← Chapters

အခန်း ၁၀၉၃

Vol. 73 Ch. 1093

အခန်း ၁၀၉၃

Vol. 73 Ch. 1093

အပိုင်း ( 1093 ) အခကြေးငွေကောက်ခံခြင်း။

လုမင် မျက်မှောင်ကြုတ်လိုက်သည်။ ရှီဖန်၏ စကားလုံးများက သူ့ကို ပစ်မှတ်ထားနေကြောင်း ခံစားမိ၏။ သို့သော်လည်း သူသည် ရှီဖန်ကို တစ်ခါမျှ မမြင်ဖူးသောကြောင့် ရှီဖန်မှ သူ့ကို အဘယ်ကြောင့် အမြဲတမ်း ပစ်မှတ်ထားမှန်းမ မသိပေ။

ဤမင်လုက အတိတ်မှာ ရှီဖန်ကို စော်ကားခဲ့၍ဖြစ်သလော။

လုမင်လည်း သူ့ကိုယ်သူ တွေးလိုက်မိသည်။

ရှီဖန်က ပြောဆိုပြီးနောက် လှည့်ထွက်သွားသည်။ ထို့နောက်တွင် တစ်ယောက်ယောက်က သူတို့နေရန် နေရာစီစဉ်ပေးခဲ့၏။

လုမင်က ဒု‌အလံကိုင်ဖြစ်၍ ကိုယ်ပိုင် ခြံဝင်းငယ်တစ်ခု ရှိသည်။ လုမင်ကိုကူညီရန် လုမင်၏ ခြံဝင်းထဲတွင် နေထိုင်ရသော အခြားတစ်ဦးလည်း ရှိသေးသည်။

ဤလူက ဧကရာဇ်နဂါးအစောင့်တပ်သို့ အသစ်ဝင်ရောက်လာသူဖြစ်ကာ အသက်ငါးဆယ်ဝန်းကျင် ရှိပုံရသည်။ ၎င်း၏နာမည်က စွန်းလင်း ဖြစ်‌ချေသည်။

"သခင် ဒုအလံကိုင်၊ မင်း သတိထားပါ"

ခြံဝင်းကိုရောက်တော့ စွန်းလင်းက သူ့ကိုသတိပေးလာသည်။

"အိုး၊ မင်း ဘာပြောချင်တာလဲ"

လုမင် မေးလိုက်၏။

"အလံကိုင်ဦးစီးချုပ် ပြောသွားတာတွေကို ဒုအလံကိုင်သခင်လည်း ခံစားမိမှာပါ။ သူ့ရဲ့ စကားတွေက ဒုအလံကိုင်သခင်ကို အဓိကထားနေတာ"

စွန်းလင်းက ပြောလိုက်သည်။

"အိုး၊ ဘာကြောင့်လဲဆိုတာ သိလား"

လုမင်လည်း သိလိုစိတ်ဖြင့် မေးလိုက်၏။

"ဒုအလံကိုင်သခင်က အခုမှရောက်လာတာဆိုတော့ ဧကရာဇ်နဂါးအစောင့်တပ်ရဲ့ စည်းမျဉ်းစည်းကမ်းတွေကို ဘယ်သိပါ့မလဲ။ ဧကရာဇ်နဂါးအစောင့်အရှောက်တွေမှာ အရာအားလုံးက ခွန်အားကို အခြေခံတယ်။ အားကောင်းတဲ့သူတွေက ကောင်းကျိုးဆောင်နိုင်သရွေ့ ဆက်တက်နိုင်တယ်"

"ဒုအလံကိုင်သခင်၊ မင်းရဲ့ ကျင့်ကြံခြင်းအခြေခံက အဆင့်ခုနစ် ဝိညာဉ်သန္ဓေသားနယ်ပယ်ရှိပြီး အလံကိုင်ဦးစီးချုပ်ကတော့ အဆင့်ခြောက်မှာပဲ ရှိပါတယ်။ မင်းရဲ့ ကျင့်ကြံခြင်းက သူ့ထက် မြင့်မားတယ်"

ဤစကားကိုကြားတော့ လုမင်၏ မျက်လုံးများက လင်းလက်လာကာ ပြောလိုက်သည်။

"မင်းဆိုလိုတာက ရှီဖန်က သူ့ရာထူးကို ခြိမ်းခြောက်မှာကို စိုးရိမ်နေတာပေါ့"

"ဒုအလံကိုင်သခင်က ပါးနပ်ပါပေတယ်။ ရှီဖန်က ဦးစီးချုပ်ရာထူးကို ရရှိထားတာက သူ့မှာ အဋ္ဌမမင်းသားရဲ့ ကိုယ်ရေးကိုယ်တာ ကိုယ်ရံတော်ဖြစ်တဲ့ အစ်ကိုကြီးတစ်ဦးရှိလို့ပဲ။ အဲဒီလူကြောင့်ပဲ လူငါးရာကို ကွပ်ကဲရတဲ့ အလံကိုင်ဦးစီးချုပ် ဖြစ်လာနိုင်ခဲ့တာ။ နောက်ပြီး အရင် အခြား ဒုအလံကိုင်တွေကလည်း အမြင့်ဆုံးမှ ဝိညာဉ်သန္ဓေသားနယ်ပယ် အဆင့်ခြောက်ပဲ ရှိတာလေ။ ဒါကြောင့် သူ့ရာထူးက တည်ငြိမ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒုအလံကိုင်သခင်ရဲ့ ရာထူးက သူ့ထက်သာလွန်တယ်။ ဒါကြောင့် ဒုအလံကိုင်သခင်က ကောင်းကျိုးဆောင်သရွေ့ သူ့ကိုကျော်ပြီး အလံကိုင်ဦးစီးချုပ်ဖြစ်လာမှာ သဘာဝပါပဲ။ အဲဒါကြောင့် ရှီဖန်က ဒုအလံကိုင်ကို သဘောကောင်းမှာမဟုတ်ဘဲ လျှို့ဝှက်ကြံစည်မှုတောင် လုပ်နိုင်တယ်"

စွန်းလင်းက ရှင်းပြလိုက်သည်။

လုမင်လည်း ဤတော့မှ နားလည်သွားကာ ပြုံးလိုက်သည်။

သို့သော်၊ သူက ၎င်းကို ခေါင်းထဲပင် ထည့်မထားခဲ့ပေ။ သူက ရှီဖန်ကို လက်တစ်ချောင်းတည်းဖြင့် ဖိနှိပ်ထားနိုင်သောကြောင့် ၎င်းကို နှလုံးသွင်းရန် မလိုပေ။

ခဏကြာ စကားစမြည်ပြောပြီးနောက် လုမင်က အခန်းထဲသို့ဝင်ကာ တင်ပျဉ်ခွေထိုင်ပြီး တာအိုများအား စတင်နားလည်ဆင်ခြင်လိုက်သည်။

ယခင်က မြင့်မြတ်အိမ်တော်လျှို့ဝှက်နယ်မြေတွင် လုမင်က တာအိုအများအပြား ဝါးမြိုခဲ့ဖူးသည်။ ထိုစဉ်က သူ၏ ကျင့်ကြံခြင်းအခြေခံအပြင် တာအိုများကလည်း တိုးတက်ခဲ့၏။

သူ၏ မိုးကြိုးတာအိုနှင့် လေတာအို နှစ်ခုစလုံးက အဆင့်လေး သေးငယ်သော အောင်မြင်ခြင်းသို့ ချိုးဖြတ်သွားခဲ့သည်။ သူ၏ မီးတာအို အပါအဝင်ဆိုလျှင်၊ ယခုအခါ စတုတ္ထအဆင့် သေးငယ်သောအောင်မြင်ခြင်းသို့ ရောက်ရှိသွားသည်မှာ တာအိုသုံးခု ရှိခဲ့ပြီ။ ယခုအခါ၊ သူက မြေတာအိုနှင့် ရေတာအိုကို နားလည်ဆင်ခြင်ရန် အပြည့်အဝ အာရုံစိုက်ခဲ့သည်။

ပထမနှစ်ရက်အတွင်းမှာတော့ ဘာမှသိပ်မဖြစ်ခဲ့ပါ။

ဧကရာဇ်အစောင့်များသည် များသောအားဖြင့် ဘာမှလုပ်စရာမရှိ၍ ပျင်းစရာကောင်းလှသည်။

နောက်ဆုံးတွင် သူတို့အားလုံးက သူရဲကောင်းများဖြစ်၍ သာမန်လူများလို ကင်းလှည့်နေရန် မလိုပေ။ ထို့ကြောင့် ဘာမျှ လုပ်စရာမရှိသောအခါ အေးအေးဆေးဆေး လေ့ကျင့်ရန်သာ လိုသည်။ တစ်ခုခု ဖြစ်လာမှသာ လှုပ်ရှားကြလိမ့်မည်။

သုံးရက်မြောက်နေ့ညနေတွင် လုမင်က အပြင်ဘက်မှ လှုပ်ရှားမှုအချို့ကို ကြားလိုက်ရသည်။ ထို့ကြောင့် ကျင့်ကြံခြင်းကို အဆုံးသတ်ကာ တံခါးကိုဖွင့်ပြီး ထွက်လာခဲ့၏။

ခြံထဲတွင် လူနှစ်ယောက်ရှိသည်။ တစ်ယောက်က စွန်းလင်းဖြစ်ပြီး နောက်တစ်ယောက်ကတော့ မျောက်ကဲ့သို့ ပိန်ပိန်ပါးပါး လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးပင်။

ဤအခိုက်အတန့်တွင် စွန်းလင်းက သုန်မှုန်နေသောမျက်နှာအမူအရာဖြင့် သိုလှောင်လက်စွပ်တစ်ကွင်းကို ထုတ်ယူကာ ပိန်ပိန်လူလတ်ပိုင်းကို ပေးလိုက်သည်။

ပိန်ပိန် သက်လတ်ပိုင်းအမျိုးသားက သိုလှောင်လက်စွပ်ကို ဖမ်းယူလိုက်၏။ လုမင်ကိုတွေ့တော့ ၎င်းက ရယ်မောပြီး လျှောက်လာသည်။

"မင်းက မင်လုလား"

"မှန်တယ်"

လုမင် ပြောလိုက်သည်။

"ငါ မင်းကို လာရှာတာ။ မင်းက ဧကရာဇ်နဂါးအစောင့်တပ်ထဲကို ဝင်လာတာကြောင့် အလံကိုင်ဦးစီးချုပ်က ဂရုစိုက်ပြီ အမြင့်ဆုံး အကျိုးကျေးဇူးနဲ့ ဘဝကို ကောင်းကောင်းနေထိုင်နိုင်စေလိမ့်မယ်။ ဒါပေမယ့် ဦးစီးချုပ်ရှီဖန်ရဲ့ စောင့်ရှောက်မှုကို အလကားမထားရဘူး။ လေးစားမှုကို ပြသရမယ်၊ နားလည်လား"

လူလတ်ပိုင်းအရွယ် ပိန်ပိန်ပါးပါး အမျိုးသားက လက်ဝါးဖြင့်ပြလိုက်သည်။

လုမင်က နှုတ်ခမ်းကို တွန့်ကွေးလိုက်၏။ ပိန်ပိန်လူလတ်ပိုင်းကို ရှီဖန်က အကျိုးခံစားခွင့်များ စုဆောင်းရန် စေလွှတ်လိုက်ကြောင်း သူနားလည်ခဲ့သည်။

ယင်းက ပါဝင်သူအသစ်တိုင်းကို တောင်းခံမည်ဆိုတာ မေးနေရန်ပင် မလိုပေ။

လောဘကြီးလွန်းသည်။

"ပြောပါ၊ မင်းဘယ်လောက်လိုချင်လဲ"

လုမင် ပြောလိုက်သည်။

"မင်းက ဒုအလံကိုင်ပဲ။ ရာထူးမြင့်လေ လစာပိုပေးလေပဲ။

တခြားသူတွေအတွက် ကျောက်ကြမ်း ငါးသောင်းဖြစ်ပေမဲ့ မင်းငါ့ကို ကျောက်ကြမ်းနှစ်သိန်း ပေးရမယ်"

ပိန်ပိန် လူလတ်ပိုင်း အမျိုးသားက လှောင်ပြောင်လိုက်သည်။

"ငါးသောင်းလား၊ နှစ်သိန်းပေါ့"

လုမင်၏ နှုတ်ခမ်းများက တွန့်ကွေးကာ အပြုံးသည် ပို၍ ပီပြင်လာခဲ့၏။

လောဘကြီးလွန်းသည်။ ကျောက်ကြမ်းငါးသောင်းက သာမန် ဝိညာဉ်သန္ဓေသားနယ်ပယ် ကျင့်ကြံသူများအတွက် ကြီးမားသော ဝန်ထုပ်ဝန်ပိုးတစ်ခုပင်။

သို့တိုင်၊ အနှီ ပိန်ပိန်လူလတ်ပိုင်း အမျိုးသားက သူ့ထံမှ နှစ်သိန်းလိုချင်နေသည်။

ဤသည်မှာ ကျောက်ကြမ်း နှစ်သိန်းဖြစ်၍ သေးငယ်သော ပမာဏမဟုတ်ပေ။ သာမာန် ဝိညာဉ်သန္ဓေသားနယ်ပယ် ကျင့်ကြံသူတစ်ဦးအတွက် သေလောက်အောင်ခက်လိမ့်မည်။

ဤသည်က လုံးဝကို မတန်တဆ တောင်းဆိုမှုတစ်ခု ဖြစ်သည်။

"ငါ့မှာ ကျောက်ကြမ်းတွေ အများကြီးမရှိတာ စိတ်မကောင်းစရာပဲ။ ကျေးဇူးပြုပြီး ပြန်ပါ"

လုမင်က လျစ်လျူရှုစွာ ပြောလိုက်သည်။

"မင်းမှာမရှိဘူးလား။ ငါ့ကိုလှည့်စားဖို့မကြိုးစားနဲ့။ မင်းက ဝိညာဉ်သန္ဓေသားနယ်ပယ် သတ္တမအဆင့် ကျင့်ကြံသူပဲလေ။ မင်းရဲ့ ပိုင်ဆိုင်မှုအားလုံးနဲ့ဆိုရင် ကျောက်ကြမ်းနှစ်သိန်း ဘယ်လိုမှ မရဘဲမနေဘူး"

ပိန်ပိန်လူလတ်ပိုင်း အမျိုးသားက‌ လှောင်ပြောင်လိုက်၏။

"အိုး၊ ငါ့မှာ အရင်းအနှီးရှိသမျှက ကျောက်ကြမ်းနှစ်သိန်း ရှိတယ် ဆိုရင်တောင် မင်းကို ပေးလိုက်ရင် ငါ ဘယ်လို လေ့ကျင့်မလဲ"

လုမင်က ပြော၏။

"ဒါကို ငါဂရုမစိုက်ဘူး။ အဲဒါက မင်းရဲ့ပြဿနာပဲလေ။ မင်းမပေးဘူးဆိုရင်တော့ ဧကရာဇ်နဂါးအစောင့်ကနေ ထွက်သွားတာ အကောင်းဆုံးပဲ။ မဟုတ်လို့ ဦးစီးချုပ်ရဲ့ အကာအကွယ်မရှိရင် မင်း ဘယ်လိုသေရမှန်းတောင် သိလိုက်မှာမဟုတ်ဘူး"

ပိန်ပိန် လူလတ်ပိုင်း၏ မျက်နှာက မည်းမှောင်သွားသည်။

"ဟားဟားဟား"

လုမင် ဒေါသထွက်လွန်းကာ ရယ်လိုက်၏။

"ရှီဖန်ရဲ့ အကာအကွယ်ကို လိုတာလား၊ အဆင့်ခြောက် ဝိညာဉ်သန္ဓေသားနယ်ပယ်က ငါ့ကို ဘယ်လိုကာကွယ်မှာလဲ။ ဟာသပဲ...၊ တော်ပြီ... ဒီကနေ ချက်ချင်းထွက်သွားတော့။ မဟုတ်ရင် မင်းကို ငါလိုက်ပို့ပေးမယ်"

"အတင့်ရဲလိုက်တာ၊ ဦးစီးချုပ်ကို ဘယ်လိုတောင် လှောင်ပြောင်ဝံ့တာလဲ။ မင်းက သေချင်နေတာပဲ"

ပိန်ပိန်လူလတ်ပိုင်း အမျိုးသားက အော်လိုက်သည်။

"ထွက်သွား"

လုမင်က ရုတ်တရက် ဒေါသတကြီးအော်ကာ ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါတစ်ခု ထွက်ပေါ်လာပြီး ပိန်ပိန် သက်လတ်ပိုင်း အမျိုးသားကို ဖိနှိပ်လိုက်၏။ ပိန်ပိန် သက်လတ်ပိုင်းအမျိုးသားလည်း မိုးကြိုးပစ်ခံရသကဲ့သို့ တုန်လှုပ်သွားကာ ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်ရင်း သွေးများ အန်ထွက်လာတော့သည်။

"မင်း… မင်းစောင့်နေ၊ မင်း သေပြီ"

ပိန်ပိန် လူလတ်ပိုင်းအရွယ် အမျိုးသားက ဒေါသတကြီးဖြင့်အော်ကာ တုန်လှုပ်နေသော မျက်နှာဖြင့် လှည့်ထွက်သွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ပျောက်ကွယ်သွားတော့သည်။

"ဒုအလံကိုင်၊ မင်း သူ့ကို ဒီလို စော်ကားတာ ရှီဖန် မကြာခင် ရောက်လာမှာကို ငါကြောက်တယ်။ ဟင်း"

စွန်းလင်းက အနည်းငယ် စိုးရိမ်ဟန်ဖြင့် သက်ပြင်းချလိုက်သည်။

"သူက လူပြက်တစ်ယောက်ပဲလေ။ ဘာကိုကြောက်ရမှာလဲ"

လုမင်က ပေါ့ပေါ့ပါးပါး ပြောလိုက်၏။

"ရှီဖန်က ဘာမှမဖြစ်ပါဘူး။ ဒါပေမဲ့ သူ့အစ်ကိုက ဝိညာဉ်နတ်ဘုရားနယ်ပယ် ပထမအဆင့်က ကျွမ်းကျင်သူ၊ အဋ္ဌမမင်းသား၏ ကိုယ်ရံတော်ပဲ"

စွန်းလင်း၏ မျက်လုံးထဲတွင် ကြောက်ရွံ့မှု အရိပ်အယောင်များ ပေါ်လာသည်။

ဝိညာဉ်နတ်ဘုရားနယ်ပယ်မှ ကျွမ်းကျင်သူတစ်ဦးက ၎င်းတို့အား သေအောင်ရိုက်လိုပါက ပုရွက်ဆိတ်ကို ရိုက်လိုက်ခြင်းနှင့် ကွာခြားမည်မဟုတ်ပေ။

"အိုး"

လုမင်က အေးဆေးတည်ငြိမ်သောအမူအရာဖြင့် ဝင်းအတွင်းရှိ ကျောက်ခုံတန်းလျားတစ်ခုပေါ်တွင် ဘာမှမဖြစ်သကဲ့သို့ ပေါ့ပေါ့ပါးပါး ထိုင်လိုက်သည်။

ဘေးနားမှ စွန်းလင်းကတော့ စိုးရိမ်မှုဖြင့် ပြည့်နေတော့သည်။

ခဏအကြာ…

"ဒုန်း"

ခြံဝင်းတံခါးက ပေါက်ကွဲသွား၏။ ရှီဖန်က သုန်မှုန်နေသော မျက်နှာအမူအရာဖြင့် သူယုံကြည်ရသော လက်ထောက်အချို့ကိုခေါ်ကာ ဝင်လာတော့သည်။

"မင်လု၊ မင်းက အကြောင်းပြချက်မရှိဘဲ အခြား ဧကရာဇ်နဂါးအစောင့်ကို ဒဏ်ရာရစေခဲ့တာပဲ။ မင်းမှာ ယုတ်မာတဲ့ ရည်ရွယ်ချက်တွေ ရှိနေတယ်လို့ ငါ သံသယရှိတယ်။ အခုချက်ချင်း ဒူးထောက်ပြီး မင်းရဲ့ ပြစ်ဒဏ်ကို ခံယူပါ"

ရှီဖန်က အသံကျယ်ကျယ်ဖြင့် အော်ပြီး လုမင်ကို အပြစ်ဖို့ကာ စွပ်စွဲလိုက်သည်။

လုမင်က ဂရုမစိုက်ဟန်ဖြင့် ကြည့်လိုက်၏။

"အရူးကောင်၊ ငါမင်းကို အသက်သုံးရှိုက်စာ အခွင့်အရေးပေးမယ်။ ဒီကနေ ထွက်သွားတော့"

"အတင့်ရဲလိုက်တာ၊ မင်းရဲ့အထက်လူကြီးကို ဆန့်ကျင်ဝံ့တယ်။ မင်းရဲ့ အပြစ်တွေက ပိုပြီးကြီးလာပြီ။ မင်းရဲ့ ကျင့်ကြံခြင်းအခြေခံကို ဖျက်ဆီးပြီး ဧကရာဇ်နဂါးအစောင့်တပ်ကနေ နှင်ထုတ်ရလိမ့်မယ်"

ရှီဖန်က အသံကျယ်ကျယ်ဖြင့် အော်လိုက်၏။

"ဟားဟားဟား၊ ရှီဖန်... မင်း ကြိုးစားကြည့်ချင်လား"

လုမင်က ရယ်မောလိုက်သည်။

All Chapters