← Chapters

အခန်း ၁၁၁၂

Vol. 75 Ch. 1112

အခန်း ၁၁၁၂

Vol. 75 Ch. 1112

အပိုင်း ( 1112 ) သိုင်းအုပ်ချူပ်သူများ ရောက်လာသည်။

ရှဲ့ချီထျန်း၏ အနားတွင် ဆံပင်ဖြူနေသော အဘိုးအိုနှစ်ယောက် ရှိသည်။ သူတို့က သာမာန်ပုံပေါက်နေသော်လည်း ကြောက်စရာကောင်းသော အရှိန်အဝါများ ရှိ၏။ လုမင်သည် ဤအရှိန်အဝါမျိုးကို တစ်ကြိမ်ထက်မက မြင်ဖူးသည်။

သိုင်းအုပ်ချုပ်သူ၏ အရှိန်အဝါ။

ရှဲ့ချီထျန်း၏ အနားရှိ အဘိုးကြီး နှစ်ဦးသည်လည်း သိုင်းအုပ်ချုပ်သူများ ဖြစ်ချေသည်။ ဤနည်းဖြင့် ရှဲ့ချီထျန်းအပါအဝင်၊ တော်ဝင်ရှဲ့မိသားစုတွင် သိုင်းအုပ်ချုပ်သူသုံးပါး ရှိသည်။ ယင်းက ကြောက်စရာကောင်းလွန်းလှပေသည်။

ထို့ပြင်၊ ဤသည်က အပေါ်ယံမျှသာ ရှိသည်။ လုမင်သည် ရှဲ့မိသားစုတွင် အခြား သိုင်းအုပ်ချူပ်သူများ မရှိဘူးဟု မယုံပေ။ ရှေးဟောင်း သူတော်စင်မင်းဆက်၏ ယခင်ဧကရာဇ်ဟောင်းက အသက်ရှင်နေသေးသည်ဟူသော ကောလဟာလတစ်ခုပင် ရှိသည်။

‌ရှေးဟောင်းသူတော်စင်မင်းဆက်သည်၊ အမှန်တကယ်ပင် နှစ်သိန်းများစွာကတည်းက ဆင်းသက်လာခဲ့သည့် ရှေးခေတ်အင်အားတစ်ခုဖြစ်သည်။ ၎င်းက ယခုအခါ အားနည်းသွားသော်လည်း၊ ခိုင်မာသော အခြေခံအုတ်မြစ်ရှိပြီး သာမန် အင်အားစုများ နှိုင်းယှဉ်နိုင်သည့်အရာ မဟုတ်ပေ။

ရှဲ့ချီထျန်းနှင့် အဘိုးကြီးနှစ်ယောက်၏ နောက်တွင် ယောက်ျားနှင့် မိန်းမ ဆယ်ယောက်ကျော်ရှိသည်။ သူတို့အားလုံးက နဂါးများနှင့် ဖီးနစ်ရုပ်ပုံများကဲ့သို့ ဝံ့ကြွားလျက် ရှိပေသည်။

အကြီးများက လူလတ်ပိုင်းများဖြစ်ပြီး အငယ်ဆုံးကတော့ အသက်နှစ်ဆယ်ဝန်းကျင် ရှိပေသည်။

စုစုပေါင်း ဆယ့်ငါးယောက်ရှိပြီး ၎င်းတို့က လက်ရှိဧကရာဇ်၏ သားသမီးများ ဖြစ်သည်။ ၎င်းတို့က ရှေးဟောင်းသူတော်စင်မင်းဆက်၏ မင်းသားများနှင့် မင်းသမီးများ ဖြစ်ပေသည်။

'ရှဲ့နျန်ကျွင်း'

လုမင် မျက်ခုံးပင့်လိုက်သည်။

လူအုပ်ထဲတွင် ရှဲ့နျန်ချင်းနှင့် အလွန်ဆင်တူသော အမျိုးသမီးတစ်ဦးကို သူတွေ့လိုက်ရသည်။ သို့သော် ရှဲ့နျန်ချင်းနှင့် နှိုင်းယှဥ်ကြည့်လျှင် သူမက ပို၍ပင် အေးစက်ပြီး သန့်စင်သည်။ သူမက လူအုပ်ကြီးအထက်တွင် မြင့်မားစွာ ရပ်တည်နေသော နတ်သမီးတစ်ပါးနှင့် ဆင်တူလှပေသည်။

ရှဲ့နျန်ကျွင်း၏ အနားမှာလည်း အသက်နှစ်ဆယ်ကျော်အရွယ် မိန်းကလေးတစ်ဦး ရှိသေးသည်။

ထိုမိန်းကလေးက ရှဲ့နျန်ကျွင်းနှင့် ရှဲ့နျန်ချင်းလောက် မလှသော််လည်း ရှားရှားပါးပါး လှပနေဆဲ ဖြစ်သည်။

လုမင် မျက်ခုံးပင့်လိုက်သည်။ ထိုအမျိုးသမီးက နောက်ထပ်မင်းသမီး ရှဲ့နျန်လင်းပင် ဖြစ်လိမ့်မည်။

သို့သော်၊ ရှဲ့နျန်ချင်းကိုတော့ မတွေ့ခဲ့ရပေ။

'သူတို့က ဒီလိုအရေးကြီးတဲ့နေ့မှာတောင် ရှောင်ချင်းကို ခွင့်မပြုထားဘူး။ ရှောင်ချင်းကို သူတို့သားသမီးလို မဆက်ဆံဘူး'

လုမင် လက်သီးကို တင်းတင်းဆုပ်လိုက်သည်။

ရှဲ့ကျန်းနှင့် မင်းသားဆယ့်ခြောက် ရှဲ့ယန်တို့ကိုလည်း တွေ့လိုက်ရသေးသည်။ အခြားမင်းသားများကိုတော့ သူ မသိပါ။

မင်းသားများနှင့် မင်းသမီးများ၏ နောက်ကွယ်တွင် မောင်းမမိဿံများ၊ မှူးမတ်များ၊ ဝန်ကြီးများနှင့် ရှေးဟောင်း သူတော်စင်မင်းဆက်၏ ကျွမ်းကျင်သူအချို့ ရှိခဲ့သည်။

လူတစ်ထောင်ကျော်က ထွက်ခွာလာပြီး လေထဲမှ လျှောက်လမ်းပေါ်တွင် ဆင်းသက်ခဲ့လေသည်။

"သူတော်စင်ဧကရာဇ် ကြွလာပြီ၊ ကျေးဇူးပြုပြီး ဧည့်သည်များ ထိုင်နိုင်ကြပါပြီ"

ထိုစကားသံက သူတော်စင်မြို့တော်တစ်ခုလုံးကို ပျံ့နှံ့သွားခဲ့သည်။ စကားပြောလာသူက အဓိပဓိ တန်ခိုးရှင်ဖြစ်သည်မှာ သေချာလှပေသည်။

သူ ပြောပြီးသည်နှင့် ကျယ်လောင်သော ရယ်မောသံတစ်ခု ထွက်ပေါ်လာသည်။

"ဟားဟားဟား၊ ယင်ယန်နန်းတော်က ပထမဆုံး ရောက်လာတာလား"

ယင်ယန်ဝတ်စုံနှင့် ကြံ့ခိုင်သော ဆံဖြူအဘိုးတစ်ဦးက လူတစ်စုကို ဦးဆောင်ကာ လေထဲတွင် ပေါ်လာခဲ့သည်။

ဤအဘိုးအို၏ အရှိန်အဝါက ကြောက်မက်ဖွယ်ကောင်းပြီး မိုးနှင့်မြေကို ဖြိုခွင်းခဲ့ပေသည်။

ဧကရာဇ်တစ်ပါး၊ နောက်ထပ် ဧကရာဇ်တစ်ပါး...

"ယင်ယန်နတ်နန်းတော်က ယင်ယန်ဧကရာဇ်နဲ့ တပည့်တွေ ရောက်လာကြပါပြီ"

ထိုအသံက မြို့တော်တစ်ခုလုံးတွင် ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။

"ဒီနေ့ မဟာပုဂ္ဂိုလ်ကြီးတွေ ဘယ်လောက်များများ ရောက်လာမလဲ မသိဘူး"

လုမင်၊ ထျဲရှင်းနှင့် အခြားသူများလည်း သိလိုစိတ်ဖြင့် မျက်လုံးများ အရောင်လက်နေခဲ့ကြသည်။

ယင်ယန်နတ်နန်းတော်က အလယ်ပိုင်းတိုက်ကြီးမှ အုပ်စိုးရှင် အင်အားစုတစ်ခုလည်း ဖြစ်သည်။ ၎င်းက အလွန်အစွမ်းထက်ကာ ထျန်းဝူဓားဂိုဏ်းထက် အားမနည်းပေ။

"ညီနောက်ယင်ယန်၊ ကျေးဇူးပြုပြီး ထိုင်ပါ"

ရှဲ့ချီထျန်းက သူ့လက်ကို မြှောက်ပြလိုက်သည်။

"ကျေးဇူးတင်ပါတယ်အကို"

ယင်ယန်နတ်ဧကရာဇ်လည်း လက်ယှက်ကာ ယင်ယန်နန်းတော်မှ ကျွမ်းကျင်သူများကိုခေါ်ပြီး အနီးနားရှိ စားပွဲတစ်ခုသို့ လျှောက်သွားသည်။

"ကောင်းကင်နတ်ဆိုးတောင်ရဲ့ နတ်ဆိုးဧကရာဇ် ရောက်လာပြီ"

ချက်ချင်းပင် နောက်ထပ် အင်အားကြီးတစ်ခု ရောက်လာပြန်သည်။ ၎င်းကလည်း အလယ်ပိုင်းတိုက်ကြီး၏ အုပ်စိုးရှင်အင်အားတစ်ခု ဖြစ်ချေသည်။ ကောင်းကင်နတ်ဆိုးတောင်သည် အရှေ့ပိုင်းကန္တာရရှိ ကောင်းကင်နတ်ဆိုးချိုင့်ဝှမ်းနှင့် အလွန်ဆင်တူသည်။ သူတို့နှစ်ဦးစလုံးက မွန်းစတားများ၏‌ နေရပ်ဖြစ်ပြီး မွန်းစတားဧကရာဇ်တစ်ပါးက ဦးဆောင်ခဲ့ပေသည်။

"ဟန်ချင်းတောင်ရဲ့ ဧကရီရွယ်ရှင်းနဲ့ တပည့်တွေ ရောက်လာပါပြီ"

“သွေးအေးနန်းတော်..."

“ကောင်းကင်နန်းတော်…"

"…"

ထို့နောက်တွင် အလယ်ပိုင်းတိုက်ကြီး၏ အုပ်စိုးသူ အများအပြား တစ်ယောက်ပြီး တစ်ယောက် ရောက်လာခဲ့ကြသည်။ ထို့အပြင် အုပ်စိုးသူအင်အားစုတိုင်းကို ဧကရာဇ်တစ်ပါးက ဦးဆောင်ခဲ့ပေသည်။ များမကြာမီ ကောင်းကင်ယံရှိ လျှောက်လှမ်းနှစ်ဖက်စလုံးတွင် ဧကရာဇ်တစ်ဒါဇင်ကျော် ပေါ်လာခဲ့သည်။

သူတော်စင်မြို့တော်တွင် ဤမြင်ကွင်းကိုကြည့်ရင်း မရေမတွက်နိုင်သော လူများ၏ မျက်လုံးများက တောက်ပလာခဲ့သည်။

ဧကရာဇ်တစ်ဒါဇင်ကျော် စုဝေးနေကြပြီ။ ဤအစီအစဥ်က ကြောက်စရာကောင်းအောင် ကြီးမားလွန်းပေသည်။

၎င်းက နှစ်သောင်းချီတွင် တစ်ကြိမ် ဖြစ်ပေါ်လာခဲသည်။

ကမ္မတိုက်ပွဲ၏ နောက်ဆုံးချိန်တွင် ဧကရာဇ်အများအပြား စုရုံးသေးသော်လည်း ယင်းက ကမ္မမြို့တော်တွင် ဖြစ်သည်။ သာမန်လူများက လုံးဝ မမြင်ရပေ။ ယခုမူကား၊ ဧကရာဇ်တစ်ဒါဇင်ကျော်က လူမြင်ကွင်းတွင် တည်ရှိကြကာ အားလုံး မြင်တွေ့ခဲ့ရသည်။

အဓိပတိများဆိုလျှင် ပို၍ပင် များပြားသော်လည်း ဧကရာဇ်များက လုံးဝလွှမ်းမိုးထားခဲ့ကြပေသည်။

ဧကရာဇ် တစ်ဒါဇင်ကျော်... ဤသည်က ဘယ်လိုစွမ်းအားမျိုးပင်နည်း။ ၎င်းတို့သာ ညီညွတ်ကြလျှင် ကမ္ဘာကြီးကိုပင် တကယ်ဖျက်ဆီးပစ်နိုင်သည်။

"ကောင်းကင်နတ်ဘုရား တပ်မဟာရဲ့ ဧကရာဇ် ရောက်လာပါပြီ"

ရုတ်​တရက်​ အသံတစ်​သံကြား​တော့ လူအုပ်​က တိတ်​ဆိတ်​သွားခဲ့သည်​။

အားလုံးက တူညီသောဦးတည်ရာကို လှည့်ကြည့်လိုက်၏။

ထိုဘက်မှ အနက်ရောင် ချပ်ဝတ်တန်ဆာ ၀တ်ဆင်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး လျှောက်လာသည်။ သူ့နောက်တွင် လူတစ်စု လိုက်လာခဲ့၏။ လူတိုင်းက ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားကာ ကြမ်းတမ်းသော အရှိန်အဝါနှင့် တိုက်ခိုက်ချင်စိတ်များ ထွက်ပေါ်နေခဲ့သည်။

လူတိုင်းက တိုက်ပွဲကြီးတစ်ခုအတွက် အချိန်မရွေး အဆင်သင့်ဖြစ်နေသကဲ့သို့ အလွန်ပြင်းထန်သော တိုက်ခိုက်ချင်စိတ်တို့ ပြည့်နေခဲ့ပေသည်။

"ဝှါး... ကောင်းကင်နတ်ဘုရားတပ်မဟာ ရောက်လာပြီ"

တစ်စုံတစ်ယောက်က ပင့်သက်ရှိုက်ရင်း ခပ်တိုးတိုး ပြောလိုက်သည်။

အလယ်ပိုင်းတိုက်ကြီးတွင်၊ ရှေးဟောင်းသန့်စင်မင်းဆက်ထက် အားမနည်းသော အင်အားစုတစ်ခု ရှိမည်ဆိုလျှင် ၎င်းက ကောင်းကင်နတ်ဘုရား တပ်မဟာသာ ရှိလိမ့်မည်။

အကယ်၍ ရှေးဟောင်း သူတော်မင်းဆက်က အမုန်းဆုံးသော အင်အားစုတစ်ခု ရှိခဲ့လျှင်လည်း၊ ၎င်းက ကောင်းကင်နတ်ဘုရားတပ်မဟာသာ ဖြစ်မည်။

ကောင်းကင်နတ်ဘုရားတပ်မဟာသည် မူလက ရှေးဟောင်း သူတော်စင်မင်းဆက်၏ အသန်မာဆုံးတပ်မဟာ ဖြစ်သည်။ ၎င်းတွင် ကျွမ်းကျင်သူများစွာရှိခဲ့ပြီး အတုမရှိပေ။ ထိုစဉ်က သူတို့ဟာ ရှေးဟောင်း သူတော်စင်မင်းဆက်အတွက် ကမ္ဘာကြီးကို ကူညီဖိနှိပ်ခဲ့ပြီး လူတိုင်း ကြောက်ရွံ့ခဲ့ရသည်။ ၎င်းတို့ကို ကောင်းကင်နတ်ဘုရား အစောင့်အရှောက်တပ်ဟု လူသိများပေသည်။

သို့သော်လည်း လွန်ခဲ့သောနှစ်ပေါင်း သုံးသောင်းခန့်က စစ်ပွဲတွင်၊ ကောင်းကင်နတ်ဘုရားတပ်က ဘေးမှစောင့်ကြည့်နေရန် ရွေးချယ်ခဲ့သည်။ အဆုံးတွင်၊ ကောင်းကင်နတ်ဘုရားတပ်က တော်ဝင်ရှဲ့မိသားစုကို အကြီးအကျယ် ဆုံးရှုံးသွားစေခဲ့ပေသည်။ ထို့နောက်တွင် ကောင်းကင်နတ်ဘုရားတပ်မဟာက ရှဲ့မိသားစုမှ ထွက်ခွာကာ ကမ္ဘာကြီးကို စိုးမိုးမည်ဟု ကြေညာခဲ့သည်။

အကယ်၍ ကောင်းကင်နတ်ဘုရား တပ်မဟာသာ ထိုစစ်ပွဲတွင် ပါဝင်ခဲ့မည်ဆိုပါက တော်ဝင်ရှဲ့မိသားစု ဤမျှကြီးမားသော ဆုံးရှုံးမှုကို ခံစားခဲ့ရမည်မဟုတ်ဟုလည်း လူအချို့က ပြောကြ၏။ သို့မဟုတ်ပါက ရှေးဟောင်းသူတော်စင်မင်းဆက်က ဤမျှ အားနည်းသွားမည် မဟုတ်ပေ။

ထို့ကြောင့်ပင် တော်ဝင်ရှဲ့မိသားစုက ကောင်းကင်နတ်ဘုရား တပ်မဟာကို သစ္စာဖောက်သူနှင့် ရန်သူအဖြစ် ရှုမြင်ခဲ့သည်။ လွန်ခဲ့သည့် နှစ်ပေါင်း သုံးသောင်းအတွင်း၌ နှစ်ဘက်စလုံးက ကြောက်စရာကောင်းသော တိုက်ပွဲများစွာကို ဆင်နွှဲခဲ့ကြသည်။ သို့သော်လည်း နှစ်ဘက်စလုံးက အင်အားစုချင်းသာယှဉ်ပြီး ပြိုင်ဆိုင်ကြပေသည်။ သို့ရာတွင် ဆုံးရှုံးမှုများသာ ကြုံခဲ့ရပြီး တစ်ဖက်ကိုတစ်ဖက် ဘာမျှ မလုပ်နိုင်ခဲ့ပေ။

ဘုရင်ငယ်ငါးပါးတွင် တစ်ပါးအပါအဝင်ဖြစ်သော ရန်ပိုထျန်းက ကောင်းကင်နတ်ဘုရားတပ်မဟာမှ ဖြစ်သည်။

မူလက လူအချို့က ကောင်းကင်ဘုံကို စောင့်ကြပ်သော နတ်တပ်မတော်သည် ယနေ့ လာမည်မဟုတ်ဟု အချို့က ထင်ခဲ့ကြသည်။ သို့သော်၊ ကောင်းကင်ဘုံစောင့်နတ်ဘုရား ဤနေရာ၌ရှိမည်ဟု သူတို့ မမျှော်လင့်ခဲ့ပေ။ ထို့အပြင်၊ ကောင်းကင်ဘုံစောင့်နတ်စစ်တပ်သည် အဖွဲ့ကို ဦးဆောင်ခဲ့သည်။

ရှဲ့ချီထျန်းက ကောင်းကင်နတ်ဘုရားတပ်ကို တောက်ပသော မျက်လုံးများနှင့် ကြည့်ပြီး ပြောလိုက်သည်။

"ဧည့်သည်တွေ ရောက်လာတာပဲ၊ ကျေးဇူးပြုပြီး ထိုင်ပါ"

"ယဉ်ကျေးလွန်းပါပြီ"

ပုကျန့်ဧကရာဇ်က စားပွဲတစ်လုံးတွင် ဝင်ထိုင်ရင်း ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

"တောင်ပိုင်းက တတိယ ငရဲဧကရာဇ်ရောက်လာပါပြီ"

"အနောက်ပိုင်းကန္တာရရဲ့ ဝူမြဲ့ဗုဒ္ဓဧကရာဇ် ရောက်လာပါပြီ"

"မြောက်ပိုင်းလွင်ပြင်ရဲ့ ကျွမ်းကျင်သူတွေ ရောက်လာပါပြီ"

"အရှေ့ပိုင်းကန္တာရရဲ့ ကောင်းကင်ဧကရာဇ် ဘုရားကျောင်း၊ ကောင်းကင်နတ်ဆိုးတောင်ကြားနဲ့ ကောင်းကင်အလောင်းဂိုဏ်းတို့ ရောက်လာပါပြီ"

ထို့နောက်တွင် ကြေညာချက်များ တစ်ခုပြီးတစ်ခု ထုတ်ပြန်ခဲ့သည်။

တောင်ပိုင်းတွင်၊ တောင်ပိုင်း ငရဲဧကရာဇ်တစ်ပါးက ကျွမ်းကျင်သူအဖွဲ့ကို ဦးဆောင်ပြီး ရောက်ရှိလာသည်။

အနောက်တိုင်းမှာတော့ ကြင်နာတတ်သောအပြုံးနှင့် ဗုဒ္ဓတစ်ပါး ရောက်လာခဲ့၏။ သူက ရိုးရှင်းသော ဝတ်ရုံကို ၀တ်ဆင်ထားကာ သူ့ခန္ဓာကိုယ်ကို ရွှေရောင်လွှမ်းထားသည်။ ဦးခေါင်းထက်မှာလည်း ဗုဒ္ဓ ရောင်ခြည်စက်ဝိုင်းတစ်ခု ရှိနေပါသေးသည်။

၎င်းကို ဗုဒ္ဓဧကရာဇ်ဟုလည်း ခေါ်သည်။ သူသည်လည်း သိုင်းအုပ်ချုပ်သူတစ်ပါး ဖြစ်ချေသည်။

မြောက်ပိုင်းလွင်ပြင်နှင့် အရှေ့ပိုင်းကတော့ ဧကရာဇ်များ မရောက်လာခဲ့ပါ။

မြောက်ပိုင်းလွင်ပြင်နှင့် အရှေ့ပိုင်းကန္တာရက အခြေ‌အနေချင်း တူညီသောကြောင့် ဖြစ်သည်။ မြောက်ပိုင်းလွင်ပြင်မှ အဓိက အင်အားစုများသည် အချင်းချင်း တိုက်ခိုက်နေခဲ့ကြ၏။ ထိုအတွက် ဧကရာဇ်များက ထွက်ခွာသွားခြင်းမပြုနိုင်ပေ၊ သို့မဟုတ်ပါက ၎င်းတို့၏ရန်သူများမှ အခြေအနေကို အခွင့်ကောင်းယူသွားနိုင်သည်။

'ဝမ့်မိသားစုရဲ့ ဘိုးဘေး ဝမ့်ရှန့်ထျန်းနဲ့ ကျန်းမိသားစုရဲ့ ဘိုးဘေး'

လုမင်၏ မျက်လုံးများက အရောင်လက်သွားသည်။

All Chapters