← Chapters

အခန်း ၁၀၉၄

Vol. 73 Ch. 1094

အခန်း ၁၀၉၄

Vol. 73 Ch. 1094

အပိုင်း ( 1094 ) ထွက်သွား။

"ဟမ့်၊ မင်း ခုခံဝံ့လား"

ရှီဖန်က တည်ကြည်သောမျက်နှာဖြင့် ပြောသည်။

လုမင် ခုခံဝံ့မည်ဟု သူ မယုံကြည်ပေ။ ရှီဖန်၏ အစ်ကိုက ဝိညာဉ်နတ်ဘုရားနယ်ပယ် ပထမအဆင့် ကျင့်ကြံသူဖြစ်သလို အဋ္ဌမမင်းသား၏ ကိုယ်ရံတော်လည်း ဖြစ်သည်။ လုမင်မှ သူ့ကို ထိဝံ့ခဲ့လျှင် သေအောင် အရိုက်ခံရလိမ့်မည်။

ထို့အပြင် သူ၏အရည်အချင်းက မဆိုးလှဘဲ အစ်ကိုကြီးထံမှ အတော်လေး အစွမ်းထက်သော သိုင်းပညာများကို သင်ယူထားခဲ့သည်။ လုမင်၏ ကျင့်ကြံခြင်းအခြေခံက သူ့ထက် အဆင့်ငယ်တစ်ဆင့် မြင့်နေလျှင်ပင် ကြောက်ရွံ့နေမည်မဟုတ်ပေ။

လုမင်က ရှီမန်၏စကားကို ပြန်မဖြေဘဲ ရှီဖန်အနားသို့ လျှောက်သွားကာ ပြောလိုက်သည်။

"အသက်သုံးရှိုက်စာ ကုန်သွားပြီ။ မင်းကို ငါကိုယ်တိုင် ထွက်သွားစေရမဲ့ပုံပဲ"

"အတင့်ရဲလိုက်တာ၊ မင်း တကယ်ပဲ ငါ့ကို ထိဝံ့မှာလား။ အားလုံး အတူတူ တိုက်ခိုက်ပြီး ဒီကောင့်ကို ရိုက်ကြမယ်"

ရှီဖန်က ဒေါသတကြီးဖြင့်ညအော်လိုက်သည်။ သူ့ထံမှ အစွမ်းထက် အရှိန်အဝါများ ပေါက်ကွဲထွက်ပေါ်လာခဲ့၏။

ရှီဖန်အပြင် အခြားလူ သုံးဦးကလည်း လှုပ်ရှားခဲ့ကြသည်။ သူတို့ထံမှ အရှိန်အဝါများ ပေါက်ကွဲထွက်လာကြ၏။ အမှန်ပင်၊ သူတို့အားလုံးက အဆင့်ခြောက် ဝိညာဉ်သန္ဓေသားနယ်ပယ်တွင် ရှိသည်။

ဤလူများက ဤအလံကိုင်တပ်အတွင်း၌ အသန်မာဆုံး ဖြစ်လိမ့်မည်။ အများအားဖြင့်၊ သူတို့သည် ရှီဖန်၏ ဦးဆောင်မှုကို လိုက်နာတတ်ကြသည်။

သူတို့လေးယောက်က အတူတကွ လှုပ်ရှားသောအခါ အားမနည်းသော်လည်း လုမင်၏အမြင်တွင် ကလေးကစားနေခြင်းနှင့် မခြားပေ။

"ဖြောင်း ဖုန်း"

လုမင်က ကန်ထုတ်လိုက်သည်။

သူက ခြေကန်ချက် ထုတ်ဖော်လိုက်သည်တွင် ခြေအရိပ်လေးခု ဖြစ်သွား၏။

"ဖြောင်း... ဖြောင်း…"

သူတို့လေး‌ယောက်၏ တိုက်ခိုက်မှုများက လုမင်၏ ခြေကန်ချက်အောက်တွင် ပူဖောင်းများကဲ့သို့ ဖြစ်သည်။ သူတို့၏ မျက်နှာများတွင် ခြေဖဝါးရာကြီးများ ပေါ်လာခဲ့၏။

ရှီဖန်နှင့် အခြားသုံးယောက်လည်း သနားစဖွယ်အော်ဟစ်ရင်း အမြောက်ဆံကဲ့သို့ လွင့်စဉ်သွားတော့သည်။ သူတို့၏ သနားစရာကောင်းသော အော်သံများက ညကောင်းကင်ယံတွင် ကျယ်လောင်စွာ ထွက်ပေါ်လာပြီး ခဏချင်း ဝေးကွာသွားခဲ့သည်။ သူတို့ မည်မျှ ဝေးဝေး ပျံသန်းသွားသည်ကိုတော့ မည်သူမျှ မသိခဲ့တော့ပေ။

ဤအချိန်တွင် ခြံဝင်းထဲ၌ မျောက်ကဲ့သိ့ ပိန်ပိန်လူလတ်ပိုင်းက ရှိနေဆဲ ဖြစ်သည်။ ယခုအခါ သူ၏မျက်လုံးများက ပေါက်ထွက်လုနီးပါးဖြစ်ကာ သူ့ခန္ဓာကိုယ်လည်း မရပ်မနား တုန်ရီနေခဲ့၏။ ကြောက်စိတ်ကြောင့် သူ့မျက်နှာက သွေးမရှိတော့သလို ဖြူရော်နေခဲ့ပြီ။

လုမင်က ရှီဖန်ကိုပင် ထိဝံ့သည်အထိ အတင့်ရဲမည်ဟု သူ မထင်ထားခဲ့ပေ။

ထို့ထက် ပို၍အရေးကြီးသည်မှာ လုမင်၏ တိုက်ခိုက်နိုင်စွမ်းက ဤမျှအားကောင်းပြီး ရှီဖန်နှင့် အခြားသူများကို တစ်ချက်တည်းဖြင့် ပျံသန်းစေမည်ဟု သူ မမျှော်လင့်ခဲ့ပေ။

လုမင်၏ ကျင့်ကြံခြင်းအခြေခံက ရှီဖန်နှင့် အခြားသုံးယောက်ထက် ပို၍မြင့်မားတာ မှန်သည်။ သို့ရတာတွင် သူတို့လေးယောက်က ပူးပေါင်းတိုက်ခိုက်သည့်တိုင် အနည်းငယ်မျှ ခံနိုင်ရည်မရှိပေ။ လုမင်၏ တိုက်ခိုက်နိုင်စွမ်းက သာမန် ဝိညာဉ်သန္ဓေသားနယ်ပယ် အဆင့်ခုနစ်များထက် များစွာအားကောင်းနေကြောင်း နားလည်သဘောပေါက်နိုင်သည်။

ဤအခိုက်တွင် သူက လုမင်ကို ထိတ်လန့်တကြားဖြင့် ကြည့်နေခဲ့သည်။

"ထွက်သွား"

လုမင် ငေါက်လိုက်သည်။

"ကောင်း... ကောင်းပါပြီ၊ အခုချက်ချင်းထွက်တော့မယ်"

လူလတ်ပိုင်းကြီးက လှည့်ထွက်သွားရန် ဟန်ပြင်လိုက်သည်။

"ငါ မင်းကို လှိမ့်ထွက်သွားဖို့ပြောတာ၊ အခုသွားစမ်း"

လုမင်က အေးစက်စက်ဖြင့် ပြောလိုက်၏။

"ဒါ…"

ပိန်ပိန်လူလတ်ပိုင်း၏ မျက်နှာက ဖြူဖျော့သွားလေသည်။

"ငါကိုယ်တိုင် လုပ်ရမယ်ထင်တယ်"

လုမင်၏ အကြည့်များက အေးစက်သွားခဲ့သည်။

"မလုပ်ပါနဲ့…"

ပိန်ပိန်လူလတ်ပိုင်းအမျိုးသားလည်း ကြောက်လွန်းသဖြင့် သူ့ဘောင်းဘီဖဲကို ဆီးထွက်ကျမတတ် ဖြစ်သွားသည်။ ထို့နောက်တွင် အရှက်တရားကိုသည်းခံကာ မြေပြင်တွင် တုံးလုံးလှဲပြီး လှိမ့်ထွက်သွား၏။ ခြံဝင်းအပြင်သို့ ရောက်သွားသည်နှင့် ချက်ချင်းထကာ ထွက်ပြေးသွားတော့သည်။

"ဒါ... ဒုအလံကိုင်သခင်၊ ရှီဖန်ကို ဒီလိုစော်ကားပြီးရင် ဒီကိစ္စက မလွယ်ကူတော့မှာကို ငါကြောက်တယ်"

စွန်းလင်းက စိုးရိမ်ပူပန်ဟန်ဖြင့် ပြောလိုက်သည်။

လုမင်အတွက် သူ စိတ်မပူပေ။ လုမင်ကြောင့် သူ့ကိုပါ ထိခိုက်လာမှာ ကြောက်နေခြင်း ဖြစ်သည်။

"ဘာကိုကြောက်တာလဲ"

လုမင်က ဂရုမစိုက်ဟန်ဖြင့် ပြောပြီး‌ လေ့ကျင့်ရန် သူ့အခန်းတွင်းသို့ ပြန်လာခဲ့လိုက်သည်။

သူ့လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် အခန်းထဲတွင် ပုလင်းများ၊ အိုးများ၊ ကျောက်စိမ်းသေတ္တာများနှင့် သတ္တုသေတ္တာအများအပြား ပေါ်လာခဲ့၏။ ၎င်းတို့က တစ်ရာကျော်ရှိကာ ၎င်းတို့အားလုံးကို မြင့်မြတ်အိမ်တော် လျှို့ဝှက်နယ်မြေရှိ မြင့်မြတ်အိမ်တော်မှ ရခဲ့ခြင်း ဖြစ်သည်။

လုမင်သည် ယခင်က ၎င်းတို့အား စစ်ဆေးရန် အချိန်မရှိခဲ့ပေ။ ယခုအချိန်က ၎င်းတို့အား စစ်ဆေးရန် အကောင်းဆုံးအချိန် ဖြစ်သည်။

"ဒါတွေက ဝိညာဉ်သန့်စင်ဆေးတွေပဲ"

လုမင်က ကျောက်စိမ်းပုလင်းများကိုကြည့်ကာ ဝမ်းသာသွားခဲ့သည်။

ထိုကျောက်စိမ်းပုလင်းများတွင် အမှန်တကယ်ပင် ဝိညာဉ်သန့်စင်ဆေးများ ရှိ၏။

ဝိညာဉ်သန့်စင်ဆေးများကို ဖော်စပ်ရန် အဓိကပါဝင်ပစ္စည်းင ဝိညာဉ်သန့်စင်ခြင်းသစ်သီးများ ဖြစ်သည်။ အကယ်၍ ပြီးပြည့်စုံသော ဝိညာဉ်သန္ဓေသားနယ်ပယ် တစ်စုံတစ်ယောက်က ၎င်းကို မကြာခဏ စားသုံးနိုင်လျှင်၊ ဝိညာဉ်နတ်ဘုရားနယ်ပယ်သို့ ဖြတ်ကျော်ရန် အခွင့်အလမ်းများစွာ တိုးစေနိုင်သည်။ အကယ်၍ ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျင့်ကြံသူများမှ ၎င်းကို စားသုံးလျှင်တော့ ၎င်းတို့၏ ဝိညာဉ်နတ်ဘုရားကို သိပ်သည်းစေကာ ဝိညာဉ်အသိကို အားကောင်းစေလိမ့်မည်။

ဤနေရာတွင် ကျောက်စိမ်းပုလင်း တစ်ဒါဇင်ကျော်ရှိပြီး ဝိညာဉ်သန့်စင်ဆေးများကလည်း ပြည့်နေခဲ့သည်။

ကျောက်စိမ်းပုလင်းတိုင်းတွင် ဆေးလုံး ကိုးလုံးပါရှိသည်။ တစ်နည်းအားဖြင့် ဤနေရာတွင် ဝိညာဉ်သန့်စင်ဆေး အနည်းဆုံး ရာဂဏန်းခန့် ရှိလိမ့်မည်။ ယင်းက ကြွယ်ဝချမ်းသာမျုတစ်မျိုး ဖြစ်သည်။

ထို့နောက်တွင် လုမင်က အခြားအရာများကို ကြည့်လိုက်သည်။

အခြားအရာများစွာကတော့ ဆေးပင်များဖြစ်ကာ ၎င်းတို့အားလုံးမှာလည်း အဆင့်မြင့်ဆေးများ ဖြစ်လေသည်။ အများစုက ဝိညာဉ်သန့်စင်ဆေးများထက် မနိမ့်ကျပါ။

ထို့ပြင် အလွန်အဖိုးတန်သော ပစ္စည်းအမျိုးမျိုးလည်း ရှိခဲ့သည်။ လုမင်က အတော်များများကို နာမည်မတပ်နိုင်ခဲ့ပေ။ လုမင်လည်း ၎င်းတို့ကို တစ်ခုယောက်ပြီးတစ်ခု သိမ်းလိုက်သည်။

နောက်ဆုံးတွင် အတွေးတစ်ခုဖြင့် မီးနီရောင် မျှော်စင်ငယ်လေး ပေါ်လာသည်။

ဧကရာဇ်အဆင့် ဝိညာဉ်လက်နက်…

မီးနီရောင် မျှော်စင်လေး ပေါ်လာသည်နှင့် ဟင်းလင်းပြင်သည် အနည်းငယ် တုန်လှုပ်သွား၏။ သို့သော်လည်း လုမင်က စွမ်းအင်ထုတ်ဖော်ကာ မျှော်စင်လေးကို ဖုံးလွှမ်းထားလိုက်သည်။

'ဧကရာဇ်အဆင့် ဝိညာဥ်လက်နက်ကို အသုံးပြုနိုင်ရင် ငါ့ရဲ့ ခွန်အားက သေချာပေါက် တိုးလာလိမ့်မယ်။ ဒါပေမယ့် အဲဒါကို ပြန်လည် သန့်စင်ဖို့က ဒီလောက် လွယ်မှာ မဟုတ်ဘူး။ နောက်ပြီး ငါ့ရဲ့ လက်ရှိ ကျင့်ကြံခြင်းအခြေခံအရ သန့်စင်နိုင်ရင်တောင် သူ့ရဲ့ စစ်မှန်တဲ့စွမ်းအားကို ပြနိုင်ဦးမှာ အဟုတ်ဘူး။ ဒါကို နောင်မှပဲ သန့်စင်တာက ပိုကောင်းမယ်'

စဉ်းစားပြီးနောက် လုမင်လည်း မျှော်စင်လေးကို သိမ်းလိုက်သည်။

ထို့နောက် သူက ဝိညာဉ်သန့်စင်ဆေးများကို ထုတ်ယူကာ သူ၏ဝိညာဉ်နတ်ဘုရားကို သန့်စင်စေခဲ့၏။

အချိန်များ တဖြည်းဖြည်းကုန်လွန်သွားခဲ့ပြီ။ ဤည‌မှာတော့ လှုပ်ရှားမှုမရှိသေးပါ။ ဒုတိယနေ့ဘက်တွင်လည်း လှုပ်ရှားမှု မရှိသေးပေ။

ဒုတိယညတွင် လုမင်က လှုပ်ရှားခဲ့သည်။

လုမင်က သူ၏ အရှိန်အဝါကို ဖုံးကွယ်ရန်အတွက် ဝင်္ကပါရေးထိုးရန် တန်တန်ကို တောင်းဆိုခဲ့၏။ သူ့ပုံရိပ်က တစ္ဆေတစ်ကောင်ကဲ့သို့ အမှောင်ထဲတွင် အဋ္ဌမမင်းသား၏ စံအိမ်တော်ဆီသို့ ဖြတ်သန်သွားတော့သည်။

လုမင်က ရှဲ့နျန်ချင်းနှင့်ပတ်သက်သော အချက်အလက်အချို့ကို သိရှိနိုင်ရန်အတွက် ရှဲ့ကျန်း၏အိမ်ထဲသို့ ခိုးဝင်ကြည့်ရန် စီစဉ်ခဲ့သည်။

ဟုတ်ပေသည်၊ အဋ္ဌမမင်းသား၏ အိမ်တော်ကို ဧကရာဇ်နဂါးအစောင့်များက စောင့်ကြပ်ထားကြသည်။ သို့သော်လည်း လုမင်၏ လက်ရှိ ကျင့်ကြံခြင်းအခြေခံက မြင့်မားသလို တန်တန်၏ အရှိန်အဝါဖုံးကွယ် ဝင်္ကပါကိုလည်း ဆရးထိုးထားသောကြောင့် ဧကရာဇ်နဂါးအစောင့်များ လုံးဝ ရှာမတွေ့ခဲ့ပေ။

အဋ္ဌမမင်းသား၏ အိမ်တော်က အလွန်ကြီးမားသည်။ ခြံဝင်းထဲတွင် နန်းတော်များနှင့် မဏ္ဍပ်များစွာ ရှိခဲ့၏။ ဧရိယာက လွန်စွာ ကျယ်ဝန်းခဲ့ပေသည်။

လုမင်က သူ၏ ဝိညာဉ်အသိကို ဖြန့်ကျက်ကာ ပတ်ပတ်လည်ကို ကြည့်လိုက်သည်။ ခဏကြာသောအခါ၊ လုမင်၏ မျက်လုံးများက တောက်ပလာသည်။ သူ့ပုံရိပ်က လှုပ်ရှားသွားကာ နန်းတော်တစ်ခုအထက်တွင် ပေါ်လာခဲ့၏။ သူက ဝိညာဉ်အသိကို ဖြန့်ကျက်လိုက်သည်တွင် နန်းတော်အောက်ပိုင်းမှ ‌အခြေအနေများပို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ ၎င်းက ရိုးရိုးမျက်စိနှင့် မြင်ရသည်ထက် များစွာပို၍ ရှင်းလင်း၏။ ဤသည်မှာ ဝိညာဉ်အသိ၏ အံ့ဖွယ်စွမ်းရည်တစ်မျိုး ဖြစ်သည်။

နန်းတော်အောက်မှအခန်းတစ်ခုတွင် လူနှစ်ယောက် တစ်စုံတစ်ခုကို ဆွေးနွေးနေသည်။

ထိုအထဲတွင် တစ်ယောက်က ရှီဖန်ဖြစ်ကာ ကျန်တစ်ယောက်က အသက်ငါးဆယ်ကျော် လူကြီးတစ်ဦး ဖြစ်၏။ သူ့တွင် ကြံ့ခိုင်သော ကိုယ်ခန္ဓာနှင့် တည်ကြည်သော အမူအရာမျိုး ရှိသည်။

"အကိုကြီး၊ ခင်ဗျား ကျွန်တော်အတွက် လက်စားချေရမယ်။ အဲဒီဒုအလံကိုင်အသစ်က တကယ်မာနကြီးပြီး ကျုပ်ကိုတောင် ရိုက်ဝံ့တယ်ဗျ။ ဒီကောင်က အစ်ကိုကြီးကိုတောင် မျက်နှာသာမပေးတာ သိသာတယ်"

ရှီဖန်က မျက်ရည်စက်လက်နှင့် တိုင်တန်းလိုက်သည်။

အဆိုပါ၊ အသက် ငါးဆယ်ကျော် အမျိုးသားက အဆင့်တစ် ဝိညာဉ်သန္ဓေသားနယ်ပယ် ကျွမ်းကျင်သူဖြစ်သော အဋ္ဌမမင်းသား၏ ကိုယ်ရံတော်ဖြစ်သည်။

သို့သော်လည်း လုမင်၏ လက်ရှိ ကျင့်ကြံခြင်းအခြေခံက အဆင့်နှစ် ဝိညာဉ်နတ်ဘုရားနယ်ပယ်သို့ ရောက်ရှိသွားခဲ့ပြီ။ သူ လေ့ကျင့်ထားသော ဝိညာဉ်နတ်ဘုရားက အားကောင်းလွန်းပေရာ တစ်ဖက်လူမှ မည်သို့ သတိပြုမိပါမည်နည်း။

"ကောင်းပြီလေ၊ ငါနားလည်ပြီ။ ဒီမင်လုက တကယ် အတင့်ရဲတယ်၊ ဒါပေမဲ့ ငါက ဝိညာဉ်နတ်ဘုရားနယ်ပယ်နဲ့ အဋ္ဌမမင်းသားလေးရဲ့ ကိုယ်ရေးကိုယ်တာ ကိုယ်ရံတော်ပဲ။ ငါ သူ့ကို တိုက်ရိုက် ဖိနှိပ်လိုက်ရင် ငါ ဝေဖန်ခံရလိမ့်မယ်။ ငါ့မှာ သူ့ကို ရှင်းထုတ်ပစ်ဖို့ နည်းလမ်း ရှိပါတယ်"

ဤနေရာသို့ ရောက်သောအခါ ထိုလူက ရှီဖန်အား အသံပို့လွှတ်ကာပြော၍ လုမင် မကြားနိုင်တော့ပေ။

'အဟက်၊ မင်းတို့အားလုံး ငါ့ကို ဘယ်လို ရှင်းပစ်မလဲ ကြည့်ရသေးတာပေါ့'

လုမင်က တိတ်တဆိတ်လှောင်ရယ်ကာ အဋ္ဌမမင်းသား၏ နေအိမ်ကိုရှာရန် ထွက်ခွာသွားခဲ့သည်။

မကြာခင်မှာပဲ လုမင်ဟာ ခြံဝင်း၏ နက်ရှိုင်းသောအပိုင်းတွင် အဋ္ဌမမင်းသားကို ရှာတွေ့ခဲ့သည်။

အဋ္ဌမမင်းသားက အမှန်တကယ် ရှဲ့ကျန်းပင်။ သူတို့ မတွေ့ရတာ နှစ်အနည်းငယ်ကြာပြီးနောက် ရှဲ့ကျန်းက အနည်းငယ် ရင့်ကျက်လာပြီး ကျင့်ကြံခြင်းအခြေခံကလည်း အားကောင်းလာခဲ့သည်။

ယခုအချိန်တွင် ရှဲ့ကျန်းက ခန်းမကြီးတစ်ခု၏ အမြင့်တွင် ထိုင်နေခဲ့သည်။ သူ့အောက်တွင် လူတချို့က ဒူးထောက်ထိုင်ပြီး ကိစ္စတချို့အကြောင်း သတင်းပို့နေကြ၏။

"ဝုန်း"

ရှဲ့ကျန်းက ရုတ်တရက် စားပွဲကို လက်ဝါးဖြင့်ရိုက်ကာ အေးစက်စက်ဖြင့် အော်လိုက်သည်။

"ဘာကွ၊ ထပ်ပြီး မအောင်မြင်ကြဘူးလား။ သောက်အသုံးမကျတဲ့ကောင်တွေ"

"အဋ္ဌမမင်းသား၊ မင်းသမီးဆယ့်ခြောက်က ငရဲနတ်ဆိုးနယ်မြေမှာ ရှိနေပေမဲ့ သူ့ရဲ့အရည်အချင်းက မြင့်မားလွန်းပါတယ်။ သူ့ရဲ့ တိုးတိုးတက်မှုနှုန်းက ကြောက်စရာကောင်းအောင် မြန်နေတယ်။ ကျုပ်တို့ စေလွှတ်လိုက်တဲ့ လူတွေအားလုံးကို သူက သတ်ပစ်ခဲ့ပါတယ်"

တစ်ယောက်က ပြန်ဖြေလိုက်သည်။

All Chapters