← Chapters

အခန်း ၁၁၁၀

Vol. 74 Ch. 1110

အခန်း ၁၁၁၀

Vol. 74 Ch. 1110

အပိုင်း ( 1110 ) အမြီးကုပ်၍ ဆုတ်ရခြင်း။

သူတို့က ရှေ့မတိုးနိုင်သလို နောက်ဆုတ်၍ မရပေ။

သူတို့ ရှေ့ဆက်တိုးလျှင် ရှေးဟောင်းသူတော်စင်မင်းဆက်ကို စော်ကားမိမည်၊ နောက်ဆုတ်ရင်တော့ ဂုဏ်သိက္ခာများ ဆုံးရှုံးရလိမ့်မည်။

သူတို့က လုမင်ကို အေးစက်သော သတ်ဖြတ်လိုစိတ် ပြည့်နှက်နေသည့်အကြည့်ဖြင့် ကြည့်လိုက်သည်။ လုမင်ကို အစိတ်စိတ်အမြွှာမြွှာ ခုတ်ထစ်ပစ်ရန် မစောင့်နိုင်တော့ပေ။

လုမင်ကြောင့် ဤအခြေအနေမျိုး ကြုံခဲ့ကြရခြင်း ဖြစ်သည်။

နှစ်ဖက် ထိပ်တိုက်တွေ့နေကြစဥ်တွင် အဝေးမှ ရွှေရောင်အလင်းတစ်ခုက သူတို့ဆီသို့

ပျံသန်းလာသည်။ ထိုအလင်းသည် မြန်ဆန်လွန်းသဖြင့် လူအများစုဆိုလျှင် အချိန်မီ မတုံ့ပြန်နိုင်ကြပေ။ သူတို့ မတုံ့ပြန်မီတွင် ရွှေရောင်အလင်းတန်းက သူတို့ရှေတွင် ပေါ်လာခဲ့ပြီးပြီ ဖြစ်သည်။

လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက လက်နှစ်ဖက်ကိုနောက်ပစ်ကာ လေထဲတွင် ပေါ်လာခဲ့၏။

၎င်းက ရွှေနဂါးဝတ်ရုံ၊ ရွှေသရဖူနှင့် ရွှေဖိနပ်တစ်ရံတို့ကို ဝတ်ဆင်ထားသည်။ သူ့ထံမှ လူတိုင်းကို အသက်ရှူရခက်စေသည့် ခမ်းနားထည်ဝါသော အရှိန်အဝါများ ထွက်ပေါ်နေခဲ့၏။ ၎င်းက ကမ္ဘာကြီးကို စစ်ဆေးကြည့်ရှုနေသည့် လူသားဘုရင်တစ်ပါးနှင့် ရင်ဆိုင်နေရသကဲ့သို့ပင်။

"တော်ဝင် ဦးရီးတော်"

ရှဲ့ကျန်းက လူလတ်ပိုင်းလူရွယ်ကို မြင်သောအခါ ဦးညွတ်ပြီး နှုတ်ဆက်လိုက်သည်။

လူတိုင်း တုန်လှုပ်သွားကြ၏။ ရှဲ့ကျန်းက ဦးရီးတော်ဟု ခေါ်ပုံထောက်လျှင် ၎င်းက လက်ရှိ သူတော်စင်ဧကရာဇ်၏ ညီတော် ဖြစ်ရမည်။

တော်ဝင်မိသားစုမှ အရေးပါသော ပုဂ္ဂိုလ်တစ်ဦး ပေါ်ထွက်လာခဲ့ပြီ။

'မျှော်လင့်ထားတဲ့အတိုင်း ပေါ်လာပြီ'

လုမင်၏ နှုတ်ခမ်းများက အပြုံးတစ်ခုကဲ့သို့ တွန့်ကွေးသွားခဲ့သည်။

ယနေ့ ပြဿနာက လွန်စွာ ကြီးမားသွား၏။ တော်ဝင်ရှဲ့မိသားစုက တော်ဝင်မိသားစု၏ဂုဏ်သိက္ခာကို ကာကွယ်ရန် တစ်စုံတစ်ဦးကို စေလွှတ်မည်မှန်း လုမင် သိခဲ့သည်။

နောက်ဆုံးတွင်၊ ရှေးဟောင်း သူတော်စင်မင်းဆက်က အားနည်းလာသော်လည်း အလယ်ပိုင်းတိုက်ကြီးတွင် အင်အားကြီးဆုံး ဖြစ်နေဆဲပင်။

တော်ဝင် ဦး‌ရီးတော်က ရှဲ့ကျန်းကိုကြည့်ကာ ခေါင်းညိတ်လိုက်သည်။

"မင်း မဆိုးဘူး"

ထို့နောက် သူသည် ထျန်းဝူဓားဂိုဏ်းမှ အကြီးအကဲ သုံးဦးကို ကြည့်ပြီး ပြောလိုက်သည်။

"သူတော်စင်မြို့တော်မှာ စည်းမျဥ်းစည်းကမ်းတွေ ရှိပါတယ်။ သူတော်စင်မြို့တော်မှာ အပြစ်မဲ့သူတွေကို သတ်ဖြတ်ခွင့် မပြုဘူး။ ရန်ငြိုးရှိရင် စိန်ခေါ်ပြီး လွတ်လွတ်လပ်လပ် တိုက်ခိုက်နိုင်တယ်။ ဒါဆိုရင် မင်းတို့ရဲ့ သေခြင်းကို ဘယ်သူမှ ဂရုမစိုက်ဘူး။ ဒါပေမဲ့ သူတော်စင်မြို့တော်မှာ အပြစ်မဲ့သူတွေကို သတ်ဖြတ်တာက ရှေးဟောင်းသူတော်မင်းဆက်ကို မထီမဲ့မြင်ပြုတာပဲ။ ဒီလိုဆိုမှတော့ တရားစီရင်ရေးတပ်က ဥပဒေကို ပြဋ္ဌာန်းသင့်တယ်။ မင်းတို့တပည့်တွေက အပြစ်ကျူးလွန်းတာကြောင့် အပြစ်ပေးရမယ်"

ရှဲ့ကျန်း၏ တော်ဝင်ဦးရီးတော်အသံက ဧရိယာအနှံ့ ပဲ့တင်ထပ်သွားသည်။

လူတိုင်း တုန်လှုပ်သွား၏။ နောက်ဆုံးတွင် သူတို့အားလုံး ဘာဖြစ်နေပြီမှန်း သိသွားခဲ့ကြသည်။

ရှေးဟောင်းသူတော်စင်မင်းဆက်၏ အနှစ်တစ်သန်း အမျိုးသားပွဲတော် နီးကပ်လာပြီမို့ အဖြစ်အပျက်တိုင်းကို ဂရုစိုက်ရသည်။ တော်ဝင်ရှဲ့မိသားစုက တော်ဝင်မိသားစု၏ ဂုဏ်သိက္ခာကို ကာကွယ်ရလိမ့်မည်။ ထျန်းဝူဓားဂိုဏ်းကို ယနေ့ လျှော်ပေးလိုက်ပါက တော်ဝင်မိသားစု၏ ဂုဏ်သိက္ခာကို ထိခိုက်စေမည် ဖြစ်သည်။ အနာဂတ်တွင် သူတို့ကို မထီမဲ့မြင်ပြုသူများ ပို၍ များပြားလာလိမ့်မည်။

အကယ်၍ ယနေ့ကိစ္စ ဖြစ်ပွားကတည်းက ထျန်းဝူဓားဂိုဏ်းမှ လုမင်ကို ရိုက်သတ်လိုက်လျှင် အရာအားလုံး ပြီးသွားပေလိမ့်မည်။ သို့သော်လည်း၊ ယခုအချိန်တွင် ကောင်းသောအချိန်များကို လက်လွတ်သွားခဲ့ပြီမို့ တော်ဝင်ရှဲ့မိသားစုအနေဖြင့် တရားစီရင်ရေးခန်းမကို ပံ့ပိုးရန်မှတပါး ရွေးချယ်စရာ မရှိတော့ပေ။

ထျန်းဝူဓားဂိုဏ်းမှ အကြီးအကဲ သုံးဦးလည်း မျက်နှာပျက်သွားခဲ့ကြသည်။ ဤအချက်ကို သူတို့လည်း ကောင်းကောင်းသိပေသည်။

"ဒါဆို သူ့ကိုလွှတ်ဖို့ ငါတို့ ဘာလုပ်ရမှာလဲ"

ထျန်းဝူဓားဂိုဏ်းမှ အကြီးအကဲသုံးဦးလည်း တစ်ဦးနှင့်တစ်ဦး အကြည့်ချင်းဖလှယ်ကာ ပြောလိုက်သည်။

"တရားစီရင်ရေးတပ်မတော်မှာ သဘာဝအတိုင်း ကိုယ်ပိုင်စည်းမျဉ်းတွေ ရှိပါတယ်။ ဘာလုပ်ရမယ်ဆိုတာကို တရားစီရင်ရေးတပ်မှူးနဲ့ ဆွေးနွေးလို့ရတယ်"

လူလတ်ပိုင်း ဦးရီးတော်က ပြောလိုက်သည်။

"အခြေအနေတွေက ပြောပါပြီ။ ငါပြောတဲ့အတိုင်း ဆက်လုပ်မှာပါ၊ အပြစ်ရှိရင်တော့ အပြစ်ပေးရမှာပဲ"

လုမင်က ပြုံးလျက် ပြောသည်။

ထျန်းဝူဓားဂိုဏ်းမှ အကြီးအကဲ သုံးဦးတို့လည်း မျက်နှာအမူအရာများ သုန်မှုန်‌နေသည်။ အချိန်အတော်ကြာ စဉ်းစားပြီးနောက် အဘိုးကြီးတစ်ဦးက သိုလှောင်လက်စွပ်တစ်ကွင်းကို ထုတ်ယူကာ အနည်းငယ်လှုပ်ရှားပြီး လုမင်ထံသို့ ပစ်ပေးလိုက်သည်။

လုမင်လည်း ဖမ်းယူကာ ဝိညာဉ်အသိနှင့် စစ်ဆေးကြည့်လိုက်၏။ သူ့မျက်နှာက မည်းမှောင်သွားကာ ပြောလိုက်သည်။

"ဘာဖြစ်လို့ ငါးသိန်း ပျောက်နေတာလဲ။ ဒီအလောင်းကို မင်း မလိုချင်တော့ဘူးလား"

လုမင်က သူသတ်ခဲ့သော ထျန်းဝူဓားဂိုဏ်း၏ တပည့်ကို လက်ညိုးညွှန်ပြလိုက်သည်။

"မင်း သူ့ကိုသတ်ပြီးသွားပြီလေ။ မင်းက သူ့ကိုပါ ထည့်တွက်ချင်သေးလို့လား"

ထျန်းဝူဓားဂိုဏ်းမှ အကြီးအကဲတစ်ဦးက အေးစက်စက်ဖြင့် မေးလိုက်သည်။

"အလောင်းဆိုရင်တောင် လူဖြစ်နေတုန်းပဲလေ။

သူ့အလောင်းကို မလိုချင်ရင် ခွေးစာကျွေးဖို့ လွှင့်ပစ်လိုက်မယ်"

လျစ်လျူရှု‌စွာ ပြောလိုက်သည်။

"မင်း…"

ထျန်းဝူဓားဂိုဏ်းမှ အကြီးအကဲ ဒေါသတကြီးဖြစ်ကာ သတ်ဖြတ်လိုစိတ်များ ပြည့်နှက်သွား၏။ သို့သော်လည်း လုမင်က ကြောက်ရွံ့မှုမရှိဘဲ သူ့ကို ပြန်ကြည့်နေခဲ့သည်။

နောက်ဆုံးမှာတော့၊ ထျန်းဝူဓားဂိုဏ်း၏ အကြီးအကဲလည်း မတတ်သာတော့ပေ။ ၎င်းတို့၏ နာမည်ဂုဏ်သတင်းအတွက် နောက်ထပ် ကျောက်ကြမ်း ငါးသိန်းကို ထုတ်ပေးရုံသာ တတ်နိုင်ခဲ့သည်။

"အမှိုက်တွေ၊ သွားတော့"

လုမင်က သူ့လက်ကို ဝှေ့ယမ်းလိုက်လိုက်ရာ ဝူစန်းနှင့် ထျန်းဝူဓားဂိုဏ်းမှ တပည့် သုံးဦးတို့လည်း ကောင်းကင်သို့ ပျံတက်သွားကြသည်။

အကြီးအကဲတစ်ယောက်က လက်ကိုဝှေ့ယမ်းကာ ဖမ်းထားလိုက်၏။ သူက လုမင်ကို အေးစက်စက်ဖြင့် စိုက်ကြည့်ရင်း ပြောလိုက်သည်။

"မင်း၊ ကောင်းတယ်... သိပ်ကောင်းတယ်။ မင်း သူတော်စင်မြို့တော်နဲ့ တရားစီရင်ရေးတပ်မှာ ထာဝရနေနိုင်ဖို့ ငါမျှော်လင့်တယ်"

ထိုသို့ပြောပြီးသည်နှင့် နှာခေါင်းရှုံ့ကာ ဓားအလင်းသုံးခုအဖြစ် ထိုနေရာမှ ပျံသန်း ပျောက်ကွယ်သွားတော့သည်။

"ဝှူး…"

ကြည့်ရှုသူ လူအုပ်ကြီးလည်း သက်ပြင်းရှည်ကြီး ချလိုက်ကြသည်။ သူတို့၏ မျက်လုံးများမှာတော့ မယုံနိုင်စရာများဖြင့် ပြည့်နှက်နေဆဲပင်။

ဤကိစ္စက အမှန်တကယ် ဤအတိုင်းပဲ ပြီးသွားခဲ့ပြီလော။

ထျန်းဝူဓားဂိုဏ်းမှ အကြီးအကဲက အရှိန်အဝါကြီးကြီးဖြင့် ရောက်လာခဲ့သော်လည်း နောက်ဆုံးတွင်မူ ကျောက်ကြမ်း သန်းအနည်းငယ် ချန်ထားခဲ့ပြီး မျက်နှာပျက်သွားခဲ့ရသည်။ ဤမတိုင်မီက၊ ဤရလဒ်မျိုးကို မည်သူမျှ မမျှော်လင့်ထားခဲ့ပေ။

လူတိုင်း၏ အကြည့်များက အံ့သြဖွယ် အနှီတပ်မှူး လုမင်ထံသို့ ကျရောက်သွားကြသည်။

ဤမတိုင်ခင်က ထိုတပ်မှူးကို မည်သူမျှ အာရုံမစိုက်ခဲ့ပေ။ သို့သော်လည်း ယခုအခါ သူက လူတိုင်း၏ အာရုံကို ဖမ်းစားသွားခဲ့ပြီ ဖြစ်သည်။

ပထမအနေဖြင့် သူသည် ဝူစန်းအား သန်မာသော တိုက်ခိုက်နိုင်စွမ်းဖြင့် ဖိနှိပ်ခဲ့သည်။

ထို့နောက် အဆင့်လေး ဝိညာဉ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူ၏ တိုက်ခိုက်မှုကို သူတားဆီးခဲ့၏။ လုမင်က ရတနာတစ်ခုကို အသုံးပြုခဲ့ခြင်းဖြစ်သော်လည်း ၎င်း၏ အားကောင်းသော တိုက်ခိုက်နိုင်စွမ်းကို သက်သေပြနေခဲ့ဆဲပင်။

သို့သော်လည်း ပို၍အရေးကြီးသည်မှာ သူ၏ သတ္တိနှင့် ဉာဏ်ပညာပင် ဖြစ်သည်။

သူက တစ်ယောက်တည်းနှင့် ထျန်းဝူဓားဂိုဏ်း၏ အကြီးအကဲများကို ရင်ဆိုင်ဝံ့ကာ တော်ဝင်ရှဲ့မိသားစု၏ စွမ်းအားကို ဆွဲယူရန် ကောင်းစွာ လုပ်ဆောင်နိုင်ခဲ့သည်။ သူက ထျန်းဝူဓားဂိုဏ်း၏ အကြီးအကဲအား အမြီးကုပ်၍ ဆုတ်ခွာစေရန် ရှေးသူတော်စင်ဧကရာဇ် ဖန်တီးခဲ့သော တရားစီရင်ရေးအလံ စွမ်းအားကိုပင် ဆွဲယူခဲ့သေးသည်။

ဤအရာများအားလုံးကို အနှီမုတ်ဆိတ်ဖြင့်လူက လုပ်ဆောင်ခဲ့သည်အား ယုံကြည်ရခက်သည်။

ဤနည်းလမ်းမျိုးဖြင့် ၎င်းသာ ဆယ်နှစ်ခန့် ပိုငယ်ပါက၊ ကမ္ဘာ့ပါရမီရှင်များ အားလုံးနှင့်ပင် ယှဉ်ပြိုင်နိုင်လိမ့်မည်။

"ကျန်းအာ၊ သွားရအောင်"

ကောင်းကင်ယံတွင်၊ လူလတ်ပိုင်း ဦးရီးတော်က ရှဲ့ကျန်းကို ကြည့်လိုက်သည်။

"မင်းနာမည် ဘယ်လိုခေါ်လဲ"

လူလတ်ပိုင်း တော်ဝင်ဦး‌ရီးတော်က လုမင်ကိုကြည့်ကာ မေးလိုက်၏။

"မင်လု"

လုမင်က နှိမ့်ချခြင်း၊ ဝံ့ကြွားခြင်းမရှိသော လေသံဖြင့် ပြန်ဖြေလိုက်သည်။

"မင်လု၊ ကောင်းတယ်။ မင်း တကယ်တော်တယ်"

လူလတ်ပိုင်း တော်ဝင်ဦးရီးတော်က အဓိပ္ပာယ်များစွာ ပါဝင်နေသော စကားမျိုးဖြင့် ပြောဆိုပြီးနောက် သူ့လက်ကို ဝှေ့ယမ်းကာ ထွက်ခွာသွားသည်။

'သူက ငါ့ကို စိတ်ဆိုးသွားတာလား'

လုမင်က ကောင်းကင်ကို မော့ကြည့်ရင်း စဉ်းစားလိုက်သည်။

လုမင်ဟာ လူလတ်ပိုင်း တော်ဝင်ဦးရီးတော်ထံမှ ကြင်နာမှုကို မခံစားရပေ။ ယင်းအစား သူသည် မကောင်းသော ရည်ရွယ်ချက်များကိုသာ ခံစားခဲ့ရသည်။

ခဏစဉ်းစားပြီးနောက် လုမင်၏ မျက်နှာပေါ်တွင် အေးစက်စက်အပြုံးတစ်ခု ပေါ်လာခဲ့၏။

လူလတ်ပိုင်း တော်ဝင်ဦးရီးတော်က အဘယ်ကြောင့် သူ့အပေါ် မကောင်းသော ရည်ရွယ်ချက်များ ရှိနေသည်ကို အကြမ်းဖျင်း ခန့်မှန်းကြည့်နိုင်သည်။

ယခုအခါတွင်၊ ရှေးဟောင်းသူတော်စင်မင်းဆက်က ၎င်းတို့၏ အင်အားကို တိုးမြင့်လာစေရန်အတွက် အုပ်စိုးသူအင်အားစုအချို့နှင့် မဟာမိတ်ဖွဲ့လိုခဲ့ပေသည်။

သို့သော်၊ လုမင်က တော်ဝင်မိသားစု၏ ဂုဏ်သိက္ခာကို ကာကွယ်ထားပုံရသော်လည်း၊ ထျန်းဝူဓားဂိုဏ်းကို စော်ကားခဲ့သည်။ ထို့အပြင်၊ သူက တော်ဝင်မိသားစုအား ထျန်းဝူဓားဂိုဏ်းကို စော်ကားရန် တွန်းအားပေးခဲ့ပါသေးသည်။ တော်ဝင်မိသားစု၏ အနာဂတ်တွင် ထျန်းဝူဓားဂိုဏ်းနှင့် ကောင်းမွန်သော ဆက်ဆံရေးကို တည်ဆောက်ရန် လွန်စွာ ခက်ခဲသွားခဲ့ပြီ ဖြစ်သည်။

သို့ဖြစ်ပေရာ၊ လူလတ်ပိုင်း တော်ဝင်ဦးရီးတော်က လုမင်ကို အမြင်ကောင်းမရှိပေ။

သူ့စိတ်ထဲတွင်၊ လုမင်ကို ပါးချည်း ဖြတ်ရိုက်ချင်နေပြီ ဖြစ်သည်။

လုမင်လည်း ပြုံးရုံ ပြုံးလိုက်သည်။ ယင်းကို သူ စိတ်မ၀င်စား‌ပေ။ နောက်ဆုံးတွင်၊ သူက ရှဲ့နျန်ချင်း၏ တည်နေရာကိုစုံစမ်းရန် ဤအထောက်အထားကို အသုံးပြုပြီး ဧကရာဇ်နဂါးအစောင့်နှင့် တရားစီရင်ရေးတပ်သို့ စိမ့်ဝင်လာခဲ့ခြင်း ဖြစ်သည်။ နောင်အခါ၊ ရှဲ့နျန်ချင်းကို ရှာတွေ့ပြီးနောက် မည်သူက သူ့ကို ရှာတွေ့နိုင်ဦးပါမည်နည်း။

"တန်ခိုးကြီးတယ်။ တပ်မှူးက အရှိန်အဝါကြီးလွန်းပါပေတယ်"

ထိုအချိန်တွင် တရားစီရင်‌သူများက စိတ်အလှုပ်ရှားဆုံး ဖြစ်နေခဲ့ကြသည်။ သူတို့အား အလွန်စိတ်လှုပ်ရှားကာ တကိုယ်လုံး တုန်ယင်နေခဲ့ကြ၏။ ၎င်းက နှစ်တစ်နှစ်၏ အပူဆုံးနေ့ရက်များတွင် ချိုအေးမွှေးသော ဖရဲသီးကို စားလိုက်ရသကဲ့သို့ပင်။

ယခင်ကဆိုလျှင်၊ သူတို့ဘဝက အချိန်တိုင်း ကုပ်နေခဲ့သည်။ သို့သော်လည်း ယနေ့မှာတော့ သူတို့ ခေါင်းမော့ရင်ကော့နိုင်ခဲ့ပြီ။ ထျန်းဝူဓားဂိုဏ်းကဲ့သို့ အုပ်စိုးသူ အင်အားစုပင်လျှင် တရားစီရင်သူများရှေ့တွင် ရှုံးနိမ့်ကြောင်း ဝန်ခံခဲ့ရသည်။ ကျောက်ကြမ်းများကို ပေးဆောင်ပြီး အရှက်တကွဲ အကျိုးနည်း၍ ပြန်ပြေးသွားကြရလေသည်။

အချိန်အတော်ကြာအောင် ကုပ်နေခဲ့ရပြီးနောက် ရုတ်တရက် ပေါက်ကွဲနိုင်ခြင်းမှ ရရှိလာသော ဤကျေနပ်မှုမျိုးမှာ အရာအားလုံးထက် ကောင်းမွန်သည်။

ထျဲရှင်းနှင့် အခြားသူများလည်း စိတ်လှုပ်ရှားလွန်း၍ ကောင်းကင်ကိုမော့ကာ အော်ဟစ်လိုက်တော့သည်။

All Chapters