အခန်း ၁၁၀၂
Vol. 74 Ch. 1102
အပိုင်း ( 1102 ) ကမ္ဘာကို တုန်ခါစေသော သတင်းများ။
"ထွက်သွား"
လုမင်က ဟွမ်ကဲကို ဆွဲယူပြီး ဟွမ်မိသားစု၏ ဝိညာဉ်နတ်ဘုရားဆီသို့ အမှိုက်တစ်စကို လွှင့်ပစ်သည့်နှယ် ပစ်ပေးလိုက်သည်။
ဟွမ်မိသားစုမှ ဝိညာဉ်နတ်ဘုရား၏ မျက်နှာက အေးစက်သွားသည်။ သူက ဝိညာဉ်သန္ဓေသားနယ်ပယ် အကြီးအကဲကို ဆွဲယူလိုက်၏။ ထို့နောက်မှာတော့ နောက်ကို လှည့်မကြည့်တော့ဘဲ ချက်ချင်း ထွက်ခွာသွားတော့သည်။
ယနေ့တွင်၊ ဟွမ်မိသားစုက လုံးလုံးလျားလျား မျက်နှာပျက်ခဲ့သည်။
တရားစီရင်ရေး စစ်ဦးစီးချုပ်လည်း လေထဲသို့ လှမ်းတက်ကာ အေးစက်စက်ဖြင့် နှာခေါင်းရှုံ့ပြီး ထွက်ခွာသွားတော့သည်။
ဘေးပတ်ဝန်းကျင်မှ လူများလည်း မြင်ကွင်းကို မယုံနိုင်စွာဖြင့် ကြည့်နေခဲ့ကြသည်။
မူလက ဟွမ်မိသားစု၏ ဒေါသကြောင့် အနှီတပ်မှူး သေရမည်ဟု သူတို့ တွေးထားခဲ့ပေသည်။ သို့ရာတွင်၊ ထိုအစား ဟွမ်မိသားစု၏ ကျွမ်းကျင်သူများ ရောက်လာသည့်တိုင် မျက်နှာပျက်ပြီး ပြန်ကြရမည်ဟု မည်သူက ထင်ထားခဲ့ကြပါမည်နည်း။ စစ်ဦးစီးချုပ်လည်း ဘာမျှ မစွတ်ဖက်နိုင်ခဲ့ပေ။ ဤသည်က လူတိုင်း၏ မျှော်လင့်ချက်ထက် ကျော်လွန်သွားခဲ့သည်။
"ဒီတရားစီရင်ရေးတပ်မှူးက တကယ်မိုက်တယ်ကွာ"
"သူက တကယ်တော်တယ်။ ငါတွေ့ဖူးသမျှ တရားစီရင်ရေးတပ်ရဲ့ အမိုက်ဆုံး တပ်မှူးပဲ"
လူတိုင်းက တက်တက်ကြွကြွ ဆွေးနွေးခဲ့ကြသည်။
တရားစီရင်ရေးတပ်မှ ကျန်လူများလည်း တိတ်ဆိတ်နေခဲ့သည်။ နောက်ဆုံးရလဒ်က ဤသို့ ဖြစ်လာမည်ဟု မည်သူမျှ မမျှော်လင့်ခဲ့ပေ။
သို့သော်လည်း အတော်ကောင်းမွန်သည်ဟု ခံစားခဲ့ရသည်။
တရားစီရင်ရေးတပ်မှ လူများ၏ မျက်လုံးများက အရောင်လက်လာသည်။ အားလုံးက လွန်စွာ သက်တောင့်သက်သာ ရှိသကဲ့သို့ ခံစားခဲ့ရ၏။
လုမင်ကိုလည်း ပိုပြီး လေးစားသွားခဲ့ကြလေသည်။
"တပ်မှူးက အင်အားတောင့်တင်းလွန်းပါတယ်"
ထျဲရှင်းက အော်လိုက်သည်။
"ကောင်းပြီ၊ အပိုတွေ မပြောတော့နဲ့၊ အလုပ်ကို ပြန်သွားကြတော့"
လုမင်က သူ့လက်ကို ဝှေ့ယမ်းကာ သူ့အခန်းထဲသို့ ပြန်ဝင်သွားခဲ့သည်။
ထို့နောက်တွင် အားလုံးက လူစုခွဲသွားကြသော်လည်း တရားစီရင်ရေးတပ်၌ သြဇာကြီးမားသော တပ်မှူးရှိနေခြင်း အကြောင်းများမှာ လေပြင်းမုန်တိုင်းကဲ့သို့ အရှိန်အဟုန်ဖြင့် ပျံ့နှံ့သွားခဲ့သည်။ အားလုံးအတွက် ပြောစရာသတင်းတစ်ပုဒ် ရရှိခဲ့ပေသည်။
အချိန်များက တစ်ရက်ပြီးတစ်ရက် ကုန်လွန်သွားခဲ့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပဲ၊ တရားစီရင်ရေးတပ်သို့ လုမင် ရောက်ခဲ့သည်မှာ လဝက်ကြာခဲ့ပြီ။
ကျင့်ကြံခြင်းအပြင် ဤလဝက်အတွင်း လုမင်သည် သူတော်စင်မြို့တော်တွင်း၌ လှည့်ပတ် သွားလာနေခဲ့သည်။
ဟုတ်ပေသည်၊ သူက အလကား လျှောက်သွားနေခြင်းတော့ မဟုတ်ပါ။ ယင်းအစား သူသည် နန်းတွင်းသို့ခိုးဝင်ရန် အခွင့်အရေးကို ရှာတွေ့ရန်အတွက် လှည့်ပတ်ကြည့်နေခြင်း ဖြစ်သည်။
နောက်ဆုံးမှာတော့ အကူအညီမဲ့ကာ လက်လွှတ်ထားခဲ့ရလေသည်။
တော်ဝင်နန်းတော်တွင် ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုများစွာ ရှိခဲ့သည်။ သူက ဂရုတစိုက် အာရုံခံကြည့်သောအခါ၊ တော်ဝင်နန်းတော်တွင် သူ့ကို အလွယ်တကူ သတ်ပစ်နိုင်သော တန်ခိုးရှင်အမြာက်အများ တည်ရှိနေတာကို တွေ့ရှိခဲ့ရသည်။
အဓိပဓိအရှိန်အဝါကဲ့သို့ ကြောက်စရာကောင်းသော အရှိန်အဝါများလည်း ရှိသေးသည်။ ၎င်းတို့က အဓိပဓိများ ဖြစ်ကြမည်မှာ သေချာသည်။ လုမင်ဟာ ထိုကဲ့သို့သော အရှိန်အဝါမျိုး ဆယ်ခုထက်မနည်း ခံစားခဲ့ရလေသည်။
ဤသည်ကလည်း လုမင် ခံစားခဲ့ရခြင်းသက်သက် ဖြစ်သည်။ သူ မခံစားနိုင်သော အခြား တည်ရှိမှုများလည်း သေချာပေါက် ရှိနေကြဦးမည်။
ရှေးဟောင်းသန့်စင်မင်းဆက်က ကျဆင်းလာသော်လည်း ပိန်သောကုလားအုတ်မှာ မြင်းတစ်ကောင်ထက် ပိုကြီးပါသေးသည်။ ရှေးဟောင်းသန့်စင်မင်းဆက်က အလယ်ပိုင်းတိုက်ကြီးတွင် အားအကောင်းဆုံး ဖြစ်နေဆဲဖြစ်ပြီး ၎င်း၏ အင်အားကလည်း နားမလည်နိုင်လောက်အောင်။
ဤအချက်ကိုတော့ မျှော်လင့်ထားပြီးသား ဖြစ်သည်။ သူတို့သာ အားနည်းနေလျှင် အစောကြီးကတည်းက အခြား အုပ်စိုးရှင်အင်အားစုများ၏ ဖျက်ဆီးခြင်းကို ခံခဲ့ရပြီးလောက်ပြီ။ နောက်ဆုံးတွင်၊ ၎င်းတို့အား လောဘကြီးစွာဖြင့် စောင့်ကြည့်နေသော အုပ်ချုပ်သူအများအပြား ရှိခဲ့သည်။
လွန်ခဲ့သော လဝက်အတွင်းတွင်၊ ရှေးဟောင်းသန့်စင်မင်းဆက်၏ နှစ်တစ်သန်း အမျိုးသားပွဲတော် နီးကပ်လာခဲ့ပြီမို့ သူတော်စင်မြို့တော်၌ လူများ ပိုမိုစုဝေးလာခဲ့ကြသည်။
သို့သော်လည်း ဟွမ်မိသားစု၏ အဖြစ်အပျက်ကြောင့် အင်အားစုငယ်တချို့မှာ သိပ်ပြီး မဝံ့ကြွားရဲပေ။ လုမင်အုပ်ချုပ်သော နယ်မြေထဲမှာတော့ ကြီးကြီးမားမား ဘာမျှ မဖြစ်ခဲ့ပေ။
ယနေ့တွင် မြို့တော်တစ်ခုလုံးကို တုန်ခါစေသော သတင်းတစ်ခုက ပျံ့နှံ့သွားခဲ့သည်။
သူတော်စင်ဧကရာဇ်က နှစ်တစ်သန်း အမျိုးသားပွဲတော်အတွင်၌ မင်းသမီးများထဲမှ တစ်ပါးအတွက် ခင်ပွန်းကို ရွေးချယ်ရန် ရည်ရွယ်ချက်တို့ ရှိနေသည်။ ၎င်းက မျိုးဆက်သစ် ပါရမီရှင်များထဲမှ တစ်ဦးကို ရွေးချယ်ပေးချင်ခဲ့ပေသည်။
ဤသတင်းထွက်လာသည်နှင့် တပြိုင်နက် မြို့တော်တစ်ခုလုံးကို အားကောင်းသော ငလျင်လှိုင်းကဲ့သို့ ပျံ့နှံ့သွားခဲ့သည်။ မရေမတွက်နိုင်သော လူများလည်း လှုပ်လှုပ်ရှားရှား ဖြစ်ခဲ့ကြလေသည်။
လက်ရှိ သူတော်စင်ဧကရာဇ်တွင် သားသမီး စုစုပေါင်း ဆယ့်ခြောက်ယောက်ရှိသည်။
ထိုအထဲတွင် မင်းသားက ဆယ့်သုံးပါးရှိပြီး မင်းသမီးကတော့ သုံးပါးသာ ရှိ၏။
သို့သော်လည်း မင်းသားဆယ့်သုံးပါးကို မင်းသမီးသုံးပါးက လုံး၀ ဖိနှိပ်နိုင်ခဲ့သည်။ အကြောင်းမှာ မင်းသမီးသုံးပါးထဲတွင် နှစ်ယောက်၏ နာမည်က ကမ္ဘာကြီးကို လှုပ်ခတ်သွားစေနိုင်၍ပင်။ သူတို့က အလွန်ထူးချွန်ပြီး နာမည်ဂုဏ်သတင်းက မြင့်မားခဲ့ကြသည်။
ရှဲ့နျန်ကျွင်းသည် အလယ်ပိုင်းတိုက်ကြီး၏ ဘုရင်ငယ်ငါးပါးအနက် တစ်ဦးဖြစ်သည်။ တစ်ချိန်တည်းမှာပင်၊ သူမက အလယ်ပိုင်းတိုက်ကြီး၏ ထိပ်တန်းအလှဘုရင်မ ငါးဦးထဲမှ တစ်ဦး ဖြစ်သေးသည်။ သူမ၏ အလှက တုနှိုင်းမမီအောင် ဖြစ်သည်။
နောက်ထပ် မင်းသမီးလေးကတော့ ရှဲ့နျန်လင်းသည်ပင်။ သူမက အလယ်ပိုင်းတိုက်ကြီး၏ ထိပ်တန်း အလှဘုရင်မ ငါးဦးထဲမှ တစ်ဦး ဖြစ်သည်။ သို့သော်လည်း သူမ၏ ပါရမီက ရှဲ့နျန်ကျွင်းထက် အနည်းငယ် နိမ့်ကျခဲ့ပေသည်။ မည်သို့ပင်ဆိုစေကာမူ သူမကလည်း ဒုတိယတန်းစား ပါရမီရှင်တစ်ဦးဖြစ်နေဆဲဖြစ်ပြီး စန္ဒကူးနတ်သမီး၊ ကျင်းခုန်းလင်တို့နှင့် အဆင့်တန်းတူခဲ့သည်။
ဤမင်းသမီးနှစ်ပါးက ထူးချွန်လွန်း၍ လူပေါင်းများစွာ အားကျခြင်းကို ခံခဲ့ရလေသည်။
ပြောစကားများအရ၊ နောက်ထပ် မင်းသမီးလေးတစ်ပါးလည်း ရှိသေးသည်။ သူမက မင်းသားများနှင့် မင်းသမီးများအားလုံးတွင် အငယ်ဆုံး ဖြစ်သည်။ သူမသည်လည်း တုနှိုင်းမမီသော အလှလေးဖြစ်ကာ ကျန်မင်းသမီးနှစ်ပါးထက် မနိမ့်ကျပေ။ သူမ၏ ပါရမီကလည်း အံ့မခန်းပင် ဖြစ်ခဲ့သည်။ သို့သော်၊ သူမကို မြင်ဖူးသူကတော့ များစွာမရှိခဲ့ပေ။
အကြောင်းမူ၊ ထိုမင်းသမီးလေးက တော်ဝင်ရှဲ့မိသားစုနှင့် ကွဲလွဲနေသောကြောင့် ဖြစ်သည်။
မျိုးနွယ်ခြား... ဤသည်မှာ တော်ဝင်ရှဲ့မိသားစုအတွက် တားမြစ်ထားသော စကားလုံး ဖြစ်သည်။ အကြောင်းမှာ တော်ဝင်ရှဲ့မိသားစုက အဆိုပါ မျိုးနွယ်ခြားကြောင့် အားနည်းသွားရသောကြောင့်ပင်။
ယခုတော့ သူတော်စင်ဧကရာဇ်က ဘယ်မင်းသမီးအတွက် ခင်ပွန်းရွေးချယ်ပေးမှာလဲ။
လူတိုင်းက လွန်စွာ သိချင်နေခဲ့သည်။ သို့သော်လည်း မည်သည့်မင်းသမီးပင်ဖြစ်စေ၊ အင်အားစုကြီးများမှ ပါရမီရှင်များစွာက စိတ်လှုပ်ရှားစွာ စုံစမ်းခဲ့ကြသည်။
ထို့နောက်တွင် အဓိက အင်အားစုကြီးများက သတင်း၏စစ်မှန်မှုကို စိစစ်အတည်ပြုရန် လူများ စေလွှတ်ခဲ့ပေသည်။
ထိုသတင်းကို ကြားရသောအခါ လုမင်လည်း စိတ်လှုပ်ရှားသွားခဲ့သည်။
သူတော်စင်ဧကရာဇ်က ခင်ပွန်းလောင်းရွေးချယ်မည့်သူဟာ မည်သည့် မင်းသမီးအတွက် ဖြစ်မည်နည်း။
လုမင် အလွန် စိတ်ပူသွားခဲ့သည်။ ထိုသူက ရှဲ့နျန်ချင်း ဖြစ်နေမှာကို လွန်စွာ ကြောက်ရွံ့ခဲ့ပေသည်။
နောက်သုံးရက်အကြာတွင် ပို၍ပင် ထိတ်လန့်ဖွယ်ကောင်းသော သတင်းတစ်ပုဒ် ထွက်ပေါ်လာခဲ့သည်။
လက်ရှိ သူတော်စင်ဧကရာဇ်က တစ်စုံတစ်ဦးအား သတင်းဖြန့်ရန် ညွှန်ကြားခဲ့ပေသည်။
မင်းသမီးတစ်ပါးအတွက် ခင်ပွန်းကို ရွေးချယ်ပေးမည်ကတော့ အမှန် ဖြစ်သည်။ သို့ရတွင် မင်းသမီးလေးက ရှဲ့နျန်လင်းသာ ဖြစ်ချေသည်။
ထို့အပြင် နှစ်တစ်သန်းပြည့် အမျိုးသားပွဲတော်၌ ပါရမီရှင် လူငယ်များ အကြား ပြိုင်ဆိုင်မှုလည်း ဖြစ်လာမည် ဖြစ်သည်။ ပထမဆုကို ရရှိခဲ့သူက ရှဲ့နျန်လင်း၏ ခင်ပွန်းဖြစ်လာမည်ဖြစ်သလို၊ လေ့ကျင့်ရန်အတွက် သူတော်စင်ဧကရာဇ်၏ ရှေးဟောင်းနန်းတော်ထဲသို့လည်း ဝင်ရောက်နိုင်လိမ့်မည်။
ဒုတိယနှင့် တတိယဆု ရရှိသူများက သူတော်စင်ဧကရာဇ်ထံတွင် ဆုတောင်းယူနိုင်သည်။ သူတော်စင်ဧကရာဇ်က တောင်းဆိုချက်ကို အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးမည်ဖြစ်သလို လေ့ကျင့်ရန်အတွက် သူတော်စင်ဧကရာဇ်၏ ရှေးဟောင်းနန်းတော်ကိုလည်း ဝင်ရောက်နိုင်ဦးမည်။
စတုတ္ထမှ ဒသမနေရာကို ရရှိသူများကတော့ လေ့ကျင့်ရန် သူတော်စင်ဧကရာဇ်၏ ရှေးဟောင်းနန်းတော်ထဲသို့ ဝင်ရောက်နိုင်မည် ဖြစ်သည်။
သတင်းထွက်လာသည်နှင့် သူတော်စင်မြို့တော်တွင် ကြီမားသော ငလျင်တစ်ခုကဲ့သို့ လှုပ်ခတ်သွားခဲ့သည်။ မရေမတွက်နိုင်သော လူများ အံ့အားသင့်သွား၏။ တစ်ချိန်တည်းမှာပင် သတင်းများက အရှိန်အဟုန်ဖြင့် အလယ်ပိုင်းတိုက်ကြီးနှင့် အနီးတစ်ဝိုက်ဒေသများကို ပျံ့နှံ့သွားတော့သည်။
မရေမတွက်နိုင်သော ပါရမီရှင်များ အံ့သြ၊ တုန်လှုပ်သွားကြသည်။ သူတို့မျက်လုံးများ အရောင်လက်လာခဲ့၏။
အချို့သော ပါရမီရှင်များက ပထမဆုရရှိသူ သို့မဟုတ် မင်းသမီးနှင့် လက်ထပ်နိုင်သူကို စိတ်မဝင်စားပါ။ ယင်းအစား၊ လေ့ကျင့်ရန် ရှေးဟောင်းနန်းတော်ထဲသို့ ဝင်ရောက်ခွင့်နှင့် သူတော်စင်ဧကရာဇ်ထံမှ အခြေအနေတစ်ခုကိုသာ သူတို့ စိတ်ဝင်စားကြသည်။
သူတော်စင်ဧကရာဇ်က သိုင်းအုပ်ချုပ်သူ ဖြစ်ချေသည်။ သူ့ထံမှ အခြေအနေတစ်ခု၏ တန်ဖိုးမှာ အထူးပြောနေရန်ပင် မလွယ်ပေ။
သူတော်စင်ဧကရာဇ်၏ ရှေးဟောင်းနန်းတော်က ကျင့်ကြံခြင်းအတွက် အထွတ်အမြတ် နေရာတစ်ခု ဖြစ်သည်။
ဒဏ္ဍာရီအရ၊ ရှေးဟောင်နန်းတော်မှာ ရှေးဟောင်းသန့်စင်မင်းဆက်မှ အုပ်ချုပ်သူများ ဉာဏ်အလင်းကို နားလည်ဆင်ခြင်ရာ နေရာ ဖြစ်သည်။ ထိုနေရာတွင် နားလည်ဆင်ခြင်နိုင်ပါက တစ်ခုခု ရရှိမည်ဖြစ်ပြီး၊ နားလည်မှု ကြီးမားပါက အနာဂတ်မှာ သိုင်းအုပ်ချုပ်သူနယ်ပယ်သို့ ဖြတ်ကျော်ရာတွင် အလွန်အသုံးဝင်ပါလိမ့်မည်။
ရှေးဟောင်းသန့်စင်မင်းဆက်၏ တော်ဝင်ရှဲ့မိသားစုက နှစ်သိန်းချီကာ အမွေဆက်ခံခဲ့သည်။ သူတို့က သိုင်းအုပ်ချုပ်သူများစွာကို မွေးထုတ်ပေးခဲ့ပြီး မည်သည့်အခါမျှ မရပ်တန့်ခဲ့ပေ။ ထို့ကြောင့်ပင်၊ သူတို့က အမြဲတမ်း အားကောင်းနေခဲ့သည်။ အချို့က၊ ၎င်းမှာ ရှေးဟောင်းနန်းတော်နှင့် သက်ဆိုင်သည်ဟုပင် ခန့်မှန်းပြောဆိုခဲ့လေသည်။
ယင်းကြောင့် အုပ်ချုပ်သူဖြစ်လိုသော ပါရမီရှင်ရှင်များကို အလွန်စိတ်လှုပ်ရှားစေခဲ့ခြင်း ဖြစ်သည်။ သတင်းကို အတည်ပြုပြီးနောက်မှာတော့ သူတို့အားလုံး သူတော်စင်မြို့တော်ကို အပြေးအလွှား သွားတော့သည်။
လုမင်လည်း မင်းသမီးက ရှဲ့နျန်ချင်း မဟုတ်သောကြောင့် သက်ပြင်းချလိုက်မိသည်။
သို့သော်လည်း တစ်ချိန်တည်းမှာပင် လုမင် အလွန်စိတ်လှုပ်ရှားခဲ့သည်။
သူစိတ်လှုပ်ရှားရသည်က ရှဲ့နျန်လင်းမဟုတ်သလို သူတော်စင်ဧကရာဇ်၏
ရှေးဟောင်းနန်းတော်ထဲသို့ ဝင်ရောက်ခြင်းလည်း မဟုတ်ပါ။ အကြောင်းမှာ၊ သူတော်စင်ဧကရာဇ် အခြေအနေတစ်ခု ဖြစ်သည်။
ဒုတိယ သို့မဟုတ် တတိယနေရာရနိုင်လျှင်ပင် ရှဲ့နျန်ချင်းကို ပြန်လွှတ်ပေးရန် သူတော်စင်ဧကရာဇ်ကို တောင်းဆိုနိုင်လိမ့်မည်။
ယင်းကိုတွေးပြီးသောအခါ၊ လုမင်လည်း ဤပြိုင်ပွဲတွင် ပါဝင်ရန်အတွက် ဆုံးဖြတ်ထားခဲ့သည်။
ဤသတင်းက ရှေးဟောင်းသန့်စင်မင်းဆက်၏ ငြိမ်သက်မှုကို ပျက်ပြယ်သွားစေခဲ့ပေသည်။ ဤအကြောင်းရာများက ဆွေးနွေးမှု၏ အဓိကခေါင်းစဉ် ဖြစ်လာခဲ့ရသည်။ လူများက ထိုအကြောင်းကို နေ့စဉ်နှင့်အမျှ ပြောနေကြပြီး အချိန်အတော်ကြာအောင် မရပ်တန့်ခဲ့ပေ။
သူတော်စင်ဧကရာဇ်က ဘာကြောင့် ယခုကဲ့သို့ လုပ်ရသည်ကိုလည်း လူအများက တိတ်တဆိတ် မှန်းဆခဲ့ကြသည်။
သို့ရာတွင်၊ ပါးနပ်သူများအတွက်တော့ တော်ဝင်မိသားစုက မိသားစု၏ခွန်အားကို တိုးမြင့်လာစေရန်အတွက် ဤနည်းလမ်းကို အသုံးပြုလိုကြောင်း ခန့်မှန်းကြည့်ရန် မခက်ခဲပေ။
မင်းသမီးရှဲ့နျန်လင်းနှင့် လက်ထပ်ပြီး ပထမနေရာကို ရယူနိုင်သူက အုပ်စိုးသူအင်အားစု၏ ပါရမီရှင်တစ်ယောက်ဖြစ်မှာ သေချာသည်။ ဤသို့ အိမ်ထောင်ပြုခြင်းဖြင့် တော်ဝင်မိသားစု၏ အင်အားကို တိုးလာစေလိမ့်မည်။
တစ်ချိန်တည်းမှာပင်၊ သူတော်စင်ဧကရာဇ်၏ ရှေးဟောင်းနန်းတော်ကို ဖွင့်ပေးခြင်းဖြင့် ထိုပါရမီရှင်များ၏ အင်အားစုများနှင့်လည်း မိတ်ဆွေဖွဲ့နိုင်သည်။ ၎င်းက အကူအညီမဲ့သော လှုပ်ရှားမှုတစ်ခုလည်း ဖြစ်ချေသည်။ ယင်းမှတစ်ဆင့် ရှေးဟောင်းသန့်စင်မင်းဆက်၏ တော်ဝင်ရှဲ့မိသားစုက မည်မျှအားနည်းလာသည်ကို တွေ့မြင်ရနိုင်သည်။