← Chapters

အခန်း ၁၀၉၉

Vol. 74 Ch. 1099

အခန်း ၁၀၉၉

Vol. 74 Ch. 1099

အပိုင်း ( 1099 ) တရားစီရင်ရေးတပ်၏ အခြေအနေ။

လုမင်က သိုလှောင်လက်စွပ် ဒါဇင်ချီကို စူးစမ်းလိုက်ရာ အားလုံးက အတူတူသာဖြစ်ကြောင်း သိလိုက်ရသည်။ အတွင်းမှ အခြေအနေများမှာ သနားစရာကောင်းပြီး ဝိညာဉ်သန္ဓေသားနယ်ပယ် စတုတ္ထအဆင့်အထက် တန်ခိုးရှင်တို့၏ သိုလှောင်လက်စွပ်များနှင့် လုံးဝမတူပေ။

လုမင်၏ အမူအရာကိုကြည့်ရင်း ဂေါ်ရီလာနှင့် အခြားသူများ ရှက်ရွံ့သွားကြသည်။

လုမင်က လက်ဝှေ့ယမ်းလိုက်ရာ သိုလှောင်လက်များအားလုံးက ဂေါ်ရီလာနှင့် အခြားသူများထံသို့ ပြန်ရောက်သွားတော့သည်။

"ထကြစမ်း၊ ငါနဲ့ လာ မကစားနဲ့"

လုမင်က တစ်ချက်ဝေ့ကြည့်ရင်း အေးစက်စက်ဖြင့် ပြောလိုက်သည်။

လုမင်က ယခုလေးတင် သူတို့ကို ပြင်းပြင်းထန်ထန် မရိုက်နှက်ခဲ့ပေ။ သူက သူတို့၏ စွမ်းအင်များကို ယာယီ ကျဲပြန့်စေရုံသာဖြစ်၍ ကြီးကြီးမားမားမဟုတ်ပါချေ။

လုမင်က ဤလူများ၏ တပ်မှူးဖြစ်သည်။ သူရောက်လာသည်နှင့် သတ်ဖြတ်နေ၍ မရပါ။

ဂေါ်ရီလာနှင့် အခြားသူများလည်း မြေပြင်ပေါ်မှ တစ်ယောက်ပြီးတစ်ယောက် ပြန်ထလိုက်ကြသည်။

"တပ်မှူး၊ မင်းရဲ့ တိုက်ခိုက်နိုင်စွမ်းက အားကောင်းလွန်းတယ်။ ငါ တကယ်ကို သဘောကျမိပါတယ်"

ပြန်ထလာသည်နှင့် ဂေါ်ရီလာက ရိုးသားသော အပြုံးတစ်ခုကို ထူတ်ဖော်လိုက်သည်။ ယင်းက ယခုလေးတင် ရဲရင့်ခဲ့သောအကြည့်နှင့် လုံးဝမတူပေ။

"ဟုတ်တယ်... ဟုတ်တယ်၊ တပ်မှူး... မင်းရဲ့ ကျင့်ကြံခြင်းက တုနှိုင်းမမီအောင်ပါပဲ။ ငါတို့အားလုံးကို အလွယ်လေးနဲ့ ဖိနှိပ်နိုင်တယ်။ ဒါက ငါ့ရဲ့ သက်တမ်းတစ်လျှောက်မှာ ပထမဆုံး ကြံဖူးတာပဲ"

ဆံပင်ဖြူ အဘိုးကြီးကလည်း မြှောက်ပင့်လိုက်သည်။

ခဏချင်းပင်...

"တပ်မှူးက မယုံနိုင်စရာပဲ"

"တပ်မှူးက အစွမ်းထက်ပါပေတယ်"

အခြား တရားစီရင်ရေးအဖွဲ့ဝင်များလည်း မြှောက့်ပင်လိုက်ကြသည်။ လုမင်၏မျက်ခုံးများ တဆတ်ဆတ်လှုပ်ခါသွား၏။ သူ ဘာပြောရမည်မှန်းမသိတော့ပေ။ ဤလူများက ဘယ်လိုလူပင်နည်း။

၎င်းတို့က ယခုလေးတင် သူ့ကို လုယက်ချင်နေသော်လည်း ချက်ချင်း အချိုးပြောင်းသွားသည်။

"မင်းတို့က ဘာဖြစ်လို့ ဒီလောက်တောင် ဆင်းရဲနေတာလဲ။ မင်းတို့ရဲ့ သိုလှောင်လက်စွပ်ထဲမှာ ကျောက်ကြမ်းတစ်စတောင် မရှိဘူးလား"

လုမင်လည်း သိလိုစိတ်ဖြင့် မေးလိုက်သည်။

"ဟင်း… ငါတို့ တရားစီရင်ရေးတပ်ရဲ့ ဘဝတွေက ခက်ခဲလွန်းပါတယ်"

"တပ်မှူး...၊ ဒါက ဒီလိုပါ..."

ထို့နောက်တွင် အားလုံးက လုမင်ကို စတင်ရှင်းပြလိုက်ကြသည်။

နားထောင်ပြီးနောက် လုမင်လည်း လေးလေးနက်နက် တွေးတောလိုက်မိ၏။

တရားစီရင်ရေးတပ်ဖွဲ့များ၏ အခြေအနေက စွန်းလင်း ပြောပြခဲ့သည်ထကိပင် ပို၍ဆိုးနေသေးသည်။

တရားစီရင်ရေးတပ်က သူတော်စင်မြို့တော်တွင် ဥပဒေကို ပြဋ္ဌာန်းသူများဖြစ်၍ ရှေးဟောင်းသန့်စင်မင်းဆက်၏ ဂုဏ်သတင်းကို ကာကွယ်ကြရမည် ဖြစ်သည်။

သို့သော်လည်း လက်တွေ့မှာတော့ ထိုသို့မဟုတ်ပေ။ ရှေး‌ဟောင်းသန့်စင်မင်းဆက်က အုပ်စိုးရှင်အင်အားစု သို့မဟုတ် အသန်မာဆုံးပင် ဖြစ်သေးသော်လည်း အနည်းသာ အင်အားပိုကြီးသည့် အင်အားမျှသာဖြစ်သည်။ ၎င်းတို့တွင် ကမ္ဘာကြီးကို စိုးမိုးရန် အစွမ်းအစမရှိတော့ပါ။ ထို့ကြောင့်၊ အရေးကိစ္စများကို ကိုင်တွယ်သောအခါ လိမ္မာပါးနပ်မှုရှိရန် လိုအပ်ပြီး အခြားအင်အားစုများနှင့် ကောင်းမွန်သော ဆက်ဆံရေးကို တည်ဆောက်ကြရသည်။

ထို့ကြောင့် တရားစီရင်ရေးတပ်က အင်အားစုကြီးများမှ လူများ အပြစ်ကျူးလွန်သောအခါ ဖမ်းဆီးအရေးယူခြင်း မပြုဝံ့တော့ပေ။ သို့သော်၊ တော်ဝင်မိသားစု၏ ဂုဏ်သိက္ခာကိုလည်း ကာကွယ်ရဦးမည် ဖြစ်သည်။ ထိုအခြေအနေမျိုးတွင် သူတို့ ဘာလုပ်နိုင်မည်နည်း။

ထို့ကြောင့် တရားစီရင်ရေးတပ်က အင်အားစုကြီးများ၏တပည့်များ အပြစ်ကျူးလွန်သောအခါ ကျူးလွန်သူများကို ပြန်တောင်းပန်စေရန် ကိုယ်ပိုင်အိတ်ကပ်ထဲမှ စိုက်ထုတ်ပေးရသည်။ ဤနည်းဖြင့် တရားစီရင်ရေးတပ်က တော်ဝင်မိသားစု၏ ဂုဏ်သိက္ခာကို သဘာဝအတိုင်း ကာကွယ်နိုင်မည်ဖြစ်သလို၊ ပြစ်မှုကျူးလွန်သူများကလည်း သူတို့၏အမှားများကို ဝန်ခံပြီး ပြဿနာကို ပြေလည်သွားခဲ့စေလိမ့်မည်။

သို့သော်လည်း သူတို့က အချိန်တိုင်းတွင် ကိုယ်ပိုင်ငွေများကို ခွဲထုတ်ခဲ့ရသည်။ ထိုအတွက် အချိန်ကြာလာသောအခါ၊ တရားစီရင်သူများ မွဲပြာမကျမှသာ ထူးဆန်းပေလိမ့်မည်။ ထို့ကြောင့်ပင် လူသစ်ဖြစ်သော လုမင်ကို တွေ့ရချိန်တွင် လုယက်ချင်သည်မှာ အံ့သြစရာ မဟုတ်တော့ပါချေ။

လုမင်လည်း ဆွံ့အသွားသည်။ တရားစီရင်ရေးတပ်က အမှန်တကယ် အသုံးမဝင်ပေ။ မတော်မတရား ကျူးလွန်ခံရသူများက အဆင်ပြေသော်လည်း တရားခံကိုပါ အကျိုးခံစားခွင့် ပေးနေရသည်။ ဤအခြေအနေမျိုးကို တစ်ခါမျှပင် မကြားဘူးပေ။

"တရားစီရင်ရေးတပ်က ရှေးဟောင်းသန့်စင်မင်းဆက်ရဲ့ ဥပဒေကိုဖော်ဆောင်တဲ့ တရားစီရင်ရေးခန်းပါပဲ။ ဒါပေမဲ့ ရှေးဟောင်းသန့်စင်မင်းဆက်မှာ ဒီလိုအာဏာမျိုး မရှိတော့တာ စိတ်မကောင်းစရာပဲ။ တကယ်တမ်းဆိုရင် တရားစီရင်ရေးခန်းမကို‌ ရှေးကတည်းက ဖျက်သိမ်းလို့ ရနေခဲ့ပြီလေ၊ တော်ဝင်မိသားစုက သူတို့ရဲ့ ဂုဏ်သိက္ခာအတွက် ထိန်းသိမ်းထားခဲ့တာ။ ဒါပေမဲ့ ဒီနေရာကို လာရောက်ချင်သူက တစ်ယောက်မှ မရှိတော့ပါဘူး။ အထင်ကရ ပုဂ္ဂိုလ်တွေကို စော်ကားခဲ့သူတွေပဲ ဒီကို ရောက်ရတာ"

ဆံပင်ဖြူ အဘိုးကြီးက သက်ပြင်းချလိုက်လေသည်။

နောက်ဆုံးတွင်၊ လုမင်လည်း ရှဲ့ကျန်းမှ သူ့ကို အဘယ်ကြောင့် တရားစီရင်ရေးတပ်သို့ လွှဲပြောင်းပေးပြီး တပ်မှူးအဖြစ် ခန့်အပ်ထားခဲ့သည်အား နားလည်သွားခဲ့ပြီ ဖြစ်သည်။

ယခုဆိုလျှင် နှစ်တစ်သန်း အမျိုးသားပွဲတော်ကလည်း နီးကပ်လာခဲ့ပြီ။ ထိုအခါ အင်အားစုအားလုံးမှ လူများ စုဝေးကြနိုင်သည်။ ယင်းက ကြီးကျယ်ခမ်းနားသော အခြေအနေတစ်ခုပင်။ ဤအခြေအနေတွင် တစ်ခုခု လွဲချော်ဝံ့ပါက၊ မည်သို့ သေဆုံးရမည်မှန်းပင် သိရှိနိုင်မည် မဟုတ်ပါချေ။

ထို့အပြင် တပ်မှူးတစ်ဦး၏ တာဝန်က သဘာဝအတိုင်း ပို၍ကြီးလေးမည် ဖြစ်သည်။

'ရှဲ့ကျန်း၊ မင်းက ငါနဲ့ ကစားချင်မှတော့ ကစားရသေးတာပေါ့'

လုမင်၏ နှုတ်ခမ်းများက အပြုံးတစ်ခုကဲ့သို့ တွန့်ကွေးသွားသည်။ သူ့လက်ကို ဝှေ့ယမ်းလိုက်သောအခါ သိုလှောင်လက်စွပ်တစ်ကွင်းက ဂေါ်ရီလာဆီသို့ ပျံသန်းသွား၏။ သူက ပြုံးကာ ပြောလိုက်သည်။

"ဒီမှာ ကျောက်ကြမ်းတစ်သောင်းရှိတယ်။ အရက်ကောင်းကောင်းနဲ့ အရသာရှိတာတွေ ဝယ်လာခဲ့ပါ။ အားလုံး ကောင်းကောင်း စားသောက်ပြီး ပျော်ကြမယ်။ ပိုနေရင် ဝိညာဉ်လက်နက်တွေ ဝယ်လာလို့ရတယ်"

ဤလူများက ဆင်းရဲလွန်း၍ သူတို့ကိုယ်ပိုင် ဝိညာဉ်လက်နက်များကိုပင် ရောင်းစားခဲ့ကြရလေသည်။

"ကျောက်ကြမ်းတစ်သောင်းလား"

ဂေါ်ရီလာလည်း သိုလှောင်လက်စွပ်ကို ဖမ်းယူကာ ပထမတွင် အံ့အားသင့်သွားသည်။ ထို့နောက်မှာတော့ ဝမ်းသာအားရဖြင့် ဦးညွတ်တော့သည်။

"ကျေးဇူးတင်ပါတယ် တပ်မှူး"

အခြားသူများလည်း ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားခဲ့ကြသည်။ အားလုံးက လုမင်ကို ကျေးဇူးတင်စကားဆိုပြီး အရက်ကောင်းကောင်း၊ အရသာရှိသော အစားအစာများနှင့် ဝိညာဉ်လက်နက်များ ဝယ်ယူရန် ထွက်သွားကြသည်။

ကျင့်ကြံသူများ စားသုံးသော အရက်နှင့် အစားအသောက်များက သာမန်လူများနှင့် မတူပါ။ အသားအားလုံးက ကြမ်းကြုတ်သော မိစ္ဆာသားရဲများနှင့် နတ်ဆိုးသားရဲများထံမှ ရသည်။ အရက်ကလည်း အလွန်စျေးကြီးသော ဝိညာဉ်အရက်များ ဖြစ်ချေသည်။

နေ့ဝက်ကြာသောအခါ၊ ဂေါ်ရီလာနှင့် အခြားသူများက အရက်ကောင်းကောင်းနှင့် အရသာအရှိဆုံး အစားအသောက်များကို ဝယ်လာခဲ့ကြသည်။ သူတို့လူစုလည်း စားပွဲဝိုင်းများတွင် ဝိုင်းဖွဲ့ကာ အားပါးတရ စားသောက်လိုက်၏။ ယခုကဲ့သို့ သူတို့ မစားမသောက်ရသည်မှာ ကြာခဲ့ပြီ။ ထို့ကြောင့်ပင် ယခုလောလောဆယ် သူတို့၏ စိတ်ထဲတွင် လုမင်အား လွန်စွာ ကျေးဇူးတင်နေခဲ့ကြပြီ ဖြစ်သည်။

အားလုံးက စကားစမြည်ပြောရင်း စားသောက်ခဲ့ကြသည်။

စကားစမြည်ပြောရင်း၊ လုမင်သည် ဤလူများက ရာထူးကြီးသောသူများကို စော်ကားခဲ့၍ ဤနေရာသို့ ပြောင်းရွှေ့ခံခဲ့ရကြောင်း သိခဲ့ရပေသည်။

သူတို့၏ မိသားစုများနှင့် မိတ်ဆွေများက သူတော်စင်မြို့တွင် ရှိနေသည်။ ထိုအတွက်၊ ကိုယ်လွတ်ရုန်းကာ မပြေးနိုင်ဘဲ တရားစီရင်ရေးတပ်တွင်သာ ဒုံးပေကတ်သတ်ခံပြီး နေ နေရတော့သည်။

အားလုံးက နာရီအနည်းငယ်ကြာအောင် စားသောက်နေခဲ့ကြသည်။

"မကောင်းတော့ဘူးဟေ့၊ မြောက်ဘက်လမ်းက ဆိုင်တစ်ဆိုင်ကို တစ်စုံတစ်ယောက်က ဖျက်ဆီးပြီး ဆိုင်ရှင်ကိုလည်း သတ်လိုက်ပြီ"

ထိုစဉ် တရားစီရင်သူတစ်ယောက်က အပြေးဝင်လာကာ သတင်းပို့လိုက်သည်။

"ဟာ"

"ဘယ်သူလုပ်လိုက်တာလဲ"

"ဒုက္ခပါပဲကွာ၊ တစ်ခုခုထပ်ဖြစ်ပြန်ပြီ"

ဂေါ်ရီလာနှင့် အခြားသူများ၏ မျက်နှာအမူအရာများက သိသိသာသာ ပြောင်းလဲသွားကြသည်။

ပြဿနာဖြစ်စေသူက သာမန်ဆိုလျှင် အကြောင်းမရှိသော်လည်း အင်အားစုကြီးများမှ ဖြစ်နေပါက အင်မတန် ခက်ခဲပေလိမ့်မည်။

"ဒါက ဟွမ်မိသားစုရဲ့ သခင်လေးဟွမ်ကဲ ပဲ"

သတင်းပို့သူက ပြောလိုက်သည်။

"ဘာ၊ ဟွမ်မိသားစုက ထိပ်တန်း မိသားစုကြီးတစ်ခုပဲ။ ငါတို့ ဘယ်လိုလုပ်ကြမလဲ"

ဂေါ်ရီလာနှင့် အခြားသူများ မျက်နှာပျက်သွားသည်။

ဝိညာဉ်နတ်ဘုရားတစ်ပါး ရှိနေသရွေ့ မည်သည့် အင်အားစုကိုမျှ မစော်ကားနိုင်‌ပေ။ မဟုတ်လျှင်၊ ထိုအင်အားစုမှ ကျွမ်းကျင်သူများက ၎င်းတို့၏ အထက်အရာရှိများကို တိုက်ရိုက်တွေ့ဆုံကာ ၎င်းတို့ကို ဖိအားပေးနိုင်သည်။

"သွားကြည့်ရအောင်"

လုမင်က အရက်တစ်ခွက်ကို တရှိန်ထိုး‌မော့ကာ ထွက်သွား၏။

"မင်း၊ မင်း... ပြီး‌တော့မင်း၊ ငါတို့ အတူတူသွားကြမယ်"

ဂေါ်ရီလာလည်း တရားစီရင်ရေးတပ်မှ လူတစ်ဒါဇင်ခန့်ကို ရွေးချယ်ကာ လုမင်အနောက်မှ လိုက်ပါသွားတော့သည်။

သူတို့၏ တရားစီရင်ရေးခန်းမက သူတော်စင်မြို့တော်၏ အရှေ့မြောက်ဘက်တွင် ရှိသည်။ ယခု အဖြစ်ပွား‌ရာ နေရာကမူ မြောက်ဘက်လမ်းနှင့် အလွန်နီး၏။ ခဏကြာသောအခါ သူတို့ရောက်လာကြတော့သည်။

နေရာကို မရောက်မီကတည်းက လုမင်ဟာ အခြေအနေကို သိခဲ့ရသည်။

ဟွမ်မိသားစုမှ သခင်လေးဟွမ်ကဲက ဆိုင်တစ်ဆိုင်မှ ရတနာတစ်ခုကို လိုချင်သည်။ သို့သော်လည်း ကျောက်ကြမ်းမရှိသေး၍ အကြွေးမှတ်ပြီး ရတနာကို အရင်ယူချင်သည်ဟု ဆိုသည်။

ဟွမ်ကဲကို သိကြသူတိုင်း သူယူသွားသော ပစ္စည်းဖိုးကို ဘယ်တော့မှ ပြန်မဆပ်ဖူးမှန်း သိကြပေလိမ့်မည်။

ထိုအတွက် ဆိုင်ရှင်သည် သဘာဝအတိုင်း ငြင်းဆိုသောကြောင့် ဟွမ်ကဲ ဒေါသထွက်သွားသည်။ သူက ဆိုင်ရှင်ကိုသတ်ကာ ဆိုင်တစ်ခုလုံးကို ဖျက်ဆီးခဲ့၏။ ဆိုင်ရှင်၏ မိသားစုကိုပင် သူက သတ်ပစ်ချင်ခဲ့သေးသည်။

ရောက်လာသည်နှင့် တပြိုင်နက် မာနထောင်လွှားသော အသံတစ်ခုကို ကြားလိုက်ရသည်။

"သေစမ်း၊ ငါက မင်းကို မျက်နှာသာပေးထားတာတောင် လက်မခံချင်ဘူး။ ငါက အကြွေးခဏယူရုံပဲလေ၊ ပြီးရင် ပြန်ဆပ်မှာပေါ့၊ မင်းက ဘာဖြစ်လို့ သဘောမတူရတာလဲ။ မင်းကိုယ်တိုင်က သေချင်နေတာ၊ ဒီလိုဆိုမှတော့ ဘယ်သူ့ကို အပြစ်တင်နိုင်မှာလဲ"

မောက်မာသော အသံတစ်ခု ထွက်ပေါ်လာခဲ့၏။

"ထွက်သွား။ လမ်းမဖယ်သေးရင် မင်းကို ငါသတ်မယ်"

နောက်ထပ် ကြိမ်းမောင်းသံတစ်ခု ထွက်ပေါ်လာသည်။ ထိုအသံရှင်က ဟွမ်ကဲ၏ အစေခံဖြစ်လိမ့်မည်။

"ဘေးဖယ်... ဘေးဖယ်ကြစမ်း။ တရားစီရင်ရေးတပ် လာနေတယ်။ လမ်းဖယ်ကြစမ်း"

ဂေါ်ရီလာက အသံကျယ်ကျယ်ဖြင့် အော်လိုက်သည်။ လူအုပ်ကြီးက ဘေးသို့ရှဲသွားကြကာ လုမင်တို့လူစု ဖြတ်သွား၏။

ဆံပင်ဖြူ အဘိုးကြီးတစ်ယောက်က မြေပြင်ပေါ်တွင် လဲကျနေသည်။ သူ အသက်မရှူတော့ပေ။

အဘိုးအို၏ အလောင်းဘေးတွင်မူ ရိုးရာဝတ်စုံနှင့် လူငယ်တစ်ဦး ရပ်နေသည်။ သူ့မျက်လုံးက အေးစက်နေကာ မျက်နှာမှာလည်း မာနတရားတို့ ပြည့်နှက်နေပေသည်။

All Chapters