← Chapters

အခန်း ၁၁၀၃

Vol. 74 Ch. 1103

အခန်း ၁၁၀၃

Vol. 74 Ch. 1103

အပိုင်း ( 1103 ) ပျက်ဆီးခြင်းကောင်းကင်ဧကရာဇ်။

တက်တက်ကြွကြွ ဆွေးနွေးမှုများကြားတွင် အချိန်များက တစ်ရက်ပြီးတစ်ရက် ကုန်လွန်သွားခဲ့သည်။ သူတော်စင်မြို့တော်က ပို၍ အသက်ဝင်လာသလို လူများလည်း ပိုများလာခဲ့၏။

သို့သော်လည်း လုမင်၏ နေ့စဉ်လုပ်ရိုးလုပ်စဉ်တော့ မပြောင်းလဲပါ။ ကျင့်ကြံခြင်းအပြင် သူ၏လူများနှင့်အတူ သူတော်စင်မြို့တစ်ဝိုက်တွင် လှည့်ပတ်မည် ဖြစ်သည်။

"အဲ၊ ဒီအိမ်ကြီးက အတော်ထူးခြားတာပဲ။ အိမ်က ဖုန်မှုန့်တွေ ဖုံးလွှမ်းထားသလို အပြင်ဘက်မှာလည်း ကမ္ပည်းထိုးထားတဲ့ ကမ္ပည်းတစ်ခု ရှိနေတယ်"

သူတော်စင်မြို့တော်၏ အရှေ့မြောက်ဘက်တွင်၊ လုမင်က သူ့လူများနှင့်အတူ လျှောက်လှမ်းနေစဉ် ကြီးမားသော အိမ်တော်ကြီးတစ်ခုသို့ ရောက်ရှိလာခဲ့သည်။

စံအိမ်က ရှေးကျပြီး ကြီးကျယ်ခမ်းနားကာ ဧရိယာကျယ်ဝန်း၏။ သို့သော်လည်း ဝင်္ကပါတစ်ခုဖြင့် ပိတ်ဆို့ထားသောကြောင့် ထိုအထဲတွင် မည်သူမျှ နေထိုင်ခြင်း မရှိပေ။ သူတော်စင်မြို့တော်တွင် ထိုသို့သော စံအိမ်ကြီးမျိုးကို မြင်တွေ့ရခဲသည်။

"သခင်၊ တိုးတိုးပြောပါ။ ဒီအိမ်တော်က တားမြစ်ချက်ပဲ"

စွန်းလင်းက ခပ်တိုးတိုး ကပ်ပြောလိုက်သည်။ သူ့ကို ကြည့်သည်မှာ ကြောက်ရံ့နေပုံရလေသည်။

"တားမြစ်ချက်လား၊ ဒါဆိုရင် ငါပိုပြီး သိချင်လာပြီ။ ငါ့ကို ပြောပြစမ်းပါဦး"

လုမင်က စိတ်ဝင်တစား မေးလိုက်သည်။

"ဒါ…"

စွန်းလင်း၏မျက်နှာတွင် တုံ့ဆိုင်းမှုများ ပေါ်လာခဲ့သည်။

"ငါ့ကို ပြောစမ်း"

လုမင်၏ မျက်နှာက တည်သွားသည်။

"ကောင်းပါပြီ တပ်မှူး၊ ဒါပေမဲ့ ငါမင်းကို အသံလွှင့်ပြီးတော့ ပြောပါရစေ။ ဘာဖြစ်လို့လဲဆိုတော့ ဒီအိမ်တော်က တော်ဝင်မိသားစုကို ဆန့်ကျင်ခဲ့တဲ့ ပျက်ဆီးခြင်းဧကရာဇ် ရှဲ့လွမ်ရဲ့ အိမ်တော်ဖြစ်နေခဲ့လို့ပါ"

စွန်းလင်းက လုမင်ကို အသံပို့လွှတ်ပြီး ပြောလိုက်သည်။

"ပျက်ဆီးခြင်းဧကရာဇ် ရှဲ့လွမ်လား။ လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးသောင်းက ရှေးဟောင်း သန့်စင်မင်းဆက်ကို အတွင်းပိုင်းတိုက်ပျွဲတွ ဖြစ်စေခဲ့တဲ့ ပျက်ဆီးခြင်းဧကရာဇ် ရှဲ့လွမ်ပေါ့။ သူ့ကြောင့်ပဲ ရှေးဟောင်းသန့်စင်မင်းဆက်က ကျဆင်းသွားခဲ့ရတာလား"

လုမင် အံ့သြသွားခဲ့သည်။

"ဟုတ်ပါတယ်၊ အဲဒါက ပျက်ဆီးခြင်းဧကရာဇ်ရဲ့ အိမ်တော်ပါ"

စွန်းလင်းက ပြောသည်။

"အိုး၊ မင်းက ပျက်ဆီးခြင်းဧကရာဇ်အကြောင်း အများကြီးသိပုံတယ်လိို့ ထင်တယ်။ ဒါဆိုရင် သူက ဘာဖြစ်လို့ တော်ဝင်ရှဲ့မိသားစုကို သစ္စာဖောက်ခဲ့တာလဲ၊ မင်းသိလား"

လုမင် မေးလိုက်သည်။

“ဒါ… သခင်၊ ငါက ရှေးစာအုပ်တစ်အုပ်မှာ မတော်တဆ ဖတ်ဖူးခဲ့ရုံပါ"

"ဒဏ္ဍာရီအရ၊ ပျက်ဆီးခြင်း ကောင်းကင်ဧကရာဇ် ရှဲ့လွမ်က ရှဲ့မိသားစုရဲ့ ကွဲလွဲချက်တစ်ခုပဲ။ တော်ဝင်ရှဲ့မိသားစုမှာ မြင့်မြတ်တဲ့ သူတော်စင် သွေးမျိုးဆက်ရှိပြီး သူတို့နိုးထလာတဲ့ သွေးမျိုးဆက်တိုင်းက ဖြူစင်သန့်ရှင်းတယ်။ ဒါပေမဲ့ အင်မတန်နည်းပါးတဲ့ သူတချို့လောက်ကတော့ တခြားသူတွေနဲ့ လုံးဝမတူတဲ့ သွေးမျိုးဆက်ကို နိုးထစေကြတယ်။ သူတို့ကို တော်ဝင်ရှဲ့မိသားစုက မျိုးနွယ်ခြားလို့ခေါ်ပြီး လှောင်ပြောင် အနိုင်ကျင့်တတ်တယ်"

"ပျက်ဆီးခြင်းကောင်းကင်ဧကရာဇ်ကိုယ်တိုင်လည်း လှောင်ပြောင်မှုအမျိုးမျိုးနဲ့ အရှက်တရားတွေအောက်မှာ ကြီးပြင်းလာခဲ့ရတာပါ။ ဒါကြောင့် သူက တော်ဝင်ရှဲ့မိသားစုကို မုန်းတီးခဲ့တယ်။ ဒါပေမဲ့ ပျက်ဆီးခြင်းကောင်းကင်ဧကရာဇ်ဧကရာဇ်ရဲ့ ပါရမီက မြင့်မားတယ်။ သွေးမျိုးဆက်တွေ နိုးထလာလေ၊ ပိုကြောက်စရာကောင်းလေလေပါပဲ။ သူက ပြိုင်ဖက်ကင်းတဲ့ ပါရမီရှင်တစ်ယောက်လို ဖြစ်လာတယ်။ ဒါကြောင့် တော်ဝင်ရှဲ့မိသားစုက သူ့ကို အလေးထားပြီး ကြီးလေးတဲ့ တာဝန်တွေကို အပ်နှင်းလိုက်ကြတယ်"

"နောက်ပိုင်းမှာတော့ ပျက်ဆီးခြင်းကောင်းကင်ဧကရာဇ်က သိုင်းအုပ်ချုပ်သူနယ်ပယ်ကို ချိုးဖြတ်သွားခဲ့တယ်။ သူ့ရဲ့ တိုက်ခိုက်နိုင်စွမ်းက ကြောက်စရာကောင်းပြီး တခြားဧကရာဇ်တွေကို ဖိနှိပ်နိုင်ခဲ့ပြီ။ အဲဒီအချိန်ကစလို့ ကြောက်စရာကောင်းတဲ့ ပျက်ဆီးခြင်းဧကရာဇ် ပေါ်လာတော့တာပဲ။ သူက သူ့လက်အောက်ငယ်သားတွေကို ဦးဆောင်ပြီး ရှဲ့မိသားစုကို တွန်းလှန် တိုက်ခိုက်ခဲ့ကြတယ်။ နောက်ဆုံးမှာ၊ ပျက်ဆီးခြင်းကောင်းကင်ဧကရာဇ်ကို ဖိနှိပ်နိုင်ခဲ့ပေမဲ့ ရှေးဟောင်းသန့်စင်မင်းဆက်လည်း ကြီးမားတဲ့ ဆုံးရှုံးမှုကို ခံစားခဲ့ရတယ်။ များပြားတဲ့ အဓိပဓိတွေ ကျဆုံးပြီး မရေတွက်နိုင်တဲ့ ဝိညာဉ်နတ်ဘုရားတွေ အသတ်ခံရတယ်။ သိုင်းအုပ်ချုပ်သူတွေလည်း အသတ်ခံခဲ့ရတယ်လေ။ အဲဒါကို အခွင့်ကောင်းယူပြီး ဧကရာဇ်အချို့က တော်ဝင်မိသားစုကနေ စွန့်ခွာပြီး ကိုယ်ပိုင်အားကို ထူထောင်ခဲ့ကြတယ်။ ဒါက တော်ဝင်မိသားစုကို အများကြီး အားနည်းသွားစေခဲ့တာပါ"

စွန်းလင်းက လုမင်ကို သူဖတ်ဖူးသမျှ ပြန်ပြောပြခဲ့သည်။

လုမင်လည်း လေးလေးနက်နက် အတွေးဝင်သွားခဲ့လေသည်။

ပျက်ဆီးခြင်းဧကရာဇ်၏ ဘဝအတွေ့အကြုံက ရှဲ့နျန်ချင်းနှင့် ဆင်တူသည်။ သူနိုးထလာသောသွေးကို တော်ဝင်မိသားစုက မျိုးနွယ်ခြားဟု သတ်မှတ်ထားခဲ့ကြပေသည်။

ဤသည်က သွေးမျိုးဆက်တစ်ခုသာ ဖြစ်သည်။ သွေးမျိုးဆက်ကြောင့် မိသားစုဝင်ကို ထိုသို့ ဆက်ဆံခြင်းမှာ ရယ်စရာပင်ကောင်းတော့သည်။

ပျက်ဆီးခြင်းကောင်းကင်ဧကကာဇ် ရှဲ့လွမ် ငယ်ရွယ်စဉ်က အလွန်ထက်မြက်သည်။ သူငယ်စဉ်ကသာ အခြားသူများက အနိုင်ကျင့်၍ အရှက်မခွဲလျှင် သူ အားကောင်းလာသောအခါ ဘယ်လိုလုပ်ပြီး ပုန်ကန်ပါမည်နည်း။

သူ ပုန်ကန်ခြင်းမပြုလျှင် ဤအခြေအနေထိ ဖြစ်လာရမည် မဟုတ်ပေ။ ရှေးဟောင်း သန့်စင်မင်းဆက်၏ ရှဲ့သားစုလည် ပိုကြွယ်ဝပြီး အားကောင်းလာဦးမည် ဖြစ်သည်။

"လက်ရှိ မင်းသမီးဆယ့်ခြောက်ကလည်း မျိုးနွယ်ခြားသွေးမျိုးဆက်ကို နိုးထလာတယ်လို့ ကြားတယ်။ ဟင်း… သနားစရာပါပဲ။ မျိုးနွယ်ခြားသွေးမျိုးဆက်ကို တော်ဝင်မိသားစုက အမြဲတမ်း ရှုတ်ချတယ်။ ပျက်ဆီးခြင်း‌ကောင်းကင်ဧကရာဇ်လည်း မျိုးနွယ်ခြားသွေးမျိုးဆက်ကို နိုးထခဲ့တာပဲလေ။ အဆုံးသတ်အခြေအနေကတော့ တကယ် မကောင်းခဲ့ပါဘူး"

"ပျက်ဆီးခြင်းကောင်းကင်ဧကရာဇ် မပေါ်ထွန်းခင်မှာ သူမ မွေးဖွားခဲ့ပြီး မြင့်မားတဲ့ပါရမီကို ပြသမယ်ဆိုရင် တော်ဝင်မိသားစုမှာ ပျက်ဆီးခြင်းဧကရာဇ်လိုမျိုး လေ့ကျင့်နိုင်ဦးမှာ။ ဒါပေမဲ့ သူ့ရဲ့ ထွက်ပေါ်လာမှုက ကွဲလွဲတဲ့ သွေးမျိုးဆက်ပိုင်ရှင်တွေကို တိုက်ရိုက် ဖိနှိပ်ခံရစေခဲ့တယ်။ အဲဒီလူက အားကောင်းလေလေ၊ သူတို့က ပိုပြီးတော့ ဖိနှိပ်ကြလေပဲ။ နောက်ထပ် ပျက်ဆီးခြင်းကောင်းကင်ဧကရာဇ် ပေါ်လာမှာကို သူတို့ ကြောက်ရွံ့ကြတယ်လေ။ ဒါကြောင့်ပဲ ကြီးထွားမလာခင် တားမြစ်ခဲ့ကြတာ"

စွန်းလင်းက ဆက်ပြောလိုက်သည်။

ကလစ်။

လုမင် လက်သီးကို ခပ်တင်းတင်း ဆုပ်လိုက်မိ၏။

ဘာပဲဖြစ်ဖြစ် ရှဲ့နျန်ချင်းကို ကယ်ရမည်၊ အခြေအနေက မည်မျှပင် ခက်ခဲနေစေကာမူ၊ သူ နောက်ကိုမဆုတ်တော့ပေ။

ထို့နောက်တွင်၊ လုမင်က မည်သည့်မေးခွန်းမှ မမေးတော့ ထွက်ခွာသွားခဲ့သည်။

အချိန်များ ကုန်လွန်သွားခဲ့ပြီ။ အမျိုးသားပွဲတော် ကျင်းပရန်လည်း သိပ်မလိုတော့ပါ။

ဤတောအတွင်း၌ လုမင်၏ ကျင့်ကြံခြင်းအခြေခံသည် ဝိညာဉ်နတ်ဘုရားနယ်ပယ် ဒုတိယအဆင့်၏ အလယ်လတ်အဆင့်သို့ ရောက်ရှိသွားခဲ့သည်။

'နှေးလွန်းတယ်။ ကောင်းကင်နဲ့ မြေပြင်ရဲ့ ဝိညာဉ်စွမ်းအင်တွေကို စုပ်ယူတာက ငါ့အတွက် တိုးတက်ဖို့ အရမ်းနှေးလွန်းတယ်'

လုမင် သက်ပြင်းချလိုက်သည်။

သို့သော်လည်း သူဘာမှ မလုပ်နိုင်ခဲ့ပါ။ ယခုအခါ၊ သူ့တွင် ကျောက်ကြမ်းအများအပြား မရှိတော့ပေ။ ဝိညာဉ်နတ်ဘုရား နယ်ပယ်တွင် လူတစ်ဦး၏ ကျင့်ကြံခြင်းအခြေခံကို တိုးမြှင့်ရန်အတွက် လိုအပ်သည့် ကျောက်ကြမ်းပမာဏက ကြောက်မက်ဖွယ်ကောင်းလွန်းသည်။

သို့ရာတွင်၊ ရေတာအိုက ဖောက်ထွင်းဝင်ရောက်ခဲ့ပြီး အဆင့်လေး သေးငယ်သော အောင်မြင်ခြင်းသို ရောက်ရှိသွားခဲ့သည်။ ယခုအခါတွင်၊ အဆင့်လေး သေးငယ်သော အောင်မြင်ခြင်းသို့မရောက်သည်က မြေတာအိုသာ ကျန်တော့သည်။

ယနေ့တွင်၊ လုမင်က ကျင့်ကံခြင်းပြီးဆုံး၍ လမ်းလျှောက်ထွက်ရန် ထွက်လာခဲ့စဉ် လူတစ်ယောက် တစ်စုံတစ်ရာ ဖြစ်ခဲ့သည်ကို သတင်းပို့လာသည်။ မြို့ထဲလမ်းပေါ်တွင် တစ်စုံတစ်ဦးကို သတ်ဖြတ်ခဲ့ပြီး ပြဿနာများက ဖြစ်ပွားနေဆဲပင်။

"ဘယ်သူလဲ"

လုမင် မေးလိုက်သည်။

"အဲဒါက ထျန်းဝူဓားဂိုဏ်းရဲ့ တပည့်လို့ ငါကြားတယ်"

ထျဲရှင်းက မျက်စိမျက်နှာပျက်နေကာ ပြန်ပြောလိုက်၏။

ထျန်းဝူဓားဂိုဏ်းက အုပ်စိုးသူ အင်အားစု ဖြစ်သည်။ ထို့အပြင် ၎င်းက အလွန်အစွမ်းထက်သော အုပ်စိုးရှင်အင်အားစုလည်း ဖြစ်သေးသည်။

ယခု သူတို့ ဘာလုပ်ရမည်နည်း။

သူတော်စင်မြိုတော်တွင် အုပ်စိုးသူအမျိုးမျိုးတို့ စုရုံးလာကတည်းက တစ်ခုခုဖြစ်တော့မည်ကို သူတို့သိကြသည်။

"ကောင်းပြီလေ၊ သမာသမတ်ကျကျပဲ ဆက်လုပ်ကြတာပေါ့"

လုမင် ပြောလိုက်သည်။

"သမာသမတ်ကျတာလား။ တပ်မှူး... တစ်ဖက်လူက ထျန်းဝူဓားဂိုဏ်းနော်"

ထျဲရှင်းက စိုးရိမ်တကြီး ထပြောသည်။

"ထျန်းဝူဓားဂိုဏ်းဖြစ်ရင်တောင် ဘာဖြစ်သေးလဲ။ ဒါက သူတော်စင်မြို့တော်၊ ထျန်းဝူဓားဂိုဏ်း မဟုတ်ဘူးဆိုတာ မေ့မနေနဲ့ဦး။ လာ၊ မင်းတို့အားလုံး ငါ့နောက်ကို လိုက်လာခဲ့ကြ"

လုမင်က အေးစက်စက်ဖြင့် ငေါက်ငမ်းပြီး ခြေလှမ်းကျဲကြီးများဖြင့် ထွက်သွားသည်။ ဤအတွက် အခြားသူများလည်း လိုက်နာရန်မှတပါး ရွေးချယ်စရာမရှိတော့ပေ။

သူတို့က လေထဲမှ ပျံသန်းသွားရာ မကြာမီ အခင်းဖြစ်ပွားရာနေရာသို့ ရောက်လာခဲ့ကြသည်။ ၎င်းက စားသောက်ဆိုင်တစ်ဆိုင်၏ အပြင်ဘက်တွင် ဖြစ်ချေသည်။

ဤအခိုက်တွင် စားသောက်ဆိုင်က လူများဝိုင်းနေသည်။

လုမင်က လေထဲတွင်ရပင်ကာ အောက်ကို ငုံ့ကြည့်လိုက်၏။

လမ်းပေါ်တွင် လူနှစ်ယောက်က လဲကျနေပြီး ၎င်းတို့ထံမှ သွေးများကလည်း နေရာအနှံ့ စီးဆင်းကာ အိုင်ထွန်းနေသည်။ သူတို့၏ လည်မြိုများကို ဓားဖြင့်လှီးဖြတ်ခံရခြင်းဖြစ်ပြီး အသက်မရှိတော့ပေ။

အလောင်းနှစ်လောင်း၏ တစ်ဖက်မှာတော့ တိုက်ပွဲက ဖြစ်ပွားနေဆဲပင် ဖြစ်သည်။

၀တ်ရုံဖြူဝတ်ထားသော ထျန်းဝူဓားဂိုဏ်း၏ တပည့်သုံးဦးက လက်ရှိတွင် လူသုံးဦးကို တိုက်ခိုက်လျက် ရှိသည်။

၎င်းက အဘိုးကြီးတစ်ယောက်၊ လုလင်တစ်ယောက်နှင့် မိန်းကလေးတစ်ယောက် ဖြစ်ချေသည်။

သို့သော် ၎င်းတို့ သုံးဦးက ထျန်းဝူဓားဂိုဏ်း၏ တပည့်သုံးယောက်နှင့် မယှဉ်နိုင်ပေ။

ထျန်းဝူဓားဂိုဏ်း၏ တပည့်သုံးယောက်စလုံးက ဝိညာဉ်သန္ဓေသားနယ်ပယ် ပဉ္စမအဆင့်တွင် ရှိကြသည်။ သူတို့က အလွန်ငယ်ရွယ်ပြီး မျိုးဆက်သစ်လူငယ်များ ဖြစ်ပေသည်။

သူတို့ အသက်အရွယ်နှင့် ထိုသို့သော ကျင့်ကြံခြင်းအခြေခံ ရှိကြပေရာ ထျန်းဝူဓားဂိုဏ်း၏ ထိပ်တန်း ပါရမီရှင်များဖြစ်ကြောင်း ထင်ရှားသည်။

တစ်ဖက်မှာတော့ အဘိုးကြီးက ဝိညာဉ်သန္ဓေသားနယ်ပယ် အဆင့်ခုနစ်တွင် ရှိ၏။ သို့သော်လည်း လုလင်နှင့် မိန်းကလေးကမူ ဝိညာဉ်သန္ဓေသားနယ်ပယ် ပထမအဆင့် သို့မဟုတ် ဒုတိယအဆင့်တွင်သာ ရှိသေးသည်။ ကွာခြားချက်က ကြီးလွန်းသည်။

အဘိုးအို၏ ကျင့်ကြံခြင်းအခြေခံက မြင့်မားသော်လည်း ထျန်းဝူဓားဂိုဏ်း၏ တပည့်သုံးဦးစလုံးမှာ ထိပ်တန်း ပါရမီရှင်များ ဖြစ်သည်။ သူတို့အတွက် အဆင့်ကျော်၍ တိုက်ခိုက်ခြင်းမှာ ဘာမျှမထူးခြားပေ။ အဘိုးအိုက မခုခံနိုင်ဘဲ အပြတ် ဖိနှိပ်ခံထားခဲ့ရသည်။

"ဟမ့်၊ မင်းတို့က သေချင်နေကြတာပဲ။ ငါတို့နောက်ကွယ်မှာ ထျန်းဝူဓားဂိုဏ်းအကြောင်းကို ဘယ်လိုတောင် ပြောဝံ့တာလဲ"

ထျန်းဝူဓားဂိုဏ်းမှ တပည့်တစ်ဦးက လှောင်ပြောင်လိုက်သည်။

"နင်တို့ ထျန်းဝူဓားဂိုဏ်းက လွန်လွန်းတယ်၊ တခြားသူတွေကို စကားပြောခွင့်တောင် မပေးဘူးလား။ ထျန်းရှအကယ်ဒမီရဲ့ လျှို့ဝှက်နယ်မြေမှာ ဝူချန်ခုန်းနဲ့ အခြားသူတွေ လုရှောက်ချင်းက သတ်တာကို ခံခဲ့ကြရတယ်။ ဒါက အမှန်တရားဖြစ်ပြီး လူတိုင်းလည်း သိတာပဲလေ။ အဲဒီလိုဆိုရင် ကမ္ဘာပေါ်ကလူတိုင်းကို သတ်ကြဦးမှာလား"

မိန်းကလေးက ဒေါသတကြီးဖြင့် ပြန်အော်လိုက်သည်။

All Chapters