← Chapters

အခန်း ၁၀၉၅

Vol. 73 Ch. 1095

အခန်း ၁၀၉၅

Vol. 73 Ch. 1095

အပိုင်း ( 1095 ) ရှဲ့နျန်ချင်း၏ သတင်း။

"မင်းသမီးဆယ့်ခြောက်လား။ ဒါက ရှောင်ချင်းမဟုတ်လား"

လုမင်၏ နှလုံးခုန်မြန်လာသည်။ သူ့မျက်လုံးများတွင် အေးစက်စက် သတ်ဖြတ်ချင်စိတ်များ ပြည့်နှက်သွား၏။

ဤစကားများကို နားထောင်ရလျှင် ရှဲ့နျန်ချင်းက ငရဲနတ်ဆိုးနယ်မြေတွင် ရှိနေသည့်အပြင် ရှဲ့ကျန်းကလည်း သူမကိုသတ်ရန် လူများ‌ စေလွှတ်နေသည်။

သေစမ်း။

ဤအခိုက်အတန့်တွင် လုမင်၏ သတ်ဖြတ်ချင်များက ပြင်းထန်လွန်းလှသည်။

သို့သော်လည်း သူ့စိတ်ထဲတွင်တော့ သက်သာရာရသွားခဲ့၏။ အနည်းဆုံးတော့ ရှဲ့နျန်ချင်းက အခြေအနေကောင်းကာ အသက်ရှင်နေသေးသည်။

"ဟမ့်၊ ခမည်းတော် ဘာတွေတွေးနေလဲဆိုတာ ငါတကယ်မသိဘူး။ သူက နိမ့်ကျတဲ့ အစေခံကနေ မွေးဖွားလာတဲ့ ခွေးမတစ်ကောင်ပဲလေ။ ခမည်းတော်က သူမကို တိုက်ရိုက်မသတ်ရင်တောင် ငရဲနတ်ဆိုးနယ်မြေရဲ့ နတ်ဆိုးမီးလျှံမှာ ဖိနှိပ်ထားလို့ရတယ်။ ဒါပေမဲ့ မလုပ်ဘဲ ငရဲနတ်ဆိုးနယ်မြေက နတ်ဆိုးတွေနဲ့ ရင်ဆိုင်ခွင့်ပေးထားတယ်။ ဒါက သူ့ကို အလွယ်လွှတ်ပေးလိုက်တာပဲ"

ရှဲ့ကျန်း၏ မျက်နှာက သုန်မှုန်နေပြီး အေးစက်စက်ဖြင့် ပြောလိုက်သည်။

"အဋ္ဌမမင်းသား၊ ကျုပ်တို့ ဘာဆက်လုပ်ရမလဲ"

တစ်ယောက်က မေးသည်။

"ဒီခွေးမက ငါ့ကို အရိုးထိအောင် မုန်းနေတာ။ သူ အသက်ရှင်နေသရွေ့ ငါ ဘယ်တော့မှ စိတ်အေးနိုင်မှာ မဟုတ်ဘူး"

ရှဲ့ကျန်းက အေးစက်စက်ဖြင့် ပြောလိုက်သည်။

"အဋ္ဌမမင်းသား၊ ကျူပ်အမြင်အရ၊ ခင်ဗျား သိပ်စိုးရိမ်နေစရာ မလိုပါဘူး။ ဖြစ်နိုင်တာက မင်းကြီးဟာ အဖေနဲ့သမီး ဆက်ဆံရေးကြောင့် သူ့ကို တိုက်ရိုက် မသတ်ခဲ့တာ။ ဒါပေမယ့် မင်းသမီးဆယ့်ခြောက်က ဆန့်ကျင်ဘက် စွမ်းရည်ရှိတာကြောင့် ကျူပ်တို့အတွက် တားမြစ်ချက်ပဲ။ သူတော်စင်ဧကရာဇ်မျိုးနွယ်က သူမကို မသတ်ရင်တောင်မှ ငရဲကိုးခု နတ်ဆိုးနယ်မြေကနေ ဘယ်ဝော့မှ ထွက်ခွာခွင့်ပြုမှာ မဟုတ်ဘူး။ သူ့ရဲ့ လက်ကျန်ဘဝတွေကို ငရဲကိုးခု နတ်ဆိုးနယ်မြေမှာပဲ ကုန်ဆုံးသွားလိမ့်မယ်"

အောက်မှ တစ်ယောက်က ဝင်ပြောလိုက်သည်။

"မရဘူးကွ၊ ဒီခွေးမရဲ့ အရည်အချင်းက မြင့်မားလွန်းတယ်။ သူ အသက်ရှင်နေသရွေ့ ငါ အေးအေးဆေးဆေး နေနိုင်မှာ မဟုတ်ဘူး"

ရှဲ့ကျန်းက မျက်နှာမသာမယာဖြင့် ပြောသည်။

"ဒါဖြင့်ရင် ကျုပ်တို့လူတွေကို ဆက်ပို့သင့်သလား၊ အဋ္ဌမမင်းသား"

“နောက်မှပြောကြတာပေါ့။ နှစ်တစ်သန်း အမျိုးသားပွဲတော်က နှစ်လအတွင်း ကျင်းပတော့မှာ။ အဲဒီကာလမှာ အဖေက အသေးအဖွဲ ကိစ္စတွေကို သိပ်ပြီးတော့ ဂရုစိုက်နိုင်တော့မှာ မဟုတ်ဘူး။ ဒါက လှုပ်ရှားဖို့ အချိန်ကောင်းပဲ။ အခမ်းအနားပြီးရင် ကျွမ်းကျင်သူတွေကို ငရဲကိုးခုနတ်ဆိုးနယ်မြေထဲကို စေလွှတ်ပြီး သူ့ကို တခါတည်း သတ်ပစ်မယ်"

ရှဲ့ကျန်း၏ မျက်လုံးများက နက်ရှိုင်းသွားသည်။

လုမင်က လက်သီးကို တင်းတင်းဆုပ်လိုက်၏။ သတ်ဖြတ်ချင်စိတ်များက ထိန်းသိမ်းမရတော့ဘဲ ထွက်ပေါ်လာတော့သည်။

"ဘယ်သူလဲ"

သို့သော်လည်း အနည်းငယ်သာ ပေါက်ကြားခဲ့သည့်တိုင် ကျွမ်းကျင်သူတစ်ဦးက ခံစားမိသွားသည်။

"ဝှစ်"

လုမင်လည်း ခန္ဓာကိုယ်ကိုလှုပ်ကာ နေရာမှ ထွက်သွား၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူက မိုင်တစ်ရာအကွာ၌ ပြန်ပေါ်လာကာ အိပ်ဆောင်သို့ ပြန်လာခဲ့တော့သည်။

သူက ရှဲ့ကျန်းကို အမှန်တကယ် သတ်ချင်သော်လည်း ယခုက အချိန်မဟုတ်မှန်း သိသည်။ သူက ငရဲကိုးခု နတ်ဆိုးနယ်မြေသို့ အခွင့်အရေးရှာ၍ ဝင်ရမည်။ ပြီးနောက် ရှဲ့နျန်ချင်းကို ကယ်တင်ရန် နည်းလမ်းရှာရပေလိမ့်မည်။ ရှဲ့ကျန်းကို ယခုသတ်လိုက်ပါက ရန်သူကို သတိပေးသလို ဖြစ်သွားနိုင်သည်။

ယခုအချိန်တွင် သူက ရှဲ့ကျန်းကို အသက်ရှင်ခွင့် ပေးထားရဦးမည်။ သိုသော်လည်း လုမင်ဟာ ရှဲ့ကျန်းကို အနှေးနှင့်အမြန် သတ်မည်ဟု ကျိန်ဆိုထားထဲ့သညိ။

နောက်ရက်များတွင်၊ လုမင်က ငရဲကိုးခု နတ်ဆိုးနယ်မြေသို့သွားရန် အခွင့်အလမ်းနှင့် ထိုနယ်မြေကအကြောင်း အချက်အလက်စုဆောင်းရန် အစွမ်းကုန်ကြိုးစားနေခဲ့သည်။ ကံမကောင်းစွာဖြင့် သူ ဘာမျှ မသိခဲ့ရပေ။ ငရဲကိုးခု နတ်ဆိုးနယ်မြေအကြောင်း လူတချို့သာ သိရှိပုံရသည်။

လုမင်လည်း ငရဲကိုးခု နတ်ဆိုးနယ်မြေသည် နယ်မြေတစ်ခုဖြစ်နိုင်ပြီး ဝင်ပေါက်ကလည်း တော်ဝင်နန်းတော်၏ တစ်နေရာတွင် ဖြစ်နိုင်သည်ဟု လုမင် ခန့်မှန်းထားခဲ့သည်။

လုမင်က သတင်းစုံစမ်းခြင်းမှလွဲ၍ ကျန်အချိန်များတွင် ဝိညာဉ်သန့်စင်ဆေးများကိုသုံးကာ လေ့ကျင့်နေခဲ့သည်။

ဝိညာဉ်သန့်စင်ဆေးများက လုမင်၏ ကျင့်ကြံမှုကို တိုက်ရိုက် မတိုးတက်စေနိုင်သော်လည်း၊ ဝိညာဉ်စွမ်းအားကို ပိုသိပ်သည်းပြီး ဝိညာဉ်အသိ ပို၍အားကောင်းစေနိုင်သည်။

သူ၏ ဝိညာဉ်စွမ်းအားက အားကောင်းလေလေ၊ သူ၏ အနာဂတ်ကျင့်ကြံခြင်းအတွက် အထောက်အကူ ပိုဖြစ်လေလေပင်။

သုံးရက်အကြာတွင် လုမင် လေ့ကျင့်နေတုန်း ရှီဖန် ပြန်ရောက်လာခဲ့သည်။

လုမင်က သူ့အခန်းထဲမှထွက်ကာ ရှီဖန်ကို ဂရုမစိုက်ဟန်ဖြင့် ကြည့်လိုက်သည်။ သူက အေးစက်စက်ဖြင့် ပြောလိုက်၏။

"ဘာကိစ္စလဲ၊ ထပ်ပြီး အရိုက်ခံချင်လို့လား “

"ဟမ့်"

ရှီဖန်၏ မျက်နှာက သုန်မှုန်သွားခဲ့သည်။ သူက အေးစက်စက်ဖြင့် နှာခေါင်းရှုံ့ကာ ပြောလေသည်။

"တာဝန်ရှိတယ်ဆိုတာ မင်းကို အသိပေးဖို့ ငါရောက်လာခဲ့တာ။ အဋ္ဌမမင်းသားက သားရဲတောင်မှာ အမဲလိုက်ချင်နေတာ၊ ငါတို့ အတူတူ သွားရမယ်။ သွားကြစို့"

"ကောင်းပြီ"

လုမင်လည်း ပြုံးကာ ခြေလှမ်းကျဲဖြင့် ထွက်လာခဲ့သည်။

လုမင်၏ နောက်ကျောကိုကြည့်ကာ ရှီဖန်၏ နှုတ်ခမ်းများက အေးစက်စက် အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားသည်။

ဧကရာဇ်နဂါးအစောင့်များ စုဝေးပြီးနောက် ရှဲ့ကျန်းနှင့်အတူ သားရဲတောင်သို့ လိုက်သွား၏။

သားရဲတောင်သည် မရေတွက်နိုင်သော မိစ္ဆာသားရဲကြီးများရှိသည့် တောင်တစ်လုံး ဖြစ်သည်။ ၎င်းက ရှဲ့မိသားစုမှ လူငယ်များ လေ့ကျင့်ရန် အမဲလိုက်ရာ နေရာဖြစ်လေသည်။

ရှဲ့မိသားစု၏ တပည့်များက အမဲလိုက်ရန် သားရဲတောင်သို့ မကြာခဏ လာကြလေ့ ရှိသည်။ သူတို့က သားရဲတောင်ထဲသို့ဝင်ကာ မိစ္ဆာသားရဲများနှင့် တိုက်ခိုက်ကြလိမ့်မည်။

တောင်၏အပြင်ဘက်တွင် လူနေခန်းများနှင့် အစောင့်များစွာရှိသော စစ်စခန်းကြီးတစ်ခု ရှိသည်။

"ရှီဖန်၊ မင်းက ဧကရာဇ်နဂါးအစောင့်တွေကို ဦးဆောင်ပြီး ငါနဲဲ့အတူ တောင်ပေါ်ကို လိုက်လာတာဆိုပေမဲ့ ငါ့ကို ကာကွယ်ဖို့ မလိုဘူး။ တောင်ထဲမှာ သီးခြားလိုက်ရှာပြီး မိစ္ဆာသားရဲတွေကို ဘယ်သူ ပိုပြီး သတ်နိုင်မယ်ဆိုတာ ပြိုင်ကြတာပေါ့"

ရှဲ့ကျန်းက သားရဲတောင်ကိုကြည့်ကာ စိတ်အားထက်သန်စွာဖြင့် ပြောလိုက်သည်။

"အဋ္ဌမမင်းသား၊ ကျုပ်တို့က ခင်ဗျားကို ဘယ်လိုလုပ်ပြီး ယှဉ်နိုင်မှာလဲဗျာ"

ရှီဖန်က ဖားယားပြီး ပြုံးကာ ပြောလိုက်သည်။

"စိတ်မပူပါနဲ့၊ ဧကရာဇ်အစောင့်တပ်မှာလည်း ကျွမ်းကျင်သူတွေ ရှိကြတယ်။ ဒီမင်းသားနဲ့ ယှဉ်ပြိုင်ဖို့ အကောင်းဆုံးကြိုးစားကြချေ။ ကောင်းကောင်းစွမ်းဆောင်နိုင်တဲ့သူတွေကို ဆုချီးမြှင့်မယ်"

ရှဲ့ကျန်းက ပြုံးလိုက်သည်။

"ကောင်းပါပြီ၊ ကျုပ် သူတို့နဲ့ သွားလိုက်မယ်"

ရှီဖန်က အထပ်ထပ် ဦးညွှတ်လိုက်သည်။

"ဒါဆိုရင်လည်း သွားကြစို့ရဲ့"

ရှဲ့ကျန်းက သူ့လက်ကို ဝှေ့ယမ်းကာ သားရဲတောင်ဆီသို့ ပျံသန်းသွား၏။

ရှီဖန်နှင့် အခြားသူများလည်း သားရဲတောင်သို့ ပျံသန်းသွားတော့သည်။

'သူတို့က ငါ့ကို သားရဲတောင်မှာ သတ်ချင်နေတာလား'

လုမင်၏ စိတ်ထဲတွင် တွေးလိုက်သည်။

ရှီဖန်၏ အစ်ကိုဖြစ်သူက သားရဲတောင်တွင် တိုက်ခိုက်နိုင်သည်ဟု သူခန့်မှန်းထားခဲ့သည်။

လုမင်၏နှုတ်ခမ်းများက အေးစက်သော အပြုံးဖြင့် တွန့်ကွေးသွား၏။ တစ်ဖက်လူက သေချင်လျှင် သူက လိုက်ပို့ပေးရ၍ စိတ်ထဲမထားပေ။

သားရဲတောင်သို့ ပျံသန်းလာပြီးနောက် လူစုခွဲလိုက်သည်။

လုမင်လည်း သားရဲတောင်အတွင်းသို့ ပျံသန်းရင်း ငြီးငွေ့လာခဲ့၏။

သားရဲတောင် အစွန်အဖျားရှိ သားရဲများအဆင့်က နိမ့်ပါးလွန်းလှသည်။ ဘုရင်အဆင့်နှင့် ဝိညာဉ်ပင်လယ်အဆင့် သားရဲအချို့သာ ရှိခဲ့၏။ လုမင်၏ အကြည့်တစ်ချက်နှင့်ပင် ထိုအကောင်များ အစအနမရှိဘဲ ပျောက်ကွယ်သွားနိုင်သည်။

နာရီဝက်ခန့် ပျံသန်းခဲ့သော်လည်း မည်သူမျှတော့ မလှုပ်ရှားသေးပါ။

"မလှုပ်ရှားသေးဘူးလား"

လုမင် တစ်ယောက်တည်း ရေရွတ်လိုက်သည်။ သူက ကျောက်တုံးကြီးပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ စောင့်ဆိုင်းလိုက်၏။

သို့သော်လည်း နှစ်နာရီကြာပြီးနောက်တွင်ပင် မည်သူကမျှ သူ့ကို ပြဿနာရှာခြင်းမပြုခဲ့ပေ။

'ငါ အထင်မှားနနေပုံရတယ်။ သူတို့က ဒီနေရာမှာ လှုပ်ရှားမှာ မဟုတ်ဘူး'

လုမင် တွေးလိုက်မိသည်။ သူ့စိတ်ထဲတွင် အနည်းငယ် အံ့သြသွား၏။

"မေ့လိုက်ပါ၊ ရှဲ့ကျန်းရဲ့ အမဲလိုက်မှုဟာ ပြီးဆုံးတော့မယ်လို့ ထင်တယ်။ ငါလည်း သားရဲနည်းနည်း သတ်သွားဦးမှ"

လုမင်လည်း လှုပ်ရှားကာ ကောင်းကင်သို့ ပျံတက်သွားသည်။

"ဂီး ဂစ်"

ခဏအကြာတွင် လင်းယုန်‌အော်သံများ ကြားလိုက်ရသည်။ ငွေရောင်လင်းယုန် ဆယ်ကောင်ကျော်က လုမင်ကို တိုက်ခိုက်လိုက်၏။

'မင်းတို့က အတော်ပဲ'

လုမင်က လှံရှည်များကို သိပ်သည်းကာ ငွေရောင် လင်းယုန်များဆီသို့ ပစ်လွှတ်လိုက်သည်။

"ဖောက် ဖောက်…"

ငွေလင်းယုန်ငါးကောင်သည် လှံအလင်းဖြင့် ထိုးဖောက်ခြင်းခံခဲ့ရ၏။ ကျန်ရှိသော လင်းယုန်ငှက်တို့လည်း ကြောက်လန့်ပြီး အော်ဟစ်ကာ ထွက်ပြေးသွားတော့သည်။

လုမင်က လိုက်မဖမ်းခဲ့ပေ။ သူက လင်းယုန်ငါးကောင်ကို စွမ်းအင်များဖြင့် ထုတ်ပိုးပြီး တပ်စခန်းသို့ ပြန်သွားခဲ့သည်။

ဤလင်းယုန်ငါးကောင်က အဆင့်ရှစ် အဝိညာဉ်သန္ဓေသားနယ်နှင့် ညီမျှသောကြောင့် လုံလောက်ပေလိမ့်မည်။

တပ်စခန်းတွင်မူ၊ ရှီကျန်းနှင့် အခြားသူများ ပြန်ရောက်နေကြပြီ ဖြစ်သည်။ တပ်စခန်း၏ မြေပြင်မှာလည်း ပုံသဏ္ဍာန်မျိုးစုံရှိသော သားရဲကောင်များရှိနေပြီ။

"အဋ္ဌမမင်းသားက တကယ်ကို အစွမ်းထက်ပါတယ်။ အဆင့်ရှစ်နဲ့ အဆင့်ခုနစ် ဝိညာဉ်သန္ဓေသားနယ်ပယ် သားရဲသုံးကောင်ကိုတောင် အချိန်တိုအတွင်း သတ်နိုင်တယ်။ တကယ်ကို ပါရမီရှင်လို့ ခေါ်ဆိုထိုက်ပါတယ်"

ရှီဖန်နှင့် ရှီကျန်းက ရှေ့တွင်ရပ်ကာ မြှောက်ပင့်လိုက်ကြသည်။

"ဒါက ဘာမှမဟုတ်ပါဘူးလေ၊ မင်းတို့ ကောင်းကောင်း လေ့ကျင့်နေသမျှ မင်းတို့လည်း လုပ်နိုင်တယ်"

ရှဲ့ကျန်းက နှိမ့်ချပြောလိုက်သည်။ သို့သော်လည်း သူ့မျက်နှာပေါ်ရှိ ကျေနပ်မှုများကို ဖုံးကွယ်ထား၍မရပေ။

သူ၏ ကျင့်ကြံခြင်းအခြေခံက အဆင့်ခြောက် ဝိညာဉ်သန္ဓေသားနယ်ပယ်တွင် ဖြစ်သည်။ ကြီးမားကျယ်ပြန့်သော သားရဲတောင်တွင် သုံးနာရီအတွင်း ဝိညာဉ်သန္ဓေသားနယ်ပယ် အဆင့်ရှစ်နှင့် အဆင့်ခုနစ် သားရဲသုံးကောင်ကို သတ်နိုင်ခြင်းက သူ့အတွက် အလွန်ကောင်းမွန်သော အောင်မြင်မှုတစ်ခုဟု ယူဆထားပြီး ဖြစ်သည်။

"ဟင်"

ရုတ်တရက် ရှီဖန်သည် ကောင်းကင်ကို မော့ကြည့်လိုက်၏။ ထိုအခါ လုမင်က ငွေလင်းယုန်ကြီး ငါးကောင်နှင့်အတူ ပြန်လည် ပျံလာသည်ကို တွေ့လိုက်ရ‌ပေသည်။

All Chapters