← Chapters

အခန်း ၁၁၀၉

Vol. 74 Ch. 1109

အခန်း ၁၁၀၉

Vol. 74 Ch. 1109

အပိုင်း ( 1109 ) ငါ့ကိုသတ်ချင်ရင် အဋ္ဌမမင်းသားရဲ့အလောင်းကို အရင် နင်းသွားပါ။

"ဒါ တရားစီရင်ရေးအလံပဲ၊ ကမ္ဘာကို အုပ်စိုးတဲ့ တရားစီရင်ရေးအလံ"

"ဒါ ရှေးခေတ်က သူတော်စင်ဧကရာဇ် ဖန်တီးခဲ့တဲ့ တရားစီရင်ရေးအလံပေါ့"

လူအများ၏ မျက်လုံးအကြည့်များက လေးနက်လာကာ ဆွေးနွေးပြောဆိုလိုက်ကြသည်။

တရားစီရင်ရေးတပ်ကို တည်ထောင်စဉ်က သူတော်စင်ဧကရာဇ်သည် တရားစီရင်ရေးအလံကို ဖန်တီးခဲ့သည်။ ကမ္ဘာကို အုပ်ချုပ်ရန် အသုံးပြုခဲ့၏။

လွန်ခဲ့သည့်နှစ်ပေါင်း သုံးသောင်းက တရားစီရင်ရေးအလံ ဖြတ်သွားတိုင်း လူတိုင်း ဖိမ့်ဖိမ့်တုန်အောင် ကြောက်ရွံ့ခဲ့ရသည်။

သို့သော်လည်း လွန်ခဲ့သော နှစ်ပေါင်းသုံးသောင်းမှ စစ်ပွဲအပြီးတွင် ရှေးဟောင်း သူတောင်စင်မင်းဆက်က အားနည်းသွား၍ တရားစီရင်ရေးတပ်က အသုံးမဝင်တော့ပေ။ ထိုအချိန်မှစ၍ တရားစီရင်ရေးအလံသည်လည်း ဟန့်တားနိုင်စွမ်း မရှိတော့ပါချေ။ တရားစီရင်ရေးအလံကိုပင် ဖြုတ်ထားခဲ့သည်မှာ အလွန်ကြာခဲ့ပြီ ဖြစ်သည်။

သို့သော်လည်း တရားစီရင်ရေးအလံကို ထုတ်ဖော်လိုက်သည်နှင့် လူတိုင်း၏ နှလုံးခုန်မြန်ဆန်လာရဆဲပင်။

"တရားစီရင်ရေးအလံကို ထုတ်ဖော်လိုက်တာနဲ့ ငါ့ကို တားဆီးနိုင်မယ် ထင်လို့ရင် နုံချာလွန်းတာပဲ။ ဒီနေ့ မင်းသေရမယ်"

အဘိုးကြီးတစ်ယောက်က ရှေ့သို့ ခြေတစ်လှမ်းချင်း တိုးကာ အော်လိုက်သည်။ သူလှမ်းလိုက်တိုင်း ဓားစွမ်းအင်များ ဖြာထွက်လာကာ ဟင်းလင်းပြင်ကို ထိုးခွဲသွား၏။

ဤသည်မှာ ဝိညာဉ်နတ်ဘုရားနယ်ပယ် စတုတ္ထအဆင့်ကို ကျော်လွန်သွားသော တည်ရှိမှုတစ်ခု ဖြစ်သည်။ တကယ်တော့ သူသည် ပဉ္စမအဆင့်ထက်ပင် ပိုမြင့်မား၏။ ၎င်းက အလွန်အားကောင်းသည်။

"မင်းလုပ်ဝံ့လား။ တရစီရင်ရေးအလံ ရောက်လာပြီ၊ ငါတို့ကလည်း တရားစီရင်ရေးတပ်ပဲ။ တရားစီရင်ရေးအလံကို မြှင့်တင်လိုက်တာကြောင့် ငါတို့က ရှေးဟောင်းသူတော်မင်းဆက်၊ တော်ဝင်မိသားစုနဲ့ သူတော်ဧကရာဇ်ကို ကိုယ်စားပြုတယ်။ မင်းတို့ ထျန်းဝူဓားဂိုဏ်းက လူတွေ တော်ဝင်မိသားစုနဲ့ ရှေးသူတော်စင်ဧကရာဇ်ကို နည်းနည်းမှ လေးစားမှုမရှိပါလား။ မင်းတို့ ထျန်းဝူဓားဂိုဏ်းက ရှဲ့မိသားစုကို ဖျက်ဆီးပြီး သူတို့ကို အစားထိုးဖို့ ကြိုးစားနေတာလား"

လုမင်က မတ်မတ်ရပ်ကာ အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်သည်။ သူက ဝူစန်း၏ နောက်ကျောကို လှံဖြင့် ထိုးချလိုက်ရာ နာကျင်စွာ အော်သံ ထွက်လာခဲ့၏။

သူ့စကားက မုန်တိုင်းတိုက်ခတ်သကဲ့သို့ လူအုပ်ကြားထဲ လွင့်ပျံသွားခဲ့သည်။ ထျန်းဝူဓားဂိုဏ်းမှ အဘိုးကြီး သုံးယောက်လည်း မျက်နှာပျက်ပြီး လေးနက်သွားခဲ့ကြလေသည်။

လုမင်၏ စွပ်စွဲချက်က ကြီးမားလွန်းလှသည်။

သူတို့ တော်ဝင်ရှဲ့မိသားစုကို ပုန်ကန်ပြီး ဖျက်ဆီးလိုသည်ဟု တိုက်ရိုက်စွပ်စွဲခဲ့၏။

ထျန်းဝူဓားဂိုဏ်းတွင် ဤအတွေးမျိုး အမှန်တကယ် ရှိကြလျှင်ပင် မည်သို့ ထုတ်ပြောနိုင်မည်နည်း။ ထို့အပြင်၊ ထျန်းဝူဓားဂိုဏ်းတွင် ထိုသို့ပြုရန် ခွန်အားမရှိသေးပါ။

"မင်းတို့ ထျန်းဝူဓားဂိုဏ်းက တကယ်ကို ရိုင်းစိုင်းတဲ့ ရည်မှန်းချက်တွေရှိနေတာပဲ။ မင်းတို့က တော်ဝင်မိသားစုနဲ့ တော်ဝင်အာဏာကို အထင်မြင်သေးပြီး ဂရုမစိုက်ဘူး။ ဒီနေ့ အဋ္ဌမမင်းသားလေးတောင် ရောက်လာပြီ။ မင်းက အဋ္ဌမမင်းသားရှေ့မှာ ပုန်ကန်ပြီး တော်ဝင်ရှဲ့မိသားစုရဲ့ သြဇာအာဏာကို ရှုံ့ချနေတာလား။ ဒါကို အဋ္ဌမမင်းသားက ဘယ်လိုသည်းခံနိုင်မှာလဲ"

စွပ်စွဲပြောဆိုပြီးနောက် လုမင်က ရှဲ့ကျန်းကို လှမ်းကြည့်လိုက်သည်။

ရှဲ့ကျန်းကို လုမင် သတိပြုမိသည်မှာ ကြာခဲ့ပြီ။

အခြားလူများကလည်း အဋ္ဌမမင်းသားကို လှည့်ကြည့်လိုက်ကြသည်။

ရှဲ့ကျန်း မျက်နှာပျက်သွားကာ လုမင်ကို စိတ်ထဲမှ ပိုးဆိုးပက်စက် ကျိန်ဆဲလိုက်၏။

လုမင်က သူ့ကို အကာအရံအဖြစ် အမှန်တကယ် အသုံးပြုနေသည်။

သို့ရာတွင် ဤအခြေအနေမျိုးမှာ သူ ဘာလုပ်နိုင်မည်နည်း။

လုမင်က တရားစီရင်ရေးအလံကို ထုတ်ယူထားသည်။ ထိုအလံကိူ ရှေးဧကရာဇ်က ဖန်တီးထားခဲ့ခြင်း ဖြစ်၏။ ၎င်းက ရှဲ့မိသားစု၏မျက်နှာကို ကိုယ်စားပြုပေသည်။

ထို့ပြင်၊ လုမင်က သူတော်စင်ဧကရာဇ်၏ကိုယ်စား တရားဥပဒေကို ပြဌာန်းရသော တရားစီရင်ရေး အဖွဲ့ဝင် ဖြစ်သည်။ အကယ်၍ ထျန်းဝူဓားဂိုဏ်းမှ လုမင်ကို သတ်ဖြတ်ခဲ့လျှင် ရှဲ့မိသားစုအား ပါးရိုက်လိုက်ခြင်းနှင့် ခြားမည်မဟုတ်ပေ။

ဤအခြေအနေမျိုးတွင် လုမင်က သူ့ကို ထပ်မံဆွဲခေါ်လာပြန်သည်။ သူက ဘာမျှမလုပ်လျှင်ပင် ဤစကားက ရှဲ့မိသားစုမှ တခြားမိသားစုဝင်များ၊ သို့မမဟုတ် သူဝောာ်စင်ဧကရာဇ်များနားသို့ ရောက်သွားပါက အကျိုးဆက်ကို ခံရပေလိမ့်မည်။

ထို့အပြင်၊ ရှေးဟောင်းသူတော်စင်မင်းဆက်တွင် မင်းသားတစ်ဒါဇင်ကျော်ရှိ၍ လိုက်လျောညီထွေ မရှိလှပေ။ အားလုံးက ပေါ်တင်တစ်မျိုး လျှို့ဝှက်စွာတစ်ဖုံ ယှဉ်ပြိုင် တိုက်ခိုက်ခဲ့ကြသည်။ ယနေ့တွင်၊ ကောင်းကောင်းမကိုင်တွယ်ဘဲ တော်ဝင်ရှဲ့မိသားစုကို မျက်နှာပျက်အောင် လုပ်မိပါက တခြားမင်းသားများက သူ့ကို တိုက်ခိုက်ရန် ဤအချက်ကို အသုံးပြုမပြုဘူးဟု အာမခံနိုင်ပေ။

ယင်းကိုတွေးရင်း ရှဲ့ကျန်း၏စိတ်ထဲတွင် လုမင်ကို တစ်စစီ ဆုပ်ဖြဲချင်စိတ်များ တဖွားဖွားပေါ်လာခဲ့သည်။

"အဋ္ဌမမင်းသား၊ အခု ငါမှားလား"

လုမင်က ဆက်မေးလိုက်၏။

"မင်းမှန်ပါတယ်"

အဆုံးတွင် ရှဲ့ကျန်းလည်း အံကြိတ်ကာ ကောင်းကင်မှ ဆင်းသက်၍ လုမင်အနားတွင် ရပ်တည်ရတော့သည်။ သူက ထျန်းဝူဓားဂိုဏ်း၏ အကြီးအကဲ သုံးဦးကို ရင်ဆိုင်ကာ ပြောလိုက်သည်။

"ခင်ဗျားတို့ သုံးယောက်၊ တပ်မှူးမင်လုပြောတာ မှန်ပါတယ်။ ဒီတစ်ခါတော့ ထျန်းဝူဓားဂိုဏ်းရဲ့ တပည့်က ရာဇ၀တ်မှုကို အရင် ကျူးလွန်ခဲ့တယ်။ တော်ဝင်မိသားစုရဲ့ မျက်နှာကို ကာကွယ်ဖို့အတွက် တရားစီရင်ရေးတပ်က သမာသမတ်ကျကျ ကိုင်တွယ်ရမှာပါပဲ"

ထိုစကားကို ပြောလိုက်ပြီးနောက် ရှဲ့ကျန်း၏ စိတ်ထဲတွင် ကြွက်သေတစ်ကောင်ကို စားလိုက်မိခြင်းသည်ထက် ပို၍ပင် ရွံရှာသွားခဲ့သည်။

သူသည် ဒေါသနှင့် မကျေနပ်ခြင်းများကို တပြိုင်နက်တည်း ခံစားလိုက်ရ၏။

လုမင်ကို တရားစီရင်ရေးတပ်သို့ လွှဲပြောင်းပေးရခြင်း၏ သူ့ရည်ရွယ်ချက်က အဘယ်နည်း။ လုမင်သာ ထိုအင်အားစုကြီးများကို စော်ကားမိလျှင် ချက်ချင်း ရိုက်သတ်ခံရစေရန် မဟုတ်ပါလော။

​​

ယခုမူကား အသို့နည်း။ အစောပိုင်းရလဒ်များတွင် အောင်မြင်ခဲ့သော်လည်း နောက်ပိုင်းရလဒ်များက သူမျှော်လင့်ထားသည့်အရာနှင့် လုံးဝကွဲပြားသွားခဲ့ပြီ။

လုမင်ကို မရိုက်မိစေရုံ သာမကဘဲ၊ အဆုံးတွင် လုမင်ကို ကာကွယ်ရန်ပင် ကိုယ်တိုင်ကိုယ်ကျ လျှောက်လှမ်းလာရပြီ ဖြစ်သည်။

ဤသည်က ဘယ်လိုအခြေအနေမျိုး ဖြစ်သနည်း။

သူ အလွန် အံသြသွားခဲ့သည်။ လုမင်ကို အလွန်မုန်းတီးပြီး အံကြိတ်ရလွန်း၍ သွားများပင် ကျိုးထွက်တော့မည်။

"အဋ္ဌမမင်းသားပြောတာ မှန်ပါတယ်။ တော်ဝင်မျိုးနွယ်ရဲ့ ထူးချွန်ထက်မြက်တဲ့ ပါရမီရှင်သားတော်က မျှော်မှန်းထားသလိုပဲ။ ကဲ၊ အဘိုးကြီး သုံးယောက်... ဒီနေ့ ငါ့ကို သတ်ချင်ရင် အဋ္ဌမမင်းသားလေးရဲ့ အလောင်းကို အရင်နင်းသွားရလိမ့်မယ်။ မင်းတို့မှာ အရည်အချင်းရှိရင် လာခဲ့ကြ"

လုမင် အော်လိုက်သည်။

ရှဲ့ကျန်းလည်း ပါးစပ်ထဲမှ သွေးအန်လုမတတ် ဖြစ်သွားခဲ့၏။

သူ့ကိုထိလိုလျှင် အဋ္ဌမမင်းသား၏အလောင်းကို အရင်နင်းသွားရမည်ဆိုတာက အဘယ်အရာကို ဆိုလိုသနည်း။ ရှဲ့ကျန်း ဒေါသထွက်လွန်း၍ သွေးအန်လုမတတ် ဖြစ်သွားသည်။ သို့သော်လည်း ယခုအချိန်မှတော့ သူ နောက်ပြန်မဆုတ်နိုင်တော့ပေ။

အံကို တင်းတင်းကြိတ်ရင်း ထျန်းဝူဓားဂိုဏ်းမှ အကြီးအကဲ သုံးဦးကိုသာ စိုက်ကြည့်နေနိုင်ခဲ့သည်။

အခြားသူများ၏အမြင်တွင် ရှဲ့ကျန်းက ဖြောင့်မတ်ခြင်းသဘောရှိပြီး အန္တရာယ်ကို ရင်ဆိုင်ရမည်ကို မကြောက်ပေ။ သို့ရာတွင် အမှန်တရားက လုမင်ကြောင့် ဖြစ်သည်ဟု သူတို့ မသိခဲ့ကြပါချေ။

ထျန်းဝူဓားဂိုဏ်းမှ အကြီးအကဲ သုံးဦးတို့လည်း မျက်နှာများ မည်းမှောင်နေခဲ့ကြသည်။

အဋ္ဌမမြောက်မင်းသား ရှဲ့ကျန်းက လုမင် မဟုတ်ပါ။ သူ့ကိုသတ်ဝံ့လျှင် လွယ်မည် မဟုတ်ပေ။

ရှဲ့ကျန်းက သူတော်စင်ဧကရာဇ်၏ သားတော်ဖြစ်ပြီး ၎င်းတို့အားလုံးက သူတော်စင်မြို့တော်တွင် ရှိနေခဲ့ကြသည်။ လူအားလုံးရှေ့တွင် ရှဲ့ကျန်းကို သတ်ဝံ့ပါက တော်ဝင် ရှဲ့မိသားစု၏ အမျက်ဒေါသကို သေချာပေါက် ရင်ဆိုင်ရလိမ့်မည်။ သူတို့အားလုံး သူတော်စင်မြို့တော်မှ ထွက်ခွာသွားနိုင်မည် မဟုတ်ပေ။

လူစုလူဝေးများထဲတွင် တရားစီရင်ရေး တပ်ဖွဲ့ဝင်များ အများအပြား ပါဝင်သည်။ အခြားသော တရားစီရင်ရေးခန်းမများမှလည်း ပြပွဲကို ကြည့်ရှုရန် လာရောက်ခဲ့ကြ၏။ ဤအခြေအနေကို မြင်ရချိန်မှာတော့ သွေးများ ပွက်ပွက်ဆူကာ စိတ်နှလုံးများတွင် တက်ကြွလာတော့သည်။

ဤနှစ်များတစ်လျှောက်လုံးတွင် တရားစီရင်ရေးအဖွဲ့ဝင်များက ခေါင်းမမော့သာဘဲ အောက်ကျို့ခဲ့ရသည်။

သူတို့ဘဝက ခွေးများထက်ပင် ပို၍ဆိုးပေသည်။

အင်အားစုကြီးများမှ လူများက ရာဇ၀တ်မှုကျူးလွန်တိုင်း တစ်ဖက်လူကို တောင်းပန်ခိုင်းရန် ကျောက်ကြမ်းများနှင့် ရတနာများကို အမြဲ ထုတ်ယူခဲ့ရသည်။

ယခု၊ ဤမြင်ကွင်းကို မြင်လိုက်ရတော့ သာလွန်မြင့်မြတ်သော ခံစားချက်ကို ခံစားလိုက်ရ၏။

ယင်းက ကောင်းလွန်းသည်ဟု ခံစားခဲ့ရသည်။

"တရားစီရင်ရေးတပ်၊ တရားစီရင်ရေးအလံ၊ သူတော်စင်ဧကရာဇ်ရဲ့ ဥပဒေတွေကို လိုက်နာစေလျက်ပါ"

လူထွားကြီးတစ်ယောက်က အော်ဟစ်ပြီး ရှေ့ကိုလှမ်းလိုက်သည်။ သူ့လက်ထဲတွင် အလံကြီးတစ်ခု ရုတ်တရက်ပေါ်လာခဲ့၏။

တရားစီရင်ရေးအလံ။

ဤအခိုက်တွင် တရားစီရင်ရေးခန်းမမှ အခြား တပ်မှူးတစ်ဦးက လုမင်၏အနားတွင် ဝင်ရပ်လိုက်သည်။ သူ့လက်ထဲတွင် ကိုင်ဆောင်ထားသော အလံကိုလည်း လုမင်၏ အလံဘေးတွင် စိုက်ထူလိုက်၏။

"တရားစီရင်ရေးတပ်၊ သူတော်စင်ဧကရာဇ်ရဲ့ကိုယ်စား တရားဥပဒေကို ပြဋ္ဌာန်းပါတယ်"

နောက်လူတစ်စုက အော်ဟစ်ပြီး ပြေးထွက်လာကာ လူထွားကြီးအနောက်တွင် ရပ်လိုက်၏။

၎င်းတို့အားလုံးက အခြား တရားစီရင်ရေးခန်းမမှ ဖြစ်ပြီး လူ တစ်ရာကျော် ရှိခဲ့သည်။

"ဟားဟားဟား၊ ဟုတ်တယ်ဟေ့။ တရားစီရင်ရေးတပ်၊ လက်ရှိ သူတော်စင်ဧကရာဇ်ကိုယ်စား ဥပဒေကို ပြဋ္ဌာန်းတယ်"

နောက်လူတစ်ဦးကလည်း ရယ်မောပြီး ပြေးထွက်လာခဲ့သည်။ နောက်ထပ် တရားစီရင်ရေး အလံ ပေါ်လာပြီး ပထမနှစ်ခုဘေးတွင် တန်းစီထားလိုက်၏။

"ဟားဟားဟား၊ ငါလည်း လာပြီ"

"လက်ရှိ သူတော်စင်ဧကရာဇ်ရဲ့ ကိုယ်စား ဥပဒေကို ပြဋ္ဌာန်းစေ"

ကျယ်လောင်သော အော်ဟစ်သံနှင့်အတူ တရားစီရင်ရေးတပ်သားများ တစ်ယောက်ပြီးတစ်ယောက် ပေါ်လာခဲ့သည်။ တရားစီရင်‌ရေး အလံများ ဆက်တိုက် ပေါ်လာကာ တန်းစီသွား၏။

အဆုံးတွင် တရားစီရင်ရေးအလံ စုစုပေါင်းကိုးခု တန်းစီထားသွားပြီး လေထဲတွင် တလူလူလွင့်နေတော့သည်။

မြို့တော်တဝှမ်းမှ တရားစီရင်ရေးခန်းမ၏ အဖွဲ့ဝင်များ ရောက်လာသည်။ သူတို့က ၎င်းတို့၏ တရားစီရင်ရေးအလံများကို ထုတ်ယူကာ ကျန်သူများနှင့်အတူ တိုက်ပွဲဝင်ရန် အဆင်သင့်ဖြစ်နေပြီ။

လူတစ်ထောင်နီးပါးက လုမင်နှင့် ရှဲ့ကျန်း၏ အနောက်တွင် ရပ်နေပြီး ထျန်းဝူဓားဂိုဏ်းမှ အဘိုးကြီးသုံးဦးကို စူးစူးရဲရဲ စိုက်ကြည့်လိုက်ကြသည်။

အများအားဖြင့် သူတို့သည် ဒေါသကို မျိုသိပ်ပြီး ကြိတ်မှိတ် ခံစားတတ်ပေသည်။ သို့ရာတွင် ယနေ့မှာတော့ သူတို့အားလုံး အပြင်ထွက်ရန် အဆင်သင့်ဖြစ်နေပြီ ဖြစ်သည်။

အနီးနားရှိ လူအုပ်ကြီးလည်း မြင်ကွင်းကို အံ့အားသင့်စွာ ကြည့်လိုက်ကြလေသည်။

တရားစီရင်ရေး အလံကိုးခု ထွက်လာသည်။ ယခုကဲ့သို့ မဖြစ်ပျက်ခဲ့သည်မှာ ဘယ်နှစ်နှစ်ရှိပြီနည်း။ ယနေ့မှာတော့ လုမင်ကြောင့် ထပ်မံဖြစ်ရပြီ ဖြစ်သည်။

ယခု၊ ထျန်းဝူဓားဂိုဏ်း မည်သို့ လုပ်ကြပါမည်နည်း။

'ချီးပဲ'

ရှဲ့ကျန်းလည်း သူ့ရင်ထဲမှ အရူးအမူး အော်ဟစ်လိုက်မိသည်။ သို့ရာတွင် ဤအခြေအနေကိုရောက်မှ ထိန်းထားရန်မှတစ်ပါး အခြား မတတ်နိုင်တော့ပေ။

ထျန်းဝူဓားဂိုဏ်းမှ အကြီးအကဲသုံးဦး၏ မျက်နှာများလည်း လုံးဝ မည်းချိတ်နေကြပြီ ဖြစ်သည်။ မမျှော်လင့်ဘဲ အခြေအနေများက ဤအထိ တိုးတက်လာရာ ရှေ့မတိုးသာ၊ နောက်မဆုတ်သာ ဖြစ်နေကြတော့သည်။

All Chapters