အခန်း ၁၁၀၀
Vol. 74 Ch. 1100
အပိုင်း ( 1100 ) စစ်ဦးစီးချုပ်ကို မေးခွန်းထုတ်ခြင်း။
ထိုလူငယ်မှာ ဟွမ်ကဲ ဖြစ်သည်။
ဟွမ်ကဲ၏နောက်တွင် ထွားကျိုင်းသော အမျိုးသားတစ်ဦးပင် ရှိနေခဲ့၏။
ဤအခိုက်တွင် ဟွမ်ကဲက လုမင်နှင့် ကျန်လူများကို မြင်တွေ့သွားခဲ့သည်။ သို့သော် သူက မကြောက်ရုံသာမကဘဲ လှောင်ပြောင်နေသေးသည်။
"ဘာတွေဖြစ်နေတာလဲ"
လုမင်က အနားသို့လျှောက်လာကာ မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။
"အိုး၊ တရားစီရင်ရေးတပ်က လူတွေပဲ။ ဒီလူက ငါ့ကို စော်ကားလို့ သတ်လိုက်တာ။ မင်းတို့ကောင်တွေ သူ့အလောင်းကို သယ်သွားလို့ရတယ်"
ဟွမ်ကဲက လုမင်ကို လျစ်လျူရှုစွာကြည့်ပြီး ထူးခြားမှုမရှိဟန်ဖြင့် ပြောလိုက်သည်။
"မင်းသတ်လိုက်တာလား။ ဒီလူက သူတော်စင်မြို့တော်မှာ ဆိုင်ဖွင့်နေတာကြောင့် တရားစီရင်ရေးတပ်က အကာအကွယ် ပေးသင့်တယ်။ မင်း ဘာဖြစ်လို့ သူ့ကိုသတ်လိုက်တာလဲ။ ငါတို့နဲ့ တရားစီရင်ရေးခန်းမကိုလိုက်ပြီး ဖြေရှင်းချက်ပေးပါ"
လုမင်က အေးစက်စက်ဖြင့် ပြောလိုက်သည်။
"မင်းဘာပြောလိုက်တယ်။ မင်းက ငါ့ကိုဖမ်းပြီး တရားစီရင်ရေးခန်းမကို ခေါ်သွားချင်တာလား"
ဟွမ်ကဲက အလွန်ရယ်စရာကောင်းသော ဟာသတစ်ခုကို ကြားလိုက်ရဟန်ဖြင့် ရယ်ရွှင်သောအမူအရာ ဖြစ်လာခဲ့သည်။ သူက လုမင်ကို မယုံနိုင်ဟန်ဖြင့် ကြည့်လိုက်၏။
သူ့ဘေးနားမှ တခြားသူများကလည်း အတူတူပင်။
တရားစီရင်ရေးခန်းမက ဟွမ်ကဲကို ဖမ်းဆီးဝံ့သလော။ ဟွမ်မိသားစုဟာ သူတော်စင်မြို့တော်တွင် အင်အားကြီးသည်ဟု ယူဆ၍ရသည်။ ယခုအချိန်တွင် အမည်ခံသာ ရှိကြတော့သော တရားစီရင်ရေးတပ်က ဟွမ်ကဲကို အမှန်တကယ် ဖမ်းဆီးဝံ့သလော။
"ရှည်တယ်၊ ထျဲရှင်း... သူ့ကိုဖမ်းလိုက်"
လုမင်က အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။
ထျဲရှင်းက ဂေါ်ရီလာ၏ နာမည်ဖြစ်ချေသည်။
"ဒါ…"
ထျဲရှင်းက ခက်ခဲသော အမူအရာများကို လှစ်ဟလာခဲ့သည်။
"တပ်မှူး၊ ဒီဟွမ်ကဲက အပြစ်ပြုလို့ မရပါဘူး"
ထျဲရှန်းက လုမင်ကို ခပ်တိုးတိုး ကပ်ပြောလိုက်၏။
"ဟမ့်၊ မင်းတို့မလုပ်ရင် ငါကိုယ်တိုင်လုပ်မယ်"
လုမင်၏ အကြည့်များက အေးစက်သွားသည်။
"မင်းလုပ်ရဲလား"
ဟွမ်ကဲ အော်ငေါက်လိုက်သည်။
"ဘာလို့ မဝံ့ရမှာလဲ"
လုမင် လှောင်ပြောင်လိုက်၏။
"တရားစီရင်ရေးတပ်သား... မင်း သေချင်နေတာပဲ။ သူ့ကိုသတ်"
ဟွမ်ကဲက ကြိမ်းမောင်းပြီး သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ သူ့နောက်မှ ကြံ့ခိုင်သော လူတစ်ယောက် ရှေ့ကို ထွက်လာခဲ့၏။ ၎င်းထံမှ ဝိညာဉ်သန္ဓေသားနယ်ပယ် အဆင့်ရှစ်၏ အရှိန်အဝါများ ပေါက်ကွဲထွက်ပေါ်လာတော့သည်။
"သေ"
ကြံ့ခိုင်သောလူက သတ်ဖြတ်ချင်စိတ်များဖြင့် အော်လိုက်သည်။ သူက ဓားကိုဆွဲထုတ်ကာ လုမင်၏လည်ပင်းကို ပိုင်းချသည်။
"ငါ့ကို သတ်ချင်တာလား။ မင်း ပြန် သေ"
လုမင်က လက်ဝါးတစ်ချက် ရိုက်ချလိုက်သည်။
လက်ဝါးရိုက်ချက်က ဟင်းလင်းပြင်ကို ဖြိုခွင်းကာ ကြံ့ခိုင်သောလူ၏ ခုခံအားလုံးကို ချေဖျက်သွား၏။ ထိုသူ၏ ရင်ဘတ်တွင် အပေါက်ကြီးတစ်ခု ပေါက်ထွက်လာကာ မယုံကြည်နိုင်သော အမူအရာဖြင့် အော်ဟစ်ရင်း လဲကျသေဆုံးသွားတော့သည်။
သူ သေဆုံးသွားသည်အထိ၊ တရားစီရင်ရေးတပ်၏ အမှိုက်က ဤမျှ အစွမ်းထက်ပြိး ကြီးစိုးလာသည်ကို မယုံနိုင်ခဲ့ပေ။
"မင်း… မင်း ဘယ်လိုတောင် လုပ်ဝံ့တာလဲ"
ဟွမ်ကဲ၏ မျက်နှာက ကြောက်ရွံ့မှုကြောင့် ဖြူဖျော့သွားခဲ့သည်။ သူ့တကိုယ်လုဲံး တုန်ယင်သွားကာ လုမင်အား မယုံကြည်နိုင်ဟန်ဖြင့် ကြည့်လိုက်မိ၏။
"မင်း ငါ့ကို သတ်ချင်ရင် ငါ မင်းကို သတ်မယ်။ မင်းငါ့ကို ဖျက်ဆီးချင်ရင် ငါမင်းကို အရင်ဖျက်ဆီးမယ်"
လုမင်၏ မျက်လုံးများက သတ်ဖြတ်ချင်စိတ်များဖြင့် တောက်ပလာသည်။
"မဟုတ်ဘူး၊ မလုပ်နဲ့..."
ဟွမ်ကဲ အလွန်ကြောက်လန့်သွား၏။
"ဝှစ်"
လုမင်က လက်ညိုးတစ်ချက်ညွှန်လိုက်ရာ လှံအလင်းတစ်ခုပေါ်လာပြီး ဟွမ်ကဲ၏ ဒန်တျန်အား ထိုးဖောက်ဖျက်ဆီးလိုက်တော့သည်။
"အား၊ မင်း ငါ့ရဲ့ ကျင့်ကြံခြင်းအခြေခံကို ဖျက်ဆီးပစ်လိုက်ပြီ။ ငါ မင်းကို သေစေချင်တယ်"
ဟွမ်ကဲက အော်ဟစ်လိုက်သည်။
ဘေးမှ အခြားသူများ လွန်စွာ တုန်လှုပ်သွား၏။ ဤတရားစီရင်ရေးတပ်က ယခင်ကနှင့် လုံးဝမတူတော့ပေ။ ၎င်းတို့က အမှန်တကယ် ရက်စက်ကြမ်းကြုတ်ပြီး ပြတ်ပြတ်သားသား ပြုလုပ်ခဲ့ကြသည်။
သို့သော်လည်း တိတ်တဆိတ် လက်ခုပ်တီးပြီး အားပေးနေကြသူများလည်း ရှိသေးသည်။ ဟွမ်ကဲက နောက်ခံအားကိုးဖြင့် မကောင်းမှုအမျိုးမျိုးကိုကျူးလွန်ခဲ့သည်။ ယခုအခါ၊ နောက်ဆုံးတွင်ကား သူတို့အတွက် လက်စားချေပေးခဲ့ကြပြီ။
သို့သော်လည်း ဤတရားစီရင်ရေးတပ် နောက်ပိုင်းတွင် ဒုက္ခရောက်တော့မည် ဖြစ်သည်။ ဟွမ်မိသားစုက ဤကိစ္စကို ငြိမ်ခံလိမ့်မည်မဟုတ်ပေ။
လုမင်၏အနောက်မှ ထျဲရှင်းနှင့် အခြားသူများလည်း ဘာလုပ်ရမှန်းမသိဘဲ မျက်လုံးများ ပြူးသွားကြသည်။
ဤသို့ပြုလုပ်ခြင်းက အလွန်ကောင်းသည်ဟု ခံစားမိပြီး သူတို့တကိုယ်လုံး သက်တောင့်သက်သာ ရှိခဲ့ကြပေသည်။ သို့ရာတွင် နောက်ဆက် အကျိုးဆက်များကကော…
ဟွမ်ကဲ ဖျက်ဆီးခံခဲ့ရခြင်းကြောင့် ဟွမ်မျိုးနွယ် ရူးသွပ်သွားနိုင်သည်။
လုမင်က ဟွမ်ကဲနှင့် ထွားကျိုင်းသော အမျိုးသား၏ သိုလှောင်လက်စွပ်များကို စုပ်ယူကာ ဘေးနားရှိ အမျိုးသမီး နှစ်ယောက်အား ပေးလိုက်သည်။
၎င်းက ဆိုင်ရှင်အဘိုးကြီး၏ မိသားစုဝင်များ ဖြစ်ချေသည်။ နှစ်ယောက်စလုံးက အကူအညီမဲ့နေသော မျက်နှာများဖြင့် ရှိုက်ကြီးတငင် ငိုနေခဲ့ကြသည်။
"ဒီသိုလှောင်လက်စွပ်နှစ်ကွင်းကိုယူပြီး သူတော်စင်မြို့တော်ကနေ ထွက်သွားလိုက်ပါ။ ငြိမ်းချမ်းတဲ့ အခြားတစ်နေရာမှာ အခြေချ နေထိုင်သွားကြပါတော့"
လုမင်က သိုလှောင်လက်စွပ်နှစ်ကွင်းကို လွှဲပေးပြီးနောက် ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ် ဆရာ"
ထိုနှစ်ယောက်လည်း သူ့ကို ထပ်ခါတလဲလဲ ကျေးဇူးတင်စကား ပြောကာ မြို့ထဲမှ အမြန်ထွက်သွားတော့သည်။
"ထျဲရှင်း၊ ဒီအမှိုက်ကို တရားစီရင်ရေးခန်းမကို ခေါ်လာခဲ့ချေ"
လုမင်က အမိန့်ပေးပြီးနောက် စီရင်ရေးခန်းမကို ပြန်လှည့်လျှောက်သွားသည်။
ထျဲရှင်းနှင့် အခြားလူများလည်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြလေသည်။ နောက်ဆုံးမှာတော့ သူတို့ အံကြိတ်ကာ ဟွမ်ကဲကိုခေါ်ပြီး တရားစီရင်ရေးခန်းမသို့ ပြန်လိုက်သွားတော့သည်။ လမ်းတစ်လျှောက်တွင် ဟွမ်ကဲ၏ သနားစဖွယ် ငိုသံများက လူအများ၏အာရုံကို စွဲဆောင်သွားခဲ့သည်။
"ပြပွဲကောင်းတစ်ခုတော့ ရှိလာတော့မယ်ဟေ့။ ဟွမ်မိသားစု ရူးသွပ်သွားပြီး တရားစီရင်ရေးခန်းမကို သွားရှင်းတော့မှာ သေချာတယ်"
"သူတို့က တရားစီရင်ရေးခန်းမကို တိုက်ရိုက်သတ်မှာ မဟုတ်ပါဘူး၊ ဒါပေမဲ့ တရားစီရင်ရေးတပ်ကို ဖိအားပေးပြီးတော့ ကိုင်တွယ်တော့မှာ သေချာတယ်။ သွားကြည့်ရအောင်"
"သွားကြမယ်ဟေ့"
ဤသို့ဖြင့်…
လမ်းတစ်လျှောက်မှ လူအုပ်စုကြီးလည်း လုမင်နှင့် အခြားလူများနောက်မှလိုက်ကာ တရားစီရင်ရေးခန်းမဆီသို့ လိုက်သွားခဲ့တော့သည်။
မကြာမီ၊ လုမင်နှင့် တခြားသူများ တရားစီရင်ရေးခန်းမကို ပြန်လာခဲ့ကြသည်။
ကျန်နေခဲ့ကြသော တရားစီရင်ရေးတပ်သားများလည်း ဤမြင်ကွင်းကိုမြင်ပြီး ဖြစ်ပျက်ခဲ့သည်များကို ကြားလိုက်သောအခါ၊ ထိတ်လန့်တကြားဖြင့် မျက်နှာဖြူဖျော့သွားကြသည်။ ပြီးသွားကြချေပြီ။ တစ်ဖက်မှ ကျွမ်းကျင်သူများ တံခါးကို လာခေါက်သည့်အခါ အဘယ်သို့ ရင်ဆိုင်ကြရပါမည်နည်း။
"မေ့လိုက်ပါ၊ ငါတို့ ဖုံးကွယ်လို့ မရတော့ဘူး၊ အပြင်ထွက်ကြရအောင်"
"ဒါပေမယ့် ငါကတော့ ခံစားချက် တော်တော်ကောင်းနေတယ်"
"ဒါအမှန်ပဲ။ ဟားဟား"
အခြားတရားစီရင်ရေးခန်းမမှ အဖွဲ့ဝင်များက တီးတိုး ဆွေးနွေးခဲ့ကြသည်။ လုမင်၏ မျက်နှာအမူအရာကတော့ ပြောင်းလဲမှုမရှိပေ။ သူက လက်ပိုက်ကာ မျက်လုံးကိုမှိတ်ပြီး တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်။
တရားစီရင်ရေးခန်းမ၏ ပတ်ပတ်လည် ကောင်းကင်ယံမှာတော့ လူများ ပြည့်နှက်နေခဲ့ပြီ။ တစ်ချို့က တိတ်တဆိတ် စောင့်ဆိုင်းနေပြီး တချို့က ရင်မောနေခဲ့ကြသည်။
အချိန်များ တဖြည်းဖြည်းကုန်လွန်သွားခဲ့ပြီ။ မျက်စိတစ်မှိတ်အတွင်း နှစ်နာရီကြာသွားသည်။
"ဟွမ်မိသားစု ရောက်လာပြီဟေ့"
တစ်ယောက်ယောက်က အစပြုကာ အော်ပြောလိုက်၏။
ဝမ်။
ထိုအချိန်တွင် လုမင်က မျက်လုံးများကိုဖွင့်ကာ ကောင်းကင်ကို မော့ကြည့်လိုက်သည်။
ကောင်းကင်ယံတွင် စုစုပေါင်း လူသုံးယောက် ရှိသည်။
နှစ်ယောက်က အဘိုးကြီးများပင်၊ ၎င်းတို့က ဟွမ်ကဲကဲ့သို့ တူညီစွာ ၀တ်ဆင်ထားခဲ့သည်။ သူတို့က ဟွမ်မိသားစု၏ ကျွမ်းကျင်သူများ ဖြစ်ကြပေလိမ့်မည်။ အခြားလူလတ်ပိုင်းအရွယ် အမျိုးသားကတော့ တရားစီရင်ရေးတပ်၏ ဝတ်စုံကို ဝတ်ဆင်ထားသည်။
"ဒါ စစ်ဦးစီးချုပ်ပဲ"
ထျဲရှင်းက အမူအရာ ပြောင်းလဲသွားကာ လုမင်ကို ခပ်တိုးတိုး ကပ်ပြောလိုက်၏။
သူရည်ညွှန်းသော စစ်ဦးစီးချုပ်က တရားစီရင်ရေးတပ်၏ စစ်ဦးစီးချုပ် ဖြစ်ချေသည်။ သူဟာ သူတော်စင်မြို့တော်ရှိ တည်ဆဲတရားစီရင်ရေးတပ်အားလုံးကို တာဝန်ယူခဲ့သည်။
ယခုအချိန်မှာတော့ တရားစီရင်ရေးတပ် စစ်ဦးစီးချုပ်၏ မျက်နှာမှာ ဒယ်အိုးဖျင်ကဲ့သို့ မည်းနက်နေသည်။ သူက လုမင်ကို တိုက်ရိုက် စိုက်ကြည့်ပြီး အေးစက်စက်ဖြင့် ကြိမ်းမောင်းလိုက်သည်။
"မင်လု၊ မင်း ဘာဖြစ်လို့ သခင်လေးဟွမ်ကဲကို မလွှတ်ပေးတာလဲ"
တရားစီရင်ရေးတပ်၏ စစ်ဦးစီးချုပ်က အလွန်စိတ်ပျက် သွားနေခဲ့၏။ အထူးသဖြင့် လုမင်ကိုကြည့်သောအခါ ပို၍ပင် စိတ်မသက်မသာ ဖြစ်မိသည်။
လုမင်က တရားစီရင်ရေးတပ်၏ လက်ရှိအခြေအနေကို မည်သို့ သတိမပြုမိဘဲ နေသနည်း။ သူက ဟွမ်မိသားစု၏ အစောင့်များကို သတ်ဖြတ်သည့်အပြင် ဟွမ်ကဲ၏ ကျင့်ကြံခြင်းအခြေခံကိုပါ ဖျက်ဆီးခဲ့သည်။ ထိုအတွက် ဟွမ်မိသားစုက ဒေါသမထွက်မှသာ ထူးဆန်းပေလိမ့်မည်။
သူတို့၏ ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူက သူ့ကို တိုက်ရိုက်လာရှာပြီး ဖိအားပေးခဲ့သည်။
"ဟားဟားဟား၊ သူ့ကို လွှတ်ရမှာလား။ စစ်ဦးစီးချုပ်... ဒီလူက လမ်းပေါ်မှာ ဈေးဆိုင်ပိုင်ရှင်ကို သတ်ပစ်လိုက်တာနော်။ အဲဲဒီဆိုင်ရှင်က သူတော်စင်မြို့တော်မှာ စီးပွားရေးလုပ်နေတာကြောင့် ရှေးဟောင်းသန့်စင်မင်းဆက်က အကာအကွယ်ပေးရမယ်။ မဟုတ်ရင် အနာဂတ်မှာ သူတော်စင်မြို့တော်ကိူလာပြီး ဘယ်သူက စီးပွားရေးလုပ်ဝံ့မလဲ။ ကျုပ်က သမာသမတ်ကျကျ လုပ်နေတာ၊ သူ့ကို ဘာလို့ လွှတ်ပေးရမှာလဲ"
လုမင်က လှောင်ရယ်ကာ ပြောလိုက်သည်။
သူ့နောက်မှ တရားစီရင်ရေးတပ်၏ တခြားအဖွဲ့ဝင်များကတော့ လုမင်အတွက် အေးစက်စက် ချွေးများပင် ထွက်လာခဲ့ကြပြီ။ တရားစီရင်ရေးတပ်၏ စစ်ဦးစီးချုပ်က ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူ ဖြစ်သည်။ လုမင်က ထိုကဲ့သို့သော ကျွမ်းကျင်သူမျိုးကို ဤသို့ ပြောဝံ့ပါသလော။
မျှော်လင့်ထားသည့်အတိုင်းပင်၊ လုမင်၏စကားကြောင့် စစ်ဦးစီးချုပ်၏ အမူအရာက ပို၍ပင် မည်းမှောင်သွားခဲ့သည်။ သို့သော်၊ လုမင်အား ပြန်လည်ချေပရန် စကားလုံး ရှာမတွေ့ခဲ့ပေ။
လုမင်၏ စကားများက မှန်ကန်သည်။ တရားစီရင်ရေးတပ်ဖွဲ့ဝင်အနေဖြင့် လုမင်သည် တရားနည်းလမ်းတကျ ဆောင်ရွက်နေခဲ့၏။ သို့ဖြစ်ပေရာ တရားစီရင်ရေးတပ်၏ စစ်ဦးစီးချုပ်အနေဖြင့် လုမင်ကို ဘယ်လိုလုပ်ပြီး ချေပနိုင်မည်နည်း။
"ဟားဟားဟား၊ စစ်ဦးစီးချုပ်ချန်၊ ကြည့်ရတာ မင်းရဲ့လက်အောက်ငယ်သားက မင်းစကားကို လုံးဝနားမထောင်ဘူးထင်တယ်။ ဒီလိုဆိုမှတော့၊ ငါက ဒီလူရဲ့ ကျင့်ကြံခြင်းအခြေခံကို ဖျက်ဆီးပြီး ဟွမ်မိသားစုဆီ ပြန်ခေါ်သွားပါရစေ"
ဟွမ်မိသားစုမှ အဘိုးကြီးက သတ်ဖြတ်ချင်စိတ်များဖြင့် လျစ်လျူရှုစွာ ပြောလိုက်သည်။