← Chapters

အခန်း ၁၀၉၆

Vol. 74 Ch. 1096

အခန်း ၁၀၉၆

Vol. 74 Ch. 1096

အပိုင်း ( 1096 ) ထိုသို့ပြုလုပ်ရခြင်း၏ အကြောင်းရင်း။

လုမင်က လင်းယုန်ကြီးငါးကောင်ကို ပေါ့ပေါ့ပါးပါး ပစ်ချလိုက်ရာ မြေပြင်သည်ပင် အနည်းငယ် တုန်လှုပ်သွားခဲ့သည်။

"ဒါတွေက ငွေလင်းယုန်တွေပဲ၊ ငါးကောင်စလုံးက ငွေလင်းယုန်တွေ၊ နောက်ပြီး အရမ်းစွမ်းအားကြီးတယ်"

"ဒါ့ထက် သူတို့ငါးကောင်လုံးဟာ အဆင့်ရှစ် ဝိညာဉ်သန္ဓေသားနယ်ပယ်တွေကွ။ ဒုအလံကိုင်သခင်ရဲ့ စွမ်းရည်တွေက တကယ်ကို အားကောင်းတယ်။ သုံးနာရီအတွင်း ဝိညာဉ်သန္ဓေသားနယ်ပယ် အဆင့်ရှစ် ငွေလင်းယုန်ငါးကောင်ကို အမဲလိုက်နိုင်တာက... တကယ်ကို အံ့သြစရာပဲ"

လုမင် ရောက်လာခြင်းက ဧကရာဇ်နဂါးအစောင့်များစွာကို စိတ်အားထက်သန်စွာ ဆွေးနွေးမှုနှင့် အာမေဋိတ်သံများ ထွက်ပေါ်လာစေခဲ့သည်။

လုမင်က နတ်ဆိုးသားရဲငါးကောင်သာ ဖမ်းဆီးခဲ့သော်လည်း ၎င်းတို့အားလုံးသည် ဝိညာဉ်သန္ဓေသားနယ်ပယ် အဆင့်ရှစ်တွင် ရှိခဲ့ကြ၏။ တန်ဖိုးအရဆိုလျှင် သူက ရှဲ့ကျန်းကို ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။

ယင်းကြောင့် ရှဲ့ကျန်း၏ မျက်နှာမှာလည်း အနည်းငယ် သုန်မှုန်သွားရသည်။

ရှဲ့ကျန်းအနားမှ ရှီဖန်၏အစ်ကိုကြီးကမူ အေးစက်စက်ဖြင့် ပြုံးလိုက်၏။

"ဒုအလံကိုင်ရှီဖန်၊ ဒါကဘယ်သူလဲ"

ရှဲ့ကျန်းက မေးလိုက်သည်။

"အဋ္ဌမမင်းသား၊ ဒါက ဒုအလံကိုင်အသစ်ပါ။ သူ့နာမည်က မင်လုဖြစ်ပြီး အဆင့်ခုနစ် ဝိညာဉ်သန္ဓေသားနယ်ပယ် ကျင့်ကြံခြင်းအခြေခံ ရှိပါတယ်"

ရှီဖန်က ပြောသည်။

"အိုး၊ ဒါက ဒုအလံကိုင်အသစ်ပဲ"

ရှဲ့ကျန်းက လုမင်ကို တစ်ချက်ကြည့်လိုက်၏။ လုမင်က သူ့ကို အရိုအသေမပေးဘဲ ပေါ့ပေါ့ဆဆ လက်ယှက်ပြသည်အား မြင်လိုက်ရပြန်သောအခါတွင် ပို၍ပင် မျက်နှာသုန်မှုန်သွားတော့သည်။

ရှဲ့ကျန်းက လုမင်ဆီသို့ လျှောက်လှမ်းလာကာ ပြောလိုက်သည်။

"ဒုအလံကိုင်မင်ရဲ့ တိုက်ခိုက်နိုင်စွမ်းက အံ့မခန်းပါပဲ။ ဒီမင်းသားက မင်းကို သဘောကျတယ်။ ဒုအလံကိုင်မင်... ဒီမင်းသားက တိုက်ခိုက်စိတ် ပြင်းပြနေမိတယ်။ မင်း ဒီမင်သားနဲ့ တိုက်ခိုက်ချင်ရဲ့လား"

"တိုက်ခိုက်မှာလား"

လုမင်က နှုတ်ခမ်းကို တွန့်ကွေးလိုက်၏။

"ဟုတ်တယ်၊ ငါနဲ့ တိုက်ခိုက်မယ်။ မင်း အစွမ်းကုန်သုံးပြီး တိုက်ခိုက်လို့ရတယ်နော်။ စိတ်မပူပါနဲ့... မင်းက ဒီမင်းသားကို ထိခိုက်စေနိုင်မှာ မဟုတ်ဘူး"

"ဝုန်း"

ရှဲ့ကျန်းက ပြောဆိုကာ ရှေ့သို့ တစ်လှမ်းချင်း လျှောက်လာသည်။ သူ့ခန္ဓာကိုယ်မှ အားကောင်းသော ရွှေရောင်အလင်းများ ထွက်ပေါ်လာခဲ့၏။

သူက နတ်ဘုရားအဆင့်ငါး သွေးမျိုးဆက်ကို နိုးထထားကာ ကြောက်စရာကောင်းသော တိုက်ခိုက်နိုင်စွမ်း ရှိသည်။ သာမန် အဆင့်ခုနစ် ဝိညာဉ်သန္ဓေသားနယ်ပယ် ကျင့်ကြံသူများက သူနှင့် မယှဉ်နိုင်သောကြောင့် ယုံကြည်မှုအပြည့် ရှိနေခဲ့ပေသည်။

အခြားသူများလည်း အသီးသီးနောက်ဆုတ်ကာ နေရာချဲပေးခဲ့၏။

ရှီဖန်နှင့် သူ၏အစ်ကိုကြီးလည်း တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်းဖလှယ်ကာ တိတ်တဆိတ် ရယ်မောလိုက်တော့သည်။

"တိုက်ခိုက်ကြစို့"

"ဝုန်း"

ရှဲ့ကျန်းက လုမင်ဆီသို့ လက်သီးတစ်ချက်ကို ထုတ်ဖော်လိုက်သည်။ ရွှေကောင်လက်သီးအင်အားက လုမင်ဆီကို တိုးဝင်သွား၏။

လုမင်လည်း လှံရှည်တစ်လက်ကို လက်ထဲတွင် သိပ်သည်းလိုက်သည်။ မင်လုက လှံနက်ဂိုဏ်းမှ ဆင်းသက်လာသောကြောင့် လှံရှည်ကို အသုံးပြုရလိမ့်မည်။

"ဝှစ်"

လှံရှည်က တုန်ခါသွားခဲ့သည်။ လှံဖျားက တုန်ခါကာ ရှဲ့ကျန်း၏လက်သီးအင်အားကို ထိုးဖောက်သွား၏။

"ဝုန်း"

ရှဲ့ကျန်း၏ လက်သီးအလင်းက လှံရှည်ဖြင့် ထိုးဖောက်ခံရကာ ပြိုကျသွားတော့သည်။

"ဟမ်"

ရှဲ့ကျန်း၏ မျက်လုံးများက သတ်ဖြတ်လိုစိတ် အရိပ်အယောင်များဖြင့် စူးရှလာသည်။

"ဝုန်း ဝုန်း"

ထို့နောက်၊ ရှဲ့ကျန်း၏ ခန္ဓာကိုယ်ပေါ်တွင် ရွှေရောင်အလင်းများ ပို၍ တောက်ပလာခဲ့၏။ သူက လက်သီးချက်များ ထုတ်ဖော်လိုက်သည်တွင် အဆုံးမဲ့ ရွှေရောင်အလင်းတန်းများ တောက်ပလာပြီး လုမင်အား လွှမ်းခြုံသွားတော့သည်။

လုမင်၏ လှံရှည်က တုန်ခါသွားကာ လှံပန်းဖွားများ လေထဲတွင် ပွင့်သွားသည်။

"ဝုန်း ဝုန်း"

ပြင်းထန်သော တိုက်မိသံများ ထွက်ပေါ်လာခဲ့၏။ ထို့နောက်တွင် လက်သီးအင်အားနှင့် လှံအလင်းများက လေထဲမှာ သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားတော့သည်။

ထိုအချိန်က၊ နဂါးကိုးကောင်မြို့တွင် ရှဲ့ကျန်း၏ ကျင့်ကြံခြင်းအခြေခံက အဆင်ခုနစ် ဝိညာဉ်ပင်လယ်နယ်ပယ် အထွတ်အထိပ်တွင် ရှိခဲ့သည်။ ယခုဆိုလျှင် သုံးနှစ်ကြာမြင့်သွားပြီ။ သူက ရှေးသူတော်စင်မင်းဆက်တွင် ရှိနေခဲ့၍ ကျင့်ကြံခြင်း အရင်းအမြစ်များစွာ ပိုင်ဆိုင်ထားခဲ့သည်။

ယခုအခါ၊ သူ၏ ကျင့်ကြံခြင်း‌အခြေခံက အဆင့်ခြောက် ဝိညာဉ်သန္ဓေသားနယ်ပယ်သို့ ရောက်ရှိလာကာ တိုက်ခိုက်နိုင်စွမ်းကလည်း မဆိုးလှပေ။ တော်ရုံ အဆင့်ရှစ် ဝိညာဉ်သန္ဓေသားနယ်ပယ်များက သူ၏ပြိုင်ဘက် မဖြစ်နိုင်ဘဲ သတ်ပစ်ရန်ပင် ဖြစ်နိုင်သည်။

သို့သော်လည်း သူက လုမင်ကို ရင်ဆိုင်‌ခဲ့ရသည်။ လုမင်က သူ၏ စွမ်းအားကိုပင် အဆများများ ဖိနှိပ်ထားခဲ့ရသေးသည်။

တိုက်ကွက်ဒါဇင်ချီကာ ရင်ဆိုင်ပြီးသော်လည်း လုမင်ကို သူ မဖိနှိပ်နိုင်ခဲ့ပေ။ ရှဲ့ကျန်း၏ မျက်လုံးများက သတ်ဖြတ်လိုစိတ်တို့ဖြင့် တောက်ပလာသည်။

သူ့ဦးခေါင်းထက်တွင် အရပ်မြင့်မြင့်နှင့် ရွှေရောင် ချပ်ဝတ်တန်ဆာကို ဝတ်ထားသော လူတစ်ယောက် ပေါ်လာသည်။ ၎င်းက မီတာတစ်ရာမြင့်မားကာ လှံရှည်တစ်ချောင်းကို သူ့လက်ထဲတွင် ကိုင်ဆွဲထား၏။ ရွှေရောင်ချက္ကရငါးခုကလည်း တောက်ပစွာဖြင့် ထွန်းလင်းတောက်ပနေရာ နတ်ဘုရားကဲ့သို့ ထင်မှတ်ရစေသည်။

ရှဲ့ကျန်းက အလင်းတန်းတစ်ခုကဲ့သို့ ရွှေရောင်ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသော လူကြီး၏ခန္ဓာကိုယ်ထဲကို ဝင်ရောက်သွားသည်။

"သတ်"

ရွှေရောင် ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသော လူကြီးက ရွှေရောင်လှံရှည်ဖြင့် လုမင်ကိုရွယ်ကာ အော်ဟစ် မာန်သွင်းလိုက်၏။

ကြီးမားသောလှံရှည်ကြီးက ကြောက်မက်ဖွယ်ကောင်းသော လေတိုးသံကို ထွက်ပေါ်စေကာ အလွန် တုန်လှုပ်စရာကောင်းသည်။

'ပြင်းထန်လိုက်တဲ့ သတ်ဖြတ်ချင်စိတ်ပဲ၊ သူက ငါ့ကို သတ်ချင်နေတာ'

လုမင်၏ မျက်လုံးများက အေးစက်စက်အလင်းတို့ လင်းလက်သွားသည်။ ရန်သူကို သတိပေးသလိုဖြစ်မှာ စိုးရိမ်လို့သာမဟုတ်လျှင်၊ လုမင်က ရှဲ့ကျန်းကို ချက်ချင်းသတ်ပစ်ပြီးလိမ့်မည်။

"ဝုန်း"

လုမင်က ရှေ့ကို ခြေတစ်ချက်လှမ်းကာ ကောင်းကင်သို့ ပျံတက်သွားသည်။ သူ့လက်ထဲတွင်ရှိသော လှံအလင်းက လျင်မြန်စွာ ကြီးထွားလာကာ အလျား မီတာတစ်ရာနှင့် လုံးပတ်ဆယ်မီတာ ဖြစ်လာခဲ့၏။ သူက လှံကို ရွှေရောင်ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသော လူကြီးဆီသို့ ပစ်ထိုးလိုက်တော့သည်။

"ဝုန်း"

လှံရှည်နှစ်ချောင်းက တိုက်မိသောအခါ စစ်တန်းလျားတစ်ခုလုံး တုန်ခါသွားသည်။

လုမင်၏လှံဖြင့် အကြိမ်ကြိမ် အထိုးခံရသောအခါ၊ ရွှေရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားသော လူကြီးက ပြင်းပြင်းထန်ထန် တုန်ခါသွားခဲ့သည်။

"ဝှစ်"

လုမင်၏ လှံချက်က တောင်တစ်လုံးကို ထိမှန်ကာ ပြိုကျသွားစေခဲ့သည်။

"ဝုန်း"

လှံရှည်က ရွှေရောင်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသော လူကြီးပေါ်သို့ ကျရောက်သွားခဲ့သည်။ လူကြီး၏ သူ့ခန္ဓာကိုယ်က ပြင်းပြင်းထန်ထန်တုန်ခါကာ မြေပြင်ပေါ်သို့ လဲကျလုနီး ဖြစ်ခဲ့ရ၏။ ထို့နောက်၊ လုမင်၏လှံက စကြာကဲ့သို့လည်ကာ ရွှေရောင်ချပ်ဝတ်ဖြင့် လူကြီးကို ပြင်းပြင်းထန်ထန် ရိုက်မိသွားတော့သည်။

ရွှေရောင်ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသော လူကြီး၏ခန္ဓာကိုယ်က တိုက်ရိုက်ပြိုကျသွားခဲ့သည်။ ၎င်းက မူလရှဲ့ကျန်းအသွင် ပြန်ပြောင်းသွားကာ နာကျင်စွာဖြင့် အော်ဟစ်လိုက်၏။ သူက ဒယီးဒယိုင်ဖြင့် အနောက်သို့ ဆုတ်သွားရကာ သွေးများ အန်ထွက်လာတော့သည်။

"အတင့်ရဲလိုက်တာ၊ မင်း အဋ္ဌမမင်းသားကို နာကျင်အောင် လုပ်ဝံ့တယ်ပေါ့။ မင်း သေချင်နေတာပဲ"

ရှီဖန်၏အစ်ကို ရှီကျန်းက အော်ငေါက်လိုက်သည်။ သူက ခြေတစ်ချက်လှမ်းလိုက်သည်တွင် လုမင်အရှေ့မှာ ပြန်ပေါ်လာခဲ့၏။ အဆင့်တစ် ဝိညာဉ်နတ်ဘုရားနယ်ပယ် အရှိန်အဝါများက ပေါက်ကွဲထွက်ကာ ကြောက်မက်ဖွယ်ကောင်းသော ဖိအားများ ပေါ်ပေါက်လာတော့သည်။ အဆင့်တစ် ဝိညာဉ်နတ်ဘုရားနယ်ပယ်၏ ဖိအားများသည် အမှန်တကယ် အားကောင်းလွန်းလှသည်။ ယင်းက လူများစွာကို မျက်နှာအမူအရာပြောင်းကာ ချွေးစေးများဖြင့် တုန်လှုပ်သွားစေခဲ့ပေသည်။

သို့သော်၊ လုမင်အတွက်တော့ အေးမြသော လေနုအေးကဲ့သို့ဖြစ်ကာ ဘာမှမခံစားရပေ။ သူက ရှီကျန်းကို လျစ်လျူရှုစွာ တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။

"အဋ္ဌမမင်းသားကိုယ်တိုင်က အခုလေးတင် ငါ့ရဲ့ခွန်အားကို အပြည့်အဝသုံးဖို့ တောင်းဆိုခဲ့တာ၊ ငါက အဋ္ဌမမင်းသားရဲ့အမိန့်ကို နာခံရုံပါပဲ"

"မင်း ထမင်းရည်ပူ လျှာလွှဲ လျှောက်မပြောနဲ့ကွ။ အဋ္ဌမမင်းသားရဲ့ ခန္ဓာကိုယ်က ရွှေစင်တစ်ထောင်ထက် တန်ဖိုးကြီးပြီး မြင့်မြတ်တယ်။ မင်း တကယ်ကြီး သူ့ကို ဒဏ်ရာရအောင် လုပ်ဝံ့တယ်လား။ မင်းက ထိန်းချုပ်မှုမရှိသလို အထက်ပုဂ္ဂိုလ်ကို အလေးမထားဘူး။ ဒါက အပိုင်းတစ်သောင်းဖြတ်ပြီး ‌သတ်စေနိုင်တဲ့ ပစ်မှုတစ်ခုပဲ။ မင်းရဲ့ လုပ်ရပ်တွေကို ဆင်ခြင်သုံးသပ်ဖို့၊ ငါကိုယ်တိုင် အခုချက်ချင်း မင်းကိုဖျက်သိမ်းပြီး အကျဉ်းချမယ်"

ရှီကျန်း၏ နှုတ်ခမ်းထောင့်မှ အေးစက်စက်အပြုံးတစ်ခု လှစ်ဟလာကာ မှုန်ကုပ်ကုပ်ဖြင့် ပြောလိုက်သည်။

အနီးနားရှိ ရှီဖန်ကမူ ပိုလို့တောင် ကျေနပ်သွားပြီး လုမင်အား စူးစူးစိုက်စိုက် ကြည့်လိုက်၏။

ရှီကျန်း၏ အနောက်ဘက်မှာတော့ ရှဲ့ကျန်း၏မျက်နှာက မှုန်ကုပ်နေသည်။ သို့သော်၊ သူက ရှီကျန်းကို မတားမြစ်ခဲ့ပေ။

ရှီကျန်းပြောခဲ့သလိုပင် လုမင်က သူ့ကို ဒဏ်ရာရအောင် လုပ်ဝံ့သည်။ ယင်းက အပိုင်းတစ်သောင်းဖြတ်၍ သတ်စေသင့်သော ပြစ်မှုတစ်ခုပင်။

"ဟားဟားဟား။ အဋ္ဌမမင်းသားက ငါ့ကို ခွန်အားအပြည့်နဲ့ တိုက်ခိုက်ဖို့ အမိန့်ပေးခဲ့တာကွ။ ငါက အမိန့်ကို နာခံပြီး ခွန်အားအပြည့်နဲ့ အားထုတ်ခဲ့ရုံပဲ။ အခု ဖြစ်ခဲ့တာကလည်း မတော်တဆ ဖြစ်ခဲ့တာ၊ ဒါပေမဲ့ မင်းက ငါ့ကို တိုက်ခိုက်ချင်နေတယ်။ အဋ္ဌမမင်းသားရဲ့ အမိန့်က လေလည်တာလို့ မင်း တကယ်ပဲထင်နေတာလား။ မင်း အခုလို လျှောက်လုပ်နေရင် နောင်တစ်ချိန်မှာ သူ့စကားကို နားထောင်မယ့်သူ ရှိပါဦးမလား"

လုမင်က လှောင်ပြောင်ရယ်မောလိုက်သည်။ သူက အနည်းငယ်မျှ မကြောက်ပေ။

ဤအရာအားလုံးက ရှီကျန်း တည်ဆောက်ထားသော ထောင်ချောက်တစ်ခုဖြစ်ကြောင်း သူ နားလည်ခဲ့သည်။ ရှီကျန်းက ရှဲ့ကျန်းအကြောင်းကို ကောင်းစွာနားလည်ခဲ့၏။ ရှီကျန်းက သဘောထားသေးသိမ်ပြီး မောက်မာသူမှန်း သူသိသည်။ လုမင်သာ ရှဲ့ကျန်းနှင့် ယှဉ်ပြိုင်ပြီး အနိုင်ရသည် သို့မဟုတ် ရှဲ့ကျန်းကို ဒဏ်ရာရစေခဲ့လျှင်၊ လုမင်အဖို့ သေခြင်းတရားကို စောင့်ဆိုင်းနေရပေလိမ့်မည်။

ထိုအတွက်ကြောင့်ပင် ယနေ့ကိစ္စများ ဖြစ်သွားခဲ့ရသည်။ အကယ်၍ လုမင်၏ အမဲလိုက်ခြင်းက ရှဲ့ကျန်းထက် သာလွန်ခြင်းမရှိလျှင်ပင်၊ ရှီကျန်းကလုမင်နှင့် ရှဲ့ကျန်းတို့ တိုက်ခိုက်ကြရန် နည်းလမ်းရှာဦးမည်။

သို့သော်လည်း ယနေ့တွင် အရာအားလုံးက ရှီကျန်း မျှော်မှန်းထားသည်ထက် ပိုမိုချောမွေ့ခဲ့ပေသည်။ လုမင်၏ အမဲလိုက်မှုက ရှဲ့ကျန်းထက်သာလွန်‌သွားသည်။ ဤအတွက် ရှဲ့ကျန်းသည် လုမင်အား မကျေမနပ် ဖြစ်သွားခဲ့၏။ ထို့နောက်မှာတော့ သူမျှော်လင့်ထားသည့် အကောင်းဆုံးရလဒ်အတိုင်း တိုက်ပွဲဖြစ်လာရတော့သည်။

တိုက်ပွဲမစတင်မီကတည်းက ရှဲ့ကျန်းဟာ လုမင်ကိုသတ်ရန် ကြံရွယ်ထားပြီးသား ဖြစ်သည်။ လုမင်၏ တိုက်ခိုက်နိုင်စွမ်းက အားနည်း၍ ရှဲ့ကျန်း၏ပြိုင်ဘက်သာ မဖြစ်ခဲ့လျှင်၊ အသတ်ခံရရန် များသည်။

အကယ်၍ လုမင်၏ ကျင့်ကြံခြင်းက ရှဲ့ကျန်းထက် အားကောင်းလျှင်လည်း ရှဲ့ကျန်း၏ သတ်ဖြတ်လိုစိတ်က ပို၍ အားကောင်းလာလိမ့်မည်။ နောက်ဆုံးတွင် လုမင်အတွက် အဆုံးသတ်ရလဒ်က သေခြင်းတရားသာ ရှိသည်။

ထို့ကြောင့်၊ လုမင် အနိုင်ရသည်ဖြစ်စေ... ရှုံးနိမ့်သည်ဖြစ်စေ သူ၏ သေဆုံးမှုက သေချာခဲ့ပေသည်။

"အတင့်ရဲလိုက်တာ၊ တယ်မောက်မာနေပါလား။ မင်းကိုယ်မင်း ဘယ်သူ ထင်လို့လဲ။ မင်းက အဋ္ဌမမင်းသားကို စော်ကားနေတာပဲ၊ ဒါက မင်းရဲ့ မျိုးဆက်ကိုးခုအထိ အပြစ်ပေးဖို့ ထိုက်တန်တယ်"

ရှီဖန်က နံဘေးမှ ဝင်အော်လိုက်သည်။

ရှီကျန်း၏ မျက်လုံးများမှ သတ်ဖြတ်ချင်စိတ်ကလည်း ပို၍ အားကောင်းလာခဲ့ပြီ။

နိမ့်ကျသော ပုရွက်ဆိတ်က သူ့ကို စော်ကားဝံ့သည်။ ယင်းက အမှန်တကယ် အဆတစ်သောင်းဖြတ်၍ သတ်ဖြတ်သင့်ပေသည်။

"ဝုန်း

ရှီကျန်းထံမှ သတ်ဖြတ်ချင်စိတ်များ ပေါက်ကွဲထွက်ပေါ်လာကာ ရှေ့သို့ ခြေလှမ်းလိုက်၏။ ကြီးမားသော ဖိအားကလည်း မိုးနှင့်မြေကို လွှမ်းခြုံကာ လုမင်အား ဖိနှိပ်လာတော့သည်။

All Chapters