← Chapters

အခန်း ၁၁၁၄

Vol. 75 Ch. 1114

အခန်း ၁၁၁၄

Vol. 75 Ch. 1114

အပိုင်း ( 1114 ) မင်းရဲ့ အသက်က ဘယ်လောက်ရှိပြီလဲ။

"တကယ် ရက်ရောတာပဲ"

လုမင် ရေရွတ်လိုက်မိသည်။

ဤဝိညာဉ်အရက်နှင့် ဆေးဝါးများက အဆင့်မြင့်မားသည် မဟုတ်သော်လည်း ပမာဏက အလွန်များပေသည်။ ဤပမာဏကို ပေါင်းလိုက်မည်ဆိုပါက တန်ဖိုးက ကြီးမားလွန်းလှသည်။

တော်ဝင်ရှဲ့မိသားစုက ဤပူဇော်ခြင်းအခမ်းအနားအတွက် များစွာ အားထုတ်ခဲ့သည်ဟု ဆို၍ရပေသည်။

တော်ဝင်မိသားစုက အချိန်အတော်ကြာကတည်းက ပြင်ဆင်နေခဲ့ကြောင်း ထင်ရှားသည်။ ထိုသို့ မဟုတ်ပါက ဤမျှများပြားသော ဝိညာဉ်အရက်နှင့် ဆေးဝါးများကို တခါတည်း ထုတ်ယူနိုင်မည် မဟုတ်ပေ။

လေထဲမှ အင်အားစုကြီးများ၏ လူများလည်း ဤမြင်ကွင်းကို အနည်းငယ်ပြုံးပြီး ကြည့်နေခဲ့ကြသည်။

မကြာမီတွင်၊ ဘူးသီးခြောက်အိုးများထဲမှ ဆေးများအားလုံး ကုန်သွားပြီ။ ကြံ့ခိုင်သော အမျိုးသားများနှင့် မိန်းမပျိုများလည်း ဒယ်စောက်အိုးကြီးများနှင့် ဘူးသီးခြောက် အိုးများကိုယူဆောင်ကာ တော်ဝင်နန်းတော်အတွင်းသို့ ပြန်သွားခဲ့ကြသည်။

ထို့နောက်တွင်၊ မိန်းမပျိုများစွာက စားဖွယ်စုံနှင့် အရက်များကို သယ်ဆောင်လာကာ လေထဲရှိ အင်အားစုကြီးများရှေ့တွင် တင်ထားလိုက်ကြသည်။

"ဟားဟားဟား၊ ဒီနေ့က သူတော်စင်မင်းဆက်တည်ထောင်ခြင်း နှစ်တစ်သန်းပြည့် နှစ်ပတ်လည်နေ့ပါ။ ဒီနေ့ကို ကျုပ်တို့နဲ့အတူ ဖြတ်သန်းပေးတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။ လာ... လာ၊ သောက်ကြရအောင်"

ရှဲ့ချီထျန်းက သူ၏ အရက်ခွက်ကိုမြှောက်ကာ မဟာပုဂ္ဂိုလ်ကြီးများနှင့် သောက်လိုက်သည်။

ထို့နောက်တွင် ရှဲ့ချီထျန်းက ဆက်ပြောသည်။

"ဒီတစ်ခေါက် ကျူပ်ရဲ့ သမီးတော် ရှဲ့နျန်လင်းအတွက် ခင်ပွန်းလောင်းအဖြစ် ပါရမီရှင် လူငယ်တစ်ယောက်ကို ရွေးချယ်ဖို့ ရည်ရွယ်ထားတယ်ဆိုတာ အားလုံး ကြားဖူးကြမယ်လို့ ထင်ပါတယ်။ ဒီနေ့ ဒီနေရာမှာ ရှမ်းဟွမ်တိုက်ကြီးရဲ့ ဒေသအသီးသီးက အင်အားစုကြီးတွေနဲ့ ပါရမီရှင်တွေ ရှိနေတုန်းလေး ပြိုင်ပွဲလေး လုပ်ချင်တယ်"

"ယောင်္ကျား၊ မိန်းမ မခွဲခြားဘဲ လူတိုင်းပါဝင်နိုင်ပါတယ်။ ပထမဆုရတဲ့သူက အမျိုးသားဖြစ်မယ်ဆိုရင် နျန်လင်းရဲ့ ခင်ပွန်းဖြစ်လိမ့်မယ်။ ဒါပေါ့၊ အမျိုးသမီးက ပထမဆုရရင် ဒုတိယအဆင့် အမျိုးသားက ခင်ပွန်းဖြစ်လိမ့်မယ်"

"တစ်ချိန်တည်းမှာပဲ ဒုတိယနဲ့ တတိယနေရာတို့အတွက် အခြေအနေတစ်ရပ်ကို သဘောတူမယ်လို့ ကတိပြုပါတယ်။ ဒါက ကျုပ်ရဲ့ အခွင့်အာဏာအတွင်း ရှိနေသရွေ့ သဘောတူပေးနိုင်တယ်။ သူတော်စင်ဧကရာဇ် ရှေးဟောင်းနန်းတော်ကိုပါ ဝင်ပြီး လေ့ကျင့်ခွင့်ပြုမယ်"

"စတုတ္ထကနေ ဒသမ နေရာအထိလည်း သူတော်စင်ဧကရာဇ် ရှေးဟောင်းနန်းတော်ကို ဝင်နိုင်တယ်"

"လာ"

ရှဲ့ချီထျန်း ပြောပြီးသောအခါ လူအများ၏ မျက်လုံးများက တောက်ပလာခဲ့သည်။ နောက်ဆုံးတွင် တစ်နေ့တာ၏ အမျှော်လင့်ရဆုံးအပိုင်းကို ကျရောက်လာခဲ့ပြီ။

ရှဲ့ချီထျန်း၏ အခြေအနေများက ဆွဲဆောင်မှုကြီးလွန်းသည်။

ယနေ့တွင် ထိပ်သီးပါရမီရှင်များလည်း စုဝေးနေခဲ့၏။ ထို့နောက်တွင်၊ စိတ်လှုပ်ရှားစရာကောင်းသည့် တိုက်ပွဲတစ်ခု ဖြစ်လာမည်မှာ သေချာလှပေသည်။

ထိုစဉ်က၊ ကမ္မမြို့တော်တွင်လည်း ပါရမီရှင်များ စုဝေး တိုက်ခိုက်ခဲ့ဘူးသည်။ သို့ရာတွင်၊ လူအတော်များများက ကြည့်ခွင့်မရ၍ မည်မျှ စိတ်လှုပ်ရှားစရာကောင်းမှန်း မသိကြပါချေ။

သို့သော်၊ ယနေ့မှာတော့ သူတို့ မြင်တွေ့ရတော့မည်။

ထို့အပြင်၊ ၎င်းသည် ယနေ့တိုက်ပွဲက အလယ်ပိုင်းတိုက်ကြီးသာမကပါ။ တောင်ပိုင်း၊ အနောက်ပိုင်း၊ မြောက်ပိုင်းနှင့် အရှေ့ပိုင်းတို့မှ ပါရမီရှင်များအားလုံးကို စုဝေးခဲ့ကြပြီး ဖြစ်သည်။

အရေးအကြီးဆုံးမှာ၊ ထိပ်တန်းပါရမီရှင်များစွာက ဝိညာဉ်နတ်ဘုရားနယ်ပယ်သို့ အဆက်မပြတ် ဝင်ရောက်လာကြ၍ ဝိညာဉ်နတ်ဘုရားများ၏ အကြမ်းဆုံး တိုက်ပွဲများကို မြင်တွေ့ကြရမည် ဖြစ်သည်။ ဤအရာက လူတိုင်းကို ပို၍ပင် စောင့်မျှော်စေခဲ့ပေလိမ့်မည်။

အထူးသဖြင့် ပါရမီရှင်များဆိုလျှင် စိတ်လှုပ်ရှားစွာဖြင့် လက်ဝါးနှစ်ဖက်ကို ပွတ်သပ်လိုက်ကြသည်။ သူတို့၏ စွမ်းရည်များကို ဖော်ပြရန်အတွက် အသင့်ဖြစ်နေပြီ။

"ညီနောင်ရှဲ့၊ ဘယ်လိုပြိုင်ရမယ် ဆိုတာကိုလည်း ပြောပါဦး"

ယင်ယန်ဧကရာဇ်က မေးလိုက်သည်။

"ဒီနေ့ခေတ်မှာ ပါရမီရှင်တွေက များပြားလွန်းတယ်။ ဒါကြောင့် သူတို့ကို တစ်ယောက်ပြီး တစ်ယောက် ယှဉ်ပြိုင်စေဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် လိုအပ်ချက်တွေရှိမယ်။ ပထမဆုံးက အသက် သုံးဆယ်အောက် ဖြစ်ရမယ်။ စိစစ်မှုကို ပါဝင်လိုသူတွေက လမ်းကို ဖြတ်သန်းနိုင်ရမယ်။ လမ်းကို ဖြတ်သွားနိုင်သူတွေပဲ ပါဝင်ခွင့်ရှိတယ်"

ရှဲ့ချီထျန်းက ပြောလိုက်သည်။ ထို့နောက် သူ့လက်ကိုဝှေ့ယမ်းလိုက်ရာ လျှောက်လမ်း၏ တောင်ဘက်မှ သက်တန့်ရောင်အလင်းများ ပြည့်နှက်နေသော လမ်းများ ပေါ်ထွက်လာခဲ့သည်။ မိုင်တစ်ရာရှည်လျားသော လမ်းများက စုစုပေါင်း ဆယ့်ရှစ်ခု ရှိ၏။

လျှောက်လမ်း၏ အရှေ့နှင့် အနောက် နှစ်ဖက်စလုံးတွင် စားပွဲနှင့်ကုလားထိုင်များရှိပြီး လူများ နေရာယူထားပြီး ဖြစ်သည်။ တောင်ဘက်ခြမ်းကတော့ ရှဲ့ချီထျန်းက ကြိုတင် စီစဉ်ထားခြင်း ဖြစ်ချေသည်။

"ရွေးချယ်ရေး လုပ်ငန်းစဉ်က အရမ်းရိုးရှင်းပါတယ်။ လူတိုင်းက ဒီလမ်းကြောင်းကို ဖြတ်သန်းရမယ်။ ဖြတ်ကျော်နိုင်သရွေ့တော့ အောင်မြင်ပြီလို့ သတ်မှတ်နိုင်တယ်"

ရှဲ့ချီထျန်းက ပြောလိုက်သည်။

"ဒီလမ်းကို ဖြတ်သွားတဲ့သူတိုင်း အောင်မြင်တယ်လို့ သတ်မှတ်တာလား"

လေးနက်သော အမူအရာဖြင့် လူအများ၏ နှလုံးသားများက လှုပ်ရှားသွားခဲ့သည်။

၎င်းက ရွေးချယ်မှု လုပ်ငန်းစဉ်တစ်ခု ဖြစ်သောကြောင့် သေချာပေါက် မရိုးရှင်းနိုင်ပေ။ ဤလမ်းများပေါ်တွင် အတားအဆီးများ ရှိနေမည်မှာ သေချာသည်။

"ပါဝင်​ချင်​သူတွေ ဒီတံခါးကို ဖြတ်သွားပါ"

ရှဲ့ချီထျန်းက သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ လမ်းအဆုံးတွင် ကြီးမားသော တံခါးကြီးတစ်ခု ပေါ်လာခဲ့သည်။ တော်ဝင်မိသားစုဘက်မှ ကျွမ်းကျင်သူများက တံခါးဆီသို့ ပြေးသွားကာ တံခါးနှစ်ဘက်စလုံးတွင် စောင့်ကြပ်ပြီး မတ်တပ်ရပ်လိုက်၏။

တံခါးကို ဖြတ်ကျော်ပြီးသူများသာ ရွေးချယ်မှုတွင် ပါဝင်နိုင်မည်ဖြစ်သည်။

"သွားကြစို့"

"ငါ သွားမယ်"

ချက်ခြင်းဆိုသလိုပင် အင်အားစုကြီးများမှ လူငယ်အများအပြား ပြေးထွက်လာခဲ့သည်။

သူတော်စင်မြို့တော်အတွင်းမှ တံခါးဆီသို့ ပျံသန်းသွားသော လူငယ်များလည်း ရှိသေးသည်။

"ဟားဟားဟား၊ ငါလည်း သွားမယ်"

လုမင်က ထျဲရှင်းနှင့် အခြားသူများကို ပြုံးပြလိုက်သည်။

"မင်း... မင်းလည်း သွားမှာလား။ တပ်မှူး၊ သူတော်စင်ဧကရာဇ်က အသက်သုံးဆယ်အောက် လူတွေပဲ ပါဝင်နိုင်တယ်လို့ ပြောထားတယ်နော်။ မင်းရဲ့ အသက်က ဘယ်လောက်ရှိပြီလဲ"

ထျဲရှင်းနှင့် အခြားသူများက လုမင်ကို သံသယဖြင့် ကြည့်လိုက်ကြသည်။

လုမင်က ယခုအချိန်တွင် မုတ်ဆိတ်ဗရပျစ်နှင့် ဖြစ်သည်။ မည်သို့ပင် ကြည့်နေပါစေ၊ သူက အသက်သုံးဆယ်အောက်ဟု မထင်ရပေ။ အနည်းဆုံး အသက် လေးဆယ်နီးပါး ရှိသည်။ ထို့အပြင် ကျင့်ကြံသူများအတွက် အရွယ်ရောက်ခြင်းက ပိုနှေးသည်။ ထိုအတွက် လုမင်၏အသက်က ရာစုနှစ်ခန့် ရှိပေမည်။

သို့သော်လည်း လုမင်က အမှန်တကယ် ပါဝင်ချင်နေသည်။ စိစစ်မှုကို အတင်းဝင်ပါက အကျိုးဆက်ကို ခံရပေလိမ့်မည်။

"ဟ၊ မင်းတို့ ဘယ်လိုအကြည့်နဲ့ လာကြည့်နေတာလဲ။ ငါက အသက်သုံးဆယ်တောင် မပြည့်သေးပါဘူး"

လုမင်က ထျဲရှင်းနှင့် အခြားသူများကို မကျေမနပ်ဖြင့်ကြည့်ကာ တံခါးဆီသို့ လျှောက်သွားသည်။

"အသက်သုံးဆယ်တောင် မပြည့်သေးဘူးတဲ့လား"

ထျဲရှင်းနှင့် ကျန်တပ်သားများလည်း မျက်လုံးပြူးကာကျန်ခဲ့သည်။ သူတို့၏ အောက်မေးရိုးများလည်း မယုံနိုင်ဘဲ ပြုတ်ကျလုနီး ဖြစ်နေပြီ။

လုမင်က ယုံကြည်မှုအပြည့်ဖြင့် ရင်ကော့ပြီး တံခါးဆီသို့ လျှောက်သွားသည်။

ယခုအခါ၊ တံခါးဝတွင် လူတန်းရှည်ကြီး ရှိနေပြီ။

လုမင်လည်း အနောက်ပိုင်းတွင် ဝင်တန်းစီလိုက်သည်။

"ဘယ်သူလဲ...အဲဒါဘယ်သူလဲဟ။ ဒီမုတ်ဆိတ်က သူ့အသက်နဲ့ ဘာလာလုပ်တာလဲ"

"ဒါက ဟိုတပ်မှူး မဟုတ်လား။ သူဘာလုပ်နေတာလဲ။ သူတော်စင်ဧကရာဇ်က အသက်သုံးဆယ်အောက်တွေပဲ ပါဝင်နိုင်တယ်လို့ မိန့်ကြားထားတယ် မဟုတ်ဘူးလား"

"ဒီတပ်မှူးက တကယ့်ကို အတင့်ရဲတယ်။ မင်းတို့ကြည့်နေ... ခဏနေရင် အရှက်ကွဲပြီး ပြေးသွားရမှာ သေချာတယ်"

လူတစ်ချို့က လုမင်ကို သတိထားမိကာ ဆွေးနွေး ပြောဆိုလိုက်ကြသည်။

လုမင်ကတော့ ပတ်ဝန်းကျင်၏ အကြည့်များကို အာရုံမစိုက်နိုင်ဘဲ အေးအေးဆေးဆေး တန်းစီနေတော့သည်။

မကြာခင်မှာပဲ လုမင်၏အလှည့် ရောက်လာသည်။

"ရပ်စမ်း၊ မင်း ဒီမှာ ဘာလာလုပ်နေတာလဲ။ မြန်မြန်ထွက်သွားစမ်း"

တံခါးကို စောင့်ကြပ်နေသူက လုမင်အား တားဆီးလိုက်သည်။

"ငါ ဘာလုပ်လို့လဲ။ ငါလည်း ဒီပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မလို"

လုမင် ထိုလူကို စိုက်ကြည့်လိုက်၏။

"ပြိုင်​ပွဲလား။ သူတော်စင်ဧကရာဇ်က အသက်သုံးဆယ်နဲ့ အထက်ရှိသူတွေကို ပါဝင်ခွင့်မပြုဖို့ အမိန့်ထုတ်ထားတယ်။ မင်းရဲ့ အသက်က ဘယ်လောက်ရှိပြီလဲ။ သူတော်စင်ဧကရာဇ်ရဲ့အမိန့်ကို လျစ်လျူရှုဝံ့တယ်၊ မင်း‌ သေချင်နေပြီလား"

လူကြီးက အော်ဟစ်လိုက်သည်။

"ဟားဟားဟား၊ ဒီတပ်မှူးတော့ ပြီးသွားပြီ။ သူက သူတော်စင်ဧကရာဇ်ရဲ့ အမိန့်ကိုတောင် လျစ်လျူရှုဝံ့တယ်"

ဤအခြေအနေက ရှိနေသူတိုင်း၏ အာရုံကို သဘာဝအတိုင်း ဆွဲဆောင်ခဲ့သည်။

"တော်စမ်း၊ ငါက အသက်သုံးဆယ်ကျော်နေပြီဆိုတာကို မင်း ဘယ်မျက်လုံးနဲ့ မြင်လို့လဲ။ ငါပြောလိုက်မယ်၊ ငါက အသက်သုံးဆယ် မပြည့်သေးဘူးကွ၊ အသက်နည်းနည်းပဲ ကြီးတာ။ စာအုပ်တစ်အုပ်ကို အဖုံးကိုကြည့်ပြီး မဆုံးဖြတ်နဲ့ သားလေး"

လုမင် လျစ်လျူရှုစွာ ပြောလိုက်သည်။

ယင်းကြောင့် လူအများ အံ့အားသင့်ကာ ရယ်မောသံများ ပေါ်ထွက်လာခဲ့သည်။

မည်သို့ပင်ကြည့်ကြည့်၊ လုမင်က အသက်သုံးဆယ်အောက်နှင့် မတူပေ။ သေချာတာကတော့ သူဟာ သုံးဆယ်ကျော် ဖြစ်သည်။

ဤမုဆိတ်ကောင် ကံစမ်းပြီးဝင်ရန် ကြိုးစားနေတာ သိသာထင်ရှားလှပေသည်။

လူတော်တော်များများက ထိုသို့သာ ထင်သည်။

"နင် ထွက်သွားစမ်း၊ ငါ့လမ်းကို မပိတ်နဲ့"

လုမင်၏ နောက်ကွယ်မှ အေးစက်စက် အော်သံတစ်ခု ထွက်ပေါ်လာသည်။ ယင်းက မိန်းကလေးတစ်ယောက်၏ အသံပင်။ အသံက သာယာသော်လည်း လွန်စွာ အေးစက်ပြီး မာနကြီးပုံရသည်။

လုမင် လှည့်ကြည့်လိုက်တော့ လှပသော မိန်းကလေးတစ်ယောက်ကို တွေ့လိုက်ရသည်။ သူမက အရပ်ရှည်ကာ လှပ၏။ သူမ၏အလှက စန္ဒကူးနတ်သမီး၊ ကျင်းခုန်းလင်နှင့် အခြားသူများထက် မနိမ့်ကျပေ။

"ဒါက အလယ်ပိုင်းတိုက်ကြီးရဲ့ အလှဘုရင်မ ငါးပါးထဲက တစ်ပါးဖြစ်တဲ့ လျိုယွီရှင်းပဲ"

လူအချို့က လျိုယွီရှင်းကို ကြည့်ကာ စိတ်လှုပ်ရှားစွာ ပြောဆိုလိုက်ကြသည်။

'သူက အလယ်ပိုင်းတိုက်ကြီးရဲ့ အလှဘုရင်မ ငါးပါးထဲက တစ်ယောက်ဖြစ်တဲ့ လျိုယွီရှင်းပေါ့'

လုမင်လည်း သေချာအောင် နောက်တစ်ဖန် ထပ်ကြည့်လိုက်မိ၏။

လျိုယွီရှင်းက အမှန်တကယ် လှပေသည်။ အသွင်ပြင်သီးသန့် ပြောရမည်ဆိုလျှင် သူမက စန္ဒကူးနတ်သမီး၊ ကျင်းခုန်းလင်နှင့် အခြားသူများထက် နိမ့်ကျသည် မဟုတ်ပေ။

All Chapters