း လှောင်ပြောင်လိုက်ကြသည်။

အုပ်စိုးသူအင်အားစုများမှ အဓိပတိများက သွေးအေးနန်းတော်နှင့် ထျန်းဝူဓားဂိုဏ်း၏ အဓိပတိများကို အေးစက်စက်ဖြင့် ကြည့်လိုက်သည်။ သူတို့အားလုံးက အုပ်စိုးရှင် အင်အားစုချင်း ဖြစ်ကြသောကြောင့် သူတို့ကို မကြောက်ပေ။

ထျန်းဝူဓားဂိုဏ်းနှင့် သွေးအေးနန်းတော်က လု‌ရှောက်ချင်းကြောင့် အကြီးအကျယ်ဆုံးရှုံးခဲ့ရတာ မှန်သည်။ သို့ရာတွင် ထိုအတွက် သူတို့တပည့်များ၏ ဝိညာဉ်များကို ရှာဖွေလိုခြင်းက ရယ်စရာမဟုတ်ပါလား။

သွေးအေးနန်းတော်မှ အဓိပတိများနှင့် ထျန်းဝူဓားဂိုဏ်းမှ အဓိပဓိတို့၏ မျက်နှာအမူအရာများ မည်းမှောင်သွားကြသည်။

"အုပ်စိုးရှင်အင်အားစုရဲ့ တပည့်တွေ ထွက်ခွာသွားနိုင်ပေမဲ့ အခြားဂိုဏ်းတွေနဲ့ သီးခြားကျင့်ကြံသူအားလုံး ချန်ခဲ့ရမယ်။ သူတို့ရဲ့ ဝိညာဉ်တွေကို ငါတို့ ရှာဖွေမယ်"

ထျန်းဝူဓားဂိုဏ်း၏ အဓိပဓိက ခဏစဉ်းစားကာ ပြောလိုက်သည်။

"ဘာ၊ ခင်ဗျားက ကျုပ်တို့ရဲ့ ဝိညာဉ်တွေကို ရှာဖွေချင်တာလား။ မဟုတ်ဘူး၊ သိပ်မလွန်လာပါနဲ့"

"ကျုပ် ဘယ်တော့မှသဘောမတူဘူး"

"ဒါက ထျန်းရှအကယ်ဒမီနော်။ ခင်ဗျားတို့ ထျန်းဝူဓားဂိုဏ်းနဲ့ သွေးအေးနန်းတော် မဟုတ်ဘူး"

ချက်ခြင်းပင် အင်အားစုငယ်များက လူများက အော်ဟစ်လိုက်ကြသည်။

လူတိုင်းတွင် ကိုယ်ပိုင်လျှို့ဝှက်ချက်များရှိ၏။ သို့ဖြစ်ပေရာ အခြားသူများကို သူတို့၏စိတ်ဝိညာဉ်အား မည်ကဲ့သို့ ရှာခွင့်ပြုနိုင်ပါမည်နည်း။

"တိတ်စမ်း"

ထျန်းဝူဓားဂိုဏ်း၏ အဓိပဓိထံမှ နတ်ဓားတစ်လက်ကဲ့သို့ အဆုံးမဲ့ ဖိအားများ ပေါက်ကွဲထွက်လာကာ လူများစွာကို အသက်ရှူမဝနိုင်အောင် ဖြစ်စေခဲ့သည်။

အုပ်စိုးရှင်အင်အားစုများက လွှမ်းမိုးပြီး ရက်စက်ကြမ်းကြုတ်သော အင်အားစုများ ဖြစ်သည်။ တူညီသော အဆင့်ရှိ အင်အားစုများမှလွဲ၍ အခြားအင်အားစုများသည် ၎င်းတို့၏ မျက်လုံးများတွင် ပုရွက်ဆိတ်များနှင့် မခြားပေ။

ဤသည်ကလည်း‌ လောကအမှန်တရား ဖြစ်သည်။ သိုင်းအုပ်ချုပ်သူတစ်ပါး မွေးဖွားမလာသရွေ့ ယခုကဲ့သို့သာ ဖြစ်နေပေလိမ့်မည်။

"ဝုန်း"

ထိုအချိန်တွင် ကောင်းကင်ယံ၌ လေနှင့် တိမ်များ စုဝေးလာသည်။ အဆုံးမဲ့ တိမ်တိုက်များက ကြီးမားသော မျက်နှာကြီးတစ်ခုအဖြစ် စုရုံးလာခဲ့၏။ အဆုံးမဲ့ ကြီးမားသော အုပ်ချုပ်သူ အရှိန်အဝါများကလည်း ၎င်းမှ ထွက်ပေါ်လာတော့သည်။

"အုပ်ချုပ်သူ... အုပ်ချုပ်သူ ပေါ်လာပြီ"

တစ်ယောက်ယောက်က အော်လိုက်သည်။ လူအများ၏ မျက်နှာအမူအရာများလည်း သိသိသာသာ ပြောင်းလဲသွား၏။

"ဧကရာဇ်ကို နှုတ်ခွန်းဆက်ပါတယ်"

ထျန်းရှအကယ်ဒမီမှ သာမန်တပည့်ဖြစ်ဖြစ်၊ အဓိပဓိများဖြစ်ဖြစ်... ချက်ချင်း ဦးညွတ်လိုက်ကြသည်။

အကြောင်းမူ၊ ၎င်းက ထျန်းရှအကယ်ဒမီ၏ သိုင်းအုပ်ချုပ်သူ ဖြစ်နေသောကြောင့်ပင်။

အခြားအင်အားစုများမှ လူများကလည်း ဆောလျင်စွာ ဦးညွှတ်လိုက်ကြသည်။ ဤသည်မှာ သိုင်းအုပ်ချုပ်သူအား သူတို့၏ လေးစားမှုပင် ဖြစ်ချေသည်။

"သူတို့ကို လွှတ်လိုက်ပါ။ အခု ငါ့ရဲ့ ထျန်းရှအကယ်ဒမီမှာရှိလို့၊ အကယ်ဒမီက လူတိုင်းရဲ့ ဘေးကင်းမှုကို သေချာစေရမယ်"

ဧကရာဇ်က ပေါ့ပေါ့ပါးပါးပြောကာ မထူးခြားသော်လည်း သူ့လေသံက ခိုင်မာသည်။

"ဒါပေမယ့်…"

ထျန်းဝူဓားဂိုဏ်း၏ အကြီးအကဲက တစ်ခုခုပြောရန် ဟန်ပြင်လိုက်သည်။

"ထပ်ပြောစရာ မလိုပါဘူး၊ သွားကြတော့"

ဧကရာဇ်က သူ့ကို ကြားဖြတ်ပြောလိုက်၏။

ထျန်းဝူဓားဂိုဏ်းနှင့် သွေးအေးနန်းတော်မှ အဓိပဓိလည်း ခေါင်းညိတ်လိုက်ကြသည်။ သူတို့တွင် ဧကရာဇ်၏စကားကို နာခံရန်မှတပါး ရွေးချယ်စရာမရှိတော့ပေ။

"သွားကြရအောင်"

ထျန်းဝူဓားဂိုဏ်း၏ အဓိပဓိက အင်အားစုငယ်များနှင့် တစ်ကိုယ်တော်ကျင့်ကြံသူများကို တစ်ချက်ကြည့်ကာ ထျန်းဝူဓားဂိုဏ်းမှ လူများနှင့်အတူ ထွက်ခွာသွားခဲ့သည်။

သွေးအေးနန်းတော်မှ အဓိပဓိကလည်း သွေးအေးနန်းတော်မှ လူများနှင့်အတူ ထွက်ခွာသွားတော့သည်။

ထို့နောက်တွင် အခြား အုပ်စိုးရှင် အင်အားစုများမှ လူများလည်း ထွက်ခွာသွားကြသည်။

ကောင်းကင်ပြင်ကြီးပေါ်ရှိ မျက်နှာကြီးလည်း သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားခဲ့၏။ ဧကရာဇ်၏ အရှိန်အဝါသည်လည်း ဘယ်သောအခါမှ ပေါ်မလာသကဲ့သို့ အရိပ်အယောင်မရှိဘဲ ပျောက်ကွယ်သွားတော့သည်။

သို့သော်လည်း အင်အားစုငယ်များမှ လူများကတော့ မထွက်ခွာခဲ့ကြပေ။

၎င်းတို့က ထျန်းရှအကယ်ဒမီ၏ တည်နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါမှတဆင့် ထွက်ခွာသွားရန် စီစဉ်ခဲ့ကြသည်။ အကြောင်းမှာ ထျန်းဝူဓားဂိုဏ်းနှင့် သွေးအေးနန်းတော်က ထျန်းရှအကယ်ဒမီ အပြင်ဘက်တွင် ၎င်းတို့ကို ကြားဖြတ်ဟန့်တားနိုင်သောကြောင့် ဖြစ်သည်။ ထိုသို့ ထွက်သွားခြင်းက အန္တရာယ်များလွန်းလှပေသည်။

တည်နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါက အလုံခြုံဆုံးနည်းလမ်း ဖြစ်သည်။

ဤအတွက် ထျန်းရှအကယ်ဒမီကလည်း ငြင်းစရာအကြောင်းမရှိပေ။ အကြောင်းမှာ ၎င်းတို့က တည်နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါကို အသုံးပြုရန်အတွက် ဝိညာဉ်တော်ကျောက်တုံးများနှင့် မူလကျောက် အများအပြားကို ပေးဆောင်ရသောကြောင့် ဖြစ်သည်။

လုမင်သည်လည်း လူအုပ်ကြားထဲမှာ ပါဝင်ခဲ့သည်။ သူသည်လည်း ထျန်းရှအကယ်ဒမီမှ ထွက်ခွာရန်အတွက် တည်နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါအား အသုံးပြုရန် စီစဉ်ခဲ့လေသည်။

ကောင်းကင်တွင် ခုန်းရှင်းနှင့် စန္ဒကူးနတ်သမီးတို့က ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်နေသည်။ သူတို့က လုမင်ကို ရှာဖွေနေခြင်း ဖြစ်နိုင်ကောင်း၏။ သို့သော်လည်း လုမင်က သူ့ကိုယ်သူ ပြသရန် အစီအစဉ်မရှိပေ။

လတ်တလောတွင်၊ သူက ကျပန်းတောင်တစ်လုံးကိုရှာကာ တိတ်တဆိတ် လေ့ကျင့်ရန် စီစဉ်ထားခဲ့သည်။

ယခုအချိန်တွင် လူများက မနည်းလှပေ။ တည်နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါအတွက် တန်းစီနေကြမည်မှာ သေချာပါသည်။ ရက်အနည်းငယ်အတွင်း၌ ထွက်သွားနိုင်လျှင်ပင် ကံကောင်းသည်ဟု ဆိုရမည်။

‌‌အချိန်ကျသောအခါ လုမင် ထွက်ခွာလာခဲ့သည်။ ကျောက်ကြမ်းများကို ပေးဆောင်ပြီးနောက် လုမင်သည် တည်နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါကို ဝင်ရောက်ခဲ့၏။

'သူတော်စင်မြို့တော် ငါလာပြီ။ ရှောင်ချင်း… မင်း အခု အဆင်ပြေရဲ့လား"

လုမင်၏ နှလုံးသားက အခုန်မြန်လာသည်။

သူ၏ ဦးတည်ရာကတော့ အလယ်ပိုင်းတိုက်ကြီး၏ သူတော်စင်မြို့တော်ပင်။ ၎င်းက အလယ်ပိုင်းတိုက်ကြီးတွင် အကြီးဆုံးမြို့ဖြစ်သော ရှေးဟောင်းသန့်စင်မင်းဆက်၏ တော်ဝင်မြို့တော် ဖြစ်သည်။

တည်နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါက တောက်ပလာပြီးနောက် လုမင်၏ပုံရိပ် ပျောက်ကွယ်သွားတော့သည်။

အလယ်ပိုင်းတိုက်ကြီး၏ သူတော်စင်မြို့တော်သည် ရှမ်းဟွမ်တိုက်ကြီးတွင် အကြီးဆုံးမြို့ ဖြစ်သည်။ ၎င်းက ရှေးဟောင်း သန့်စင်မင်းဆက်၏ တော်ဝင်မြို့တော်လည်း ဖြစ်၏။ သူတော်စင်မြို့တော်ကို ဝန်းရံထားသော မြို့ရိုးရှစ်ခုလည်း ရှိသည်။

ဤမြို့ရှစ်မြို့လုံးတွင် တည်နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါများ ရှိ၏။ အကယ်၍ အပြင်လူတစ်ဦးက သူတော်စင်မြို့တော်ကို ဝင်ရောက်ချင်လျှင် မြို့ရိုးကို ဦးစွာ တယ်လီပို့ပြီးမှ သူတော်စင်မြို့တော်သို့ ဆက်လက်ပျံသန်းရမည် ဖြစ်သည်။

ယနေ့တွင် အရှေ့အရပ်ရှိ မြို့ရိုးတစ်ခု၏ တည်နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါက တောက်ပလာကာ လုမင်၏ပုံရိပ် ပေါ်လာသည်။

လုမင်က ထိုနေရာတွင် မရပ်ပေ။ သူက မြို့ရိုးမှ ထွက်ခွာကာ သူတော်စင်မြို့တော်သို့ ပျံသန်းသွားခဲ့သည်။

မြို့ရိုးက သူတော်စင်မြို့တော်နှင့် မိုင်ဆယ်သန်းခန့် ဝေးကွာသည်။ သို့သော်လည်း လုမင်၏ လက်ရှိအမြန်နှုန်းသည် လွန်စွာ မြင့်မား၏။ မကြာမီပင် မိုင်ဆယ်သန်းကျော်ကို ဖြတ်ကျော်ပြီး ကြီးမားသော မြို့ကြီးတစ်ခုက သူ့ရှေ့တွင် ပေါ်လာခဲ့သည်။

သူတော်စင်မြို့တော်တွင် ရှေးကျသော အရှိန်အဝါ၊ အချိန်၏ တိုက်စားခြင်း အရိပ်အမြွက်များ ပြည့်နေခဲ့၏။ ဤသည်က သူတော်စင်မြို့တော်အပေါ် လုမင်၏ ပထမဆုံးသော ခံစားချက် ဖြစ်သည်။

မြို့ရိုးကြီးက ဓား၊ လှံ လက်နက်ရာများဖြင့် ပြည့်နှက်နေပေသည်။ ၎င်းက သူတော်စင်မြို့တော်၏ ရှေးဟောင်းသမိုင်းကို ဖော်ကျူးနေပုံ ရသည်။

သူတော််စင်မြို့တော်က အလွန်ကြီးမားပြီး ကြီးကျယ်ခမ်းနားသည်။ သို့ရာတွင်၊ ၎င်းက ရှမ်းဟွမ်တိုက်ကြီးရှိ အကြီးဆုံးမြို့မဟုတ်၊ အခမ်းနားဆုံးမြို့လည်း မဟုတ်သည်ကတော့ အသေချာပင်။ အနည်းဆုံးတော့ ကောင်းကင်ဧကရာဇ်ဘုရားကျောင်း၏ နဂါးကိုးကောင်မြို့က သူတော်စင်မြို့တော်ထက် အများကြီး ပိုကြီးသည်။

သို့သော် သူတော်စင်မြို့တော်က ကမ္ဘာ့ပထမမြို့ ဖြစ်နေဆဲပင်။

သူတော်စင်မြို့တော်က ကြာမြင့်စွာကတည်းက တည်ရှိနေခဲ့သည်။ မရေမတွက်နိုင်သော ဒဏ္ဍာရီများ ကျန်ရစ်ခဲ့ကာ မရေမတွက်နိုင်သော လျှို့ဝှက်ချက်များလည်း ရှိ၏။

ထို့အပြင် သူတော်စင်မြို့တော်တွင် လျှို့ဝှက်နယ်မြေများသို့ ဝင်ပေါက်များစွာလည်း ရှိသည်။ တကယ်တမ်းတွင် ထိုလျှို့ဝှက်နယ်မြေများက သူတော်စင်မြို့တော်၏ အစိတ်အပိုင်းတစ်ခုအနေဖြင့်လည်း ယူဆနိုင်ပေသည်။ ထိုလျှို့ဝှက်နယ်မြေများနှင့်အတူ သူတော်စင်မြို့တော်က ကြောက်မက်ဖွယ်ရာ ဖြစ်လာခဲ့ရသည်။

ထိုလျှို့ဝှက်နယ်မြေများတွင် တန်ခိုးရှင်များ မည်မျှလျှို့ဝှက်ထားသနည်း၊ လျှို့ဝှက်ချက်များ မည်မျှရှိမည်ကို မည်သူမျှ မသိနိုင်ပေ။ ထို့ကြောင့်ပင် အလယ်ပိုင်းတိုက်ကြီးရှိ ရှေးဟောင်းသန့်စင်မင်းဆက်က ကျဆင်းသွားသည့်တိုင် ဗဟိုတိုက်ကြီးတွင် သြဇာအရှိဆုံး အင်အားစုအဖြစ် ရှိနေဆဲဖြစ်ပြီး မည်သူမျှ လျှော့မတွက်ဝံ့ပါချေ။

All Chapters