အခန်း ၁၁၀၁
Vol. 74 Ch. 1101
အပိုင်း ( 1101 ) အမှားကိုဝန်ခံပြီး တောင်းပန်ပါ။
'ဝိညာဉ်နတ်ဘုရားနယ်ပယ် ပထမအဆင့်'
လုမင်၏ နှုတ်ခမ်းများက အေးစက်သော အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားခဲ့သည်။
ဟွမ်မိသားစုမှ အကြီးအကဲက ဝိညာဉ်နတ်ဘုရားနယ်ပယ် ပထမအဆင့်တွင်ရှိ၏။ သူ့အနားရှိ အခြားအကြီးအကဲဆိုလျှင် ပို၍ပင် အားနည်းသော ကျင့်ကြံခြင်းအခြေခံရှိသည်။ သူက ပြီးပြည့်စုံသော ဝိညာဉ်သန္ဓေသားနယ်ပယ်တွင်သာ ရှိနေခဲ့ပေသည်။
သို့သော်လည်း၊ ဤလူတွင် သာမန်ပြီးပြည့်စုံသော ဝိညာဉ်သန္ဓေသား နယ်ပယ်များထက် သာလွန်သော အရှိန်အဝါမျိုး ရှိသည်။ လုမင်လည်း ဤလူကို နတ်ဘုရားအဆင့်သွေးမျိုးဆက်အား နိုးထစေသည်ဟု မှန်းဆခဲ့သည်။ သို့သော်လည်း ဝိညာဉ်နတ်ဘုရားနယ်ပယ်ကိုတော့ မချိုးဖျက်ခဲ့ပေ။ သူ့ကို ဘီလူးအိုကြီးဟု သတ်မှတ်ကြပြီး သာမန် ပြီးပြည့်စုံသော ဝိညာဉ်သန္ဓေနယ်ပယ်များ အများကြီး ပိုအားကောင်းသည်။
"ဒုန်း… အား"
လုမင်က ဟွမ်ကဲ၏မျက်နှာကို ခပ်ကြမ်းကြမ်းနင်းလိုက်ရာ ဝက်တစ်ကောင် အသတ်ခံရသကဲ့သို့ အော်သံများလည်း ထွက်လာခဲ့ရသည်။
"အတင့်ရဲလိုက်တာ။ တရားစီရင်ခြင်းခန်းမအရှေ့မှာ စစ်ဦးစီးချုပ် ဘေးမှာထားပြီး ငါ့ကိုဖျက်ဆီးဖို့ ပြောဝံ့တယ်လား။ ဒါက ပုန်ကန်တဲ့သဘောလား။ မင်း တကယ် သေသင့်တယ်"
လုမင်က အသံကျယ်ကျယ်ဖြင့် အော်လိုက်သည်။ သူ့အသံက မာန်အပြည့်ရှိပြီး မုတ်ဆိတ်မွှေး၊ နှုတ်ခမ်းမွေးများကြောင့်လည်း ပို၍ ဖြောင့်မတ်ခဲ့ပုံရပေသည်။
သူက ဟွမ်ကဲ၏မျက်နှာကို ခြေဖဝါးနှင့် ဖိနင်းကာ မြေပြင်တွင် ပွတ်ဆွဲလိုက်သည်။
"အား၊ ဘိုးဘေး... ကျုပ်ကို ကယ်ပါဦး"
ဟွမ်ကဲ အော်ဟစ်လိုက်၏။
"ခွေးကောင်လေး အတင့်ရဲလိုက်တာ၊ မင်း သေချင်နေတာလား"
ပြီးပြည့်စုံသော ဝိညာဉ်သန္ဓေသားနယ်ပယ် အဘိုးကြီးက ဒေါသတကြီးဖြင့် အော်လိုက်သည်။ သူက ရှေ့သို့ခြေလှမ်းကာ အစွမ်းထက် အရှိန်အဝါများကို ပေါက်ကွဲလိုက်၏။ ၎င်းက ကြီးမားသော လက်ဝါးတစ်ဖက်ဖြင့် လုမင်ကို ဖိနှိပ်လိုက်တော့သည်။
"မကောင်းတော့ဘူး၊ ပြီးပြည့်စုံတဲ့ ဝိဉာဉ်သန္ဓေသားမယ်ပယ် ဘီလူးအိုကြီးပဲ"
ထျဲရှင်း၏ အမူအရာက သိသိသာသာ ပြောင်းလဲသွားသည်။
ထျဲရှင်းကလည်း ပြီးပြည့်စုံသော ဝိညာဉ်သန္ဓေသားနယ်ပယ် ဖြစ်သည့်တိုင် သူ၏ တိုက်ခိုက်နိုင်စွမ်းက နတ်ဘုရားအဆင့်သွေးမျိုးဆက်ကို နိုးထစေခဲ့သော၊ ပြီးပြည့်စုံသော ဝိညာဉ်သန္ဓေသားနယ်ပယ်များထက် များစွာ အားနည်းခဲ့ပေသည်။
သို့သော်လည်း လုမင်၏ အမူအရာက ငြိမ်သက်နေဆဲပင်။ သူ၏ လက်ဝါးကို လက်သည်းသဏ္ဍာန်ဖြင့် ကုပ်ဆွဲလိုက်သည်။
"ဖောက်"ခနဲ အသံတစ်ချက်နှင့် အဘိုးကြီး၏ လက်ဝါးပုံရိပ်ကြီး ချက်ချင်း ပြိုကျသွားသည်။ သူ၏ စွမ်းအင်လက်ဝါးကြီးက ပြိုကျသွားသော်လည်း လုမင်၏ လက်သည်းစွမ်းအင်ကတော့ ဆက်သွားနေဆဲပင်။ ၎င်းက မယုံနိုင်စရာအမြန်နှုန်းနှင့် အဘိုးကြီးကို ဖမ်းဆုပ်လိုက်သည်။
"ချိုးဖြတ်စမ်း"
အဘိုးကြီး မျက်နှာပျက်သွားကာ နတ်ဘုရားအဆင့် သွေးမျိုးဆက်ကို ထုတ်ယူလိုက်သည်။ သူက သွေးမျိုးဆက်ပေါင်းစပ်ခြင်းကို အသုံးပြုကာ လုမင်၏စွမ်းအင်လက်သည်းကို ချိုးဖြတ်ရန် ကြိုးစားလိုက်ရ၏။ သို့သော်လည်း ကံမကောင်းစွာဖြင့် အသုံးမဝင်ခဲ့ပေ။
"ဆင်းစမ်း"
လုမင်က ခပ်တိုးတိုး ပြောလိုက်သည်။ သူက အောက်ဘက်သို့ ဖိချဟန်ပြုကာ အဘိုးကြီးကို ဆွဲချလိုက်၏။ အဘိုးကြီး၏ ခန္ဓာကိုယ်က မြေပေါ်ကို ပြင်းပြင်းထန်ထန် ပြုတ်ကျသွားတော့သည်။
"ဝုန်း၊ အား…"
မြေပြင်က တုန်ခါသွားကာ အဘိုးကြီး အော်ဟစ်လိုက်ရသည်။ သူ၏ အကာအကွယ် စွမ်းအင်ကလည်း လုမင် ဖျက်ဆီးခြင်းကို ခံခဲ့ရ၏။ သူ၏ အရိုးများ အက်ကွဲကာ မည်မျှ ကျိုးသွားသည်ကိုတော့ မသိပေ။ သူ့ခန္ဓာက မြေပြင်ပေါ်တွင် လဲကျကာ သေလုမြောပါး ခွေးတစ်ကောင်ကဲ့သို့ အော်ဟစ်နေခဲ့ရသည်။
တရားစီရင်သူများအပါအဝင် အနီးပတ်ဝန်းကျင်မှ ကြည့်ရှုသူများအားလုံး အံသြသွားကြသည်။ အားလုံးက ဤမြင်ကွင်းကို မယုံကြည်နိုင်စွာ ကြည့်ခဲ့ကြ၏။
အထူးသဖြင့် ပြပွဲကို လာကြည့်ကြသူများဆိုလျှင် တံတွေးကို မျိုချလိုက်မိသည်။
ဤတရားစီရင်သူ တပ်မှူးက အတော်မိုက်သည်။ ပထမအနေဖြင့် သူ၏ တိုက်ခိုက်နိုင်စွမ်းက လူတိုင်း၏မျှော်လင့်ချက်ထက် ကျော်လွန်သွားခဲ့သည်။ ၎င်းက ဝိညာဉ်သန္ဓေသားနယ်ပယ် ပြီးပြည့်စုံခြင်းအဆင့်မှ ဘီလူးအိုကြီးတစ်ကောင်ကို တစ်ချက်တည်းဖြင့် ကောင်းကင်မှ ဆွဲချနိုင်ခဲ့၏။ အဘိုးကြီးက တစ်ချက်တည်းဖြင့် အရိုးများကျိုးကာ သေလုမျောပါး ဖြစ်သွားခဲ့ရသည်။ ဤတိုက်ခိုက်နိုင်စွမ်းမျိုးက မယုံနိုင်စရာဟု ဆို၍ရပေသည်။
ဒုတိယအချက်ကတော့ ဤတပ်မှူးက ရဲရင့်လွန်းသည်။ သူသည် ဟွမ်ကဲကို ဖျက်ဆီးရုံသာမကဘဲ ဟွမ်မိသားစုမှ အကြီးအကဲတစ်ဦးကိုလည်း သေခါနီးအထိ ရိုက်နှက်ခဲ့သေးသည်။ ထို့ကြောင့် သူဟာ ဝိညာဉ်နတ်ဘုရား၏ အမျက်ဒေါသကို သေချာပေါက် ရင်ဆိုင်ရတော့မည် ဖြစ်သည်။
"ခွေးကောင်၊ မင်း သေချင်နေတာပဲ"
မျှော်လင့်ထားသည့်အတိုင်းပင်။ ဟွမ်မိသားစုမှ ဝိညာဉ်နတ်ဘုရာနယ်ပယ် ကျွမ်းကျင်သူ ဒေါသတကြီး ဖြစ်သွားသည်။ သူ့ထံမှ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များ ထွက်ပေါ်လာကာ ဒေါသတကြီး ဟိန်းဟောက်လိုက်၏။ သမုဒ္ဒရာကဲ့သို့ နက်ရှိုင်းသော ဖိအားတစ်ခုက ဧရိယာတစ်ခုလုံးကို လွှမ်းခြုံထားတော့သည်။
အခြားသူများလည်း မျက်နှာအမူအရာများ ပြောင်းလဲသွားကာ ကမန်းကတန်း ဆုတ်ခွာသွားရသည်။
ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦး၏ တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာသော ဖိအားများက ပြင်းထန်ပြီး ကြောက်စရာကောင်းလွန်းလှပေသည်။
"သေစမ်း"
ဟွမ်မိသားစု၏ ဝိညာဉ်နတ်ဘုရားက ငေါက်ငမ်းပြီး လက်ညိုးညွှန်လိုက်သည်။ သူ၏ လက်ချောင်းအလင်းကြောင့် ဟင်းလင်းပြင်က ပုံပျက်လာကာ နောက်ဆုံးတွင် ကွဲထွက်သွား၏။
"ဝှစ်"
ကြောက်စရာကောင်းသော လက်ချောင်းကြီးတစ်ချောင်းက လုမင်၏ မျက်ခုံးနှစ်ခုကြားသို့ ဦးတည်သွားခဲ့သည်။
"ဒီသူရဲကောင်းတော့ ပြီးသွားပြီ'
ထိုအတွေးက လူတိုင်း၏ စိတ်ထဲတွင် ပေါ်လာသည်။
"ဝုန်း"
လူတိုင်း၏ စိတ်ထဲတွင် ထိုကဲ့သို့ အတွေးတစ်ခု ဝင်လာသောအချိန် လုမင်က ကောင်းကင်ဆီသို့ လက်သီးတစ်ချက် ထိုးချလိုက်သည်။ လက်သီးအင်အားက ကောင်းကင်သို့ ထိုးတက်သွားကာ လက်ချောင်းကြီးနှင့် တိုက်မိသွား၏။ ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ၊ လက်ချောင်းကော လက်သီးအင်အားပါ တပြိုင်နက်တည်း ပျောက်ကွယ်သွားတော့သည်။
"ဟာ"
"သူက ဝိညာဉ်နတ်ဘုရားရဲ့ တိုက်ခိုက်မှုကို ပိတ်ဆို့ထားတာလား"
ပတ်ဝန်းကျင်မှ မယုံကြည်နိုင်မှု လှိုင်းလုံးကြီးများ ထွက်ပေါ်လာခဲ့သည်။
လုမင်၏ တိုက်ခိုက်နိုင်စွမ်းက လူတိုင်း၏မျှော်လင့်ချက်ကို တစ်ဖန် ကျော်လွန်သွားခဲ့ပြီ။ သူက ဝိညာဉ်နတ်ဘုရား၏ တိုက်ခိုက်မှုကို အမှန်တကယ် တားဆီးထားခဲ့သည်။
တရားစီရင်သူအားလုံး၏ မျက်လုံးများက အရောင်လက်ကာ အံ့ဩသွားကြသည်။
သူတို့ သိကြသည့်အတိုင်းဆိုလျှင်၊ မင်လုက အဋ္ဌမမင်းသားကို စော်ကားသောကြောင့် တရားစီရင်ရေးတပ်ကို ပြောင်းရွှေ့ခံခဲ့ရခြင်း ဖြစ်သည်။ ရရှိခဲ့သော အချက်အလက်များအရ မင်လု၏ တိုက်ခိုက်နိုင်စွမ်းက အဋ္ဌမမင်းသားထက် အနည်းငယ်သာ အားကောင်း၏။ အဋ္ဌမမင်းသားနှင့် တိုက်ခိုက်ရင်း မင်းသားကို ဒဏ်ရာရစေခဲ့သည်။ ထို့ကြောင့်၊ ပြောရမည်ဆိုလျှင် သူ၏ တိုက်ခိုက်နိုင်စွမ်းက မည်မျှပင် အားကောင်းနေပါစေ၊ အကန့်အသတ် ရှိနေပါဦးမည်။ သူက ဝိညာဉ်နတ်ဘုရား၏ တိုက်ခိုက်မှုကို အမှန်တကယ် တားဆီးနိုင်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ပေ။
'ဒီကောင်က သူ့ခွန်အားကို ဖုံးကွယ်ထားပုံရတယ်'
စစ်ဦးစီးချုပ်လည်း တစ်ယောက်တည်း တွေးလိုက်မိသည်။
လုမင်၏ မျက်လုံးများတွင် သတ်ဖြတ်ချင်စိတ်တို့ ပေါ်လာသည်။ သူ့အကြည့်များက တောက်ပသော လှံနှစ်စင်းကဲ့သို့ ရဲ့အကြီးအကဲကို စိုက်ကုည့်လိုက်၏။ သူက အေးစက်စက်ဖြင့် ပြောလိုက်သည်။
"မင်းလည်း သူ့လိုဖြစ်ချင်ပြီ ထင်တယ်"
လုမင် ရည်ညွှန်းသော 'သူ'က ပြီးပြည့်စုံသော ဝိညာဉ်သန္ဓေသားနယ်ပယ် အဘိုးကြီးကို ဖြစ်သည်။
ဤအခိုက်အတန့်တွင်၊ ဟွမ်မိသားစု၏ ဝိညာဉ်နတ်ဘုရားနယ်ပယ် အဘိုးကြီး၏ နှလုံးသားက လေးလံသွားခဲ့သည်။ ဤအခိုက်အတန့်တွင် လုမင်ထံမှ ကြောက်မက်ဖွယ်ကောင်းသော ဖိအားများကို ခံစားလိုက်ရ၏။ ၎င်းက အချိန်မရွေး ပေါက်ကွဲတော့မည့် ရက်စက်ကြမ်းကြုတ်သော မိစ္ဆာသားရဲကြီးနှင့် ရင်ဆိုင်နေရသကဲ့သို့ ဖြစ်သည်။
ဤခံစားချက်မျိုးက သူ့နှလုံးသားထဲထိ ထိတ်လန့်သွားစေခဲ့ပေသည်။
"မင်း ဘာလိုချင်လို့လဲ"
ဟွမ်မိသားစု၏ ဝိညာဉ်နတ်ဘုရားက ခန့်မှန်းရခက်သော အမူအရာဖြင့် မေးလိုက်သည်။
"မင်းရဲ့အမှားကို လူတိုင်းရှေ့မှာ တောင်းပန်ပြီး ဝန်ခံလိုက်ပါ"
လုမင်က ပြောသည်။
"အဲဒါကို စဉ်းတောင် မစဉ်းစားနဲ့။ မင်း သိပ်ပြီး လွန်မလာပါနံ့။ အခု သူ့ကို လွှတ်ပေးရင် ငါ ဒီကိစ္စကို ဆက်မလိုက်တော့ဘူး"
ဟွမ်မျိုးနွယ်ဝင် ဝိညာဉ်နတ်ဘုရား၏ မျက်နှာက အကြည့်ရဆိုးသွားသည်။ ဤသို့ ပြောရသည်ကပင် သူ၏သိက္ခာ ကျလှပြီ။
သို့ရာတွင် လုမင်က လှောင်ပြောင်ပြောဆိုလိုက်သည်။
"ဒီလူက သူတော်စင်မြို့တော်က ဆိုင်ရှင်ကို အကြောင်းပြချက်မရှိဘဲ သတ်လိုက််တယ်။ ကျုပ်ကတော့ တရားစီရင်ရေးတပ်ရဲ့ တပ်မှူးအဖြစ်နဲ့ ဧကရာဇ်ကိုယ်စား တရားဥပဒေစိုးမိုးရေးအတွက် ရောက်နေခဲ့တာပဲဗျ။ ခင်ဗျားရဲ့ ဟွမ်မိသားစုက အတော် ဟုတ်နေတယ်။ တရားစီရင်ရေးခန်းမမှာတောင် အမှန်တကယ် တိုက်ခိုက်ဝံ့တယ်ပေါ့။ ခင်ဗျားက သန့်စင်မင်းဆက်နဲ့ တော်ဝင်ရှဲ့ကလန်ကို ဆန့်ကျင်နေတာလား၊ ကောင်းကင်ကို တွန်းလှန်ဖို့ ကြိုးစားနေတာလားဗျ၊ ဟမ်"
"တရားစီရင်ရေးခန်းမရဲ့ စစ်ဦးစီးချုပ်အနေနဲ့ ဥပဒေကို သမာသမတ်ကျကျ မကျင့်သုံးတာက ပြဿနာမရှိပါဘူး။ ဒါပေမယ့် တရားစီရင်ရေးခန်းမကို အနိုင်ကျင့်ဖို့ အပြင်လူကို ကူညီပေးခဲ့တာတော့ လွန်တယ်။ ခင်ဗျားကကော တော်ဝင်မိသားစုကို ဂရုမစိုက်ဘူးလား"
လုမင်၏ စကားလုံးတိုင်းက ဟွမ်မိသားစုမှ ဝိညာဉ်နတ်ဘုရားနှင့် တရားစီရင်ရေးခန်းမ၏ စစ်ဦးစီးချုပ် နှလုံးသားကို တိုက်ရိုက် ထိုးဖောက်သွားခဲ့သည်။ သူတို့၏ အမူအရာများက သိသိသာသာ ပြောင်းလဲသွားကာအလွန်ပင် အကြည့်ရဆိုးလာတော့သည်။
လုမင်က သူတို့အပေါ်ကို အထုပ်ကိုယ်စီ တင်ပေးခဲ့သည်။
သို့ရာတွင် ဤအထုပ်များ သူတို့မခံနိုင်လောက်အောင် လေးလံလွန်းခဲ့၏။
ယနေ့ ဤနေရာတွင် လူအများကြီး ရှိနေသည်။ လုမင်၏ စကားများသာ တော်ဝင်မိသားစုနှင့် ဧကရာဇ်များနားသို့ ရောက်သွားပါက၊ သူတို့အားလုံး အကျိုးဆက်ကို သေချာပေါက် ခံကြရလိမ့်မည်။
တရားစီရင်ရေးခန်းမသည် ယခုအခါ အမည်ခံအဖြစ်သာ တည်ရှိခဲ့၍ မည်သူမျှ ဂရုမစိုက်သော်လည်း၊ အနှစ်သာရအားဖြင့် တရားစီရင်ရေးခန်းမ ဖြစ်နေခဲ့ဆဲပင်။ တရားစီရင်ရေးတပ်ကို မရုပ်သိမ်းမီ၊ လွန်ခဲ့သော နှစ်ပေါင်း သုံးသောင်းခန့်က အဓိပ္ပါယ်အတိုင်း ဥပဒေကို ပြဋ္ဌာန်းရန် အခွင့်အာဏာ ရှိကြသည်။
အကယ်၍ အခြား တရားစီရင်သူများက ယခုကဲ့သို့ ဖောက်ခွဲလျှင်လည်း တော်ဝင်မိသားစုက ဝင်ရောက်စွက်ဖက်ဦးမည်သာ။
သို့ပေသော်ငြား၊ သူတို့တွင် လုံလောက်သောခွန်အား ရှိရန်လိုအပ်သည်။
ဥပမာအားဖြင့်၊ လုမင်၏ခွန်အားက ခိုင်မာမှုမရှိလျှင် ဟွမ်မိသားစုမှ ကျွမ်းကျင်သူ၏ ရိုက်သတ်ခံလိုက်ရလိမ့်မည်။ ထိုအခါ၊ သူ့အပေါ် တံဆိပ်ကပ်ဖို့ အခွင့်မရှိတော့ပါ။
သို့သော်လည်း ယခုအခါမှာတော့ ကွဲပြားသွားခဲ့ပြီ။ လုမင်က သူတို့အပေါ်တွင် တံဆိပ်တစ်ခု ကပ်ထားပြီးဖြစ်၍ သူတို့ ဆက်လုပ်နေလျှင် လုမင်ပြောသည့်အတိုင်း အမှန်တကယ် ဖြစ်လာမည် ဖြစ်သည်။ သူတို့က တော်ဝင်ရှဲ့ကလန်ကို မျက်စိထဲသို့ မထည့်ပါ။ ထိုအခါ တော်ဝင်ရှဲ့ကလန်က သေချာပေါက် လှုပ်ရှားမည် ဖြစ်သည်။
မဟုတ်ပါက သူတို့၏မျက်နှာ ဘယ်ရောက်သွားမည်နည်း။
"တောက်စ်"
ဟွမ်မိသားစု၏ ဝိညာဉ်နတ်ဘုရားနှင့် စစ်ဦးစီချုပ်လည်း အံကိုတင်းတင်းကြိတ်နေသည့်တိုင် ဘာမှမတတ်နိုင်တော့ပေ။
"ကောင်းပြီ၊ ဒါက ငါ့ဟွမ်မိသားစုရဲ့ အမှားဖြစ်လို့ ငါတောင်းပန်ပါတယ်။ နောင်မှာ၊ ဟွမ်မိသားစုရဲ့ တပည့်တွေကို တရားစီရင်ရေးတပ်ရဲ့ စည်းမျဥ်းတွေအတိုင်း လိုက်နာကြဖို့ ငါသေချာပေါက် သတိပေးမှာပါ"
ဟွမ်မိသားစု၏ ဝိညာဉ်နတ်ဘုရား အကူအညီမဲ့နေခဲ့သည်။ နောက်ဆုံးတွင်၊ တောင်းပန်ရုံသာ တတ်နိုင်ခဲ့၏။ ထို့နောက်၊ ဟွမ်ကဲကိုကြည့်ကာ တောင်းပန်ခိုင်းရပြန်တော့သည်။
ဟွမ်ကဲသည်လည်း အလွန်ဝန်လေးနေသည့်တိုင် နောက်ဆုံးတွင် တောင်းပန်ရုံသာ တတ်နိုင်ခဲ့သည်။