← Chapters

အခန်း ၁၁၁၅

Vol. 75 Ch. 1115

အခန်း ၁၁၁၅

Vol. 75 Ch. 1115

အပိုင်း ( 1115 ) ဒူးထောက်ပြီး အညစ်အကြေးများကို စားစေခြင်း။

လျိုယွီရှင်း၏ ပတ်လည်တွင် လူငယ်သုံးလေးယောက် ရှိသည်။ ၎င်းတို့က လျိုယွီရှင်း၏ အစောင့်အကြပ်များဖြစ်ကြောင်း သိသာထင်ရှားလှပေသည်။

အစောင့်သုံးယောက်၏ အလယ်တွင် ရပ်နေသော လျှိုယွီရှင်းမှာ ကြယ်ပွင့်များအလယ်မှ လမင်းကဲ့သို့ ထူးခြားစွာ လှပနေသည်။ သို့သော်လည်း သူမက အလွန်အေးစက်ပြီး မာနကြီးသည်။ သူမက လုမင်ကို မသိမသာ အကဲခတ်လျက် ရှိ၏။ သူမ၏ မျက်လုံးများတွင်ကား အထင်အမြင်သေးမှု အရိပ်အမြွက်တို့ ဖြစ်ပေါ်နေတော့သည်။ သူမကို ကြည့်ရသည်မှာ မာနကြီးသော ငန်းဖြူတစ်ကောင်ကဲ့သို့ ဖြစ်သည်။

"မုတ်ဆိတ်ကြီး၊ မင်း ဘာကြည့်တာလဲ။ ယွီရှင်းက မင်းကြည့်ရမဲ့သူလား"

"မင်း ဘာဖြစ်လို့ ကျင်ငယ်အိုးထဲမှာ မင်းရဲ့ရုပ်ကို သေချာသွားကြည့်စမ်းပါကွာ။ မင်းအသက်ကဖြင့် မိုးထိုးနေပြီ၊ ဒါတောင် ပြိုင်ပွဲဝင်ချင်တုန်းပဲ။ မင်းက မင်းသမီးနျန်လင်းနဲ့ လက်ထပ်ချင်တာလား။ မင်းက တကယ်ကို ငန်းသားစားချင်နေတဲ့ ဖားပဲ။ သွားသွား... မြန်မြန် သွားတော့"

လျိုယွီရှင်း၏ အနားမှ လူငယ်အချို့က သူ့ကို တစ်‌ယောက်တစ်ပေါက် ရှုတ်ချလိုက်ကြသည်။

ဤလူများသည် နောက်ပိုင်းမှ သူတော်စင်မြို့တော်ကို ရောက်လာကြ၍ လုမင်၏ အောင်မြင်မှုများအကြောင်းကို မသိကြသေးပေ။

"ဒီခွေးရိုင်းတွေ ဘယ်ချောင်က ဘယ်လို ရောက်လာတာလဲ။ စည်းမျဥ်းတွေကို မသိဘူးလား။ ငါက ဒီကို အရင်တန်းစီပြီး ရောက်နေတာ၊ ငါတောင် မဝင်ရသေးဘဲ မင်း ဘာဖြစ်ချင်တာလဲ။ ဝင်ချင်ရင် တန်းစီ"

လုမင်က ၎င်းတို့ကို ဂရုမစိုက်ဘဲ မထီမဲ့မြင်ဟန်ဖြင့် ကြည့်လိုက်သည်။

"မင်း... မင်း ဘာပြောလိုက်တာလဲ။ မင်း သေချင်နေတာလား"

"ချီးပဲ"

ပါရမီရှင် လုလင်များ၏ မျက်နှာများက မည်းမှောင်သွားကြသည်။ အကယ်၍ ဤနေရာတွင် မတိုက်ခိုက်ရ၍သာ မဟုတ်လျှင် လုမင်ကို ချက်ချင်း ထသတ်မိလိမ့်မည်။

လျိုယွီရှင်းလည်း မျက်နှာပျက်သွားသည်။ လုမင်၏ စကာစများက သူမကိုပါ ရိုက်ခတ်ခဲ့ကြောင်း ထင်ရှားလှပေသည်။

"ဒီအမှိုက်က ဧကရာဇ်ရဲ့အမိန့်ကို မလေးစားဘူး။ သူက အသက်ကန့်သတ်ချက်ထက် ကျော်လွန်နေပေမဲ့ တကယ်ကြီး ခိုးဝင်ချင်နေတယ်။ တခြားသူတွေကို သတိပေးတဲ့အနေနဲ့ သူ့ကို ချက်ချင်းသတ်ပစ်ဖို့ အကြံပြုချင်ပါတယ်"

အနီရောင်ဝတ် လူငယ်တစ်ယောက်က အသံကျယ်ကျယ်ဖြင့် အော်လိုက်သည်။

"ငါက အသက်ကန့်သတ်ချက်မကျော်ရင် မင်း ဘယ်လိုလုပ်မလဲ"

လုမင်က သူ့ကို စိုက်ကြည့်လိုက်၏။

"မင်းသာ အသက် သုံးဆယ်မကျော်ရင် ငါ ဒူးထောက်ပြီး အညစ်အကြေးတွေကို ချက်ချင်းစားမယ်"

အနီရောင်ဝတ် လူငယ်က မဆိုင်းမတွ အော်လိုက်သည်။ သူဟာ လုမင်ကို သေသေချာချာကြည့်ရင် အသက်သုံးဆယ်အောက် မဖြစ်နိုင်ကြောင်း ပို၍ပင် သေချာလာတော့သည်။

"ကောင်းပြီ၊ ကျုပ်ရဲ့ အရိုးအသက်ကို စမ်းပြချင်ပါတယ်"

လုမင်က အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်သည်။

"ခွင့်ပြုတယ်။ သူ့ကို စမ်းကြည့်ရအောင်"

ကြီးကျယ်ခမ်းနားသော အသံ ထွက်လာခဲ့၏။ ယင်းက ရှဲ့ချီထျန်း၏အသံ ဖြစ်သည်။

ဤနေရာ၌ ဖြစ်ပျက်ခဲ့သမျှကို ထိုဧကရာဇ်များလည်း ရှင်းရှင်းလင်းလင်း သိမြင်ခဲ့ကြရပေသည်။

"ကောင်းပါပြီ"

ရှဲ့ချီထျန်း၏ အနားမှ အဘိုးကြီးတစ်ယောက် ထွက်လာခဲ့သည်။ သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ မှန်တစ်ချပ် ပေါ်လာခဲ့၏။

"ဒါက အရိုးစမ်းသပ်မှု ကြေးမုံပါ။ မင်းရဲ့ အရိုးအသက်ကို စမ်းသပ်နိုင်တယ်"

အဘိုးကြီးက ရှင်းပြလိုက်သည်။ ထို့နောက် အရိုးစမ်းသပ်မှုကြေးမုံမှ အလင်းတစ်ခု ထွက်လာကာ လုမင်ကို ဖုံးလွှမ်းသွား၏။

ဤအခိုက်တွင် အကြည့်အားလုံးနီးပါးက လုမင်ကို စိုက်ကြည့်လိုက်ကြသည်။

လုမင်က အသက် သုံးဆယ်နှစ်အောက် ဖြစ်နိုင်ပါ့မလား။ ယင်းက မဖြစ်နိုင်ပေ။ သူ့ကို ကြည့်ရသည်မှာ အသက်လေးဆယ်နီးပါး ရှိပုံရသည်။ သူ့အသက်က ပို၍ပင် ကြီးချင်ကြီးဦးမည်။

"ဝမ်"

ဤအခိုက်အတန့်တွင် အရိုးစမ်းသပ်မှုကြေးမုံက တုန်ခါသွားသည်။ ထို့နောက်တွင် ဘီးနှစ်ဆယ့်ငါးဘီးက ရွှေရောင်အလင်းများ ထွန်းလင်းကာ လေထဲတွင် ဖြာထွက်လာတော့သည်။

ဤသည်မှာ အရိုးဘီး ဖြစ်သည်။ ဘီးတစ်ခုစီက နှစ် တစ်နှစ်ကို ကိုယ်စားပြုပေသည်။

အရိုးစမ်းသပ်ကြေးမုံပေါ်တွင် ဘီးနှစ်ဆယ့်ငါးဘီး ရှိသည်။ ဆိုလိုသည်မှာ လုမင်က အသက်နှစ်ဆယ့်ငါးနှစ်သာ ရှိသေးသည်။

ထို့အပြင်၊ နှစ်ဆယ့်ငါးခုမြောက်ဘီးက အလွန်တောက်ပခြင်း မရှိသောကြောင့် လုမင်ဟာ အသက်နှစ်ဆယ့်ငါးနှစ်ပြည့်ရန် အနည်းငယ်လိုသေးသည်ဟု ဆိုလိုသည်။

မြင်ကွင်းက ရုတ်ချည်း တိတ်ဆိတ်သွားခဲ့သည်။ အားလုံးက လုမင်ကိုကြည့်ကာ အောက်မေးရိုးများ မြေပြင်ပေါ် ပြုတ်ကျလုနီး ဖြစ်သွား၏။

"အိုး၊ ဘုရားရေ... သူက အသက် နှစ်ဆယ့်ငါးနှစ်တောင် မရှိသေးဘူး။ ဒီတပ်မှူး အသက် နှစ်ဆယ့်ငါးနှစ်တောင် မရှိသေးဘူးဟ။ အဲဒါ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"

"သူ့ပုံစံကြည့်ပြန်တော့လည်း အသက်လေးဆယ်လောက် ရှိနေပြီ။ သူက အရွယ်ရောက်တာ တကယ်ကို မြန်လွန်းတယ်"

"တကယ်ကို အမြင်ကျယ်ခဲ့ပြီ"

"သူ့အသက်က နှစ်ဆယ့်ငါးနှစ်တောင် မပြည့်သေးဘူးဆိုရင် မျိုးဆက်သစ်လူငယ်လို့ မဆိုလိုဘူးလား။ သူက ဝူစန်းကို အရင်က ဖိနှိပ်ခဲ့တယ်"

မြင်ကွင်းတစ်ခုလုံးက ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။ သို့သော်လည်း နောက်ဆုံးစကားကို ပြောလိုက်သောအခါ မြင်ကွင်းက ရုတ်ချည်း တိတ်ဆိတ်သွားပြန်တော့သည်။

ဟုတ်သည်၊ သူ့အသက်က နှစ်ဆယ့်ငါးနှစ်ပင် မပြည့်သေးဘူးဆိုလျှင် သူက မျိုးဆက်သစ်လူငယ်ပင်။ အရေးအကြီးဆုံးကတော့ သူက ဝူစန်းကို ဖိနှိပ်ခဲ့သည်။

လုမင်က အသက်သုံးဆယ်၊ လေးဆယ် သို့မဟုတ် ထို့ထက် အသက်ကြီးသူဖြစ်၍ ဝူစန်းကို အနိုင်ယူခဲ့မည်ဆိုလျှင် ကြီးကြီးမားမား မဟုတ်ပေ။ နောက်ဆုံးတွင်၊ သူက နှစ်ပေါင်းများစွာ လေ့ကျင့်နိုင်ခဲ့သည်။ သို့သော်လည်း လုမင်က ဝူစန်းထက်ငယ်ပြီး အသက်နှစ်ဆယ်ကျော်သာ ရှိသေးသည်။ ဤသည်က လုံးဝ မတူညီသော အခြေအနေ ဖြစ်သည်။

ထူးကဲသည့် ဤတပ်မှူးက ဝူစန်းထက် အစွမ်းထက်သော ထိပ်တန်းပါရမီရှင်တစ်ဦးပင်။

လူတိုင်း ပင့်သက်ရှိုက်လိုက်သည်။ ဤတပ်မှူးက အံ့ဖွယ်ကောင်းလွန်းလှပေသည်။ ယင်းက လူတိုင်း၏ မျှော်လင့်ချက်ထက် တကယ်ကို ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။

လုမင်က အခြားတစ်ယောက်အယောင်ဆောင်ထားသည်ဟုတော့ မထင်ပေ။ နောက်ဆုံးတွင် တရားစီရင်ရေးတပ်သို့ ဝင်ရောက်လိုပါက နောက်ခံစစ်ဆေးမှုကို ပြုလုပ်မည်ဖြစ်သည်။ သူ၏ အသွင်အပြင်ကို ဖုံးကွယ်ထားနိုင်လျှင်ပင် အရှိန်အဝါကို ပြောင်းလဲနိုင်ပါ့မလား။

"သေစမ်း၊ ဒီကောင်"

ဝူစန်းသည်လည်း ဤမြင်ကွင်းကို တံခါးအတွင်းမှ သဘာဝအတိုင်း မြင်လိုက်ရသည်။ ချက်ချင်းပင် သူ သွားယားပြီး လုမင်ကို နားရွက်ကိုက်ချင်စိတ် ဖြစ်လာတော့သည်။

ထျန်းဝူဓားဂိုဏ်းမှ လူတချို့လည်း မျက်နှာများ အကြည့်ရဆိုးသွားသည်။ ဤတပ်မှူးကြောင့် သူတို့ ကြီးစွာသော ဆုံးရှုံးမှုကို ခံစားခဲ့ကြရပေသည်။

ဧကရာဇ်တချို့လည်း စူးစမ်းလိုစိတ်ဖြင့် မျက်လုံး အရောင်လက်သွားကြသည်။

"ဘုရားရေ၊ တပ်မှူး... သူက အသက် နှစ်ဆယ့်ငါးနှစ်ပဲ ရှိသေးတယ်"

ထျဲရှင်းနှင့် ကျန်သူများလည်း လုံးဝ အံ့အားသင့်သွားခဲ့ကြသည်။

လုမင်ကို အရိုးစပ်သပ်မှုကြေးမုံနှင့် စမ်းသပ်ခဲ့၍သာမဟုတ်လျှင် သူတို့ယုံရခက်လိမ့်မည်။

လုမင်၏ နောက်တွင်၊ လျိုယွီရှင်းနှင့် အခြားလူငယ်လေးများ၏ မျက်လုံးများလည်း မျက်ဆံကျွတ်ကျလုနီးပါး ဖြစ်သွားသည်။ အနီရောင်ဝတ် လူငယ်လေးဆိုလျှင် သူ့လျှာကို ကိုက်လုမတတ်ပင်။

"အခုဝင်လို့ရပြီလား"

လုမင်က တံခါးကိုစောင့်ကြပ်နေသော လူထွားကြီးကို ကြည့်လိုက်သည်။

"ရတာပေါ့... ဟားဟားဟား"

လူထွားကြီးက ရယ်မောလိုက်လေသည်။

"ပြီးတော့ မင်း၊ မင်း အခုလေးတင် ဘာပြောခဲ့သလဲ။ ငါ့အသက်က သုံးဆယ်အောက်ဆိုရင် မင်း ဒူးထောက်ပြီး အညစ်အကြေးတွေ စားမှာ မဟုတ်လား။ အခု လုပ်တော့"

လုမင်က အနီရောင်ဝတ် လူငယ်ကိုကြည့်ကာ အေးစက်စက်ဖြင့် ပြောလိုက်သည်။

"ဒါ...အဲဒါက... ပေါ့ပေါ့ပါးပါးပဲ ပြောတာပါ.. ပေါ့ပေါ့ပါးပါးပဲ ပြောလိုက်တ"

အနီရောင်ဝတ် လူငယ်လေး၏ မျက်နှာက နီမြန်းသွားသည်။

"တော်စမ်း"

လုမင်က ငေါက်ငမ်းကာ ထိုလူငယ်ကို စိုက်ကြည့်လိုက်သည်။ သူ၏ မုတ်ဆိတ်များပင် လှုပ်ရှားသွား၏။ သူ့ထံမှ အားကောင်းသော အရှိန်အဝါများ ပေါက်ကွဲထွက်လာကာ ကြိမ်းမောင်းပြောဆိုတော့သည်။

"မင်းက ဘယ်ကိုရောက်နေတာ ထင်လို့လဲ။ ဧကရာဇ်အားလုံး ဒီနေရာမှာ ရှိနေခဲ့ကြတယ်။ ဧကရာဇ်တွေရှေ့မှာ ပြောချင်တာ ပြောရအောင် မင်းကိုယ်မင်း ဘယ်သူထင်လို့လဲ။ အုပ်စိုးရှင်တွေကိုကော ဘယ်သူ ထင်လို့လဲ။ သူတို့က မင်းရဲ့ ဟာသတွေဖန်တီးဖို့ ပစ်မှတ်တွေလို့ ထင်တာလား။ မင်း သေချင်နေတာလား"

လုမင်၏ စကားလုံးတိုင်းက အနီရောင်ဝတ်လူငယ်၏ နှလုံးသားကို ဧရာမ တူကြီးများကဲ့သို့ ရိုက်ခတ်သွားခဲ့သည်။ လူငယ်လည်း မျက်နှာများ ဖြူဖျော့လာကာ သွေးရောင်ပင် မမြင်ရတော့ပေ။

"မဟုတ်ဘူး၊ ငါမလုပ်ပါဘူး။ မင်း လျှောက်ပြောမနေနဲ့။ ငါက ဧကရာဇ်တွေကို မထီမဲ့မြင်ပြုခဲ့တာမဟုတ်ဘူး"

အနီရောင်ဝတ်လူငယ်လည်း နဖူးပေါ်မှ ချွေးသီးချွေးပေါက် စီးကျလာကာ အကြိမ်ကြိမ် ခေါင်းယမ်းလိုက်သည်။

"မင်း ငြင်းနေတုန်းပဲလား။ ဒါဆို မင်းပြောတဲ့အတိုင်း လုပ်လေ။ မင်းမလုပ်ရင် ငါ ကူညီပေးမယ်"

လုမင်က ငေါက်ငမ်းပြီး သူ့ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်သည်။ သူက အနီရောင်ဝတ် လူငယ်ရှေ့တွင် ပြန်ပေါ်လာကာ ပခုံးကို ဖိချလိုက်၏။

အနီရောင်ဝတ်လူငယ်က ပြီးပြည့်စုံသော ဝိညာဉ်သန္ဓေသားနယ်ပယ် ကျင့်ကြံခြင်းအခြေခံဖြင့် တတိယတန်းစား ပါရမီရှင်တစ်ဦးသာ ဖြစ်သည်။ သူက လုမင်နှင့်ယှဉ်လျှင် အဝေးကြီးဖြစ်ပြီး ခုခံနိုင်စွမ်း လုံးဝမရှိပေ။ လုမင်က သူ့ကိုဖိပြီး မြေပြင်ပေါ်သို့ ဆင်းသွားခဲ့သည်။

"ဒုန်း"

မြေပြင်ပေါ်သို့ ဆင်းသက်ပြီးနောက် အနီရောင်လူငယ်သည် ချက်ချင်း ဒူးထောက်ကျသွားသည်။

ထို့နောက် လုမင်က သူ့ဦးခေါင်းကို မြေပြင်ပေါ်သို့ ဖိချလိုက်၏။ ပေါက်ကွဲသံနှင့်အတူ အနီရောင်လူငယ်လေး၏ မျက်နှာက မြေပြင်ပေါ်သို့ တိုက်ရိုက်ကျသွား၍ ပါးစပ်အတွင်းကို အညစ်အကြေးများ ဝင်ရောက်သွားတော့သည်။

"ဂလု"

ပတ်ဝန်းကျင်မှ လူတော်တော်များများလည်း လုမင်ကိုကြည့်ကာ တံတွေးတစ်လုပ်ကို မြိုချလိုက်မိသည်။

ဤတပ်မှူးက ရက်စက်လွန်းပေသည်။ သူပြေသည့်အတိုင်း တကယ်လုပ်ခဲ့ပြီး အနီရောင်ဝတ်လူငယ်ကို အညစ်အကြေးများ စားစေခဲ့သည်။

"ရိုင်းလိုက်လေ"

လျှောက်လမ်း အနောက်ဘက်မှ ကျွမ်းကျင်သူတစ်ဦးက စားပွဲကိုရိုက်ကာ ဒေါသတကြီး ထအော်လိုက်၏။

ဤအင်အားစုက သွေးအေး နန်းတော်ဖြစ်ပြီး အနီရောင်ဝတ်လူငယ်‌ကတော့ သွေးအေးနန်းတော်မှ ပါရမီရှင် ဖြစ်ချေသည်။

သွေးအေးနန်းတော်မှ လူတော်တော်များများလည်း လုမင်ကို ပြင်းပြင်းထန်ထန် စိုက်ကြည့်လိုက်ကြသည်။

"စိတ်အေးအေးထားပါ"

သွေးအေးနန်းတော်၏ သွေးဧကရာဇ်က ခပ်တိုးတိုး ပြောလိုက်သည်။

All Chapters