← Chapters

အခန်း ၁၀၉၁

Vol. 73 Ch. 1091

အခန်း ၁၀၉၁

Vol. 73 Ch. 1091

အပိုင်း ( 1091 ) အထောက်အထား ပြောင်းလဲခြင်း။

လုမင်က သူတော်စင်မြို့တော်ဆီသို့ ပျံသန်းသွားကာ ပိုက်လိုင်းတစ်ခုပေါ်သို့ ဆင်းသက်ခဲ့သည်။ သူက အခြားသူများနှင့်အတူ မြို့တံခါးကို ဖြတ်လျှောက်ခဲ့၏။

မြို့တံခါးကို စောင့်ကြပ်နေသော တပ်သားများလည်း ရှိကြသည်။ လုမင်က အကဲခတ်လိုက်သောအခါ ဤတပ်သားများအားလုံးက ဝိညာဉ်သန္ဓေသားနယ်ပယ် ကျွမ်းကျင်သူများဖြစ်ကြောင်း သဘောပေါက်လိုက်၏။

ရှောင်တခင် စစ်ဆေးပြီးနောက် သူတော်စင်မြို့ထဲသို့ လုမင် ဝင်ရောက်လာခဲ့သည်။ ချက်ခြင်းပင်၊ ရှေးကျသော အရှိန်အဝါတစ်ခုက သူ့ဆီသို့ ပြေးလာသည်။

သူတော်စင်မြို့တော်တွင် လမ်းတိုင်း၊ နန်းတော်တိုင်းနှင့် အိမ်တိုင်းက အချိန်ကာလ၏ အရိပ်အမြွက်တို့ ပြည့်နှက်နေလေသည်။ ၎င်းတို့ဟာ လွန်ခဲ့သော နှစ်သန်းပေါင်းများစွာက အချိန်စကြာဝဠာ တည်ရှိမှုကို ဖြတ်ကျော်သွားသကဲ့သို့ ဖြစ်သည်။

"ကြွယ်ဝလိုက်တဲ့ ဝိညာဉ်စွမ်းအင်၊ ဒီမှာ မူလစွမ်းအင်တွေတောင် ရှိတာပဲ။ နောက်ပြီး မိုးနဲ့မြေရဲ့ တာအိုကလည်း ရှင်းလင်းပြတ်သားတယ်။ သူတော်စင်မြို့တော်ကြီးတစ်ခုလုံးက မိုးနဲ့မြေရဲ့ သဘာဝစွမ်းအင်နဲ့ တာအိုတို့ကို အဆက်မပြတ်စုဆောင်းပေးတဲ့ ဧရာမ ဝင်္ကပါကြီးတစ်ခုလိုပဲ"

လုမင် သက်ပြင်းချလိုက်သည်။ ဤနေရာတွင် လေ့ကျင့်ရလျှင် သူ၏ ကျင့်ကြံခြင်းအရှိန်က အလွန်မြန်လာမည်မှာ အသေချာပင်။

သူတော်စင်မြို့တော်ကို အပြင်မြို့၊ အတွင်းမြို့နှင့် အမြုတေဟူ၍ ပိုင်းခြားထားသည်။

သာမန် သိုင်းပညာရှင်၊ အင်အားစုငယ်များနှင့် သီးခြား ကျင့်ကြံသူများအားလုံးက မြို့ပြင်တွင် နေထိုင်ကြလေသည်။

အတွင်းမြို့ကတော့ သူတော်စင်မြို့တော်ရှိ အင်အားကြီး အင်အားစုများ၏ နေထိုင်ရာနေရာ ဖြစ်သည်။ ဥပမာအားဖြင့်၊ ရှေးဟောင်း သူတော်စင်မင်းဆက်၏ မင်းသားများ၊ မြို့စားများနှင့် အတွင်းဝန်များ၏ နေအိမ်များ ရှိသည်။ ဟုတ်ပေသည်၊ အလယ်ပိုင်းတိုက်ကြီး၏ အခြားအုပ်စိုးရှင် အင်အားစုများကလည်း သူတော်စင်မြို့တော်၏ အတွင်းမြို့တွင် ကိုင်းခွဲများကို နေရာချထားသည်။

အမြုတေကတော့ ရှေးဟောင်း သန့်စင်မင်းဆက်၏ ရှဲ့မိသားစုမှ အဓိက အင်အားစုဝင်များ နေထိုင်ကြသည့် နေရာပင်။

လုမင်က မြို့အပြင်စည်းတွင် ပေါ့ပေါ့ပါးပါး လျှောက်နေသည်။

သူက အမြုတေနန်းတော်ထဲကို ခိုးဝင်ကာ ရှဲ့နျန်ချင်းကိုရှာဖွေရန် စဉ်းစားနေခဲ့၏။

ခဏ လမ်းလျှောက်ပြီးနောက် လုမင်ဟာ စားသောက်ဆိုင်တစ်ခုဆီသို့ လျှောက်သွားသည်။ စားသောက်ဆိုင်များက အချက်အလက်စုဆောင်းရန် အကောင်းဆုံးနေရာများ ဖြစ်ပေသည်။

ဟင်းပွဲအနည်းငယ်ကို မှာယူပြီးနောက် လုမင်ဟာ စားပွဲတစ်ခုတွင် ဝင်ထိုင်လိုက်သည်။

"နောက်နှစ်လအတွင်းမှာ ရှေးဟောင်း သူတော်စင်မင်းဆက်ရဲ့ နှစ်သန်းချီအတွင်း အမျိုးသားပွဲတော် ကျင်းပတော့မယ်တဲ့။ ဒီအချိန်ကျရင် သူတော်စင်မြို့တော်က ပြန်ပြီး စည်ကားလာလိမ့်မယ်"

“ဒါကတော့ အသေချာပေါ့။ ဒါက အနှစ်တစ်သန်းရဲ့ အမျိုးသားပွဲတော်ပဲလေ။ အရမ်းအရေးကြီးတာပေါ့။ အချိန်ကျရင် အလယ်ပိုင်းတိုက်ကြီးရဲ့ အုပ်စိုးရှင် အင်အားစုတွေနဲ့ အခြား အင်အားစုတွေလည်း သူတော်စင်မြို့တော်ကို လူတွေကို စေလွှတ်ကြလိမ့်မယ်။ မြောက်ပိုင်းလွင်ပြင်၊ တောင်ပိုင်း၊ အရှေ့ပိုင်းကန္တာရတို့ကလည်း လူတွေကို စေလွှတ်ကြဦးမှာ"

"ဒါက ရှယ်စည်ကားတော့မှာလေ၊ ရှားရှားပါးပါး မြင်ကွင်းတစ်ခုပေါ့။ အချိန်တန်ရင် ပါရမီရှင်တွေလည်း စုဝေးကြလိမ့်မယ်။ ဒါက ကြုံတောင့်ကြုံခဲပဲဟေ့"

"အေးပေါ့ကွ၊ ဒီမျိုးဆက်မှာ ကျွမ်းကျင်သူတွေ အများကြီးရှိတယ်။ ပါရမီရှင်တွေ အများကြီးစုရင် ပြိုင်ဆိုင်မှုတွေလည်း ရှိလာမှာပဲ။ ဟားဟားဟား"

လုမင် စားပွဲတွင်ထိုင်ပြီး မကြာမီပင် မကြာမီပင် အရေးကြီးသတင်းတချို့ကို ကြားလာရသည်။

"နှစ်တစ်သန်းကျော် အမျိုးသားပွဲတော်လား"

လုမင်၏ မျက်လုံးများက အရောင်လက်သွားသည်။

ရှေးဟောင်းသူတော်စင်မင်းဆက်၊ ရှဲ့မိသားစုကို တည်ထောင်ခဲ့သည်မှာ နှစ်ပေါင်းတစ်သန်းကြာသွားပြီ ဖြစ်သည်။ ဤသည်က တကယ့်ကို အံ့ဩစရာပင်။ ရှမ်းဟွမ်တိုက်ကြီးတစ်ခုလုံးတွင် မည်သည့်အင်အားစုက ဤမျှရှည်လျားသောသမိုင်းကြောင်းကို ပိုင်ဆိုင်နိုင်ပါမည်နည်း။ ယင်းက တုန်လှုပ်စရာကောင်းလွန်းသည်။

ရှေးဟောင်းသန့်စင်မင်းဆက်က ကျဆင်းသွားကာ ဧကရာဇ်များက ၎င်းတို့၏ နယ်မြေများကို ခွဲယူသွားသော်လည်း ရှေးဟောင်းသန့်စင်မင်းဆက်၏ အမည်ကို လေးစားရန် လိုအပ်ပါသေးသည်။ ရှေးဟောင်းသန့်စင်မင်းဆက်၏ အမိန့်ကို သူတို့ နားထောင်ခဲ့ရဆဲ ဖြစ်သည်။

ဟုတ်ပေသည်၊ ဤသည်က နာမည်သက်သက်သာ ဖြစ်သည်။

ထို့ကြောင့်ပင် ရှေးဟောင်းသန့်စင်မင်းဆက်၏ နှစ်တစ်သန်းပြည့် အမျိုးသားပွဲတော်က ပြပွဲအတွက်သာဖြစ်လျှင်ပင် အင်အားကြီး အင်အားစုအားလုံး တက်ရောက်ရဦးမည်။

"အဲဒီအချိန်ကျရင် အုပ်စိုးသူတချို့ရဲ့ ဧကရာဇ်တွေ ကြွမြန်းလာလိမ့်မယ်။ ငါတကယ်ကို စောင့်မျှော်နေတယ်"

"ဟုတ်တာပေါ့၊ အဲဒီအချိန်မှာ တန်ခိုးရှင်တွေလည် အများကြီးရှိလာမှာ သေချာတယ်။ ဒါကြောင့် တော်ဝင်နန်းတော်က သူတော်စင်မြို့တော်ကို ထိန်းသိမ်းဖို့နဲ့ တော်ဝင်နန်းတော်ကို ကာကွယ်ဖို့အတွက် ဧကရာဇ်နဂါးအစောင့်အရှောက်တွေကို ထပ်မံစုဆောင်းဖို့ ပြန်တမ်းထုတ်ထားပြီးပြီလို့ ကြားတယ်"

"ဒီလိုမျိုးလည်း ရှိတာလားဟ၊ လူခေါ်ယူမှုကို ဘယ်အချိန်မှာ စတင်မှာလဲ။ ငါလည်း စမ်းကြည့်ချင်တယ်"

"ဒီနေ့ပဲ စနေပြီလေ။ လဝက်လောက်ကြာအောင် စုဆောင်းမှာ၊ မင်း ဆန္ဒရှိရင်တော့ သွားစမ်းကြည့်ပေါ့။ ဒါပေမယ့် ဧကရာဇ်အစောင့်အရှောက်တွေရဲ့ စုဆောင်းမှု လိုအပ်ချက်တွေက အရမ်းမြင့်မားတယ်။ ဝိညာဉ်‌သန္ဓေသားနယ်ပယ် ကျင့်ကြံခြင်းအခြေခံမရှိရင် ဝင်ဖို့ မဖြစ်နိုင်ဘူး"

လုမင်လည်း ပို၍ စိတ်ဝင်စားလာကာ ဆက်လက် နားထောင်နေခဲ့သည်။ နောက်ဆုံးတွင် သတင်းများစွာ ကြာခဲ့ရပေသည်။

'ဧကရာဇ်နဂါးအစောင့်အရှောက်လား'

လုမင်၏ မျက်လုံးများက တောက်ပလာသည်။

ဧကရာဇ်နဂါးအစောင့်များက ရှေးဟောင်း သူတော်စင်မင်းဆက်၏ ဧကရာဇ်အစောင့်များ ဖြစ်သည်။ သူတို့က တော်ဝင်နန်းတော်ကို စောင့်ရှောက်ရန်နှင့် ဧကရာဇ်၏ ဆွေမျိုးသားချင်းများကို ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိပေသည်။

သူကလည်း ဧကရာဇ်နန်းတော်ထဲသို့ ခိုးဝင်ရန် ကြိုးစားနေသည် မဟုတ်လား။ အကယ်၍ ဧကရာဇ်အစောင့်အရှောက် ဖြစ်လာခဲ့လျှင် ပို၍ အဆင်ပြေမှာ မဟုတ်ပါလား။

သို့ရာတွင် ဧကရာဇ်နဂါးအစောင့်များက ဧကရာဇ်နန်းတော်ကို စောင့်ကြပ်ရန်နှင့် ဧကရာဇ်၏ဆွေမျိုးများကို ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိပေသည်။ ထို့ကြောင့် မပါဝင်မီတွင် ၎င်း၏ အထောက်အထားကို သေသေချာချာ စုံစမ်းရန် လိုသည်။ မဟုတ်၍၊ မည်သူမဆို ပါဝင်နိုင်လျှင် ဧကရာဇ်၏ ဆွေမျိုးများအတွက် ဘေးကင်းမှုက လုံခြုံမှုရှိမည် မဟုတ်ပေ။

လုမင်၏ အကြည့်များက နေရာပြောင်းသွားသည်။ သူက အရက်ခွက်ကို ကောက်ကိုင်လိုက်ကာ ဘေးနားမှ စားပွဲတစ်ခုဆီသို့ လျှောက်သွား၏။

"မင်္ဂလာပါ အစ်ကိုတို့၊ ခင်ဗျားတို့တွေ ဧကရာဇ်နဂါးအစောင့်တပ်ထဲကို ဝင်ချင်တယ်လို့ ပြောနေတာ ကြားတယ်၊ ဒါက တကယ်ပဲလား"

လုမင်က သူ့ခွက်ကို မြှောက်ကာ ပြုံးပြလိုက်သည်။

စားပွဲဝိုင်းတွင် အမျိုးသားနှစ်ယောက် ထိုင်နေသည်။ သူတို့ထဲတွင် တစ်ယောက်က အသက်လေးဆယ်ကျော်ခန့် ရှိပုံရပြီး ကျန်တစ်ယောက်ကတော့ မုတ်ဆိတ်ဗရပျစ်ဖြင့် အသက်သုံးဆယ်ခန့် ရှိပုံရလေသည်။

"မှန်ပါတယ်၊ ငါ့ညီက ဘာဖြစ်လို့လဲ"

မုတ်ဆိတ်မွေးဗရပျစ်နှင့် ထွားကျိုင်းသောလူက လုမင်ကိုကြည့်ကာ မေးလိုက်သည်။

"ကျွန်တော်က ငယ်အင်အားစုလေးတစ်ခုကနေ ရောက်လာခဲ့တာပါ။ ဒီကိုရောက်တော့ တန်ခိုးထွားတဲ့ ဧကရာဇ်နဂါးအစောင့်တပ်နဲ့ ပူးပေါင်းချင်ခဲ့တယ်လေ။ ဒါကြောင့် ဒီအကြောင်းပြောနေတာကြားတော့ ကျွန်တော်လည်း အစ်ကိုတို့နှစ်ယောက်နဲ့ အတူတူ အလုပ်လုပ်နိုင်မယ်လို့ ထင်ခဲ့တယ်။ ဒီအတွက်ပဲ အစ်ကိုတို့နဲ့ မိတ်ဖွဲ့ချင်ခဲ့တာပါ"

လုမင်က ပြုံးလိုက်သည်။

လုမင်၏ စကားကိုကြားတော့မှ နှစ်ယောက်သား စိတ်အေးလက်အေး ပြုံးပြလိုက်လေသည်။

"သူပဲ ဝင်ချင်တာပါ၊ ငါက မသွားဘူး။ ဒါပေမဲ့ ငါ့ညီ၊ ဧကရာဇ်နဂါးအစောင့်တပ်ထဲဝင်ဖို့ဆိုရင် လိုအပ်ချက်က မနည်းဘူးကွ။ အနိမ့်ဆုံး မင်းမှာ ဝိညာဉ်သန္ဓေသားနယ်ပယ် ကျင့်ကြံခြင်းအခြေခံ ရှိထားဖို့ လိုတယ်"

အသက်လေးဆယ်ကျော် ထွားကျိုင်းသော အမျိုးသားက ပြုံးကာ ပြောလိုက်သည်။

"ကောင်းလိုက်တာ။ ကျွန်တော်ကလည်း ဝိညာဉ်သန္ဓေသားနယ်ပယ်ကို ချိုးဖြတ်ပြီးသွားပြီဗျ၊ ကျွန်တော် စမ်းကြည့်လို့ရတယ်"

ပြောပြီးသည်နှင့် လုမင်၏ ခန္ဓာကိုယ်မှ အရှိန်အဝါတချို့ ပေါ်လာသည်။ ၎င်းက ဝိညာဉ်သန္ဓေသားနယ်ပယ် ပထမအဆင့်၏ အရှိန်အဝါဖြစ်ချေသည်။

ဖန်တုန်အရှိန်အဝါစွမ်းရည်က လူတစ်ယောက်၏ အရှိန်အဝါကို ပြောင်းလဲစေနိုင်ရုံသာမကဘဲ ကျင့်ကြံခြင်းကိုလည်း ဖုံးကွယ်ထားနိုင်သည်။

ယခုအခါ၊ လုမင်က သူ၏ ကျင့်ကြံခြင်းအခြေခံကို ဝိညာဉ်သန္ဓေသားနယ်ပယ် ပထမအဆင့်သို့ နှိမ့်ချထားခဲ့သည်။

လုမင်က ဝိညာဉ်သန္ဓေသားနယ်ပယ် ပထမအဆင့်တွင်သာ ရှိနေသည်အား သိရပြီးနောက် သူတို့နှစ်ဦး ပို၍ပင် စိတ်သက်သာရာရသွားသည်။ မုတ်ဆိတ်မွေးဗရပျစ်ဖြင့် ထွားကျိုင်းသောလူက ပြုံးကာ ပြောလေသည်။

"ငါ့ညီက ဒီလောက် အသက်ငယ်ငယ်နဲ့ ဝိညာဉ်သန္ဓေသားနယ်ပယ် ပထမအဆင့်ကိုတောင် ရောက်နိုင်ခဲ့တာပဲ။ မင်းကို ပါရမီရှင်တစ်ယောက်လို့ ပြောနိုင်တယ်။ ငါ တကယ်ပဲ လေးစားမိပါတယ်"

"အစ်ကိုကြီးတို့က ယဉ်ကျေးလွန်းပါပြီဗျာ။ လာလာ... ကျုပ်ကပဲ ဒကာပြုမယ်၊ ကျုပ်တို့ စိတ်ကျေနပ်တဲ့အထိ သောက်ရအောင်"

လုမင်က လွန်စွာ ရိုးသားဟန်ဖြင့် ပြောလိုက်သည်။

"ဟားဟား၊ ငါတို့ ဒါကို ဘယ်လို လက်ခံနိုင်မှာလဲကွာ"

အသက်လေးဆယ်ကျော် ထွားကျိုင်းသော အမျိုးသားကလည်း ရယ်မောလိုက်လေသည်။

ဤသည်က သူတော်စင်မြို့တော် ဖြစ်သည်။ ကျပန်းစားသောက်ဆိုင်တိုင်း၏ အစားအသောက်များက ဈေးမနည်းလှပေ။ ထို့ကြောင့် လုမင်၏ ပြုစုခြင်းဟာ သူတို့နှစ်ယောက်လုံး လုမင်အား လွန်စွာ သဘောကျသွားစေခဲ့သည်။

သုံးယောက်သား စကားစမြည်ပြောရင် ဆက်သောက်ခဲ့ပေသည်။ လုမင်က သူတော်စင်မြို့တော်ကို ယခုမှရောက်၍ သူမသိသေးသော အရာများစွာ ရှိခဲ့သည်။ သူတို့နှစ်ယောက်ကို မေးကြည့်သောအခါ နှစ်ယောက်စလုံးက သူတို့သိသမျှအား ပြောပြခဲ့လေသည်။

သူတို့နှစ်ဦးက သူတော်စင်မြို့တော်အပြင်ဘက်ရှိ လှံနက်ဂိုဏ်းမှ ဆင်းသက်လာကြောင်း လုမင် နားလည်ခဲ့ရသည်။ သူတို့က သူတော်စင်မြို့တော်နှင့် သိပ်မဝေးပေရာ၊ သူတော်စင်မြို့သို့ ပစ္စည်းများဝယ်ယူရန် မကြာခဏရောက်လာခဲ့ဘူး၏။

အသက်လေးဆယ်ကျော် ထွားကျိုင်းသောသူကို မာဝူဟုခေါ်ပြီး အသက်သုံးဆယ်ကျော် လူထွားကြီးကိုတော့ မင်လုဟု ခေါ်သည်။

'မင်လု၊ တိုက်ဆိုင်တာပဲ။ ငါ့နာမည်ကို ပြောင်းပြန် ဖတ်လိုက်ရင်ကော မင်လု မဟုတ်ဘူးလား'

လုမင်၏ နှုတ်ခမ်းများက အပြုံးတစ်ခုကဲ့သို့ တွန့်‌ကွေးသွားခဲ့သည်။

သုံးယောက်သား စကားစမြည်ပြောရင်း ဆက်လက် သောက်နေခဲ့ကြသည်။ မာဝူနှင့် မင်လုလည်း အားပါးတရ သောက်ခဲ့ကြပေသည်။

"ညီလေးမင်လု၊ မင်းက ဧကရာဇ်နဂါးအစောင့်တပ်ထဲကို ဝင်ချင်တာဆိုတော့ ဒီမှာပဲနေပြီး ညီငယ်လုနဲ့ စာရင်းသွင်းလိုက်ပါ။ ဂိုဏ်းဆီကို ငါပဲပြန်လာပြီး မင်းအကြောင်း ပြောပြလိုက်မယ်။ မင်းသာ ဧကရာဇ်နဂါးစောင့်တပ်မှာအလုပ်လုပ်နိုင်ရင်၊ လှံနက်ဂိုဏ်းက ကိစ္စတွေကို လုပ်ရတာ ပိုပြီး အဆင်ပြေမှာပါ"

မာဝူက ပြောလိုက်သည်။

"ကောင်းပြီလေ၊ အစ်ကိုကြီး... ခင်ဗျား အရင်ပြန်လို့ရပါပြီ။ မနက်ဖြန် ကျွန်တော် စာရင်းသွင်းလိုက်မယ်"

မင်လုက ခေါင်းညိတ်လိုက်သည်။

ထို့နောက်တွင် မာဝူက သူတို့ကို နှုတ်ဆက်ပြီး ထွက်သွားသည်။ လုမင်နှင့် မင်လုကတော့ အနီးနားတွင် တည်းခိုရန် တည်းခိုခန်းတစ်ခုကို ရှာခဲ့ကြ၏။ သူတို့က နောက်တစ်ရက်မှ စာရင်းသွင်းရန် စီစဉ်ထားခဲ့ပေသည်။

ညအချိန်သို့ ရောက်လာသည်။ ဤအချိန်တွင် လုမင်က သူ့အရှိန်အဝါကိုထိန်းချုပ်ကာ မင်လု၏ အခန်းထဲသို့ တိတ်တဆိတ် ဝင်သွားသည်။

"ဘယ်…"

မူလုက အော်ဟစ်ရန် ကြိုးစားလိုက်၏။ သို့သော်လည်း လုမင်က သွက်လက်စွာဖြင့် ဇာတ်ပိုးကို ဖြတ်ရိုက်လိုက်ရာ မင်လု သတိလစ်သွားတော့သည်။ ထို့နောက်တွင် မင်လုကို တောင်နှင့်မြစ် ပန်းချီကားအတွင်းသို့ထည့်လိုက်သည်။ ထို့နောက်တွင် သူ့ကို တစ်နေရာတွင် တံဆိပ်ခတ်ထားရန် တန်တန်အား တောင်းဆိုခဲ့ပေသည်။

"စိတ်မကောင်းပါဘူး၊ မင်းရဲ့အထောက်အထားကို ယူသုံးမိတဲ့အတွက် နောင်မှာ ငါ လျော်ကြေးပေးပါမယ်"

လုမင်က ခပ်တိုးတိုးလေး ပြောလိုက်သည်။ သူ၏ ကြွက်သားများနှင့် အရိုးများက လှုပ်ရှားလာကာ မင်လုအဖြစ်သို့ ပြောင်းလဲသွား၏။ ထို့နောက် သူ၏ အရှိန်အဝါကလည်း ပြောင်းလဲသွားပြန်ရာ မင်လုအစစ်နှင့် တူညီလာတော့သည်။

"မုတ်ဆိတ်မွေး လိုနေသေးတယ်"

လုမင်က ပြုံးကာ အခန်းထဲမှ ထွက်သွားသည်။ သူက မုတ်ဆိတ်မွေးအတုကို ဝယ်ကာ သူ့မျက်နှာပေါ်တွင် ကပ်လိုက်၏။ ချက်ခြင်းပင်၊ သူက မင်လုအစစ်နှင့် တထေရာတည်း တူညီသွားတော့သည်။ ယခုအချိန်တွင် မင်လုက သူ့အနားမှာ ရှိနေလျှင်ပင် လုမင် အယောင်ဆောင်ထားမှန်း မှတ်မိတော့မှာ မဟုတ်ပေ။

လုမင်က မင်လု၏ အထောက်အထားကို အသုံးပြုကာ ဧကရာဇ်နဂါးအစောင့်များထဲသို့ ခိုးဝင်ရန်နှင့် ရှဲ့နျန်ချင်း၏ တည်နေရာကို စုံစမ်းနိုင်ရန် အခွင့်အရေးအား ရှာဖွေချင်ခဲ့သည်။

ဤအတောအတွင်းမှာ မင်လုကိုတော့ အပြစ်ပြု၍ တောင်နှင့်မြစ်ပန်းချီကားထဲမှာပဲ ချုပ်နှောင်ထားရပေဦးမည်။

All Chapters