← Chapters

အခန်း ၁၁၀၆

Vol. 74 Ch. 1106

အခန်း ၁၁၀၆

Vol. 74 Ch. 1106

အပိုင်း ( 1106 ) ဝူစန်းကို ဖိနှိပ်ခြင်း။

ဒုတိယတန်းစား ပါရမီရှင်များ တိုက်ခိုက်ခြင်းကို မမြင်ဘူးသော ပတ်ဝန်းကျင်မှ လူအချို့၏ မျက်နှာအမူအရာများက ပြောင်းလဲသွားကြသည်။ ဤသည်က ဒုတိယတန်းစား ပါရမီရှင်တစ်ဦး၏ စွမ်းအားအားမျိုးပင်လော။ ကြောက်စရာကောင်းလွန်းသည်။

လူအများက ကမန်းကတန်း ဆုတ်သွားခဲ့ကြသည်။ ဝူစန်း၏ ဓားဖျား ရိုက်ခတ်မိမည်ကို သူတို့ ကြောက်ရွံ့ကြပေသည်။ နောက်ဆုံးတွင်၊ ထိုအဆင့် ပါရမီရှင်တစ်ဦး၏ ဓားစွန်းရိုက်ခတ်ခြင်းကား အဆင့်တူမှ ကျွမ်းကျင်သူတစ်ဦးကို သတ်နိုင်သည်။

"ဒီတပ်မှူးတော့ သေပြီ"

ဝူစန်း၏ စွမ်းအားကို မြင်တွေ့ပြီးနောက် လူအများက သက်ပြင်းချလိုက်သည်။

ဝူစန်းက အလွန့်အလွန် သန်မာပေရာ လုမင် မည်သို့ ခုခံပါမည်နည်း။

"သေစမ်း"

ဝူစန်းက အေးစက်စက်ဖြင့် အော်လိုက်သည်။ သူ့လက်ဝါးက ဓားတစ်လက်ကဲ့သို့ဖြစ်ကာ အလင်းတန်းများ ပေါက်ကွဲထွက်လာခဲ့၏။ တောက်ပသော ဓားအလင်းက လုမင်ဆီသို့ ခုတ်ပိုင်းလိုက်တော့သည်။

ဓားအလင်းက ဟင်းလင်းပြင်ကိုပင် ခွဲခြမ်းကာ မှောင်မိုက်၍ ကြောက်စရာကောင်းသော ဟင်းလင်းပြင်အက်ကြောင်းတစ်ခုကို ထုတ်ဖော်လာခဲ့သည်။

"ဒါ... မကောင်းတော့ဘူးဟေ့၊ အမြန်ရှောင်ကြ"

လုမင်၏ အနောက်တွင် ထျဲရှင်းနှင့် အခြားသူများ တုန်လှုပ်ချောက်ချားသွားကြသည်။

အစွမ်းထက်သော ဓားအလင်းနှင့် ရင်ဆိုင်ရချိန်တွင် ခုခံရန် မဖြစ်နိုင်သကဲ့သို့ သူတို့ ခံစားခဲ့ရသည်။ ထိပ်တိုက် ရင်ဆိုင်ဝံ့ပါက သေဆုံးခြင်းသာ ကြွင်းလိမ့်မည်။

သူတို့က ကြောက်လန့်တကြားဖြင့် အော်ဟစ်ကာ ဆုတ်ပြေးရန် ကြိုးစားလိုက်ကြသည်။ သို့သော်၊ ကြောက်စရာကောင်းသော ဓားအင်အားက ၎င်းတို့၏ ခန္ဓာကိုယ်များကို ဝန်းရံထားရာ လှုပ်ရှားရန်ပင် မလွယ်တော့ပေ။

'ပြီးပြီ၊ တကယ်ပြီးပြီပဲ။ နောက်ဆုံးတော့ ဒီခေါင်းဆောင်က ယုံကြည်လို့မရမှန်း ငါသိခဲ့ရပြီ'

ထိုအတွေးတစ်ခုက ထျဲရှင်းနှင့် အခြားသူများ၏စိတ်ထဲတွင် ‌ပေါ်လာခဲ့သည်။

သို့သော်လည်း ဤအခိုက်တွင် လုမင်က လှံရှည်တစ်လက်ကို ဖွဲ့စည်းလိုက်ကြောင်း သူတို့ မြင်တွေ့ခဲ့ရသည်။ လှံရှည်ကို လှုပ်ရှားလိုက်သည်တွင် အသံတချို့ ပေါ်လာပြီး ဟင်းလင်းပြင်သည်ပင် တုန်လှုပ်သွား၏။ ဤအခိုက်တွင် ထျဲရှင်းနှင့် အခြားသူများက သူတို့ကို လွှမ်းခြုံထားသော ဓားစွမ်းအင်များ ပျောက်ကွယ်သွားသည်ကို ခံစားလိုက်ရသည်။ သူတို့၏ အနှောင်အဖွဲ့မှ ပြန်လည် လွတ်မြောက်ခဲ့ကြပြီ။

"ဝှစ်"

ထို့နောက်တွင် လုမင်က လှံရှည်အား ပစ်လွှတ်လိုက်သည်ကို သူတို့ မြင်‌တွေ့လိုက်ရသည်။

ဤလှံက ရေပြင်ကိုဖြတ်ကာ ပစ်လိုက်သော လှံရှည်ကဲ့သို့ပင်။ လှံရှည်ဖြတ်သန်းသွားသော နေရာတိုင်းရှိ ဟင်းလင်းပြင်က လှိုင်းဂယက်များ ဖြစ်ပေါ်ခဲ့ရသည်။ လှိုင်းဂယက်အားလုံးက လှံရှည်ပေါ်တွင် ပြန်လည် ပေါင်းစည်းခဲ့၏။

"ဝုန်း"

လှံရှည်က ဓားအလင်းနှင့် တိုက်မိသောအခါ ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး ဝူစန်း၏ဓားအလင်း ပျက်ဆီးသွားတော့သည်။

တားဆီးလိုက်ပြီလား။

ထျဲရှင်းနှင့် အခြားသူများ အံ့ဩသွားကြသည်။

ကြည့်ရှုသူများလည်း အံ့ဩသွား၏။

ဤဖြောင့်မတ်သောတပ်မှူးက ဝူစန်း၏ တိုက်ခိုက်မှုကို အမှန်တကယ် တားဆီးလိုက်သလော။

တရားစီရေးတပ်၏ တပ်မှူးတစ်ယောက်က မည်သည့်အချိန်ကစပြီး ဤမျှ အစွမ်းထက်လာပါသနည်း။

လူတိုင်း၏ စိတ်ထဲတွင် မေးခွန်းမျိုးစုံ ထွက်ပေါ်လာခဲ့သည်။

ဝူစန်းကိုယ်တိုင်လည်း အံ့ဩသွားမိသည်။ ဤသူက ကျွမ်းကျင်သူမဟုတ်ဘဲ တရားစီရင်ရေးတပ်၏ နိမ့်ကျသော လူတစ်ယောက် ဖြစ်ပါသော်လည်း သူ၏တိုက်ခိုက်မှုကို အမှန်တကယ် တားဆီးသွားခဲ့ပြီ။ ဤတိုက်ခိုက်မှုတွင် သူ၏ ခွန်အားအပြည့် ထည့်သွင်းမထားခဲ့သော်လည်း အင်အားကြီးနေဆဲ ဖြစ်သည်။

ထို့အပြင်၊ သူက မည်သူနည်း။ သူက အလယ်ပိုင်းတိုက်ကြီး၏ ဘုရင်ငယ်ငါးပါးပြီးလျှင် ဒုတိယဖြစ်သော ဒုတိယတန်းစား ပါရမီရှင် တစ်ဦး ဖြစ်သည်။ ဒုတိယတန်းစား ပါရမီရှင်များကြားမှာပင် သူပ ကျော်ကြားသူတစ်ဦး ဖြစ်နေပါသေးသည်။ သို့တိုင်၊ ဤ တရားစီရင်ရေးတပ်၏ နိမ့်ကျသော တပ်မှူးတစ်ယောက်ကို တစ်ချက်တည်းနှင့် အဘယ်ကြောင့် မဖယ်ရှားနိုင်သနည်း။

ဤသည်က သူ၏ သတ်ဖြတ်ချင်စိတ်များကို ပေါက်ကွဲစေကာ ရက်စက်ကြမ်းကြုတ်ခြင်းများ လှစ်ဟလာစေခဲ့သည်။

"ကောင်းတယ်၊ သိပ်ကောင်းတယ်။ ငါ့ကို ခုခံဝံ့မှတော့ မင်းရဲ့ကံကြမ္မာက ဂြိုဟ်ဆိုးဝင်ပြီ"

ဝူစန်းက အေးစက်စက်ဖြင့် အော်ဟစ်လိုက်သည်။ သူ၏ အရှိန်အဝါများက ပျံ့နှံ့လာကာ ယွမ်ချီစွမ်းအင်များကို သွန်းလောင်းလိုက်၏။ သူ၏ ဓားအလင်းက ပထမဓားချက်ထက် အဆအများကြီး ပိုအားကောင်းကာ လုမင်အား ခုတ်ပိုင်းလိုက်တော့သည်။

သို့သော်လည်း ဝူစန်း၏ ဓားစွမ်းအင်က ဘယ်တုန်းကမှ မတည်ရှိသလို ကွယ်ပျောက်သွားခဲ့ရဆဲပင်။

"မင်းရဲ့ စွမ်းရည်အမှန်ကို ထုတ်လိုက်ပါ၊ မဟုတ်ရင် မင်းက မြင်တွေ့ဖို့တောင် မထိုက်တန်ဘူး"

လုမင်က ဝူစန်းကို လျစ်လျူရှုစွာဖြင့် ကြည့်လိုက်သည်။

"ချီးပဲ"

ဝူစန်းက ဒေါသတကြီးဖြင့် အော်လိုက်သည်။ မိုးနှင့်မြေကို ခွဲခြမ်းတော့မည်ကဲ့သို့ ဓားအလင်းတစ်ခု ပေါက်ကွဲထွက်လာခဲ့၏။

"သတ်"

ဝူစန်းက ဓားကိုင်ကာ မနှိုင်းယှဉ်သာသော စွမ်းအားများဖြင့် ပေါက်ကွဲလိုက်သည်။ ဓားဖြင့် ခုတ်ပိုင်းလိုက်သည်တွင် ဟင်းလင်းပြင်က ပေါက်ကွဲသွား၏။

"ဘုရားရေ၊ အင်အားကြီးလိုက်တာ။ ဝူစန်း ဒေါသထွက်လာတာ အတော်ကြောက်စရာကောင်းတာပဲ။ ဆုတ်ကြ၊ အမြန်ဆုတ်ကြ"

လူများက အော်ဟစ်ကာ ကသုတ်ကရုတ် ထပ်မံဆုတ်ပြေးလိုက်ကြသည်။

"ဝှစ်"

လုမင်က လှံရှည်တစ်လက်ကို ကိုင်ထားသည်။ လှံရှည်က မီတာတစ်ထောင်သို့ ရှည်လျားလာကာ ကြီးမားသောအင်အားဖြင့် ထိုးချလိုက်သည်။

ထိပ်တိုက်တွေ့ဆုံသည်နှင့် ဝူစန်း၏ ဓားစွမ်းအင်သည် နောက်တစ်ဖန် ပေါက်ကွဲသွား၏။ သို့သော်လည်း ဤတစ်ကြိမ်တွင် လုမင်က မရပ်ဘဲ၊ ကြောက်စရာကောင်းသောလှံရှည်ကြီးက ဝူစန်းကို ဆက်လက် ဖိနှိပ်လာတော့သည်။

"မဖြစ်နိုင်ဘူး"

ဝူစန်း မယုံကြည်နိုင်စွာဖြင့် အော်ဟစ်လိုက်သည်။ သူက လုမင်ကို တစ်ချက်တည်းနှင့် သတ်ဖြတ်ရန်ရွယ်ကာ ဤတိုက်ခိုက်မှုတွင် နတ်ဘုရားအဆင့်သိုင်းပညာအား အသုံးပြုခဲ့သော်လည်း ရှုံးနိမ့်ရဆဲပင်။ ယင်းက မည်သို့ ဖြစ်နိုင်ပါမည်နည်း။ သူ မယုံကြည်နိုင်တော့ပေ။

သူ လက်မခံနိုင်ဆုံးအရာမှာ လုမင်၏ လှံရှည်က သူ့အား ကြီးစွာသော အန္တရာယ်ခံစားချက်အား ပေးစွမ်းနေခဲ့ခြင်း ဖြစ်သည်။

နိမ့်ကျလာသော တရားစီရင်ရေးတပ်တွင် ဤမျှ အစွမ်းထက်သော ကျွမ်းကျင်သူတစ်ဦး ဘယ်လိုလုပ်ပြီး ရှိနိုင်ပါသနည်း။

"သွေးမျိုးဆက်၊ ပေါက်ကွဲခြင်း"

သူက ဟိန်းဟောက်ကာ သွေးမျိုးဆက်ကို ထုတ်ဖော်လိုက်သည်။ ‌သူက သွေးမျိုးဆက်ပေါင်းစပ်ခြင်းဖြင့် ဓားတစ်လက်အသွင်ပြောင်းလိုက်ရာ ကောင်းကင်သို့ ဓားအရှိန်အဝါများ ဖြာတက်သွား၏။

"ဖိနှိပ်"

လုမင်က လေထဲသို့ ခြေလှမ်းလိုက်သည်။ လှံရှည်အတွင်း၌ အတားအဆီးမဲ့သော ကောင်းကင်သိုင်းစွမ်းအားများ ပေါ်ထွက်လာခဲ့၏။ လှံရှည်က အရှိန်အဟုန်ပြောင်းကာ ဝူစန်းအား ဖိနှိပ်လာတော့သည်။

"ဝုန်း"

လှံရှည်က ဝူစန်းအသွင်ပြောင်းထားသောဓားကို ဖိချလိုက်ရာ တခဏချင်း အရေးနိမ့်သွားသည်။ ဓားက တုန်ခါသွားကာ နောက်ဆုံးတွင် ပေါက်ကွဲသွားခဲ့သည်။

ဓားပေါက်ကွဲပြီးနောက် ဖြူရော်နေသောမျက်နှင့် ဝူစန်း၏ခန္ဓာ ပြန်ပေါ်လာခဲ့၏။ သူ့ပါးစပ်အတွင်းမှ သွေးများ အန်ထွက်လာကာ မျက်လုံးများမှာလည်း မယုံနိုင်မှုများ ပြည့်နှက်နေတော့သည်။

ပတ်ပတ်လည်မှ လူအများလည်း ဤမြင်ကွင်းကို မယုံကြည်နိုင်ဟန်ဖြင့် ကြည့်လိုက်ကြသည်။

ဝူစန်း ရှုံးနိမ့်သွားခဲ့ပြီ။ ဝူစမ်း အမှန်တကယ် ရှုံးနိမ့်သွားခဲ့ပြီ ဖြစ်သည်။ ရှုံးနိမ့်ခြင်းကလည်း လုမင်၏ တိုက်ခိုက်မှု တစ်ခုတည်းဖြင့်ပင်။ ယင်းက မည်သို့ဖြစ်ပြီး ဘာများ ဖြစ်နေပါသနည်း။

ဤသည်က တရားစီရင်ရေးခန်းမ၏ တပ်မှူးကော ဟုတ်သေးပါ၏လော။ သူက ဘယ်လိုပ်ပြီး ဤမျှထူးချွန်နိုင်သနည်း။

လုမင် သေပြီဟု ထင်ထားကြသူများလည်း လျှာကိုက်မိမလိုဖြစ်ကာ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။ ဤသည်က တကယ်ကို မယုံနိုင်ရာပင်။

ထို့ပြင် ရှီဖန်လည်း အိပ်မက်မက်နေသကဲ့သို့ ခံစားလိုက်ရသည်။

မင်လုက အဆင့်ခုနစ် ဝိညာဉ်သန္ဓေသားနယ်ပယ် ကျင့်ကြံသူသာ မဟုတ်လော။ သူက နုံချာသော လှံနက်ဂိုဏ်း၏ တပည့်တစ်ယောက် မဟုတ်ပါလော။ ဘယ်လိုလုပ်ပြီး ဤမျှ အားကောင်းနိုင်သနည်း။

သူ၏ ခန္ဓာကိုယ်က မယုံနိုင်မှုဖြင့် အနည်းငယ် တုန်ခါသွားခဲ့သည်။

ထျဲရှင်းနှင့် အခြားသူများဆိုလျှင် ကျောက်ဖြစ်သွားသလို လုံးဝ တောင့်တင်းသွား၏။

ထျန်းဝူဓားဂိုဏ်း၏ တပည့်သုံးဦးလည်း အလားတူပင်။ သူတို့အားလုံး ချောက်ချားသွားကြသည်။

"အားနည်းလိုက်တာ။ ထျန်းဝူဓားဂိုဏ်းရဲ့ ဒုတိယတန်းစားပါရမီရှင် ဖြစ်လို့ အားကောင်းမယ်လို့ ငါထင်ထားခဲ့တာ"

လုမင်က အထင်မြင်သေးမှုများ ပြည့်နှက်နေသော မျက်နှာဖြင့် နှုတ်ခမ်းကို တွန့်ကွေးလိုက်သည်။

ဝူစန်းလည်း ‌ဒေါသချောင်းချောင်းထွက်ကာ ကောင်းကင်ကိုမော့ပြီး အော်ပစ်လိုက်ချင်စိတ် ဖြစ်သွားသည်။

အတိတ်တွင်၊ သူ၏ သူ၏ပါရမီ၊ သူ၏ တိုက်ခိုက်နိုင်စွမ်းတို့က လွန်စွာ ကြောက်စရာကောင်းခဲ့သည်။ ထျန်းဝူဓားဂိုဝ်းအတွင်း၌ ဝူချန်ခုန်းသာ သူ့ကို လွှမ်းမိုးခဲ့ပေသည်။

ကမ္မတိုက်ပွဲအတွင်းမှာပင် သူ၏ ဂုဏ်သိက္ခာကို မဆုံးရှုံးခဲ့ပေ။

သို့သော်လည်း မကြာသေးမီက မြင့်မြတ်အိမ်တော် လျှို့ဝှက်နယ်မြေတွင် လုရှောက်ချင်း၏ သတ်ဖြတ်ခြင်းအား ခံခဲ့ရသည်။ အသက်အဆောင်ကြောင့်သာ မဟုတ်လျှင် သူ လွတ်မြောက်နိုင်မည် မဟုတ်ပေ။

အခုအခါ၊ သေးနုပ်သော တရားစီရင်သူတစ်ယောက်ထံတွင် ရုပ်ပျက်ဆင်းပျက် ရှုံးနိမ့်ခဲ့၏။ ယခုအချိန်မှစ၍ သူ၏ နာမည်ဂုဏ်သတင်းက အကြီးအကျယ် ကျဆင်းပြီး လူရယ်စရာ ဖြစ်လာမှာကို ကြောက်ရသည်။

သို့ဖြစ်ပေရာ သူ ဘယ်လိုလုပ်ပြီး‌ ဒေါသမထွက်ဘဲ နေမည်နည်း။

"ခွေးကောင်၊ မင်းငါ့ကို စောင့်နေ။ မင်း သေပြီပဲ"

ဝူစန်းက အော်ဟစ်ကာ အမြန်ဆုတ်ပြီး ဤနေရာမှ ဦးစွာထွက်သွားရန် ကြံလိုက်သည်။

"ဒီကို လာပြီးမှ ဘာဖြစ်လို့ ထွက်သွားဖို့အတွက် အလျင်လိုနေတာလဲ။ မင်းရဲ့ ဂိုဏ်းတူညီလေးတွေနဲ့ နေပါဦးလား"

လုမင်က ခြေလှမ်းလိုက်ပြီး ခဏချင်း ဝူစန်းအနီးတွင် ပေါ်လာခဲ့သည်။

"မင်း လုပ်ဝံ့လား"

ဝူစန်း ဟိန်းဟောက်လိုက်၏။

လုမင်က ထျန်းဝူဓားဂိုဏ်း၏ အခြားတပည့်များကဲ့သို့ သူ့ကို ဖိနှိပ်ချင်နေပါသလော။ သူ လုပ်ဝံ့သလား။

သူက ထိုလူများနှင့်မတူဘဲ ထျန်းဝူဓားဂိုဏ်း၏ ဒုတိယတန်းစား ပါရမီရှင်တစ်ဦး ဖြစ်သည်။

"ဖိနှိပ်"

လုမင်က လျစ်လျူရှုစွာဖြင့်ပြောကာ လေထဲသို့ ခြေလှမ်းလိုက်သည်။ သူက နဝမနဂါးခြေလှမ်းကို ထုတ်ဖော်ကာ ဝူစန်းဆီသို့ ခြေခုနစ်လှမ်း ဆင့်ပြီးလှမ်းလိုက်၏။

"ဒုန်း... ဒုန်း… ဒုန်း…"

ဝူစန်း၏ ခန္ဓာကိုယ်က တုန်ခါသွားခဲ့သည်။ ပထမကတည်းက ဒဏ်ရာရရှိထားသောကြောင့်လည်း ပို၍ပင် မတားဆီးနိုင်တော့ပေ။ သူ့ခန္ဓာကိုယ်က တုန်ခါကာ သွေးများ ထိုးအန်လိုက်ရသည်။ အဆုံးတွင် လုမင်က သူ့မျက်နှာကို တက်နင်းလိုက်ရာ ငယ်သံပါအောင်အော်ပြီး မြေပေါ် ပစ်ကျသွား၏။ မြေပြင်က လူပုံစံ တွင်းပေါက်တစ်ခုအဖြစ် ပြိုကျသွားတော့သည်။

All Chapters